← Chapters

ညီနောင်သုံးဖော်

Vol. 79 Ch. 1178

ညီနောင်သုံးဖော်

Vol. 79 Ch. 1178

ဤတိုက်ခိုက်မှုကို သူက အလွန်ပင်ယုံကြည်မှုအပြည့် ရှိသည်။

သူ၏ဆာမူရိုင်းဓားကို တည်ငြိမ်သောသံမဏိဟု ခေါ်၏။

ထိုဓားကို ပင်လယ်နက်ထဲမှ အေးစက်သောသံမဏိဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

သူ၏ သဘာ၀လွန်သတ်ဖြတ်ခြင်းနည်းလမ်း၇မျိုးက တွက်ချက်မှု မမှားယွင်းခဲ့လျှင် သူ့ရှေ့မှ အစိမ်းရောင်ဆံပင်နှင့်လူငယ်၏ ခေါင်းကို အပိုင်းပိုင်းဖြတ်ပစ်မည်မှာ သေချာ၏။

သို့သော် သူ၏ခန့်မှန်းချက်က မှားယွင်းနေကြောင်း ရှင်းရှင်းလင်းလင်းပင် သက်သေပြနေခဲ့သည်။

သူ၏ဓားချက်က ထွင်ထျန်းဟာအတွက် အသုံးမ၀င်ခဲ့သလို နာကျင်မှု အနည်းငယ်မျှပင် မခံစားခဲ့ရပေ။

ဓားချက်က သူ့အပေါ်သို့ ကျရောက်လာသော်လည်း သူ၏ အစိမ်းရောင်ဆံပင်များက လေထဲ ဆက်လက်လွင့်နေဆဲပင်။

"ဒါက.."

ကျိုးမန်ရိုခူရိုသည် ဤကဲ့သို့ အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်၏။

လက်ရှိအခြေအနေအရ သူ့အနေဖြင့် အနိုင်ရဖို့ အခွင့်အလမ်း အလွန်ပင် နည်းပါး၏။

ထို့အပြင်သူ၏ ဆာမူရိုင်းဓားဖြစ်သည့် တည်ငြိမ်သော သံမဏိကိုလည်း ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

"ငါ့ရဲ့တည်ငြိမ်သောသံမဏိ..ငါ့ရဲ့တည်ငြိမ်သော သံမဏိက ပြိုင်ဘက်ကင်း ထက်မြက်မှုရှိတယ်.. သံမဏိကိုတောင် ရွှံ့လိုခုတ်ဖြတ်နိုင်တယ်..ဓားထိပ်က ထက်မြက်တဲ့အပြင် ဓားရိုးကို ငါ့ရည်းစားတောင်မှ အသုံးပြုနိုင်တယ်"

သူ၏ ဓားကျိုးသွားသည်ကို မြင်လျှင် ကျိုးမန်ရိုခူရိုသည် ဝမ်းနည်းစွာ ငိုကြွေးနေခဲ့၏။

တည်ငြိမ်သောသံမဏိသည် သူနှင့်အတူ နှစ်ပေါင်းများစွာ အတူရှိလာခဲ့သောဓား ဖြစ်ပြီး သူပြန်လည်ရှင်သန်ထမြောက်ပြီးချိန်တွင် သူလုပ်ခဲ့သည့် ပထမဆုံးအလုပ်မှာ သူ၏ တည်ငြိမ်သော သံမဏိကို ရှာဖွေရန်ပင် ဖြစ်သည်။

သို့သော်လည်း ယခုအခါတွင် သူ၏လက်ထဲမှ တည်ငြိမ်သောသံမဏိသည် သူ၏မှားယွင်းသော တွက်ချက်မှုကြောင့် နှစ်ပိုင်း ဖြတ်ခံလိုက်ရပြီ ဖြစ်သည်။

ဓားကျိုးသွားသည့်နောက်တွင် ဓား၏သခင်နှင့် ဓားသည် ဝိညာဥ်ရေးရာ ဆက်သွယ်မှုများ ချက်ခြင်းဆိုသလို ပြတ်တောက်သွားခဲ့၏။

ထိုခဏတွင် ကျိုးမန်ရိုခူရိုသည် နှလုံးသားကို ဓားဖြင့်ထိုးခံရသကဲ့သို့ ခံစားလိုက်ရပြီး သွေးများကိုပင် အန်ထုတ်လိုက်ရသည်။

ဤနာကျင်မှုသည် သူထင်ထားသည်ထက်ပင် အဆပေါင်းများစွာ ပိုမိုပြင်းထန်နေခဲ့၏။

စင်စစ် ဤသည်မှာ စိတ်၀ိညာဥ်ကို ထိခိုက်သွား၍ ဖြစ်ပေါ်လာသည့် ပြင်းထန်သောနာကျင်မှု ဖြစ်သည်။

သူ၏ခန္ဓာကိုယ်အတွင်းရှိ ချီနှင့်သွေးများက ဗြောင်းဆန်သွားပြီး ခေါင်းများကလည်း ကိုက်ခဲလာခဲ့၏။

"ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့တွေ ငါ့ရဲ့သခင်ကို ဘယ်လိုမှနိုင်မှာမဟုတ်ဘူး"

ထိုသို့ ပြောပြီးနောက်တွင် ကျိုးမန်ရိုခူရိုသည် သူ၏ဓားကျိုးကို ၀မ်းဗိုက်ထဲသို့ ထိုးသွင်းလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်သည်။

ထို့နောက်တွင် သူ၏ခန္ဓာကိုယ်သည် ချက်ခြင်းဆိုသလို ပြိုကွဲသွားကာ အလင်းမှုန်များအဖြစ် လေထဲတွင် ပြန့်ကျဲသွားခဲ့၏။

သူက ၀မ်ကျန်းတို့ ရှေ့မှာပင် မိမိကိုယ်ကို သတ်သေသွားခဲ့ခြင်းသည်။

ထိုအချိန်တွင် ၀မ်ကျန်းသည် သူ၏မေးစေ့ကိုကိုင်ပြီး သူ့ရှေ့မှာ ဖြစ်ပျက်နေသည့် အရာများကို စဥ်းစားနေခဲ့သည်။

အမှောင်နက်ဝေါ့ခ်၏ ဆိုးသွမ်းရက်စက်သော ရာဇ၀တ်ကောင်တစ်ယောက် ဖြစ်သည့် ကျိုးမန်ရိုခူရိုသည် အတွေ့အကြုံရင့်ကျက်သူတစ်ဦး ဖြစ်ပြီး မိမိကိုယ်ကို သတ်သေရန် ရွေးချယ်မည့်လူစားမျိုး မဟုတ်ပေ။

၎င်းကဲ့သို့ အတွေ့အကြုံများသော တိုက်ခိုက်ရေးသမားသည် ပြိုင်ဘက်ကို မယှဥ်နိုင်သည်နှင့် မိမိကိုယ်ကို သတ်သေစရာအကြောင်း လုံး၀မရှိချေ။

ထို့ကြောင့် ၀မ်ကျန်းသည် နောက်ထပ် ဖြစ်နိုင်ချေတစ်ခုကို ချက်ခြင်းပင် စဥ်းစားမိလိုက်သည်။

၀မ်ကျန်း၊ ငွေရောင်လေးနှင့် ထွင်ထျန်းဟာတို့သည် သီးခြားစိတ်ပိုင်းဆိုင်ရာနေရာလွတ် တစ်ခုတွင် အသံလွှင့် ချာနယ်တစ်ခုကို တည်ထောင်ခဲ့သည်။

ထိုသီးခြားစိတ်ပိုင်းဆိုင်ရာ နေရာလွတ်တွင် သူတို့ပြောသမျှကို မည်သူမှကြားနိုင်မည် မဟုတ်ပေ။

"ဒါကအတုအယောင် သေဆုံးမှုပဲ"

မကြာခင်မှာပင် ၀မ်ကျန်းသည် သူ၏သုံးသပ်မှုကို ထုတ်ဖော်လိုက်သည်။

၀မ်ကျန်းက မည်သည့်မှော်နည်းစနစ်မှ မသုံးခဲ့သလို မျက်လုံးစွမ်းအားကိုလည်း အသုံးမပြုခဲ့ပေ။

ထိုအစား သူ၏ ကိုယ်ပိုင်အတွေ့အကြုံပေါ်တွင်သာ လုံး၀ အခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

"ဘာလို့ဒီလောက် သေချာနေတာလဲ"

ထွင်ထျန်းဟာက မေးခွန်းထုတ်လိုက်သည်။

အတုအယောင်သေဆုံးမှု ဟူသည့်စကားလုံးသည် ထွင်ထျန်းဟာအတွက် အထူးပင် ထိလွယ်ရှလွယ် ဖြစ်စေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူက ၀မ်လင်း၏ရှေ့တွင် သေချင်ယောင် ဆောင်ခဲ့ဖူးသောကြောင့် ဖြစ်၏။

သေချင်ယောင်ဆောင်ပြီး အခွင့်ကောင်းယူကာ ထွက်ပြေးခြင်းသည် လျှို့၀ှက်နက်နဲသောစကေးလ်တစ်ခု ဖြစ်သည်။

ကျင့်ကြံခြင်းလောကတွင် သေချင်ယောင်ဆောင်ခြင်းကို မန္တန်အမျိုးမျိုးနှင့် တွဲဖက်၍ အသုံးပြုနိုင်၏။

ထွင်ထျန်းဟာသည် သေချင်ယောင်ဆောင်ရန် အထူးတီထွင်ထားသည့် မန္တန်တစ်ခုကို မြင်ဖူးခဲ့သည်။

၎င်းမှာ ခန္ဓာကိုယ်အစိတ်စိတ် ခွဲထွက်ခြင်းမန္တန် ဖြစ်၏။

ထိုမန္တန်သည် ခန္ဓာကိုယ်ကို မတူညီသည့် အရွယ်အစားအဖြစ်အပိုင်းပိုင်း ခွဲထုတ်နိုင်ပြီး ပဟေဠိကတ်ပြားများ ဆက်သကဲ့သို့ ပြန်လည် ချိတ်ဆက်နိုင်စွမ်း ရှိသည်။

၎င်းက အတုအယောင် သေဆုံးခြင်းလုပ်ဆောင်ရန် အတွက်

အလွန်ကောင်းမွန်သည့် နည်းစနစ်တစ်ခုလည်း ဖြစ်၏။

ဟုတ်ပါသည်။ ထိုနည်းစနစ်ကို အသုံးပြုရန်မှာ ကျွမ်းကျင်အဆင့်သို့ ရောက်ရှိဖို့လိုအပ်၏။

ပုံမှန်အားဖြင့် သက်ဆိုင်ရာစကေးလ်အဆင့်သို့ မရောက်မချင်း အိမ်တွင် အသေအချာ လေ့ကျင့်ဖို့ လိုအပ်ပြီး သတ်မှတ်ထားသည့် အဆင့်ရောက်မှသာ အသုံးပြုနိုင်မည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကျွမ်းကျင်မှုမရှိလျှင် ခန္ဓာကိုယ်အစိတ်အပိုင်းများကို မှားယွင်း၍ ဆက်မိနိုင်သောကြောင့်ပင်။

အမှားအယွင်းဖြစ်သွားလျှင် ၀ိညာဥ်စွမ်းအင်ကို နောက်ထပ်တစ်ကြိမ် စုဆောင်းပြီးမှသာ ပြန်လည် လုပ်ဆောင်နိုင်မည် ဖြစ်၏။

တစ်ခါက မန္တန်ကိုမှားယွင်းစွာ ရွတ်ဆိုမိ၍ ဆင်လူသားအဖြစ် ပြောင်းလဲသွားသည့် အမျိုးသားကျင့်ကြံသူ တစ်ယောက်ပင် ရှိခဲ့ဖူးသည်။

တိုက်ပွဲအတွင်း မန္တန်ကို အသုံးပြုခဲ့လျှင် ရန်သူက ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖျက်ဆီးပစ်ရန် အလွန်အလားအလာများ၏။

"ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်လုပ်ပြီး အတုအယောင်သေ ဆုံးမှုကို ပြုလုပ်နိုင်တဲ့ ကျိန်စာအမျိုးအစားမန္တန်တစ်ခုကို ငါသိတယ်.. ဒီမန္တန်ကိုအသုံးပြုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေရပြီး ကျန်ရှိတဲ့ ၀ိညာဥ်စွမ်းအားကို နောက်ထပ် လူတစ်ယောက်ဆီ လွှဲပြောင်းပေးလို့ရတယ်.. ဒီလိုနည်းနဲ့ ဝိညာဥ်စွမ်းအား လက်ခံရရှိတဲ့သူက ပိုမိုသန်မာလာလိမ့်မယ်.. ဒါပေမဲ့ လက်ခံတဲ့သူက သွေးသားတော်စပ်တဲ့ ဆွေမျိုးတော့ ဖြစ်ရမယ်"

ထွင်ထျန်းဟာ"ဒါဆိုရင် ကျိုးမန်ရိုခူရိုမှာ ညီအစ်ကိုတွေရှိနေတယ်လို့ ဆိုလိုချင်တာလား"

ထွင်ထျန်းဟာက ခေါင်းငြိမ့်လိုက်သည်။

"သတင်းအချက်အလက်တွေအရ ကျိုးမန်ရိုခူရိုမှာ ညီအစ်ကိုနှစ်ယောက် ရှိသေးတယ်.. ၀မ်းနည်းဖို့ကောင်းတဲ့အချက်က ကျိုးမန်ရိုခူရိုက အရမ်းကို နာမည်ကြီးတာကြောင့် သူ့ရဲ့ ကျန်ရှိတဲ့ညီနောင်နှစ်ယောက်က သူ့ရဲ့နာမည်အောက်မှာ နစ်မြုပ်သွားခဲ့တယ်"

"သူ့မှာညီအစ်ကိုနှစ်ယောက်တောင် ရှိတယ်လား"

"ဟုတ်တယ် သူတို့ကို တံခါး၇ခု နဲ့ တံခါး၉ခုလို့ ခေါ်ကြတယ်"

"..........."

[နာမည်ပေးစရာရှားလို့ကွာ]

၀မ်ကျန်းက အမှန်တကယ်ပင် ၀မ်ကျန်းဟုသာ ပြောနိုင်တော့သည်။

နတ်ဘုရားနယ်မြေမှ လူတစ်ယောက်အနေဖြင့် တစ်ချက်ကြည့်ရုံဖြင့်ပင် အတုအယောင်သေဆုံးခြင်းဟု သိရှိနိုင်ခဲ့၏။

သူတို့ခန့်မှန်းထားသည့်အတိုင်းပင် သူတို့ ကျောက်လှိုဏ်ဂူထဲသို့ မ၀င်ခင် ကျိုးမန်ရိုခူရိုနှင့် တူညီသော အ၀တ်အစားကို ၀တ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် လူတစ်ယောက်သည် လှိုဏ်ဂူထဲကနေ ထွက်လာခဲ့သည်။

တစ်ခုတည်းသော ကွာခြားချက်မှာ သူ့လက်ထဲမှဓားသည် အစောပိုင်းက ကျိုးမန်ရိုခူရို၏ တည်ငြိမ်သောသံမဏိနှင့်သိသိသာသာ ကွဲပြားနေခြင်း ဖြစ်သည်။

ထို့အပြင် ထိုလူ၏ ဓားတွင် ဆိုးယုတ်သည့် အင်အားတစ်ခုကပ်ငြိနေမှန်း သိသာထင်ရှားနေ၏။

"သူတို့က ကျိန်စာမန္တန်ကနေ လွှဲပြောင်းရရှိထားတဲ့ စွမ်းအင်အားလုံးကို ၀ိညာဥ်ဓားထဲ ပို့ဆောင်ထားပုံရတယ်"

၀မ်ကျန်းက အသက်ကို ခပ်ပြင်းပြင်းရှုရှိုက်၍ ပြောလိုက်သည်။

သူတို့က ကျိုးမန်ရိုခူရိုတွင် ညီအစ်ကိုနှစ်ယောက် ရှိမှန်း အတည်ပြုပြီးကတည်းက ဤအခြေအနေကို ကြိုတင်စီစဥ်ထားမှန်း သိရှိခဲ့သည်။

စင်စစ် သူတို့သည် ထိုညီအစ်ကိုသုံးယောက်လုံးကို လုံး၀ ကြောက်ရွံခြင်း မရှိပေ။

ညီအစ်ကိုသုံးယောက်ထဲမှ တစ်ယောက်ယောက် သေဆုံးခဲ့လျှင် ၎င်း၏ ၀ိညာဥ်စွမ်းအားသည် တခြား ညီအစ်ကိုများကို ပိုမိုသန်မာလာစေရန် ကောင်းချီးပေးနိုင်မည် ဖြစ်သည်။

ထို့ကြောင့် ပုံမှန်နည်းလမ်းကို အသုံးပြု၍ ဖယ်ရှားခဲ့လျှင် နောက်ထပ် ညီနောက်တစ်ယောက်သည် ပို၍ပင် အားကောင်းလာမည် ဖြစ်သည်။

"ဒီတစ်ခေါက် ငါ့အလှည့်ပဲ"

ဤတစ်ကြိမ်တွင် ၀မ်ကျန်းသည် ကိုယ်တိုင် ရှေ့ထွက်ရန် ဆုံးဖြတ်လိုက်သည်။

တစ်ဖက်တွင်လည်း သူသည် အရိပ်တာအို၏ စွမ်းအား မည်မျှအထိ အားကောင်းသည်ကို သိချင်နေခဲ့သည်။

သူ့တွင် လက်တွေ့အသုံးချသည့် အတွေ့အကြုံ အနည်းငယ်သာရှိ၍ ဤညီအစ်ကိုသုံးယောက်သည် လက်ရှိအချိန်တွင် သူ့အတွက် အကောင်းဆုံး လေ့ကျင့်ဖော်များပင် ဖြစ်၏။

"ချည်နှောင််ခံချင်သည့်လူ"

နောက်ထပ် တခဏမှာပင် ၀မ်ကျန်းသည် ခြေလှမ်းတစ်လှမ်းကို ရှေ့သို့ လှမ်းလိုက်ပြီး သူ၏ အရိပ်ရုပ်သွင်ကို ဆင့်ခေါ်လိုက်သည်။

ချက်ခြင်းဆိုသလိုပင် သူ၏အရိပ်သည် မြေပြင်ကနေ စတင်အသက်၀င်လာခဲ့ပြီး ကြိုးများဖြင့် အထပ်ထပ် ရစ်ပတ်ထားသည့် ကြွက်သားအပြိုင်းပြိုင်းနှင့် လူသန်ကြီးတစ်ယောက်အဖြစ် ကုန်းထလာခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် တံခါးခုနှစ်ခု၏ နှလုံးသားသည် တုန်လှုပ်သွားခဲ့သည်။

သူ့တွင် အရိပ်တာအို၏ စွမ်းအားမရှိသောကြောင့် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သူ မသိခဲ့ပေ။

နောက်ထပ် တခဏမှာပင် တံခါးခုနစ်ခုသည် သူ၏ တစ်ကိုယ်လုံး တင်းကြပ်သွားသည်ကို ခံစားလိုက်ရသည်။

သူ့ခန္ဓာကိုယ်ကို သူနားမလည်သည့် အင်အားတစ်ခုက အမှန်တကယ်ပင် ချည်နှောင်ထားခဲ့၏။

ထိုအင်အားသည် ကြိုးတစ်ချောင်းနှင့် ဆင်တူသည်။

ဤကြိုးသည် ချစ်ခြင်းတရား၏ နှောင်ကြိုးထက်ပင် ပို၍ အားကောင်းသော ကြိုးတစ်ချောင်း ဖြစ်သည်။

အရိပ်ရုပ်သွင်၏ တိုက်ခိုက်နိုင်သည့် အကွာအဝေးအတွင်း ရှိနေသ၍ ၀မ်ကျန်း၏ အရိပ်ရုပ်သွင်သည် ပြိုင်ဘက်ကို အစွမ်းထက်သည့် ထိန်းချုပ်မှုများ ပြုလုပ်နိုင်စွမ်းရှိ၏။

"မင်းတို့ ညီအစ်ကိုသုံးယောက်ထဲက တတိယမြောက်လူက ဘယ်မှာလဲ"

၀မ်ကျန်းက ခုနစ်ယောက်၏ အခြေအနေကို အကဲခတ်ရင်း မေးခွန်းထုတ်လိုက်သည်။

အရိပ်တာအို၏ အင်အားသည် သူထင်ထားတာထက် ပို၍ အသုံး၀င်ပုံရသည်။

လင်းကျန်းရန်၏ ညီမလေးဟု မပြောရပေ။ ၀မ်နွမ်၏ အင်အားသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းနေ၏။

စင်စစ် ဤမောင်နှမ နှစ်ယောက်လုံးသည် မွန်းစတားများထဲမှ ပြိုင်ဘက်ကင်း မွန်းစတားများပင် ဖြစ်၏။

အပိုင်း(၁၁၇၈) ပြီး၏

All Chapters