← Chapters

အခန်း (၄၈၇)

Vol. 33 Ch. 487

အခန်း (၄၈၇)

Vol. 33 Ch. 487

"ဟမ့်.. မင်းက ကိုယ်သေလမ်းကိုယ်ရှာနေတာပဲ"

ရှုယင်၏ မျက်နှာက အေးစက်သွား၏။

သူသည် ရုတ်တရက် လေထဲသို့ ခုန်တက်လိုက်သည်။

ထို့နောက် သူက အတောင်ပံများကို ဖြန့်ကျက်ထားသော သိမ်းငှက်တစ်ကောင်ကဲ့သို့ ကျန်းချန်၏ ရှေ့၌ ဆင်းသက်လာခဲ့သည်။

စင်မြင့်ပေါ်၌ ကျန်းချန်နှင့် ရှယင်တို့ ပေါ်လာသည့်နှင့် ရင်ပြင်ပတ်ပတ်လည်ရှိ လူအများအပြား၏ အာရုံစိုက်မှုကို အလျင်အမြန် ဆွဲဆောင်သွားခဲ့သည်။

"ကြည့်စမ်း... ရှယင်က စင်မြင့်ပေါ်မှာ အနိုင်ကျင့်ဦးမယ် ထင်တယ်"

"ဟက်... သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူပါလား... ဒီကောင်လေးကို ကြည့်ရတာ အတွင်းစည်းကို အခုမှ ဝင်လာတဲ့ လူသစ်တစ်ယောက်လို့ ငါထင်တယ်"

"ချီး.. ဒီလူသစ်တွေက ကောင်းကင် ဘယ်လောက် မြင့်တယ်ဆိုတာ မသိကြတဲ့ ငတုံးတွေပဲ"

"..........."

လူအများအပြားက စင်မြင့်ပေါ်မှ အခြေအနေကို ကြည့်ပြီး သူတို့၏ ခေါင်းများကို ခါယမ်းလိုက်ကြသည်။

သူတို့အားလုံးသည် ကျန်းချန်ကို ရူးသွပ်သော အကြည့်များဖြင့် ကြည့်နေကြ၏။

သိထားရမည်မှာ အတွင်းစည်း ဖလှယ်ပွဲ၏ စင်မြင့်သည် သာမန်စင်မြင့် မဟုတ်ပေ။

အတွင်းစည်း ဖလှယ်ပွဲ စင်မြင့်တွင် အနိုင်ရသည်နှင့် သင်သည် အရောင်းအဝယ်၌ ဆယ်ဆ ကြီးမားသော အမြတ်ကို ရရှိနိုင်ပေသည်။

သို့သော် အတွင်းစည်း ဖလှယ်ပွဲစင်မြင့်၌ ယှဥ်ပြိုင်ခြင်းသည် ဆန္ဒအလျောက် ဖြစ်သည်။

မည်သူ့ကိုမျှ အနိုင်ကျင့်၍ အတင်းအကျပ် ယှဥ်ပြိုင်ခိုင်း၍ မရပေ။

ရှင်းလင်းစွာ ဆိုရလျှင် ထိုကောင်လေးသည် ဆန္ဒအလျောက် ရှယင်နှင့် ယှဉ်ပြိုင်ခဲ့ခြင်းပင်။

သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် ဆဋ္ဌမအဆင့်၏ ခွန်အား။

ဤသည်က အတွင်းစည်းတွင် အားအနည်းဆုံး အဆင့်ဖြစ်သည်။

ထိုအင်အားမျှဖြင့် စင်မြင့်ပေါ်ရှိ အတွင်းစည်း အဆင့် တစ်ရာအတွင်း၌ ရှိသော ရှယင်နှင့် ယှဉ်ပြိုင်ခြင်းသည် သေမင်းခံတွင်းဝသို့ ကိုယ့်ကိုယ်ကိုယ် ပို့ဆောင်ခြင်းနှင့် ဘာမှ မကွာခြားပေ။

လူတိုင်းက ကျန်းချန်၏ နောက်ဆုံး အဆုံးသတ်ကို တိတ်တဆိတ် စောင့်ကြည့်နေကြစဉ် စင်မြင့်ပေါ်၌ ရှယင်သည် ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

"ကောင်လေး... မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး...မင်းက ငါ့ကို စိန်ခေါ်ရဲမှတော့ ငါ မင်းကို ကြီးမားတဲ့ တန်ဖိုးတစ်ခု ပေးဆပ်စေမယ်"

"မင်းငါ့ကို ပေးဆပ်စေချင်ရင် မင်းမှာ အဲဒီလို စွမ်းရည် ရှိမရှိ ကြည်ရသေးတာပေါ့"

ကျန်းချန်က မဲ့ပြုံး ပြုံးလိုက်သည်။

"အပိုစကားတွေ ပြောနေတာ ရပ်လိုက်တော့.. မင်းငါ့ကို စတိုက်လို့ရပြီ"

"ကောင်လေး.. ငါက မင်းကို စတိုက်ရမှာလား...ဟက် ငါလှုပ်ရှားလိုက်တာနဲ့ မင်းမှာ ဘာအခွင့်အရေးမှ ရှိတော့မှာ မဟုတ်ဘူး"

ရှယင်က မထီမဲ့မြင် ပြုံးကာ လှောင်ပြောင်လိုက်သည်။

သူက ထက်ရှသော မျက်လုံးများဖြင့် ကျန်းချန်ကို ခပ်တင်းတင်း စိုက်ကြည့်လိုက်၏။

ထို့နောက်တွင် မမြင်နိုင်သော ဓားဆန္ဒဖြင့် ကျန်းချန်ကို ဖိနှိပ်လိုက်သည်။

ဤတစ်ကြိမ်တွင် ရှယင်သည် စင်မြင့်ပေါ်၌ ကျန်းချန်နှင့် အချိန်မဖြုန်းချင်တော့ပေ။

သူက ဓားဆန္ဒ ဒုတိယအဆင့်၏ ဖိအားကို တိုက်ရိုက် သက်ရောက်စေကာ ကျန်းချန်ကို တစ်ချက်တည်းနှင့် ဖြေရှင်းရန် ကြိုးစာလိုက်သည်။

"ဟားဟား.. ကောင်လေး မင်းက အမှိုက်ပဲ... ငါ ဘာမှ မလုပ်ဘဲ ဓားဆန္ဒ နဲ့တင် စက္ကန့်ပိုင်းအတွင်း မင်းကို သတ်ပစ်နိုင်တယ်"

ထိုစကားကို ကြားလျှင် ကျန်းချန်က ပဟေဠိဆန်စွာ ပြုံးလိုက်သည်။

ထိုခဏမှာပင် ဓားဆန္ဒ ဒုတိယအဆင့် အထွတ်အထိပ်၏ အင်အားသည် ရှယင်ကို ဆန့်ကျင်၍ တိုက်ခိုက်လာခဲ့၏။

"ဝုန်း"

မမြင်နိုင်သော ဓားဆန္ဒနှစ်ခုသည် လေထဲ၌ ထိပ်တိုက် ဆုံမိသွားကြသည်။

ရှယင်၏ ဓားဆန္ဒသည် ဒုတိယအဆင့်ကို ယခုမှ ရောက်ရှိထားခြင်း ဖြစ်သည်။

ယင်းက ကျန်းချန်၏ ဓားဆန္ဒနှင့် ဘယ်လိုမှ နှိုင်းယှဉ်၍ မရနိုင်ပေ။

မျက်တောင်တစ်ခတ် အတွင်း ရှယင်၏ ဓားဆန္ဒ ဖိအားသည် ကျန်းချန်၏ ဓားဆန္ဒကြောင့် လုံးဝ ကြေမွသွားခဲ့သည်။

ရှယင်၏ ဓားဆန္ဒဖိအားကို ချေမွပြီးနောက်တွင် ကျန်းချန်၏ ဓားဆန္ဒသည် မမြင်နိုင်သော ဓားတစ်လက်ကဲ့သို့ ရှယင်၏ ရင်ဘတ်ကို လေးလံစွာ ထိုးနှက်လိုက်သည်။

"ဝုန်း"

ရှယင်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့သည်။

သူ၏ ပါးစပ်မှလည်း သွေးတစ်လုတ် အန်ထွက်လာ၏။

ထို့နောက်တွင် သူ၏ တစ်ကိုယ်လုံးသည် ဖြူဖျော့သွားပြီး စင်မြင့်ပေါ်မှ လွင့်စင်သွားခဲ့သည်။

ရှယင်.လွင့်စင်သွားသည်ကို မြင်လျှင် ရင်ပြင် တစ်ခုလုံး တိတ်ဆိတ်သွား၏။

လူတိုင်းသည် အံ့သြ တုန်လှုပ်နေသော မျက်နှာများဖြင့် စင်မြင့်ပေါ်မှ ကျန်းချန်ကို ကြည့်နေကြသည်။

သူတို့က အသက်ရှူဖို့ပင် မေ့လျော့နေကြပြီး သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူ ရှယင်။

အတွင်းစည်း၌ အဆင့် တစ်ရာအတွင်း၌ ရှိသူသည် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် ဆဌမအဆင့်မှ ဆယ်ကျော်သက်ကောင်လေး တစ်ယောက်၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားသည်။

"ဒါ... ဒါက တုန်လှုပ်ခြောက်ခြားစရာ ကောင်းတဲ့စွမ်းဆောင်ရည်ပဲ"

အခန်း(၄၈၇) ပြီး၏

All Chapters