← Chapters

တတိယမြောက် မော်ကွန်းဝင်အဆင့် လူသတ်သမား

Vol. 79 Ch. 1181

တတိယမြောက် မော်ကွန်းဝင်အဆင့် လူသတ်သမား

Vol. 79 Ch. 1181

အဘိုးအိုဟွမ်ဖုန်း စောင့်ရှောက်သော ကျောက်စက်ပန်းဆွဲလှိုဏ်ဂူသည် အပိုင်း ၅ ပိုင်း ခွဲခြားထားသည်။

ညီအစ်ကိုနှစ်ယောက်ကို ရှင်းလင်းပြီးနောက်တွင် ၀မ်ကျန်း၊ ငွေရောင်လေးနှင့် ထွင်ထျန်းဟာတို့သည် ကျောက်စက်ပန်းဆွဲ လှိုဏ်ဂူ၏ အတွင်းထဲသို့ ချောချောမွေ့မွေ့ ၀င်ရောက်သွားခဲ့ကြသည်။

လှိုဏ်ဂူက အတော်လေးစိုစွတ်ပြီး အပေါ်ဘက်ရှိ ကျောက်တိုင်ကနေ ရေပေါက်များက အဆက်မပြတ် ကျဆင်းနေခဲ့သည်။

ရေစက်များက ထွင်ထျန်းဟာ၏ အစိမ်းရောင်အမွေးပေါ် ကျရောက်သွားသော ခဏတွင် ထွင်ထျန်းဟာသည် တစ်ကိုယ်လုံး အေးစိမ့်သွားခဲ့ပြီး အမွေးအားလုံးပင် ထောင်ထသွားခဲ့သည်။

ဤကျောက်စက်ပန်းဆွဲလှိုဏ်ဂူသည် နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့ပြီး ဂူထဲတွင်လည်း ကျောက်စက်ပန်းဆွဲများ နေရာတိုင်းတွင် ရှိနေကာ အင်မော်တယ် အငွေ့အသက်များကိုပင် ထုတ်လွှတ်နေခဲ့သည်။

အချို့ဆိုလျှင် မျက်နှာကျက်မှ မြေပြင်အထိ တွဲလောင်းကျနေပြီး ကျောက်စိမ်းနဂါးသွားများ ကဲ့သို့ပင် ဖြစ်နေသည်။

အချို့ကမူ ကောင်းကင်တွင် တွဲလောင်းကျနေသော တိမ်နှင့်မိုးများ ကဲ့သို့ဖြစ်နေ၏။

ဤကဲ့သို့သော နေရာသည် လှပသော်လည်း ကြာရှည်စွာ နေထိုင်၍တော့ မရပေ။

အဘယ်ကြောင့်ဆိုသော် နှစ်ထောင်သောင်းပေါင်းများစွာ သက်တမ်းရှိသော ကျောက်စက်ပန်းဆွဲ လှိုဏ်ဂူမှ အေးစိမ့်သောလေသည်ခန္ဓာကိုယ် တစ်ခုလုံးကို ယင်ချီများဖြင့် ပြည့်နှက်စေမည်ဖြစ်သောကြောင့်ပင်။

အကယ်၍ တစ်စုံတစ်ယောက်သည် ယန်အထူးပြု ကျင့်ကြံနည်းများကို အသုံးမပြုခဲ့ဘဲ ဤနေရာတွင် ကြာရှည်စွာနေထိုင်ခဲ့လျှင် ရောဂါအမျိုးမျိုးကို သေချာပေါက် ရရှိပေလိမ့်မည်။

"ငါဟွမ်ဖုန်းကို အဝေးကနေမြင်ဖူးတယ်.. သူကျင့်ကြံထားတဲ့ကျင့်စဥ်က ယန်အထူးပြုကျင့်စဥ် မဟုတ်တာ သေချာသလောက်ပဲ"

ကျောက်စက်ပန်းဆွဲလှိုဏ်ဂူထဲသို့ နက်နက်ရှိုင်းရှိုင်း ၀င်ရောက်ပြီးနောက်တွင် ဟွမ်ဖုန်းအပေါ်၌ ၀မ်ကျန်း၏ သံသယသည် ပိုမို၍ ခိုင်မာလာခဲ့သည်။

၀မ်ကျန်းသည် နေ၏စွမ်းအားကို ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းနိုင်သည့် ယန်အထူးပြုကျင့်စဥ်ကို ကံကောင်းထောက်မစွာဖြင့် ရရှိခဲ့သည်။

အဆုံးသတ်တွင် သူသည် နေစွမ်းအင်ကို ၀ိညာဥ်ချီနှင့် အပြည့်အ၀ ပေါင်းစပ်နိုင်ပြီး လွတ်လပ်စွာ ထိန်းချုပ်နိုင်ခဲ့၏။

ထိုနည်းစနစ်ကို အသက်သွင်းလိုက်လျှင် သူသည် နေစွမ်းအား၊ ၀ိညာဥ်ချီနှင့် သွေးချီတို့ကို ပေါင်းစပ်၍ အသုံးပြုနိုင်လိမ့်မည် ဖြစ်သည်။

ထိုအခါတွင် သူ၏စွမ်းအားသည် အလွန်အမင်း သိပ်သည်းသွားပြီး သူ၏လက်သီးချက်တွင် နေကဲ့သို့ တောက်ပသော အလင်းများ ထုတ်လွှတ်လိမ့်မည် ဖြစ်၏။

ထိုနည်းစနစ်ကို "နေလှိုင်း"ဟုခေါ်သည်။

သူတို့၏နတ်ဘုရားနယ်မြေတွင် ထိုနည်းစနစ်ကို ကျင့်ကြံခဲ့သည့် ဆရာသခင်တစ်ဦး ရှိသည်။

သူ့နာမည်က အပိုလိုဟုခေါ်ပြီး သန်မာသော လူတစ်ယောက်ဖြစ်ကာ တစ်ကိုယ်လုံး သံလွင်ဆီ သုတ်လိမ်းရသည်ကို ကြိုက်နှစ်သက်သူလည်း ဖြစ်၏။

နေလှိုင်းကို ကျင့်ကြံပြီးနောက်တွင် သူ့တစ်ကိုယ်လုံးက ရွှေ ရောင်အလင်းများဖြင့် တောက်ပနေပြီး ရွှေရောင် အရှိန်အ၀ါများကိုပင် ထုတ်လွှတ်နေသည်။

သို့သော် နတ်ဘုရားနယ်မြေတွင် စစ်ပွဲများမရှိပေ။

ထို့ကြောင့် "နေလှိုင်း"ကျင့်စဥ်ကို ကျင့်ကြံခဲ့သောအပိုလိုသည် အမှန် တကယ်ပင် အားကောင်းသော်လည်း စစ်ပွဲမရှိသောကြောင့် ယခုအခါတွင် နတ်ဘုရားနယ်မြေ၌ ညဘက်တာ၀န်ကျအရာရှိအဖြစ် ဆောင်ရွက်နေခဲ့ရသည်။

"နတ်ဘုရားနယ်မြေမှာ ကောင်းမွန်တဲ့ အလုပ်အကိုင်တွေ မရှိဘူးလား"

"ရှိတာပေါ့.. အပိုလို လုပ်ကိုင်နေတဲ့ ပါ၀ါအားသွင်းစက်တွေကို စွမ်းအင်မျှဝေပေးတဲ့ အချိန်ပိုင်းအလုပ်လည်း ရှိတယ်.. အခွင့်အရေးရရင် မင်းတို့ကို မိတ်ဆက်ပေးပါ့မယ်"

"..........."

အဓိကအကြောင်းအရာကို ပြန်ဆက်ရလျှင် ၀မ်ကျန်းသည် အဘိုးအို ဟွမ်ဖုန်း၏ အထောက်အထားကို သံသယ၀င်နေမိသည်။

ယန်အထူးပြုကျင့်စဥ်မရှိဘဲ ယင်ဓာတ် အလွန်ထူထဲသော ဤနေရာတွင် ကြာရှည်စွာ နေထိုင်ရန်မှာ လုံး၀မဖြစ်နိုင်ပေ။

၀မ်ကျန်းက သူတို့သုံးယောက် ဖွဲ့ထားသည့် နေရာလွတ်ချာနယ်တွင် ငွေရောင်လေးနှင့် ထွင်ထျန်းဟာတို့ကို အသိပေးလိုက်သောအခါ ၎င်းတို့၏ မျက်နှာထက်တွင် မယုံနိုင်သောအမူအရာများ ဖြစ်ပေါ်လာခဲ့ကြသည်။

"ဒါဆို ကွပ်ကဲရေးဌာနမှာရှိတဲ့ အဘိုးအိုဟွမ်ဖုန်းက အတုလို့ မင်းဆိုလိုချင်တာလား.. ဒါက လက်ရှိအချိန်မှာ ခန့်မှန်းချက်ပဲ ရှိပါသေးတယ်.. ဘာလို့လဲဆိုတော့ တိကျတဲ့ သက်သေအထောက်အထား မရှိသေးလို့ပဲ.. တစ်ဖက်လူက ဒီလောက်ထိ ပြီးပြည့်စုံအောင် ဖုံးကွယ်နိုင်တဲ့အပြင် ဥက္ကဌချီကိုတောင် လှည့်စားနိုင်တယ် ဆိုတော့ သူ့ဆီမှာ ကိုယ်ပိုင်ထူးခြားတဲ့ နည်းလမ်းတွေ ရှိရမယ်"

ဤကိစ္စက လုံး၀မရိုးရှင်းဟု ၀မ်ကျန်း ခံစားခဲ့ရသည်။

ဟွမ်ဖုန်းက ဥက္ကဌချီ၏ ဆရာဖြစ်၍ ဥက္ကဌချီသည် ဆရာနှင့်တပည့် ကြားရှိ လူသိနည်းသော လျှို့၀ှက်ချက်များကို ကောင်းစွာသိမည်မှာ သေချာ၏။

ဤတစ်ယောက်က အတုအယောင်ဟွမ်ဖုန်း ဖြစ်လျှင် ဗိုလ်ချုပ်ချီ၏ စွမ်းရည်ဖြင့် သတိမထားမိစရာ အကြောင်း လုံး၀မရှိပေ။

ဤကိစ္စက နက်နဲစွာ တူးဆွလေ ကိစ္စတစ်ခုလုံး၏ နောက်ကွယ်တွင် ရှိသောအရာက လျှို့၀ှက်ဆန်းကြယ်လေ ဖြစ်သည်ဟု ၀မ်ကျန်း ခံစားမိခဲ့သည်။

နောက်ကွယ်မှကြိုးကိုင်နေသည့် လျှို့၀ှက်ဆန်းကြယ်ပြီး နားလည်ရခက်သော လူတစ်ယောက်။

ဥက္ကဌချီပင်လျှင် အစစ်နှင့်အတု မခွဲခြားနိုင်သည့် အတုအယောင် အဘိုးအိုဟွမ်ဖုန်း တစ်ယောက်။

တစ်ဖက်လူတွင် နောက်ထပ် လျှို့၀ှက်သော နည်းလမ်းများ မည်မျှပင် ရှိနေပါသနည်း။

၀မ်ကျန်းက သူ၏အာရုံခံနိုင်စွမ်းကို အသုံးပြု၍ ကျောက်စက်ပန်းဆွဲ လှိုဏ်ဂူတစ်ခုလုံးကို စူးစမ်းလိုက်ရာ ရုတ်တရက် သူ့စိတ်အာရုံက အကြီးအကျယ် တုန်လှုပ်သွားသည်ကို ခံစားခဲ့ရသည်။

ကျောက်စက်ပန်းဆွဲ လှိုဏ်ဂူ၏ စတုတ္ထနှင့် ပဉ္စမအပိုင်းများတွင် သူ၏အာရုံခံနိုင်စွမ်းကို လျှို့၀ှက်ဆန်းကြယ်ပြီး နားမလည်နိုင်သော အင်အားတစ်ခုက ပိတ်ဆို့ထားကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။

သူ၏စိတ်အာရုံသည် ထိုနေရာသို့ ရောက်ရှိသွားသည်နှင့် ချက်ခြင်းပင် အမှောင်ကျသွားပြီး မည်သည့်အရာကိုမှ မမြင်ရတော့ပေ။

"မင်းတို့တွေ ဒီနေရာထိ ရောက်လာနိုင်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး... ဟိုညီအစ်ကိုသုံးယောက်က အမှိုက်တွေပါလို့ ငါပြောတာကို သခင်က မယုံကြည်ခဲ့ဘူး"

အမှောင်ထဲကနေ ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ထိုအသံက မိန်းမအသံ ဖြစ်ပြီး ကောက်ကျစ်သော အရိပ်အမြွက်များ ပါ၀င်နေခဲ့သည်။

ထွင်ထျန်းဟာက သူ၏ ခွေးအမွေးများကို ထိန်းချုပ်လိုက်ရာ သူ၏ခေါင်းမှ တောက်ပသော အစိမ်းရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး သူတို့ရှေ့ရှိ ဧရိယာကို ချက်ခြင်းပင် လင်းထိန်သွားစေခဲ့သည်။

ဤသည်မှာ လူသားအသွင်သို့ ပြောင်းလဲခဲ့ပြီးနောက်တွင် ထွင်ထျန်းဟာ ရရှိခဲ့သည့် စွမ်းရည်အသစ် ဖြစ်သည်။

သူက သူ၏ခွေးမွေးများကို အလင်းရောင်များ မြှင့်တင်ပြီး မီးချောင်းကဲ့သို့ အသုံးပြုနိုင်၏။

"..........."

ငွေရောင်လေးသည် ထွင်ထျန်းဟာ၏ စွမ်းရည်အသစ်ကြောင့် အလွန်ပင် အံ့အားသင့်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုစွမ်းရည်ကို သူက ယခုမှ ပထမဆုံးအကြိမ် မြင်တွေ့ဖူးသောကြောင့်ပင်။

ထွင်ထျန်းဟာ"ငါလူသားအဖြစ် ပြောင်းလဲပြီးကတည်းက ငါ့ရဲ့ စွမ်းရည်အသစ်တွေကို ခြေလှမ်းတစ်လှမ်းချင်းစီ တီထွင်နေခဲ့တယ်.. ငါ့မှာ မင်းတို့မသိသေးတဲ့ စွမ်းရည်တွေ အများကြီးရှိသေးတာကြောင့် အရမ်းကြီး အံ့အားသင့်မနေပါနဲ့.. ဒါကအခြေခံစွမ်းရည်လေးပဲ ရှိပါသေးတယ်"

ငွေရောင်လေးနှင့်ထွင်ထျန်းဟာ "........"

အောက်ဆုံးထပ်တွင် ထွင်ထျန်းဟာ၏ အစိမ်းရောင်အလင်းကြောင့် သူတို့သည် အမှောင်ထဲမှလူက မည်သို့သော ပုံစံရှိသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ခဲ့သည်။

၎င်းက အလွန် အချိုးအစားကျနသော ခန္ဓာကိုယ်ရှိသည့် အမျိုးသမီး တစ်ဦး ဖြစ်သည်။

သူမ၏ ဆံပင်ရှည်များက လေထဲတွင် လွင့်မျောနေခဲ့သည်။

သူမက မျက်လုံးလှကာ နှာတံလည်း ဖြောင့်တန်း၏။

သူမက အနက်ရောင်နှင့် အနီရောင်စပ်ထားသည့် အသားကပ်ဘောင်းဘီကို ၀တ်ဆင်ထားပြီး မျက်နှာကို မိတ်ကပ်ထူထဲစွာ လိမ်းချယ်ထားခဲ့သည်။

ထွင်ထျန်းဟာက ထိုအမျိုးသမီးကို မြင်တွေ့လိုက်သည်နှင့် အနည်းငယ် ရင်းနှီးသလို ခံစားမိခဲ့သည်။

ထိုခဏတွင် သူ၏အကြည့်သည် အမျိုးသမီး၏ ရင်ဘတ်သို့ ရောက်ရှိသွားသောအခါတွင် မျက်လုံးက ထိုနေရာမှ မခွာနိုင်တော့ပေ။

"လခွမ်း.. ဒါ.. ဒါက.. သုံးဆယ့်ခြောက်ဆိုဒ်ပဲ"

ဤကဲ့သို့ ရင်သားအရွယ်အစားက သူနှင့် အလွန်တရာ ရင်းနှီးနေခဲ့သည်။

ယင်းမှာ ထွင်ထျန်းဟာက လူသားမိန်းမများကို စိတ်၀င်စားသောကြောင့် မဟုတ်ပေ။

အဓိကအချက်မှာ ဤသုံးဆယ့်ခြောက်ဆိုဒ်သည် သူနှင့်ဆက်နွှယ်မှု တစ်ခုရှိနေသောကြောင့် ဖြစ်၏။

"အရိပ်အဖွဲ့"

ထွင်ထျန်းဟာက သူ၏ရှေ့ရှိ အမျိုးသမီးကို စိုက်ကြည့်ရင်း ခန့်မှန်းချက် တစ်ခုကို ထုတ်ဖော်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူက သတိအပြည့် ရှိနေခဲ့သည်။

အရိပ်အဖွဲ့၏ ခေါင်းဆောင်သည် ယခုအခါတွင် ဖမ်းဆီးခံထားရပြီး စုန့်ဟိုင်ထောင်တွင် ထောင်အုပ်လျန့်က ချုပ်နှောင်ထား၏။

ထို့ကြောင့် ယုတ္တိဗေဒ အချက်အလက်အရ ဤနေရာတွင် ထွက်ပေါ်လာရန် မဖြစ်နိုင်ပေ။

ထို့အပြင် အရိပ်အဖွဲ့မှ ညီအစ်မများသည် ယခင်က ထောင်မှထွက်ပြေးခဲ့ဖူးကြ၍ ထောင်အုပ်လျန်သည် ၎င်းတို့၏ ရာဇ၀တ်မှု အတိုင်းအတာအရ ထောင်တွင်းလုံခြုံရေးကို အဆင့်မြှင့်တင်ကာ တင်းတင်းကြပ်ကြပ် စောင့်ကြည့်ခဲ့သည်။

၎င်းတို့အတွက် ထောင်တွင်းရှိ လုံခြုံရေးသည် မာကျောက်အဖွဲ့ပြီးလျှင် ဒုတိယနေရာတွင် ရှိ၏။

"ဟုတ်တယ် ငါက အရိပ်အဖွဲ့ကပဲ"

ထွင်ထျန်းဟာကို အံ့အားသင့်စေသည်မှာ သူ၏ရှေ့ရှိ အမျိုးသမီးသည် အလျင်အမြန်ပင် ၀န်ခံခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင် သူမက ကောက်ကျစ်စွာပြုံး၍ ပြောလိုက်သည်။

"ငါပြန်လည်နိုးထလာတဲ့အခါ အရိပ်အဖွဲ့က ပျောက်ကွယ်သွားပြီဆိုတာ ငါသိလိုက်ရတယ်.. အဲဒီညီအစ်မနှစ်ယောက်က တကယ်ကို အမှိုက်တွေပဲ.. ငါချန်ထားရစ်ခဲ့တဲ့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးပစ်ခဲ့တယ်.. အရိပ်အဖွဲ့က ကမ္ဘာပေါ်မှာ အစွမ်းထက်ဆုံး လူသတ်အဖွဲ့အစည်း ဖြစ်ပေမဲ့လည်း အဆုံးသတ်မှာတော့ ငါ့တပည့်နှစ်ယောက်ရဲ့ လက်ထဲမှာ ကျရှုံးသွားလိမ့်မယ်လို့ တကယ် ထင်မထားမိဘူး"

"ကျန်းရှိုယင်းနဲ့ ကျန်းရှိုယွဲ့တို့ နှစ်ယောက်စလုံးက မင်းရဲ့တပည့်တွေလား"

ထွင်ထျန်းဟာက အရာအားလုံးကို ရုတ်တရက် နားလည်သလို ခံစားလိုက်ရသည်။

"ဒါတွေအားလုံးက အရေးပါသေးလို့လား"

အမျိုးသမီးက ပြုံး၍ပြောလိုက်သည်။

"အတိတ်က နာမည်ကျော်ကြားတဲ့ အရိပ်အဖွဲ့က အခုမရှိတော့ဘူး.. အခုအချိန်က အသစ်တဖန် ပြန်လည် စတင်ဖို့ အချိန်ကောင်းပဲ"

သူမက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ချက်ခြင်းဆိုသလို သူမ၏ ဆက်စီကျသော ပေါင်ကနေ ဓားမြှောင်တစ်လက်ကို ထုတ်ယူလိုက်သည်။

"ငါက အရိပ်အဖွဲ့ရဲ့တည်ထောင်သူတင် မကဘူး..ဒဏ္ဍာရီလာလူသတ်သမားစာရင်းရဲ့ တတိယမြောက် မော်ကွန်း၀င်အဆင့်လူသတ်သမားဖြစ်တဲ့ အရိပ်ဘိုးဘေးပဲ"

အပိုင်း(၁၁၈၁) ပြီး၏

All Chapters