အခန်း (၄၉၅)
Vol. 33 Ch. 495
မီးလျှံသားရဲ၏ အမြူတေကို ရရှိသောအခါ ကျန်းချန်သည် အချိန်ဖြုန်းမနေတော့ဘဲ ထိုက်ရှ နတ်မျှော်စင်သို့ ပြန်သွားခဲ့သည်။
ကျန်းချန်က အခန်းအောင်းသည့် အခြေအနေသို့ နောက်တစ်ကြိမ် ဝင်ရောက်သွားခဲ့သည်။
သူက သားရဲယဉ်ပါးခြင်းအိတ်ထဲကနေ မီးလျှံသားရဲကို ထုတ်လိုက်ပြီး ရှေးဟောင်းသားရဲ ထိန်းချုပ်ခြင်း နည်းစနစ်တွင် ပါဝင်သော လျှို့ဝှက်နည်းလမ်းကို အသုံးပြုကာ ဆဋ္ဌမအဆင့် မီးလျှံသားရဲ အမြူတေ၏ စွမ်းအားကို မီးလျှံသားရဲ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်သည်။
မီးလျှံသားရဲ အမြူတေ၏ စွမ်းအား ထည့်သွင်းခံရသည်နှင့်အမျှ မီးလျှံသားရဲ၏ တစ်ကိုယ်လုံးရှိ မှိန်ဖျော့နေသော ကြေးနီရောင် အသားအရေသည် တခဏအတွင်း တောက်ပလာသည်ကို သူမြင်လိုက်ရ၏။
"တကယ် ထိရောက်တာပဲ"
"ရှောင်ဟော် နိုးထဖို့အတွက် မီးလျှံဂုဏ်သတ္တိ စွမ်းအား အများအပြား လိုအပ်ပုံရတယ်"
"ရှောင်ဟော်နဲ့ ကိုက်ညီတဲ့ ဒီဆဋ္ဌမအဆင့် မီးလျှံသားရဲ အမြူတေက နိုးထမှုအတွက် အကောင်းဆုံးဆေး ဆိုတာ သံသယဖြစ်စရာ မရှိဘူး"
ကျန်းချန် အလွန်အမင်း ဝမ်းသာသွားခဲ့သည်။
သူက မဆိုင်းမတွပင် လျှို့ဝှက် နည်းလမ်းကို အာရုံစိုက်ကာ အမြူတေထဲမှ အင်အားကို ရှောင်ဟော်၏ ခန္ဓာကိုယ်ထဲသို့ စဉ်ဆက်မပြတ် ထည့်သွင်းလိုက်သည်။
အချိန်က တဖြည်းဖြည်း ကုန်လွန်သွားခဲ့၏။
ကျန်းချန်၏ အကူအညီဖြင့် ဆဋ္ဌမအဆင့် မီးလျှံသားရဲ အမြူတေ အင်အားကို ရှောင်ဟော်က အားလုံးနီးပါး စုပ်ယူလိုက်သည်။
ရှောင်ဟော်က ဆဋ္ဌမအဆင့် မီးလျှံသားရဲ အမြူတေ အင်အားကို စုပ်ယူပြီးနောက်တွင် ပြန်လည် ရှင်သန်ထမြောက်ခြင်းနှင့် တူညီသော အရှိန်အဝါ တစ်ခုသည် ရှောင်ဟော်ဆီမှ ဖြည်းညင်းစွာ ဖြာထွက်လာသည်ကို ကျန်းချန် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရ၏။
"မဆိုးဘူးပဲ"
"ဒီဆဋ္ဌမအဆင့် မီးလင်းသားရဲ အမြူတေ အကူအညီနဲ့ဆို ရှောင်ဟော် နိုးထဖို့အတွက် အချိန်အများကြီး မလိုတော့ဘူးထင်တယ်"
နိုးထရန် အကြောင်းဖန်လာသော မီးလျှံသားရဲ၏ အရှိန်အဝါကို ခံစားမိလျှင် ကျန်းချန်သည် အလွန် ပျော်ရွှင်သွားခဲ့သည်။
သူက ခဏလောက် စောင့်ကြည့်လိုက်ပြီး နောက်တွင် မီးလျှံသားရဲက တည်ငြိမ်စွာ တိုးတက်လာသည်ကို တွေ့လိုက်ရ၏။
ထို့နောက်တွင် သူက အတွင်းအား လေ့ကျင့်ကာ စောင့်ဆိုင်းနေခဲ့သည်။
သုံးရက်အကြာ၌ အင်အားကြီးမားသော အရှိန်အဝါ တစ်ခုသည် အတွင်းအားကျင့်ကြံနေသည့် ကျန်းချန်ကို လှုံ့ဆော်လိုက်၏။
ကျန်းချန်က သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။
ထို့နောက် သူ၏ အကြည့်က မီးလျှံသားရဲ ကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားခဲ့၏။
မကြာမီမှာပင် ကြမ်းပြင် ပေါ်၌ လဲလျောင်းနေသော မီးလျှံသားရဲ၏ ခန္ဓာကိုယ်က လှုပ်ရှားလာပြီး မျက်လုံးများ ရုတ်တရက် ပွင့်လာခဲ့သည်။
"ဝေါင်း"
မီးလျှံသားရဲက ကောင်းကင်ဆီသို့ မော့ကြည့်၍ ဟိန်းဟောက်လိုက်သည်။
ထို့နောက်တွင် သူ၏ တစ်ကိုယ်လုံးသည် ရုတ်တရက် နှစ်ဆခန့် ပိုမို ကြီးထွားသွားခဲ့သည်။
သားရဲဘုရင်၏ တည်ရှိမှုနှင့် နှိုင်းယှဥ်နိုင်သော အင်အားကြီးမားသော ဖိအားတစ်ခုသည် သူ၏ ခန္ဓာကိုယ်ကနေ ချက်ချင်းဆိုသလို ဖြာထွက်လာခဲ့သည်။
"ကောင်းလိုက်တာ.. နိုးထလာတာနဲ့ စတုတ္ထအဆင့် အထွတ်အထိပ်ကို တိုက်ရိုက် ရောက်ရှိသွားခဲ့ပြီ.. ရှောင်ဟော်ရဲ့ အင်အားနဲ့ဆို သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်က ဘယ်သူ့ကိုမှ ငါကြောက်စရာ မလိုတော့ဘူး"
နိုးထလာသော မီးလျှံသားရဲကို ကြည့်ရင်း ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွှတ်သွားခဲ့သည်။
ယခု မီးလျှံသားရဲ နိုးထလာသောကြောင့် ကောင်းကင်စာရင်းအတွက် တိုက်ပွဲတွင် သူသည် နေရာတစ်နေရာကို သေချာပေါက် ရရှိပေလိမ့်မည်။
မီးလျှံသားရဲ လက်ရှိ ပိုင်ဆိုင်ထားသော ခွန်အားကို ထိုက်ရှဂိုဏ်း၏ တိုက်ရိုက် တပည့် ငါးယောက်သာ ခြိမ်းခြောက်နိုင်မည်ဟု သူတွေးမိခဲ့သည်။
မီးလျှံသားရဲက နိုးထလာပြီးနောက်တွင် သူ၏ဘေး၌ ကျန်းချန်ကို တွေ့လိုက်ရသည်။
ထိုခဏတွင် သူ၏ ပုံရိပ်သည် ရုတ်တရက် သေးငယ်သွားခဲ့၏။
ထို့နောက် သူက အနီရောင် ကြောင်ကလေးအဖြစ် ပြောင်းလဲသွားပြီး ကျန်းချန်နှင့် ချစ်ခင်ရင်းနှီးစွာ ကစားနေခဲ့သည်။
ခဏလောက် မီးလျှံသားရဲနှင့် ပျော်ရွှင်စွာ ကစားပြီးနောက်တွင် ကျန်းချန်သည် သားရဲယဉ်ပါးခြင်းအိတ်ထဲသို့ မီးလျှံသားရဲကို ထည့်၍ အပြင်သို့ ထွက်လာခဲ့၏။
မီးလျှံသားရဲ နိုးထခြင်းသည် ကောင်းကင်စာရင်း တိုက်ပွဲအတွက် ကျန်းချန်ကို ပိုမို အားကောင်းစေခဲ့သော်လည်း ကျန်းချန်သည် အနည်းငယ်မျှပင် ကျင့်ကြံခြင်း၌ လျော့ရဲခြင်း မရှိခဲ့ပေ။
ဆိုရလျှင် ကျန်းချန်သည် အရာအားလုံးအတွက် မီးလျှံသားရဲကို အားကိုးရန် မစီစဉ်ခဲ့ချေ။
ပြောရမည်ဆိုလျှင် သူသည် ထိုက်ရှဂိုဏ်း၏ တိုက်ရိုက် တပည့်ငါးယောက်ကို စိန်ခေါ်လိုခဲ့၏။
ထို့နောက်တွင် သူသည် မြောက်ပိုင်းတောရိုင်းဒေသ၏ ပါရမီရှင်များနှင့်လည်း ယှဉ်ပြိုင်ချင်ခဲ့သည်။
ထို့ကြောင့် ယခု အရေးကြီးဆုံးအရာမှာ သူ၏ အင်အားကို တိုးတက်စေရန် ဖြစ်သည်။
ဤအတွက် ကျန်းချန်သည် ဆေးဖက်ဝင်ပစ္စည်း အချို့အတွက် အဂ္ဂိရတ်ခန်းမသို့ သွားရန် ဆုံးဖြတ်လိုက်သည်။
ကောင်းကင်စာရင်း တိုက်ပွဲ မတိုင်မီ သူသည် သူ၏ အင်အားကို အဆင့်သစ် တစ်ခုအထိ မြှင့်တင်ရန် သူ၏ လက်ထဲမှ အရင်းအမြစ် အားလုံးကို အသုံးပြုလိုခဲ့သည်။
အခန်း(၄၉၅) ပြီး၏