← Chapters

အရည်ရွှမ်းသော အသားတစ်ပိုင်း

Vol. 143 Ch. 2131

အရည်ရွှမ်းသော အသားတစ်ပိုင်း

Vol. 143 Ch. 2131

အာဏာပါးကွက်သားအစောင့်တပ်သားတစ်ရာကျော်သည် ချေမှုန်းဖျက်ဆီးခံလိုက်ရပြီး ရစ်ခွေနဂါးတောင်ကြောရိုးက ဆူညံပွက်လောရိုက်နေပြီဖြစ်၏။

ကျင့်ကြံသူများစွာသည် စိတ်အားထက်သန်သောအမူအရာများနှင့်အတူ အသည်းအသန်ဆွေးနွေးပြောဆိုနေကြ၏။

ဤတိုက်ပွဲသည် ကျင့်ကြံသူများစွာအပေါ် အလွန်သန်မာသည့်သက်ရောက်မှုတစ်ခုရှိလာခဲ့၏။

သည့်ယခင်က အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သည် အာဏာပါးကွက်သားအစောင့်တပ်သားများကို တိုက်ခိုက်သတ်ဖြတ်ရဲလိမ့်မည်ဟု မည်သူက ယုံကြည်နိုင်ပါ့မလဲ။

အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သည် အာဏာပါးကွက်သား အစောင့်တပ်သားတစ်ရာကျော်ကို မြှုပ်နှံပေးလိုက်နိုင်မည်ဟု မည်သူကယုံကြည်ပါ့မလဲ။

ဤတိုက်ပွဲသည် တစ်နှစ်နီးပါးကြာမြင့်ခဲ့သည့် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲတစ်ခုလုံးထက် ပို၍ပြင်းထန်ပြီး ပို၍တုန်လှုပ်စရာကောင်းနေ၏။

အဲ့ဒါသည် မဟာကျင်းအင်မော်တယ်နိုင်ငံကို တိုက်ရိုက်စိန်ခေါ်လိုက်ခြင်းဖြစ်လေသည်။

အဲ့ဒါသည် မင်းသားယွမ်ကျောကို စစ်ကြေညာလိုက်ခြင်းလည်းဖြစ်၏။

လူတချို့ အူမြူးအားရနေပြီး ဆူဇီမိုက သေချာပေါက်သေကြေပျက်သုဥ်းရတော့မည်ဟု ကောက်ချက်ချနေကြ၏။

လူတချို့က အထင်အမြင်သေးနေကြ၏။ ဆူဇီမို၏ အပြုအမူသည် ကျောက်တုံးကို ကြက်ဥနှင့်ပေါက်ခြင်းနှင့်တူနေ၏။ သူက မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် ဆန့်ကျင်တိုက်ခိုက်လိုသည်ဆိုလျှင် အဲ့ဒါက သစ်ပင်တစ်ပင်ကိုကိုင်လှုပ်ဖို့ကြိုးစားနေသည့် ပုရွက်ဆိတ်တစ်ကောင်နှင့် တူနေပေလိမ့်မည်။

ဤကဲ့သို့သောပြိုင်စံရှားတစ်ဦးက အရွယ်မတိုင်ခင် သေဆုံးရတော့မည့်အကြောင်းကိုတွေးပြီး လူတချို့က သနားဂရုဏာသက်နေကြ၏။

ရထားလုံးအတွင်းမှာ...။

မိန်းကလေးက တဖြည်းဖြည်း သူမကိုယ်သူမ ဣန္ဒြေဆယ်လိုက်၏။

“ဆူဇီမိုက တကယ့်ကိုစွမ်းအားကြီးမားပြီးတော့ မင်းသားယွင်လေကိုတောင် အနိုင်ယူနိုင်မယ်... ဒါပေမဲ့ သူကမင်းသားယွင်ထင်ကိုတော့ ယှဥ်နိုင်ဦးမှာမဟုတ်ဘူး”

“မင်းသားယွင်ထင်က ဒီတစ်ခေါက် တံခါးပိတ်ကျင့်ကြံဖို့မဝင်ရောက်ခင် သူက အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်နေခဲ့ပြီ... သူက ဒီတစ်ခေါက် တံခါးပိတ်ကျင့်ကြံရာကနေထွက်လာမယ်ဆိုရင် ကောင်းကင်အင်မော်တယ်နယ်ပယ်ကို ချိုးဖျက်တက်လှမ်းသွားနိုင်ဖို့များတယ်”

“အဲ့ဒါက မတူဘူး”

ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက သူမ၏ ခေါင်းကိုခါပြလိုက်၏။

“သူ့ရဲ့ပါရမီအရည်အချင်းအပြင် ယွင်ထင်က ဒီလောက်ထိမြန်မြန်ဆန်ဆန်ကျင့်ကြံနိုင်တယ်ဆိုတာ သူကဓားတာအိုမှာ အပြည့်အဝအာရုံစိုက်ထားပြီး စိတ်အာရုံပျံ့လွင့်မှုမရှိလို့ဘဲ”

“ဒါပေမဲ့... ဆူဇီမိုရဲ့ အသိပညာကအရမ်းကိုကျယ်ပြန့်တယ်... စောစောက သူ့ရဲ့တိုက်ခိုက်မှုကနေ သူက အင်မော်တယ်... ဗုဒ္ဓနဲ့ မိစ္ဆာတာအိုရဲ့ နည်းလမ်းတွေနဲ့ လျှို့ဝှက်အတတ်တွေမှာ ကျွမ်းကျင်နှံ့စပ်ပြီး အဲ့ဒီမှာ သားရဲတချို့ရဲ့အတတ်ပညာတောင်ပါဝင်နေတာကို ငါပြောနိုင်တယ်... တကယ်ဆိုသူက အဲ့ဒါတွေမှာ နက်နက်ရှိုင်းရှိင်းတောင် နားလည်မှုရှိနေတယ်”

“အဲ့ဒါကအရမ်းကိုခက်ခဲတယ်... လူတစ်ယောက်ရဲ့စွမ်းအင်က အကန့်အသတ်ရှိတယ်ဆိုတာကို နင်နားလည်သဘောပေါက်ထားရမယ်... မတူညီတဲ့ ဓမ္မတာအိုတွေအများကြီးကို သူတို့ရဲ့အကန့်အသတ်ထိ ကျင့်ကြံမယ်ဆိုရင် အဲ့ဒါက လူတစ်ယောက်ရဲ့ကျင့်ကြံမှုနယ်ပယ်ကိုမြှင့်တင်ဖို့အတွက် ဆယ်ဆ ဒါမှမဟုတ်... အဆတစ်ရာပိုပြီးတော့ ခက်ခဲလာလိမ့်မယ်”

“ဒီလူက... အင်မော်တယ်... ဗုဒ္ဓနဲ့ မိစ္ဆာတွေရဲ့ ဓမ္မတာအိုတွေကိုကျင့်ကြံထားတယ်ဆိုတာ နားလည်လက်ခံပေးလို့ရတယ်... ဒါပေမဲ့ သူက သားရဲတာအိုက လျှို့ဝှက်အတတ်တွေကိုပါ ဒီလောက်အတိုင်းအတာထိ ကျင့်ကြံထားနိုင်တယ်ဆိုတာ တကယ့်ကိုအထင်ကြီးစရာကောင်းတယ်”

“အခုဆိုရင်... သူ့မှာဘယ်လိုကိုယ်ကာယရှိလည်း ငါသိချင်နေပြီ”

ရိုရှင်းသောဝတ်စုံဝတ်အမျိုးသမီးက ဆူဇီမိုကိုလေးလေးနက်နက် ချီးကျူးစကားပြောဆိုလိုက်၏။

“ဒါပေမဲ... ဆူဇီမိုက သူပြသခဲ့တဲ့နည်းလမ်းတွေအရ မင်းသားယွင်ထင်ကို သေချာပေါက်ယှဥ်နိုင်ဦးမှာမဟုတ်ဘူး”

မိန်းကလေးကပြောလိုက်၏။

“မင်းသားယွင်ထင်က ဒီနှစ်တွေထဲမှာ နောက်ထပ်အမွေအနှစ်နှစ်ခုကို လက်ခံရရှိပြီးတော့ အရင်ကထက်ပိုသန်မာလာပြီ”

“သူ့မှာရော တခြားဘာနည်းလမ်းမှမရှိတော့ဘူးလို့ နင်ဘယ်လိုသိလဲ”

ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက ပြုံးစစဖြင့် မေးလိုက်၏။

“အာ...”

မိန်းကလေးက ခဏမျှမှင်တက်သွား၏။

“အဲ့ဒီလူမှာနောက်ထပ်ဝှက်ဖဲရှိဦးမှာလား.... အဲ့ဒါကမဖြစ်နိုင်ဘူးလေ... ဟုတ်တယ်မလား”

ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက ခပ်ယဲ့ယဲ့ပြုံးလိုက်၏။

“တခြားအရာတွေကိုအသာထား... သူက ဓမ္မရတနာတစ်ခုကိုသုံးခဲ့တာ နင်မြင်လို့လား”

“ဒါကတော့...”

မိန်းကလေးက ခဏမျှတွေဝေတုံ့ဆိုင်းနေပြီး မလုံမလဲဟန်ဖြင့် ပြောလိုက်၏။

“သူ့မှာ ဓမ္မရတနာတစ်ခုခုမရှိလို့ဖြစ်မှာပေါ့”

ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက တောင်ကြားထဲမှာရှိသောပုံရိပ်ကိုကြည့်ပြီး ခဏမျှငြိမ်သက်ကာ ဖြည်းဖြည်းချင်းပြောလိုက်၏။

“ငါသိရသလောက်ဆိုရင်... သူ့မှာအရမ်းကိုစွမ်းအားကြီးမားတဲ့ နောက်ခံတစ်ခုရှိတဲ့ ထူးခြားအံ့မခန်း ဓမ္မရတနာတစ်ခုရှိတယ်”

“အဲ့ဒီလူက တကယ့်ကိုလျှို့ဝှက်ဆန်းကြယ်တယ်... ငါတောင်မှ သူ့ကိုထွင်းဖောက်မမြင်နိုင်ဘူး... သူကအနာဂတ်မှာ ယွင်ထင်ရဲ့ အကြီးကျယ်ဆုံးပြိုင်ဘက်တစ်ယောက်ဖြစ်လာနိုင်တယ်”

တောင်ကြားထဲတွင်...။

ကျင့်ကြံသူများစွာ၏ ရှေ့မှောက်မှာပင် ဆူဇီမိုသည် တိုက်ပွဲမြေကိုရှင်းလင်းပြီး အာဏာပါးကွက်သားအစောင့်တပ်သားများ၏ သိုလှောင်အိတ်များကို သိမ်းဆည်းလိုက်၏။

အာဏာပါးကွက်သား အစောင်အတပ်သားများ၏ သိုလှောင်အိတ်များထဲမှာ အန္တိမရတနာများ ရှိချင်မှရှိပေလိမ့်မည်။

သို့သော်လည်း အဲ့ဒီမှာ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများနှင့် ပင်မအမြုတေစုဖွဲ့ဆေးလုံးကဲ့သို့ ကျင့်ကြံရေးအရင်းအမြစ်များစွာရှိနေ၏။

ဆူဇီမိုသည် ကြီးမားသောတိုက်ပွဲတစ်ခုကို တွေ့ကြုံထားခါစဖြစ်ပြီး ပင်ပန်းနွမ်းနယ်နေပုံရလေသည်။ သို့သော်လည်း ထိုပစ္စည်းများအတွက် မည်သူကမှ သူနှင့်မတိုက်ခိုက်ရဲပေ။

ယွင်လေကဲ့သို့်လူပင်လျှင် ဆူဇီမိုနှင့် ပဋိပက္ခတစ်ခုမဖြစ်လိုပေ။

တိုက်ပွဲနယ်မြေကိုရှင်းလင်းပြီးနောက် ဆူဇီမိုသည် လှည့်ထွက်သွားပြီး ကျင့်ကြံသူများစွာက သူ့ကိုခပ်မြန်မြန်ရှောင်တိမ်းလိုက်ကြ၏။

မင်းသမီးသက်တံနီကသာလျှင် သူမ၏ ဓားပျံကိုစီးနင်းပြီး ဆူဇီမိုရှေ့သို့ ရောက်ရှိလာကာ သူ၏လမ်းကိုတားဆီးလိုက်၏။

“ဟေး...”

မင်းသမီးသက်တံနီက သူမ၏ ခေါင်းကို အနည်းငယ်မော့လိုက်၏။

“နင်က.. ဒီလောက်ထိစွမ်းအားကြီးမားတယ်ဆိုနေမှတော့... နင်က ငါ့ရဲ့အစောင့်တပ်သားလုပ်ဖို့က နင့်အတွက်ခက်ခဲနေတော့မှာပဲ... ဒီလိုလုပ်လေ ငါကနင့်ကို ငါ့ရဲ့ဘေးမှာနေဖို့အတွက် ဧည့်သည်အဖြစ်ဖိတ်ခေါ်မယ်... ငါတို့ကြားမှာ ဘယ်လိုဝါစဥ်အနိမ့်အမြင့်မှရှိမှာမဟုတ်ဘူး... နောက်ပြီး ငါကငါ့ရဲ့ကျင့်ကြံရေးအရင်းအမြစ်တွေကိုပု နင်နဲ့မျှဝေပေးနိုင်တယ်.. အဲ့ဒါဆိုရင်ရောဘယ်လိုလဲ”

ဆူဇီမိုက သူ၏ ခေါင်းကိုမော့ပြီး မင်းသမီးသက်တံနီကို မှင်သေသေဖြင့် ကြည့်ကာမေးလိုက်၏။

“ကျုပ်က... ဒီလောက်များတဲ့ အာဏာပါးကွက်သားအစောင့်တပ်သားတွေကိုသတ်ဖြတ်ပြီးတော့... ယွမ်ကျောရဲ့ကိုယ်ပွားကိုလည်း ဖျက်ဆီးထားတယ်... အခုဆိုရင် သူက ကျုပ်ကိုသတ်ဖို့အပြင်ဘက်မှာ စောင့်နေပြီ... ခင်ဗျားကျုပ်ကိုကာကွယ်ပေးနိုင်မှာလား”

“ငါ..”

မင်းသမီးသက်တံနီက ခဏမျှ ပြောစရာစကားမဲ့သွား၏။

သူမသည် ယန်ယန်းအင်မော်တယ်နိုင်ငံ၏ မင်းသမီးတစ်ပါးဖြစ်သော်လည်း သူမက ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သာဖြစ်လေသည်။

ယန်ယန်အင်မော်တယ်နိုင်ငံ၏ မင်းသားများနှင့် မင်းသမီးများကြားမှာ သူမ၏ အဆင့်အတန်းက သိပ်ပြီးမမြင့်မားပေ။ သူမသည် အပြင်လူတစ်ယောက်အတွက်ကြောင့် မင်းသားယွမ်ကျောကို ဆန့်ကျင်နိုင်သည့်အတိုင်းအတာမှာ မရှိသေးပေ။

ဆူဇီမိုက ဤရလဒ်ကို မျှော်လင့်ထားပြီးသားဖြစ်ပြီး အံ့အားသင့်မသွားပေ။

သူက မင်းသမီးသက်တံနီကိုလှည့်ပတ်ပြီး ရှေ့သို့ဆက်လျှောက်သွား၏။

မင်းသမီးသက်တံနီက သူမ၏ နှုတ်ခမ်းကိုစူပြီး ဆူဇီမို၏ နောက်ကျောကို မချင့်မရဲဖြင့်ကြည့်နေ၏။

သူမသည် မင်းသားယွမ်ကျောကိုကြောက်ရွံ့သောကြောင့် သို့မဟုတ် သူမသည် ဆူဇီမိုကိုမကာကွယ်ပေးလိုသောကြောင့် မဟုတ်ပေ။

သို့သော်လည်း ယခုအချိန်မှာ သူမသည် ယွမ်ကျောကဲ့သို့ အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ကို ဆန့်ကျင်တိုက်ခိုက်ရန် ယန်ယန်းအင်မော်တယ်နိုင်ငံ၏ လုံလောက်သည့်စွမ်းအားကို အမိန့်ပေးစေခိုင်းနိုင်ခြင်း တကယ်ပင်မရှိသေးပေ။

ဤတစ်ခေါက် သူမသည် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ဝင်ပြိုင်ခဲ့သည့်အကြောင်းအရင်းမှာလည်း သူမသည် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကိုအသုံးချကာ သူမ၏ အဆင့်အတန်းကို မြှင့်တင်လိုသောကြောင့်ဖြစ်၏။

ဆူဇီမိုက ရှေ့သို့တက်လှမ်းသွားစဥ် သူသည် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲ ပြီးဆုံးသည့်အခါ ဖြစ်လာမည့်အကြောင်းအရာများကို စဥ်းစားတွေးတောနေ၏။

ဂိုဏ်းရွေးချယ်ပွဲအဆုံးသတ်ဖို့က နောက်ထပ်ငါးရက်ကျန်သေးလေသည်။

ထိုအချိန်ကျလျှင် သူသည် ဒေါသူပုန်ထနေသော မင်းသားယွမ်ကျောနှင့်ရင်ဆိုင်ရတော့မည်ဖြစ်၏။

“နောက်ပိုင်းဘာတွေဖြစ်လာမလဲ ဆူဇီမိုပင်လျှင် သေချာမပြောနိုင်ပေ။

သူ၏ ရွေးချယ်မှုသည် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းက မဟာကျင်းအင်မော်တယ်နိုင်ငံကို ကြောက်ရွံ့နေခြင်းမရှိဟူသောအချက်အပေါ် အလောင်းအစားပြုထားလေသည်။

အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းက သူ့ကိုလက်ခံလိုသည်နှင့်အမျှ သူကနောက်ငါးရက်နေပြီးလျှင် ဤအကျပ်အတည်းကို ဖြေရှင်းနိုင်ပေလိမ့်မည်။

တကယ်တော့... သူ့အတွက် ယခုအချိန်မှာ အရေးကြီးဆုံးအရာသာ့ လုံလောက်သည့် ရစ်ခွေနဂါးတံဆိပ်ပြားများကို စုဆောင်းဖို့ဖြစ်၏။

သူ့မှာ ရစ်ခွေနဂါးတံဆိပ်ပြား ၁၂၀၀ ကျော်ရှိနေလေသည်။

သူက ထိပ်ဆုံးအယောက်တစ်ရာထဲ လုံခြုံစိတ်ချရသည့်နေရာတစ်ခုကို ရရှိချင်သည်ဆိုလျှင် သူကအရေအတွက် ၁၈၀၀ ကို စုဆောင်းရပေလိမ့်မည်။

လေးနာရီကြာပြီးနောက်...။

တောင်ထွတ်တစ်ခုပေါ်မှာ လေ့ဖုန်သည် အနားယူအားဖြည့်ဖို့အတွက် ကျင့်ကြံသူတစ်ရာကျော်ကို ဦးဆောင်လာခဲ့၏။

“ခေါင်းဆောင်လေ့ဖုန်... အာဏာပါးကွက်သားအစောင့်တပ်သားတွေက ဆူဇီမိုလို့ခေါ်တဲ့လူတစ်ယောက်ကို သတ်ဖို့အတွက် ဟိုဘက်ကိုသွားနေကြတယ်... ကျင့်ကြံသူတွေအများကြီးကလည်း အဲ့ဒီကိုစောင့်ကြည့်ဖို့သွားနေကြပြီ”

တစ်စုံတစ်ယောက်က ပြောလိုက်၏။

လေ့ဖုန်က အသိအမှတ်ပြုခေါင်းညိတ်ပြပြီး ပြန်ဖြေမလာခဲ့ပေ။

နောက်ထပ်လူတစ်ယောက်က ထိုစကားကိုကြားသောအခါ သူကလည်းရောက်ရှိလာပြီးမေးလိုက်၏။

“ခေါင်းဆောင်... ကျုပ်တို့က အဲ့ဒီနေရာကိုသွားပြီး ပြပွဲကိုစောင့်ကြည့်ကြရင်မကောင်းဘူးလား”

“ပြပွဲကိုစောင့်ကြည့်ဖို့လား”

လေ့ဖုန်က လှောင်ရယ်လိုက်၏။

“မင်းသားယွင်လေ... မင်းသမီးသက်တံနီနဲ့ တောင်ကြားထဲက ရက်စက်ကြမ်းတဲ့လူတွေအကုန်လုံးက အဲ့ဒီနေရာကိုသွားနေကြပြီလို့ ငါထင်တယ်... ငါတို့တွေက အခုချိန်မှာ ပြပွဲကိုစောင့်ကြည့်ဖို့သွားရင် ငါတို့အသက်တွေဆုံးရှုံးသွားရမှာကို မင်းတို့မစိုးရိမ်ဘူးလား”

“ခင်ဗျားပြောတာ မှန်ပါတယ် ခေါင်းဆောင်”

ထို့နောက်ကျင့်ကြံသူတစ်ယောက်က မျက်နှာလိုမျက်နှာရအပြုံးဖြင့် မြှောက်ပင့်ပြောဆိုလိုက်၏။

“အမ်...”

ထိုအချိန်မှာပင် ကျင့်ကြံသူတစ်ယောက်က မလှမ်းမကမ်းကို လက်ညှိုးထိုးပြီးပြောလိုက်၏။

“ခေါင်းဆောင်ကြည့်ဦး အဆင့်-၆ ကမ္ဘာ​မြေအင်မော်တယ်တစ်ယောက်က ဒီကိုလာနေပြီ... သူကတစ်ယောက်တည်းပဲ”

“အဲ့ဒါ ဟိုမမာမကျန်းပုံစံနဲ့လူငယ်လား”

ရုတ်တရက် လေ့ဖုန်က စိ​တ်အားမာန်တက်ကြွလာပြီး ခါးကိုမတ်ကာလှမ်းကြည့်လိုက်၏။

သူသည် ထိုမမာမကျန်းပုံစံနှင့်လူငယ်ကို အရင်က မည်သို့မည်ပုံ ရှုံးနိမ့်ခဲ့ရသည်ကို တွေးမိသောအခါ သူ၏ ရင်ထဲမှာ ဒေါသများက တလိပ်လိပ်ထိုးတက်လာ၏။

“အဲ့ဒါက ဟိုလူတော့မဟုတ်ဘူး... ဒါပေမဲ့ ဒီလူက အခုချိန်ထိ တောင့်ခံနိုင်နေသေးတာဆိုတော့... သူက အရည်ရွှမ်းတဲ့ အသားတစ်ပိုင်းဖြစ်ရမယ်... ကျုပ်တို့တိုက်ခိုက်ရမလား”

ထိုလူက တောက်လောင်ပြင်းပြသော အကြည့်တစ်ခုနှင့်အတူ သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်၏။

“အဲ့ဒါမေးနေစရာလိုသေးလို့လား”

လေ့ဖုန်က လက်ကာပြလိုက်၏။

“အဲ့ဒီလူကို ငါမင်းတို့တွေဆီကိုပဲ လွှဲလိုက်တော့မယ်... မင်းတို့လုယူလို့ရလာမယ့် ရစ်ခွေနဂါးတံဆိပ်ပြားတွေကို မင်းတို့ဘာသာမင်းတို့ ခွဲယူလိုက်ကြ... ငါ့မှာလုံလောက်နေပြီ”

All Chapters