← Chapters

အခန်း (၄၉၄)

Vol. 33 Ch. 494

အခန်း (၄၉၄)

Vol. 33 Ch. 494

"လမ်ထျန်းဟန်.. မင်း.. မင်း ဘာပြောလိုက်တာလဲ"

လမ်ထျန်းဟန်က နှင်ထုတ်နေသောကြောင့် ရှန်းလဲ့၏ မျက်နှာက ရုတ်တရက် အကျည်းတန် သွားခဲ့သည်။

ကျန်းချန်က စကားအနည်းငယ်ဖြင့်ပင် လမ်ထျန်းဟန်၏ စိတ်ကို ပြောင်းလဲစေခဲ့၏။

ယခုအခါ လမ်ထျန်းဟန်သည် သူနှင့် အရောင်းအဝယ်လုပ်ရန် ပြတ်ပြတ်သားသား စွန့်လွှတ်ခဲ့သည်။

"မင်းကို ထွက်သွားဖို့ ပြောနေတာလေ.. မင်း လူစကား နားမလည်ဘူးလား"

လမ်ထျန်းဟန် အေးစက်စက် မျက်နှာထားဖြင့် ပြောလိုက်သည်။

"မင်း ကိုယ့်ဘာသာကိုယ် ထွက်သွားမလား... ဒါမှမဟုတ် ငါကိုယ်တိုင် မောင်းထုတ်ပေးရမလား"

"လမ်ထျန်းဟန်... အခုလေးတင် မီးလျှံသားရဲ အမြူတေအတွက် ဆေးလုံး အရောင်းအဝယ် လုပ်ဖို့ မင်းသဘောတူခဲ့တယ်.. မင်းဘာလို့ သဘောတူညီမှုကို ဖျက်ရတာလဲ"

ရှန်းလဲ့က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ငါ သဘောတူညီမှုကို ဖျက်တော့ရော.. မင်း ဘာတတ်နိုင်လို့လဲ"

"မီးလျှံသားရဲ အမြူတေက ငါ့ဟာပဲ... ငါ လဲလှယ်ချင်တဲ့ ဘယ်သူနဲ့မဆို လဲနိုင်တယ်... မင်း ဒါကို ထိန်းချုပ်နိုင်မယ်လို့ ထင်လား"

လမ်ထျန်းဟန်က ရှန်းလဲ့ကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

"မင်း မကျေနပ်ရင် စမ်းကြည့်နိုင်တယ်"

ရှန်းလဲ့သည် လမ်ထျန်းဟန်၏ စကားများကို ကြားလျှင် သူ၏ အဆုတ်များ ပေါက်ကွဲလုနီးပါး ဖြစ်သွားရ၏။

သူ့တွင် လမ်ထျန်းဟန်နှင့် ရင်ဆိုင်လောက်သည်အထိ သတ္တိ မရှိပေ။

သိထားရမည်မှာ လန်ထျန်းဟန်သည် တစ်ချိန်က အတွင်းစည်း၏ ထိပ်ဆုံး သုံးယောက်ထဲမှ တစ်ယောက် ဖြစ်ခဲ့ဖူးသည်။

သူ၏ အင်အားက တဖြည်းဖြည်း ယုတ်လျော့လာခဲ့သည့်တိုင် အတွင်းစည်းတွင် အဆင့်၁၀ နေရာ၌ ရှိနေပါသေး၏။

ယင်းက သူ ကိုင်တွယ်နိုင်သော အရာ မဟုတ်ပေ။

"ကောင်းတယ်.. သိပ်ကောင်းတယ်"

"လမ်ထျန်းဟန်... ဒီနေ့ကိစ္စအတွက် ငါမှတ်ထားမယ်"

ရှန်းလဲ့က ဒေါသတကြီး ရေရွတ်လိုက်ပြီး လမ်ထျန်းဟန်နှင့် ကျန်းချန်ကို အေးစက်စက် တစ်ချက်ကြည့်ကာ ချာခနဲ လှည့်၍ ထွက်ခွာသွားခဲ့သည်။

လမ်ထျန်းဟန်၏ အင်အားက ဆုတ်ယုတ်နေခဲ့သော်လည်း သူ၏ အင်အားသည် တည်ငြိမ်စွာ ဆက်လက် တိုးတက်နေခဲ့သည်။

မကြာခင် သို့မဟုတ် နောက်ပိုင်းတွင် သူသည် ယနေ့ လုပ်ရပ်အတွက် လမ်ထျန်းဟန်ကို ကြီးမားသော အဖိုးအခတစ်ခု ပေးဆပ်စေမည် ဖြစ်၏။

လမ်ထျန်းဟန်က ရှန်းလဲ့ကို တစ်ချက်ပင် လှည့်မကြည့်ခဲ့ပေ။

သူက သူ့ရှေ့ရှိ ကျန်းချန်ကိုသာ တိုက်ရိုက် ကြည့်လိုက်သည်။

"ရှန်းလဲ့ ထွက်သွားပြီ... အခု ငါတို့ စကားပြောလို့ရပြီ"

"စီနီယာအကိုလမ် ဒီလို အခြေအနေ ရောက်နေရတဲ့ အကြောင်းရင်းက အထူးခန္ဓာကိုယ် အမျိုးအစားဖြစ်တဲ့ အဆိပ်ခန္ဓာကိုယ် နိုးထခဲ့လို့ပဲ"

"အဆိပ်ခန္ဓာကိုယ်ရဲ့ သွေးထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဗိုင်းရပ်အဆိပ်တစ်ခု ရှိတယ်... ဒီအဆိပ်က အကိုလမ်ရဲ့ ကျင့်ကြံမှုကို ဆုတ်ယုတ်စေတဲ့အပြင် အသက်အန္တရာယ်ကိုပါ ဖြည်းဖြည်းချင်း ခြိမ်းခြောက်လာလိမ့်မယ်"

"ဒါပေမဲ့... ကျွန်တော့်မှာ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း ရှိပါတယ်"

ကျန်းချန်က ပြုံးလိုက်ပြီး လမ်ထျန်းဟန်ကို ကြည့်လိုက်သည်။

"ဒီအတွက် အကိုလမ်က မီးလျှံသားရဲ အမြူတေနဲ့ လဲပေးနိုင်မလား"

"မင်း... မင်း တကယ် ပြောတာလား"

လမ်ထျန်းဟန်၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားသော အရိပ်မယောင်များ ဖုံးဖိမရစွာ ထွက်ပေါ်လာ၏။

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

သူက စာရွက်နှင့် ဘောပင်ကို တိုက်ရိုက် ထုတ်ယူလိုက်ပြီး စာလုံးအနည်းငယ်ကို ရေးချလိုက်သည်။

ထို့နောက် စာရွက်ကို လမ်ထျန်းဟန်ဆီ ပေးလိုက်သည်။

"အကိုလမ် ဒီပစ္စည်းတွေကို စုဆောင်းပြီး ကျွန်တော် ပြောတဲ့အဆင့် အတိုင်း ဆေးရည်အဖြစ် ပြုတ်ပါ.. ပြီးရင် တစ်နေ့ကို တစ်ကြိမ် သောက်ပေးပါ"

"သုံးလမပြည့်ခင်မှာ အကိုလမ်ရဲ့ ပြဿနာကို လုံးဝ ဖြေရှင်းနိုင်ပါလိမ့်မယ်"

လမ်ထျန်းဟန်က ကျန်းချန်၏ လက်ကို တင်းတင်းကျပ်ကျပ် ​ဆုပ်ကိုင်လိုက်သည်။

"မဖြေရှင်းနိုင်ရင် ဘယ်လိုလုပ်မလဲ ညီနောင်ကျန်းချန်"

အဆုံးသတ်တွင် သူ၏ ပြဿနာသည် အဂ္ဂိရတ် ခန်းမအကြီးအကဲပင် မတတ်နိုင်သော ပြဿနာဖြစ်သည်။

ကျန်းချန်က သူ၏ ပြဿနာကို ဤမျှ လွယ်ကူစွာ ဖြေရှင်းနိုင်မည်ဟု လမ်ထျန်းဟန် အလုံးစုံ မယုံကြည်နိုင်သေးပေ။

ကျန်းချန်က ညင်သာစွာ ပြုံးလိုက်သည်။

"မဖြေရှင်းနိုင်ခဲ့ရင် ဖြေရှင်းနိုင်တဲ့အထိ ကျနော် ကုသပေးပါ့​မယ်"

"ရပါပြီ.. ဆဋ္ဌမအဆင့် မီးလျှံသားရဲ အမြူတေက မင်းအပိုင်ဖြစ်သွားပြီ"

လမ်ထျန်းဟန်က ကျန်းချန်၏ စကားကို ကြားလျှင် မဆိုင်းမတွပင် ကျန်းချန်ဆီသို့ မီးလျှံသားရဲ အမြူတေကို ပစ်ချလိုက်သည်။

မကြာမီမှာပင် သူသည် နှုတ်ပင် မဆက်နိုင်တော့ဘဲ ကျန်းချန် ပေးခဲ့သည့် နည်းလမ်းအတိုင်း စမ်းသပ်ရန် အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

"ဆဋ္ဌမအဆင့် မီးလျှံသားရဲ အမြူတေကို နောက်ဆုံးတော့ ငါ ရခဲ့ပြီ"

သူ၏ လက်ထဲမှ မီးလျှံသားရဲအမြူတေကို ကြည့်ရင်း ကျန်းချန်၏ မျက်နှာတွင် မျှော်လင့်ချက် အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

သူက ဤအမြူတေကို အသုံးပြု၍ သူ၏ မီးလျှံသားရဲ နိုးထရန် မျှော်လင့်နေခဲ့၏။

အခန်း(၄၉၄) ပြီး၏

All Chapters