မျက်နှာကို ဖြတ်ရိုက်လိုက်သလို
Vol. 9 Ch. 114
မိုရှ၏ ပစ္စည်းများကို ကြည့်နေသူများထံမှ ဝိုးခနဲ ဝါးခနဲ တအံ့တသြ ရေရွတ်သံများ ထွက်လာသည်။
အကြီးအကဲပင် မျက်လုံးအနည်းငယ် ပြူးသွား၏။
သူ့ရှေ့တွင်မူ မိုရှယူလာသည့် သားရဲ အတွင်းအား ဆေးရည် နှစ်ဆယ်ကျော်ရှိနေသည်။
ထိုသားရဲပစ္စည်းများမှလွဲ၍ အခြား မည်သည့်စိတ်စွမ်းအင်ဆေးပင် မှ ရှိမနေသလို သတ္ထုရိုင်းများလည်း ရှိမနေပါ ။
" ဟားဟား .. အခြောက်တွေကပဲ စိတ်စွမ်းအင်ဆေးပင်တွေ ရှာကြတာ၊ တကယ့် ယောကျ်ားစစ်စစ်က သားရဲတွေကိုပဲ သတ်တာကွ "
မိုရှက အပြုံးဖြင့် ပြောလိုက်သည်။
" ဒီကောင်ကတော့ .. "
အားလုံး မျက်နှာလွဲသွားကြ၏။
" အဆင့်သုံး သားရဲအတွင်းအား ဆေးရည် ၁၃ ခု နဲ့ အဆင့် နှစ် သားရဲအတွင်းအား ဆေးရည် ၁၁ ခု ၊ စုစုပေါင်းအမှတ် ၁၄၁၀ "
အကြီးအကဲက ပြောလိုက်သည်။
" ဟင် .. အဆင့်သုံး သားရဲအတွင်းအားဆေးရည် ၁၃ ခုတောင် .. ဒါဆို သူက စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့် သားရဲ ၁၃ ကောင်ကို သတ်ခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့ "
" ဘုရားရေ ..နှစ်နာရီတောင် မပြည့်တဲ့ အချိန်အတွင်းမှာ သူက အများကြီးကို သတ်ပစ်ခဲ့တာပဲ "
" နတ်ဆိုးလေးဆိုတဲ့ နာမည်အတိုင်းပါပဲလားကွာ .. "
တအံ့တသြ ပြောဆိုသံများ ထပ်မံထွက်ပေါ်လာပြန်သည်။
လုဝမ်ထောင်၏ နောက်လိုက်များမှာ သူတို့ရှေ့မှ လူသတ်အရိပ်အငွေ့ဖြင့် ပြည့်နေသူကို ကြောက်၍ ပါးစိပ်ပိတ် နေနေကြ၏။
သူတို့သုံးယောက် ပြီးသွားပြီးနောက်တွင်မူ ကျန်လူများ၏ အမှတ်များက ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြသည်။
အမှန်တွင်မူ လူအများစု၏ အမှတ်များမှာ အခြေအနေဆိုးသည်ဟုပင် ပြော၍ရ၏။
ဤဒုတိယအဆင့်က အမှန်လည်း ခက်ခဲသည်ဖြစ်ရာ ထိုသို့ အမှတ်နည်းနေကြသည်မှာ မဆန်းလှပေ ။
နောက်ဆုံးတွင်မူ လောထျန်းနှင့် သူ့ သူငယ်ချင်းများအလှည့် ရောက်လာသည်။
" ဟော ..သခင်လေးပိုင်ရဲ့ အလှည့်တောင် ရောက်လာပြီပဲ ။ မရှက်ပါနဲ့ကွာ ၊ ရှေ့တိုးပြီး အမှတ်စာရင်းလေး ကြည့်လိုက်ပါဦး "
လုဝမ်ထောင်၏ နောက်လိုက်တစ်ယောက်က လှောင်ပြုံးဖြင့် ပြောလိုက်သည်။
ပိုင်ထျန်းယွိက သူ့အား လစ်လျူရှုထားကာ အကြီးအကဲဆီသို့ သွား၍ သူ ရှာဖွေစုဆောင်းလာသည့် ပစ္စည်းများ ထုတ်ပေးလိုက်သည်။
" အဆင့်သုံး စိတ်စွမ်းအင်ဆေးပင် ၃ ပင်၊ အဆင့်နှစ် စိတ်စွမ်းအင်ဆေးပင် ၇ ပင် ၊ အဆင့်နှစ် သားရဲအတွင်းအား ဆေးရည် ၁ ခု ၊ စုစုပေါင်းအမှတ် ၃၈၀ "
အကြီးအကဲက ပြောလိုက်သည်။
ထိုအမှတ်သည် ပြိုင်ပွဲဝင်အများစုထက် သာသော်လည်း လုဝမ်ထောင်နှင့်မူ အလွန်ကွာနေဆဲဖြစ်သည်။
လုဝမ်ထောင်က ထိုအမှတ်ကို မြင်သောအခါ လက်ခုပ်လက်ဝါးတီး၍ တဟားဟား ရယ်မောလိုက်သည်။
" ပိုင်ထျန်းယွိ ၊ မင်းလုပ်နိုင်တာ ဒါ အကုန်ပဲလားကွ ။ အစကတော့ ငါက မင်းကို ပြိုင်ဘက်လို သဘောထားထားတာ ။ ခုတာ့ကွာ .. မင်းက တော်တော်အစွမ်းနိမ့်သေးတာပဲ "
လုဝမ်ထောင်က အထင်သေးစိတ်ပျက်နေဟန်ဖြင့် ခေါင်းယမ်း၍ ပြောလိုက်သည်။
ပိုင်ထျန်းယွိက သူ့ကို လှည့်ကြည့်ကာ အံကြိတ်လိုက်၏။ သို့သော် မည်သည့်စကားမှ မဆိုပေ။
ထိုအချိန်တွင် ဟန်ဝမ်ကျိုး ရှေ့တိုးလာ၏။ သူ့အမှတ်မှာလည်း ပိုင်ထျန်းယွိနှင့် သိပ်မကွာဘဲ အမှတ်ပေါင်း ၃၇၀ ရလိုက်သည်။
ထိုအမှတ်ကိုကြည့်ကာ လူဝမ်ထောင်က ဆက်လှောင်လိုက်ပြန်၏။
" မင်းရဲ့ သူငယ်ချင်းကလဲ ဒီအဆင့်ပဲ ရှိတာပါလား ။ အေးလေ .. မထူးဆန်းပါဘူး "
" ဟုတ်ပါ့ဗျာ ၊ အကိုကြီးလု လို တကယ့်ပါရမီရှင်တွေနဲ့ ယှဥ်လိုက်တော့ ဒီကောင်တွေက ဟိုးအနောက် မိုင် တစ်သန်းလောက်ကို ရောက်နေကြတာပဲ "
လုဝမ်ထောင်၏ နောက်လိုက်များထံမှ ရယ်သံကျယ်ကြီး ထွက်လာပြန်သည်။
သို့သော် .. ထိုအချိန်တွင် ..
" ဟားဟား ..မင်းတို့အကိုကြီးလု လို အရှုံးသမားက ငါတို့ရှေ့မှာ ရယ်ရဲနေတယ်ပေါ့ ။ မင်းတို့တွေ ဦးနှောက်ချောင်သွားကြတာများလား "
လင်ကျိုးရန်က ပြောလိုက်သည်။
" ဟင် .. မင်း ဘာပြောလိုက်တယ် "
" ကောင်လေး .. သတ္တိရှိရင် ထပ်ပြောလိုက်စမ်း "
လုဝမ်ထောင်၏ နောက်လိုက်များ ရုတ်ချည်း ဒေါသထွက်သွားကာ အော်ဟစ်ဆဲရေးလိုက်ကြသည်။
လင်ကျိုးရန်က ထိုလူများကို ကြည့်ကာ ပြော၏။
" ဘာဖြစ်လို့လဲ .. ဦးနှောက်တင်မကဘူး ၊ နားတွေပါ မကောင်းတော့တာလား ။ ဒါလေးတောင် သေချာမကြားလိုက်ကြဘူးလားကွာ ။ ကောင်းပြီလေ ၊ ဒါဆိုလဲ ထပ်ပြောမယ်။ မင်းတို့ရဲ့ အကိုကြီး လု က အမှိုက်ကောင်ပဲ "
လုဝမ်ထောင်၏ နောက်လိုက်များ ဒေါသူပုန် ထသွားကြသည်။
" ကောင်လေး .. မင်းက သေချင်နေတာပဲ "
" မျိုးမစစ်ကောင် ၊ မင်း ဓားကို ထုတ်လိုက်စမ်း ။ ငါ မင်းနဲ့ တစ်ယောက်ချင်း တိုက်ခိုက်မယ် "
လုဝမ်ထောင်က လက်ပြ၍ အားလုံးကို ငြိမ်ရန် အချက်ပြလိုက်သည်။ ထို့နောက် သူက လင်ကျိုးရန်ရှိရာသို့ လျှောက်သွား၏။
" မင်းက လင်ကျိုးရန် မဟုတ်လား ။ ငါ မင်းကို သိတယ်ကွ ၊ မင်းက ကိုယ့်ကိုကိုယ် အလုံးစုံသိတဲ့သူဆိုပြီး အထင်ကြီးနေတဲ့ ပိုင်ထျန်းယွိရဲ့ သူငယ်ချင်းပဲ ။ မင်းခုနက ပြောလိုက်တဲ့ စကားက ဘာအဓိပ္ပါယ်နဲ့ ပြောလိုက်တာလဲ "
လုဝမ်ထောင်က အေးစက်စက် ပြောလိုက်သည်။
လုဝမ်ထောင်က သူ့ကိုကြည့်ကာ မထူးခြားဟန်ဖြင့် ပြန်ဖြေ၏။
" ဒါနဲ့ဆို သုံးခါတောင် ရှိပြီကွာ ။ မင်းရဲ့ အောင်မြင်မှုတွေရော မင်းရောက ငါ့ရှေ့မှာတော့ ဘာမှ မဟုတ်တဲ့ အမှိုက်ပဲလို့ ပြောလိုက်တာ ။ မင်းက ငါ့ရှေ့မှာ အရူးတစ်ယောက်လို ပြူမူနေရအောင် ဘယ်လိုအရည်အချင်းမျိုး ရှိထားလဲဆိုတာတော့ ငါ မသိဘူးပေါ့ကွာ "
လုဝမ်ထောင် မျက်မှောင်ကြုံ့သွားကာ ထပ်မေးလိုက်သည်။
" ငါက မင်းရှေ့မှာ အမှိုက်ပဲလို့ ပြောလိုက်တာလား ။ ဆိုလိုတာက မင်းရဲ့အမှတ်က ငါ့ထက် ပိုများမယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့ "
လင်ကျိုးရန်က ပြုံးလိုက်သည်။
" မင်းထက် ပိုများရုံတင်မကဘူး .. မင်းကို စက္ကန့်ပိုင်းလေးအတွင်း သတ်ပစ်လို့တောင် ရတယ်ကွာ "
" မင်း .."
လုဝမ်ထောင်က ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းညိတ်၍ ပြော၏။
" ကောင်းပြီလေ ၊ မင်းက သတ္တိတော့ ရှိသားပဲ ။ ငါ့ကို စက္ကန့်ပိုင်းအတွင်း ဘယ်လိုသတ်မလဲဆိုတာ ငါလဲ စိတ်ဝင်စားတယ်ကွ "
ထိုအချိန်တွင် အကြီးအကဲက စိတ်မရှည်ဖြစ်လာပြီး စားပွဲကို လက်ဖြင့် ရိုက်ကာ အော်ပြောလာ၏။
" မင်းတို့နှစ်ယောက် ..အဓိပ္ပါယ်မရှိတာတွေပြောပြီး ရန်ဖြစ်မနေနဲ့ ။ ဟိုကောင် .. ခုချက်ချင်း ဒီကိုလာပြီး စာရင်းမပေးရင် မင်းရဲ့ အမှတ်စာရင်းကို ငါ ပယ်ဖျက်လိုက်တော့မယ် "
လင်ကျိုးရန်တစ်ယောက် ချက်ချင်း ဇက်လေးပုသွားကာ မြန်မြန်ပြန်ပြောလိုက်သည်။
" အခုလာပါပြီဗျာ "
သူက ထိုသို့ ပြောပြီးသည်နှင့် အကြီးအကဲဆီသို့ အပြေးအလွှားသွားလိုက်သည်။
" အကိုလု ၊ ဒီကောင်လေးက ဘာတွေ ကြံစည်နေလဲ မသိဘူး "
လုဝမ်ထောင်၏ နောက်လိုက်တစ်ယောက်က ပြောလိုက်သည်။
လုဝမ်ထောင်က လှောင်ပြုံးသာ ပြုံးလိုက်၏။
" ဒီကောင့်ဆီမှာ ဘယ်လို ဆေးပင်မျိုး ရှိမှာမို့လို့လဲကွာ ။ ဒီကောင်က တမင်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ပုံမျိုး လုပ်ပြနေတာ ။ မယုံရင် သူ ဘာတွေ ထုတ်မလဲ စောင့်သာကြည့်လိုက် "
အားလုံးမှာ မျက်တောင်ပင် မခတ်နိုင်ဘဲ လင်ကျိုးရန်အား ကြည့်လိုက်ကြသည်။
လင်ကျိုးရန်က သူ၏ ဟင်းလင်းပြင်လက်စွပ်အား တည်တည်ငြိမ်ငြိမ် ထုတ်လိုက်သည်။ ထို့နောက် ချင်ချင်းပင် စားပွဲပေါ်၌ များစွာသော စိတ်စွမ်းအင်ဆေးပင် တမဟုတ်ချင်း ပေါ်လာ၏။
" ဟင် .. အများကြီးပါလား "
အမှတ်စာရင်းသွင်းနေသည့် အကြီးအကဲက တအံ့တသြ ကြည့်လိုက်သည်။
သူ အလွန် အံ့သြမှင်သက်နေ၏။
သူ့ရှေ့မှ လူငယ်လေးသာ် သာမာန်ကျင့်ကြံခြင်းအဆင့်သာ ရှိဟန်တူသော်လည်း ...
ထိုသို့သော စိတ်စွမ်းအင် ဆေးပင်များကို မည်သို့ ရလာခဲ့ပါသနည်း ။
" ခနနေဦး "
အကြီးအကဲက တစ်ခုချင်းစီ စစ်ဆေးကြည့်လိုက်သည်။
ထိုအချိန်တွင် ဘေးမှ လူများအားလုံးလည်း အလွန်အံ့အားသင့်နေကြ၏။
" ဟင် .. ဒီကောင်က ဘယ်သူလဲ ။ သူ ဒီလို စိတ်စွမ်းအင်ဆေးပင်တွေ အများကြီးကို ဘယ်လိုရလာတာလဲ "
" သူက လင်ကျိုးရန် မဟုတ်လား ..ငါ သိသလောက်တော့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က သာမာန်ပါပဲ "
လူအုပ်၏ တအံ့တသြ ဆွေးနွေးသံများကြားထဲတွင် လုဝမ်ထောင်တစ်ယောက် အလွန်မျက်နှာပျက်နေ၏။
အစောကလေးတင် သူ့နောက်လိုက်များက သူ့အား နံပါတ်တစ် ပါရမီရှင်ဟု ပြောနေခဲ့ကြသေးသည် ။
သို့သော် ..အခြေအနေက ထိုသို့ ရုတ်တရက် ပြောင်းသွားသည်လား။
လင်ကျိုးရန်၏ အမှတ်စာရင်းက ထွက်မလာသေးသော်လည်း စာပွဲပေါ်တွင် တောင်လိုပုံနေသည့် စိတ်စွမ်းအင်ဆေးပင်များကို ကြည့်ခြင်းဖြင့်ပင် အခြေအနေကို ခန့်မှန်း၍ ရနေလေပြီ ။ ထိုဆေးပင်များအားလုံးက အဆင့်တစ် ဆေးပင်များ ဖြစ်နေခဲ့လျှင်ပင် အမှတ်ပါင်းက သူ့ထက်ပိုများမည်မှာ သေချာ၏။
" အားလုံး .. ကျုပ်ကို လာကူကြပါဦး ။ ကျုပ် ဆက်မရေနိုင်တော့ဘူး "
ခေတ္တမျှ ကြာသွားပြီးနောက် အကြီးအကဲမှာ ပင်ပန်းလာသဖြင့် ကျန်လူများအား အကူအညီတောင်းလိုက်သည်။
ချက်ချင်းပင် အကြီးအကဲများစွာ ရောက်လာကာ အတူတကွ ရေတွက်လိုက်ကြသည်။
နောက်ထပ် ဆယ့်ငါးမိနစ်ခန့် ကြာသွားပြီးနောက်မှသာ အကြီးအကဲများ နဖူးမှ ချွေးသုတ်လိုက်ကြပြီး မတ်မတ် ပြန်ရပ်လိုက်ကြ၏။
" အကြီးအကဲစွန်း ကပဲ ကြေငြာလိုက်ပါဗျာ "
အဘိုးအိုတစ်ယောက်က ပြောလိုက်သည်။
အကြီးအကဲ စွန်း က ခေါင်းညိတ်၍ လူအုပ်ဘက်လှည့်ကာ ပြော၏။
" လသ်ကျိုးရန် ၊ အဆင့်သုံး စိတ်စွမ်းအင်ဆေးပင် ၉၈ ၊ အဆင့်နှစ် စိတ်စွမ်းအင်ဆေးပင် ၄၃၁ ၊ အဆင့်တစ် စိတ်စွမ်းအင်ဆေးပင် ၇၆၄ ၊ စုစုပေါင်းအမှတ် ၁၄၈၇၄ "
ထိုစကားကို ကြားသည်နှင့် အားလုံး ခဏတာ တိတ်သွားကြသည်။
ထို့နောက် လူအုပ်ထံမှ ဆူဆူညံညံအသံများ ရုတ်ချည်း ထွက်လာ၏။
" ချီးကွာ ..နောက်နေတာများလား ။ အမှတ် တစ်သောင်းတောင် ကျော်တယ်။ ဘယ်လိုလုပ်ပြီး အဲ့လောက်များရတာလဲ "
" ဒီကောင်က လူရော ဟုတ်သေးရဲ့လား။ အဲ့လောက်များတဲ့ ဆေးပင်တွေ ဘယ်ကနေ ရလာတာလဲ။ သူ အပြင်ကနေ ခိုးပြီးသယ်လာတာလား မသိဘူး "
" ဟုတ်တယ် ၊ သူ အပြင်ကနေ ဆေးပင်တွေ ခိုးပြီးယူလာတာလားဆိုတာ စစ်ဆေးသင့်တယ် "
အားလုံး တစ်ယောက်တစ်ပေါက် အော်ပြောလိုက်ကြသည်။
ထိုအချိန်တွင် အကြီးအကဲစွန်းက အားလုံးကို လက်ပြ၍ ပြော၏။
" အားလုံးပဲ .. ကျေးဇူးပြုပြီး စိတ်ရှည်ကြပါ။ ငါတို့ အကြီးအကဲတွေ အခုလေးတင် အားလုံးကို စစ်ဆေးထားတာ ။ ဒီဆေးပင်တွေအားလုံးက မဟူရာလေပြင်းတောင်ကနေ အစောလေးကမှ ခူးထားတာတွေပဲ ။ ဘာ ပြဿနာမှ မရှိဘူး "
" ဘယ်လို .."
အကြီးအကဲ၏ စကားကြောင့် အားလုံး ပို၍ နေမထိထိုင်မသာ ဖြစ်သွားကြသည်။
ထိုစဥ် လင်ကျိုးရန်က မိမိကိုယ်ကို အလွန်ဂုဏ်ယူဟန်ဖြင့် ခါးထောက်၍ ပြော၏။
" ဘာလဲ .. မင်းတို့တွေက ထျန်းရှန့်သိုင်းပြိုင်ပွဲကို မေးခွန်းထုတ်ချင်ကြသေးတာလား ။ ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ ဘယ်သူမှ လိမ်ညာလှည့်စားလို့ မရဘူးကွ "
ထို့နောက် သူက လုဝမ်ထောင်ဘက် လှည့်ကြည့်ကာ ဆက်ပြောသည်။
" ကောင်လေး .. မင်းကို ငါ စက္ကန့်ပိုင်းအတွင်း သတ်နိုင်တယ်လို့ ပြောခဲ့တယ်နော် ၊ အခုယုံပြီလား "
လုဝမ်ထောင်မှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာများ နီရဲနေ၏။ သို့သော် တစ်ဖက်လူ၏ အမှတ်က သူနှင့် အကွာကြီး ကွာနေလေရာ သူ မည်သို့မှ ပြန်မပြောနိုင်ပါချေ။
ထိုအချိန်တွင် အကြီးအကဲစွန်းက သက်ပြင်းချ၍ ပြောလိုက်သည်။
" ကဲ .. နောက်တစ်ယောက် လာခဲ့ဟေ့ "
သူ ပြောနေစဥ်မှာပင် လောထျန်းက ရှေ့သို့ လျှောက်သွားလိုက်သည်။
အကြီးအကဲက သူ့ပုခုံးသူ ပြန်နှိပ်ရင်း ပြော၏။
" ငါ ဒီလို ဆေးပင်တွေအများကြီးကို တစ်ထိုင်တည်း မရေရတာတောင် နှစ်တော်တော်ကြာသွားပြီ။ ခြေထောက်တွေ လက်တွေကို ညောင်းသွားတာပဲ ။ အားလုံးပြီးသွား တော်သေးတာပေါ့ကွာ ။ ဆေးပင်တွေအများကြီး ထပ်ပေါ်လာမှာ မဟုတ်တော့ဘူး "