← Chapters

ခြေ ၇လှမ်းအတွင်း သတ်ဖြတ်ခြင်း

Vol. 79 Ch. 1177

ခြေ ၇လှမ်းအတွင်း သတ်ဖြတ်ခြင်း

Vol. 79 Ch. 1177

ထိုအချိန်က ကျိုးမန်ရိုခူရို၏ သဘာ၀လွန် သတ်ဖြတ်ခြင်းနည်းလမ်း၇မျိုးသည် အလွန်ပင် နာမည်ကြီးခဲ့သည်။

မည်သို့သောရန်သူနှင့် တွေ့ကြုံပါစေ၊ ခြေ၇လှမ်းအတွင်း

ခေါင်းဖြတ်နိုင်သည်ဟုပင် အဆိုရှိကြသည်။

ကျိုးမန်ရိုခူရို၏ သတ်ဖြတ်ခြင်း အရှိန်အ၀ါသည် ၀မ်ကျန်းတို့လူစုကို အမှန်တကယ်ပင် အသက်ရှုကြပ်စေခဲ့သည်။

သူတို့သုံးယောက်၏ ခွန်အားက သာမန်ထက် ထူးခြားနေသောကြောင့်သာ တော်သေးသည်ဟု ဆိုရမည်။

အကယ်၍ သူတို့နေရာတွင် အထူးတပ်ဖွဲ့၀င်များသာ ဆိုလျှင်ကျိုးမန်ရိုခူရို၏ သတ်ဖြတ်ခြင်း အရှိန်အ၀ါကြောင့် လှုပ်မရတော့သည်အထိ ​ချည်နှောင်ခံရမည်မှာ သေချာ၏။

"ကျိုးမန်ရိုခူရိုက နိုင်ငံတကာ အမဲလိုက်မစ်ရှင်​မှာ သေဆုံးသွားခဲ့ပေမဲ့ အရမ်းသန်မာတဲ့ လူတစ်ယောက်ပဲ.. အားလုံးပဲသတိထားကြ.."

ငွေရောင်လေးက ဖိနပ်မပါသည့် ခြေဗလာဖြင့် ရှေ့သို့ခြေလှမ်း အလိုအလျောက် တက်လှမ်းလိုက်သည်။

သူတော်စင်သားရဲတစ်ကောင် အနေဖြင့် သူ့တွင် အလွန်အစွမ်းထက်သည့် ကိုယ်တိုင် ကုသနိုင်သောစွမ်းရည် ရှိသည်။

သူ၏ခေါင်းကို အဖြတ်ခံရလျှင်ပင် ချက်ခြင်း ပြန်ဆက်နိုင်သ၍ သေရာကနေ ချက်ခြင်း ပြန်လည် သက်သာလာနိုင်ပေသည်။

ကျိုးမန်ရိုခူရို၏ သဘာ၀လွန်သတ်ဖြတ်ခြင်း နည်းလမ်း၇မျိုးသည် ထိုအချိန်က ကမ္ဘာ့ ကျင့်ကြံသူများကို တုန်လှုပ်စေသည်ဟု ဆိုကြသော်လည်း တစ်ဖက်လူက သူ့ကို သတ်နိုင်မည်မဟုတ်ဟု ငွေရောင်လေး ယုံကြည်ခဲ့သည်။

ကျိုးမန်ရိုခူရို၏နည်းစနစ်က မည်မျှပင် အစွမ်းထက်လင့်ကစား၊ ငွေရောင်လေးသည် သူ၏ ကိုယ်တိုင် ကုသနိုင်သည့် စွမ်းရည်ကို ယုံကြည်မှုအပြည့်ရှိသည်။

ထိုခဏတွင် ကျိုးမန်ရိုခူရိုသည် ငွေရောင်လေးက ခြေဗလာဖြင့် ရှေ့သို့လှမ်းတက်လာသည်ကို မြင်လျှင် မသိစိတ်ကနေ နောက်ဆုတ်သွားမိပြီး သူ၏ ဆာမူရိုင်းဓားပေါ်သို့ လက်တင်ထားလိုက်သည်။

သူက မျက်လုံးကို အ၀တ်ဖြင့် စည်းနှောင်ထားသော်လည်း လှုပ်ရှားမှုများကမူ တိကျသပ်ရပ်နေဆဲ ဖြစ်၏။

"မင်းတို့ဘက်က သုံးယောက်ဆိုတော့ မျှတမှုမရှိဘူး"

မမျှော်လင့်ဘဲ နေကျွန်းဇာတိဖွား အမှောင်နက်ဝေါ့ခ်မှ ရာ ဇ၀တ်ကောင်တစ်ယောက်၏ မန်ဒရင်းလေသံသည် အံ့သြစရာကောင်းလောက်အောင်ပင် ကောင်းမွန်နေခဲ့သည်။

သူ့တွင် ပေကျင်းလေသံ၏ အရိပ်အမြွက်ပင် တွေ့မြင်နေရ၏။

"စိတ်မပူပါနဲ့ ငါတို့တစ်ယောက်ချင်းစီပဲ တိုက်မှာပါ...ငါရှုံးတာနဲ့ချက်ချင်း ထွက်သွားပေးမယ်"

ငွေရောင်လေးက အလွန်ယုံကြည်မှုရှိသော အမူအရာဖြင့် ပြောလိုက်သည်။

ကျိုးမန်ရိုခူရိုသည် အစကတည်းကပင် သေဆုံးပြီးသားဖြစ်၍ ဤကမ္ဘာတွင် ပေါ်လာသင့်သော လူတစ်ယောက် မဟုတ်ပေ။

ထိုကဲ့သို့ လူမျိုးကို ငရဲသို့ပြန်ပို့လိုက်သည်ကသာ တစ်ခုတည်းသောနည်းလမ်း ဖြစ်သည် မဟုတ်လော။

"မင်းတို့သုံးယောက်လုံး အလှည့်ကျတိုက်နေရင် ဘယ်လိုမျှတမှာလဲ.. တရားမျှတအောင် ငါ့အနေနဲ့ မင်းတို့ထဲက တစ်ယောက်နဲ့ပဲ ယှဥ်ပြိုင်သင့်တယ်လို့ ထင်တယ်.. ဒါ့အပြင် ပြိုင်ဘက်ကိုလဲ ငါ့စိတ်ကြိုက် ရွေးချယ်ခွင့်ပေးသင့်တယ်"

ကျိုးမန်ရိုခူရိုက ပြောလိုက်သည်။

ငွေရောင်လေးက ကျိုးမန်ရိုခူရို သူ့ကို စိန်ခေါ်ဖို့ အဘယ်ကြောင့် ငြင်းဆိုရသလဲ ဆိုသည်ကို နားမလည်သောကြောင့် သက်ပြင်းချလိုက်၏။

"ဒါဆိုပြောပါဦး ငါတို့ထဲက ဘယ်သူ့ကို ရွေးချယ်မှာလဲ"

ကျိုးမန်ရိုခူရိုက ခေါင်းကိုငုံ့ထားပြီး စဥ်းစားနေခဲ့သည်။

သူ၏ နဖူးပေါ်ကနေ ချွေးစေးများ စီးကျလာခဲ့သည်။

တကယ်တမ်းတွင် သူ၏ သဘာ၀လွန်သတ်ဖြတ်ခြင်းနည်းလမ်း ၇မျိုးသည် ဓားသိုင်း နည်းစနစ် မဟုတ်ဘဲ အာရုံခံနိုင်စွမ်းနှင့် တွက်ချက်နိုင်သည့် စွမ်းရည်တစ်ခုသာ ဖြစ်သည်။

ယင်းက တစ်ဖက်လူ၏ တိုက်ခိုက်ရေးအင်အားကို တိုင်းတာနိုင်ပြီး တစ်ဖက်လူကို သတ်ဖြတ်နိုင်ရန် ဘယ်နှစ်ချက် ခုတ်ရမည်ကို တွက်ဆနိုင်သည်။

တကယ်တမ်းတွင် ကျိုးမန်ရိုခူရိုသည် မျက်မမြင်တစ်ယောက် မဟုတ်ပေ။

သူ၏မျက်လုံးများကို ဖုံးအုပ်ထားထားရသည့် အကြောင်းရင်းမှာ သူ၏အာရုံခံနိုင်စွမ်းကို ပိုမို တိုးတက်စေပြီး အမြင်အာရုံ၏ အနှောင့်အယှက်များကို ရှောင်ရှားနိုင်စေရန် ဖြစ်သည်။

အဆင့်မြင့်ဓားသမားများသည် အခြားအာရုံကိုသာ အဓိကထား၍ တိုက်ခိုက်လေ့ရှိသည်။

အဘယ်ကြောင့်ဆိုသော် သူတို့က မျက်လုံးကိုမှိတ်ပြီး အမြင်အာရုံ ဆုံးရှုံးသွားသည့် အခါတွင် သူတို့၏ အာရုံစူးစိုက်နိုင်စွမ်းသည် ပိုမို၍ တိုးတက်လာသောကြောင့်ပင်။

သူတို့၏ စိတ်စွမ်းအား တိုးလာသည်နှင့်အမျှ ဓားချက် တိကျမှုနှင့် ပေါက်ကွဲအားသည်လည်း တိုးတက်လာခဲ့၏။

ကျိုးမန်ရိုခူရိုသည် သူ၏သဘာ၀လွန် သတ်ဖြတ်ခြင်း ၇မျိုးဖြင့် ရန်သူအများအပြားကို ကြိုတင်ခန့်မှန်းခဲ့ပြီး ခုနစ်ကွက်အတွင်း သတ်နိုင်မည့်သူများကိုသာ ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ခဲ့သည်။

ယင်းမှာ ခုနစ်ကွက်ထဲဖြင့် သတ်ဖြတ်နိုင်သည် ဟူသော

ကြောက်မက်ဖွယ်​ကောင်းသည့် အခြေအနေကို ဖန်တီးနိုင်ရန်ဖြစ်၏။

သူရင်ဆိုင်ရမည့်ရန်သူကို ခုနစ်ကွက် အတွင်း မသတ်နိုင်ဟု တွက်ဆမိလျှင် ကျိုးမန်ရိုခူရိုသည် တိုက်ပွဲကို အကြောင်းပြချက် တစ်ခုခုဖြင့် ရှောင်ရှားလိမ့်မည် ဖြစ်သည်။

အဆုံးသတ်တွင် သူ၏ နာမည်မပျက်ရန်က ပို၍ အရေးကြီးသည် မဟုတ်ပါလော။

ခုနစ်ချက်မဟုတ်ဘဲ တစ်ချက်ပိုသွားခဲ့လျှင်ပင် သူ၏နာမည်ကို ကြီးမားသော သက်ရောက်မှု ရှိလာလိမ့်မည် ဖြစ်သည်။

ကျိုးမန်ရိုခူရိုက နောက်ကွယ်မှ ကြိုးကိုင်သူ၏ လက်ချက်ဖြင့် ပြန်လည်ရှင်သန်လာခဲ့သော်လည်း ယခင်အတိုင်းပင် သူ၏နာမည်ကို ဂရုစိုက်နေဆဲ ဖြစ်၏။

သူက လူတစ်ယောက်ကို သတ်ဖြတ်ရန်အတွက် ခြေခုနှစ်လှမ်းထက် ပိုလှမ်းမည် မဟုတ်ပေ။

ထို့ကြောင့် နောက်ကွယ်မှကြိုးကိုင်သူ၏ အမိန့်ကို လက်ခံရရှိပြီး ကျောက်လှိုဏ်ဂူ၏ အ၀င်၀တွင် စောင့်ကြပ်နေချိန်မှာပင် သူ၏သဘာ၀လွန်သတ်ဖြတ်ခြင်း နည်းလမ်း၇မျိုးဖြင့် ကမ္ဘာကို နောက်ထပ်တစ်ကြိမ် ကိုင်လှုပ်ရန် စဥ်းစားနေခဲ့သည်။

ထိုအချိန်မှာပင် ငွေရောင်လေး၊ ထွင်ထျန်းဟာနှင့် ၀မ်ကျန်း တို့က ကျောက်လှိုဏ်ဂူရှေ့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။

ကျိုးမန်ရိုခူရိုက အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ပြီး သူ၏ ဆာမူရိုင်းဓားပေါ်သို့ လက်တင်လိုက်သည်။

ကမ္ဘာကို ကိုင်လှုပ်နိုင်မည့် အခွင့်အရေးက ရောက်ရှိလာပြီဟု သူသဘောပေါက်လိုက်သည်။

သို့သော် ငွေရောင်လေးက သူ့ကို စိန်ခေါ်ဖို့ ရှေ့တက်လာသောအခါတွင် ကျိုးမန်ရိုခူရို၏ စိတ်ထဲ၌ ကိန်းဂဏန်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

"ဓားချက် ၈၂၃၁၉၂၃၉၁ချက်"

ကျိုးမန်ရိုခူရို" ? ? ? "

သူ့ရှေ့မှလူငယ်ကို သတ်ဖြတ်နိုင်ရန်အတွက် အချက်ပေါင်း ရှစ်ရာနှစ်ဆယ့်သုံးသန်း တစ်သိန်းကိုးသောင်း နှစ်ထောင့်သုံးရာ ကိုးဆယ့်တစ်ချက် ဆက်တိုက်ခုတ်ရပါမည်လော။

အချက်ပေါင်း သန်း၈၀၀ကျော် နေ၍ ဤလူငယ်တွင် မည်သို့သော နောက်ခံအကြောင်းမျိုး ရှိနေပါသနည်း။

ဤသည်က ခြေခုနှစ်လှမ်းအတွင်း သတ်ဖြတ်ရန် မဖြစ်နိုင်သည့် အလုပ်တစ်ခု ဖြစ်သည်။

တစ်ဖက်လူက သူ့ရှေ့မှာ ငြိမ်သက်စွာရပ်နေပြီး သူ့ကို ခုတ်ခွင့်ပေးလျှင်ပင် အချိန်တိုအတွင်း အပြီးသတ်နိုင်မည် မဟုတ်ပေ။

ဤကိန်းဂဏန်းသည် သူ၏သတ်မှတ်ချက်နှင့် အလွန်ပင် အလှမ်း ကွာဝေးလွန်းလှ၏။

ကျိုးမန်ရိုခူရိုက သူ၏ခန့်မှန်းချက်တွင် တစ်စုံတစ်ရာ မှားယွင်းနေသလားဟုပင် သံသယ၀င်လာမိသည်။

ထို့ကြောင့် သူက ကန့်ကွက်လိုက်ပြီး ထိုလူငယ်၏ နေရာတွင် အခြားတစ်ယောက်နှင့် အစားထိုးရန် မလိမ့်တပတ် တောင်းဆိုခဲ့ခြင်းပင်။

ထို့နောက်တွင် သူက ၀မ်ကျန်းကို ကြည့်လိုက်သည်။

အဆုံးသတ်တွင် သူ့စိတ်ထဲတွင်ပေါ်လာသော ဂဏန်းသည် အစောပိုင်းက ပေါ်လာသော လူငယ်ထက်ပင် ပို၍ ရှည်လျားနေခဲ့သည်။

၀မ်ကျန်းကို သတ်ဖြတ်နိုင်ရန်အတွက် သူက အချက်ပေါင်း တစ်ဘီလီယံကျော် ခုတ်ရမည် ဖြစ်သည်။

သူက စိတ်မောလွန်း၍ အသက်ကိုပင် ခပ်ပြင်းပြင်း ရှုလိုက်ရသည်။

သူ၏ဦးနှောက်တွင် ကြီးမားသော ပြသနာတစ်ခုခု ရှိနေမလားဟုပင် သံသယ၀င်လာခဲ့၏။

ယုတ္တိကျစွာ ပြောရလျှင် သူ၏ခွန်အားသည် အားနည်းသည်ဟု မယူဆနိုင်ပင်။

အနည်းဆုံးတော့ အပြင်ဘက်မှာရှိသည့် အထူးတပ်ဖွဲ့၀င်များကို ရင်ဆိုင်ဖို့အတွက် လုံလောက်၏။

သို့သော် ခန့်မှန်းချက်နှစ်ခုတွင် ပြသထားသည့် ကိန်းဂဏန်းများသည် အလွန်အမင်း ပုံမှန် မဟုတ်ခဲ့ပေ။

ဤသည်က ကျိုးမန်ရိုခူရိုကို ချွေးစေးများပင် ထွက်လာစေခဲ့သည်။

ထို့နောက်တွင် ကျိုးမန်ရိုခူရိုသည် သူ၏နောက်ဆုံး မျှော်လင့်ချက်ကို ဆံပင်အစိမ်းရောင်နှင့် လူငယ်ပေါ်သို့ ပုံအပ်လိုက်တော့သည်။

အဆုံးသတ်တွင် ထွင်ထျန်းဟာကလည်း ရှည်လျားသော ကိန်းဂဏန်းကို ပြသခဲ့၏။

ထွင်ထျန်းဟာကို သတ်ဖြတ်ရန် ဓားချက်သန်း၇၀၀ လိုအပ်သည်ဟု ပြသခဲ့သော်လည်း ကျိုးမန်ရိုခူရိုသည် ထွင်ထျန်းဟာက ထိုသုံးယောက်ထဲတွင် အားအနည်းဆုံးဟု ဆုံးဖြတ်လိုက်သည်။

ထို့အပြင် သူ၏ သဘာ၀လွန်သတ်ဖြတ်ခြင်း နည်းလမ်း၇ မျိူးက တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ထင်မြင်လာခဲ့သည်။

သူက သေဆုံးသွားသည်မှာ ကြာမြင့်ပြီဖြစ်၍ သဘာ၀လွန်သတ်ဖြတ်ခြင်း နည်းလမ်း၇မျိုးတွင် ဒသမအမှတ်များကို ထည့်ဖို့ မေ့သွားတာလည်း ဖြစ်ကောင်း ဖြစ်နေနိုင်သည်။

ထိုအတွက်ကြောင့်ပင် သူ၏စိတ်ထဲ၌ ကြောက်မက်ဖွယ်ကောင်းသည့် ကိန်းဂဏန်းမျိုး ပေါ်လာခြင်း ဖြစ်နိုင်လောက်ပေသည်။

အဓိကအချက်မှာ ထိုလူသုံးယောက်လုံးသည် သာမန်သာ ဖြစ်ပြီး မည်သို့သော အင်အားကြီးသည့် အရှိန်အ၀ါကိုမှ မထုတ်လွှတ်သည်ကို မြင်ရသောကြောင့် ဖြစ်၏။

၎င်းတို့က အလွန်အားကြီးသည့် ပြိုင်ဘက်များနှင့် လုံး၀ မတူပေ။

ထိုအတွက်ကြောင့် သူ၏တွက်ချက်မှုက မှားသွားသည်ဟု ပို၍ပင် သေချာသွားခဲ့သည်။

ဒဿမအမှတ်တွေ ကျန်ရစ်နေ၍ သူ့ရှေ့မှ သုံးယောက်ထဲတွင် အားအနည်းဆုံးသူ ဖြစ်သည့် အစိမ်းရောင်ဆံပင်နှင့် လူငယ်သည် ဓားချက်သန်း၇၀၀ လိုအပ်နေခြင်း ဖြစ်နိုင်လောက်သည်။

ဒသမအမှတ်များကိုသာ ထည့်လိုက်လျှင် ဓားချက်၇ချက် ဖြစ်သွားပေလိမ့်မည်။

ထို့နောက်တွင် ကျိုးမန်ရိုခူရိုသည် စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်သည်။

သူက ဆာမူရိုင်းဓားပေါ်သို့ လက်တင်လိုက်ပြီး ခြေလှမ်းတစ်လှမ်းကို အလွန်လျင်မြင်စွာ လှမ်းလိုက်သည်။

ထွင်ထျန်းဟာက ကျိုးမန်ရိုခူရို သူ့ကို ပြိုင်ဘက်အဖြစ် တိုက်ရိုက် ရွေးချယ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့သော်လည်း သူက အစကတည်းကပင် သတိကပ်နေပြီးသား ဖြစ်သည်။

ကျိုးမန်ရိုခူရိုက နောက်ထပ် ခြေလှမ်းသုံးလှမ်း ထပ်လှမ်းလိုက်သည်။

တစ်နည်းအားဖြင့် သူ့ရှေ့မှလူငယ်ကို အပြင်းအထန်ဒဏ်ရာရစေရန် နောက်ထပ် ခြေလှမ်းလေးလှမ်းသာ လိုအပ်တော့သည်။

ထိုအချိန်တွင် ထွင်ထျန်းဟာသည် ရုတ်တရက် သူ၏ စိတ် နှလုံးထဲတွင် စိတ်လှုပ်ရှားသလို ခံစားလိုက်ရသည်။

ခွေးဘ၀သို့ ရောက်လာကတည်းကပင် သူသည် အချိန်အတော်ကြာ ဒဏ်ရာမရခဲ့ပေ။

သူက ကမ္ဘာပေါ်တွင် ငြိမ်းချမ်းစွာ နေထိုင်ရသည့်ဘ၀ကိုတဖြည်းဖြည်း အသားကျလာခဲ့သော်လည်း အတိတ်က နတ်ဆိုးဘုရင် ဘ၀တွင် တိုက်ခိုက််ခဲ့သည်များအား တစ်ခါတရံ လွမ်းဆွတ်မိခဲ့သည်။

ယခု ကျိုးမန်ရိုခူရိုနှင့် တိုက်ခိုက်နေသောအချိန်တွင် ထွင်ထျန်းဟာသည် အတိတ်မှဖြစ်ရပ်များကို ပြန်ပြောင်း သတိရမိလိုက်သည်။

သူခဏမျှ တွေဝေသွားချိန်တွင် ကျိုးမန်ရိုခူရိုသည် ခြေလှမ်း၇လှမ်းကို ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

"ညီနောင်ခွေး သတိထား.."

၀မ်ကျန်း၏ သတိပေးချက် မဆုံးခင်မှာပင် ကျိုးမန်ရိုခူရို၏ ဆာမူရိုင်းဓားသည် ထွင်ထျန်းဟာ၏ ခွေးခေါင်းကို ပြင်းထန်စွာ ခုတ်ချမိလိုက်သည်။

နောက်ထပ်တခဏတွင်

"ဝုန်း"

တစ်စုံတစ်ရာက ချက်ခြင်းပင် ပျက်စီးသွားခဲ့သည်။

သို့သော် ပျက်စီးသွားသည်မှာ ထွင်ထျန်းဟာ၏ ခွေးခေါင်းမဟုတ်ဘဲ ကျိုးမန်ရိုခူရို၏ ဆာမူရိုင်းဓား ဖြစ်နေခဲ့၏။

အခန်း(၁၁၇၇) ပြီး၏

All Chapters