← Chapters

အခန်း (၄၉၃)

Vol. 33 Ch. 493

အခန်း (၄၉၃)

Vol. 33 Ch. 493

"ဟားဟား... ဘာပြောရမှန်းတောင် မသိတော့ဘူး"

ရှန်းလဲ့က မထီမဲ့မြင် ပြုံးကာ ရယ်မောလိုက်သည်။

ထို့နောက် သူက လက်ပိုက်၍ ကျန်းချန်ကို ကြည့်လိုက်သည်။

"မင်းမှာ မီးလျှံ သားရဲ အမြူတေကို ငါနဲ့ ယှဉ်လုဖို့ ဘယ်လို ပစ္စည်းရှိနေမလဲ ငါကြည့်ချင်သေးတယ်"

လမ်ထျန်းဟန်က မျက်စိရှေ့တွင်ရှိနေသည့် ကောင်းကင်ပြာဆေးလုံးကို လျစ်လျူရှုကာ ကျန်းချန်နှင့် အရောင်းအဝယ် ပြုလုပ်လိမ့်မည်ဟု သူမယုံကြည်ခဲ့ပေ။

ကျန်းချန်က ရှန်းလဲ့ကို လျစ်လျူရှုလိုက်ပြီး လမ်ထျန်းဟန်ကို တိုက်ရိုက် ပြုံးပြကာ ပြောလိုက်သည်။

"စီနီယာအစ်ကိုလဲ့.. ဒီမီးလျှံသားရဲ အမြူတေက ကျွန်တော့် အတွက် အရမ်း အရေးကြီးတယ်... ဒါကြောင့် ကျွန်တော်နဲ့ပဲ အရောင်းအဝယ် လုပ်ဖို့ တောင်းဆိုချင်တယ်"

"ငါက ကောင်းကင်ပြာဆေးလုံး ပေးနိုင်တဲ့ ဘယ်သူနဲ့မဆို အရောင်းအဝယ် လုပ်မယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးသားပဲ"

လမ်ထျန်းဟန်က ကျန်းချန်၏ စကားကို လျစ်လျူရှုသော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ကောင်းကင်ပြာဆေးလုံး မပေးနိုင်ရင် ငါ့ရှေ့ကနေ ချက်ချင်း ထွက်သွားပေးပါ"

"ကျွန်တော့်မှာ ကောင်းကင်ပြာဆေးလုံး မရှိပါဘူး.. ဒါပေမဲ့ အစ်ကိုလန်ရဲ့ အသက်က ကောင်းကင်ပြာ ဆေးလုံးထက် ပိုပြီး တန်ဖိုးရှိတယ်လို့ ကျွန်တော် ထင်ပါတယ်"

ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွှတ်သွားသည်။

"မီးလျှံသားရဲ အမြူတေ အတွက် အစ်ကိုလန်ရဲ့ အသက်နဲ့ လဲလှယ်ဖို့ ကျွန်တော် ဆန္ဒရှိတယ်"

ထိုစကားကိုကြားလျှင် လမ်ထျန်းဟန်၏ မျက်လုံးများက အေးခဲသွားသည်။

ထို့နောက် လူသတ်လိုသော ရည်ရွယ်ချက်သည် သူ၏ ခန္ဓာကိုယ်ကနေ ချက်ချင်း ပျံ့နှံ့လာခဲ့၏။

"မင်း ဘာတွေ ပြောနေတာလဲ... မင်းကို ဆယ်စက္ကန့် ပေးမယ်.. ချက်ချင်း ငါ့ရှေကနေ ထွက်သွားစမ်း.. မဟုတ်ရင် ငါမင်းကို တိုက်ခိုက်ရလိမ့်မယ်"

လမ်ထျန်းဟန်၏ ဒေါသအိုးပေါက်ကွဲမှုနှင့် ရင်ဆိုင်နေရသော်လည်း ကျန်းချန်၏ မျက်နှာက လုံးဝ ပြောင်းလဲမသွားပေ။

သူက ခပ်ပြုံးပြုံးပင် လမ်ထျန်းဟန်ကို ဆက်လက် ကြည့်နေခဲ့၏။

"ကျွန်တော် မတိုက်ခိုက်ချင်ဘူး.. ကျွန်တော်က အမှန်တကယ် အရောင်းအဝယ် လုပ်ချင်တာပါ"

သို့သော်လည်း ကျန်းချန် စကားမဆုံးခင်မှာပင် ဒေါသအထွတ်အထိပ်သို့ ရောက်နေသော လမ်ထျန်းဟန်သည် နောက်ဆုံး၌ လုံးဝ ပေါက်ကွဲသွားခဲ့သည်။

သူက ရုတ်တရက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ပတ်ဝန်းကျင်မှ လေထုအင်အားကို တိုက်ရိုက် ဆွဲယူလိုက်၏။

ထို့နောက်တွင် ကျန်းချန်ဆီသို့ တိုက်ခိုက်လိုက်သည်။

လမ်ထျန်းဟန်၏ ပြင်းထန်သော လက်သီးချက်ဖြင့် ရင်ဆိုင်နေရသော်လည်း ကျန်းချန်၏ မျက်နှာက ထူးထူးခြားခြားပင် တည်ငြိမ်နေခဲ့သည်။

သူက နေရာမှာပင် မလှုပ်မယှက် ရပ်နေခဲ့၏။

သူ့တွင် လုံးဝ ခုခံရန် ရည်ရွယ်ချက် ရှိပုံမပေါ်ပေ။

သူ၏ တည်ငြိမ်သော အသံသည် လမ်ထျန်းဟန်၏ နားထဲ၌ တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။

"ကျွန်တော် ခန့်မှန်းတာမမှားရင် အကိုလမ်ရဲ့ လက်ကောက်ဝတ်ပေါ်က တာလင် သွေးကြောမှာ အနက်ရောင် မျဉ်းကြောင်းတစ်ခု ရှိနေတယ်"

"အချိန်ကြာလာတာနဲ့အမျှ ဒီအနက်ရောင် မျဉ်းကြောင်းက အကိုလမ်ရဲ့ လက်မောင်းဆီ ဖြည်းဖြည်းချင်း ပျံ့နှံ့လာနေတယ်... အနက်ရောင် မျဉ်းကြောင်းက လက်မောင်းတစ်လျှောက်ကနေ ဆီးခုံဧရိယာဆီ ပျံ့နှံ့လာတဲ့အချိန်ကျရင် အကိုလမ် သေရလိမ့်မယ်"

ကျန်းချန်၏ စကားအဆုံး၌ ကျန်းချန်နှင့် တစ်ပေအောက်သာ ဝေးတော့သော လမ်ထျန်းဟန်၏ ပြင်းထန်သော လက်သီးစွမ်းအင်သည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

"မင်း.. မင်း ဘယ်လိုသိတာလဲ"

လမ်ထျန်းဟန်သည် ကျန်းချန်ကို လေးနက်စွာ စိုက်ကြည့်လိုက်သည်။

ထို့နောက် သူ၏ မျက်နှာပေါ်တွင် မယုံနိုင်လောက်အောင် အံ့သြ တုန်လှုပ်သော အရိပ်အယောင် ပေါ်လာခဲ့၏။

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

သူက လမ်ထျန်းဟန်၏ အမေးကို ပြန်မဖြေဘဲ နံဘေးမှ ရှန်းလဲ့ကို ညွှန်ပြလိုက်သည်။

ထို့နောက် သူက မဲ့ပြုံး ပြုံး၍ ပြောလိုက်၏။

"အစ်ကိုလမ် သိချင်ရင် သူ့ကို အရင်မောင်းထုတ်လိုက်ပါ"

လမ်ထျန်းဟန်က အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်သည်။

သူက လုံးဝ မဆိုင်းမတွဘဲ ရှန်းလဲ့ကို အေးစက်စက် ပြောလိုက်၏။

"ရှန်းလဲ့... မင်းကို ဒီနေရာက မကြိုဆိုဘူး... မင်း အခု ထွက်သွားလို့ရပြီ"

သူ၏ ခန္ဓာကိုယ်က လွန်ခဲ့သည့်၂ နှစ် ကတည်းက ပြောင်းလဲသွားခဲ့ပြီး ခွန်အားများ ယုတ်လျော့လာခဲ့သည်။

သူက အကောင်းဆုံး ကြိုးစားခဲ့သော်လည်း သူ့ခန္ဓာကိုယ်၏ ပုံမှန်မဟုတ်သော ပြောင်းလဲမှုများအတွက် ဖြေရှင်းချက်တစ်ခုကိုမှ ရှာမတွေ့ခဲ့ပေ။

ဤကောင်လေးကမူ သူ၏ အခြေအနေကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်ရုံသာမက သူ့ခန္ဓာကိုယ်၏ ပုံမှန်မဟုတ်သော ပြဿနာကို ဖြေရှင်းရန် နည်းလမ်းတစ်ခုပင် ရှိနေသည်။

လမ်ထျန်းဟန်က သူ့ခန္ဓာကိုယ်၏ အခြေအနေကို ဤကောင်လေးက ဖြေရှင်းနိုင်မည်ဟု ခံစားခဲ့ရ၏။

ထို့ကြောင့် သူက ကျန်းချန်၏ စကားကို ကြားပြီးနောက်တွင် လုံးဝ တုံ့ဆိုင်းခြင်းမရှိဘဲ ရှန်းလဲ့ကို မောင်းထုတ်ခဲ့ခြင်းပင်။

ကျန်းချန်တွင် သူ၏ ခန္ဓာကိုယ် ပြဿနာကို ဖြေရှင်းရန် စွမ်းရည် မရှိခဲ့လျှင်ပင် ဖြေရှင်းရန်အတွက် သဲလွန်စတစ်ခုခု ရှိနိုင်မည်ဟု သူယုံကြည်ခဲ့၏။

အခန်း(၄၉၃) ပြီး၏

All Chapters