← Chapters

အခန်း (၁၁၅)

Vol. 8 Ch. 115

အခန်း (၁၁၅)

Vol. 8 Ch. 115

"ရောင်စဥ် အလင်းနတ်နယ်မြေက တကယ့်ကို လွန်လွန်းတယ်။ နတ်အရှင်တစ်ယောက်က ဘယ်လိုလုပ်ပြီး မောက်မာရဲရတာလဲ" မုန့်ရှင်းကျီ၏ မျက်လုံးများသည် အေးစက်လျက် ရှိနေ၏။ ၎င်း၏ မျက်လုံးများထဲတွင် လျှပ်စီးဓာတ်များ ပြေးလွှားနေသကဲ့သို့ပင်။

"ဟုတ်တယ်" လီယွင်သည် ပြုံးကာဖြင့် ပြန်လည်တုံ့ပြန်လိုက်၏။

ရောင်စဉ်အလင်းနတ်အရှင်သည် တော်ဝင်သဲကန္တာရမြို့ထဲတွင် သတ်ဖြတ်ခြင်း အစီအရင်တစ်ခုကို လာရောက်ကာ ပြုလုပ်ခြင်း ဆိုသည်မှာ လျို့ဝှက်ချက်တစ်ခု ဖြစ်ပုံပေါ်၏။ သို့ပေမဲ့ လျှို့ဝှက်ချက်သည် ကြာရှည် မခံခဲ့ချေ။

အထူးသဖြင့် ကြက်သွေးရောင် မီးတောက် နတ်နယ်မြေ နှင့် ရောင်စဉ်အလင်းနတ်နယ်မြေတို့သည် တိုက်ခိုက်နေကြပြီ ဖြစ်၏။ အစစ်အမှန်တရားသည် အနှေးနှင့်အမြန်ဆိုသလို မကြာခင်တွင် ပေါ်ပေါက်လာတော့မှာ ဖြစ်၏။ ထိုသို့ဆိုလျှင် ပိုမိုရှုပ်ထွေးသွားအောင် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းကိုပါ အဘယ့်ကြောင့် ထိုးမထည့်ရမည်နည်း။

"နန်းဆောင်အရှင်အနေနဲ့ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းကို ယုံကြည်တယ်ဆိုရင် ရောင်စဉ်အလင်းနတ်နယ်မြေနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ကျုပ်ကို လက်လွဲပေးလိုက်ပါလား။ " မုန့်ရှင်းကျီက အဆိုပြုလိုက်၏။

သူသည် ချက်ချင်းပဲ စကားလမ်းကြောင်း ပြောင်းလိုက်ခြင်းပင်။ ဤတောင်းဆိုမှုသည် အမှန်ပင် အကျိုးအကြောင်း ဆီလျော်လွန်းလှ၏။ ထို့ပြင် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် ကောင်းကင်လျို့ဝှက် နန်းဆောင်ပေါ်တွင် အကြွေးတင်နေ၏။ ရောင်စဉ် အလင်းနတ်နယ်မြေအား တရားမျှတမှု တောင်းဆိုခြင်း ဆိုသည်မှာ တကယ့်ကို လက်ခံနိုင်သည့် အရာဖြစ်၏။ ထို့အပြင် ထိုအခြေအနေကို အခွင့်ကောင်းယူကာဖြင့် တောင်ချိုးဖျက်ခြင်း အစီအရင်ကို တောင်းဆိုကာ အထဲတွင် ရှိနေသည့် အင်ပါရီယာ လက်နက်များကို ယူဆောင်ရန် အကောင်းဆုံး အခြေအနေပင် ဖြစ်လေသည်။

"သေချာတာပေါ့ "

လီယွင်က ခေါင်းညိတ်လိုက်သည်။ တစ်စုံတစ်ယောက်သည် သူ့အား ကူညီမည်ဟု ပြောဆိုနေ၏။ သူပင် ကူညီပေးရန် မတောင်းဆိုခဲ့ရချေ။ ထို့အပြင် တစ်ဖက်လူသည် ကွာစီအင်ပါယာလည်း ဖြစ်လို့နေခဲ့၏။

"ကောင်းပြီ"

မုန့်ရှင်းကျီသည် စိတ်လှုပ်ရှားစွာဖြင့် အသံပင် ကျယ်သွား၏။ လက်ရှိအချိန်မှာတော့ သူသည် ခါးမကုန်းတော့ချေ။ သူ၏ ခြေထောက်များသည်လည်း တုန်ယင်မနေတော့ချေ။ မျက်လုံးအိုကြီးထဲတွင် စိတ်လှုပ်ရှားမှုများနှင့်သာ ပြည့်နှက်လျက် ရှိနေ၏။ ဤကဲ့သို့ အဆင်ပြေချောမောစွာ ဖြစ်တည်သွားခဲ့လိမ့်မည်ဟု သူက မထင်မှတ်ခဲ့ချေ။ သူဖြစ်စေချင်သည်များ ဖြစ်လာခဲ့သောကြောင့် စိတ်လှုပ်ရှားမှုများကို မနည်းပင် ဖိနှိပ်ထားခဲ့ရသည်။

"ဒီနေ့ကစပြီး ရောင်စဉ်အလင်းနတ်နယ်မြေက ကောင်းကင်လျှို့ဝှက် နန်းဆောင်နဲ့ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းတို့ရဲ့ ဘုံရန်သူ ဖြစ်သွားပြီပေါ့ "

မုန့်ရှင်းကျီ သည် ထပ်မံကာ ပြောလိုက်၏။ ပြီးနောက် မျက်မှောင်ကုတ်ကာ ပြောလိုက်ပြန်၏။ "ဒါ​ပေမဲ့ ရောင်စဉ်အလင်းနတ်နယ်မြေက နတ်နယ်မြေ တစ်ခုလေ။ ပြီးတော့ အတိတ်တုန်းက ရှေးအင်ပါယာ တစ်ယောက် ပေါ်ထွက်လာခဲ့ဖူးတယ်။ အင်ပါယာအဆင့် အစီအရင်ကလည်း သူတို့မှာ ရှိနေသေးတယ်။ သာမန်လူတွေ အထဲကို ဝင်သွားလို့ မရဘူး။ ကျုပ်တို့ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းက သူတို့နဲ့ ယှဉ်ပြိုင်လို့ရတယ်ဆိုတာတော့ ကျိန်းသေပေါက် သေချာတယ်။ ဒါပေမဲ့ အစီအရင်ကို ချိုးဖျက်ဖို့ကတော့ ကျုပ်ရဲ့ လုပ်နိုင်စွမ်း အထက်မှာ ရှိနေတယ်လေ။ နန်းတောင်သခင်ဆီမှာ ဖြေရှင်းဖို့ နည်းလမ်းရှိလားလို့ မေးပါရစေ"

"အရမ်းကို ရိုးရှင်းတယ်လေ။ ဒါက အစီအရင် တစ်ခုပါပဲ" လီယွင်သည် ပေါ့ပေါ့ပါးပါး ပြန်လည်ကာ ပြောဆိုလိုက်သည်။ သူ့အနေဖြင့် တစ်ဖက်လူ၏ အတွေးကို မသိရှိဘဲ ဘယ်နေမည်နည်း။ တစ်ဖက်လူသည် မြေခွေးအိုကြီး ကဲ့သို့ပင်။ ကောက်ကျစ်စင်းလဲလွန်းသည်။

မုန့်ရှင်းကျီသည် တကယ်ပင် ပျော်ရွှင်သွားမိ၏။

"ကျေးဇူးပြုပြီး ညဏ်အလင်းပြပါအုံး … နန်းဆောင်သခင် "

"ကောင်းပြီ"

လီယွင်သည် အသာရယ်လိုက်သည်။ "အင်ပါရီယာ လက်နက်တစ်ခု"

"အင်ပါရီယာ လက်နက် ဟုတ်လား"

မုန့်ရှင်းကျီသည် နားကြားမှားသလားပင် ခံစားမိ၏။ သူတို့ဂိုဏ်းအနေဖြင့် အင်ပါရီယာ လက်နက်ကိုသာ ပိုင်ဆိုင်သည် ဆိုပါက ဤနေရာသို့ အဘယ့်ကြောင့် လာတော့မည်နည်း။ ထို့အပြင် သူတို့သည် တူညီသည့်ဘက်ခြမ်းတွင် ရှိနေ၏။ ထို့ကြောင့် အသင်းအဖွဲ့အဖြစ် မှတ်ယူနိုင်သည်။ အဘယ့်ကြောင့် ဤမျှ များပြားလှသည့် တန်ကြေးကို တောင်းဆိုနေရသနည်း။

"ဘာကြောင့်လဲ။ အရမ်းစျေးကြီးတယ်လို့ ထင်လို့လား"

လီယွင်သည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိ၏။ သူသည် လက်ချောင်းများကို ခေါက်ကာဖြင့် ပြောဆိုလိုက်၏။

"ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ လက်ရှိအခြေအနေကို အားလုံးက သိပြီးသားပဲ။ သူတို့မှာရှိတဲ့ အင်ပါရီယာ လက်နက်က လက်ရှိမှာ ကြက်သွေးရောင် မီးတောက်အရှင်နဲ့ တိုက်ခိုက်နေတယ်။ ပြီးတော့ ယန်ရှိုက ခင်ဗျားကို သတင်းပေးပြီးသား မဟုတ်လား။ ရောင်စဉ်အလင်းနတ်နယ်မြေက လက်ရှိမှာ ကွာစီအင်ပါဟာ မရှိဘူးလေ။ အထဲကို ခင်ဗျားလို လူတစ်ယောက် ဝင်သွားပြီဆိုတာနဲ့ နှစ်သန်းပေါင်းများစွာ စုဆောင်းထားတဲ့ လက်နက်တွေကို ရနိုင်တယ်။ အင်ပါရီယာ ကျမ်းစာတွေ၊ အင်ပါရီယာ လက်နက်တွေ၊ ရေတွက်လို့မရအောင် များပြားတဲ့ နတ်ဘုရားကျမ်းတွေ အားလုံးက ခင်ဗျားတို့ရမဲ့ အရာတွေပဲလေ။ ဒါတွေအားလုံးရဲ့ တန်ကြေးက အင်ပါရီယာ လက်နက်တစ်ခုရဲ့ တန်ကြေးနဲ့တောင် မကိုက်ညီဘူးလား။ ဒီတော့ "

လီယွင်က ပြုံးလိုက်၏။ "ခင်ဗျားဆီက အင်ပါရီယာ လက်နက်ကို ယူတာက သတင်းအချက်အလက်အတွက် တကယ့်ကို အကျိုးအကြောင်း ဆီလျော်တဲ့ အရာလို့ ယုံကြည်မိတယ်"

မုန့်ရှင်းကျီ သည် ဆွံ့အသွားမိ၏။ နားထောင်ရသည်မှာ အကျိုးအကြောင်း ဆီလျော်လှ၏။ သို့ပေမဲ့ ပြဿနာသည် သူ့၌ အင်ပါရီယာ လက်နက် မရှိခြင်းပင်။

"ဒီလောက်ကြီး စျေးကြီးတာလား။ "

"စျေးကြီးတယ်လို့ ထင်နေတုန်းပဲလား"

လီယွင်သည် ခပ်တင်းတင်း ခံစားလိုက်မိ၏။ စျေးပေါနေပါက ဤလောကကြီးတွင် ဘာအသုံးဝင်မည်နည်း။

"စနစ် … ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ အကာအကွယ်ကို ချိုးဖျက်နိုင်ဖို့ ကောင်းကင်လျို့ဝှက်အမှတ် ဘယ်လောက်လိုမလဲ"

[ဒင် …… ရောင်စဉ်အလင်းနတ်နယ်မြေ၏ အကာအကွယ်ကို ချိုးဖျက်နိုင်မည့် နည်းလမ်းသည် ကောင်းကင်လျို့ဝှက်အမှတ် ကိုးသိန်းငါးသောင်း လိုအပ်သည်။]

"ဟမ်"

လီယွင်သည် မျက်ခုံးပင့်လိုက်မိ၏။ ခန့်မှန်းသည်မှာ အမှန်ပင် ဖြစ်လေ၏။ ရောင်စဉ်အလင်းနတ်နယ်မြေ၏ အစီအရင်ကို ချိုးဖျက်ရမည့် နည်းလမ်းသည် တကယ်ပင် စျေးကြီးလို့ နေခဲ့၏။

"စနစ် မဖျက်ဆီးဘဲ လုံခြုံမဲ့လမ်းကနေ သွားမယ်ဆိုရင် ပေးဆပ်ရမဲ့ တန်ဖိုးကရော"

လီယွင်သည် ထပ်မံကာ မေးမြန်းလိုက်၏။ အစီအရင်ကို ဖျက်ဆီးခြင်း ဆိုသည်မှာ အလုံးစုံ ဖျက်ဆီးခြင်းပင်။ သို့ပေမဲ့ လုံခြုံသည့် လမ်းကြောင်းမှ ဝင်ရောက်လိုက်လျှင် စျေးသက်သာမည် မဟုတ်ပါလား။

[ ဒင် … လုံခြုံသည့် လမ်းကြောင်းအတွက် ကောင်းကင်လျို့ဝှက်အမှတ် လေးသိန်းတစ်သောင်း လိုအပ်သည်။]

“ကျုပ် ...”

လီယွင်သည် စိတ်ဓာတ်ကျလို့ နေခဲ့၏။ အဘယ့်ကြောင့် ဤမျှ စျေးကြီးရသနည်း။ သူသည် အနည်းငယ်လည်း ကြောင်အအနှင့် ခံစားနေမိ၏။

[လက်ခံသူ လုံခြုံတဲ့ လမ်းကြောင်းကို ဘယ်လိုဖန်တီးရတယ်ဆိုတာ မင်းသိမှာ မဟုတ်ဘူး။ အင်ပါယာအဆင့် အစီအရင်ရဲ့ အတားအဆီးက တကယ့်ကို ကြောက်ဖို့ကောင်းတယ်လေ။ ဒီတော့ အခုပေးရတဲ့ စျေးက တရားမျှတပါတယ်]

"……..."

လီယွင်သည် ဆွံ့အသွားမိ၏။ ဟုတ်လည်း ဟုတ်ပေသည်။ စနစ်သည် ဤမျှ စျေးကို မြင့်ထားသောကြောင့် သူ့အနေဖြင့် ဤထက် စျေးပေါသည့် အရာကို တောင်းဆိုနေ၍ မဖြစ်တော့ချေ။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း အတွက်ကတော့ သူသည် တိတ်တဆိတ်နှင့် ငြိမ်ငြိမ်နေရုံသာ ရှိတော့၏။ ထို့အပြင် ပွဲစားတစ်ယောက်သည် ပွဲစားခမရဘဲ အလုပ်လုပ်လိမ့်မည် မဟုတ်ချေ။

"နန်းဆောင်သခင်"

ထိုအချိန်မှာပဲ မုန့်ရှင်းကျီ သည် အံကိုကြိတ်ကာဖြင့် ပြောလိုက်သည်။ "ကျုပ်တို့ အင်ပါရီယာ လက်နက်ကို မပိုင်ဆိုင်ပါဘူး။ ဒီတော့ သင့်တော်တဲ့ တခြားတစ်ခုနဲ့ လဲလှယ်လို့ ရနိုင်မလား။"

"ရတာပေါ့" လီယွင်က ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ"

မုန့်ရှင်းကျီသည် စိတ်သက်သာရသလို သက်ပြင်းချလိုက်မိ၏။ သူ၏ လက်ထဲတွင် အလင်းတန်းများ ထွက်ပေါ်နေသည့် အရာတစ်ခု ပေါ်ပေါက်လာခဲ့ပြီး ထိုအရာသည် သင်္ကေတများနှင့် ပြည့်နှက်နေခဲ့၏။ ပုံပန်းသွင်ပြင်ကို ကြည့်ရှုလိုက်သည်နှင့် ကြောက်မက်ဖွယ် ကောင်းလှကြောင်း သိသာလှ၏။

"ဒါ ​တော်ဝင်သူတော်စင်အဆင့် လက်နက်တစ်ခုပဲ။ တန်ဖိုးကလည်း ခန့်မှန်းလို့ မရနိုင်အောင်ပဲ"

လီယွင်သည် တစ်ချက်လှမ်းကြည့်ပြီးသည့်နောက် စနစ်ကို မေးခွန်းထုတ်လိုက်မိသည်။ "ဒီရှေးမှန်က ဘယ်လောက်တန်လဲ"

[ဒင် …. တော်ဝင်သူတော်စင်အဆင့်မှန် ကောင်းကင်လျို့ဝှက်အမှတ် ခြောက်သောင်းကိုးထောင်နှင့် လဲလှယ်နိုင်သည်။]

“အင်း ….”

လီယွင်သည် တွေးတွေးဆဆနှင့် ပြောလိုက်၏။ "ခင်ဗျားဒီလို ရတနာမျိုး တစ်ဒါဇင် ဒါမှမဟုတ် နှစ်ဆယ်လောက် ပေးမှ အစီအရင်ကို ချိုးဖျက်နိုင်မဲ့ နည်းလမ်းကို ပေးလို့ရမယ်"

မုန့်ရှင်းကျီ၏ မျက်နှာသည် ပြောင်းလဲသွားခဲ့၏။ သူ၏အကြည့်သည် ထက်ရှလာခဲ့သည်။

"တစ်ဒါဇင် သို့မဟုတ် နှစ်ဆယ်နီးပါး"

ဤအရာသည် ဟာသလား။ ဤအရာသည် တော်ဝင်သူတော်အဆင့် လက်နက်တစ်ခု ဖြစ်၏။ တခြားသော နတ်နယ်မြေများတွင် တော်ဝင်သူတော်စင်ဆိုသည်မှာ ဂိုဏ်းတစ်ခု၏ အခြေခံဟုပင် ကိုယ်စားပြု၏။ နှစ်ပေါင်းများစွာ ကျင့်ကြံလာသည့် ကျင့်ကြံသူ ဖြစ်သည်ဆိုသော်လည်း ထိုကဲ့သို့သော လက်နက်မျိုးကို နှစ်ဆယ်နီးပါးခန့် တောင်းဆိုနေခြင်းသည် တကယ်ပင် စျေးကြီးလွန်းလှချေ၏။ သူ့ကိုယ့်သူ ရောင်းချ လျှင်တောင်မှ တတ်နိုင်လိမ့်မည် မဟုတ်ချေ။

All Chapters