← Chapters

နောက်ကွယ်မှလူ၏ လုပ်နိုင်စွမ်း

Vol. 79 Ch. 1175

နောက်ကွယ်မှလူ၏ လုပ်နိုင်စွမ်း

Vol. 79 Ch. 1175

နောက်ကွယ်မှကြိုးကိုင်သူ၏ နောက်ခံအကြောင်းအရာက မရိုးရှင်းကြောင်း ခံစားမိချိန်တွင်၀မ်ကျန်းသည် ကျောချမ်းသွားခဲ့သည်။

ကူရွှင်းကျစ်ပင် အာရုံမခံစားနိုင်လျှင် ဤလူသည် စည်းမျဥ်း၏ အထက်တွင် ရှိနေလောက်၏။

၀မ်ကျန်းသိသလောက် ကမ္ဘာပေါ်တွင် စည်းမျဥ်းမှ လွတ်ကင်းနေသည့်သူမှာ ၀မ်လင်းတစ်ဦးတည်းသာ ရှိသည်။

"အရမ်းကြီးမစိုးရိမ်ပါနဲ့ ..ရန်သူက အရမ်းကြီး အားကောင်းတယ်ဆိုပေမဲ့ ဆရာလေးလင်းက ငါတို့နဲ့ လက်လှမ်းမီတဲ့နေရာမှာရှိနေမှာ သေချာတယ်"

ထွင်ထျန်းဟာက ပြောလိုက်သည်။

ထွင်ထျန်းဟာက နတ်ဆိုးဘုရင်တစ်ပါးဖြစ်ခဲ့ပြီး ၀မ်လင်းနှင့်အတူ အချိန်အတော်ကြာ နေထိုင်ခဲ့၍ ၀မ်လင်းဆီကနေ အများအပြား သင်ယူခဲ့ရသည်။

စင်စစ် တည်ငြိမ်မှုရှိခြင်းသည် မည်သည့်အရေးပေါ် ကိစ္စကိုမဆို ရင်ဆိုင်ရန် အကောင်းဆုံးနည်းလမ်းပင် ဖြစ်သည်မဟုတ်လော။

"တကယ်ပဲ ဒီလူက စည်းမျဥ်းတွေအထက်မှာ ရှိနေတယ်ဆိုရင် ဘာလို့ ကမ္ဘာဂြိုလ်ကို တိုက်ခိုက်ဖို့ အထူးတလည် ရွေးချယ်ခဲ့တာ ဖြစ်နိုင်မလဲ"

တွင်ထျန်းဟာက အရေးပါသည့် မေးခွန်းတစ်ခုကိုထုတ်​ဖော်လိုက်၏။

တစ်ဖက်လူက စည်းမျဥ်း၏အထက်တွင် ရှိနေသည်မှာ ကြောက်စရာကောင်းသော်လည်း ဤကမ္ဘာတွင် ရှိနေသ၍ ထိုလူကို ရင်ဆိုင်ရန်အတွက် နည်းလမ်းတစ်ခုခု သေချာပေါက်ရှိရပေမည်။

"တစ်ဖက်လူက ကမ္ဘာဂြိုလ်ကို ဘာလို့ ရွေးချယ်ခဲ့တာလဲဆိုတော့ ဒီကမ္ဘာမှာ သူရယူရမဲ့ အရာတစ်ခုခု ရှိနေလို့ ဖြစ်ရမယ်.. အဲဒီအရာက သူ့ကို စွမ်းအင်အသစ်တွေရယူဖို့ ဒါမှမဟုတ် သူ့ရဲ့ လက်ရှိစွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ အထောက်အကူဖြစ်စေနိုင်တဲ့ ပစ္စည်းမျိုး ဖြစ်နိုင်တယ်.. နဂါးကိုးကောင်တောင်ရဲ့အခြေအနေနဲ့ တစ်ဖက်လူက နဂါးကိုးကောင်တောင်ရဲ့ ကောင်းကင်သွေးပြန်ကြောကို ထိန်းချုပ်ဖို့ကြိုးစားနေတဲ့အချက်ကို ထည့်သွင်းစဥ်းစားလိုက်ရင်တော့ ဒီကိစ္စက ထင်ထားသလောက် မရိုးရှင်းဘူးဆိုတာ သိသာနေတယ်.. ငါ့အထင်တော့ တစ်ဖက်လူက ကောင်းကင်သွေးပြန်ကြောကို ကာဗာ ယူထားပြီး တခြားတစ်ခုခုကို အလိုရှိနေတာ ဖြစ်နိုင်တယ်.. ဒီလူက စည်းမျဥ်းတွေရဲ့ အထက်မှာရှိပြီး စကြာ၀ဠာအုပ်ထိန်းသူ ကူရွှင်းကျစ်တောင် သူ့ကို အာရုံမခံစားနိုင်ခဲ့ဘူး.. နဂါးကိုးကောင် တောင်အောက်မှာရှိတဲ့ ကောင်းကင်သွေးပြန်ကြောက ကမ္ဘာပေါ်က မြေအောက်စိတ်၀ိညာဥ်သွေးပြန်ကြော အားလုံးရဲ့ အရင်းအမြစ် ဖြစ်ပေမဲ့ စကြာ၀ဠာအုပ်ထိန်းသူတောင် မကိုင်တွယ်နိုင်တဲ့ တစ်ဖက်လူရဲ့အထောက်အထားနဲ့ ဆိုရင် ဘာလို့ ဒီကောင်းကင်သွေးပြန်ကြောကို အသက်သွင်းဖို့ လိုအပ်မှာလဲ.. ဖြစ်နိုင်ချေရှိတဲ့ တစ်ခုတည်းသော ရှင်းလင်းချက်က တစ်ဖက်လူဆီမှာတခြား ရည်ရွယ်ချက် တစ်ခုခုရှိနေတာ သေချာသလောက်ပဲ.. အနည်းဆုံးတော့ သူ့မှာ ကောင်းကင်သွေးပြန်ကြောကို ရယူဖို့ အစီအစဥ် လုံး၀မရှိနိုင်ဘူး"

"ညီနောင်ခွေး ပြောတာဖြစ်နိုင်တယ်"

၀မ်ကျန်းက ထွင်ထျန်းဟာ၏ သုံးသပ်ချက်ကို သဘောတူလိုက်သည်။

တစ်ဖက်လူအနေဖြင့် ကောင်းကင်သွေးပြန်ကြောကို သိမ်းယူချင်ရုံ သက်သက်သာဆိုလျှင် ဤမျှအထိ ဒုက္ခခံနေစရာမလိုအပ်ပေ။

အမျိုးသားအဆင့် ပြိုင်ပွဲအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြင့် လူအများသည် သူ့ကို ကောင်းကင်သွေးပြန်ကြော အတွက် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ယုံကြည်အောင် လုပ်ဆောင်နေပုံရသည်။

၀မ်ကျန်း "တစ်ဖက်လူရဲ့ ရည်ရွယ်ချက်က ကောင်းကင်သွေးပြန်ကြောကို သိမ်းယူဖို့အတွက် ဆိုရင် ဒီလောက်ထိ ဒုက္ခခံနေတာက နည်းနည်းတော့ သံသယဖြစ်စရာ ကောင်းတာအမှန်ပဲ"

"ဒါဆို မင်းအနေနဲ့ ဒီအတွက် ဘယ်လိုရှင်းလင်းချက်က မှန်ကန်တယ်လို့် ထင်လဲ"

"ဒီလူ လုပ်နေတဲ့ အရာအားလုံးက ကာဗာယူဖို့အတွက်ပဲ.. ကုန်ကုန်ပြောရရင် သူက ကောင်းကင်သွေးပြန်ကြောကို လုံး၀ သိမ်းယူဖို့ဆန္ဒမရှိဘူး.. လူတိုင်းကို သူက ကောင်းကင်သွေးပြန်ကြောအတွက် လာတာလို့ ယုံကြည်အောင် တမင်သက်သက် လုပ်ဆောင်နေပုံရတယ်.. နောက်ထပ် အရေးကြီးတဲ့အချက်တစ်ချက်လည်း ရှိသေးတယ်.. တစ်ဖက်လူက လူအများအပြားကို ရည်ရွယ်ချက်ရှိရှိ ပြန်လည် ရှင်သန်စေခဲ့တယ်.. ဖြစ်နိုင်တာက သူတို့တွေကို သူ့ရဲ့ တကယ့်လုပ်ဆောင်မှုကို ဖုံးကွယ်ဖို့အတွက် အချိန်ဆွဲဖို့ အသုံးပြုတာဖြစ်နိုင်တယ်"

ထိုစကားကိုပြောရင်း ၀မ်ကျန်း၊ ထွင်ထျန်းဟာနှင့် ငွေရောင်လေးတို့သည် အခြေခံအားဖြင့် တူညီကြသည့် အဓိက စကားလုံးကို တွေးမိလိုက်ကြသည်။

"နှစ်နာရီပိတ်ဆို့ခြင်း.."

သူတို့ထုတ်ခဲ့သည့် သီအိုရီအမျိုးမျိုးအရ နောက်ကွယ်မှကြိုးကိုင်သူ၏ တိကျသောအချိန်၊ တိကျသော အခြေအနေနှင့် တိကျသောလုပ်ဆောင်ချက်များသည် "နှစ်နာရီပိတ်ဆို့ခြင်း"အတွက် ဖြစ်နိုင်လောက်သည်။

"ကျင့်ကြံခြင်းလောကမှာ ဘယ်လိုအရာမျိုးက နှစ်နာရီပိတ်ဆို့ခြင်းနဲ့ပေါင်းစပ်မှ အောင်မြင်နိုင်တာလဲ"

၀မ်ကျန်းက မျက်မှောင်ကြုတ်လိုက်သည်။

"အစီအရင်.. တစ်ဖက်လူက အစီအရင်တစ်ခုခုကို တည် ဆောက်ချင်နေတာများလား"

လူတိုင်းသိထားကြသည်မှာ အစီအရင်တစ်ခုကို တည်ဆောက်ရန်အတွက် ၀ိညာဥ်စွမ်းအား၊ အစီအရင်ပုံသဏ္ဌာန် နှင့် မှော်စည်းတံဆိပ်များသာ လိုအပ်သည်။

ဤသည်မှာ ကျင့်ကြံခြင်းစွယ်စုံကျမ်းတွင် ဖော်ပြထားသည့် အစီအရင်တစ်ခုကို တည်ဆောက်ရန်အတွက် အခြေခံ လိုအပ်ချက်သုံးမျိုး ဖြစ်၏။

သို့သော် တကယ့်အမှန်တရားကမူ ကျင့်ကြံခြင်းလောက ၏ အလွန်အစွမ်းထက်သူများသည် ဤအခြေခံ လိုအပ်ချက်သုံးခုအပြင် စတုတ္ထမြောက် အဓိကလိုအပ်ချက် ဖြစ်သည့် "နှစ်နာရီပိတ်ဆို့ခြင်း"ကို ပို၍ အာရုံစိုက်ကြသည်။

ခမ်းနားကြီးကျယ်သော အစီအရင်တိုင်းတွင် နှစ်နာရီပိတ်ဆို့ခြင်းကို အာရုံစိုက်ရန် လုံး၀လိုအပ်၏။

တစ်နေ့တာ၏ နှစ်ဆယ့်လေးနာရီကို နှစ်နာရီကြာသည့် အပိုင်းဆယ့်နှစ်ပိုင်း အဖြစ် ခွဲခြားထားသည်။

နှစ်နာရီကြာသည့် အပိုင်းတစ်ခုစီတွင် မတူညီသည့် ဖုန်းရွှေ အပြောင်းအလဲများကို ကြုံတွေ့ရသည်။

တစ်နည်းအားဖြင့် ခမ်းနားကြီးကျယ်သော အစီအရင်များတွင် နှစ်နာရီကြာ အပိုင်းများကို အလေးထားရသည့် အကြောင်းရင်းမှာ ကောင်းကင်နှင့် မြေကြီး၏ စိတ်၀ိညာဥ်ချီကို ပိုမိုများပြားစွာ စုပ်ယူနိုင်ရန် ဖြစ်သည်။

"ကောင်းကင်သွေးပြန်ကြောကို သိမ်းယူဖို့ဆိုတဲ့ သူ့ရဲ့ရည်ရွယ်ချက်က ဟန်ဆောင်ထားတာပဲ ဖြစ်ရမယ်.. တကယ်တော့ သူက ကောင်းကင်သွေးပြန်ကြောရဲ့ အဓိက ဘားခလုတ်ကို ဖွင့်ဖို့ပဲ လိုအပ်တယ်.. ဒါဆို သူ့ရဲ့ တကယ့်ရည်ရွယ်ချက်က ကောင်းကင်သွေးပြန်ကြောရဲ့ စွမ်းအားနဲ့ ဖုန်းရွှေကို ရွေ့လျားစေပြီး ခမ်းနားကြီးကျယ်တဲ့ အစီအရင်တစ်ခုကို တည်ဆောက်ဖို့များလား"

ထွင်ထျန်းဟာက သူတို့၏ ခန့်မှန်းချက်အားလုံးကို စုစည်းကာ သီအိုရီတစ်ခုကို ထုတ်လိုက်သည်။

ထိုသီအိုရီကို အခြေခံ၍ သူတို့သည် ယခုအခါတွင် ပြဿနာအသစ် တစ်ခုကို ရင်ဆိုင်နေရသည်။

"တစ်ဖက်လူက သေလွန်ပြီးသား ၀ိညာဥ်အများအပြားကိုပြန်လည်ဆင့်ခေါ်ခဲ့တယ်.. တိတိကျကျပြောရရင် နှစ်နာရီကြာ အပိုင်းတွေအတွက် ပြန်လည် ရှင်သန်စေခဲ့တာပဲ.. ကောင်းကင်သွေးပြန်ကြောရဲ့ အဓိကဘားခလုတ်ကို ဖွင့်ဖို့အတွက် အစီအစဥ် အတုအယောင် တစ်ခုကို အတော်လေး ဒုက္ခခံပြီး ဖန်တီးခဲ့တယ်.. ဒါမဲ့ ဒါက တကယ့်ရည်ရွယ်ချက် မဟုတ်ခဲ့ဘူး.. အခြေအနေတွေ အားလုံး ပြီးပြည့်စုံသွားတာနဲ့ သူအလိုရှိတဲ့အရာက အစီအရင် တစ်ခုလုံးကို တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ၀ိညာဥ်စွမ်းရည်ပဲ.. တစ်ဖက်လူမှာ လိုအပ်တဲ့မှော်စည်းတံဆိပ်တွေ ရှိနေပြီလို့လည်း ယူဆရတယ်.. နောက်ထပ်ပြဿနာတစ်ခုက တစ်ဖက်လူ အသုံးပြုနေတဲ့ အစီအရင်ရဲ့ဒီဇိုင်းကို ရှာဖွေဖို့ပဲ.. အဲဒီအစီအရင်ကို ဖျက်ဆီးချင်ရင် အရင်ဆုံး သူ့ရဲ့ဒီဇိုင်းပုံစံကို သိဖို့လိုအပ်တယ်.. ထုံးစံအတိုင်းဆို အစီအရင် ဒီဇိုင်းက စက်၀ိုင်းပုံစံ ဒါမှမဟုတ် ဘဲဥပုံစံ ဖြစ်နေတတ်တယ်.. ဒါပေမဲ့ နဂါးကိုးကောင်တောင်ရဲ့ မြေပြင်အနေအထားက အရမ်းရှုပ်ထွေးတဲ့အတွက် အစီအရင်တစ်ခုတည်ဆောက်ဖို့ အထောက်အကူ ဖြစ်ပုံတော့ မပေါ်ဘူး.. တောင်ထွတ်ကိုးခုကို အသုံးပြုပြီး တောင်ပတ်ပတ်လည်မှာ စက်၀ိုင်းအစီအရင်ကို ရေးဆွဲရင်ရော မဖြစ်နိုင်ဘူးလား"

ငွေရောင်လေးက မေးခွန်းထုတ်လိုက်သည်။

"မဖြစ်နိုင်ဘူးလို့ ငါတော့ထင်တယ်"

၀မ်ကျန်းက ခေါင်းခါယမ်း၍ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ နဂါးကိုးကောင်တောင်ရဲ့ တောင်ထွတ်တွေကို အသုံးပြုတာက အတော်လေးညံ့ဖျင်းတဲ့ ဒီဇိုင်းဖြစ်လို့ပဲ.. ဒီလိုဒီဇိုင်းနဲ့ဆိုရင် အစီအရင်နဲ့ ပတ်သက်ပြီး အတွေ့အကြုံနည်းနည်းပါးပါး ရှိတဲ့ ဘယ်သူမဆို ချက်ခြင်း သိသွားလိမ့်မယ်.. ခမ်းနားကြီးကျယ်တဲ့ အစီအရင်တစ်ခုက အဲဒီလို ဒီဇိုင်းတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

၀မ်ကျန်းကို သူ့မိဘများက နတ်ဘုရားနယ်မြေမှ နတ်ဘုရားများ၏ ရှည်လျားသော စစ်ပွဲများအကြောင်းကို ပြောပြခဲ့ဖူးသည်။

ရှေးကာလက အစီအရင်တွင် အလွန်ကျော်ကြားသည့် အစီအရင် သခင်တစ်ဦးသည် နိုင်ငံငယ်တစ်ခုကို ဗဟိုပြု၍ အစီအရင်တစ်ခုကို တည်ဆောက်ခဲ့သည်။

သူ့နိုင်ငံကို အမြင့်ဆုံးရောက်ရန် ပို့ဆောင်ဖို့အတွက် ထိုအစီအရင်သခင်သည် သူ့နိုင်ငံကို အရင်ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ခဲ့သည်။

သူက ခမ်းနားကြီးကျယ်သည့် အစီအရင်ကို တည်ဆောက်ရန်အတွက် စေ့စေ့စပ်စပ် တွက်ချက်ပြီး နေ့ရောညပါ မကျန် မြေအောက် ဥမင်လှိုဏ်ခေါင်း တစ်ခုကို တူးဖော်ခဲ့သည်။

အဆုံးသတ်တွင် နိုင်ငံကို ၀ိုင်းပတ်ထားသည့် စက်၀ိုင်းပုံ ဒီဇိုင်းအစီအရင်တစ်ခုကို အပြီးသတ်နိုင်ခဲ့သည်။

ထို့နောက်တွင် သူသည် နိုင်ငံထဲရှိ လူအားလုံးကို ယစ်ပူဇော်ဖို့ကြိုးစားကာ အစီအရင်ကို အသက်သွင်းခဲ့သည်။

ယင်းသို့ လူမဆန်သည့် အမှောင်အစီအရင်သည် နတ်ဘုရားများ စစ်ပွဲတွင် အကျော်ကြားဆုံးဖြစ်ခဲ့သည့် အမျိုးသားအဆင့် သွေးယစ်ပူဇော်ခြင်း အစီအရင်တစ်ခု ဖြစ်သည်။

အစီအရင်ကို ဖန်တီးပြီးသည်နှင့် အစီအရင်ထဲမှာရှိသည့် ကျင့်ကြံသူများ အားလုံး၏ ၀ိညာဥ်များသည် ချက်ခြင်းပင် ယစ်ပူဇော်ခံရပြီး ပြာမှုန်အဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။

သို့သော် ဤကဲ့သို့ လူမဆန်သည့်အစီအရင်မျိုးကို ကမ္ဘာပေါ်တွင်သာ မက နတ်ဘုရားနယ်မြေတွင်လည်း တင်းကြပ်သော ကန့်သတ်ချက်များဖြင့် ပိတ်ပင်ထားခဲ့ပြီ ဖြစ်၏။

ထို့ကြောင့် ၀မ်ကျန်းသည် ကြီးပြင်းလာသည့် အချိန်တွင် ထိုအကြောင်းကို နည်းနည်းပါးပါးသာ ကြားဖူးခဲ့သည်။

ထိုခဏတွင် သူသည် တစ်စုံတစ်ရာကို တွေးမိကာ အလွန်အမင်း စိုးရိမ်လာခဲ့သည်။

ဤကဲ့သို့ ခမ်းနားကြီးကျယ်သော အစီအရင်တစ်ခုကို တည်ဆောက်ခဲ့လျှင် ဟွာရှို့မဟာမိတ်အဖွဲ့က အရေးယူဆောင်ရွက်မည်မှာ သေချာ၏။

သူတွေးမိသောအချက်မှာ ဤအစီအရင်ပုံစံက သူထင်ထားသည်ထက် ပိုမို ခမ်းနားကြီးကျယ်ခဲ့လျှင် ဖြစ်သည်။

တစ်ဖက်လူသည် သူ၏အစီအစဥ်ကို နိုင်ငံတစ်နိုင်ငံထဲတွင် မကန့်သတ်ထားဘဲ တစ်ကမ္ဘာလုံးကို လွှမ်းခြုံရန် စီစဥ်ထားခဲ့လျှင် မည်သို့ လုပ်ဆောင်မည်နည်း။

အပိုင်း(၁၁၇၅) ပြီး၏

All Chapters