← Chapters

ဆိုင်ရှင်က ပျင်းတာမဟုတ်ရပါဘူး

Vol. 11 Ch. 192

ဆိုင်ရှင်က ပျင်းတာမဟုတ်ရပါဘူး

Vol. 11 Ch. 192

တစ်ချိန်တည်းတွင်ပဲ မိတ်ဆွေသူငယ်ချင်းများ၏ ဆွဲခေါ်မှုကြောင့် ရှောင်လင်းယွီ၏ဆိုင်မှ ဟင်းသီးဟင်းရွက်အချို့ကို ဝယ်ယူသွားကြသော ကာစတန်မာများသည်လည်း ထိုဟင်းသီးဟင်းရွက်များ ဤမျှလောက် ဈေးကြီးသင့်သည်ဟု မထင်ကြသေးပေ။

နေ့လည်ပိုင်းတွင်တော့ သူတို့လည်း စတင်ချက်ပြုတ်ကြကာ ချက်ချင်းဆိုသလို အိမ်များထဲတွင် မွှေးပျံ့သည့်အနံ့များက လွှမ်းခြုံသွားလေတော့သည်။

“ဝိုး၊ ဘာလို့ ဒီလောက်မွှေးနေတာလဲ။”

“အိုးထဲတောင် ချက်ချင်းခုန်ဝင်ပစ်ချင်လောက်အောင် မွှေးနေတာပဲ။ ဟင်းကျက်သွားရင် ပိုပြီးတောင် စားလို့ကောင်းမယ့်ပုံပဲ။”

လူများမှာ စိတ်လှုပ်ရှားလို့နေလေသည်။ နေ့လည်စာအဆင်သင့်ဖြစ်ချိန်မှာတော့ ကျောင်းသားများက ကျောင်းမှ ပြန်ရောက်လာခဲ့ကြသည်။

“အမေ/အဖွား၊ ဒီနေ့ ဘာချက်လဲ။ ဘာလို့ ဒီလာက်မွှေးနေတာလဲ။ ဗိုက်ထဲကတောင် အသံတွေမြည်လာပြီ။”

“ဖွားဖွား သား ဒီအသီးအရွက်တွေစားကြည့်ချင်တယ်။”

“ရတာပေါ့ ရတာပေါ့၊ ဖွားဖွား ထည့်ပေးမယ်နော်။”

ထိုနေ့လည်ခင်းတွင် အသီးအရွက်ဆိုမစားချင်သော အစားချီးများသည့် ကလေးများမှာ ဟင်းသီးဟင်းရွက်ဟင်းတွေနဲ့ချည်းတင် ပန်းကန်ပြောင်အောင် စားခဲ့ကြလေသည်။

တချို့မိသားစုမှ ကလေးများသည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ ထိုကျောင်းသားလေးများသည် စာမေးပွဲရက်နီးလာလေ ဖိအားများလာကြလေဖြစ်ကာ ကောင်းကောင်း မစားနိုင် ကောင်းကောင်း မအိပ်နိုင်ခဲ့ကြပေ။ ယနေ့တွင်တော့ အထက်တန်းကျောင်းသားလေးသည် အိမ်ထဲသို့ဝင်လိုက်သည်နှင့် ရရှိလိုက်သော မွှေးရနံ့ကြောင့် စိတ်တို့ ကြည်လင်သွားတော့သည်။ သူက မီးဖိုခန်းထဲသို့ ပြေးဝင်လာခဲ့ကာ၊ “အမေ၊ ဘာတွေချက်နေတာလဲ။ သားဗိုက်ဆာလှပြီ။”

မီးဖိုခန်းထဲမှ အမျိုးသမီးမှာ ငိုချင်စိတ်ပင်ဖြစ်လာရသည်။ အခုနောက်ပိုင်း သူမသားလေးသည် စိတ်ဖိအားများလွန်းတာကြောင့် အမြဲတမ်းပင်ပန်းနွမ်းနယ်နေခဲ့လေသည်။ ထမင်းစားချိန်ဆိုလျှင် အန်တောင်အန်ထွက်တတ်သည်။ အခုလိုမျိုး တစ်ခုခုစားချင်သည်ဟု တက်တက်ကြွကြွပြောလာသည်မျိုး မကြားရသည်က တော်တော်လေး ကြာခဲ့ပေပြီ။

မိခင်ဖြစ်သူက သူမမျက်ရည်တို့ကိုအသာသုတ်ကာ ပြုံးလျက် ပြောလိုက်လေသည်။ “ဟုတ်ပြီ ရုန်အာ၊ ထိုင်နေဦးနော်။ အမေ တစ်မိနစ်အတွင်း စားဖို့ယူလာပေးမယ်။”

ရုန်အာက ပြုံးလိုက်ကာ၊ “အမေ၊ သားကူညီပေးပါ့မယ်။” သူက စားပွဲပေါ်သို့ ဟင်းပွဲများချကူလိုက်ပြီးနောက် စားပွဲတွင်ထိုင်လိုက်သည်နှင့် သူ့အစာအိမ်ထဲမှာ အသံအကျယ်ကြီးတောင် မြည်လာလေတော့သည်။ သူက ဂေါ်ဖီတစ်ခုကို ပါးစပ်ထဲသို့ ကောက်ထည့်လိုက်လေသည်။ အစကတော့ အရင်လိုမျိုး မအီမသာခံစားရမည်ဟု ထင်ထားခဲ့သော်လည်း ထိုသို့မဖြစ်ခဲ့ပေ။ တကယ်တော့ ဘာမှမဖြစ်သည့်အပြင် လတ်ဆတ်ချိုမြိန်သည့်အရသာကြောင့် အစားစားချင်စိတ်တောင်မှ ပိုများလာခဲ့သည်။

သူမသားလေး စားစရာတွေကို ပြန်မထွေးထုတ်ကြောင်း သတိထားမိသွားသည်နှင့် သူမက ချက်ချင်းပင် ခရမ်းသီးတစ်ပိုင်းကိုပါယူကာ သားဖြစ်သူ၏ပန်းကန်ထဲသို့ ထည့်ပေးလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။ “ရုန်အာ၊ ဒီခရမ်းသီးလေးပါစားကြည့်။ သား ခရမ်းသီးကြိုက်တယ်မဟုတ်လား။”

ရုန်အာသည် ခရမ်းသည်ကို စားလိုက်သည်။ တကယ်ကို အံ့ဩစရာကောင်းစွာဖြင့် သူက တခြားဟင်းများကိုလည်း စတင်စားသောက်ကြည့်ကာ ချက်ချင်းပင် အစားကြီးသည့်သူတစ်ယောက်အဖြစ် ပြောင်းလဲသွားတော့သည်။

သူမသားဆီမှ ပြင်းထန်သည့်တုံ့ပြန်မှုမျိုး မမြင်တွေ့ရတာကြောင့် မိခင်မှာ အလွန်ပျော်ရွှင်နေတော့သည်။ “ကောင်းလိုက်တာ။ ရုန်အာ များများစားနော်။ သား စားလို့ကုန်သွားရင် အမေ ဒီအသီးအရွက်တွေ များများထပ်ဝယ်ခဲ့မယ်။” အမျိုးသမီးသည် ထိုမနက်တုန်းက အသီးအရွက်အများကြီး မဝယ်လာခဲ့ပေ။ ထိုအသီးအရွက်များမှာ ဈေးကြီးတာကြောင့် သူမ မဖြုန်းတီးချင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အသီးအရွက်များက သူမသား၏ပင်ပမ်းနွမ်းနယ်မှုကြောင့် ပြင်းထန်သည့်တုံ့ပြန်မှုများကို သက်သာစေတာကြောင့် ဘယ်လောက်ပဲပေးရပေးရ ဝယ်ကိုဝယ်ပစ်ဦးတော့မည်။

…

နေ့လည်တစ်နာရီလောက်မှာတော့ ဆိုင်တွင်တင်ထားသည့် အသီးအရွက် ၁၀၀၀ ကတ်တီလုံး ရောင်းကုန်သွားတော့သည်။ ရှောင်မင်ယန်းနှင့် လျိုချွမ်းဟွာသည်တော့ မယုံကြည်နိုင်ဖြစ်နေကြလေသည်။ ဒီလောက်ဈေးကြီးသည့် ပစ္စည်းတွေအားလုံး အကုန်ရောင်းထွက်သွားခြင်းပင်။ ဈေးအနည်းဆုံး အသီးအရွက်မှာ တစ်ကတ်တီကို ၃ယွမ်ဖြစ်ပြီး ဈေးအကြီးဆုံးကတော့ တစ်ကတ်တီကို ယွမ်၂၀ ပင်။ ဈေးအနည်းဆုံးပဲထားပြီးတွက်ကြည့်လျှင်တောင်မှ ရှောင်လင်းယွီသည် ယွမ်၃၀၀၀လောက် အမြတ်ရလိုက်သည်။ ဒါ့အပြင် ဒါက အနိမ့်ဆုံးထား၍တွက်ခြင်းဖြစ်သည်။

သူတို့ တစ်နှစ်လုံးအလုပ်လုပ်ရင်တောင် မရနိုင်သည့်ပမာဏကို ရှောင်လင်းယွီကတော့ တစ်နေ့တည်းနှင့် ရှာလိုက်နိုင်လေသည်။

ဒါ.. ဒါကြီးက သူတို့အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ကြီးပဲ။

“ယွီအာ၊ အသီးအရွက်တွေအားလုံး ရောင်းကုန်သွားပြီပေါ့။” လျိုချွမ်းဟွာ သူမ၏စိတ်လှုပ်ရှားနေမှုကို မဖုံးဖိနိုင်ခဲ့ပေ။

“ဟုတ်တယ်လေ၊ စတုတ္ထဒေါ်လေး။ သမီးတို့ အခု ဆိုင်ပိတ်ပြီး အိမ်ပြန်ကြလို့ရပြီ။” ရှောင်လင်းယွီက ပြုံးလျက် ပြန်ဖြေလိုက်သည်။ သူမ ဒီအခြေအနေကို ခန့်မှန်းထားပြီးဖြစ်သည်။ ရှင်းယင်ခိုင်သည် အရမ်းမချမ်းသာသော်လည်း အဆင်းရဲဆုံးခရိုင်ဖြစ်လျှင်တောင်မှ လူချမ်းသာမိသားစုအနည်းငယ်က ရှိနေတုန်းပင်။

သူမ၏အသီးအရွက်များသည် ဈေးကြီးသော်လည်း ပေးရသည့်ဈေးနှင့်ထိုက်တန်နေသ၍ လူတွေက ဝယ်ယူနေကြဦးမှာပါ။ ဒါ့အပြင် သူမ၏အသီးအရွက်များသည် အရသာရှိရုံတင်မကဘဲ အထူးအကျိုးသက်ရောက်မှုများလည်း ရှိသေးသည်။

လျိုချွမ်းဟွာ အံ့ဩသွားခဲ့သည်။ “ယွီအာ, ဒေါ်လေးတို့ ဆိုင်ပိတ်တော့မလို့လား။”

ရှောင်မင်ယန်းကတော့ သူ့ဇနီး၏မျက်နှာထက်မှ အူကြောင်ကြောင်အမူအရာကိုမြင်ပြီး ရယ်လိုက်လေသည်။ “အားလုံးရောင်းကုန်သွားပြီလေ။ ဘာလို့ ဆက်ဖွင့်နေတော့မှာလဲ။ ပြီးတော့ ဒီနေ့ ငါတို့အားလုံး အစောကြီး ထထားကြရတာ။ ပြန်နားရမှာပေါ့။”

မေမေရှောင်လည်း ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ ယွီအာငှားထားတဲ့အိမ်မှာ ခဏလောက်အရင်သွားနားရအောင်။ ၃နာရီ၄နာရီလောက်ကျမှ ရွာပြန်ကြတာပေါ့။”

ရှောင်လင်းယွီ ငှားထားသည့်အိမ်သည် အခန်းအများကြီးပါလေသည်။ ထိုသို့ဖြင့် လေးယောက်သား ဆိုင်ကိုပိတ်ကာ အနားယူရန်အတွက် အငှားအိမ်သို့ ပြန်ခဲ့ကြသည်။ သူတို့ အစောကြီးထခဲ့ကြသလို တစ်နေ့လုံးလည်း အလုပ်လုပ်နေခဲ့ရတာကြောင့် ပင်ပန်းနေကြလေပြီ။

ညစာချက်ရန် ဟင်းသီးဟင်းရွက်များ ထပ်ဝယ်ဖို့အတွက် လူများ ဆိုင်သို့ တစ်ခေါက်ပြန် လာကြချိန်တွင်တော့ ပိတ်ထားသည့်ဆိုင်နေရာကိုသာ မြင်လိုက်ရတာကြောင့် အံ့အားသင့်သွားကြတော့သည်။

“ဆိုင်က ပိတ်သွားပြီလား? အားလုံး ရောင်းကုန်သွားလို့များလား။”

“အဲ့လိုဖြစ်လောက်တယ်။ မဟုတ်ရင် ဘာလို့ ဒီလောက်အစောကြီး ဆိုင်ပိတ်ပါ့မလဲ။ အသီးအရွက်တွေက နောက်တစ်နေ့ဆို မလတ်ဆတ်တော့ဘူးလေ။”

“ကြည့်ရတာ ငါတို့ နောက်နေ့မှ ပြန်လာရတော့မယ်နဲ့ တူတယ်။”

“ဒီနေ့မနက်တုန်းက အခြေအနေအရဆိုရင် မနက်ဖြန် မနက်စောစော လာမှရမယ်။ မဟုတ်ရင် ဘာမှ မရလိုက်ပဲနေဦးမယ်။”

“ဟုတ်တယ်။ ဟုတ်တယ်။ ဒါနဲ့ ဆိုင်က ဘယ်အချိန်ဖွင့်မှာလဲ။”

“ဒီနေ့က သူတို့ရဲ့ဆိုင်ဖွင့်ပွဲနေ့ဆိုတော့ အချိန်အခါကောင်းကို စောင့်ကြတယ်လေ။ နောက်တစ်နေ့ဆိုရင်တော့ ပုံမှန်အချိန်အတိုင်းပဲ ပြန်ဖွင့်လောက်တယ်။”

“တကယ်လား။ ဒါနဲ့ ဘာလို့ ဆိုင်ရှင်က ဘာလို့ဆိုင်ဖွင့်ချိန်လေးဘာလေး မချိတ်ပေးသွားရတာလဲ။”

“ငါကတော့ မစ္စရှောင် သုံးဘီးလေးနဲ့ ရောင်းတုန်းက မကြာမကြာကြုံဖူးတယ်။ တခြားကုန်စိမ်းသည်တွေလို သူက မနက် ၅နာရီ ၆နာရီလောက် စမရောင်းဘူး။ သူ့လုပ်ငန်းက မနက် ၈နာရီ ၉နာရီလောက်မှစတာ။ ဒီတော့ သူ့ဆိုင်လည်း အဲ့အချိန်လောက်ပဲ စဖွင့်မယ်ထင်တယ်။”

“၈နာရီ ၉နာရီ? ဒီဆိုင်ရှင်က ဘယ်လောက်တောင် အပျင်းကြီးရတာလဲ။ ကုန်းစိမ်းသည်တိုင်းက မနက်ကို စောနိုင်သမျှစောစောထကြပေမယ့် သူကျတော့ သူ့စိတ်တိုင်းကျကို လုပ်နေတော့တာပဲ။”

“ဟဟ၊ ဒါကတော့ တခြားကုန်စိမ်းသည်တွေက သူတို့ရောင်းအားမပြည့်မှာကို စိတ်ပူနေရပေမယ့် ဘော့စ်ရှောင်ကတော့ သူ့ပစ္စည်းတွေ ရောင်းမလောက်မှာကို စိတ်ပူရတယ်လေ။ ဒီတော့ သူက ဘာလို့ အလျစ်စလိုဖြစ်နေတော့မှာလဲ။”

“ဟုတ်တယ်၊ ဟုတ်တယ်။”

ထိုစကားများကိုတော့ ရှောင်လင်းယွီ တစ်ခုမှ မကြားသွားခဲ့ပေ။

….

သခင်ကြီးကုန်းသည် ငါးမျှားတံကိုယူကာ မြစ်တွင် ငါးမျှားဖို့ထွက်သွားလေသည်။

သူ့ဘေးတွင်တော့ ရှောင်ဝမ်က လိုက်ပါစောင့်ကြပ်ပေးခဲ့သည်။

ထိုအချိန်မှာပဲ သခင်ကြီးကုန်းက မေးလာခဲ့လေသည်။ “ရှောင်ဝမ်၊ ဒီနေ့ ကောင်မလေးရဲ့ အသီးအရွက်တွေ ရိတ်သိမ်းပြီး သွားရောင်းကြမယ်ဆို။”

ရှောင်ဝမ်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါတယ်။ ကျွန်တော် ရွာသားတွေဆီက ကြားတာတော့ သူတို့ ဒီနေ အသီးအရွက် ကတ်တီ ၈၀၀ ခူးသွားတယ်တဲ့။ ပြီးတော့ ခရိုင်မြို့ပေါ်မှာ သွားရောင်းကြတယ်။”

သခင်ကြီးကုန်း သက်ပြင်းချလိုက်မိသည်။ “ကောင်မလေးက ထိပ်ဆုံးကျောင်းသူ၊ နာမည်ကြီးတက္ကသိုလ်က ဘွဲ့ရတစ်ယောက်။ အခုတော့ အသီးအရွက်တွေ စိုက်ပြီးရောင်းနေရတယ်။ ကိုယ့်အရည်အချင်းတွေကို ဖြုန်းတီးနေတာပဲ။”

ရှောင်ဝမ်က၊ “လူတိုင်းမှာ သူတို့ကိုယ်ပိုင် စိတ်အားထက်သန်မှုပိုင်းရှိပါတယ်။ ပြီးတော့ မစ္စရှောင် ဒီလိုလုပ်နေတာ သူ့အရင်ရည်းစားဟောင်းကြောင့်လို့ ကျွန်တော်ကြားတယ်။”

သခင်ကြီးကုန်း ထောင်ယွမ်ရွာသို့ရောက်နေသည်မှာ အချိန်တစ်ခုရှိပြီဖြစ်တာကြောင့် ရှောင်လင်းယွီ၏ ရှုံးနိမ့်သွားသော ဆက်ဆံရေးအကြောင်းကို သူကြားထားပြီဖြစ်သည်။

“ရှောင်လင်းယွီက မိန်းမကောင်းလေးတစ်ယောက်ပါ။ ဒီလို ဆန်ကုန်မြေလေးကောင်နဲ့မှ တွေ့ရတယ်လို့။” ရှောင်ဝမ်က ရှောင်လင်းယွီကို ဂရုဏာသက်ဟန်ဖြင့် ပြောလာခဲ့သည်။ “ကံကောင်းတာက ကံတရားဆိုတာ အမြဲတမ်းအလှည့်အပြောင်းရှိနေလို့ပေါ့။ အဲ့ဒီဆန်ကုန်မြေလေးအမှိုက်ကောင်နဲ့ သူ့မိသားစုလည်း သူတို့ရဲ့မကောင်းတဲ့ကံကြောင့် ပြန်ခံလိုက်ရပြီ။”

သခင်ကြီးကုန်းက ရွှင်မြူးစွာဖြင့် ပြောလာခဲ့သည်။ “ဟဟ၊ မင်းအသံနားထောင်ရတာ ကောင်မလေးကို တော်တော်ဂရုစိုက်နေပုံပဲ။”

ရှောင်ဝမ်ကာ ခေါင်းအသာကုတ်ကာ ရှက်ရွံ့နေသည့်အပြုံးဖြင့် ပြန်ပြောလာလေသည်။ “ရှောင်လင်းယွီက တကယ်ကိုကောင်းတဲ့မိန်းကလေးပါ။ ဒါပေမယ့် မကောင်းတဲ့ကောင်နဲ့တွေ့ခဲ့ရလို့ ဒီလိုရွာငယ်လေးမှာ အသီးအရွက်တွေ စိုက်ပြီးရောင်းနေရတယ်လေ။ ကျွန်တော်က နည်းနည်း သနားစရာကောင်းတယ်လို့ ထင်မိတာပါ။”

သခင်ကြီးကုန်းလည်း ခေါင်းညိတ်လိုက်သည်။ “အင်း.. တကယ်ကို သနားစရာလေး။”

သို့သော်လည်း ရှောင်လင်းယွီ၏ သူ့အပေါ်ထားရှိသည့် သဘောထားက အနည်းငယ်ထူးဆန်းသည်ဟု သခင်ကြီးကုန်း ခံစားမိလေသည်။ ဤသည်မှာ သူ့အပေါ် စေတနာထားပါသော်လည်း တချိန်တည်းမှာပဲ သူ့ကို အဝေးသို့ တွန်းထုတ်နေသလို ခံစားချက်ပင်။ သို့သော်လည်း ရှောင်လင်းယွီ သူ့အပေါ် စေတနာထားနေခြင်းက သူ့နောက်ခံကြောင့်မဟုတ်ဘဲ တခြားတစ်ခုကြောင့်သာ ဖြစ်ပေသည်။

သခင်ကြီးသုန့်က ရှောင်ဝမ်ကို မေးလိုက်သည်။ “အဲ့ကောင်မလေးရဲ့ ငါ့အပေါ်သဘောထားက နည်းနည်းထူးဆန်းနေတယ်လို့ မင်းမထင်ဘူးလား။”

ရှောင်ဝမ်က အနည်းငယ်စိတ်ရှုပ်ထွေးဟန်ဖြင့် ပြန်မေးလာလေသည်။ “ဟုတ်လား။ ကျွန်တော်တော့ ရှောင်လင်းယွီက သခင်ကြီးကို ပုံမှန်ပဲဆက်ဆံတယ်လို့ ထင်တာ။”

“….” သခင်ကြီးကုန်း လက်သာယမ်းလိုက်တော့သည်။ “ထားလိုက်ပါတော့၊ မင်းကတော့ ပုံမှန်လိုပဲ သတိမမူတတ်ဘူး။”

ထို့နောက် ရှောင်ဝမ်က တွန့်ဆုတ်နေသည့်အကြည့်များဖြင့် သခင်ကြီးကုန်းကို ကြည့်လာခဲ့သည်။

“စိတ်ထဲရှိတာပြောစမ်းပါ။ မင်း ဒီလိုကိုယ့်စိတ်ထဲက စကားကိုတောင် ထုတ်မပြောရဲဘူးဆိုရင် မင်းက ကုန်းကျန့်ရဲ့သက်တော်စောင့်ဆိုပြီး ဘယ်သူ့မှပြောမနေနဲ့တော့။” သခင်ကြီးကုန်းက အမိန့်ပေးလိုက်သည်။

ရှောင်ဝမ်လည်း ခပ်မတ်မတ်ရပ်ကာ ချက်ချင်းပြောလိုက်လေသည်။ “သခင်ကြီး၊ ဒီနေ့ ဒေါ်လေးချန်က ခရိုင်မြို့ပေါ်တက်သွားတယ်လေ။ အဲ့ဒါ ကျွန်တော်တို့ ဒီနေ့ ကိုယ့်ဘာသာ ချက်စားရမှာလား။”

သခင်ကြီးကုန်း၊ “….”

သခင်ကြီးကုန်း၏အမူအရာက မည်းမှောင်သွားတော့သည်။ “ကောင်မလေးရော သူ့အမေရော ခရိုင်မြို့ပေါ်တက်သွားတာလေ။ အိမ်မှာ ကျန်းယန်တစ်ယောက်ပဲ ကျန်ခဲ့မှာ။ မင်း သူချက်တာစားချင်ရင်တော့ သွားပေါ့။”

“…” ရှောင်ဝမ် ချက်ချင်းပင် ခေါင်းယမ်းလိုက်တော့သည်။. “သခင်ကြီး သွားတဲ့နေရာကိုပဲ ကျွန်တော်လိုက်မှာပါ။”

မေမေရှောင်၏ဟင်းချက်လက်ရာသည် ထူးခြားပြောင်မြောက်ကာ ရှောင်လင်းယွီ၏ ဟင်းချက်လက်ရာသည်လည်း ကောင်းပေသည်။ သို့သော်လည်း ဖေဖေရှောင်၏ ဟင်းချက်စကေးကတော့… တကယ်ကို ဖော်ပြဖို့ အရမ်း,အရမ်းကိုမှ ခက်ခဲလှသည်။

သူချက်သမျှဟင်းတိုင်းမှာ ဝက်စာအတိုင်းပင်။ ပြောရရင် ဝက်တောင်မှ မစားချင်လောက်အောင်ကို ဆိုးရွားလွန်းလေသည်။

တစ်မိသားစုတည်းဖြစ်ရဲ့သားနဲ့ ဘာလို့များ လက်ရာက ဒီလောက်တောင် အဆင့်ကွာခြားရတာပါလိမ့်။

ထိုအချိန်မှာပဲ ရှောင်ကျန်းယန်က ရောက်လာခဲ့သည်။

“အကြီးအကဲကုန်း၊ ဒီနေ့ ကျွန်တော့်အိမ်မှာ ထမင်းစားကြမလား။”

ထိုအမေးကိုကြားသည်နှင့် ရှောင်ဝမ်တစ်ယောက် ပူပန်လာတော့သည်။

သခင်ကြီးကုန်းက ခေါင်းယမ်းလိုက်ပြီး၊ “ကျန်းယန်၊ ငါဒီနေ့ အိမ်ကမထွက်ခင်ကတည်းက စားဖိုမှူးကို ချက်ခိုင်းထားပြီးပြီ။ ဒီနေ့တော့ မင်းအိမ်ကို မလာတော့ဘူး။”

“အိုး၊ ကောင်းလိုက်တာ။” ရှောင်ကျန်းယန် ခေါင်းတညိတ်ညိတ်ဖြစ်သွားလေသည်။ “သခင်ကြီးကုန်းရဲ့စားဖိုမှူးကို နည်းနည်းလောက် ပိုချက်ခိုင်းပေးလို့ရမလား။ ကျွန်တော် ဒီနေ့ သခင်ကြီးအိမ်မှာ လိုက်စားဖို့ စိတ်ကူးထားလို့။”

သခင်ကြီးကုန်း၊ “….”

ရှောင်ဝမ်၊ “….”

ဒီအလှည့်အပြောင်းကြီးက ဘယ်လိုတောင်လဲ။

သခင်ကြီးကုန်း ခေါင်းသာညိတ်လိုက်တော့သည်။ “ကောင်းပြီလေ။”

ထို့နောက် သူက ညွှန်ကြားလာခဲ့သည်။ “ရှောင်ဝမ်၊ ရှောင်ကျောင်းကို ပိုချက်ထားဖို့ သွားပြောလိုက်ဦး။”

“ဟုတ်ကဲ့။”

ရှောင်ကျန်းယန် ပြုံးလျက်ပြောလာခဲ့သည်။ “အကြီးအကဲ၊ ကျွန်တော် ခင်ဗျားကို အဖော်ပြုပေးမယ်။”

***

All Chapters