← Chapters

အခွင့်အာဏာ၏ အရင်းအမြစ်(ခ)

Vol. 102 Ch. 1571

အခွင့်အာဏာ၏ အရင်းအမြစ်(ခ)

Vol. 102 Ch. 1571

သစ်ပင်များက အပြင်းအထန် လှုပ်ယမ်းသွားကြသည်။ မြက်ပင်နှင့် သစ်ပင်များက အသက်ဝင်လာကြဟန်ရပြီး ရက်စက်ကြမ်းကြုတ်သော ဝိညာဉ်ရိုင်းများအဖြစ် ပြောင်းလဲသွားဟန် ရ၏။

သစ်ပင်အားလုံးက နိုးထလာကြပြီး ရူးသွပ်စွာ ကြီးထွားလာကြသည်။ ယင်းက ဤဧရိယာထဲမှ သစ်သားစွမ်းအားကို ချက်ချင်း မြင့်တတ်သွားစေသည်။

မြို့ထဲတွင် သတ္ထုနှင့်ပတ်သက်သော အရာအားလုံးက သက်ရောက်ခံလိုက်ရသည်။ ဓမ္မရတနာများဖြစ်စေ သို့မဟုတ် ဓမ္မလက်နက်များဖြစ်စေ သတ္ထုဖြင့် ပြုလုပ်ထားသော အရာအားလုံးက ရုတ်တရက် တုန်ယင်သွားကြသည်။ ယင်းတို့အားလုံးက တစ်စုံတစ်ယောက်၏ အတင်းအဓမ္မ ထိန်းချုပ်ခံလိုက်ရသည့်အလား လေထဲသို့ မြှောက်တတ်သွားကြသည်။

အဝေးမှ ကြည့်လျှင် ဒြပ်စင်ငါးမျိုးက ရုတ်တရက် စုဝေးသွားကြပြီးနောက် ကောင်းကင်ပေါ်တွင် ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

ကောင်းကင်က တအိအိ လှိုင်းထသွားပြီး ကောင်းကင်ဘုံမီးတောက်များက နေရာတိုင်းမှာ ထွက်ပေါ်လာကြသည်။ အနီရောင်မီးတောက်များက မိုးသောက်အလင်းကို ဖုံးလွှမ်းသွားပြီး စီးဆင်းနေသော မီးပင်လယ်တစ်ခုပမာ လောင်ကျွမ်းသွားသည်။

ပြင်းထန်သော အပူဓာတ်က ဤအခိုက်အတန့်မှာ ထွက်ပေါ်လာသည်။

ယင်း၏ အရှိန်အဝါက ကြီးကျယ်ခမ်းနားသည်။

တစ်ချိန်တည်းမှာ ဘေးပတ်ပတ်လည်က တုန်လှုပ်သွားသည်။ ရေနှင့်ဆက်စပ်သော အရာဝတ္ထုအားလုံးက အပြင်သို့ စိမ့်ထွက်လာပြီး လောကကို ရွှံ့ပင်လယ်တစ်ခုပမာ လွှမ်းခြုံသွားသည်။

ဤတစ်ကြိမ်တွင် ဒြပ်စင်ငါးမျိုး၏ ဆင်းသက်လာမှုက အုပ်ချုပ်သူလင်းဒူနှင့် ရွှီချင်းတိုက်ခိုက်ခဲ့စဉ်အခါကနှင့် လုံးဝမတူညီတော့ပေ။ ယင်းတို့က ကောင်းကင်ဘုံတာအိုအဖြစ် ဖွဲ့စည်းသွားခြင်း မဟုတ်ပေ။ ယင်းအစား ရွှီချင်း၏ စိတ်ဆန္ဒအောက်မှာ ဒြပ်စင်ငါးမျိုးက အခွင့်အာဏာ တာအိုအမှတ်အသားများအဖြစ် ပြောင်းလဲသွားကြသည်။

ထိုတာအိုအမှတ်အသားများ ထွက်ပေါ်လာသည်နှင့်ချက်ချင်း မုန်တိုင်းက အစပျိုးလာသည်။

သက်လတ်ပိုင်းအမျိုးသား၏ မျက်လုံးထဲတွင် ထိုမြင်ကွင်းက မယုံကြည်နိုင်စရာကောင်းသော အတွင်းစိတ်ဟိန်းသံအဖြစ် ပြောင်းလဲသွားသည်။

ယင်းက အစောနက သူ၏ မိုးအခွင့်အာဏာ လုယက်ခံလိုက်ရခြင်းထက် ပိုပြီးချောက်ချားစရာကောင်းသည်။

“ အခွင့်အာဏာငါးခု ”

“ မဖြစ်နိုင်တာ ”

လှိုင်းလုံးများက သက်လတ်ပိုင်းအမျိုးသား၏ စိတ်ထဲမှာ ထွက်ပေါ်လာကြသည်။ ဤသည်မှာ မိုးကြိုးသန်းပေါင်းများစွာက သူ၏ စိတ်ထဲမှာ တစ်ပြိုင်နက် ပေါက်ကွဲသွားသည့်အလားပင်။

သူသိထားသည်မှာ အခွင့်အာဏာငါးခုသည် ကြယ်ရှစ်ပွင့်စာရင်းထဲ၌ သတ်မှတ်ခံရရန် လုံလောက်ပေသည်။

အရေးကြီးဆုံးမှာ အခွင့်အာဏာငါးခုကို ပိုင်ဆိုင်ထားသော ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို တစ်ခါမှ သူမကြားဖူးချေ။

“ မင်းဘယ်သူလဲ ”

သက်လတ်ပိုင်းအမျိုးသားက တုန်လှုပ်ချောက်ချားသွားသည်။ သို့သော်လည်း သူက ရွှီချင်းထံမှ အဖြေကို ပြန်မရနိုင်သည်မှာ ထင်ရှားသည်။ ရွှီချင်းက သူ့ထံသို့ ချဉ်းကပ်ရောက်ရှိလာသည်။

နောက်အခိုက်အတန့်မှာ ကျယ်လောင်သော မြည်သံက မြို့၏ ဂိတ်တံခါးနားမှာ ပေါက်ကွဲသွားသည်။ ဘေးပတ်ဝန်းကျင်က ဖရိုဖရဲဖြစ်သွားသည်။ အပြင်လူများသည် ထိုတိုက်ပွဲကို ရှင်းလင်းစွာ မမြင်နိုင်ကြပေ။

အကယ်၍ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းက အလုံအလောက် မသန်မာလျှင် သူတို့က တစ်ချက်ကြည့်ရုံဖြင့် ဖျက်ဆီးခံရလိမ့်မည်။

အကယ်၍ သူတို့၏ ကျင့်ကြံခြင်းက မြင့်မားသည်ဆိုလျှင်ပင် အုပ်ချုပ်သူအဆင့်သို့ မရောက်ရှိသေးသရွေ့ သူတို့မြင်နိုင်သည်မှာ စိတ်ကူးယဉ်ပန်းချီကားမျှသာ ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ဤတိုက်ပွဲက သူတို့၏ နားလည်နိုင်စွမ်းထက် အများကြီး ကျော်လွန်နေသောကြောင့် ဖြစ်သည်။

သူတို့ဆီမှာ လုံလောက်သော နားလည်နိုင်စွမ်းမရှိလျှင် သူတို့၏ အသိစိတ်က ပရမ်းပတာဖြစ်သွားလိမ့်မည်။ သို့ဖြစ်၍ တိုက်ပွဲကို ရှင်းလင်းစွာ မြင်တွေ့နိုင်ရန် သူတို့အတွက် အလွန်ခက်ခဲသည်။

ဤအခိုက်အတန့်မှာ သူတို့ထွင်းဖောက်မမြင်နိုင်သော စိတ်ကူးယဉ်ပန်းချီကားထဲ၌ ဒြပ်စင်ငါးမျိုး၏ အခြားတစ်ဖက်တွင် လေဟာနယ်က ဖရိုဖရဲဖြစ်သွားပြီး အချိန်က ရပ်တန့်သွားသည်။

အချိန်အတော်ကြာပြီးနောက် ဓားအလင်းတစ်ခုက စိတ်ကူးယဉ်ပန်းချီကားထဲမှ ပျံသန်းထွက်လာပြီး မူမမှန်သော ပုံပျက်တွန့်လိမ်မှုကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် မြင်ကွင်းက ပုံမှန်ပြန်ဖြစ်သွားသည်။

ထိုမြင်ကွင်းထဲတွင် သက်လတ်ပိုင်းအမျိုးသားက နေရာမှာ ရပ်နေပြီး သွေးက သူ၏ ပါးစပ်ထောင့်မှ စီးကျနေသည်။ သူ၏ ဆံပင်က ဖရိုဖရဲဖြစ်နေသည်။

ထိတ်လန့်ဖွယ်အကောင်းဆုံးမှာ ဓားတစ်လက်က သူ၏ ဦးခေါင်းထိပ်မှတဆင့် ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်သွားခြင်း ဖြစ်သည်။

သွေးသည် သူ၏ ဒွါရခုနစ်ပေါက်မှ စီးကျလာသည်။

ရွှီချင်းက လေထဲမှ သက်လတ်ပိုင်းအမျိုးသားကို စိုက်ကြည့်လိုက်သည်။

သက်လတ်ပိုင်းအမျိုးသားက ခက်ခက်ခဲခဲ ခေါင်းမော့လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

သူက တစ်စုံတစ်ခု ပြောချင်နေဟန် ရ၏။ သို့သော်လည်း သူက ပါးစပ်ဟလိုက်သည့်အခါ စကားလုံးအစား သွေးသည်သာ သူ၏ ပါးစပ်ထဲမှ ထွက်ကျလာသည်။

ရွှီချင်းမှာ သူ့စကားကို နားထောင်ရန် အစီအစဉ်မရှိပေ။ သူက လက်မြှောက်လိုက်ပြီး ဧကရာဇ်ဓားကို ပြန်ဆင့်ခေါ်လိုက်သည်။

သက်လတ်ပိုင်းအမျိုးသား၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ၏ မျက်လုံးထဲမှ အလင်းရောင်က မှေးမှိန်သွားသည်။

ရွှီချင်း၏ ဖမ်းဆုပ်မှုအောက်မှာ တစ်ဖက်လူ၏ မိုးအခွင့်အာဏာက သလင်းကျောက်အရည်အဖြစ် ပြောင်းလဲသွားပြီး သူ့ဆီသို့ ပျံသန်းလာသည်။ ထို့နောက် သလင်းကျောက်အရည်က သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး သူ၏ ဒြပ်စင်ငါးမျိုးကို အားဖြည့်ပေးလိုက်သည်။

ထို့နောက် ဒြပ်စင်ငါးမျိုးထဲမှ ရေဒြပ်စင်က ရုတ်တရက် ပိုပြီးအစွမ်းထက်လာသည်။

ရွှီချင်း၏ အရှိန်အဝါသည်ပင် ဤတိုက်ပွဲမတိုင်ခင်ကထက် အများကြီး ပိုအားကောင်းလာသည်။

ထို့ပြင် သူက သက်လတ်ပိုင်းအမျိုးသား၏ သိုလှောင်အိတ်ကိုလည်း ယူဆောင်လိုက်သည်။

အကျိုးအမြတ်က ထိုမျှသာ မကသေးပေ။ တခြားတုံကင်များအပေါ် ရွှီချင်း၏ အာရုံခံနိုင်စွမ်းက ဤအခိုက်အတန့်မှာ ယခင်ကထက် ဆယ်ဆပိုတိုးမြှင့်သွားသည်။

တစ်ချိန်တည်းမှာ အသစ်ပြောင်းလဲသွားသော အဆင့်သတ်မှတ်ချက်က ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

‘ တောင်ပိုင်းကြယ်စင်စု… အဆင့်(၁၁၄၅) ’

ဘေးပတ်ဝန်းကျင်က လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားသည်။

ရွှီချင်းက နေရာမှာ ရပ်နေသော အလောင်းကို ကြည့်လိုက်သည်။ သူက လက်မြှောက်လိုက်သည့်အခါ အရာအားလုံးက ပျက်စီးသွားသည်။ ဤနေရာမှ တိုက်ပွဲလက္ခဏာများသည်ပင် သူ၏ ပယ်ဖျက်ခြင်းအခွင့်အာဏာအောက်မှာ ဖျက်ဆီးခံလိုက်ရသည်။

“ ဝိညာဉ်သတ္ထုတွင်းကို စောင့်ကြပ်တဲ့ အဲ့ဒီအုပ်ချုပ်သူနဲ့ ငါတိုက်ခိုက်ခဲ့တုန်းကသာ အခုလို အတွေးရခဲ့မယ်ဆိုရင် အဖိုးကိုးရဲ့ ဓားစွမ်းအင်ကို ထုတ်သုံးစရာမလိုလောက်ဘူး ”

ရွှီချင်းက လေးနက်စွာ တွေးတောလိုက်သည်။ သို့သော်လည်း အတိတ်မှာ သူက ဒြပ်စင်ငါးမျိုး၏ အခွင့်အာဏာများကို ဆင်ခြင်နားလည်ခဲ့မည်ဆိုလျှင်ပင် အဖိုးကိုး၏ ဓားစွမ်းအင်ကို သေချာပေါက် ထုတ်သုံးရဦးလိမ့်မည်ဟု ခံစားမိနေဆဲပင်။

မည်သို့ဖြစ်ပါစေ ထိုအချိန်တုန်းက သူက အပြင်ဘက်မှ အခြေအနေကို ဘာမှမသိထားလေရာ တစ်ဖက်လူကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်းက အမှန်ကန်ဆုံး ရွေးချယ်မှုဖြစ်သည်။ ထိုသို့တွေးမိသောအခါ ရွှီချင်းက အတိတ်ကို ထပ်ပြီး မစဉ်းစားတော့ပေ။ ယင်းအစား သူက အဝေးသို့ ကြည့်လိုက်သည်။

“ ငါဒီမှာ ကြာကြာနေလို့ မဖြစ်ဘူး ”

သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး ချက်ချင်း ထွက်သွားသည်။

…..

အနီရောင်မိုးသောက်အလင်းက ကောင်းကင်ပေါ်မှာ စီးဆင်းနေသည်။

ကောင်းကင်ပေါ်တွင် ရွှီချင်းက အလွန်မြန်ဆန်သော အလျင်ဖြင့် ပျံသန်းနေလေရာ သူ၏ ခန္ဓာကိုယ်က သက်တံ့အသွင် ပြောင်းလဲသွားသည်။

သူက သတိကြီးစွာထား၍ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးနေရင်း အစောနက တိုက်ပွဲအကြောင်းကို ပြန်စဉ်းစားလိုက်သည်။

ထိုတိုက်ပွဲတွင် သူ၏ ဒြပ်စင်ငါးမျိုးက အခွင့်အာဏာများအဖြစ် ပြောင်းလဲသွားကြပြီး တစ်ဖက်လူ၏ မိုးအခွင့်အာဏာကိုလည်း သူက စုပ်ယူနိုင်ခဲ့သည်။

ယင်းက ရွှီချင်း၏ နားလည်သဘောပေါက်မှုအပေါ် အလွန်အကျိုးရှိသည်။

ယင်းက သူ၏ ယခင်ခန့်မှန်းမှုကို အတည်ပြုနိုင်စေခဲ့သည်။ သို့ဖြစ်၍ သူက အုပ်ချုပ်သူအဆင့်ကို ပိုပြီးနားလည်လာသည်။

ဤမတိုင်ခင် ရွှီချင်းသိထားခဲ့သော ကျင့်ကြံခြင်းလမ်းစဉ်အရ ဗလာနတ္ထိအဆင့်သည် ကောင်းကင်နှင့် မြေပြင်ကြားမှ နိယာမများနှင့် ဥပဒေသများကို ဆင်ခြင်နားလည်ရသော အဆင့်ဖြစ်သည်။

ဗလာနတ္ထိအဆင့်၏ အဆင့်လေးဆင့်စလုံးက ထိုသဘောတရားအတိုင်း ဖြစ်သည်။ သို့ဖြစ်၍ ဗလာနတ္ထိအဆင့် ကျင့်ကြံသူများသည် သူတို့နေထိုင်ရာလောကမှ ကောင်းကင်ဘုံတာအို၏ နိယာမများကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ရန် လုပ်ဆောင်ကြရသည်။

ထိုနိယာမများကို ထိန်းချုပ်နိုင်မှသာလျှင် သူတို့က ကိုယ်ပိုင်မဟာလောကတစ်ခုကို ဖွဲ့စည်းနိုင်လိမ့်မည်။

နိယာမများကို ထိန်းချုပ်နိုင်ခြင်းက နိယာမများ၏ ဇစ်မြစ်ဖြစ်လာခြင်းဟု မဆိုလိုကြောင်း ရွှီချင်း နားလည်သည်။ ယင်းအစား သူတို့က နိယာမများကို နားလည်ပြီး ယင်းတို့ကို အသုံးပြုနိုင်ရန် အရည်အချင်းပြည့်မီသွားရုံမျှသာ ဖြစ်သည်။

အတိုချုပ်ပြောရလျှင် ယင်းက သူတို့နေထိုင်ရာ လောကကြီးအကြောင်းကို အရင်ဦးဆုံး ဆင်ခြင်နားလည်ပြီး ကိုယ်ပိုင်မဟာလောကတစ်ခုကို ဖွဲ့စည်းရခြင်း ဖြစ်သည်။

အလုံးစုံခြုံကြည့်လျှင် ယင်းက စုစည်းသည့် လုပ်ငန်းစဉ်နှင့် ဆင်တူသည်။

သို့ဖြစ်၍ ရွှီချင်းက ဗလာနတ္ထိအဆင့်မှ ဝိညာဉ်စုစည်းခြင်းအဆင့်သို့ တိုက်ရိုက် တတ်လှမ်းသွားခြင်း ဖြစ်သည်။

ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းတစ်ခုမှာ အတိတ်တွင် သူက နိယာမများနှင့်ပတ်သက်ပြီး အလုံအလောက် ဆင်ခြင်နားလည်ထားခဲ့သည်။ တခြားအကြောင်းအရင်းမှာ ငရဲမီးတောက်၏ ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေသော မူလစွမ်းအင်က အလွန်အမင်း သန့်စင်ခြင်း ဖြစ်သည်။

သို့ဖြစ်၍ ရွှီချင်းက ရွှမ်ကမ္ဘာမြေ၏ အန္တိမတာအိုဆယ်ခုကို ဆင်ခြင်နားလည်ပြီးနောက် မူလစွမ်းအင်၏ အာဟာရဖြည့်ပေးမှုအောက်မှာ ဝိညာဉ်စုစည်းခြင်းအဆင့်သို့ တိုက်ရိုက် အဆင့်ချိုးဖြတ်နိုင်သွားခဲ့သည်။

သူက မဟာလောကခုနစ်ခုကိုပင် တစ်ခါတည်း ဖွဲ့စည်းနိုင်ခဲ့သည်။

ဝိညာဉ်စုစည်းခြင်းအဆင့်သည် ဝမ်ကူးကုန်းမြေ၏ အခေါ်အဝေါ်သာ ဖြစ်သည်။ တခြားနေရာများတွင် ထိုအဆင့်ကို အင်မော်တယ်စုစည်းခြင်းဟု သိထားကြသည်။

All Chapters