← Chapters

ကျန်းမိသားစုသို့ပြန်ခြင်း

Vol. 12 Ch. 216

ကျန်းမိသားစုသို့ပြန်ခြင်း

Vol. 12 Ch. 216

ကျန်းထောင် ကျန်းမိသားစုအိမ်တော်သို့ပြန်ရောက်ချိန် အစေခံများက သူ့ကို လေးလေးစားစား နှုတ်ဆက်လာကြသည်။ “အကြီးဆုံးသခင်လေး!”

ကျန်းထောင် ပြန်မေးလိုက်သည်။ “အဖိုးဘယ်မှာလဲ။”

အစေခံများက၊ “ခြံအနောက်က ရေကန်မှာ ငါးမျှားနေပါတယ်။”

“ကောင်းပြီ။ ငါသိပြီ။” ကျန်းထောင်လည်း ခေါင်းညိတ်ကာ ခြံနောက်သို့ ဦးတည်လိုက်သည်။

ကျန်းထောင်၏မိဘများက ကျန်းထောင်ပြန်လာမည့်အကြောင်း ကြားထားတာကြောင့် ခြံထဲတွင် စောင့်နေကြလေသည်။

သူတို့က ကျန်းထောင်ကိုမြင်သည်နှင့် မေမေကျန်းက မျက်ရည်များပင်လက်နေသည့် စိတ်လှုပ်ရှားသောအမှုအရာဖြင့် လှမ်းခေါ်လိုက်သည်။ “ထောင်အာ။” သူမ ရှေ့တိုးလိုက်ချင်သော်လည်း တစ်ခုခုကို စိုးရိမ်နေမိတာကြောင့် နေရာတွင်သာရပ်ကာ ကြည့်နေခဲ့သည်။

ကျန်းထောင်ကတော့ သူ့မိဘတွေလို စိတ်လှုပ်ရှားမှုပြမလာဘဲ လေးလေးစားစားဖြင့်သာ နှုတ်ဆက်လိုက်သည်။ “အဖေ၊ အမေ။” လေးစားသမှုနှင့် အကွာအဝေးတစ်ခုခြားထားလေသည်။ ဒါက မိဘနှင့်သားသမီးကြားဆက်ဆံရေးတွင်တော့ ပုံမှန်ဟုတ်မနေပေ။ သူတို့ကိုကြည့်ရတာ အထက်လူကြီးနှင့် လက်အောက်ငယ်သားလို ပိုတူနေလေသည်။

မေမေကျန်းက မျက်ရည်များကျချင်စိတ်ကို ပြန်ရုတ်သိမ်းရင်း တစ်ခုခုပြောချင်သလို ပါးစပ်ဟလိုက်သော်လည်း အဆုံးမှာတော့၊ “ပြန်လာတာကောင်းတယ်။” ဟုသာ ထွက်လာလေသည်။

ဖေဖေကျန်းကတော့ ဤသို့မေးလာခဲ့သည်။ “ထောင်အာ၊ ခဏပြန်လာတာလား ဒါမှမဟုတ် မြို့တော်မှာပဲ နေတော့မှာလား။”

“ရက်ပိုင်းလောက်နေပြီးရင် ပြန်မှာပါ။ အဖေ၊ အမေ၊ ကျွန်တော် အဖိုးကို သွားတွေ့လိုက်ဦးမယ်။”

“ထောင်အာ…” မေမေကျန်းကခေါ်လိုက်သည်။ သူမမျက်လုံးထဲမှ ခံစားချက်များကတော့ အလွန်ရှုပ်ထွေးနေလေသည်။ သူမ ထိုထက်ပို၍ပြောချင်သော်လည်း သူမတွင် ပြောပိုင်ခွင့်မရှိသလို ခံစားနေရလေသည်။

ဖေဖေကျန်းက ခေါင်းညိတ်လိုက်ကာ၊ “ဒါဆို သွားလေ။”

ကျန်းထောင်ထွက်သွားပြီးနောက်မှာတော့ မေမေကျန်းသည် သူမမျက်ရည်များကို မထိန်းနိုင်တော့ဘဲ စတင်ငိုကြွေးတော့သည်။

ဖေဖေကျန်းက သူမပခုံးကိုအသာဖက်ကာ သက်ပြင်းချလိုက်သည်။ “ထောင်အာက မိသားစုရဲ့အနာဂါတ်ဆက်ခံသူပဲ။ အဖေဆုံးဖြတ်ပေးတဲ့လမ်းကြောင်းကိုပဲ လျှောက်နိုင်မယ်လေ။”

မေမေကျန်းကတော့ သူမသားအတွက် ဝမ်းနည်းနေမိသည်။ “ဒါပေမယ့် ဒါက ထောင်အာကို ကျွန်မတို့နဲ့ ပိုပိုပြီးဝေးကွာသွားစေတယ်လေ။ ဘာလို့များ အဖိုးကြီးက ထောင်အာကို ဒီလိုဖြစ်အောင် ဖိအားပေးရတာလဲ။”

ဖေဖေကျန်း ထိတ်လန့်သွားကာ သူမပါးစပ်ကို ချက်ချင်းလှမ်းပိတ်လိုက်လေသည်။ “ချင်ဖုန်း၊ အဲ့လိုစကားမျိုး ထပ်မပြောမိစေနဲ့။ မဟုတ်ရင် ငါတို့ထောင်အာကို ထပ်တောင်တွေ့နိုင်တော့မှာမဟုတ်ဘူး။”

သားတစ်ယောက်ဖြစ်တာကြောင့် ဖေဖေကျန်းသည် သူ့အဖေက ဘယ်လောက်တောင် လွှမ်းမိုးထိန်းချုပ်လွန်းလဲဆိုတာကို သိလေသည်။ အထူးချွန်ဆုံးဆက်ခံသူတစ်ယောက်ဖြစ်လာစေရန်အတွက် အဖိုးကျန်းသည် ကျန်းထောင်ကို စက်ပစ္စည်းတစ်ခုလိုမျိုး ပျိုးထောင်ခဲ့လေသည်။ သူ့ကို ဘာအားနည်းချက်မှ ရှိခွင့်မပြုပေ။ အထူးသဖြင့် စိတ်ခံစားမှုအပိုင်းမှာပေါ့။

ကျန်းထောင်မွေးကတည်းက အဖိုးကျန်းနှင့်သာ ကြီးပြင်းခဲ့ရသည်။ စိတ်ခံစားချက်အချုပ်အနှောင်များမရှိစေရန်အတွက် သူ့မိဘများနှင့် နီးစပ်ရန် တားမြစ်ခြင်းခံခဲ့ရလေသည်။ ဖေဖေကျန်းနှင့်မေမေကျန်းသည်လည်း သူတို့သားကို တစ်လမှတစ်ကြိမ်သာ တွေ့နိုင်လေသည်။ သို့သော်လည်း သားဖြစ်နားအရမ်းကပ်ခွင့်မရှိသလို ပွေ့ဖက်ခွင့်လည်းမရှိပေ။

ဒါကြောင့် ကျန်းထောင်သည် သူတို့ကို သူစိမ်းများလိုသာ ဆက်ဆံလေသည်။

ဖေဖေကျန်းက သက်ပြင်းချလိုက်ကာ၊ “မငိုပါနဲ့တော့။ ထောင်အာပြန်ရောက်လာပြီလေ. သူအိမ်မှာစားလောက်တယ်။ မီးဖိုထဲသွားပြီး ထောင်အာကြိုက်တဲ့ဟင်းပွဲတွေ ပြင်ထားလိုက်။ ငါ ပင်းအာနဲ့ဝမ်အာကိုလည်း ခေါ်လိုက်မယ်။ သူတို့ရဲ့အစ်ကိုအကြီးဆုံးက အိမ်ပြန်ရောက်နေတာလေ။ ငါတို့လည်း မိသားစုလက်စုံစားသင့်တာပေါ့။”

မေမေကျန်းလည်း တိတ်တဆိတ်ခေါင်းညိတ်ကာ မီးဖိုခန်းသို့ဝင်သွားတော့သည်။

ဖေဖေကျန်းက သူ့ဒုတိယသား ကျန်းပင်းနှင့် အငယ်ဆုံးသမီး ကျန်းဝမ်ကိုဖုန်းဆက်ကာ အိမ်မှာ ညစာလာစားဖို့ခေါ်လိုက်လေသည်။

Golden Cityကလပ်၏ သီးသန့်ခန်းထဲတွင် ဆေးလိပ်ငွေ့များဖြင့် သောက်စရာများဖြင့် ပြည့်နေသည်။ လူငယ်မိန်းကလေး ယောက်ျားလေးများသည် စားပွဲပေါ် သို့မဟုတ် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေကြကာ ယောက်ျားလေးတွေက ပင့်သက်ရှိုက်နေပြီး မိန်းကလေးတွေကတော့ ညည်းတွားနေကြလေသည်။

ရုတ်တရက် တစ်ယောက်ယောက်၏ဖုန်းက မြည်လာတာကြောင့် ထိုသီးသန့်နယ်မြေလေးကို ရုတ်တရက် ဝင်နှောက်ယှက်သွားလေသည်။

“ဘယ်ကောင် သူ့ဖုန်းကို အသံမပိတ်ထားတာလဲ။” ‘အလုပ်ကြိုးစား’နေသည့် ယောက်ျားတစ်ယောက်က ခပ်မာမာမေးလိုက်လေသည်။

အခန်းထဲမှ ယောက်ျားလေး မိန်းကလေးများမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး အသံလာရာကို ရှာနေကြလေသည်။ အဆင့်မြင့်အနက်ရောင်ဖုန်းတစ်လုံးက ဆိုဖာပေါ်တွင်ရှိနေကာ ထိုဖုန်းကနေ မြည်နေခြင်းဖြစ်လေသည်။

တစ်ယောက်က ထိုဖုန်းကိုယူကြည့်လိုက်ပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “သခင်လေးကျန်း၊ မင်းဖုန်းက မြည်နေတာ။”

ကျန်းပင်းလည်း ထိုစကားကိုကြားချိန် ဒေါသတကြီးပြောလိုက်လေသည်။ “အဲ့ဖုန်းပေးစမ်း။ ဘယ်ကောင် ငါ့ကိုနှောက်ယှက်ရဲတာလဲ ကြည့်စမ်းပါဦးမယ်။”

ထိုလူက ကျန်းပင်းကို ဖုန်းပေးလိုက်ရင်း ဖုန်းခေါ်သူနာမည်ကို ဖျတ်ခနဲမြင်လိုက်ရတာကြောင့် ကြောက်လွန်း၍ ဖုန်းပင် လွတ်ကျတော့မလိုဖြစ်သွားလေသည်။ “သခင်လေးကျန်း၊ မင်းအဖေဆက်တာ။”

“ဘာ?” သခင်လေးကျန်းလည်း ချက်ချင်းခုန်ထကာ ဖုန်းကိုင်လိုက်လေသည်။ “အဖေ၊ ဘာဖြစ်လို့လဲ။ ဟုတ်ပြီ၊ ကျွန်တော် ခဏနေပြန်လာခဲ့မယ်။”

ဖုန်းချပြီးနောက်မှာတော့ သူ့မျက်နှာက အလွန်ကြည့်ရဆိုးနေလေကာ မည်းမှောင် အုံ့မှိုင်းနေလေသည်။ ကျန်းပင်းတစ်ယောက် အကြည့်စူးစူးများဖြင့် ဘာတွေတွေးနေလဲ ဘယ်သူမှ မသိကြပေ။

“သခင်လေးကျန်း၊ ဘာဖြစ်လို့လဲ။” အချိန်တစ်ခုကြာပြီးနောက် တစ်ယောက်က တံတွေးအသာမြိုချရင်း သတိထား၍မေးလိုက်သည်။

“ဘာမှမဟုတ်ဘူး။ ငါ့အစ်ကိုကြီး ရုတ်တရက်ပြန်ရောက်လာလို့လေ။ ငါ့အဖေက အိမ်ပြန်ပြီး ထမင်းလာစားခိုင်းတာ။” သူက ပြောပြီးနောက် သူ့အင်္ကျီများကို ကောက်ဝတ်လိုက်သည်။

ထိုစကားကိုကြားပြီးနောက် လူများ၏အမူအရာက ပြောင်းလဲသွားကာ တစ်ယောက်ဆိုလျှင် အံ့ဩတကြီးပင် ထအော်လိုက်မိသည်။ “အကြီးဆုံးသခင်လေးကျန်း ပြန်လာတာလား?”

ကျန်းပင်း၏လှုပ်ရှားမှုက ရပ်တန့်သွားကာ ထိုလူကို အကြည့်စူးစူးများဖြင့်ကြည့်လိုက်ပြီးနောက် အံ့ကြိတ်လျက်ပြောလိုက်လေသည်။ “ဟုတ်တယ်။ ကျန်းမိသားစုရဲ့အစစ်အမှန်အမွေခံလေ။ မင်းကြောက်သွားလား။”

ဘယ်သူမှ သူ့အမေးကို ပြန်မဖြေရဲသော်လည်း ကျန်းပင်းကလည်း သူတို့ဖြေလာမည်ကို မျှော်လင့်မနေပေ။ သူက နှာခေါင်းရှုံ့လျက်ပြောလာခဲ့သည်။ “ငါကတော့ ကြောက်တာသေချာတယ်။”

ထိုစကားကိုပြောလိုက်ချိန် သူ့ရင်ထဲတွင် မကျေနပ်ချက်တချို့ ဖျတ်ခနဲခံစားလိုက်ရလေသည်။

‘ဘာလို့ တခြားလူတွေကိုကျ လူပိုလိုထားပြီး အကြီးဆုံးသားတစ်ယောက်ပဲ အမွေဆက်ခံရတာလဲ။ ငါတို့ဘယ်လောက်ပဲ ထူးချွန်နေပါစေ အဖိုးရဲ့မျက်လုံးထဲတော့ ဘယ်တော့မှ မဝင်ဘူး။’ ကျန်းပင်း၏မျက်လုံးများ မည်းမှောင်နေခဲ့သည်။ သူက အဖြူရောင်ဂျက်ကတ်ကို သူ့ပုခုံးပေါ်တင်ကာ ထွက်သွားတော့သည်။

သူထွက်သွားသည်နှင့် သီးသန့်ခန်းထဲတွင်ကျန်ခဲ့သည့် ယောက်ျားလေးမိန်းကလေးများ၏ အမူအရာတို့မှာ ရှုပ်ထွေးနေကြလေသည်။

“အကြီးဆုံးသခင်လေးကျန်းပြန်လာပြီပေါ့!” ရုတ်တရက် တစ်ယောက်က အနည်းငယ်ကြောက်ရွံ့နေဟန်ဖြင့် ပြောလာသည်။ “သခင်လေးကျန်း ငါတို့နဲ့လာစကားလို့ရနိုင်ပါဦးမလား။”

“လာမယ်မထင်တော့ဘူး။” တစ်ယောက်ကပြန်ဖြေလိုက်သည်။

“ဟုတ်တယ်။ အကြီးဆုံးသခင်လေးကျန်း ပြန်လာတိုင်း သခင်လေးကျန်းက အရမ်းနာခံသွားတတ်တယ်လေ။”

“အကြီးဆုံးသခင်လေးကျန်းက အရမ်းအေးစက်တယ်။ ငါ သူ့အနားရှိနေချိန်ဆို မသက်မသာခံစားရတယ်။ သခင်လေးကျန်း သူနဲ့ဘယ်လိုများနေလဲပဲ။”

“ငါကြားတာတော့ ကျန်းမိသားစုနဲ့ချင်မိသားစုက မိသားစုချင်းပေါင်းစည်းဖို့ စေ့စပ်ကြောင်းလမ်းမှု လုပ်ထားတယ်တဲ့။”

“ငါလည်း ကြားထားတယ်။ အကြီးဆုံးသခင်လေးကျန်းနဲ့ ချင်မိသားစုရဲ့အကြီးဆုံးသမီး ချင်ယန်အတွက်တဲ့။”

“ဒီနှစ်ယောက်က တကယ်ကို နတ်ဖက်တဲ့စုံတွဲပဲ။ အဆင့်အတန်းချင်းကလည်းတူတယ်။ ချင်ယန်က မြို့တော်ရဲ့လူမှုအသိုင်းအဝိုင်းမှာတော့ နံပါတ်တစ်ပဲလေ။”

“ဒါပေမယ့် ချင်ယန်က သခင်လေးကုန်းကို ကြိုက်နေတာလို့ ငါကြားလားလို့။” လူတိုင်း နှုတ်ဆိတ်သွားကြလေသည်။ အကြီးဆုံးသခင်လေးကျန်းကို သူတို့လေးစားကြသော်လည်း သခင်လေးကုန်းကိုတော့ ကြောက်ရွံ့ကြလေသည်။ သူတို့အတွက်တော့ သခင်လေးကုန်းမှာ သူတို့အာခံဖို့ရာမတတ်နိုင်သည့် ဖြစ်တည်မှုမျိုးပင်။

သခင်လေးကုန်းသည် ငယ်ရွယ်သော်လည်း တည်ငြိမ်ကာ အတွေ့အကြုံရှိပြီး ရက်လည်းရက်စက်ပေသည်။ တစ်ယောက်ယောက်ကသာ သူ့ကို လှောင်ပြောင်လိုက်လျှင် သူက ထိုလူ၏တစ်မိသားစုလုံးကိုပါ ရှင်းထုတ်ပစ်မည်ပင်။

မိန်းကလေးဖြစ်နေရင်တောင်မှ ဂရုဏာထားသူမဟုတ်ပေ။

တစ်ခါက မြို့တော်ရှိ မိသားစုကြီးတစ်ခုမှသမီးက သခင်လေးကုန်းကို လှည့်ကွက်တစ်ချို့သုံးကာ အပိုင်ကြံခဲ့လေသည်။ သူမက အိပ်ရာပေါ်တက်ကာ အဝတ်ဗလာဖြင့်နေပြီး သတင်းထောက်များကိုတောင် ခေါ်ခဲ့လေသည်။ သူမရည်ရွယ်ချက်ကတော့ ရှင်းရှင်းလေးပင်။ သခင်လေးကုန်းက သူမနှင့်အိပ်ခဲ့သည့်အကြောင်း လူတိုင်းကို ချပြလိုခြင်းဖြစ်သည်။ ထို့နောက်မှာတော့ သခင်လေးကုန်းသည် သူမကို တာဝန်ယူကာ လက်ထပ်လိုက်ရမည်ပင်။

သို့သော်လည်း အမှန်တရားကတော့ ကြမ်းတမ်းလှပေသည်။

သခင်လေးကုန်း အခန်းထဲသို့ဝင်လာပြီး အိပ်ရာပေါ်တွင် အဝတ်ဗလာနှင့်မိန်းကလေးတစ်ယောက်ကို မြင်လိုက်သည်နှင့် ချက်ချင်းပင် သက်တော်စောင့်များခေါ်ကာ သူမကို ပစ်ထုတ်လိုက်လေသည်။ သတင်းထောက်များမှာ လျှောက်လမ်းတွင် အဝတ်မဲ့နေသည့် အမျိုးသမီးတစ်ယောက်ကိုမြင်ပြီး ကြောင်အသွားကြသော်လည်း မကြာခင်မှာပဲ အသိပြန်ဝင်ခဲ့ကြသည်။

နောက်တစ်နေ့ သတင်းခေါင်းစီးမှာတော့ ထိုမိန်းကလေး၏ပုံများဖြင့်သာ ပြည့်နေလေသည်။ သူမက တစ်ကိုယ်လုံးချွတ်ကာ သခင်လေးကုန်းကို ဆွဲဆောင်ဖို့ ကြိုးစားခဲ့သော်လည်း ရက်ရက်စက်စက် ပစ်ထုတ်ခံခဲ့ရလေသည်။

သူမမိသားစုမှာ အရှက်ရလွန်းတာကြောင့် သူမကို နိုင်ငံမှနှင်ထုတ်လိုက်လေသည်။ ဒါ့အပြင် ကုန်းမိသားစုကို တောင်းပန်ရန်အတွက် ရက်ရောလှသည့် လက်ဆောင်ပစ္စည်းများကိုပါ ပြင်ဆင်ခဲ့ရတာကြောင့် တော်တော်လေးဆုံးရှုံးခဲ့ကြလေသည်။

တကယ်တမ်းမှာတော့ ထိုမိန်းကလေး အခုလို သတ္တိရှိနေခြင်းမှာ သူမမိသားစုက အမိန့်ပေးထားခြင်းကြောင့်သာဖြစ်မှန်း လူတိုင်းသိကြလေသည်။ မဟုတ်ပါက ဒီလိုအရှက်မဲ့သည့်လုပ်ရပ်မျိုး လုပ်မယ်တဲ့လား။

မြို့တော်တွင် သခင်လေးကုန်းကို နှစ်သက်သည့် လူမှုအသိုင်းအဝိုင်းများစွာရှိသော်လည်း ဘယ်သူမှ သူ့ကိုလိုက်ရန် သတ္တိမရှိကြပေ။

သခင်လေးကုန်းသည် ထိုအရူးများအတွက် အချိန်မရှိပေ။ သူတို့ သခင်လေးကုန်းကို စိတ်ဆိုးစေမိသည်နှင့် သူက မိန်းကလေးကိုတင်မကဘဲ သူမမိသားစုကိုပါ ဖျက်ဆီးပစ်မည်ဖြစ်သည်။ သခင်လေးကုန်းသည် ရက်စက်ခက်ထန်သည့်လူပင်။ သူသာစိတ်ကောင်းဝင်နေလျှင် ထိုမိန်းကလေးတစ်ယောက်တည်းကိုသာ လက်စားချေမည်ဖြစ်သော်လည်း စိတ်ကောင်းဝင်နေချိန်မဟုတ်ပါက သူမ၏တစ်မိသားစုလုံးကိုပါ အမြစ်ဖြုတ်ပစ်မည်ပင်။

ဒါကြောင့် လူငယ်မျိုးဆက်များကတော့ သခင်လေးကုန်းကို မျက်နှာချင်းဆိုင်လိုက်သည်နှင့် တုန်ရီလာကြတော့သည်။ သူတို့သာ ဂရုမစိုက်မိပါက ထိုအာဏာရှင်ကြီး၏အမျက်ဒေါသကို ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်သည်။ သူ့အကြောင်းကို အတင်းအဖျင်းလည်း မပြောရဲကြပေ။ သို့သော်လည်း သခင်မလေးချင်က သခင်လေးကုန်းကို နှစ်သက်နေကြောင်း ကြားလိုက်ရချိန်မှာတော့ သူတို့ အံ့အားသင့်ကာ ပါးစပ်ယားလာကြတော့သည်။

“မင်းဘယ်ကကြားလာတာလဲ။ တကယ်လား။” ကောထျန်းလျန်က မေးလိုက်သည်။ “ငါတို့ကျ ဘာလို့မကြားတာလဲ။”

“ဟုတ်သားပဲ။” ကွမ်းကျန်းဖန်ကလည်း နားမလည်နိုင်ဟန်ဖြင့် မေးလာသည်။ “ချင်ယန်က သခင်လေးကုန်းကိုကြိုက်ပေမယ့် သခင်လေးကျန်းနဲ့ လက်ထပ်မယ်? သခင်လေးကျန်းနဲ့သခင်လေးကုန်းဆိုတာ သူငယ်ချင်းကောင်းတွေမှန်း လူတိုင်းသိနေတာပဲကို။ မိန်းမတစ်ယောက်အတွက် ရန်ဖြစ်ကြတော့မှာလား။”

သခင်လေးကုန်းနှင့်သခင်လေးကျန်းသည် မြို့တော်၏မင်းသားလေးများဖြစ်လေသည်။

“ငါတော့ မထင်ဘူး။” ကောထျန်းလျန်က ပြောလိုက်သည်။ “ချင်ယန်က သခင်လေးကုန်းကို ကြိုက်တယ်ဆိုရင်တောင် သခင်လေးကုန်းက ချင်ယန်ကို ကြိုက်တယ်လို့တော့ မဆိုလိုဘူးလေ။”

“အဲ့ဒါတော့အမှန်ပဲ။”

“ပြီးတော့ သခင်လေးကုန်းနှင့် သခင်လေးကျန်းရဲ့ ဆက်ဆံရေးက ခိုင်မာတယ်။ မိန်းမတစ်ယောက်ကြောင်နဲ့ ပြိုလဲသွားမှာမဟုတ်ဘူး။”

“အင်း အဲ့ဒါလည်း မှန်တာပဲ။”

အားလုံးတညီတညွတ်တည်း သဘောတူနေကြသော်လည်း နောက်ဘာဆက်ဖြစ်လာမလဲကိုတော့ သိချင်နေကြလေသည်။

……

ကျန်းထောင် အနောက်ဘက်ဥယျာဉ်ထဲသို့ရောက်လာခဲ့သည်။ သခင်ကြီးကျန်းသည် ငါးထိုင်မျှားနေကာ အိမ်တော်ထိန်းလီကတော့ ဘေးတွင် တိတ်တိတ်လေး မတ်တပ်ရပ်နေလေသည်။

“အဖိုး။” ကျန်းထောင် တလေးတစားခေါ်လိုက်သည်။

အိမ်တော်ထိန်းလီကလည်း လေးလေးစားစားနှုတ်ဆက်လာလေသည်။ “အကြီးဆုံးသခင်လေးကျန်း။” ထို့နောက် သူက ငါးမျှားနေသော သခင်ကြီးကျန်းကိုကြည့်ကာ အဓိပ္ပါယ်ပါပါပြောလိုက်သည်။ “အကြီးဆုံးသခင်လေးကျန်း၊ သခင်ကြီးစောင့်နေတာ တော်တော်ကြာနေပြီ။” ပြောရရင်တော့ ကျန်းထောင် အိမ်ကိုချက်ချင်းပြန်မလာတာကြောင့် သခင်ကြီးကျန်း ဒေါသထွက်နေသည်ဟုပင်။

ကျန်းထောင်လည်း အိမ်တော်ထိန်းလီကို ခေါင်းညိတ်ပြကာ လူအိုကြီးကို လေးလေးစားစားဖြင့် ပြောလိုက်သည်။ “အဖိုး၊ ကျွန်တော် တောင်းပန်ပါတယ်။”

သခင်ကြီးကျန်းကက ပြန်မဖြေပေ။

အိမ်တော်ထိန်းလီလည်း တိတ်တခိုးသက်ပြင်းချရင်း မေးလာခဲ့သည်။ “အကြီးဆုံးသခင်လေး၊ မြို့တော်ကိုပြန်လာတာများ ဘာလို့ ဦးလေးလီကို မပြောရတာလဲ။ ဦးလေးလီ လာကြိုပေးမှာပေါ့။”

“ကျွန်တော် ရုတ်တရက်ကြီး ပြန်လာဖြစ်လိုက်လို့ပါ ဦးလေးလီ။ ဦးလေးကို ဒုက္ခမပေးချင်တော့လို့ပါ။”

“ဟမ့်၊ ငါတို့မိသားစုနဲ့ ချင်မိသားစုကြားက နိုင်ငံရေးအရလက်ထပ်ပွဲအကြောင်း စုံစမ်းတာမှာ မင်းကို ဘယ်သူမှ မနှောက်ယှက်အောင်လို့ပဲမဟုတ်ဘူးလား။” သခင်ကြီးကျန်းက အေးစက်စက်ဝင်ပြောလာခဲ့သည်။ “ဒီတော့ မင်းဘယ်လိုတွေးလဲ။”

“အဖိုး!” ကျန်းထောင်၏သူငယ်အိမ်များ ကျဉ်းမြောင်းသွားလေသည်။ ထို့နောက် သူက အသက်ပြင်းပြင်းတစ်ချက် ရှိုက်ကာ တိုက်ရိုက်ပင် မေးလိုက်တော့သည်။ “ကျန်းနဲ့ချင်မိသားစုကြားက မင်္ဂလာပွဲအကြောင်း ဘာလို့ ကျွန်တော့်ကိုမပြောရတာလဲ အဖိုး။”

“မင်းကို ဘာလို့ပြောရမှာလဲ။” သခင်ကြီးကျန်းက လွှမ်းမိုးမှုအပြည့်ဖြင့်ပြောလိုက်သည်။

“ကျွန်တော့်ကို ဘာလို့ပြောရမှာလဲတဲ့လား?” ကျန်းထောင် မျက်မှောင်ကြုတ်လိုက်ကာ မယုံနိုင်စရာအချက်ကို တွေ့ရှိသွားလေသည်။ “လက်ထပ်ရမယ့်လူတစ်ယောက်အနေနဲ့ ကျွန်တော့်မှာ သိပိုင်ခွင့်ရှိသင့်တယ်မဟုတ်ဘူးလား။”

“ဘယ်လိုပဲဖြစ်ဖြစ် ရလဒ်က ပြောင်းလဲသွားမှာမဟုတ်ဘူး။” သခင်ကြီးကျန်းက ပြောလိုက်ရင်း မျက်လုံးများကို ကျဉ်းမြောင်းကာ ခပ်ပြတ်ပြတ်မေးလိုက်လေသည်။ “မင်းက မင်းအဖိုးကို မေးခွန်းပြန်ထုတ်နေတာလား။”

ကျန်းထောင် ခဏမျှအသက်ရှူရပ်တန့်သွားမိသည်။ “အဖိုး၊ ကျွန်တော် အဖိုးကို မေးခွန်းထုတ်နေတာမဟုတ်ရပါဘူး။ ကျွန်တော့်မှာ မေးခွန်းထုတ်ပိုင်ခွင့်လဲ မရှိဘူးလေ။ ဒါပေမယ့် ကျွန်တော်လက်ထပ်ရတော့မယ့်အကြောင်းကိုတော့ သိသင့်တယ်လို့ ခံစားရလို့ပါ။”

သခင်ကြီးကျန်းက ခေါင်းညိတ်လိုက်သည်။ “အင်း မင်းအခုသိပြီမဟုတ်လား။ အဲ့တော့ ဘယ်လိုစိတ်ကူးလဲ။ ဘယ်တော့ စေ့စပ်ချင်လဲ။”

“ကျွန်တော်…” ကျန်းထောင် မင်္ဂလာပွဲကို ငြင်းပယ်ချင်သော်လည်း သူ့အဖိုး၏သံသယစိတ်ကို မနှိုးဆွချင်ပေ။ “အဖိုး၊ ချင်ယန်က ကျွန်တော်က မလိုက်ဖက်ပါဘူး။ ကျွန်တော်.. ကျွန်တော်တို့က သာမာန်သူငယ်ချင်းတွေပါ။ တစ်ယောက်နဲ့တစ်ယောက် ဘာခံစားချက်မှလဲမရှိဘူး။”

သို့ပေမယ့် အဖိုးကျန်းက တိုက်ရိုက်ပင် လက်ကိုဝှေ့ကာ ကြားဖြတ်ပြောလိုက်လေသည်။ သူက ကျန်းထောင်ကို ခပ်စူးစူးစိုက်ကြည့်ရင်း၊ “ဘာခံစားချက်မှ ပါမလာနဲ့။ ကျန်းမိသားစုရဲ့ဆက်ခံသူတစ်ယောက်အနေနဲ့ မင်းဘဝမှာ ခံစားချက်ဆိုတာ ရှိမနေသင့်ဘူး။ ငါက ကျန်းမိသားစုအကျိုးအမြတ်ရဖို့ပဲ လိုချင်တာ။ ကျန်းမိသားစုရဲ့ဆက်ခံသူအတွက် ချင်မိသားစုရဲ့သမီးဆိုတာ အကောင်းဆုံးရွေးချယ်မှုပဲ။

ထောင်အာ၊ မင်းက ချင်ယန်နဲ့အတူကြီးပြင်းလာတာပဲ။ သူ့အတွက်ဆို မင်းက အစ်ကိုကြီးတစ်ယောက်လိုပဲ။ အခု မင်းက သူ့ခင်ပွန်းဖြစ်လာမှာ။ နောက်ကျတော့ မင်း သူ့ကို ချစ်သွားမှာပါ။”

ကျန်းထောင် ထိုစကားကိုကြားပြီး တစ်ခုခုပြောလိုက်ချင်သော်လည်း ဘယ်လိုပြောလို့ပြောရမှန်း မသိနေပေ။

သို့သော်လည်း သခင်ကြီးကျန်းက တားလိုက်ကာ၊ “မင်းပြန်လာပြီဆိုမှတော့ အိမ်မှာ ရက်နည်းနည်းလောက် နားသွားသင့်တယ်။ နောက်ရက်ပိုင်းဆို ငါတို့လည်း ကျန်းမိသားစုနဲ့ ချင်မိသားစုကြားက မင်္ဂလာပွဲအကြောင်း လူအများသိအောင် ကြေညာတော့မှာ။ မင်းပြင်ဆင်ထားလိုက်တော့။”

“အဖိုး!” ကျန်းထောင် အံ့ဩလွန်း၍ အကျယ်ကြီးခေါ်မိသွားသည်။

ထိုအချိန်မှာပဲ အိမ်တော်ထိန်းလီက၊ “အကြီးဆုံးသခင်လေး၊ သခင်ကြီးက ပင်ပန်းနေလို့ အနားယူပါတော့မယ်။ အရင်ပြန်သွားလိုက်ပါဦး။ ပြောစရာတစ်ခုခုရှိရင်လည်း သခင်ကြီး အနားယူပြီးမှ ဆက်ပြောကြတာပေါ့။”

အိမ်တော်ထိန်းလီသည် သခင်ကြီးကျန်း၏ ပြောရေးဆိုခွင့်ရှိသူဖြစ်ကာ ကျန်းထောင်က ဆိုလိုရင်းကို နားလည်တာကြောင့် ပြန်သွားရုံသာ တတ်နိုင်လေသည်။

ကျန်းထောင် ထွက်သွားပြီးနောက် သခင်ကြီးကျန်းက၊ “အိမ်တော်ထိန်းလီ၊ ထောင်အာ ဟိုမြို့ငယ်လေးမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ စုံစမ်းဖို့ တစ်ယောက်ယောက်လွှတ်လိုက်။”

အိမ်တော်ထိန်းလီ အနည်းငယ် အံ့ဩသွားလေသည်။ “သခင်ကြီး တစ်ခုခုများသံသယရှိလို့လား။”

“ထောင်အာက ဒီမင်္ဂလာပွဲကို ငြင်းဆန်ချင်နေတယ်။ ဟိုမြို့ငယ်လေးမှာသာ သူ့ကိုလွှမ်းမိုးနိုင်တဲ့တစ်ခုခုမရှိရင် ဒီလိုဖြစ်စရာအကြောင်းမရှိဘူး။ သူ့အတွက်ခင်းပေးထားတဲ့လမ်းကြောင်းမှာ တစ်ယောက်ယောက် ဒါမှမဟုတ် တစ်ခုခုက ဝင်နှောက်ယှက်တာမျိုး အဖြစ်မခံနိုင်ဘူး။ မင်း နားလည်လား။”

အိမ်တော်ထိန်းလီက ချက်ချင်းနားလည်သွားလေသည်။ “ဟုတ်ကဲ့ပါ။”

***

စာစဉ် ၁၂ ပြီးပါပြီ။

All Chapters