← Chapters

အခန်း (၄၉၁)

Vol. 33 Ch. 491

အခန်း (၄၉၁)

Vol. 33 Ch. 491

ရုတ်တရက် ပြောဆိုလိုက်သော ကျန်းချန်၏ အသံသည် ရှန်းလဲ့၏ မျက်နှာကို မည်းမှောင်သွားစေခဲ့သည်။

သူ၏ အကြည့်က ရုတ်တရက် ဆိုသလို ကျန်းချန်ဆီသို့ ရောက်သွားခဲ့၏။

ထို့နောက် သူက ရန်လိုသော မျက်နှာထားဖြင့် အော်ဟစ်လိုက်သည်။

"ကောင်လေး... ငါ့ရှေ့ကနေ ထွက်သွားစမ်း"

"ပထမအချက်၊ ငါက မင်းထက်အရင် ဒီကို ရောက်နှင့်နေတဲ့သူပဲ.. သွားသင့်တဲ့သူက မင်းပဲ ဖြစ်သင့်တယ်"

"ဒုတိယအချက်၊ မင်းက ငါ့ကို သွားခိုင်းတိုင်း ငါက သွားရအောင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ"

ကျန်းချန်က ခနဲ့လိုက်ပြီး ရှန်းလဲ့ကို တစ်ချက် ကြည့်လိုက်သည်။

သူက ရှန်းလဲ့ကို လျစ်လျူရှုလိုက်ပြီး လမ်ထျန်းဟန်ကို ပြုံးပြ၍ ​ပြောလိုက်သည်။

"စီနီယာအစ်ကိုလမ်... အကိုလမ်ရဲ့ မီးလျှံသားရဲ အမြူတေအတွက် လိုအပ်တဲ့ဆေးလုံးကို ကျွန်တော် လဲပေးမယ်"

"ကောင်းပြီ... မင်း ကောင်းကင်ပြာ ဆေးလုံးကို ထုတ်ပေးနိုင်သရွေ့ မင်းငါ့ဆီကနေ လဲလှယ်လို့ရတယ်"

လမ်ထျန်းဟန်က ခတ်ပြတ်ပြတ် ပြောလိုက်၏။

ကျန်းချန်က သူ၏ လက်နှစ်ဖက်ကို ဖြန့်လိုက်သည်။

"ကျွန်တော် အခု ချက်ချင်းတော့ ကောင်းကင်ပြာဆေးလုံးကို ထုတ်ပေးနိုင်မှာ မဟုတ်ဘူး"

"ကောင်းကင်ပြာဆေးလုံး မရှိဘဲ ငါ့ရှေ့မှာ ဘာလို့ အပိုစကားတွေ လျှောက်ပြောနေတာလဲ"

ကျန်းချန်တွင် ကောင်းကင်ပြာဆေးလုံး ရှိမနေသည်ကို သိလျှင် လမ်ထျန်းဟန်၏ မျက်နှာသည် ချက်ချင်းပင် အေးစက်သွားခဲ့သည်။

သူက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်၏။

ထို့နောက် သူ့ဆီကနေ ဒေါသတကြီး အော်ငေါက်သံ ထွက်ပေါ်လာခဲ့သည်။

"ဒီက ထွက်သွားစမ်း... ငါ့ရဲ့ အချိန်တွေကို မဖြုန်းစမ်းနဲ့"

"ဒင်.. သင်က အဆိပ်ဝါးမျို လက္ခဏာသင့်နေတဲ့ အဆိပ်ခန္ဓာကိုယ်ကို တွေ့ရှိခဲ့ပါတယ်... ဒီအတွက် အဆတစ်ရာ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"

"ဒင်.. သင်က အဆိပ်ခန္ဓာကိုယ် ဖြေရှင်းတဲ့ နည်းလမ်းကို အောင်မြင်စွာ နားလည်သွားပါပြီ"

လမ်ထျန်းဟန်၏ အရှိန်အဝါ ပေါက်ကွဲထွက်လာသော အချိန်တွင် ကျန်းချန်၏ စိတ်ထဲ၌ အကျွမ်းတဝင်ရှိသော သတိပေးချက်တစ်ခုသည် ရုတ်တရက် မြည်လာခဲ့သည်။

ချက်ချင်းဆိုသလို အဆိပ်ဝါးမျို လက္ခဏာနှင့်ပတ်သက်သည့် အချက်အလက် အများအပြားသည် သူ၏ စိတ်ထဲကို ဝင်ရောက်လာခဲ့၏။

အဆိပ်ခန္ဓာကိုယ်။

ယင်းမှာ အထူးခန္ဓာကိုယ် အမျိုးအစား ဖြစ်ပြီး သာမန် အထူးခန္ဓာကိုယ်များနှင့် ကွဲပြားခြားနားသည်။

ယေဘုယျအားဖြင့် အထူးခန္ဓာကိုယ် ရှိသည့် လူအများစုသည် သူတို့၏သွေး နိုးထလာပြီးနောက်တွင် ကြီးမားသော အင်အားကို ရရှိလိမ့်မည် ဖြစ်သော်လည်း အဆိပ်ခန္ဓာကိုယ်ကမူ ဆန့်ကျင်ဘက်ဖြစ်သည်။

အဆိပ်ခန္ဓာကိုယ်က နိုးထလာသည်နှင့် ခန္ဓာကိုယ်၌ လျှို့ဝှက်ဆန်းကြယ်သော အဆိပ်ဗိုင်းရပ်စ် တစ်ခုကို ထုတ်လုပ်လိမ့်မည် ဖြစ်၏။

ထိုဗိုင်းရပ်စ်က နိုးထသူ၏ အင်အားကို မျိုချရုံသာမက နိုးထသူ၏ အင်အားကိုပါ ဆုတ်ယုတ်စေပေလိမ့်မည်။

ယင်းက နိုးထသူ၏ အသက်ကိုပင် မျိုချနိုင်ပြီး နိုးထသူ၏ အသက်ကို အရှိန်နှစ်ဆဖြင့် အလျင်အမြန် ကုန်ဆုံးစေသည်။

"လမ်ထျန်းဟန် ရုတ်တရက် အဆင့်သတ်မှတ်ချက် နိမ့်ကျသွားခဲ့တာ အဆိပ်ခန္ဓာကိုယ် နိုးထခဲ့လို့ကိုး"

ဤအချိန်၌ ကျန်းချန်သည် ထိုက်ရှဂိုဏ်း၏ အတောက်ပဆုံး ပါရမီရှင်က အဘယ်ကြောင့် ဤအခြေအနေအထိ ကျဆင်းသွားခဲ့ရသည်ကို အဆုံးသတ်တွင် နားလည်သွားခဲ့သည်။

အရာအားလုံးသည် ဤကြောက်မက်ဖွယ်ရာ အဆိပ်ခန္ဓာကိုယ်ကြောင့် ဖြစ်လာရခြင်း မဟုတ်ပါလော။

ဆိုရလျှင် လမ်ထျန်းဟန်သည် သူ၏ ရောဂါလက္ခဏာကို ထိန်းချုပ်ရန် ကောင်းကင်ပြာဆေးလုံးကို လဲလှယ်လိုနေခြင်းပင်။

အမျက်ဒေါသ အစွန်းတစ်ဖက်သို့ ရောက်ရှိနေသော လမ်ထျန်ဟန်ကို ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့် ကြည့်လိုက်သည်။

သူက လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်ပြီး ဆေးမီးဖိုကိုတိုက်ရိုက် ထုတ်ယူလိုက်၏။

ထို့နောက် သူက လမ်ထျန်းဟန်ကို လေးနက်စွာ ပြောလိုက်သည်။

"ကျွန်တော့်မှာ ကောင်းကင်ပြာဆေးလုံး မရှိပေမဲ့ အခုချက်ချင်း သန့်စင်နိုင်ပါတယ်"

"ဟားဟား... ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ"

"ကောင်းကင်ပြာ ဆေးလုံးက ပဉ္စမအဆင့် ဆေးလုံးပဲ... ဒါတောင် မင်းက အရှက်မရှိဘဲ ချက်ချင်း သန့်စင်နိုင်တယ်လို့ ပြောရဲသေးတယ်"

ကောင်းကင်ပြာဆေးလုံးကို သန့်စင်မည် ဆိုသော ကျန်းချန်၏ စကားကိုကြားလျှင် နံဘေးမှ ရှန်းလဲ့သည် မထီမဲ့မြင် ခနဲ့လိုက်၏။

ရှန်းလဲ့သည် ဤကာလတစ်လျှောက်တွင် ကျင့်ကြံခြင်း အဆင့်မြင့်တက်ရန် အတွက် လေ့ကျင့်နေခဲ့သည်။

ထို့ကြောင့် ရှန်းလင်းဖုန်းထက် ပို၍ အင်အားကြီးမားသော အဂ္ဂိရတ် ပါရမီရှင်တစ်ယောက် ထိုက်ရှဂိုဏ်း၌ ထွက်ပေါ်လာသည်ကို မသိရှိခဲ့ပေ။

သူ၏ မျက်လုံးထဲ၌ အတွင်းစည်းထဲတွင် သူ၏ ညီအကို ရှင်းလင်းဖုန်းသာလျှင် အစွမ်းထက်ဆုံး ဖြစ်သည်။

သူ၏ ရှေ့မှ ဤကောင်လေးက ပဉ္စမအဆင့် ဆေးလုံးကို မည်ကဲ့သို့ သန့်စင်နိုင်ပါအံ့နည်း။

သိပ်မကြာခင်မှာပင် သက်သေခံတံဆိပ်ပြားကနေ ဆက်သွယ်၍ သူခေါ်ထားသော ရှန်းလင်းဖုန်းသည် သူတို့ ရှိနေသည့် စျေးဆိုင်ဆီသို့ ခြေလှမ်းကျဲဖြင့် လျှောက်လာနေသည်ကို သူ တွေ့လိုက်ရသည်။

အခန်း(၄၉၁) ပြီး၏

All Chapters