← Chapters

ထွင်ထျန်းဟာ၏ အရိပ်ရုပ်သွင်

Vol. 79 Ch. 1183

ထွင်ထျန်းဟာ၏ အရိပ်ရုပ်သွင်

Vol. 79 Ch. 1183

နေရာအနှံ့မှ အရိပ်များစွာသည် ချက်ခြင်းပင် တိုက်ပွဲစစ်မြေပြင်ကို ပိုင်းခြားသွားခဲ့ပြီး ငွေရောင်လေးနှင့်၀မ်ကျန်းကို ခွဲထုတ်လိုက်သည်။

တခဏအတွင်းမှာပင် ပတ်၀န်းကျင်၌ မီးခိုးများ ထွက်ပေါ်လာခဲ့သည်။

ကျန်းယင်ယွဲ့၏ လှည့်စားမှုသည် မည်သူမှ မထင်မှတ်နိုင်လောက်အောင်ပင် ဆိုးရွားလွန်းလှ၏။

၎င်းက ရိုးရိုးအရိပ်ခွဲထုတ်ခြင်း မဟုတ်ဘဲ ဖျက်ဆီးနိုင်သော အရိပ်ခွဲထုတ်ခြင်း ဖြစ်သည်။

အရိပ်တစ်ခုသည် ပြင်ပအရာတစ်ခုခုဖြင့် ထိတွေ့မိသည်နှင့် ချက်ခြင်းဆိုသလို ပေါက်ကွဲသွားမည် ဖြစ်၏။

အရိပ်တစ်ခု၏ ပေါက်ကွဲအားသည် ဓါတုဗုံးဆယ်လုံးနှင့် ညီမျှ၏။

ထိုမျှများပြားသော အရိပ်များသည် နီးကပ်သောအကွာအဝေးတွင် လုံလောက်သောဘအကာအကွယ် မရှိသောအချိန်၌ တချိန်တည်း တစ်ပြိုင်တည်း ပေါက်ကွဲသွားမည်ဆိုလျှင် စိတ်၀ိညာဥ်ဖွဲ့စည်းခြင်း အဆင့်အောက်ရှိ မည်သူ့ကိုမဆို ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရစေမည် ဖြစ်သည်။

ဆိုရလျှင် ထိုဗုံး၏ ပေါက်ကွဲအား အတိုင်းအတာသည် အလွန်ပင် ကျယ်ပြန့်၏။

အကယ်၍သာ ပေါက်ကွဲခဲ့လျှင် ကျောက်စက်ပန်းဆွဲ လှိုဏ်ဂူတစ်ခုလုံးသည် မြေပြင်နှင့် တစ်သားတည်း ပြားပြား ၀ပ်သွားမည်ဖြစ်ပြီး ငါးကီလိုမီတာ အချင်း၀က်အတွင်းရှိ အရာအားလုံးကိုပါ ထိခိုက်သွားစေမည် ဖြစ်သည်။

၀မ်ကျန်းနှင့် ငွေရောင်လေးတို့သည် ထိုကဲ့သို့သောဗုံးက သူတို့ကို သေစေနိုင်မည် မဟုတ်ဟု ခံစားခဲ့ရသည်။

သို့တိုင် အကယ်၍ ပေါက်ကွဲခဲ့လျှင် နဂါးကိုးကောင်တောင် ၏ ဂေဟစနစ်သည် ကြီးမားစွာ သက်ရောက်မှု ရှိလာမည် ဖြစ်၏။

အရေးကြီးဆုံးအချက်မှာ ဤလှိုဏ်ဂူသည် ကောင်းကင်သွေးပြန်ကြောနှင့် အလွန်တစ်ရာ နီးကပ်နေခြင်း ဖြစ်၍ ပေါက်ကွဲမှု၏ အကျိုးဆက်များသည် မတွေး၀ံ့စရာပင်။

အနီးအနားတွင် ကောင်းကင်သွေးပြန်ကြော ရှိနေသောကြောင့် တစ်ဖက်လူက ထိုမျှအထိမိုက်မဲမည် မဟုတ်ဟု ထင်ခဲ့သော်လည်း အဖြစ်မှန်မှာ ကျန်းယင်ယွဲ့၏ ရူးသွပ်မှုသည် လှိုဏ်ဂူအ၀ရှိ လူသုံးယောက်ထက် လျော့နည်းခြင်း မရှိကြောင်း သက်သေပြနေခဲ့၏။

သူမက ကောင်းကင်သွေးပြန်ကြောနှင့် ပတ်သက်သည့် ပြဿနာများကို လုံး၀ဂရုမစိုက်ပေ။

ထိုအစား သူမ၏ အားထုတ်မှုအားလုံးကို သူမ၏ မျက်စိရှေ့ရှိတိုက်ပွဲတွင်သာ မြှပ်နှံထားခဲ့သည်။

နောက်ကွယ်မှ ကြိုးကိုင်သူက လူအများအပြားကို ပြန်လည်ရှင်သန်စေခဲ့သည့် အဓိကအကြောင်းရင်းမှာ အချိန်ကို၀ယ်ယူရန်ဖြစ်သည်။

ထို့ကြောင့် ဤတိုက်ပွဲ၏အနိုင်အရှုံးသည် ၀မ်ကျန်း၏ အ မြင်တွင် အဓိပ္ပါယ်မရှိပေ။

သို့သော်လည်း ဤသည်မှာ ရှောင်လွှဲ၍မရသော တိုက်ပွဲဖြစ်၏။

ကျန်းယင်ယွဲ့ကိုသာ မဖယ်ရှားနိုင်ခဲ့လျှင် သူတို့သည် ရှေ့သို့ ဆက်လှမ်းနိုင်မည် မဟုတ်ပေ။

မော်ကွန်း၀င်အဆင့် လူသတ်သမားထဲတွင် တတိယမြောက်လူသတ်သမားဖြစ်သည့် ကျန်းယင်ယွဲ့၏ အကျွမ်းကျင်ဆုံးစွမ်းရည်သည် ပေါက်ကွဲခြင်းစွမ်းအင် ဖြစ်သည်။

သူ၏ပေါက်ကွဲခြင်းစွမ်းရည်မှာ ကျင့်စဥ်တစ်ခု ဖြစ်၏။

သူမသည် အနီးကပ် အကွာအဝေးအတွင်း ဖောက်ခွဲနိုင်မှုအစွမ်းတွင် ကျော်ကြားသူတစ်ယောက် ဖြစ်သည်။

ပေါက်ကွဲခြင်းစွမ်းရည်ကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူ တစ်ယောက်ဟု သတ်မှတ်နိုင်သည့် လူတစ်ဦးအနေဖြင့် ကျန်းယင်ယွဲ့သည် သူမ၏စွမ်းရည်ကို အထူးပင် ယုံကြည်မှုရှိ၏။

အထူးသဖြင့် သူမသည် အရိပ်ရုပ်သွင်ကို အောင်မြင်စွာ အ သက်သွင်းပြီးနောက်တွင် အရိပ်များမှတဆင့် ဗုံးထောင်နိုင်သည့် စွမ်းရည်ကိုရရှိခဲ့သည်။

"အရိပ်ပေါက်ကွဲခြင်းနတ်သမီး"

ဤသည်မှာ အရိပ်ရုပ်သွင်၏ အမည် ဖြစ်သည်။

"ငါ့ကို ပြန်လည်ရှင်သန်စေခဲ့တဲ့သူက အလွန်အားကောင်းတဲ့စွမ်းအားကို ပေးအပ်ခဲ့တယ်.. ငါ့ရဲ့အရိပ်ရုပ်သွင်က ထိတွေ့မိတဲ့ အရိပ်မှန်သမျှကို ဗုံးထောင်နိုင်တယ် ငါ့ကိုအနိုင်ယူဖို့ မင်းမှာ အခွင့်အရေးရှိတယ်လို့ ထင်နေတုန်းပဲလား"

ကျန်းယင်ယွဲ့သည် သူမ၏ လက်ရှိစွမ်းအားက အမွေးစိမ်း ခွေးတစ်ကောင်ကို အနိုင်မရစရာ အကြောင်းမရှိဟု ယုံကြည်ခဲ့သည်။

အရိပ်ရုပ်သွင်၏စွမ်းအားကို ထပ်မံ ပေါင်းထည့်လိုက်သောအခါတွင် ထိုယုံကြည်မှုသည် အဆများစွာ တိုးတက်သွားခဲ့၏။

ထိုစွမ်းအားက ကျန်းယင်ယွဲ့ မမြင်ဖူးသော စွမ်းအားတစ်ခု ဖြစ်သော်လည်း သူမ၏ အလုံးစုံသော စွမ်းအားများကို အချိန်တိုအတွင်း အဆပေါင်းများစွာ တိုးမြှင့်ပေးနိုင်ခဲ့၏။

သူမသာ ထိုကဲ့သို့စွမ်းအင်ကို ယခင်ကတည်းက ရရှိခဲ့လျှင် မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်နှ င့်ယှဥ်ပြိုင်ချိန်တွင် အနိုင်ရလဒ်သည် တစ်ရာ ရာခိုင်နှုန်းဖြစ်ပြီး မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်သည်လည်း သူ မလက်ချက်ဖြင့် ပေါက်ကွဲ သေဆုံးသွားရမည် ဖြစ်သည်။

သို့သော်လည်း ယခုအခါတွင် မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်သည် သူမ၏ အရှေ့မှ အစိမ်းရောင်ခွေး ၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရ၏။

ထို့ကြောင့် သူမအနေဖြင့် ဤခွေးကို သတ်နိုင်သ၍ လူသတ်သမားဘိုးဘေး အဖြစ် သူမ၏ အဆင့်အတန်းကို သက်သေပြနိုင်မည်ဖြစ်၏။

ထိုသို့ စဥ်းစားမိလိုက်သည်နှင့် ကျန်းယင်ယွဲ့၏ မျက်လုံးများတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူမ၏ အရိပ်ရုပ်သွင်သည် ပညာရှင်ဆန်သော အရှိန်အဝါရှိသည့် မိန်းကလေးငယ်တစ်ဦး ဖြစ်သည်။

သူမက တောက်ပသော ခရမ်းရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး တချိန်တည်းမှာပင် အချိန်အတိုင်းအတာ ပါသော ထီးတစ်လက်ကို ကိုင်ဆောင်ထားသည်။

ဤသည်မှာ အရိပ်ပေါက်ကွဲခြင်းနတ်သမီး၏ အစစ်အမှန်ပုံစံ ဖြစ်သည်။

အရိပ်ပေါက်ကွဲခြင်း နတ်သမီးသည် သူမ၏ လက်ထဲတွင်ရှိသော ထီးကို အသုံးပြု၍ သူမ၏အရိပ်နှင့် ထိတွေ့မိသည့် အရိပ်မှန်သမျှကို ချက်ခြင်းဆိုသလို ချိန်ကိုက်ဗုံး တပ်ဆင်နိုင်စွမ်း ရှိသည်။

ဤသည်က အလွန်ပင် ကိုင်တွယ်ရခက်ခဲသော အရိပ်ရုပ်သွင် စွမ်းရည်ပင် ဖြစ်၏။

အနည်းဆုံးတော့ ကျန်းယင်ယွဲ့သည် လှိုဏ်ဂူတံခါး၀တွင် စောင့်ကြပ်နေသော လူသုံးယောက်ထက် များစွာ ပို၍ အားကောင်းသည်။

"ငါ့ရဲ့ အရိပ်ပေါက်ကွဲခြင်းနတ်သမီး ဒီမှာရှိနေသ၍ မင်းမှာအနိုင်ရဖို့ အခွင့်အရေး လုံး၀မရှိဘူး"

ကျန်းယင်ယွဲ့က သူမ၏ လက်ကိုမြှောက်လိုက်ပြီး ထွင်ထျန်း ဟာ၏ အရိပ်ကို ဖမ်းယူရန်အတွက် အရိပ်ပေါက်ကွဲခြင်းနတ်သမီးကို စတင် ထိန်းချုပ်ခဲ့သည်။

သူမတို့နှစ်ယောက် ထိပ်တိုက် ရင်ဆိုင်မိသည်နှင့် ထွင်ထျန်းဟာသည် သူ၏ အရိပ်ကို အဖမ်းမခံရရန် ခုန်ပေါက်နေခဲ့သည်။

"မဟုတ်သေးဘူး.. ငါတို့နည်းလမ်းတစ်ခုခု စဥ်းစားရမယ်.. ဒီလိုသာဆက်သွားရင် ထွင်ထျန်းဟာရဲ့အရိပ်က မကြာခင်မှာပဲ ဖမ်းမိသွားလိမ့်မယ်"

ငွေရောင်လေးက သူ၏ မျက်စိရှေ့မှ အခြေအနေကို စိုးရိမ်နေခဲ့သည်။

အရိပ်ပေါက်ကွဲခြင်း နတ်သမီးသည် သူထင်ထားသည်ထက်ပင် လျင်မြန်စွာ ရွေ့လျားနေခဲ့၏။

ဖမ်းမိသည်နှင့် ဗုံးထောင်ခံရကာ သေဆုံးမည်မှာ သေချာသလောက်ပင်။

ထွင်ထျန်းဟာသည် သူတော်စင်သားရဲ၏ နယ်ပယ်အဆင့်သို့ အမှန်တကယ် ခြေချရသေးခြင်း မရှိပေ။

ထို့ကြောင့် ၎င်း၏ မိမိကိုယ်ကို ကုသနိုင်စွမ်းသည် သူတော်စင်သားရဲများထက် များစွာနိမ့်ကျ၏။

အကယ်၍သာ အပိုင်းပိုင်း ဖြစ်သွားခဲ့လျှင် လင်းကျန်းရန် ကိုယ်တိုင် ၀င်ရောက်ကယ်တင်ခြင်း မရှိသ၍ ပြန်လည်​ ကောင်းမွန်လာမည့် အခွင့်အရေး လုံး၀ရှိမည် မဟုတ်ပေ။

"ခဏလေး စောင့်ကြည့်ပါဦး"

ငွေရောင်လေးနှင့် နှိုင်းယှဥ်လျှင် ၀မ်ကျန်းသည် ပို၍ပင် တည်ငြိမ်မှု ရှိနေခဲ့သည်။

ဤကဲ့သို့ အခြေအနေနှင့် ဆင်တူသည့် တိုက်ပွဲများစွာကို သူမြင်တွေ့ခဲ့ဖူး၏။

အချို့သော တိုက်ပွဲများသည် နောက်ဆုံးအချိန်ထိ အနိုင်အရှုံးကို ဆုံးဖြတ်ရန် မဖြစ်နိုင်ပေ။

ထွင်ထျန်းဟာက အားနည်းနေပုံ ရသော်လည်း တကယ်တမ်းတွင် မှန်ကန်သော ကိုင်တွယ်ဖြေရှင်းနည်းကို ရှာဖွေနေကြောင်း ၀မ်ကျန်းက သိရှိခဲ့သည်။

"ခွေးစုတ်..မင်းမှာ အနိုင်ရဖို့ အခွင့်အရေးရှိသေးတယ်လို့ ထင်နေတာလား.. အခုအချိန်မှာ မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်တောင် ငါ့အတွက် ဘာမှမဟုတ်တော့ဘူး..မင်းလိုအမွေးစိမ်း ခွေးတစ်ကောင်ဆိုရင် ဝေးတောင်ဝေးသေးတယ်'

ကျန်းယင်ယွဲ့၏ အပြုံးက အလွန်အမင်း ယုံကြည်မှုအပြည့် ရှိနေခဲ့သည်။

သူမက သူမ၏ အရိပ်ရုပ်သွင်ကို ထိန်းချုပ်ကာ ထွင်ထျန်းဟာကို အနားမရအောင် တိုက်ခိုက်ခဲ့သည်။

ထွင်ထျန်းဟာက သူမ၏ တိုက်ခိုက်မှုကို အဆက်မပြတ် ရှောင်တိမ်းနိုင်ခဲ့သော်လည်း ကျန်းယင်ယွဲ့သည် စိတ်ပူပန်ခြင်း မရှိပေ။

အဘယ်ကြောင့်ဆိုသော် ကျောက်စက်ပန်းဆွဲ လှိုဏ်ဂူအတွင်းရှိ နှစ်ထောင်သောင်းများစွာ သက်တမ်းရှိသော ကျောက်စက် ပန်းဆွဲများသည် သဘာ၀ ၀ိညာဥ်စွမ်းရည်များကို စုပ်ယူထားသောကြောင့် ဤနေရာရှိ ပတ်၀န်းကျင်သည် သဘာ၀အလျောက် သက်ရောက်မှုများ ရှိနေခဲ့သည်။

ဤနေရာကို ခြေချလာသည့် သက်ရှိသတ္တ၀ါ မှန်သမျှသည် ထိုသဘာ၀၀ိညာဥ်စွမ်းရည် အလင်းဖြင့် အရိပ်ထုတ်ဖော်ခံရမည်မှာ မလွဲဧကန်ပင်။

တစ်နည်းအားဖြင့်ပြောရလျှင် ဤနေရာသည် ကျန်းယင်ယွဲ့အတွက် တိုက်ပွဲ၀င်ရန် အကောင်းဆုံးနေရာ ဖြစ်သည်။

ပြိုင်ဘက်ဆီမှ အရိပ်တစ်ခု ထွက်ပေါ်သ၍ သူမက အခွင့်အရေး ယူနိုင်မည် မဟုတ်ပါလား။

"မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော် ဆိုတာ မင်းစော်ကားချင်တိုင်း စော်ကားလို့ရတဲ့သူ မဟုတ်ဘူး"

ထွင်ထျန်းဟာက ကျန်းယင်ယွဲ့ကို ဒေါသတကြီး ပြောလိုက်သည်။

မေမေ၀မ်၏ ၀မ်မိသားစုအတွင်းရှိ အဆင့်အတန်းသည် မည်သူမှ မတွေး၀ံ့လောက်အောင်ပင် မြင့်မား၏။

ကျန်းယင်ယွဲ့သာ သူမကို ထိ၀ံ့လျှင် ဖေဖေ၀မ်ကို အသာ ထား.. ၀မ်လင်းကိုယ်တိုင် ထွက်လာပြီး သူမကို အရှင်လတ်လတ်အရေခွံ ဆုတ်ပစ်လိမ့်မည် ဖြစ်သည်။

ထို့ကြောင့် ထွင်ထျန်းဟာသည် ဤကိစ္စတွင် တစ်စုံတစ်ရာ ထူးဆန်းမှု ရှိနေသည်ဟု အစောကတည်းကပင် ခံစားခဲ့ရသည်။

ကျန်းယွင်ယွဲ့ ကိုယ်တိုင် တွေ့ဆုံခဲ့သော မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်သည် မေမေ၀မ် ကိုယ်တိုင်မှ ဟုတ်ပါလေစဟု သူခံစားခဲ့ရ၏။

ယနေ့ခေတ် ကျင့်ကြံခြင်းကမ္ဘာတွင် နာမည်ကြီးအဆိုတော်များ အဖြစ် ဟန်ဆောင်သူများစွာ ရှိနေသောကြောင့် တစ်စုံတစ်ယောက်သည် မေမေ၀မ် ဟန်ဆောင်၍ သူမကို တွေ့ ဆုံခဲ့သည်မှာလည်း ဖြစ်နိုင်ခြေများ၏။

အနည်းဆုံးတော့ သူမ တွေ့ဆုံခဲ့သည့် မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်သည် မေမေ၀မ်အစစ် ဖြစ်လျှင် ဆရာလေးလင်းက လုံး၀ သတိမထားမိဘဲ နေမည်မဟုတ်ဟု ထွင်ထျန်းဟာ ခံစားခဲ့ရသည်။

ထို့ကြောင့် သုံးသပ်ရလျှင် ကျန်းယင်ယွဲ့သည် အတုအယောင် မေမေ၀မ်နှင့် တွေ့ဆုံခဲ့ရန် အခွင့်အရေး ပိုမိုများပြားနေ၏။

သို့သော်လည်း ယခုအခါတွင် ထွင်ထျန်းဟာသည် မည်သို့ပင်ရှင်းပြပါစေ၊ ကျန်းယင်ယွဲ့က နားထောင်မည် မဟုတ်သည်မှာ ထင်ရှားသည်။

သူမက ပြန်လည်ရှင်သန်လာပြီးနောက်တွင် လက်စားချေရန်အလွန်အမင်း တောင့်တနေခဲ့ပြီး မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်နှင့် ဒုတိယအကြိမ်မြောက် တိုက်ပွဲဆင်နွှဲရန် မျှော်လင့်နေခဲ့သည်။

ထိုသို့ သူမ၏ မျှော်လင့်ချက်ကို သူမ အရှေ့ရှိ အမွေးစိမ်းခွေးက ဖျက်ဆီးခဲ့သည်ကိုသိလျှင် ကျန်းယင်ယွဲ့သည် ဒေါသအိုး ပေါက်ကွဲသွားခဲ့သည်။

"မင်းက အသိတရား မရသေးတော့လည်း ငါ့ရဲ့စွမ်းရည်တွေကို ထုတ်ဖော်ရတော့မှာပေါ့"

ထွင်ထျန်းဟာက သက်ပြင်းချ၍ ပြောလိုက်သည်။

သူက နောက်ကွယ်မှ ကြိုးကိုင်သူနှင့် မတွေ့ဆုံခင်အထိ သူ၏ အရိပ်ရုပ်သွင် စွမ်းရည်ကို ထုတ်ဖော်ပြသလိုခြင်းမရှိခဲ့ပေ။

သို့သော်လည်း ယခုအခါတွင် ကျန်းယင်ယွဲ့၏ အရိပ်ရုပ်သွင်သည် သူ့ကိုအမှန်တကယ်ပင် ဒုက္ခပေးနိုင်စွမ်း ရှိနေခဲ့သည်။

ထိတွေ့သည်နှင့် အရိပ်ပေါ်တွင် ဗုံးထောင်နိုင်သည့် စွမ်းရည်သည် အမှန်တကယ်ပင် ကောင်းကင်ကိုတောင်ဆန့်ကျင်နေသည့် စွမ်းရည် ဖြစ်သည်။

ထို့ကြောင့် ထွင်ထျန်းဟာသည် သူ၏ အရိပ်ရုပ်သွင်ကို ထုတ်သုံးရန် ဆုံးဖြတ်လိုက်တော့သည်။

သူ၏ အရိပ်ရုပ်သွင်အမည်ကို "ခွေးခံတပ်" ဟုခေါ်၏။

၎င်းမှာ ခံနိုင်ရည်ရှိသော အကာအကွယ်ကို ချက်ခြင်းပင်ဖွဲ့စည်းနိုင်ပြီး သူ၏ကိုယ်ပိုင်အရိပ်ကို ရဲတိုက်အဖြစ်သို့ ပြောင်းလဲနိုင်သည့် စွမ်းရည် ဖြစ်သည်။

ထိုရဲတိုက်သည် မဖျက်ဆီးနိုင်သော ရဲတိုက် အမျိုးအစား ဖြစ်၏။

ထွင်ထျန်းဟာက ဤတိုက်ပွဲတွင် သူအနိုင်ရနိုင်သည်ဟု လုံး၀ ယုံကြည်မှု ရှိနေခဲ့သည်။

၀မ်လင်း၏ ခွေးဖြစ်သည့် သူသည် ၀မ်လင်းကို မျက်နှာ

ပျက်စေမည် မဟုတ်ပေ။

အပိုင်း(၁၁၈၃) ပြီး၏

All Chapters