← Chapters

ကြီးမားသော ရိတ်သိမ်းမှု(ခ)

Vol. 102 Ch. 1563

ကြီးမားသော ရိတ်သိမ်းမှု(ခ)

Vol. 102 Ch. 1563

ထို့ကြောင့် ရွှီချင်းက အကြည့်ပြန်ရုပ်လိုက်ပြီး သူ၏ နတ်ဘုရားစိတ်အာရုံဖြင့် သိုလှောင်အိတ်ကို စစ်ဆေးကြည့်လိုက်သည်။ စစ်ဆေးကြည့်ပြီးနောက် သူက မျက်ခုံးပင့်တင်လိုက်သည်။

သိုလှောင်အိတ်ထဲမှာ ပစ္စည်းများ အတော်လေး ပေါကြွယ်ဝသည်။

ဝိညာဉ်ကျောက်တုံးများ၏ အရေအတွက်သည်ပင် ရွှီချင်းကို အံ့ဩသွားစေသည်။

ဝိညာဉ်ကျောက်တုံးများက တောင်ကြီးတစ်တောင်နှယ် စုပုံနေကြသည်။

သလင်းကျောက်အလင်းရောင်က အလွန်ထွန်းလင်းတောက်ပသည်။

မကြာမီ ထိုဝိညာဉ်သလင်းကျောက်များက ဝမ်ကူးကုန်းမြေမှ သလင်းကျောက်များဖြင့် ကွဲပြားခြားနားကြောင်း ရွှီချင်း ရှာတွေ့သွားသည်။ သလင်းကျောက်တစ်ခုစီမှာ နိယာမအစွမ်းတချို့ ပါဝင်နေကြသည်။

“ အဲ့ဒါက နတ်ဘုရားတွေကို သန့်စင်ပြီး ဖြစ်ပေါ်လာတာလား… ဒါကြောင့် အဲ့ဒီထဲမှာ ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမတွေ ကိန်းအောင်းနေတာလား ”

ရွှီချင်းက ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်လိုက်ပြီး ယင်းကို စစ်ဆေးကြည့်ရန် သူ၏ လက်ဖဝါးပေါ်မှာ တင်လိုက်သည်။

ဝိညာဉ်သလင်းကျောက်များအပြင် ယင်းထက် ပိုပြီးတန်ဖိုးကြီးမားသော အင်မော်တယ်ကျောက်စိမ်းလည်း ရှိသည်။

ယင်းတို့က အတူတကွ စုစည်းရှိနေလေရာ သိုလှောင်အိတ်ထဲမှ အင်မော်တယ်စွမ်းအင်က မြစ်ကြီးတစ်စင်းနှယ် စီးဆင်းနေသည်။

ယင်းက ရွှီချင်းကို နှလုံးတုန်သွားစေသည်။

အနီးကပ်သေချာစစ်ဆေးကြည့်လိုက်သည့်အခါ အင်မော်တယ်ကျောက်စိမ်းများထဲမှ နိယာမများက ဝိညာဉ်သလင်းကျောက်များထဲမှ နိယာမများထက် ပိုပြီးသိပ်သည်းကြောင်း သူသတိထားမိသွားသည်။ အမှန်မှာ ရွှီချင်း၏ စိတ်အာရုံထဲတွင် ထိုအင်မော်တယ်ကျောက်စိမ်းများက အတိတ်မှာ အင်မော်တယ်ခန္ဓာကိုယ်ကို သူဖွဲ့စည်းခဲ့စဉ်က စုပ်ယူခဲ့သော မူလစွမ်းအင်နှင့် အတော်လေး ဆင်တူသည်။

သို့သော်လည်း အင်မော်တယ်ကျောက်စိမ်းများထဲမှ စွမ်းအင်က အတော်လေး ပါးလွှာသည်။

မည်သို့ဖြစ်ပါစေ ထိုမျှပမာဏက အလွန်အံ့ဖွယ်ကောင်းနေဆဲပင်။

“ ဒီရတနာတွေကို ကြည့်ပြီးပြောရရင် အမှတ်ငါးကြယ်တာရာစက်ဝန်းက ငါမျှော်လင့်ထားတာထက် ပိုပြီးရှုပ်ထွေးတာပဲ ”

“ ဒီအုပ်ချုပ်သူက တကယ်ချမ်းသာတာပဲ ”

ရွှီချင်းက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ သူက အတိတ်မှာ ရန်သူအများအပြားကို သတ်ဖြတ်ခဲ့ပြီး ရတနာများကို လုယက်ခဲ့ဖူးသော်လည်း ထိုပမာဏက ဤသိုလှောင်အိတ်ကို မနှိုင်းယှဉ်နိုင်ပေ။

သို့ဖြစ်၍ မျှော်လင့်မှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက နတ်ဘုရားစိတ်အာရုံကို ဝိညာဉ်သလင်းကျောက်များနှင့် အင်မော်တယ်ကျောက်စိမ်းများထံမှ ရွှေ့ပြောင်းလိုက်ပြီး တခြားပစ္စည်းများကို အာရုံခံလိုက်သည်။

မကြာမီ သူက အရေအတွက်များပြားသော ဆေးပုလင်းများကို မြင်တွေ့သွားသည်။

ယင်းတို့၏ အဆင့်က ကွဲပြားခြားနားသည်။

ရွှီချင်းက ဆေးပညာတာအိုမှာ ထူးချွန်ထက်မြက်သူဖြစ်သောကြောင့် ထိုဆေးလုံးများ၏ အသုံးဝင်ပုံနှင့် တန်ဖိုးကို အကြမ်းဖျဉ်း ခန့်မှန်းနိုင်သွားသည်။ သို့သော်လည်း သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော ဆေးလုံးတချို့ ရှိသည်။

သာမန်ကာလျှံကာ စစ်ဆေးကြည့်ပြီးနောက် သိုလှောင်အိတ်ထဲမှ ပစ္စည်းများက ရွှီချင်းကို နှလုံးတုန်သွားစေသည်။ ဤအခိုက်အတန့်မှာ သူက နတ်ဘုရားစိတ်အာရုံကို တခြားနေရာများဆီသို့ ပို့လွှတ်လိုက်ပြီး ကျောက်စိမ်းပြားများ၊ စာအုပ်များနှင့် ဓမ္မရတနာများကို ရှာဖွေလိုက်သည်။

ကံမကောင်းစွာပင် သိုလှောင်အိတ်ထဲမှာ ဓမ္မရတနာများရှိသော်လည်း ၎င်းတို့၏ အဆင့်က အတော်လေး နိမ့်ကျသည်။

ယင်းက လက်ခံနိုင်သောအရာ ဖြစ်သည်။ မည်သို့ဖြစ်ပါစေ အစောနက တိုက်ပွဲတွင် သက်လတ်ပိုင်းအုပ်ချုပ်သူက သူအသုံးပြုနိုင်သော ဓမ္မရတနာအားလုံးကို ထုတ်သုံးသွားခဲ့သည်။

ဥပမာ ဇီဝိန်ချုပ်အမွှေးတိုင်နှင့် သလင်းကျောက်သစ်ပင်ဖြစ်သည်။

သို့သော်လည်း ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံကို လှိုင်းထသွားစေခဲ့သော ပစ္စည်းနှစ်ခု ရှိနေဆဲပင်။

တစ်ခုက အနက်ရောင်အလင်းတောက်ပသော သားရဲအရေပြားစာလိပ်ဖြစ်ပြီး အခြားတစ်ခုက တုံကင်ဖြစ်သည်။

ပထမဆုံး သူစစ်ဆေးလိုက်သည်မှာ သားရဲအရေပြားဖြစ်သည်။

သားရဲအရေပြားသည် လက်ဝါးအရွယ်ခန့်သာ ရှိ၏။ အနက်ရောင်အလင်းနှင့်အတူ မှော်သင်္ကေတအများအပြားက သားရဲအရေပြားပေါ်မှာ တည်ရှိကြသည်။ အလင်းရောင်က တလက်လက် တောက်ပသွားသည့်အခါ မှော်သင်္ကေတများက အတူတကွ ယှက်ထွေသွားကြသည်။ ဤသည်မှာ ယင်းတို့က အသက်ရှိနေသည့်အလားပင်။

သားရဲအရေပြားကို တစ်ချက်ကြည့်ပြီးနောက် ရွှီချင်းက တွေးတောစဉ်းစားလိုက်သည်။ သူက နတ်ဘုရားစိတ်အာရုံကို အသုံးပြု၍ သားရဲအရေပြားပေါ်မှ မှော်သင်္ကေတများကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။

အချိန်တစ်ခဏကြာပြီးနောက် ရွှီချင်း၏ အမူအရာက ပြောင်းလဲသွားသည်။

“ (၄၉)စည်းချအစီအရင် ”

ထိုသားရဲအရေပြား၏ ဇစ်မြစ်ကို သူမသိပေ။ သို့သော်လည်း ၎င်းပေါ်မှာ (၄၉)စည်းချအစီအရင်ဟု ခေါ်ဆိုသော တာအိုအတတ်ပညာတစ်ခုကို မှတ်သားထားသည်။

ယင်းက ရွှီချင်းအား သက်လတ်ပိုင်းအုပ်ချုပ်သူ၏ (၃၃)စည်းချအစီအရင်ကို ပြန်အမှတ်ရသွားစေသည်။

ဤစည်းချအစီအရင်သည် အလွန်အားကောင်းသည်။ ယင်းက ကောင်းကင်နှင့် မြေပြင်ကြားမှ နိယာမစွမ်းအင်များကို စုစည်းနိုင်ပြီး မရေမတွက်နိုင်သော စည်းချအစီအရင်များကို ဖန်တီးနိုင်သည်။ ရန်သူကို ချုပ်နှောင်ရာတွင်ဖြစ်စေ သို့မဟုတ် သတ်ဖြတ်ရာတွင်ဖြစ်စေ ယင်းက အလွန်အားကောင်းသည်။

သို့သော်လည်း ဤတာအိုအတတ်ပညာ၏ အားနည်းချက်မှာ ယင်းကို အသုံးပြုရန် သူက စည်းချအစီအရင်များကို ကြိုတင်စုဆောင်းရလိမ့်မည်။

ယင်း၏ အားသာချက်သည်တော့ ဤတာအိုအတတ်ပညာကို သူအသုံးပြုလိုက်ပြီးနောက် စကားလုံး(၄၉)လုံးကို ပြောလိုက်သည့်အခါ စည်းချအစီအရင်များက လေထဲမှာ ရုတ်တရက် ထွက်ပေါ်လာကြလိမ့်မည်။

ယင်းက ရန်သူကို အလစ်အငိုက် တိုက်ခိုက်ရာတွင် အထူးအသုံးဝင်သည်။ ထို့ပြင် ဤတာအိုအတတ်ပညာအပေါ် တစ်စုံတစ်ယောက်၏ ဆင်ခြင်နားလည်မှုက တိုးမြှင့်သွားသည့်အခါ သူတို့က စကားလုံးအရေအတွက်ကို လျော့ချနိုင်သွားလိမ့်မည်။

သေဆုံးသွားသော သက်လတ်ပိုင်းအုပ်ချုပ်သူက စကားလုံး(၃၃)လုံးထိ လျော့ချနိုင်ခဲ့သည်။

သားရဲအရေပြားပေါ်မှ ဖော်ပြချက်အရ အကယ်၍ တစ်စုံတစ်ယောက်က နောက်ဆုံးအဆင့်ထိ ကျင့်ကြံနိုင်မည်ဆိုလျှင် စကားလုံးနှစ်လုံးတည်းဖြင့် ယင်းကို အသက်သွင်းနိုင်လိမ့်မည်။ ထို့ပြင် ယင်းက ကိုယ့်တစ်ယောက်တည်းကို ကန့်သတ်မထားပေ။ ရန်သူ၏ စကားများကိုလည်း ထည့်သွင်းနိုင်သည်။

ဤတာအိုအတတ်ပညာ၏ နောက်ဆုံးအကန့်အသတ်က စကားလုံးနှစ်လုံးဖြစ်ရခြင်းမှာ စည်းချအစီအရင်ကို ယင်နှင့် ယန်ဆိုပြီး နှစ်ပိုင်းခွဲခြားထားသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ဤတာအိုအတတ်ပညာကို စကားလုံးတစ်လုံးတည်းဖြင့် အသက်မသွင်းနိုင်ပေ။

သားရဲအရေပြားကို ဆုပ်ကိုင်ထားစဉ် သက်လတ်ပိုင်းအုပ်ချုပ်သူ၏ စည်းချအစီအရင်အား အသက်သွင်းပုံက ရွှီချင်း၏ စိတ်ထဲမှာ ပြန်ပေါ်လာသည်။ ထို့နောက် အတွေးတစ်ခုက သူ၏ စိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။

“ ဒီတာအိုအတတ်ပညာက တိတ်တဆိတ် လုပ်ကြံတဲ့ ပညာရပ်ပဲ… အဲ့ဒါကို စကားလုံးတွေထဲမှာ ထည့်သွင်းနိုင်တယ်… ဒီတော့ တကယ်လို့ ဒီတာအိုအတတ်ပညာရဲ့ နောက်ဆုံးစကားလုံးနှစ်လုံးက ငါ့နာမည်ဖြစ်မယ်ဆိုရင်ရော… ”

“ တစ်ယောက်ယောက်က ငါ့နာမည်ကို ရေရွတ်လိုက်တာနဲ့ စည်းချအစီအရင်ရဲ့ အစွမ်းက အတွေးတစ်ချက်နဲ့ ပေါက်ကွဲထွက်လာလိမ့်မယ်… အဲ့ဒီနည်းက… ပိုပြီးတော့ လျှို့ဝှက်တယ် ”

ရွှီချင်းက တွေးတောစဉ်းစားလိုက်သည့်အခါ ယင်းက ဖြစ်နိုင်ခြေရှိသည်ဟု ခံစားမိသွားသည်။

အကယ်၍ စည်းချအစီအရင်ကို နာမည်ထဲမှာ အမှန်တကယ် ထည့်သွင်းနိုင်မည်ဆိုလျှင် ရန်သူက ယင်းကို ခုခံတားဆီးရန် အလွန်ခက်ခဲသွားလိမ့်မည်။

ဥပမာ ရန်သူက သူ့ကို ကျိန်ဆဲလိုက်သည့်အခါ စည်းချအစီအရင်က အလိုအလျောက် အသက်ဝင်လာလိမ့်မည်။

သို့မဟုတ် ရန်သူက သူ၏ နာမည်ကို မေးမြန်းသည့်အခါ သူက ပြန်ဖြေလိုက်သည့်အခိုက် စည်းချအစီအရင်က တိုက်ရိုက် ထွက်ပေါ်လာလိမ့်မည်။

“ ဒီဟာကို နည်းလမ်းတကျ အသုံးပြုမယ်ဆိုရင် ဝှက်ဖဲတစ်ခုဖြစ်လာနိုင်တယ် ”

ထူးဆန်းသော အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ တစ်ခဏကြာ တွေးတောပြီးနောက် သူက သားရဲအရေပြားကို ပြန်သိမ်းဆည်းလိုက်ပြီး ယင်းကို အနာဂတ်မှာ ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် သူ၏ အကြည့်က တုံကင်ပေါ်သို့ ကျရောက်သွားသည်။

ထိုတုံကင်က ထူးခြားပြီး ယင်းပေါ်မှ အန္တရာယ်အရှိန်အဝါက အလွန်ပြင်းထန်သည်။ အမှန်မှာ တုံကင်က လေထဲမှာ လွင့်မျောနေစဉ် ဘေးပတ်ဝန်းကျင်မှ အပူချိန်က သိသိသာသာ လျော့ကျသွားသည်။

တုံကင်က အနီရောင်ဖြစ်သည်။

တုံကင်၏ နောက်ကျောက ဗလာဖြစ်ပြီး တုံကင်၏ အရှေ့ဘက်တွင် မျက်လုံးပုံသဏ္ဍာန် တိုတမ်တစ်ခု ရှိသည်။

ရွှီချင်းက ယင်းကို စိုက်ကြည့်လိုက်သည်။ ထိုတုံကင်က အုပ်ချုပ်သူ၏ သိုလှောင်အိတ်ထဲမှာ အထူးခြားဆုံးပစ္စည်း ဖြစ်သည်။

သို့ဖြစ်၍ သူက ယင်းကို မဆင်မခြင် မထိတွေ့ပေ။ ယင်းအစား သူက တုံကင်ကို စစ်ဆေးကြည့်ပြီးနောက် သူနှင့်မလှမ်းမကမ်းမှာ ကြောက်ရွံ့စွာ ဒူးထောက်နေသော လူငယ်ကို ကြည့်လိုက်သည်။

“ မင်းရဲ့ သေခြင်းရှင်ခြင်းက မင်းရဲ့ တန်ဖိုးပေါ်မှာ မူတည်တယ် ”

“ ဒီပစ္စည်းက ဘာလဲ ငါ့ကို ပြောစမ်း ”

ရွှီချင်း၏ စကားသံက လူငယ်၏ နားထဲသို့ ဝင်ရောက်သွားသောအခါ သူက ကြောက်ရွံ့စိတ်ကို အတင်းဖိနှိပ်လိုက်ပြီး လေထဲမှ တုံကင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက တုန်တုန်ယင်ယင် ပြောသည်။

“ စီ စီနီယာ… အဲ့ အဲ့ဒါက အင် အင်မော်တယ်မြို့တော်ရဲ့ အရည်အချင်းပြည့်မီ တုံ တုံကင်ပါ ”

ရွှီချင်း၏ အမူအရာက တည်ငြိမ်သည်။ သို့သော်လည်း သူက ‘ အင်မော်တယ်မြို့တော် ’ဟူသော စကားကို ကြားလိုက်သောအခါ သူ၏ အသိစိတ်က အနည်းငယ် လှုပ်ခါသွားသည်။

“ ဆက်ပြော ”

လူငယ်က အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ့သခင်ကို သတ်နိုင်သော ပုဂ္ဂိုလ်ဖြင့် ရင်ဆိုင်ရသောအခါ သူက မည်သည့်အရာကိုမှ မဖုံးကွယ်ထားဝံ့ချေ။ တစ်ဖက်လူက ဤကြယ်တာရာစက်ဝန်းအကြောင်းကို သိချင်နေကြောင်း သူသိသော်လည်း နည်းနည်းမှ သတိမလစ်ဟင်းဝံ့ချေ။

ထို့ကြောင့် သူက အင်မော်တယ်မြို့တော်၏ အရည်အချင်းပြည့်မီတုံကင်အကြောင်းကို အသေးစိတ် ရှင်းပြနိုင်ရန် အမှတ်ငါးကြယ်တာရာစက်ဝန်း၏ သမိုင်းကြောင်းကိုပင် ပြောပြလိုက်သည်။

ပထမဆုံးအနေဖြင့် ဤနေရာက အမှန်တကယ်ပင် အမှတ်ငါးကြယ်တာရာစက်ဝန်းဖြစ်ပြီး ဤနေရာမှာ အင်မော်တယ်မြို့တော်ဟုခေါ်သော နေရာတစ်နေရာ ရှိသည်။

အတိတ်တွင် အမှတ်ငါးကြယ်တာရာစက်ဝန်းမှာ နတ်ဘုရားများဖြင့် ပြည့်နှက်ခဲ့သည်။ ယင်းက အင်မော်တယ်မြို့တော် မထွက်ပေါ်လာခင်အထိ ကြာမြင့်ခဲ့သည်။ အင်မော်တယ်မြို့တော်က နတ်ဘုရားများကို ဖိနှိပ်ခဲ့ပြီး နတ်ဘုရားများနှင့်ပတ်သက်သော အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။

အင်မော်တယ်မြို့တော်မှ အထွတ်အမြတ် အင်မော်တယ်ဘုရင်၏ တိုက်ခိုက်မှုအောက်မှာ ကြယ်တာရာကောင်းကင်က ကြေမွပျက်စီးသွားပြီး အင်မော်တယ်မြို့တော်က အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အလယ်ဗဟိုမှာ ဧရာမထောင့်တိုင်တစ်ခုအဖြစ် တည်ရှိသွားသည်။

ထိုအချိန်မှစ၍ အင်မော်တယ်မြို့တော်က အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အထွတ်အမြတ်နယ်မြေ ဖြစ်လာသည်။

အင်မော်တယ်မြို့တော်၏ ဘေးပတ်ပတ်လည်တွင် ကြေမွပျက်စီးသွားခဲ့သော စကြာဝဠာက ကြယ်တာရာကောင်းကင်အဖြစ် ဆက်ပြီး မတည်ရှိတော့ပေ။ ယင်းအစား ၎င်းက ကုန်းမြေတစ်ခုဖြစ်လာပြီး ကျင့်ကြံသူများအတွက် ဗိမာန်တစ်ခုဖြစ်လာသည်။

အချိန်ကာလတစ်ခုကြာမြင့်ပြီးနောက် ဤနေရာမှာ အရေအတွက်များပြားသော ကျင့်ကြံသူများက ပေါ်ထွန်းလာကြသည်။ မရေမတွက်နိုင်သော ဂိုဏ်းများနှင့် ကလန်များသည်လည်း ထွက်ပေါ်လာကြသည်။

ထို့ပြင် ဤနေရာမှ ကျင့်ကြံသူအားလုံးနီးပါးမှာ အိမ်မက်တစ်ခု ရှိကြသည်။

ယင်းက အင်မော်တယ်မြို့တော်ဆီသို့ တတ်လှမ်းနိုင်ရန် ဖြစ်သည်။

သို့မှသာလျှင် သူတို့က နဂါးဂိတ်တံခါးကို ဖြတ်သန်းနိုင်ပြီး ကိုယ်ပိုင်သရုပ်၊ ကိုယ်ပိုင်အဆင့်အတန်းနှင့် ပိုမိုကောင်းမွန်သော အနာဂတ်ဘဝကို ပိုင်ဆိုင်နိုင်ကြလိမ့်မည်။

အင်မော်တယ်မြို့တော်မှ လူများသည် အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အရှင်သခင်များ ဖြစ်ကြသည်။

သို့သော်လည်း အင်မော်တယ်မြို့တော်က အဆင့်အတန်းမြင့်မားပြီး ဂုဏ်သိက္ခာကြီးမားသည်။ ၎င်းက ပြင်ပလောကနှင့် သီးခြားတည်ရှိနေသည်။

“ ကျင့်ကြံသူတိုင်းက အင်မော်တယ်မြို့တော်ကို တတ်လှမ်းချင်ကြပါတယ်… အင်မော်တယ်မြို့တော်ကို တတ်လှမ်းနိုင်မယ့်နည်းလမ်းက ယှဉ်ပြိုင်ဖို့ပါပဲ ”

လူငယ်က တိုးညင်းစွာ ပြောသည်။ သူက အင်မော်တယ်မြို့တော်အကြောင်းကို ပြောပြနေစဉ် သူ၏ မျက်လုံးက အလိုအလျောက် ဝင်းလက်သွားသည်။

“ ဘာလို့လဲဆိုတော့ အင်မော်တယ်မြို့တော်က အချိန်တစ်ခုကြာသွားတိုင်း မဟာအမဲလိုက်ပွဲတော်ကို ကျင်းပလေ့ရှိပါတယ် ”

“ ပြိုင်ပွဲအတွင်းမှာ အင်မော်တယ်မြို့တော်က အရည်အချင်းပြည့်မီတုံကင်တစ်သောင်းကို ဖြန့်ဝေပေးပါလိမ့်မယ်… အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှာ ရှိကြတဲ့ ကျင့်ကြံသူသန်းပေါင်းများစွာက အဲ့ဒီတုံကင်အတွက် ယှဉ်ပြိုင်တိုက်ခိုက်ကြပါလိမ့်မယ် ”

“ အဲ့ဒီလုပ်ငန်းစဉ်က အရမ်းရက်စက်ကြမ်းကြုတ်ပြီး သတ်ဖြတ်မှုက ထိတ်လန့်စရာကောင်းပါတယ် ”

“ ဘာလို့လဲဆိုတော့ တုံကင်တစ်သောင်းထဲက တုံကင်တစ်ခုကို ပိုင်ဆိုင်ထားတာက အရည်အချင်းပြည့်မီတယ်လို့ပဲ သတ်မှတ်နိုင်ပါတယ်… အင်မော်တယ်မြို့တော်ဆီ ဝင်ရောက်နိုင်မယ့် နောက်ဆုံးတတ်လှမ်းသူအရေအတွက်ကတော့ အဆင့်သတ်မှတ်ချက်ပေါ်မှာ မူတည်ပါတယ်… အများဆုံးအကြိမ်မှာ လူတစ်ထောင်ပဲ ဝင်ရောက်နိုင်ပါတယ်… တစ်ခါတစ်လေမှာ ထိပ်ဆုံးအယောက်တစ်ရာကိုပဲ လက်ခံပါတယ် ”

“ စီနီယာ… မင်းရဲ့ လက်ထဲက တုံကင်က အင်မော်တယ်မြို့တော် အရည်အချင်းပြည့်မီတုံကင်ပါ ”

All Chapters