← Chapters

ကောင်းကင်အင်မော်တယ်များ ဝင်ပါလာခြင်း

Vol. 143 Ch. 2133

ကောင်းကင်အင်မော်တယ်များ ဝင်ပါလာခြင်း

Vol. 143 Ch. 2133

လေ့ဖုန်က ဟိန်းဟောက်လိုက်ပြီး ခုခံရေးနတ်ဘုရားစွမ်းအားတစ်ခုကို စုဖွဲ့အတွက် သူ၏ အမြုတေစိတ်ဝိညာဥ်ကို ရူးသွပ်စွာလှည့်ပတ်လိုက်၏။

သို့သော်လည်း သူ၏ အဆင့်မြင့်နတ်ဘုရားစွမ်းအားက စုဖွဲ့လိုက်သည့်ခဏမှာပင် အဲ့ဒါက ကောင်းကင်သတ်ဖြတ်ခြင်းဓားချီများစွာ၏ ရှင်းထုတ်ခြင်းခံလိုက်ရ၏။

ဖောက်... ဖောက်...

လေ့ဖုန်က ဤကပ်ဘေးကနေရှင်သန်နိုင်ခဲ့ပြီး သေကွင်းသေကွက်ပျက်စီးထိခိုက်မှုကို ရှောင်လွှဲနိုင်ခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်က ကောင်းကင်သတ်ဖြတ်ခြင်းဓားချီဖြင့် စကာပေါက်ဖြစ်သွားပြီး အလွန်တရာဆိုးဆိုးဝါးဝါးပုံစံဖြင့် သွေးများက ပန်းထွက်လာ၏။

လေ့ဖုန်က မခံချိမခံသာ ခံစားနေရ၏။

သူက ဆူဇီမိုနှင့်တွေ့ဆုံရခြင်းမရှိလျှင် သူရရှိထားသော ရစ်ခွေနဂါးတံဆိပ်ပြားအရေအတွက်အရ သူသည် ထိပ်ဆုံးအယောက်တစ်ရာထဲ သေချာပေါက်ဝင်ရောက်နိုင်ပေလိမ့်မည်။

သို့သော်လည်း သူက ဤနေရာမှာ ဆက်လက်၍ကြန့်ကြာနေမည်ဆိုလျှင် ဆူဇီမို၏ သတ်ဖြတ်ခြင်းခံရတော့မည်ကို ကောင်းကောင်းသိလိုက်၏။

သူ့မှာ ဆင်ခြင်တုံတရားရှိနေသေးပြီး ဘယ်အရာကပိုအရေးကြီသည်ဆိုတာကို ပြောနိုင်လေသည်။

လေ့ဖုန်သည် သူ၏ ရစ်ခွေနဂါးတံဆိပ်ပြားကို အသက်သွင်းလိုက်ရလေသည်။

ဆူဇီမိုက လှောင်ရယ်လိုက်၏။

“မင်းကငါ့ဆီက လှုပ်ရှားကွက်တစ်ကွက်ကိုတောင် ခံနိုင်ရည်မရှိဘဲနဲ့ ငါနဲ့တိုက်ခိုက်ချင်သေးတာလား”

လေ့ဖုန်က ထိုစကားကိုကြားသောအခါ သူ၏ ခန္ဓာကိုယ်က အနည်းငယ်ယိမ်းထိုးသွားပြီး သတိလစ်လုမတတ် ဖြစ်သွားရ၏။

သူသည် အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်ပြီး အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲ၏ ပြိုင်စံရှားတစ်ယောက်လည်းဖြစ်၏။ သူက ဤကဲ့သို့သော ထိုးနှက်ချက်တစ်ခုနှင့် တစ်ခုမှ မတွေ့ကြုံခဲ့ဖူးပေ။

သို့သော်လည်း ယခုအချိန်မှာ သူကအဲ့ဒါကို မငြင်းဆန်နိုင်ပေ။

သူ့ရှေ့မှလူက အဆင့်-၆ ကမ္ဘာမြေအမြုတေနယ်ပယ်မှာသာ ရှိနေသေးလေသည်။

သူ၏ ဘဝမှာ ဤလူကိုဘယ်တော့မှလိုက်မီတော့မည်မဟုတ်ကြောင်း လေ့ဖုန်ကသိလိုက်၏။

လေ့ဖုန်ထွက်ခွာသွားခြင်းနှင့်အတူ ကျန်ရှိနေသောကျင့်ကြံသူများကဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ အပြတ်အသတ်ရှုံးနိမ့်လာကြ၏။

သူတို့က သူတို့၏ ရစ်ခွေနဂါးတံဆိပ်ပြားများကို တစ်ယောက်ပြီးတစ်ယောက် အသက်သွင်းပြီး တောင်ကြားထဲကနေ ထွက်ခွာသွားကြ၏။

ထို့နောက် တောင်ကြားအပြင်ဘက်တွင် ထူးခြားသောမြင်ကွင်းတစ်ခုပေါ်ထွက်လာ၏။

အလွန်တရာတိုတောင်းသော အချိန်တစ်ခုအတွင်းမှာ ကျင့်ကြံသူများသည် ရစ်ခွေနဂါးတောင်ကြောရိုးပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် လိမ့်ဆင်းကျလာ၏။

တောင်ကြားထဲမှာ များပြားသော ရစ်ခွေနဂါးတံဆိပ်ပြားများက တိုက်ပွဲနယ်မြေမှာလွင့်မျောကျန်ရစ်ခဲ့၏။

ထိုကျင့်ကြံသူများထွက်ခွာသွားပြီးနောက် ရစ်ခွေနဂါးတံဆိပ်ပြားများက တောင်ကြားထဲမှာ အလိုလိုကျန်ရစ်ခဲ့ရပေလိမ့်မည်။

တိုက်ပွဲအဆုံးသတ်သွားပြီးနောက် ရစ်ခွေနဂါးတံဆိပ်ပြား ၄ထောင် နီးပါးကျန်ရစ်ခဲ့လေသည်။

ဆူဇီမိုသည် သူ၏ အင်္ကျီလက်စကို ဝေ့ယမ်းပြီး ရစ်ခွေနဂါးတံဆိပ်ပြားများအားလုံးကို သိမ်းဆည်းလိုက်၏။

ယခင်သူရရှိထားသော ရစ်ခွေနဂါးတံဆိပ်ပြားများအပါအဝင် သူ့မှာအရေအတွက် ၅ထောင်ကျော် ရှိလာခဲ့ပြီဖြစ်၏။

ထိုတိုက်ပွဲအပြီးမှာ ဆူဇီမိုသည် ရစ်ခွေနဂါးတံဆိပ်ပြားအရေအတွက်အများဆုံးကို ပိုင်ဆိုင်လာခဲ့လေပြီ။

လေထဲတွင်...။

ယန်လောရှုက အာရုံစိုက်၍ကြည့်ရှုပြီး အတန်ကြာစဥ်းစားတွေးတောပြီးမှ ဖြည်းဖြည်းချင်းပြောလိုက်၏။

“ငါထင်တာမမှားဘူးဆိုရင် ဆူဇီမို စောစောက ထုတ်ဖော်လိုက်တဲ့ဓားချီက...”

သူကစကားပြောဆိုချင်သော်လည်း တုံ့ဆိုင်းနေ၏။

“ကောင်းကင်သတ်ဖြတ်ခြင်း”

ကောင်းကင်ချောက်နက်က စကားနှစ်လုံးကို ထုတ်ဖော်ပြောဆိုလိုက်၏။

“အဲ့ဒါက ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်ပဲ”

“မထူးဆန်းတော့ဘူး”

ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်နှင့် ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်းတို့က တုန်လှုပ်သွားပြီး နားလည်သဘောပေါက်သောအမူအရာများ ထွက်ပေါ်လာကြ၏။

အထက်ဘုံလောကမှာပင်လျှင် မဟာသတ်ဖြတ်ခြင်းဓားပညာရပ်သုံးခုက အလွန်တရာကျော်ကြားလေသည်။

ယွင်ထင်သည် အဆင့်တူခြင်းမှာ လူတိုင်းကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့သည်မှာ သူကျင့်ကြံထားသော လူသားသတ်ဖြတ်ခြင်းဓားပညာရပ်ကြောင့်ဖြစ်လေသည်။

တကယ်တော့... မဟာဓားပညာရပ်သုံးခုကြားမှာ လူသားသတ်ဖြတ်ခြင်းဓားပညာရပ်က အထွတ်အထိပ်မှာရပ်တည်လေသည်။

“ဟီးဟီး...”

ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က တစ်စုံတစ်ရာကို တွေးမိသွားပုံရကာ ရုတ်တရက်ပြုံးလိုက်၏။

“စိတ်ဝင်စားစရာပဲ... ပျောက်ဆုံးနေတဲ့ ဓားပညာရပ်သုံးခုလုံးက ဒီဘက်မျိုးဆက်မှာ ပြန်လည်စုစည်းနိုင်မယ့် အခွင့်အရေးတစ်ခုရှိလာပြီပဲ... ဆူဇီမိုနဲ့ယွင်ထင်ကြားမှာ ပြင်းထန်ကြမ်းတမ်းတဲ့ပွဲတစ်ခုတော့ဖြစ်လာတော့မှာပဲ”

“သူတို့နှစ်ယောက်ကြားမှာ အတော်အတန်ကွာဟချက်တစ်ခုရှိနေသေးတယ်”

ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက သူ၏ ခေါင်းကို ခါယမ်းလိုက်၏။

“ဒီကောင်လေးမှာ ဝှက်ဖဲတွေအများကြီးရှိပေမယ့် သူက ယွင်ထင်ရဲ့ထက်ရှမှုကို မခုခံနိုင်မှာ ငါစိုးမိတယ်.... နောက်ပြီး သူတို့နှစ်ယောက်ကြားမှာ ကျင့်ကြံမှုနယ်ပယ် ကွာဟချက်တချို့လည်းရှိနေသေးတယ်”

“ယွင်ထင်ရဲ့ ပါရမီအလားအလာနှင့် အရည်အချင်းအရဆို သူကအမှားအယွင်းတစ်စုံတစ်ရာရှိမလာဘူးဆိုရင် အနာဂတ်မှာ အင်မော်တယ်ဘုရင်တစ်ပါး သေချာပေါက်ဖြစ်လာလိမ့်မယ်... နောက်နှစ်အနည်းငယ်နေရင်... ငါတို့က သူ့အောက်ကိုရောက်သွားလိမ့်မယ်”

ယန်လောရှုက ပြောလိုက်၏။

“သူတို့နှစ်ယောက်ကြားမှာ ကွာဟချက်တချို့ရှိနေတယ်ဆိုရင်တောင် ယွင်ထင်က ဒီနှစ်တွေအားလုံးထဲမှာ ဆူဇီမိုထက်သာလွန်တဲ့ တစ်ဦးသောပြန်ဝင်စားမွန်းစတားပဲ”

ကောင်းကင်အင်မော်တယ်လေးဦးက မည်သည့်ထိန်ချန်မှုမှမရှိဘဲ ပေါ်ပေါ်ထင်ထင် ထုတ်ဖော်ပြောဆိုနေကြ၏။

ဘေးတစ်ဘက်မှာ မင်းသားယွမ်ကျော၏ အမူအရာက အလွန်တရာဆိုးဆိုးဝါးဝါး ပျက်ယွင်းလာခဲ့ပြီဖြစ်၏။

ကောင်းကင်အင်မော်တယ်လေးဦးက ဆူဇီမိုကိုကာကွယ်ပေးလိုသည်မှာ သိသာလေသည်။

သို့သော်လည်း မင်းသားယွမ်ကျောက လက်မလျှော့ပေ။

ဆူဇီမိုသည် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းသို့ မဝင်ရောက်ရသေးသည်နှင့်အမျှ သူ့ကို အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှ လူတစ်ယောက်အဖြစ်သတ်မှတ်နိုင်မည်မဟုတ်ပေ။

အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲကို ဆက်လက်၍ကျင်းပနေခဲ့၏။

ကျန်ရှိနေသောရက်အနည်းငယ်မှာ ထူးခြားဖြစ်စဥ်များ ပေါ်ထွက်မလာတော့ဘဲ ထိပ်ဆုံးကျင့်ကြံသူအယောက်တစ်ရာကို အခြေခံအားဖြင့် အတည်ပြုပြီးသွားလေပြီ။

ထိပ်ဆုံးသုံးယောက်က ဆူဇီမို၊ မင်းသမီးသက်တံနီနှင့် မင်းသားယွင်လေတို့ဖြစ်၏။

ရက်အနည်းငယ်ကြာပြီးနောက် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲက အဆုံးသတ်သွားခဲ့၏။

တောင်ကြားထဲရှိ ရေပြင်အကာအရံအလွှာကလည်း တဖြည်းဖြည်းဖျော့တော့သွားခဲ့လေသည်။

တစ်နှစ်ကြာပြီးနောက် တောင်ကြားနှင့် ရစ်ခွေနဂါးတောင်ကြောရိုးအကြားရှိ အကာအရံအလွှာက နောက်ဆုံးမှာပျက်ပြယ်သွား၏။

“အားလုံးပဲ... ထွက်လာကြတော့”

ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက ထုတ်ဖော်ကြေညာလိုက်၏။

တောင်ကြားထဲမှ ထိပ်ဆုံးကျင့်ကြံသူအယောက်တစ်ရာသည် လေထဲသို့ဖြည်းဖြည်းချင်းတက်လာပြီး အင်မော်တယ်ဂိုဏ်းလေးဂိုဏ်း၏ အစုအဖွဲ့ရှိရာသို့ ရောက်ရှိလာကြလေသည်။

“ဆူဇီမို...”

မင်းသားယွမ်ကျောသည် လူအုပ်ကြားထဲမှ ဆူဇီမိုကိုတွေ့မြင်သောအခါ သူ၏ မျက်လုံးများက မီးဝင်းဝင်းတောက်လာပုံရ၏။

သူခေါ်လာခဲ့သော အာဏာပါးကွက်သားအစောင့်တပ်သား တစ်ရာကျော်ကျော်က တောင်ကြားထဲမှာ မည်သို့မည်ပုံ သတ်ဖြတ်ခံခဲ့ရပုံနှင့် ဆူဇီမိုက သူ့ကိုရန်စစော်ကားခဲ့ပုံများကို မင်းသားယွမ်ကျောက ပြန်လည်အမှတ်ရလာသောအခါ ယခုတင်သူရရှိထားသည့် ဆင်ခြင်တုံတရားက အမုန်းတရားများနှင့် အမျက်ဒေါသများကြားမှာ နောက်တစ်ဖန်နစ်မြုပ်သွား၏။

မင်းသားယွမ်ကျောက အဲ့ဒါကိုဆက်လက်၍ သည်းမခံနိုင်တော့ပေ။ သူကတစ်ချက်အော်ဟစ်ပြီး အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။

“မိုးကောင်းကင်ခုတ်ချက်”

မင်းသားယွမ်ကျောသည် သူ၏ လက်ဖဝါးကို ဆေဘာတစ်လက်ကဲ့သို့သုံးပြီး ဆူဇီမိုရှိရာကို ခုတ်ပိုင်းချလိုက်၏။

လူတစ်ယောက်သည် ဆေဘာနည်းစနစ်များကို သူတို့၏ အကန့်အသတ်ထိ နားလည်ဆင်ခြင်ပြီးမှသာ မိုးကောင်းကင်ခုတ်ချက်ကို နားလည်ဆင်ခြင်နိုင်မည်ဖြစ်၏။

ကောင်းကင်ဘုံဆေဘာတစ်လက် ခုတ်ပိုင်းကျဆင်းလာသည့်အလား ကျိန်းစပ်နေသော အဖြူရောင်အလင်းတန်းတစ်ခုက အလျားလိုက်ဆုတ်ဖြဲသွားပြီး မိုးကောင်းကင်ထက်မှာ နက်ရှိုင်းသောဒဏ်ချက်တစ်ခုကို ထွက်ပေါ်လာစေ၏။

အဲ့ဒါသည် မိုးကောင်းကင်ကိုပင် နှစ်ပိုင်းလှီးဖြတ်နိုင်၏။

အန္တိမနတ်ဘုရားစွမ်းအား မိုးကောင်းကင်ခုတ်ချက်က ကြမ်းကြုတ်ခက်ထန်မှုအရှိဆုံးနှင့် သေစေနိုင်စွမ်းအားအမြင့်ဆုံးဖြစ်၏။

မင်းသားယွမ်ကျောက တိုက်ခိုက်လိုက်သည့်ခဏမှာပင် သူက ဆူဇီမိုကို အသက်ရှင်ဖို့အတွက် မည်သည့်အခွင့်အရေးမှ မပေးလိုပေ။

အစကတော့ သူသည် ဆူဇီမိုကို အသက်ရှင်လျက်ဖမ်းဆီးဖို့ ရည်ရွယ်ထားခဲ့၏။ သို့သော်လက်ရှိအခြေအနေက သူ့ကို ထိုသို့ပြုလုပ်ဖို့ ခွင့်ပြုမပေးတော့သည်မှာ သိသာလေသည်။

သူသည် သူ့ရင်ထဲရှိမုန်းတီးမှုများကို ဖျေဖျောက်ဖို့အတွက် ခုတ်ချက်တစ်ချက်တည်းဖြင့် ဆူဇီမိုကို သတ်ဖြတ်မိကောင်းသတ်ဖြတ်မိပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် ဘေးတစ်ဘက်မှာရှိသောအထီးကျန်ကြယ်က ရုတ်တရက် တိုက်ခိုက်လိုက်၏။

သူက ဆူဇီမိုရှိရာဘက်သို့ ဖမ်းဆွဲလိုက်၏။

သူ၏ လက်ဖဝါးက သာမန်ပုံစံသာဖြစ်လေသည်။

သို့သော်လည်း ရွှေရောင်အလင်းဖြင့် တောက်ပနေသော ဧရာမလက်ဖဝါးက လေထဲမှာပေါ်ထွက်လာပြီး ကောင်းကင်ထက်ရှိကြယ်များကို ခူးဆွတ်နိုင်သည့်အလား ဆူဇီမိုပေါ်သို့ အုပ်မိုးလာခဲ့၏။

အန္တိမနတ်ဘုရားစွမ်းအား... ကြယ်ခူးဆွတ်လက်။

အဲ့ဒါသည် မိုးကောင်းကင်ထက်ရှိကြယ်များကို ခူးဆွတ်နိုင်သည့်အချက်သည် ထိုအန္တိမနတ်ဘုရားစွမ်းအားက ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲသိသာ၏။

ကြယ်ခူးဆွတ်လက်သည် လောကကိုဖျက်ဆီးပစ်ဖို့ လုံလောက်လေသည်။

အဆင့်-၉ ကောင်းကင်အင်မော်တယ်နှစ်ယောက်သည် တစ်ချိန်တည်းမှာတိုက်ခိုက်လာခဲ့ပြီး အန္တိမနတ်ဘုရားစွမ်းအားကို ထုတ်ဖော်လိုက်သည့်အကြောင်းအရင်းမှာ သူတို့က ဆူဇီမိုကို လက်စတုံးသတ်ဖြတ်ချင်သောကြောင့်ဖြစ်၏။

“ဟမ်..”

ကောင်းကင်ချောက်နက်က အေးစက်စွာနှာတစ်ချက်မှုတ်လိုက်ပြီး ရုတ်တရက်ရှေ့သို့ ခုတ်ပိုင်းချလိုက်၏။

ဧရာမချောက်နက်တစ်ခုက နက်ရှိုင်း၍ မှောင်မည်းနေပြီး မကောင်းဆိုးဝါးလေပြင်းတစ်ချက်နှင့်အတူ လောကကိုဖြတ်ကျော်ခဲ့၏။

မိုးကောင်းကင်ခုတ်ချက်ကနေ ထုတ်ဖော်လိုက်သောအေးစက်စက်အလင်းက ဆူဇီမိုကို ထိခိုက်အောင်မပြုလုပ်နိုင်ခင်မှာပင် ချောက်နက်ထဲသို့ ဆင်းသက်ကာ နစ်မြုပ်သွား၏။

ဘုန်း... ဘုန်း... ဘုန်း...

ထို့နောက် ချက်ချင်းပင် ချောက်နက်က ​ပျက်ပြယ်သွား၏။

မိုးကောင်းကင်ခုတ်ချက်၏ စွမ်းအားကလည်း နစ်မြုပ်သွားခဲ့၏။

ကြယ်ခူးဆွတ်လက်က ပိတ်ဆို့တားဆီးခြင်းမခံရဘဲ လေထုကိုဆုတ်ဖြဲကာ ကောင်းကင်တစ်ခွင်အုပ်မိုးလာခဲ့၏။

ယန်လောရှုက သူ၏ လက်ကိုညင်သာစွာမြှောက်လိုက်၏။ သူ၏ ဝတ်ရုံစသည် သက်ရှိများအားလုံးကို ဝင်ဆံ့စေနိုင်သည့် စကြာဝဠာတစ်ခုအလား တဖျပ်ဖျပ်လွင့်သွား၏။

အန္တိမနတ်ဘုရားစွမ်းအား... အင်္ကျီလက်အိုးစကြာဝဠာ။

ထိုအန္တိမနတ်ဘုရားစွမ်းအားသည် အာကာသနှင့်ဆက်စပ်နေပြီး သတ်ဖြတ်ခြင်းစွမ်းအားများမရှိဟုထင်ရလေသည်။

သို့သော်လည်း ယန်လောရှုက အဲ့ဒါကိုထုတ်ဖော်လိုက်သောအခါ ၎င်းသည် အဆုံးမဲ့လေးနက်သိမ်မွေ့မှုများဖြင့် ပြည့်နှက်နေ​ပြီး ကြယ်ခူးဆွတ်လက်ကိုပင် ဝင်ဆံ့စေနိုင်၏။ အဲ့ဒါက အရာရာတိုင်းကို ခြုံငုံမိနိုင်သည်ဟု ထင်ရလေသည်။

ကြယ်ခူးဆွတ်လက်သည် ဆင်းသက်လာခဲ့​ပြီး ဆူဇီမိုပေါ်သို့ရောက်ရှိမလာခင်မှာပင် အင်္ကျီလက်အိုးစကြာဝဠာဖြင့် စုပ်ယူခြင်းခံလိုက်ရ၏။

တစ်ခဏချင်းမှာပင် ကောင်းကင်အင်မော်တယ်ပညာရှင်လေးဦးက တစ်ကြိမ်တိုက်ခိုက်ဖလှယ်လိုက်ကြပြီဖြစ်ပြီး လောကကို ပြောင်းလဲသွားစေ၏။ ဘေးပတ်ဝန်းကျင်ရှိတိမ်စိုင်များက တရုန်းရုန်းထကြွလာပြီး အမြုတေချီများက တလိပ်လိပ်ထိုးတက်လာ၏။

အစကဆူညံပွက်လောရိုက်နေသော ရစ်ခွေနဂါးတောင်ကြောရိုးက တစ်ခဏချင်းမှာပင် တိတ်ဆိတ်ငြိမ်သက်သွား၏။

ကောင်းကင်အင်မော်တယ်ပညာရှင်များက တိုက်ခိုက်နေကြပြီဖြစ်၏။

တစ်ဘက်သည် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကို ကိုယ်စားပြုပြီး အခြားတစ်ဘက်က မဟာကျင်းအင်မော်တယ်နိုင်ငံ၏ မင်းသားတစ်ပါးကို ကိုယ်စားပြုလေသည်။

အဆင့်အတန်းအရဖြစ်စေ... နောက်ခံအရဖြစ်စေ... နှစ်ဘက်စလုံးက တုန်လှုပ်စရာကောင်းလောက်အောင် သန်မာနေကြ၏။

All Chapters