← Chapters

ဉာဏ်များသူချင်း တွေ့ဆုံခြင်း(က)

Vol. 102 Ch. 1574

ဉာဏ်များသူချင်း တွေ့ဆုံခြင်း(က)

Vol. 102 Ch. 1574

ရွှီချင်း၏ လှိုဏ်ဂူနှင့် ကီလိုမီတာလေးသိန်းခွဲအကွာတွင်…

ကောင်းကင်ပေါ်မှ အနီရောင်မိုးသောက်အလင်းအောက်တွင် ဝတ်စုံအဝါနှင့် လူငယ်တစ်ယောက်က မြန်ဆန်စွာ ပျံသန်းနေသည်။

သူ၏ အလျင်က အလွန်မြန်ဆန်လေရာ သူက လေကို ဆုတ်ဖြဲသွားသည်။ သို့ဖြစ်၍ သူ့ကို သာမန်မျက်စိဖြင့် မြင်နိုင်ရန် အလွန်ခဲယဉ်းပေသည်။

ထို့ပြင် သူ၏ ပစ်မှတ်က ရှင်းလင်းသည်။ ယင်းက ရွှီချင်း၏ တည်နေရာဖြစ်သည်။ သူက အရှေ့သို့ ရွေ့လျားသွားနေစဉ် သူ၏ ကျင့်ကြံခြင်းအရှိန်အဝါက ပေါ်လျှိုးထွက်လာသည်။ ယင်းက အလယ်အလတ်အဆင့် အုပ်ချုပ်သူနှင့် အလွန်နီးကပ်သည်။ ထို့ပြင် သူက အရှေ့သို့ ပျံသန်းသွားနေစဉ် သူ၏ အရှိန်အဝါက တစ်ဟုန်ထိုး သိပ်သည်းသွားသည်။

သူ၏ အသွင်သဏ္ဍာန်သည်တော့ သာမန်ဖြစ်ပုံပေါ်သည်။ သို့သော်လည်း သူ၏ ညာဘက်ပါးတွင် မွေးရာပါအမှတ်တစ်ခုရှိလေရာ ယင်းက သူ့ကို အရုပ်ဆိုးအကျည်းတန်စေသည်။

သူ၏ မျက်လုံးက မှိတ်တုတ်မှိတ်တုတ် ဝင်းလက်တောက်ပနေလေရာ သူက ဉာဏ်များသူဖြစ်ကြောင်း ထင်ရှားသည်။ ထိုသို့လူက သာမန်မဟုတ်နိုင်ပေ။

ဤအခိုက်အတန့်မှာ သူ၏ မျက်လုံးက တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။

“ လုံးဝ မရွေ့လျားဘူးလား ”

“ စိတ်ဝင်စားစရာပဲ… ”

“ ဒီလူရဲ့ တုံကင်က စဦးအဆင့်မှာပဲ ရှိသေးလို့ ငါ့ကို အာရုံမခံမိတာလား… ဒါမှမဟုတ် သူက ငါ့ကို အာရုံခံမိထားပြီး ထောက်ချောက်တစ်ခု ဆင်နေတာလား ”

“ ဒါပေါ့… တတိယဖြစ်နိုင်ခြေတစ်ခု ရှိသေးတယ်… ဒီလူက ကိုယ့်ကိုယ်ကိုယ် အရမ်းယုံကြည်မှုရှိတဲ့လူ ဖြစ်နိုင်တယ်… ”

လူငယ်က မျက်လုံးမှေးကျဉ်းလိုက်ပြီး တွေးတောလိုက်သည်။ သို့သော်လည်း သူ၏ အလျင်က နည်းနည်းမှ လျော့ကျမသွားပေ။

“ ဒါပေမဲ့ ထောက်ချောက်တွေကို ငါက မကြောက်ဘူး ”

“ တကယ်လို့ တတိယဖြစ်နိုင်ခြေဆိုရင်တောင် ငါ့မှာ အစီအစဉ်ရှိသေးတယ် ”

ယင်းကို တွေးမိသောအခါ သူက ရုတ်တရက် လက်မြှောက်လိုက်ပြီး သူအထူးဖန်တီးထားသော လေဟာနယ်သိုလှောင်လက်စွပ်နှစ်ကွင်းထဲမှ တစ်ကွင်းကို ထုတ်လိုက်သည်။ ထို့နောက် သူက ယင်းကို အောက်သို့ ပစ်ချလိုက်သည်။

သူ၏ အောက်ဘက်သည် ရွှံ့မြေဖြစ်သည်။ လက်စွပ်က ရွှံ့မြေပေါ်သို့ မြန်ဆန်စွာ ပြုတ်ကျသွားပြီး အထဲသို့ နစ်မြုပ်သွားသည်။

ယင်းက သာမန်ကာလျှံကာ လုပ်ဆောင်မှုတစ်ခုသာ ဖြစ်ဟန်ရပြီး လူငယ်၏ အချိန်ကို အများကြီး မကုန်ဆုံးစေခဲ့ပေ။ သူက အရှေ့သို့ ဆက်ပြီး ရွေ့လျားသွားသည်။

ယေဘုယျအားဖြင့် သိုလှောင်လက်စွပ်ထဲမှာ သိုလှောင်ထားသော လေဟာနယ်တစ်ခု ပါရှိသည်။ သို့ဖြစ်၍ လက်စွပ်ကို ထိုလေဟာနယ်ဆီသို့ ဦးတည်သွားသော တံခါးပေါက်တစ်ခုအဖြစ် သဘောထားနိုင်သည်။ အခြေခံအားဖြင့် ထိုတံခါးကို ဖွင့်လှစ်ရန် နည်းလမ်းတစ်ခုသာ ရှိသည်။

သို့သော်လည်း ဤလူငယ်က ထိုသို့တံခါးကို နှစ်ခုဖန်တီးထားသည်။

ထိုသို့လုပ်ဆောင်ရသည့် အကြောင်းအရင်းက အပြင်လူများ မသိနိုင်သော သူ၏ လျှို့ဝှက်ချက်ဖြစ်သည်။ အတိတ်မှာ ထိုလျှို့ဝှက်ချက်ကို ရှာတွေ့သွားသော လူတိုင်းနီးပါးက သူ၏ အသတ်ခံခဲ့ရသည်။

လူငယ်က အရှေ့သို့ ရွေ့လျားသွားနေစဉ် သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပိုပြီးအားကောင်းလာသည်။

အချိန်သည်ပင် သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို တုံ့ပြန်နေသည့်အလား မြန်ဆန်စွာ ကုန်ဆုံးသွားသည်။

သူက တဖြည်းဖြည်း နီးသထက် ပိုပြီးနီးကပ်လာသည်။

ကီလိုမီတာသုံးသိန်းခွဲ… ကီလိုမီတာနှစ်သိန်းခွဲ…. ကီလိုမီတာတစ်သိန်းခွဲ…

နောက်ဆုံးမှာတော့ ကီလိုမီတာငါးသောင်းသာ ကွာဝေးတော့သည်။

ထိုအကွာအဝေးသို့ ရောက်ရှိသွားသည့်အခါ လူငယ်က ရုတ်တရက် အရှိန်ထပ်မြှင့်လိုက်သည်။

သူက စိတ်ဓာတ်ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်သည်။ တစ်ဖက်လူ၏ အခြေအနေက မည်သို့ဖြစ်ပါစေ သူ၏ ယခင်အစီအစဉ်အတိုင်း ဆက်ပြီး လုပ်ဆောင်သွားရန် စိတ်ဆုံးဖြတ်လိုက်သည်။

သူ၏ အစီအစဉ်သည် စဦးအဆင့် အရည်အချင်းပြည့်မီတုံကင်၏ အာရုံခံနိုင်သော ကီလိုမီတာငါးသောင်းနယ်နိမိတ်ထဲသို့ သူဝင်ရောက်သွားသည့်အခါ တစ်ဖက်လူကို တုံ့ပြန်ရန် မည်သည့်အခွင့်အရေးမှ မပေးခြင်း ဖြစ်သည်။

ဤအခိုက်အတန့်မှာ ရွှီချင်းရှိနေသော လှိုဏ်ဂူထက်တွင် ကောင်းကင်က ရုတ်တရက် ပရမ်းပတာဖြစ်သွားသည်။ ထို့နောက် ကျယ်လောင်သော မြည်ဟိန်းသံက ထွက်ပေါ်လာသည်။ ကောင်းကင်က တုန်ခါသွားသည်နှင့်ချက်ချင်း အပြာရောင်အလင်းက ထွက်ပေါ်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ယင်းက ကောင်းကင်ပေါ်မှ အနီရောင်မိုးသောက်အလင်းကိုပင် ယာယီဖုံးအုပ်သွားသည်။ ဧရာမကျောက်တုံးတင်းပုတ်တစ်ခုက အပြာရောင်အလင်းထဲမှာ ပေါ်လျှိုးလာသည်။

တင်းပုတ်က ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ဤသည်မှာ ယင်းက နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိနေခဲ့သည့်အလားပင်။ တင်းပုတ်က လုံးဝတုံ့ဆိုင်းမနေဘဲ အောက်သို့ မြန်ဆန်စွာ ကျဆင်းသွားသည်။ ယင်း၏ ဦးတည်ရာက မြေပြင်ပေါ်မှ စွန့်ပစ်တောင်ဖြစ်သည်။

ဖိနှိပ်စမ်း…

ကောင်းကင်နှင့်မြေပြင်က တုန်ယင်သွားပြီး အပြာရောင်အလင်းနောက်တွင် စက်ဝိုင်းသဏ္ဍာန် အားလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ အလင်းရောင် ဖြတ်သန်းသွားသည့်နေရာတိုင်း သဏ္ဍာန်မဲ့စွမ်းအားတစ်ခု ထွက်ပေါ်လာကာ ၎င်း၏ လမ်းကြောင်းရှေ့မှာရှိသော အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

သို့သော်လည်း ကျောက်တုံးတင်းပုတ်ကိုယ်၌က ဒြပ်ထည်ပစ္စည်းတစ်ခု မဟုတ်ပေ။

ယင်းက ဆင်းသက်လာသည်နှင့်ချက်ချင်း စွန့်ပစ်တောင်ကို ပုံရိပ်ယောင်တစ်ခုပမာ ထိုးဖောက်သွားပြီး ရွှီချင်း၏ ဦးခေါင်းထက်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ လှိုဏ်ဂူထဲမှ ရွှီချင်းက ချက်ချင်း မျက်လုံးဖွင့်လိုက်သည်။

သို့သော်လည်း တင်းပုတ်က အလွန်မြန်ဆန်ပြီး အံ့ဖွယ်ကောင်းသည်။

ယင်းက ရွှီချင်းကို အသက်ရှူရန်ပင် အခွင့်အရေးမပေးဘဲ တိုက်ရိုက် လွှမ်းခြုံသွားပြီး အောက်သို့ အကြမ်းပတမ်း ဖိချလိုက်သည်။

တစ်ချိန်တည်းမှာ မွေးရာပါအမှတ်နှင့် လူငယ်က အလွန်အံ့ဖွယ်ကောင်းသော အလျင်ကို ထုတ်ဖော်လိုက်ပြီး ကျောက်တုံးတင်းပုတ်၏ အနောက်မှ လိုက်သွားသည်။

သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ကြောက်မခန်းလိလိ ထွက်ပေါ်လာသည်။

ထိုသို့အရေးကြီးအခိုက်အတန့်မှာ ရွှီချင်း၏ အမူအရာက ပြောင်းလဲသွားသည်။ သူက လက်နှစ်ဖက်စလုံးဖြင့် ချိပ်တံဆိပ်လက်ဟန်များကို အမြန်ဖွဲ့စည်းလိုက်သည်။ ချက်ချင်းဆိုသလို စည်းချအစီအရင်များက သူ၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာကြသည်။

(၄၉)စည်းချအစီအရင်က အသက်ဝင်လာသည့်အခါ ထောင်သောင်းချီသော စည်းချအစီအရင်များက အရပ်မျက်နှာအဘက်ဘက်မှာ ထွက်ပေါ်လာကြပြီး မျက်စိဖြင့် မြင်နိုင်သော ဧရိယာအားလုံးကို လွှမ်းခြုံသွားကြသည်။ ထို့နောက် စည်းချအစီအရင်များက လက်သီးပုံသဏ္ဍာန် စုဝေးသွားကြသည်။

စည်းချအစီအရင်အများအပြားမှ ဖွဲ့စည်းသွားသော လက်သီးသည် အောက်သို့ ကျဆင်းလာနေသော ကျောက်တုံးတင်းပုတ်ကို အားအင်အပြည့်ဖြင့် တိုက်ခိုက်လိုက်သည်။

ထိုအခိုက်အတန့်မှာ လောကကို တုန်လှုပ်စေနိုင်သော ပေါက်ကွဲသံက အရပ်ရှစ်မျက်နှာဆီသို့ ပဲ့တင်ထပ်သွားသည်။

စွန့်ပစ်တောင်က ချက်ချင်း ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်။ အနီးနားမှ မြေပြင်သည် ကြေမွပျက်စီးသွားပြီး အရပ်မျက်နှာအသီးသီးသို့ ပြန့်ကျဲသွားသည်။

လေဟာနယ်သည်ပင် ပုံပျက်တွန့်လိမ်သွားပြီး လေဟာနယ်အက်ကွဲကြောင်းများက ထွက်ပေါ်လာကြသည်။

ထောင်သောင်းချီသော စည်းချအစီအရင်များမှ ဖွဲ့စည်းသွားသော လက်သီးသည် နည်းနည်းချင်းစီ စတင်ပြိုကွဲသွားသည်။

သို့သော်လည်း အရေအတွက် အလွန်များပြားသော စည်းချအစီအရင်များ၏ စွမ်းအားကြောင့် အောက်သို့ အရှိန်ပြင်းပြင်း ကျဆင်းလာနေသော ကျောက်တုံးတင်းပုတ်၏ အရှိန်အဟုန်က ရပ်တန့်သွားသည်။

သို့သော်လည်း ကျောက်တုံးတင်းပုတ်ထံမှ ပြင်းထန်သော အင်အားက ရွှီချင်းအပေါ်သို့ သက်ရောက်သွားဆဲပင်။

သူ၏ မျက်နှာက ဖြူဖျော့သွားပြီး သူ၏ တစ်ကိုယ်လုံးက တုန်ယင်သွားသည်။ သို့သော်လည်း အရေးကြီးအခိုက်အတန့်မှာ ရွှီချင်းက နောက်ထပ် အချိန်မဖြုန်းတော့ဘဲ ဤအခွင့်အရေးကို အသုံးချ၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ ကျောက်တုံးတင်းပုတ်၏ အနောက်မှ လိုက်ပါလာသော လူငယ်က ရွှီချင်းနားသို့ မြန်ဆန်စွာ ရောက်ရှိလာသည်။ သူက လက်မြှောက်လိုက်သည့်အခါ သူ၏ မျက်လုံးထဲမှ တာအိုအမှတ်အသားများက လင်းလက်သွားကြသည်။

လျှပ်တစ်ပြက်အတွင်းမှာ ကြမ်းတမ်းသော လေပြင်းက တိုက်ခတ်လာသည်။

သူ၏ အခွင့်အာဏာက လေဖြစ်သည်။

ဤအခိုက်အတန့်မှာ လေက မုန်တိုင်းတစ်ခုအဖြစ် ချက်ချင်း အသွင်ပြောင်းလဲသွားပြီး ဤဧရိယာကို လွှမ်းခြုံသွားသည်။ မုန်တိုင်းက အရာအားလုံးကို ရိုက်ခတ်သွားရုံသာမက ဤနေရာကိုပင် ချိပ်ပိတ်ပစ်လိုက်သည်။

ယင်းက ရွှီချင်း၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

တစ်ချိန်တည်းမှာ မုန်တိုင်းထဲတွင် ကျယ်လောင်သော အသံလှိုင်းများက ထွက်ပေါ်လာကြသည်။ နောက်အခိုက်အတန့်မှာ စစ်သည်တော်တစ်ထောင်က အရပ်မျက်နှာအဘက်ဘက်မှ ပေါ်လျှိုးလာကြပြီး ရွှီချင်းထံသို့ ပြေးသွားကြသည်။

ကောင်းကင်ပေါ်မှ မွေးရာပါအမှတ်နှင့် လူငယ်သည်လည်း ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်လျက် ရွှီချင်းထံသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။

ရွှီချင်းအတွက် လွတ်လမ်းမရှိတော့ပေ။ သို့ဖြစ်၍ ရူးသွပ်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက စိတ်ဓာတ်ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်ပြီး သူ၏ ညာလက်ကို မြှောက်လိုက်သည်။

ချက်ချင်းဆိုသလို ပယ်ဖျက်ခြင်းအခွင့်အာဏာက အသက်ဝင်လာသည်။

ယင်းက တစ်ဖက်လူ၏ လေအခွင့်အာဏာကို ဆန့်ကျင်တွန်းလှန်လိုက်သည်။

ထို့နောက် ရွှီချင်းက လေထဲသို့ ပျံသန်းသွားသည်။ သူက ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်သည့်အခါ အရေအတွက်များပြားသော မန္တန်များနှင့် တာအိုအတတ်ပညာများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။ သူက လူငယ်ကို အရူးအမူး တိုက်ခိုက်လိုက်သည်။

နှစ်ယောက်စလုံးက ချက်ချင်း ထိပ်တိုက် တွေ့ဆုံသွားကြသည်။

All Chapters