ကပ်စေးနှဲမိုးက လောကကို ချိပ်ပိတ်ခြင်း
Vol. 102 Ch. 1577
တစ်ချိန်တည်းမှာ အစောနက တိုက်ပွဲဖြစ်ပွားခဲ့သော နေရာတွင်…
နေရာက အပျက်အစီးနယ်မြေအဖြစ် ပြောင်းလဲသွားသည်။
စွန့်ပစ်တောင်က ပြိုကျပျက်စီးသွားပြီး အရာအားလုံးက ဖျက်ဆီးခံလိုက်ရသည်။ ဤနေရာမှာ အလွန်သိပ်သည်းသော မန္တန်အားလှိုင်းအကြွင်းအကျန်များသာ ကျန်နေခဲ့ကြသည်။
ရွှီချင်းက အေးစက်သော အမူအရာဖြင့် လေထဲမှာ မတ်တတ်ရပ်နေသည်။ သူက အဝေးသို့ လှမ်းကြည့်လိုက်သည့်အခါ သူ၏ မျက်တောင်က တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။
“ ဒီလူရဲ့ အခွင့်အာဏာက လေနဲ့ မီးပဲ… ”
“ ဒီဟာက အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှာ အခွင့်အာဏာနှစ်ခု ပိုင်ဆိုင်ထားတဲ့ တစ်စုံတစ်ယောက်ကို ပထမဆုံးအကြိမ် ငါမြင်တွေ့ဖူးတာပဲ… သူက ကောင်းကင်အရွေးချယ်ခံတစ်ယောက် ဖြစ်နိုင်တယ် ”
“ ဒါ့အပြင် သူက ထူးခြားတဲ့ ဖုံးကွယ်ခြင်းအတတ်ပညာကို တတ်မြောက်ထားပြီး ဉာဏ်ကောင်းတယ်… ဒီလူက ရှိန်လောက်စရာကောင်းတဲ့ ပြိုင်ဘက်ပဲ ”
တစ်ဖက်လူက လေဟာနယ်နံရံများပေါ်မှာ တွယ်ကပ်နိုင်ပြီး လေဟာနယ်နှင့် တစ်သားတည်းနီးပါး ပေါင်းစပ်နိုင်ကြောင်း ရွှီချင်း ပြန်အမှတ်ရသွားသည်။ ယင်းက သူ့ကို အတော်လေး အံ့ဩစေမိသည်။
“ အဲ့ဒါကို သူဘယ်လိုလုပ်လဲ ငါသိချင်မိတယ် ”
“ ဖြစ်နိုင်တာက သူက လေဟာနယ်အစွမ်းရှိတဲ့ ရတနာတချို့ကို အသုံးပြုခဲ့တာများလား… ”
ရွှီချင်းက နှုတ်ဆိတ်သွားသည်။
“ အရည်အချင်းပြည့်မီတုံကင်တွေက အချင်းချင်း အာရုံခံနိုင်တာကြောင့်သာ မဟုတ်ရင် ဒီလူရဲ့ ဖုံးကွယ်မှုကို ချက်ချင်း ငါသတိထားမိမှာ မဟုတ်ဘူး ”
ရွှီချင်းက သတိကြီးစွာထားလိုက်သည်။
သူက အလုံအလောက် သတိမထားခဲ့ကြောင်း ခံစားမိသွားသည်။
“ နောင်ကျရင် ရန်သူတွေကို ငါသတ်ပြီးလို့ သူတို့ရဲ့ သိုလှောင်ရတနာတွေကို သိမ်းဆည်းတဲ့အခါ ငါပိုပြီး သတိထားရမယ် ”
ရွှီချင်းက အခြေအနေကို မြန်ဆန်စွာ သုံးသပ်လိုက်သည်။ ထို့နောက် သူက ဇီဝိန်ချုပ်အမွှေးတိုင်နှင့် သလင်းကျောက်သစ်ပင်ကို ပြန်သိ်မးဆည်းလိုက်သည်။
တစ်ဖက်လူ၏ ကိုယ်ပွားက သေဆုံးသွားသည့်အခါ အမွှေးတိုင်က မီးငြိမ်းသွားခဲ့သည်။ သို့သော်လည်း ကျန်ရှိသော တစ်စိတ်တစ်ပိုင်းကို ဆက်ပြီး အသုံးပြုနိုင်သေးသည်။
သလင်းကျောက်သစ်ပင်သည်တော့ အစောနက ပုံရိပ်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုကြောင့် အပြင်းအထန် ဒဏ်ရရှိသွားသည်။ ၎င်းကို ပြန်ကုသနိုင်မည့် နည်းလမ်းသည် ရွှီချင်းဆီမှာ မရှိပေ။
“ ဒါပေမဲ့ အဲ့ဒါကို နောက်တစ်ကြိမ် ဖောက်ခွဲနိုင်သေးတယ် ”
ရွှီချင်းက ထိုရတနာနှစ်ခုနှင့် (၄၉)စည်းချအစီအရင်၏ သားရဲအရေပြားကို ပြန်သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက ဤနေရာမှ ထွက်သွားရန် ပြင်လိုက်သည်။
တစ်ဖက်လူက ထွက်ပြေးသွားပြီးနောက် ဤနေရာကို နောက်တစ်ကြိမ် ပြန်လာလိမ့်မည်ဟု သူမထင်ပေ။
မည်သို့ဖြစ်ပါစေ တစ်ဖက်လူက ဉာဏ်ကောင်းသည်။ ထို့ပြင် ဒုတိယအဆင့် အမဲလိုက်ပွဲတော်က ယခုမှ အစသာ ရှိသေးလေရာ ရန်သူက ကိုယ့်ထက် အားမနည်းလျှင် မည်သူမှ အသက်စတေးပြီး မစွန့်စားချင်ကြပေ။
ဤအခိုက်အတန့်မှာ ခွန်အားကို ထိန်းသိမ်းပြီး ဒဏ်ရာရရှိခြင်းကို ရှောင်ရှားခြင်းက အထိရောက်ဆုံး နည်းဗျူဟာ ဖြစ်သည်။
အကယ်၍ တစ်ဖက်လူဆီမှာ ထွက်ပြေးလွတ်မြောက်နိုင်သော အခွင့်အရေးရှိနေလျှင် သို့မဟုတ် သူတို့ကြားမှာ နက်ရှိုင်းသော ရန်ငြိုးမရှိနေလျှင် မည်သူကမှ မဆင်မခြင် တိုက်ခိုက်ကြလိမ့်မည် မဟုတ်ချေ။
အကယ်၍ သူကိုယ်တိုင်က ထိုသို့အခြေအနေမျိုးမှာ ကျရောက်နေမည်ဆိုလျှင်လည်း ထိုသို့လုပ်ဆောင်လိမ့်မည်ဟု ရွှီချင်း ခံစားမိသည်။
သို့သော်လည်း ရွှီချင်းက ထွက်သွားတော့မည့်အချိန် ရုတ်တရက် ခြေလှမ်းရပ်တန့်လိုက်သည်။ အံ့ဩသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ ထပ်ပြီးလား ”
သူ့တုံကင်၏ အာရုံခံနိုင်သော အတိုင်းအတာအတွင်းမှာ ကြယ်အမှတ်အသားတစ်ခုက ကီလိုမီတာသိန်းပေါင်းများစွာအဝေးမှာ ထွက်ပေါ်လာသည်။ သူ၏ မျှော်လင့်ထားမှုနှင့် ဆန့်ကျင်စွာ တစ်ဖက်လူက ထွက်မသွားပေ။
ယင်းအစား ထိုလူက သူ့ဆီသို့ မြန်ဆန်စွာ ချဉ်းကပ်လာနေသည်။
ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။ ဤသို့ ရုတ်တရက် အပြောင်းအလဲက သူ့အား တစ်စုံတစ်ခု လွဲမှားနေသည်ဟု ခံစားရစေသည်။
အေးစက်စက် အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာပြီး သတ်ဖြတ်ချင်သော စိတ်ဆန္ဒက သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။
“ မင်းက ထပ်ပြီး လာရဲမှတော့… ဆက်ပြီး တိုက်ခိုက်ကြတာပေါ့ ”
ရွှီချင်းသည် ရန်သူဆီသို့ ဦးတည်မသွားပေ။ ယင်းအစား သူက အနောက်သို့ မြန်ဆန်စွာ ဆုတ်သွားသည်။
သူ၏ ခြေဖဝါးအောက်မှ အစီအရင်အားလုံးကို သူအသုံးပြုပြီးပြီ ဖြစ်သည်။ ယခု ဤနေရာက သူ့အတွက် အသင့်တော်ဆုံး တိုက်ပွဲမြေပြင် မဟုတ်တော့ပေ။ သို့ဖြစ်၍ သူက အဝေးသို့ ပျံသန်းသွားနေရင်း စိမ်းစိုသော တောင်တစ်လုံးကို ပစ်မှတ်ထားလိုက်သည်။
ထိုတောင်သည် တိမ်တိုက်များနှင့် ထိစပ်နေပြီး တောင်ပေါ်မှာ သစ်ပင်ပန်းပင်များက အလွန်ထူထပ်ကြသည်။
ရွှီချင်းက တောင်ထိပ်ပေါ်မှာ ရပ်လိုက်ပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းသည်။
ရန်သူ၏ ပြန်ရောက်လာမှုက အနည်းငယ် သံသယဝင်စရာကောင်းသည်။ သို့ဖြစ်၍ ရွှီချင်းက မဆင်မခြင် မလုပ်ဝံ့ချေ။
ယင်းက ထောင်ချောက်တစ်ခုဖြစ်နေမည်ကို သူစိုးရိမ်သည်။
ထို့ကြောင့် ရန်သူ၏ ထောင်ချောက်ထဲသို့ ဝင်ရောက်သွားခြင်းကို ရှောင်ရှားရန် ရွှီချင်းက တစ်ခါမှ သူတို့မရောက်ဖူးသေးသော နေရာအသစ်တစ်နေရာကို ရှာဖွေလိုက်သည်။
ဤတောင်က အလွန်ကြီးမားသည်။ ထို့ပြင် တောင်အောက်ခြေမှာ မြူခိုးက ရစ်ဝဲနေလေရာ တိုက်ပွဲမြေပြင်အတွက် သင့်တော်သည်။
ရွှီချင်းက နောက်ထပ် အချိန်မဖြုန်းတော့ပေ။ သူက လက်မြှောက်လိုက်သည့်အခါ သူ၏ ဒြပ်စင်ငါးမျိုးအခွင့်အာဏာက ထွက်ပေါ်လာသည်။
မီးတောက်က ကောင်းကင်ပေါ်မှာ သက်တံ့သဖွယ် ဖြတ်သန်းသွားပြီး ရေက မြူခိုးတိမ်တိုက်များဖြင့် ပေါင်းစပ်သွားသည်။ မြေကြီးစွမ်းအားက တောင်ထွတ်ထဲမှာ ကိန်းအောင်းသွားပြီး သတ္ထုစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှာ စီးဆင်းသွားသည်။ သစ်သားသည်တော့ သူ၏ ဘေးပတ်ပတ်လည်မှ သစ်ပင်ပန်းပင်အားလုံးကို အာဟာရဖြည့်ပေးလိုက်သည်။
ဤတစ်ကြိမ်တွင် ရွှီချင်းက အကြာကြီး မစောင့်လိုက်ရချေ။ မွေးရာပါအမှတ်နှင့် လူငယ်က ရွှီချင်း၏ တိုက်ခိုက်မှုများကို တစ်ခါတွေ့ကြုံဖူးသောကြောင့် နောက်ထပ် အချိန်မဖြုန်းတော့ဘဲ ဤနေရာဆီသို့ တိုက်ရိုက် တည်နေရာပြောင်းရွှေ့လိုက်သည်။
သူက မြန်ဆန်စွာ တည်နေရာပြောင်းရွှေ့လိုက်ပြီး ကီလိုမီတာငါးသိန်းဧရိယာကို အလွန်အံ့ဖွယ်ကောင်းသော အလျင်ဖြင့် ဖြတ်ကျော်သွားသည်။
ထို့ပြင် ရွှီချင်းက အဝေးကြီးသို့ မဆုတ်ခွာသွားသောကြောင့် သိပ်မကြာမီ လူငယ်က ရွှီချင်း၏ အမြင်အာရုံထဲမှာ ထွက်ပေါ်လာသည်။
ကောင်းကင်ပေါ်ရှိ အနီရောင်မိုးသောက်အလင်းအောက်တွင် လေက တဟူးဟူး တိုက်ခတ်လာပြီး လျှပ်စီးများက ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားကြသည်။
ထို့နောက် ရွှီချင်း၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်မှာ မိုးသောက်အလင်းအပြင် နောက်ထပ် အရောင်ငါးရောင် ဖြစ်သည်။
အနက်ရောင်၊ အစိမ်းရောင်၊ အဝါရောင်၊ အပြာရောင်နှင့် ခရမ်းရောင်တို့ ဖြစ်ကြသည်။ ထိုအရောင်တစ်ခုစီက ပေတစ်ထောင် ရှည်လျားသော ဧရာမအလံတိုင်ငါးခုထံမှ ထွက်ပေါ်လာကြခြင်း ဖြစ်သည်။
ယင်းတို့က ကောင်းကင်ပေါ်မှာ ဆန့်တန်းသွားကြသည်။ အလံတိုင်ဖြတ်သန်းသွားသည့်နေရာတိုင်း ယင်းတို့က လောက၏ အရောင်များကို စုပ်ယူလိုက်သည့်အလား အောက်မေ့ရ၏။ မကြာမီ ဤဧရိယာတစ်ဝိုက်က အရောင်ငါးရောင်ဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။
အရောင်ငါးရောင်က အမြင်အာရုံအတွင်းမှာရှိသော အရာအားလုံးကို လွှမ်းခြုံသွားသည်။
ယင်းတို့ထဲတွင် အလွန်ကျယ်ပြောပြီး လွှမ်းမိုးဖိနှိပ်သော အစွမ်းတစ်မျိုးက ပေါ်လျှိုးလာသည်။ အထူးသဖြင့် ထိုအစွမ်းက အရပ်မျက်နှာအဘက်ဘက်မှ ဒြပ်စင်ငါးမျိုးကို အထူးပစ်မှတ်ထားလိုက်သည်။
အစောနက တိုက်ပွဲတွင် ရွှီချင်းက တစ်ဖက်လူအကြောင်းကို အနည်းငယ် နားလည်သွားခဲ့သကဲ့သို့ တစ်ဖက်လူသည်လည်း ရွှီချင်း၏ နည်းလမ်းများကို နားလည်သွားခဲ့သည်။
သို့ဖြစ်၍ လူငယ်က ရောက်လာသည်နှင့်ချက်ချင်း ရွှီချင်း၏ ဒြပ်စင်ငါးမျိုးကို ဖိနှိပ်လိုက်သည်။
ရွှီချင်းက အလံတိုင်များကို ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် ယင်းတို့က အသက်ဝင်လာဟန် ရ၏။ ယင်းတို့က ကောင်းကင်ပေါ်မှာ ဖြန့်ကြက်သွားကြပြီး ရောင်စုံအလင်းတန်းများအသွင် အရှေ့သို့ ပျံသန်းသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ယင်းတို့က ရွှီချင်း မတ်တတ်ရပ်နေသော တောင်ထိပ်ပေါ်မှာ တိုက်ရိုက် ထွက်ပေါ်လာကြသည်။
အရောင်ငါးရောင်က ပျံ့နှံ့သွားသည့်အခါ ဒြပ်စင်ငါးမျိုးကို ပရမ်းပတာဖြစ်စေမည့် အစွမ်းတစ်မျိုးက ထွက်ပေါ်လာသည်။ ယင်းက ဤတောင်ထိပ်ကို လွှမ်းခြုံသွားပြီး မြန်ဆန်စွာ လှည့်ပတ်သွားသည်။
အဝေးမှ ကြည့်လျှင် ယင်းက ငါးရောင်ခြယ်မုန်တိုင်းတစ်ခုနှင့် ဆင်တူသည်။
ကျယ်လောင်သော ဟိန်းသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေသည်။ မြေကြီးသည်လည်း အပြင်းအထန် လှုပ်ယမ်းသွားသည်။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက လက်မြှောက်လိုက်သည့်အခါ ဘေးပတ်ဝန်းကျင်တွင် အစောနက သူခင်းကျင်းထားခဲ့သော ဒြပ်စင်ငါးမျိုးက အကြမ်းပတမ်း ထွက်ပေါ်လာကြဆဲပင်။
ရေသည် တိမ်တိုက်များထဲမှ ထွက်ပေါ်လာပြီး သစ်သားစွမ်းအားသည် ထောင်သောင်းချီသော သစ်ပင်ပန်းပင်များထဲမှ ထွက်ပေါ်လာသည်။
မီးသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာပြီး တောင်ပေါ်မှ မြေကြီးက ပြိုကျလာသည်။
ရွှီချင်း၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက မြှောက်တတ်သွားသည့်အခါ ဒြပ်စင်ငါးမျိုးက တစ်ချိန်တည်းမှာ ရွေ့လျားသွားကြသည်။
အရွယ်အစားကြီးမားသော အလံတိုင်ငါးခုက တမူထူးခြားပြီး ဒြပ်စင်ငါးမျိုးကို တွန်းလှန်နိုင်သော ငါးရောင်ခြယ်မုန်တိုင်းကို ဖွဲ့စည်းသွားခဲ့သော်လည်း ယင်းတို့က ရွှီချင်း၏ ဒြပ်စင်ငါးမျိုးအပေါ် အများကြီး သက်ရောက်မှုမရှိပေ။
အဘယ့်ကြောင့်ဆိုသော် ရွှီချင်း၏ ဒြပ်စင်ငါးမျိုးက သူ၏ ကိုယ်တွင်းအင်္ဂါများထံမှ ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။ ယင်းတို့က အပြင်လောကမှ နိယာမများနှင့် ဥပဒေသများထံမှ ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။
သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ အသံက ပိုပြီးကျယ်လောင်လာသည်။ မိုးခြိမ်းသံက အလွန်ကျယ်ပြောသော ဧရိယာထဲမှာ ပဲ့တင်ထပ်သွားသည်။
ရွှီချင်း၏ ဒြပ်စင်ငါးမျိုးအခွင့်အာဏာနှင့် ငါးရောင်ခြယ်မုန်တိုင်းကြားမှ တိုက်ပွဲသည် အလွန်ကြမ်းကြုတ်သည်။ သို့သော်လည်း ရွှီချင်းက အသာစီး ရရှိထားကြောင်း ထင်ရှားသည်။ သို့ဖြစ်၍ မုန်တိုင်း၏ အရောင်ငါးရောင်က စတင်လွင့်ပြယ်သွားနေသည်။ ဤသည်မှာ ရွှီချင်းက ငါးရောင်ခြယ်မုန်တိုင်းကို ဖိနှိပ်နိုင်ရန် သိပ်မလိုတော့ကြောင်း ဖော်ပြနေသည်။
သို့သော်လည်း ရွှီချင်း၏ ရန်သူက သာမန်ကျင့်ကြံသူ မဟုတ်ပေ။
လူငယ်သည် ငါးရောင်ခြယ်မုန်တိုင်းထဲမှာ ထွက်ပေါ်လာသော်လည်း တိုက်ပွဲထဲသို့ တိုက်ရိုက် မဝင်ရောက်သွားခဲ့ပေ။ ယင်းအစား သူက တိုက်ပွဲမြေပြင်၏ အစွန်အဖျားမှာ ရပ်နေပြီး ရွှီချင်းကို အေးစက်စက် စိုက်ကြည့်နေသည်။ သူ၏ နှုတ်ခမ်းထောင့်က အပေါ်သို့ ပင့်တတ်သွားလေရာ ရက်စက်ကြမ်းကြုတ်သော အပြုံးက ထွက်ပေါ်လာသည်။
လူငယ်က လက်မြှောက်လိုက်ပြီး အရှေ့သို့ လက်ညှိုးညွှန်လိုက်သည်။ သူက တာအိုမန္တန်တစ်ခုကို တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။
“ ကောင်းကင်က နယ်နိမိတ်ဖြစ်ပြီး ဟင်းလင်းပြင်က ကန့်လန့်ကာဖြစ်တယ်… အရောင်ငါးရောင် ထွက်ပေါ်လာတဲ့အခါ နိယာမအားလုံးက စုတ်ချက်တစ်ချက်တည်းနဲ့ ရေးဆွဲခံရလိမ့်မယ် ”
သူ၏ လက်ချောင်းက အောက်သို့ ကျဆင်းသွားသည်နှင့်တစ်ပြိုင်နက် ရွှီချင်း၏ ဒြပ်စင်ငါးမျိုးကို ဆန့်ကျင်တွန်းလှန်နေသော အလံတိုင်ငါးခုက ရုတ်တရက် တုန်ယင်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အလံတိုင်တစ်ခုစီက ပေါက်ကွဲသွားကြသည်။
အရောင်ငါးရောင်က လေမုန်တိုင်းတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
ယင်းတို့က အတူတကွ ပေါင်းစပ်သွားကြသည်။
အဝေးမှ ကြည့်လျှင် အရောင်ငါးရောင်က ဤအခိုက်အတန့်မှာ ဒြပ်ထည်ရှိလာဟန် ရ၏။ ယင်းတို့က ပန်းချီကား၏ အစိတ်အပိုင်းများ ဖြစ်လာကြပြီး အတူတကွ ရောယှက်သွားကြသည်။ ထိုမှတဖန် ယင်းတို့က လေမုန်တိုင်းကြောင့် ကောင်းကင်ပေါ်မှာ ပြန့်ကျဲသွားကြသည်။
ဤအခိုက်အတန့်မှာ ကောင်းကင်က ရောင်စုံပန်းချီကားတစ်ချပ်အဖြစ် ပြောင်းလဲသွားဟန် ရသည်။
ရွှီချင်းက ထိုပန်းချီကားထဲမှာ ရှိသည်။
ပန်းချီဆရာသည်တော့ လေဖြစ်သည်။
သို့သော် လေသည်လည်း ချိပ်ပိတ်ခံလိုက်ရသည်။
အရောင်ငါးရောင်ထဲမှာ ချိပ်ပိတ်ခံလိုက်ရသော လေသည် ဤအခိုက်အတန့်မှာ ပေါက်ကွဲထွက်သွားပြီး ဒြပ်စင်ငါးမျိုးကို ချိပ်ပိတ်နိုင်သော အစွမ်းတစ်မျိုးကို ထုတ်လွှတ်လိုက်သည်။
“ မင်းရဲ့ ဒြပ်စင်ငါးမျိုးက ရှိန်လောက်စရာကောင်းပေမဲ့ လေက အဲ့ဒါတွေကို ဖိနှိပ်နိုင်တယ်ဆိုတာ ငါမင်းကို ပြမယ် ”
“ မဟာလေက မြှောက်တတ်လာတဲ့အခါ ကမ္ဘာမြေက တုန်ယင်သွားမယ်… ရေက ခမ်းခြောက်သွားမယ်… သစ်သားက ညှိုးခြောက်သွားမယ်… သတ္ထုက သံချေးတတ်သွားပြီး မီးက ငြိမ်းသတ်သွားမယ် ”
“ ချိပ်ပိတ်စမ်း… ချိပ်ပိတ်စမ်း… ချိပ်ပိတ်စမ်း… ”
လူငယ်က လက်နှစ်ဖက်စလုံးဖြင့် ချိပ်တံဆိပ်လက်ဟန်များကို တရစပ် ဖွဲ့စည်းလိုက်ပြီး ငါးကြိမ်ဆက်တိုက် လက်ညှိုးညွှန်လိုက်သည်။
အရောင်ငါးရောင်က ဘေးပတ်ဝန်းကျင်ကို စွန်းထင်သွားပြီး ရွှီချင်းကို အပြည့်အဝ လွှမ်းခြုံသွားကာ သူ၏ ဘေးပတ်ပတ်လည်တွင် အလွန်အားကောင်းသော ချိပ်တံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။
ထိုချိပ်တံဆိပ်က ဒြပ်စင်ငါးမျိုးကို နှောင့်ယှက်နေရုံသာမက သူ့ကိုလည်း သီးခြားခွဲထုတ်လိုက်သည်။
ယင်းက ရွှီချင်း၏ ကိုယ်တွင်းအင်္ဂါများကိုပင် သီးခြားပိတ်ဆို့လိုက်လေရာ သူ၏ ဒြပ်စင်ထိန်းချုပ်နိုင်စွမ်းက ဖြတ်တောက်ခံလိုက်ရသည်။
ရွှီချင်း၏ အမူအရာက ပြောင်းလဲသွားသည်။
“ ဒီလူရဲ့ လေအခွင့်အာဏာက… အန္တိမအခြေအနေထိ အစွမ်းထက်တာပဲ ”
“ ဒါပေမဲ့ လေဟာနယ်တာအိုကို အစောနက တိုက်ပွဲမှာ ငါအသုံးပြုခဲ့တယ်… အဲ့ဒါကို သူမသိစရာ ဘာအကြောင်းမှမရှိဘူး… ဒီတော့ ဘာကြောင့် သူဒီလိုလုပ်တာလဲ ”
ရွှီချင်းက တွေးတောစဉ်းစားလိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းဆိုသလို ရေတွင်းထဲမှ လကို မျှားခြင်းက ထပ်မံ ထွက်ပေါ်လာသည်။
ယင်းက ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို ပုံရိပ်ပြန်လိုက်သည်။
ဤတစ်ကြိမ်တွင် ရွှီချင်းက တစ်ဖက်လူကို မမျှားတော့ပေ။ ယင်းအစား သူက ကိုယ့်ကိုယ်ကိုယ် ပြန်ဆည်ယူလိုက်သည်။
ရေတွင်းထဲမှ လကို မျှားခြင်းက အသက်ဝင်လာသည်နှင့်ချက်ချင်း ရွှီချင်းက ငါးရောင်ခြယ်ချိပ်တံဆိပ်ထဲမှ သူ့ကိုယ်သူ ပြန်ဆွဲထုတ်လိုက်သည်။
သူက ပန်းချီကား၏ အပြင်ဘက်၊ ငါးရောင်ခြယ်အလင်း၏ အပြင်ဘက်နှင့် တောင်ထွတ်၏ အပြင်ဘက်မှာ ထွက်ပေါ်လာသည်။
သူထွက်ပေါ်လာသည့်အခိုက် ကောင်းကင်က ဝုန်းခနဲ တုန်လှုပ်သွားပြီး အပြာရောင်အလင်းက ပေါ်လျှိုးလာသည်။ ဧရာမကျောက်တုံးတင်းပုတ်က ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာပြီး ရွှီချင်းကို အကြမ်းပတမ်း ဖိချလိုက်သည်။
ထိုစဉ် ဧကရာဇ်ဓားက ရွှီချင်း၏ လက်ထဲမှာ ထွက်ပေါ်လာသည်။
မြေပြင်က တုန်လှုပ်သွားပြီး တောင်ထွတ်က ပြိုကျပျက်စီးသွားသည့်အခါ မြေကြီးစွမ်းအားက တစ်ဟုန်ထိုး ပေါ်လျှိုးလာသည်။
ပထမဓားကွက်… မြေပြင်သိုလှောင်ခြင်း…
ဓားက ကျောက်တုံးတင်းပုတ်ကို ပိုင်းဖြတ်လိုက်သည်။
လောကက ပုံပျက်တွန့်လိမ်သွားပြီး ဝဲကတော့က ဝေဝါးသွားသည်။ ကျယ်လောင်သော မြည်သံက ပေါက်ကွဲထွက်သွားသည်။
မြေကြီးဓားစွမ်းအင်က ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားပြီး တင်းပုတ်ကို အကြမ်းပတမ်း တိုက်ခိုက်လိုက်သည်။
နောက်အခိုက်အတန့်မှာ တင်းပုတ်က အဝေးသို့ မလွင့်စင်သွားခင် ယင်းပေါ်မှာ အက်ကွဲကြောင်းအများအပြား ထွက်ပေါ်လာကြသည်။
မြေကြီးဓားသည်တော့ ပြင်းထန်သော အားလှိုင်းသက်ရောက်မှုကို ခံစားလိုက်ရပြီး ကောင်းကင်ပေါ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ မြေကြီးစွမ်းအားက အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့လွင့်သွားသည်။
ရွှီချင်းက လူငယ်ဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားသည်။
သူ၏ နည်းလမ်းနှစ်ခုစလုံးက ရွှီချင်းအပေါ်မှာ သက်ရောက်မှုမရှိကြောင်း မြင်လိုက်ရသောအခါ မွေးရာပါအမှတ်နှင့် လူငယ်က မျက်လုံးမှေးကျဉ်းလိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ ယခင်ခန့်မှန်းမှုက ပိုပြီးသေချာသွားသည်။
သူက အမြန်အနောက်ဆုတ်သွားပြီး လက်ဝှေ့ယမ်းလိုက်သည်။
သူက တစ်စုံတစ်ခုကို ပစ်လွှတ်လိုက်သည်။
ထိုပစ္စည်းက ရွှံ့တုံးတစ်တုံးနှင့် ဆင်တူသည်။ ထို့ပြင် ယင်းထဲမှာ လေဟာနယ်အစွမ်းတချို့ ကိန်းအောင်းနေဟန် ရ၏။ ရွှံ့တုံးဖြတ်သန်းသွားသည့် နေရာတိုင်း လေထဲမှာ လှိုင်းဂယက်များ ထွက်ပေါ်လာကြသည်။
ထို့နောက် လူငယ်က သူ၏ အခွင့်အာဏာကို အသက်သွင်းလိုက်သည်။
သူ၏ မီးအခွင့်အာဏာက လေဟာနယ်အစွမ်းရှိသော ထိုရွှံ့တုံးပေါ်သို့ ချက်ချင်း ကျရောက်သွားသည်။
မီးအခွင့်အာဏာ၏ သက်ရောက်မှုအောက်မှာ ရွှံ့တုံးက ချက်ချင်း အရည်ပျော်သွားပြီး ပေါက်ကွဲအားကို ထုတ်လွှတ်လိုက်သည်။
ယင်းက တိုက်ရိုက် ပေါက်ကွဲသွားပြီး ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားကာ မိုးစက်များသဖွယ် ကောင်းကင်ပေါ်မှ ရွာကျလာသည်။
ထိုမိုးက စေးကပ်သည်။
မြေကြီးမိုးက ရွာသွန်းလာသည့်အခါ လူငယ်၏ ဒုတိယအခွင့်အာဏာက ထွက်ပေါ်လာသည်။
လေကြမ်းက တဟူးဟူး တိုက်ခတ်လာသည်။
ယင်းက စေးကပ်သော မိုးကို မြန်ဆန်စွာ ခြောက်သွေ့သွားစေပြီး ဒြပ်ထည်ရှိသွားစေသည်။ တစ်နည်းဆိုရလျှင် မိုးက ကော်အဖြစ် ပြောင်းလဲသွားသည်။
မိုးရွာသွန်းသော ဧရိယာအတွင်းမှ အရာအားလုံးက မြန်ဆန်စွာ ဒြပ်ထည်ရှိလာကြသည်။
ထို့နောက် ယင်းက ချိပ်တံဆိပ်တစ်ခု ဖြစ်လာသည်။
ယင်းထဲမှာ ပါဝင်နေသော စေးကပ်မှုကြောင့် မိုးက လောကကို ချိပ်ပိတ်လိုက်သည်။
တစ်ဖက်လူ၏ မူလခန္ဓာကိုယ်က သိုလှောင်လက်စွပ်ထဲမှ လေဟာနယ်ထဲမှာ မည်သို့ကပ်တွယ်နိုင်ခဲ့ကြောင်း ယခု ရွှီချင်း နားလည်သွားသည်။
သူ၏ သုံးသပ်မှုက မမှားပေ။ တစ်ဖက်လူက ထိုသို့လုပ်ဆောင်ရန် အထူးပစ္စည်းတစ်ခုကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူ၏ နည်းလမ်းက ထိုသို့ဖြစ်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
“ အခွင့်အာဏာနှစ်ခုကို ပြင်ပပစ္စည်းတစ်ခုနဲ့ ပေါင်းစပ်ပြီးတဲ့နောက် တတိယမြောက် အခွင့်အာဏာနဲ့ ဆင်တူတဲ့ အစွမ်းတစ်မျိုးကို ရရှိသွားတယ် ”
“ ဒီလူက တကယ့်ပါရမီရှင်ပဲ ”
ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ အတွေးများက ပရမ်းပတာ လှုပ်ခတ်သွားသည်။ ဤတိုက်ပွဲက သူ့အတွက် များစွာအဓိပ္ပာယ်ရှိသည်။
ယင်းက သူ့ကို ဉာဏ်အလင်းများစွာ ပေးသည်။
“ ငါ့ရဲ့ ဒြပ်စင်ငါးမျိုးနဲ့ဆိုရင် ငါရရှိနိုင်တဲ့ အသွင်ပြောင်းလဲမှုတွေက ပိုပြီးထူးခြားလိမ့်မယ်… ”
သို့သော်လည်း ယခုအချိန်က လေးနက်စွာ စဉ်းစားနေရမည့်အချိန်မဟုတ်ကြောင်း ရွှီချင်း သိသည်။ သူ့ရန်သူ၏ ဆက်တိုက် လုပ်ဆောင်မှုများက သူ့အား အရေးကြီးသော သတင်းအချက်အလက်တစ်ခုကို ပေးသည်။
“ သူက ငါ့ကို ထိပ်တိုက် တိုက်ခိုက်ဖို့ ဆန္ဒမရှိသလို ဒဏ်ရာရအောင်လည်း မလုပ်ချင်ဘူး... သူက ငါ့ကို ဒီကနေ ထွက်မသွားနိုင်အောင်ပဲ ချိပ်ပိတ်ထားချင်တယ် ”
“ သူပြန်ရောက်လာကတည်းက အဲ့ဒီလို ဆက်တိုက် လုပ်ဆောင်ခဲ့တယ်… သူက ငါ့ကို ချုပ်နှောင်ဖို့အတွက် သူ့ရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ဖို့တောင် တုံ့ဆိုင်းမနေခဲ့ဘူး… ”
“ ဒါတွေအားလုံးအတွက် အဖြေက တစ်ခုပဲ ရှိတယ် ”
“ သူက အချိန်ဆွဲနေတာပဲ ”
ထိုသုံးသပ်မှု ထွက်ပေါ်လာသည့်အခါ ပြင်းထန်သော အန္တရာယ်က ရွှီချင်း၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။
“ သူ့ရဲ့ အကူအညီတွေက ဒီကို လာနေတဲ့ လမ်းမှာ ဖြစ်နိုင်တယ်… သူတို့က ဒီလူထက် ပိုပြီးသန်မာလောက်တယ် ”
အေးစက်စက်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင်… ဒီတိုက်ပွဲကို အချိန်ခဏလေးအတွင်း အဆုံးသတ်ဖို့ ခဲယဉ်းသွားလိမ့်မယ်… ဒီလိုဆိုမှတော့ ဓားစွမ်းအင်ကို ဆက်ပြီး ငါလျှို့ဝှက်ထားလို့ မဖြစ်တော့ဘူး… ဒီတိုက်ပွဲကို မြန်မြန် အဆုံးသတ်ပစ်ရမယ် ”
တစ်ချိန်တည်းမှာ ဤတိုက်ပွဲနယ်မြေနှင့် အဝေးတစ်နေရာတွင် ကြောက်မက်ဖွယ်အရှိန်အဝါနှင့် ပုံရိပ်တစ်ခုက တည်နေရာပြောင်းရွှေ့ခြင်း အတတ်ပညာကို အသုံးပြု၍ ဤနေရာဆီသို့ မြန်ဆန်စွာ ချဉ်းကပ်လာနေသည်။
ထိုပုံရိပ်သည် ဝိညာဉ်သတ္ထုတွင်းထဲမှာ ထွက်ပေါ်လာခဲ့သော အနီရောင်ဆံပင်နှင့် လူငယ်မှလွဲ၍ တခြားလူမဟုတ်ပေ။
နှောင်ပိုင်းအဆင့် အုပ်ချုပ်သူအရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်နေသည်။
“ အဲ့ဒီကောင်က ငါ့ရဲ့ ဝိညာဉ်သတ္ထုတွင်းကို ဖျက်ဆီးခဲ့ပြီး အစောင့်အရှောက်ကို သတ်ဖြတ်ခဲ့တယ်… အဲ့ဒါက ငါ့ကို တိုက်ပွဲမှာ ရှုံးနိမ့်သွားစေခဲ့တယ်… ဒါ့အပြင် သူက လင်းဒူ ငါ့ကို လက်ဆောင်အဖြစ် ပေးဖို့ ပြင်ဆင်ထားတဲ့ အရည်အချင်းပြည့်မီတုံကင်ကိုတောင် ယူဆောင်သွားခဲ့တယ် ”
“ ဘယ်လိုကောင်က နဂါးနှလုံးနဲ့ ဖီးနစ်အသည်းကို စားထားလို့ အဲ့လောက်တောင် ရဲတင်းနေတာလဲဆိုတာ ငါမြင်ချင်မိတယ် ”