အဆင့် ၇
Vol. 9 Ch. 117
ဤဆုကြောင့် စိတ်လှုပ်ရှားသွားသူ သိပ်မရှိလှပေ။
အဘယ့်ကြောင့်ဆိုသော် ရှေ့မှ ဆုများနှင့် ယှဥ်ပါက သွေးနီစိတ်စွမ်းအင် ပုလဲလုံးမှာ သာမာန် ဖြစ်နေသောကြောင့်ပင်။
လောထျန်း တစ်ယောက်တည်းသာ မျက်လုံးများ အရောင်လက်သွား၏။
" တော်သေးတာပေါ့ကွာ ၊ ကောင်းတယ် "
သူသည် သွေးနီစိတ်စွမ်းအင် ပုလဲလုံးနှင့် ဆုမီတောင်သို့ ဝင်ခွင့်ရရန်အတွက်သာ ဤနေရာသို့ လာခဲ့ခြင်း မဟုတ်ပါလား။
" အကိုလောထျန်း .. ဒါ ကောင်းတယ်ဗျ။ အကို့ရဲ့ အစွမ်းနဲ့သာဆို ကောင်းကင်ချိုးဖျက် ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဥ်ကို သေချာပေါက် ရမှာပဲ။ ဒါနဲ့သာဆို အကို့ရဲ့ အစွမ်းက သေချာပေါက် နောက်တစ်ဆင့်တက်သွားလိမ့်မယ် "
လောထျန်းဘေးတွင် ရှိနေသည့် ပိုင်ထျန်းယွိက ပြောလိုက်သည်။
" အမှန်ပဲ ၊ ဒီနှစ် ထျန်းရှန့်သိုင်းပြိုင်ပွဲက ဒီလောက်ကြီးလိမ့်မယ်လို့ ကျုပ်လဲ မထင်ထားမိဘူး။ သူတို့က ဒီလိုဆုကြီးမျိုးတောင် ထုတ်လာတာပဲ "
လင်ကျိုးရန်နှင့် အခြားသူများလည်း သက်ပြင်းချလိုက်ကြသည်။
လောထျန်းကမူ မည်သို့မှ ပြန်မပြောဘဲ တိတ်တဆိတ်သာ နေနေ၏။
ထိုစဥ် အကြီးအကဲက စကားဆက်သည်။
" ငါ မင်းတို့ကို နောက်ဆုံး သတိပေးချင်တာ တစ်ခုတော့ရှိတယ်။ ဒီ ထျန်းရှန့်သိုင်းပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်မှာ လူသတ်တာကို မတားမြစ်ထားဘူး ။ ဆိုတော့ ကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိရင် ပေးထားတဲ့ အဆောင်ကဒ်ပြားကို ချိုးပြီးတော့ အရှုံးပေးလိုက်လို့ရတယ်။ ဒီအဆင့်က စုစုပေါင်း အချိန် ၂ နာရီ ကြာလိမ့်မယ် "
" ၂ နာရီ ကျော်သွားရင်တော့ တိုက်ပွဲကွင်းပြင်ထဲမှာ ကျန်နေတဲ့ သူတွေရဲ့ အမှတ်ကို အခြေခံပြီး အဆင့်တွေ ခွဲပေးမယ်။ အချိန်မစေ့ခင် ထွက်သွားရတဲ့ သူတွေကိုတော့ ထွက်ရတဲ့ အမှတ်စဥ်လိုက် အဆင့်ခွဲပေးမယ်။ ကဲ .. ခနနေရင် တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကို အသက်သွင်းပြီး အားလုံးကို တိုက်ပွဲကွင်းပြင်ဆီ ပို့ပေးမယ်။ တရားမျှတအောင်လို့ အားလုံးကို မတူတဲ့နေရာတွေဆီ ကျပန်း နေရာချပေးမယ် "
" ကဲ ..အစီအမံကို စလိုက်ကြစို့ "
အကြီးအကဲ၏ စကားဆုံးသည်နှင့် ပြိုင်ပွဲဝင်များအားလုံးကို အလင်းတန်းတစ်ခုက လွှမ်းခြုံသွား၏။
အလင်းတန်းထဲ ရောက်သွားသည့် လင်ကျိုးရန်မှာ ခေါင်းကို လက်ဖြင့် အုပ်ထားလိုက်ရသည်။
အဘယ့်ကြောင့်ဆိုသော် အားလုံးက သူ့အား သားကောင်သဖွယ် ကြည့်နေကြသောကြောင့်ပင် ။
ခဏအကြာတွင် ကြုံရမည့် အခြေအနေကို သူ ခန့်မှန်း၍ပင် ရနေ၏။
ဝှစ် ...
ထို့နောက်တွင်မူ အားလုံး နေရာမှ ပျောက်ကွယ်သွားကြသည်။
ထိုစဥ် အခြားတဖက်ရှိ တိုက်ပွဲကွင်းပြင်ဘေးမှ ပွဲကြည့်စင်တွင် လူများဖြင့် အပြည့်ဖြစ်နေလေပြီ။
ယခုပွဲက ထျန်းရှန့်နိုင်ငံတွင် အကြီးကျယ်ဆုံး ပွဲတစ်ခုဖြစ်ရာ အင်အားကြီးအဖွဲ့စုံပင် ရောက်နေကြ၏။
" ဒီနှစ် ထျန်းရှန့်သိုင်းပြိုင်ပွဲရဲ့ ချန်ပီယံက ဘယ်သူဖြစ်နိုင်မလဲ ခန့်မှန်းကြပါဦး "
ပွဲကြည့်စင်ပေါ်မှ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က အပြုံးဖြင့် ပြောလိုက်သည်။
" ပြောဖို့တော့ ခက်တယ်ကွ ၊ ဒါပေမယ့် ဟိုသုံးယောက်ထဲကပဲ ရွေးရမှာပဲ ။ ပထမနေရာကတော့ ..မိုရှပဲ ရလိမ့်မယ်ထင်တယ်။ နတ်ဆိုးငါးကောင်တောင် က နေ လာတဲ့သူတွေက အစွမ်းထက်ရုံတင်မကဘူး သူတို့ရဲ့ ကိုယ်ပိုင်စရိုက်ကလဲ ထူးဆန်းကြတယ် "
အခြားလူကြီးတစ်ယောက်က ပြန်ပြောသည်။
" ကျုပ်ကတော့ ဖုန့်ဖေးရန်ကို ပိုသဘောကျတယ်။ ဓားသမားတွေ အစွမ်းထက်လာရင် ဘယ်သူမှ မယှဥ်နိုင်ဘူးလေ "
" အေးဗျာ ၊ ဘယ်သူက အတိကျ ပြောနိုင်မှာလဲ ။ ဒါနဲ့ အကိုကြီးလင် ၊ အကိုကြီးရဲ့သား လင်ကျိုးရန်လဲ ဒီ ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ ဝင်ပြိုင်တယ်မဟုတ်လား "
သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က မေးလိုက်သည်။
အကိုကြီးလင် ဆိုသူက အပြုံးဖြင့် ပြန်ဖြေ၏။
" အင်း .. ကျုပ်က အတင်းတော့ ဝင်ပြိုင်ခိုင်းလိုက်တာပဲ ။ ဒါပေမယ့် ဒီကလေးအကြောင်းကို ခင်ဗျားလဲ သိတာပဲဗျာ .. ပထမအဆင့်နဲ့တင် အထုတ်ခံလိုက်ရပြီနဲ့ တူပါတယ် "
" ဒါလဲ ဟုတ်တာပဲ "
သူ့ဘေးမှ လူများ ခေါင်းညိတ်လိုက်ကြသည်။
ထိုအချိန်တွင် တိုက်ပွဲကွင်းပြင် အပေါ်၌ အလင်းတန်း လိုက်ကာတစ်ခု လင်းလက်သွား၏။
" နောက်ဆုံးအဆင့် ပြိုင်ပွဲတောင် စပြီပဲ "
" မိုရှရေ .. ငါ့ကို ပိုက်ဆံများများရအောင် လုပ်ပေးကွာ။ ငါ မင်းဘက်ကနေ တစ်သန်းတောင် လောင်းထားတယ် "
အားလုံးက အလင်းတန်းလိုက်ကာအား သေချာစိုက်ကြည့်လိုက်ကြသည်။
မကြာမီ ..လိုက်ကာပေါ်၌ အားလုံး၏ လက်ရှိအမှတ်စာရင်းများကို ဖော်ပြထားသည့် စာရင်းတစ်ခု ပေါ်လာ၏။
" ပြီးခဲ့တဲ့ အဆင့်နှစ်ခုမှာ ပထမ ရတဲ့သူက ဘယ်သူပါလိမ့် ။ မိုရှလား ၊ ဖုန့်ဖေးရန်လား .. ဒါမှမဟုတ် ရွှယ်လင်းလုံလား "
အားလုံးမှာ အသက်ပင် မရှူရဲဘဲ လိုက်ကာအား ကြည့်လိုက်ကြသည်။
သို့သော် ထိုအချိန်တွင် စာရင်း၏ ထိပ်ဆုံးနေရာ၌ ' လောထျန်း ' ဆိုသော စာလုံးနှစ်လုံး ပေါ်လာ၏။
" ဟင် .. လောထျန်း တဲ့ ၊ သူက ဘယ်သူလဲ "
" ငါတော့ ဒီနာမည်ကို တစ်ခါမှ မကြားဖူးဘူး၊ မင်းတို့ရော ကြားဖူးကြလား "
" ကျုပ်လဲ မသိဘူးဗျ ၊ ဒီနာမည်ကို တစ်ခါမှကို မကြားဖူးတာ "
အားလုံး တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်စွာ ကြည့်လိုက်ကြသည်။
ထိုစဥ် လောထျန်း၏ အောက် ဒုတိယနေရာပိုင်ရှင်၏ နာမည် ပေါ်လာပြန်သည် ။
" ဟင် .. လင်ကျိုးရန်တဲ့ ၊ သူကရော ဘယ်သူလဲ "
အားလုံး နားမလည်နိုင် ဖြစ်သွားကြပြန်သည်။
ယခုနှစ် ထျန်းရှန့်သိုင်းပြိုင်ပွဲတွင် မည်သို့ ဖြစ်နေပါသနည်း ။
ယခု ပြိုင်ပွဲ နောက်ဆုံးအဆင့်ရှိ ထိပ်ပိုင်းနေရာနှစ်ခုက သူတို့နှင့် မရင်းနှီးသည့် လူနာမည်များ အဘယ့်ကြောင့် ဖြစ်နေရပါသနည်း။
ထိုစဥ် အဘိုးကြီးလင် မှာ အားလုံးထဲတွင် နားမလည်ဆုံး ဖြစ်နေသည်။
" ဘာ..ဘာတွေ ဖြစ်နေတာလဲ ၊ လင်ကျိုးရန်တဲ့ .. ဒါ ငါ့သား မဟုတ်ဘူးလား "
လောလင် လုံးဝ အံ့အားသင့်နေ၏။
သူသည် သူ့သားအကြောင်း သေချာသိထားသူတစ်ယောက် ဖြစ်သည်။
သူ့သားက သူ အတင်းတိုက်တွန်း၍သာ ထျန်းရှန့်သိုင်းပြိုင်ပွဲသို့ ဝင်ပြိုင်ခဲ့ခြင်းပင်။
ယခု သူ့သားက ဒုတိနေရာတွင် ရှိနေသည်တဲ့လား ..
" လောလင် ၊ ခင်ဗျား သားက လျှို့ဝှက်ပါရမီတွေများ ရှိနေတာလား "
သူ့ဘေးမှ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က တအံ့တသြကြည့်ရင်း ပြောလိုက်သည်။
" အကိုကြီးလင် .. ဒါတော့ မကောင်းဘူးဗျာ ၊ ခင်ဗျားသားက ဒီလောက်အစွမ်းထက်တာကို ကျုပ်တို့ကို ဘာဖြစ်လို့ စောစောမပြောတာလဲဗျ "
အခြားလူကြီးတစ်ယောက်ကလည်း ပြော၏။
လောလင်က ချက်ချင်း မျက်နှာငယ်လေးဖြင့် ပြန်ပြောသည်။
" မဟုတ်ဘူးကွ ၊ ဘာတွေဖြစ်နေမှန်း ကျုပ်လဲ တကယ်ကို နားမလည်တော့တာ ။ ဒီကောင်လေးက ကံကောင်းသွားတာများလား "
သူ့ဘေးက လူက ချက်ချင်း နှုတ်ခမ်းမဲ့ကာ ပြန်ပြော၏။
" မဖြစ်နိုင်တာဗျာ ၊ ကံကောင်းလို့ ဒုတိယနေရာရတာ ဘယ်သူရှိဖူးလို့လဲ ။ လောလင် ၊ ခင်ဗျားက အမှန်အတိုင်းမပြောဘဲ ဖုံးကွယ်ထားတာပဲ "
အားလုံးကလည်း တစ်ချိန်တည်း တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသဖြင့် လောလင်မှာ မည်သို့ ပြန်ပြောရမည်ပင် မသိတော့ချေ ။
ထိုအချိန်တွင် တတိယနေရာပိုင်ရှင်၏ နာမည် ပေါ်လာသည်။
" လုဝမ်ထောင် တဲ့ ၊ ဒီကောင်လေးက ထျန်းရှန့်နိုင်ငံ လုမိသားစုက မဟုတ်လား ။ သူက ဘယ်လိုဖြစ်ပြီး ပြိုင်ပွဲ အရင်နှစ်ဆင့်မှာ တတိယရသွားတာလဲ "
ထိုသုံးယောက်ကြောင့် လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
သူတို့အားလုံး မျှော်လင့်ထားကြသည့် သုံးယောက်က အဘယ့်ကြောင့် အဆင့် ၁ မှ ၃ အတွင်း မဝင်ရပါသနည်း။
ပွဲကြည့်စင် တစ်နေရာမှ လုမိသားစုဝင်များကမူ ပြုံးနေကြ၏။
ထိုသုံးယောက်ပြီးနောက်တွင်မူ ကျန်လူများ၏ အဆင့်စာရင်းများ တစ်ပြိုင်နက်တည်း ပေါ်လာသည်။
ပွဲကြည့်စင်ပေါ်မှ လူအုပ်မှာ ထိုစာရင်းကို ကြည့်ကာ မကျေမနပ် ဖြစ်နေကြ၏။
အထူးသဖြင့် မိုရှ နှင့် ကျန်နှစ်ယောက်ကို လောင်းကြေးများများ ထပ်ထားကြသည့် လူများက လောထျန်းအပါအဝင် ထိပ်ဆုံးသုံးယောက်အား အပြစ်တင်ရှုံ့ချနေကြသည်။
သို့သော် လောထျန်းမှာ ထိုအချိန်တွင် ကျန်ကိစ္စများကို စဥ်းစားရန် အချိန်ပင် မရပါချေ။
လောထျန်းသည် တိုက်ပွဲကွင်းပြင်ထဲသို့ တည်နေရာရွှေ့ပြောင်းလာပြီးနောက် အပေါ်မှ အမှတ်စာရင်းကိုကြည့်ကာ လက်နောက်ပစ်လျက် စဥ်းစားခန်း ဝင်နေ၏။
" သွေးနီ စိတ်စွမ်းအင်ပုလဲလုံး ကို ရဖို့ အဆင့် ၇ ရမှကို ဖြစ်မှာလား ..။ ဒါပေမယ့် ..အဆင့်တစ် ရဖို့က လွယ်တယ် ၊ အဆင့် ၇ ရအောင် ဘယ်လိုလုပ်ရမလဲ "
လောထျန်း တွေးကာ မျက်မှောင်ကြုံ့လိုက်သည်။
အကယ်၍ သူသာ ပထမနေရာ ရလိုပါက အမှတ်များသည့် လူများနောက်သိူ့ ပြေးလိုက်၍ ရပေသည်။
သို့သော် အဆင့် ၇ ရရန်ဆိုလျှင်မူ သေချာ တိတိကျကျ လုပ်မှ ရပေလိမ့်မည်။
ထိုသို့ အမှတ်များကို ထိန်းချုပ်ရန်မှာ ပိုခက်ခဲပေသည်။
သူ စဥ်းစားနေစဥ်တွင် .. လူငယ်တစ်ယောက်က သူ့နောက်မှ တဖြည်းဖြည်း ချဥ်းကပ်လာ၏။
" ပြိုင်ပွဲအရင်နှစ်ဆင့်မှာ ပထမနေရာ ရခဲ့တဲ့ သားရဲထိန်းချုပ်သူ ၊ ပါရမီရှင် လောထျန်းပါလား။ ငါ တော်တော် ကံကောင်းတာပဲ "
လူငယ်က အသက်ပြင်းပြင်းရှိုက်ကာ လက်ထဲမှ တင်းပုတ်ကို ခပ်တင်းတင်း ဆုပ်လိုက်သည်။
" ဒီကောင်က တကယ့် ငပိန်းပဲ ၊ တိုက်ပွဲကွင်းပြင်ထဲမှာတောင် ဟိုငေးဒီငေး လုပ်နေတာ ။ ပြီးတော့ သားရဲထိန်းချုပ်သူတစ်ယောက် လုပ်နေပြီး သူ့ရဲ့ တိုက်ပွဲဝင်သားရဲကိုလဲ ချက်ချင်း မခေါ်ဘူး ။ ကိုယ့်ကိုကိုယ် သေကြောင်းကြံနေတာနဲ့ ဘာထူးဦးမှာလဲကွာ "
" စိတ်မကောင်းပါဘူး လောထျန်းရေ ၊ မင်းရဲ့ ၃၀၈ မှတ်ကို ငါ ပိုင်သွားပြီ "
လောထျန်းနောက်သို့ ရောက်သည်နှင့် လူငယ်က ရုတ်တရက် ခုန်ပြီး သူ့လက်ထဲမှ တင်းပုတ်ဖြင့် လောထျန်း၏ ပုခုံးကို ရိုက်ချလိုက်သည်။
ဘုန်း ..
အသံကျယ်တစ်သံ မြည်သွားပြီး လူငယ်၏ လက်တစ်ဖက် ထုံကျင်သွား၏။ သူ့လက်ဖဝါးအောက်ခြေတွင်လည်း သွေးအနည်းငယ် ထွက်လာသည်။
" ဟင် .. ဒါ .. "
သူ့လက်ဖဝါးမှ သွေးထက် ပို၍ အံ့သြစရာ ကောင်းနေသည်မှာ လောထျန်းပင် ။
သူ့တင်းပုတ်က လောထျန်း၏ ပုခုံးပေါ်သို့ ကျသွားခဲ့သော်လည်း လောထျန်းက မည်သို့မှပင် မနေချေ ။
ထိုမျှမက သူ့တင်းပုတ်တွင်လည်း လောထျန်း၏ ပုခုံးနှင့် ထိသွားခဲ့သည့် နေရာ၌ ချိုင့်ရာကြီးတစ်ခု ဖြစ်သွား၏။
" ဒီကောင့် ခန္ဓာကိုယ်က ဘာတွေ ဖြစ်နေတာလဲဟ"
လူငယ်မှာ အလွန်စိတ်ရှုပ်သွားသည်။
ထိုအချိန် အတွေးနယ်ချဲ့နေသည့် လောထျန်းမျက်နှာ ရုတ်တရက် အရောင်လက်လာပြီး ဝမ်းသာအားရ လက်ခုပ်တီး၍ ပြော၏။
" ဟုတ်တယ် .. ဒါပဲလေ "
လောထျန်းက ထိုသို့ ပြောပြီးသည်နှင့် ခေါင်းလှည့်လိုက်ရာ သူ့ပုခုံးပေါ်တွင် ရှိနေသည့် တင်းပုတ်အား တွေ့သွားပြီး အံ့အားသင့်စွာ ပြောလိုက်သည်။
" ဟင် .. ဒါက ဘာကြီးလဲ "