အင်မော်တယ်မြို့တော် အရည်အချင်းပြည့်မီတုံကင်
Vol. 102 Ch. 1564
“ ဒီအရည်အချင်းပြည့်မီတုံကင်က… ကျွန်တော်သိသလောက် ပြောရရင် အုပ်ချုပ်သူလင်းဒူက အစွမ်းထက် ဓမ္မရတနာတွေအများကြီးကို ရောင်းချပြီး ကိုယ်ပိုင်အဆက်အသွယ်တွေကို အသုံးပြုပြီးနောက် အဲ့ဒါကို ဝယ်ယူခဲ့တာပါ ”
“ သူ့ရဲ့ ရည်ရွယ်ချက်က အဲ့ဒါကို တခြားတစ်ယောက်ဆီ လက်ဆောင်အဖြစ် ပေးချင်တာဖြစ်နိုင်ပါတယ်… အဲ့ဒါကြောင့် သူက တုံကင်ကို အသက်မသွင်းခဲ့ပါဘူး ”
“ မဟုတ်ရင် သူသေသွားတဲ့အခါ သူ့ရဲ့ တစ္ဆေအမှတ်အသားက တုံကင်ပေါ်မှာ ထွက်ပေါ်လာပါလိမ့်မယ် ”
လူငယ်က ဂရုတစိုက် ပြောသည်။ သူက မည်သည့်အရာကိုမှ ထိန်ချန်မထားဘဲ အလုံးစုံ ပြောပြသည်။ သူက ရွှီချင်းအပေါ် မကျေနပ်စိတ်နှင့် သစ္စာဖောက်ချင်သော အတွေးများကို အတင်းအကျပ် ဖိနှိပ်ထားသည်။
အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးသည် သူ့ထံမှ မကောင်းသော စိတ်ဆန္ဒသေးသေးလေးကိုပင် အာရုံခံနိုင်စွမ်းရှိကြောင်း သူသိသည်။
သို့ဖြစ်၍ သူက ဂရုတစိုက် ပြောသည်။
ရွှီချင်းက လူငယ်၏ စကားကို နားထောင်ပြီး တွေးတောလိုက်သည်။ ထို့နောက် သူက တုံကင်ကို ကြည့်လိုက်သည်။
တုံကင်ပေါ်မှာ တစ္ဆေအမှတ်အသား အမှန်တကယ် မရှိပေ။
ရွှီချင်းက အမူအရာကင်းမဲ့စွာဖြင့် လူငယ်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ဆက်ပြော ”
လူငယ်က နှလုံးတုန်သွားသည်။ ရွှီချင်း၏ အမူအရာမှတဆင့် တစ်ဖက်လူက သူ့အဖြေကို စိတ်ကျေနပ်မှုရှိမရှိ သူသေချာမပြောနိုင်ပေ။ သေခြင်းစိတ်ဆန္ဒက အားကောင်းနေဆဲပင်။ သို့ဖြစ်၍ သူက ဦးနှောက်ကို အမြန်အလုပ်ပေးလိုက်ပြီး အသုံးဝင်သော မှတ်ဉာဏ်များကို ရှာဖွေလိုက်သည်။ ထို့နောက် သူက ထပ်မံ ပြောသည်။
“ စီနီယာ… အင်မော်တယ်မြို့တော် အရည်အချင်းပြည့်မီတုံကင်က အတော်လေး ရှားပါးပါတယ်… တုံကင်တစ်ခုကို ရရှိတာက ကြီးမားတဲ့ ကံကြမ္မာကောင်းလို့ တချို့ကျင့်ကြံသူတွေက ထင်ကြပေမဲ့ အများစုကတော့ အဲ့ဒါကို အမင်္ဂလာတုံကင်အဖြစ် သတ်မှတ်ကြပါတယ် ”
“ တကယ်လို့ မင်းက အလုံအလောက် သန်မာတယ်ဆိုရင် ကောင်းကင်ပေါ်ကို ပျံတတ်ဖို့ ဒီအခွင့်အရေးကို အသုံးချနိုင်ပါတယ်… ဒါပေမဲ့ မင်းရဲ့ စွမ်းအားက မလုံလောက်ဘူးဆိုရင် ဒီတုံကင်ကို ကိုင်ဆောင်ထားတာက ကိုယ့်ဘာသာ သေမင်းကို ဖိတ်ခေါ်တာနဲ့ အတူတူပါပဲ ”
“ ဘာကြောင့်လဲဆိုတော့ တုံကင်တစ်ခုကို ပိုင်ဆိုင်ထားတာက တုံကင်မရှိသေးတဲ့ လူတွေရဲ့ လောဘကို ဆွဲဆောင်နိုင်လို့ပါပဲ… ဒါ့အပြင် တခြားတုံကင်ပိုင်ရှင်တွေရဲ့ ရန်ပြုတာကိုလည်း တွေ့ကြုံရနိုင်ပါတယ် ”
“ ဘာပဲပြောပြော အင်မော်တယ်မြို့တော်ဆီ ဝင်ခွင့်အရေအတွက်ကို နောက်ဆုံးအချိန်မှ ထုတ်ပြန်တာပါ… ဒါကြောင့် တစ်စုံတစ်ယောက်က ထိပ်ဆုံးအယောက်တစ်ရာစာရင်းမှာ မပါသေးသရွေ့ ကိုယ့်ကိုယ်ကိုယ် စိတ်ချနိုင်မှာ မဟုတ်ပါဘူး ”
“ ဒါကြောင့် တုံကင်ပိုင်ရှင်တွေကြားက သတ်ဖြတ်ခြင်းနဲ့ လုယက်ခြင်းက အရမ်းပြင်းထန်ပါတယ်… အဆင့်သတ်မှတ်တာကိုတော့ တုံကင်ပိုင်ဆိုင်ထားတဲ့ အရေအတွက်နဲ့ ဆုံးဖြတ်ပါတယ် ”
“ တုံကင်ပိုင်ရှင်တစ်ယောက်ကို သတ်ဖြတ်မယ်ဆိုရင် အဲ့ဒီလူရဲ့ တုံကင်နဲ့ တုံကင်ပေါ်က အမှတ်အသားအားလုံးကို ရရှိနိုင်လိမ့်မယ် ”
ထိုနေရာသို့ ရောက်သည့်အခါ လူငယ်က ရပ်လိုက်သည်။ သူက အင်မော်တယ်မြို့တော် အရည်အချင်းပြည့်မီတုံကင်နှင့်ပတ်သက်ပြီး ရွှီချင်းကို သူသိထားသမျှအားလုံး ပြောပြလိုက်သည်။
“ အင်မော်တယ်မြို့တော်ကို အဲ့ဒီတစ်နည်းတည်းနဲ့ ဝင်ရောက်နိုင်တာလား ”
ယင်းကို လူငယ်ကြားသောအခါ သူက အမြန်ပြန်ဖြေလိုက်သည်။
“ နောက်တစ်နည်း ရှိပါသေးတယ် ”
“ အင်မော်တယ်မြို့တော်အပြင်ဘက်က ကျင့်ကြံသူတွေထဲမှာ မဟာဧကရာဇ်အဆင့်ထိ ကျင့်ကြံနိုင်တဲ့လူတွေကို အမဲလိုက်ပွဲတော်မှာ ပါဝင်ခွင့်မပြုပါဘူး… သူတို့က ယာယီဝင်ရောက်ခွင့်ကို ရရှိကြပါလိမ့်မယ်… ဒါ့အပြင် တကယ်လို့ သူတို့က အနှစ်ငါးရာအတွင်း နွေဦးအင်မော်တယ်တစ်ပါး ဖြစ်လာမယ်ဆိုရင် အင်မော်တယ်မြို့တော်မှာ ထာဝရနေထိုင်ခွင့်ကို ရရှိကြပါလိမ့်မယ် ”
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။
“ ဒါဆိုရင် အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ အင်မော်တယ်မြို့တော်အပြင်ဘက်က ဧရိယာအားလုံးထဲမှာ အဆင့်အမြင့်ဆုံး ကျင့်ကြံသူတွေက မဟာဧကရာဇ်တွေလား ”
လူငယ်က ခေါင်းခါလိုက်သည်။
“ အဲ့လိုမဟုတ်ပါဘူး… အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှာ မရေမတွက်နိုင်တဲ့ ဂိုဏ်းတွေနဲ့ ကလန်တွေရှိကြပါတယ်… သူတို့ဆီမှာ အဆင့်နိမ့်အင်မော်တယ်တွေက မနည်းပါဘူး… ဘာလို့လဲဆိုတော့ အဆင့်နိမ့်အင်မော်တယ်အားလုံးက အင်မော်တယ်မြို့တော်ဆီ တတ်လှမ်းသွားပြီးရင် အဲ့ဒီမှာ ထာဝရနေထိုင်ဖို့ မရွေးချယ်ကြပါဘူး ”
“ အင်မော်တယ်မြို့တော်ထဲက လူအများစုက ကောင်းကင်ကို လှည့်ပတ်စောင့်ကြပ်ဖို့ တာဝန်ပေးခြင်းခံရပါတယ် ”
“ အဲ့ဒီအဆင့်နိမ့်အင်မော်တယ်တွေထဲမှာ တစ်ကိုယ်တော်ကျင့်ကြံသူတွေကလွဲရင် ကျန်အများစုက ဂိုဏ်းတွေနဲ့ ကလန်တွေရဲ့ ဘိုးဘေးတွေဖြစ်ကြပါတယ် ”
ရွှီချင်းက နှုတ်ဆိတ်သွားသည်။ ယခု သူက အမှတ်ငါးကြယ်တာရာစက်ဝန်းအကြောင်းကို ပိုပြီးနားလည်သွားသည်။
အမှတ်ငါးကြယ်တာရာစက်ဝန်းမှ ကျင့်ကြံသူများက အလွန်သန်မာလိမ့်မည်ဟု သူမျှော်လင့်ထားသော်လည်း လူငယ်၏ စကားကို ကြားသောအခါ ရွှီချင်းက နှလုံးတုန်သွားဆဲပင်။ အချိန်အတော်ကြာပြီးနောက် သူက လူငယ်၏ စကားကို ဆင်ခြင်သုံးသပ်လိုက်ပြီး ရုတ်တရက် ပြောသည်။
“ အဲ့တော့ တုံကင်ပိုင်ရှင်တွေကြားက တိုက်ပွဲနဲ့ သတ်ဖြတ်တာတွေကို မဟာဧကရာဇ်တွေနဲ့ အဆင့်နိမ့်အင်မော်တယ်တွေက ကြားဝင်နှောင့်ယှက်လို့မရဘူးပေါ့ ”
ရွှီချင်း၏ စကားကို ကြားသောအခါ လူငယ်က အမြန်ခေါင်းညိတ်လိုက်သည်။
“ အင်မော်တယ်မြို့တော်ရဲ့ စည်းမျဉ်းတွေအရတော့ သူတို့က တိုက်ရိုက် မကူညီပေးနိုင်ကြပါဘူး… ဒါပေမဲ့ သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ကူညီပေးတာကိုတော့ အင်မော်တယ်မြို့တော်က အတိုင်းအတာတစ်ခုထိ ခွင့်ပြုပါတယ်… အသေးစိတ်ကတော့ ကျွန်တော်သိနိုင်တဲ့အရာ မဟုတ်ပါဘူး ”
လူငယ်က စိုးရိမ်ကြောင့်ကြစွာ ပြောသည်။
ရွှီချင်းက တွေးတောစဉ်းစားလိုက်ပြီး လူငယ်ကို ကြည့်လိုက်သည်။
လူငယ်၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ ဆိုးဝါးသော ခံစားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက ရွှီချင်းကို အသနားခံလိုက်သည်။
ရွှီချင်းက လူငယ်ကို ဖမ်းဆုပ်လိုက်သည်။
သူ့လက်က လူငယ်၏ နဖူးပေါ်သို့ ဖိချသွားသည်။ တစ်ဖက်လူ၏ စကားက အမှန်ဟုတ်မဟုတ် သိနိုင်ရန် ရွှီချင်းက ဝိညာဉ်ရှာဖွေခြင်းကို လုပ်ဆောင်လိုက်သည်။
လူငယ်က စိုးရိမ်ကြောင့်ကြလာပြီး အသက်ရှူမြန်လာသည်။ သူ၏ သေခြင်းရှင်ခြင်းက ဤအခိုက်အတန့်မှာ အဆုံးအဖြတ်ပေးခြင်း ခံရတော့မည်ဖြစ်ကြောင်း သူသိလိုက်သည်။
သူက ဝိညာဉ်ရှာဖွေခြင်းကြောင့် ဒဏ်ရာမရစေရန် သူ၏ ကြောက်ရွံ့စိတ်ကို ထိန်းချုပ်လိုက်ပြီး မရုန်းကန်မိစေရန် အကောင်းဆုံး ကြိုးစားလိုက်သည်။
အချိန်တစ်ခဏ ကြာပြီးနောက် ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။
သူတို့ကြားမှ ကျင့်ကြံခြင်းအဆင့် ကွာခြားမှုနှင့် တစ်ဖက်လူက မရုန်းကန်သောကြောင့် ဝိညာဉ်ရှာဖွေခြင်းလုပ်ငန်းစဉ်က အလွန်ချောမွေ့သည်။ သို့ဖြစ်၍ တစ်ဖက်လူက ဒဏ်ရာအများကြီး မရရှိသွားပေ။
ဝိညာဉ်ရှာဖွေပြီးနောက် ရွှီချင်းက တစ်ခဏ တွေးတောလိုက်ပြီး လူငယ်ကို မသတ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။ ယင်းအစား သူက တစ်ဖက်လူ၏ ဝိညာဉ်ကို ချိပ်ပိတ်လိုက်ပြီး သူ၏ အာရုံခံစားမှုအားလုံးကို ဖြတ်တောက်လိုက်သည်။ ထို့နောက် သူ့ကို သိုလှောင်အိတ်ထဲမှာ ထည့်သိမ်းလိုက်သည်။
ရွှီချင်းအတွက်တော့ ထိုလူက အနည်းငယ် အသုံးဝင်နေဆဲပင်။ ထို့ပြင် သူက အားလုံးကို အမှန်တိုင်း ဖြေဆိုခဲ့လေရာ ဉာဏ်ကောင်းသူဖြစ်ကြောင်း ထင်ရှားသည်။
“ အမှတ်ငါးကြယ်တာရာစက်ဝန်းကနေ ငါထွက်သွားတဲ့အခါကျရင် မင်းရဲ့ လွတ်လပ်ခွင့်ကို ပြန်ပေးမယ်… ဒါပေမဲ့ ဒီအတောအတွင်းမှာတော့ မင်းက ငါ့ရဲ့ လမ်းညွှန်သူဖြစ်လာမယ် ”
ရွှီချင်းက သူ၏ နတ်ဘုရားစိတ်အာရုံကို ပို့လွှတ်လိုက်ပြီး အဆက်အသွယ်ကို ဖြတ်တောက်လိုက်သည်။ ထို့နောက် သူ၏ အကြည့်က သူ့အရှေ့မှ တုံကင်ပေါ်သို့ ကျရောက်သွားသည်။
တစ်ခဏတွေးတောပြီးနောက် တုံကင်ကို ချက်ချင်း အသက်မသွင်းရန် သူရွေးချယ်လိုက်သည်။ သို့ဖြစ်၍ သူက တုံကင်ကို ပြန်သိမ်းဆည်းလိုက်သည်။ ဤနေရာမှ သူထွက်သွားပြီးမှသာ အင်မော်တယ်မြို့တော်အတွက် ယှဉ်ပြိုင်ပွဲမှာ ပါဝင်သင့် မပါဝင်သင့်ကို စဉ်းစားဆုံးဖြတ်လိမ့်မည်။
“ ဒါဆို ဒီနေရာကနေ အရင်ထွက်သွားရအောင် ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက နတ်ဘုရားစိတ်အာရုံကို ဖြန့်ကြက်လိုက်လေရာ သူ၏ အကြည့်က ဝိညာဉ်သတ္ထုတွင်းထဲမှ ပူဖောင်းကမ္ဘာငယ်များပေါ်သို့ ကျရောက်သွားသည်။
ဤနေရာမှ ပူဖောင်းကမ္ဘာများ၏ ခုနစ်ဆယ်ရာခိုင်နှုန်းက ပြိုကွဲပျက်စီးသွားသည်။ သို့ဖြစ်၍ ကမ္ဘာငယ်များထဲမှ ဝိညာဉ်စွမ်းအင်က အပြင်သို့ ပျံ့နှံ့ထွက်လာပြီး ဤနေရာမှာ ပြည့်နှက်သွားသည်။ ယင်းက အလွန်သိပ်သည်းလေရာ မြူခိုးအဖြစ်ပင် ဖွဲ့စည်းသွားသည်။
ယင်းတို့အားလုံးက အမိုးခုံးပေါ်မှ ဝဲကတော့၏ စုပ်ယူခံနေရသည်။
သို့သော်လည်း ကမ္ဘာငယ်အများစုက ပြိုကွဲပျက်စီးသွားသောကြောင့် ဤစုပ်ယူမှုက အချိန်ကာလတစ်ခုထိမျှသာ ဖြစ်သည်။ ဝိညာဉ်စွမ်းအင်ကို ယခင်ကဲ့သို့ အဆုံးမဲ့စွာ မဆွဲထုတ်နိုင်တော့ပေ။
ကမ္ဘာငယ်များက ပြိုကွဲပျက်စီးသွားသည့်အခါ ယင်းတို့ထဲမှ သက်ရှိများသည် ဆက်ပြီး အသက်ဓာတ်စုပ်ယူမခံရတော့ပေ။ သို့ဖြစ်၍ အတိုင်းအတာတစ်ခုထိဆိုရလျှင် သူတို့က လွတ်လပ်မှုကို ရရှိသွားကြသည်။
သို့သော်လည်း သက်ရှိအများစုက ယခုအချိန်မှာ မိန်းမောတွေဝေနေကြသည်။ သူတို့က ထိတ်လန့်ချောက်ချားနေကြပြီး လက်ရှိအခြေအနေကို လက်မခံနိုင်ကြသေးပေ။ ထို့ပြင် သူတို့၏ နိမ့်ကျသော ကျင့်ကြံခြင်းအဆင့်ကြောင့် ကမ္ဘာငယ်၏ အပြင်ဘက်မှာ မနေထိုင်နိုင်ကြပေ။
ကမ္ဘာငယ်၏ အပြင်ဘက်မှ ကောင်းကင်အသစ်နှင့်ပတ်သက်ပြီး သူတို့က ဘာမှမသိထားကြပေ။
သို့သော်လည်း ယင်းက အချိန်တစ်ခဏမျှသာ ဖြစ်သည်။ သို့ဖြစ်၍ မကြာမီ ဤကမ္ဘာငယ်များထဲမှ ကောင်းကင်အရွေးချယ်ခံများသည် လောကနယ်နိမိတ်ကို ဖြတ်ကျော်ပြီး အပြင်ဘက်မှ အစစ်အမှန်ကောင်းကင်ကို မြင်တွေ့နိုင်ရန် ကြိုးစားလိုက်ကြသည်။
ရွှီချင်းက ထိုကိစ္စမှာ ဝင်မစွက်ဖက်ပေ။
“ သူတို့နဲ့ ငါ့ကြားမှာ ဘာကမ္မမှ မရှိဘူး… အဲ့ဒါက သူတို့ရဲ့ ကံကြမ္မာပဲ ”
တစ်ချိန်တည်းမှာ သူက နတ်ဘုရားစိတ်အာရုံကို ဖြန့်ကြက်လိုက်သည့်အခါ ဤနေရာက နတ်ဘုရားအကျဉ်းထောင်ဖြစ်ကြောင်း ပိုပြီးသေချာသွားသည်။ အဘယ့်ကြောင့်ဆိုသော် ပူဖောင်းကမ္ဘာငယ်များထဲတွင် နတ်ဘုရားတစ်ပါးစီကို ချိပ်ပိတ်ထားသောကြောင့် ဖြစ်သည်။
တချို့နတ်ဘုရားများက သေဆုံးသွားကြပြီး တချို့နတ်ဘုရားများက သေအံ့ဆဲဆဲအခြေအနေမှာ ရှိကြသည်။ ထို့ပြင် ၎င်းတို့အားလုံးက အသိဉာဏ်ဆုံးရှုံးထားကြသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် ဤနတ်ဘုရားအကျဉ်းထောင် သို့မဟုတ် ဤဝိညာဉ်သတ္ထုတွင်းက အဆင့်မမြင့်ကြောင်း ထင်ရှားသည်။
အဘယ့်ကြောင့်ဆိုသော် ဤနေရာတွင် ချိပ်ပိတ်ခံထားရသော နတ်ဘုရားအားလုံးက နတ်ဘုရားမီးတောက်အဆင့်မှာသာ ဖြစ်ကြသည်။ နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါးကို ရွှီချင်း အာရုံမခံမိပေ။
“ ဒါပေမဲ့ ဒီကနေ ငါမထွက်သွားခင် ဝဲကတော့ကို ဝိညာဉ်စွမ်းအင်တွေ စုပ်ယူစေမယ့်အစား ဘာလို့ ငါကိုယ်တိုင် မစုပ်ယူတာလဲ ”
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး ပါးစပ်ဟလိုက်ကာ အသက်ရှူသွင်းလိုက်သည်။
ချက်ချင်းဆိုသလို အလွန်သိပ်သည်းသော ဝိညာဉ်စွမ်းအင်က ဤနေရာမှာ ပရမ်းပတာ လှုပ်ခတ်သွားပြီး ရွှီချင်းထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားသည်။ ရွှီချင်းက အသက်ရှူသွင်းလိုက်သည့်အခါ ဝိညာဉ်စွမ်းအင်က သူ၏ ခန္ဓာကိုယ်ထဲမှာ ပျံ့နှံ့သွားသည်။ ယင်းက သူ၏ ခန္ဓာကိုယ်ကိုသာမက သူ၏ အန္တိမတာအိုခုနစ်ခုကိုလည်း အားဖြည့်ပေးလိုက်သည်။
သို့သော်လည်း အမိုးခုံးပေါ်မှ ဝဲကတော့က ဤနေရာမှ ဝိညာဉ်စွမ်းအင်ကို စုပ်ယူနေဆဲပင်။
သို့ဖြစ်၍ ရွှီချင်းက ခေါင်းမော့လိုက်ပြီး ဝဲကတော့ကို ကြည့်လိုက်သည်။ တစ်ခဏ တွေးတောပြီးနောက် သူက ဝဲကတော့ကို မဖျက်ဆီးရန် ရွေးချယ်လိုက်သည်။
မည်သို့ဖြစ်ပါစေ သက်လတ်ပိုင်းအုပ်ချုပ်သူက မသေဆုံးခင်မှာ ဝဲကတော့ကို ကြောက်လန့်တကြား ကြည့်သွားခဲ့ကြောင်း ရှင်းလင်းစွာ သူမှတ်မိနေဆဲပင်။
“ ဝိညာဉ်သတ္ထုတွင်းရဲ့ ပျက်စီးမှုက ဝဲကတော့ရဲ့ စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေမှာကို သူက စိုးရိမ်နေတာပဲ… ဒါဆိုရင် ဝဲကတော့ရဲ့ ဇစ်မြစ်က… ”
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။ တစ်ခဏ တွေးတောပြီးနောက် သူက တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ဒြပ်စင်ငါးမျိုးကို လှည့်ပတ်လိုက်သည်။ အချိန်နှင့်လေဟာနယ်သည်လည်း ထွက်ပေါ်လာသည့်အခါ ပိုမိုအားကောင်းသော စုပ်ယူမှုက သူ့ဆီမှာ ဖြစ်ပေါ်လာသည်။
ချက်ချင်းဆိုသလို ဤနေရာမှ ဝိညာဉ်စွမ်းအင်က အပိုင်းနှစ်ပိုင်းကွဲထွက်သွားသည်။ တစ်ပိုင်းက ဝဲကတော့ဆီသို့ ဦးတည်သွားပြီး အခြားတစ်ပိုင်းက ရွှီချင်း၏ စုပ်ယူခံလိုက်ရသည်။ ထိုသို့ဖြင့် အချိန်က တရွေ့ရွေ့ စီးဆင်းသွားသည်။
ဝိညာဉ်သတ္ထုတွင်းများထဲမှ ဝိညာဉ်စွမ်းအင်က တဖြည်းဖြည်း လျော့ကျသွားသည်နှင့်အမျှ ရွှီချင်း၏ ကျင့်ကြံခြင်းက တဖြည်းဖြည်း မြင့်တတ်လာသည်။ ထို့အတူ ဝဲကတော့က စုပ်ယူနေသော ဝိညာဉ်စွမ်းအင်သည်လည်း ပိုပြီးနည်းသထက် နည်းပါးလာသည်။
ယင်းက အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ နေရာတစ်နေရာတွင် သက်ရောက်မှုတစ်ခုကို ဖြစ်ပေါ်စေသည်။
ထိုလောကတွင် လျှပ်စီးများက ကောင်းကင်တစ်ခွင် ပြည့်နှက်နေပြီး မြေပြင်က သွေးပင်လယ်ပမာ နီရဲနေသည်။ လူနှစ်ယောက်က လေထဲမှာ အပြင်းအထန် တိုက်ခိုက်နေကြသည်။
သူတို့နှစ်ယောက်စလုံးက လူငယ်များ ဖြစ်ကြသည်။ တစ်ယောက်က ဆံပင်အနီရောင်ဖြစ်ပြီး အခြားတစ်ယောက်က ဆံပင်အဖြူရောင်ဖြစ်သည်။ သူတို့နှစ်ယောက်စလုံး၏ မျက်လုံးထဲမှာ ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ကိန်းအောင်းနေသည်။ သူတို့၏ တိုက်ခိုက်မှုတိုင်းမှာ မဟာတာအိုနှင့် အခွင့်အာဏာက ကိန်းအောင်းနေသည်။
ဆံပင်အနီနှင့် လူငယ်၏ ခန္ဓာကိုယ်ပေါ်တွင် ဝဲကတော့ပုံစံတိုတမ်များ ဒါဇင်ခန့်ရှိသည်။ ထိုဝဲကတော့တိုတမ်များက သူ့အား အလွန်သိပ်သည်းသော ဝိညာဉ်စွမ်းအင်ကို ထောက်ပံ့ပေးသည်။ ယင်းက သူ၏ ကျင့်ကြံခြင်းစွမ်းအားကို အဆုံးမဲ့စွာ မြှင့်တင်ပေးသည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဝဲကတော့တိုတမ်တစ်ခုက ရုတ်တရက် အရောင်မှေးမှိန်လာပြီး ယင်းထံမှ ထောက်ပံ့ပေးသော ဝိညာဉ်စွမ်းအင်က အလွန်နည်းပါးသွားသည်။
အကယ်၍ တခြားအချိန်မှာသာဆိုလျှင် သူက ဝိညာဉ်သတ္ထုတွင်းဝဲကတော့တစ်ခု ခမ်းခြောက်သွားသည်ကို ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ယခု သူက သေခြင်းရှင်ခြင်းတိုက်ပွဲကို ဆင်နွှဲနေခြင်းဖြစ်သည်။ ကောင်းကင်အရွေးချယ်ခံတစ်ယောက်အနေဖြင့် သူက တစ်ဖက်လူကို အနိုင်ယူရန် အကောင်းဆုံး ကြိုးစားရမည်။ တစ်ဖက်လူကို သူသတ်ပစ်နိုင်သည်နှင့် သူ၏ တုံကင်အမှတ်အသားများက တစ်ဟုန်ထိုး တိုးပွားသွားလိမ့်မည်။
သို့ဖြစ်၍ ဤတိုက်ပွဲမှာ သူက သေချာပေါက် အနိုင်ရရမည်။
သို့သော်လည်း သူမမျှော်လင့်ထားသော မတော်တဆမှုတစ်ခုက ရုတ်တရက် ဖြစ်ပေါ်လာသည်။
“ သေစမ်း… အဲ့ဒီဝိညာဉ်သတ္ထုတွင်းက ဘာဖြစ်သွားတာလဲ… ဒီလောက် အရေးကြီးတဲ့အချိန်ကျမှ… ”
အနီရောင်ဆံပင်နှင့် လူငယ်က မျက်နှာသုန်မှုန်သွားသည်။
သို့သော်လည်း သူက တိုက်ခိုက်နေဆဲဖြစ်သောကြောင့် ဝိညာဉ်သတ္ထုတွင်းကို စစ်ဆေးရန် အချိန်မရှိပေ။ သို့ဖြစ်၍ သူက ဤကိစ္စကို မေ့ထားလိုက်ပြီး တားမြစ်အတတ်ပညာများကို အစွမ်းကုန် ထုတ်သုံးလိုက်သည်။
တစ်ချိန်တည်းမှာ ဝိညာဉ်သတ္ထုတွင်း၏ အပြင်ဘက်ရှိ မှောင်ရီသော ကောင်းကင်အောက်တွင် အနက်ရောင်လှေတစ်စင်းက မြန်ဆန်စွာ ရွေ့လျားနေသည်။ လှေပေါ်တွင် အဖြူရောင်အလံတစ်ခု ရှိသည်။
ပုံရိပ်ရှစ်ခုကိုးခုက လှေပေါ်မှာ ထိုင်နေကြသည်။ သူတို့အားလုံးက လှေပေါ်မှာ အပန်းဖြေနေကြဟန်ရပြီး ရယ်ရယ်မောမော စကားပြောနေကြသည်။
လှေပေါ်မှ တိုတမ်က ထင်ရှားလာသည့်အခါ ယင်းက စက်ဝိုင်းသဏ္ဍာန်ဖြစ်ကြောင်း ပိုပြီးရုပ်လုံးပေါ်လာသည်။ ဤသည်မှာ ယင်းက ထူးခြားသော အဓိပ္ပာယ်တစ်ခုဖြစ်ဟန် ရ၏။
ဤအခိုက်အတန့်မှာ အလံတိုင်က တဖျပ်ဖျပ်လှုပ်ခတ်နေစဉ် ရယ်မောသံများက လေထဲမှာ ပျံ့လွင့်သွားသည်။
“ အဲ့ဒီအရှေ့မှာ စီနီယာလင်းဒူ စောင့်ကြပ်နေတဲ့ ငါတို့ကလန်ရဲ့ ဝိညာဉ်သတ္ထုတွင်းတစ်ခု ရှိတယ်… အဲ့ဒီကို ငါတို့ရောက်တဲ့အခါ ကောင်းကောင်း အနားယူကြမယ် ”
“ ဒီတစ်ခေါက်တာဝန်က စိတ်ကျေနပ်ဖွယ် ရလဒ်တွေနဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို စုဆောင်းပြီး ကလန်ဆီ ပြန်တင်ပြဖို့ပဲ… အခု ငါက ဝိညာဉ်သတ္ထုတွင်းထဲက ကမ္ဘာငယ်တစ်ခုဆီ အလည်သွားပြီး အပျော်ရှာဖို့ စီစဉ်ထားတယ်… ဒီခရီးစဉ်က အရမ်းပင်ပန်းတာပဲ… ဒီတော့ အနားယူဖို့အတွက် ငါလုပ်ဆောင်ရမယ် ”
ကမ္ဘာငယ်တစ်ခုဆီ အလည်သွားပြီး အပျော်ရှာမည်ဟု ကြားသည့်အခါ လှေပေါ်မှ လူတိုင်းက ရယ်မောလိုက်ကြသည်။ စိတ်လှုပ်ရှားမှုက သူတို့၏ အကြည့်ထဲမှာ ထွက်ပေါ်လာသည်။
သူတို့ကဲ့သို့ ပညာရှင်ကျင့်ကြံသူများအတွက်တော့ ဝိညာဉ်သတ္ထုတွင်းများထဲမှ ကမ္ဘာငယ်များက အနားယူရန်နှင့် အပျော်ရှာရန် အထူးကောင်းမွန်သော နေရာတစ်နေရာ ဖြစ်သည်။
သူတို့က ရယ်ရယ်မောမော စကားပြောနေကြစဉ် ဧရာမအမိုးခုံးတစ်ခုက သူတို့၏ အရှေ့မှာ ထွက်ပေါ်လာသည်။ ယင်းက သူတို့၏ ပန်းတိုင်ဖြစ်သည်။
“ ငါတို့ရောက်ပြီ ”
လှေက လေထဲမှာ တစ်ခဏ ရပ်တန့်သွားပြီး ဝိညာဉ်သတ္ထုတွင်းဆီသို့ ဦးတည်သွားသည်။