← Chapters

အခန်း (၄၈၂)

Vol. 33 Ch. 482

အခန်း (၄၈၂)

Vol. 33 Ch. 482

"မထင်မှတ်ဘဲ ရှန်းလင်းဖုန်း အမှန်တကယ် ရှုံးနိမ့်သွားခဲ့တယ်.. ပြီးတော့ အတော်လေးကို အပြတ်အသတ် ရှုံးနိမ့်သွားတာပဲ"

"ဟိုက်... ဒီကောင်လေးရဲ့ အဂ္ဂိရတ်စွမ်းရည်က တော်တော် အံ့သြစရာ ကောင်းလှချည်လား"

"..........."

ကျန်းချန်က ရေစီးကဲ့သို့ ထျန်းယွမ်နင်ရှန်း ဆေးလုံး သုံးလုံးကို လွယ်လွယ်ကူကူ သန့်စင်လိုက်သည်ကို မြင်လျှင် သူတို့အားလုံး အလွန်တရာ အံ့သြ တုန်လှုပ်သွားကြသည်။

ထိုက်ရှဂိုဏ်း၏ နာမည်ကျော် အဂ္ဂိရတ် ပါရမီရှင် ရှန်းလင်းဖုန်းသည် ကျန်းချန်၏ လက်ထဲ၌ ဤမျှလောက် ဆိုးဆိုးရွားရွား ရှုံးနိမ့်လိမ့်မည်ဟု သူတို့ ဘယ်တော့မှ မထင်ထားခဲ့ပေ။

ရှန်းလင်းဖုန်းတွင် စိတ်ဝိညာဥ် ဆေးမီးဖို၏ အားသာချက် ရှိနေလျက်နှင့်ပင် ကျန်းချန်သည် အလွယ်တကူ ချေမှုန်းသွားခဲ့သည်။

"ဆယ်ကျော်သက် တစ်ယောက်ရဲ့ အဂ္ဂိရတ်စွမ်းရည်က ဒီလောက် ကြောက်စရာကောင်းတဲ့ အဆင့်ကို ရောက်နေတာ မယုံနိုင်စရာပဲ"

"ဒါ... ဒါကို မွန်းစတားလို့ပဲ ပြောရတော့မယ်"

"မဖြစ်နိုင်ဘူး...ဒါ မဖြစ်နိုင်ဘူး"

ရှန်းလင်းဖုန်းက သူ့ရှေ့မှ အခြေအနေကို မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေရင်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

"ဒီကောင်လေးရဲ့ အဂ္ဂိရတ် အဆင့်က ပဉ္စမအဆင့် အဂ္ဂိရတ်သခင် အဆင့်ပဲရှိပေမဲ့ ဘယ်လိုလုပ်ပြီး ဒီလောက် အားကောင်းတဲ့ အဆင့်ကို ရောက်နိုင်တာလဲ"

ဤကဲ့သို့ မြန်ဆန်သောအရှိန်အဟုန်ဖြင့် ကြောက်မက်ဖွယ်စွမ်းရည်ကို ပဥ္စမအဆင့် အဆင့်မြင့် အဂ္ဂိရတ်သခင် တချို့ပင် မလုပ်နိုင်ပေ။

"ရှန်းလင်းဖုန်း... မင်းရဲ့ အဂ္ဂိရတ်စွမ်းရည်က ငါ့ရှေ့မှာ ဖော်ပြဖို့တောင် မထိုက်တန်ဘူးလို့ ငါ အရင်ကတည်းက ပြောခဲ့သားပဲ"

ကျန်းချန်က လက်ဝါးကို ဖြန့်လိုက်ပြီး ရှန်းလင်းဖုန်း ရှေ့မှာပင် သန့်စင်ပြီးသားဖြစ်သည့် ထျန်းယွမ်နင်ရှန်း ဆေးလုံးသုံးလုံးကို ပြလိုက်သည်။

ထို့နောက် သူက ရှန်းလင်းဖုန်းကို မထီတရီ ကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်၏။

"ဒီတစ်ခါတော့ မင်း အရှုံးကို ဝန်ခံပြီ မဟုတ်လား"

ကျန်းချန်၏ စကားကို ကြားလျှင် ရှန်းလင်းဖုန်း၏ မည်းမှောင်နေသော မျက်နှာသည် ပို၍ပင် အကြည့်ရ ဆိုးသွားခဲ့၏။

သူက အရှုံးကို ဝန်မခံချင်ခဲ့ပေ။

သို့သော်လည်း ဤတစ်ခေါက်တွင် စမ်းသပ်မည့် ဆေးလုံးအမျိုးအစားကို သူကိုယ်တိုင် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ ပြိုင်ပွဲတစ်လျှောက်လုံးတွင် သူသည် စိတ်ဝိညာဥ် ဆေးမီးဖို၏ အားသာချက် အများအပြားကို ရယူထားခဲ့၏။

သို့တိုင် ရလဒ်မှာ ဤကဲ့သို့ အပြတ်အသတ် ရှုံးနိမ့်ခြင်းသာ ဖြစ်သည်။

ထို့အပြင် ပြိုင်ပွဲ၏ ဒိုင်သည် လက်ထောက် အကြီးအကဲ ချင်ကျူ ဖြစ်၏။

သူအနေဖြင့် မည်ကဲ့သို့ ငြင်းဆန်နိုင်ပါမည်နည်း။

"ကျန်းချန်... မင်းရဲ့ အဂ္ဂိရတ်စွမ်းရည်က ဒီအဆင့်ကို ရောက်နေလိမ့်မယ်လို့ ငါ မထင်ထားဘူး... ဒီတစ်ကြိမ် ငါ ရှုံးနိမ့်တာကို ဝန်ခံပါတယ်"

ရှန်းလင်းဖုန်းက အေးစက်စက် ရေရွတ်လိုက်သည်။

ထို့နောက် သူက သက်သေခံတံဆိပ်ပြားကို ထုတ်ယူကာ ဂုဏ်ကျက်သရေ အမှတ် နှစ်သိန်းကို ကျန်းချန်ဆီ လွှဲပေးလိုက်၏။

ပြီးနောက် လူတိုင်း၏ အာရုံစိုက်မှုအောက်မှာပင် လေးလံသောခြေလှမ်းများဖြင့် ထွက်ခွာသွားခဲ့သည်။

"ကျန်းချန်... မင်းရဲ့ အဂ္ဂိရတ်ပါရမီက ငါ မြင်ဖူးသမျှထဲမှာ အကောင်းဆုံးပဲ"

"ငါနဲ့အတူ ခန်းမအကြီးအကဲဆီ လိုက်ခဲ့ပါလား... ခန်းမအကြီးအကဲ က မင်းရဲ့ အဂ္ဂိရတ်ပါရမီကို စိတ်ဝင်စားလိမ့်မယ်လို့ ငါပြောရဲတယ်"

ချင်ကျူက ပြုံးပြီး ကျန်းချန်ကို ကြည့်လိုက်သည်။

သူ့မျက်လုံးထဲတွင် အံ့သြမှုများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေ၏။

နောက်ဆုံးအကြိမ်က ကျန်းချန် သတ္တမအဆင့် သက်ရှည်ဆေးပင်ကို အပ်စဥ်တွင် သူက ကျန်းချန်ကို ပထမဆုံး မြင်ခဲ့ရသည်။

ထိုအချိန်ကတည်းကပင် ချင်ကျူသည် ဤကောင်လေး၏ အဂ္ဂိရတ်ပါရမီက ထူးခြားသည်ဟု ခံစားမိခဲ့သည်။

သို့သော် ကျန်းချန်၏ အဂ္ဂိရတ်ပါရမီက ဤမျှလောက်အထိ မွန်းစတားဆန်သော အဆင့်ကို ရောက်ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ဤကဲ့သို့ အဂ္ဂိရတ်ပါရမီရှင်ကို ခန်းမအကြီးအကဲကသာ တပည့်အဖြစ် လက်ခံဖို့ အရည်အချင်းပြည့်မီလိမ့်မည် မဟုတ်ပါလား။

"ကျေးဇူးတင်ပါတယ် အကြီးအကဲချင်... ဒါပေမဲ့ ဒီတပည့်က အဂ္ဂိရတ်လမ်းစဥ်ကို သီးသန့်လျှောက်လှမ်းဖို့ မရည်ရွယ်ထားပါဘူး... အကြီးအကဲရဲ့ ကြင်နာမှုအတွက် အားနာမိပါတယ်"

ကျန်းချန်က ပြုံး၍ ငြင်းဆန်လိုက်သည်။

ခန်းမအကြီးအကဲရဲ့ တပည့်ဖြစ်လာဖို့သည် ထိုက်ရှဂိုဏ်း၏ တပည့်များ အတွက် အိပ်မက်တစ်ခု ဖြစ်၏။

သို့သော်လည်း ကျန်းချန်သည် အဂ္ဂိရတ်လမ်းစဥ် တစ်ခုတည်းကိုသာ မလိုက်စားချင်ခဲ့ပေ။

ကျန်းချန်အတွက် အရေးကြီးဆုံးအရာမှာ သူ၏ အင်အားကို တိုးတက်စေရန် နှင့် ခြောက်လအကြာတွင် ကောင်းကင်စာရင်းအတွက် တိုက်ပွဲဝင်နိုင်ဖို့သာ ဖြစ်၏။

အချိန်ကျလျှင် သူသည် ကောင်းကင်စာရင်းဝင် တပည့်တစ်ယောက်အနေဖြင့် ပိုမို ကျယ်ပြန့်သည့် ကမ္ဘာကို ကြည့်ရှုရန် မြောက်ပိုင်းတောရိုင်း ဒေသ၏ ပါရမီရှင်များနှင့် ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။

ထိုကဲ့သို့သောဘဝသည် ကျန်းချန် လိုချင်သောဘဝ ဖြစ်၏။

ချင်ကျူ၏ ဖိတ်ကြားချက်ကို ငြင်းပယ်လိုက်ပြီး နောက်တွင် ကျန်းချန်သည် အားလုံး၏ မယုံကြည်နိုင်သော အကြည့်များအောက်မှာပင် ခြေလှမ်းကျဲကြီးများဖြင့် အဂ္ဂိရတ်ခန်းမ၏ တံခါးဝဆီသို့ လျှောက်သွားခဲ့သည်။

အခန်း(၄၈၂) ပြီး၏

All Chapters