ပကတိအင်မော်တယ်တစ်ပါး ပေါ်ထွက်လာခြင်း
Vol. 143 Ch. 2134
ထိုသည်ကိုတွေ့မြင်သောအခါ ဆူဇီမိုက စိတ်သက်သာရာအနည်းငယ်ရသွား၏။
အင်မော်တယ်ဂိုဏ်းလေးဂိုဏ်း၏ ကောင်းကင်အင်မော်တယ်ပညာရှင်များကြောင့်မဟုတ်လျှင် သူ့အနေဖြင့် သူ၏ ဝှက်ဖဲများအားလုံးကို အသုံးချမည်ဆိုလျှင်တောင် ဤကပ်းဘေးကနေ လွတ်မြောက်နိုင်ဖို့ ခက်ခဲပေလိမ့်မည်။
“မင်းတို့တွေကဘာလုပ်နေကြတာလဲ”
မင်းသားယွမ်ကျောက ကောင်းကင်ချောက်နက်နှင့် ယန်လောရှုကိုစိုက်ကြည့်ပြီး တင်းမာခက်ထန်စွာမေးခွန်းထုတ်လိုက်၏။
“မင်းကရော ဘာလုပ်တာလဲ”
ယန်လောရှုက မှင်သေသေဖြင့် ပြန်ပြောလိုက်၏။
ဘေးတစ်ဘက်မှာရှိသော ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက တိုက်ခိုက်မလာခဲ့သော်လည်း သူက ထိုအခိုက်အတန့်မှာ လှောင်ရယ်လိုက်၏။
“မင်းသားယွမ်ကျော...ခင်ဗျားရဲ့အဆင့်အတန်းက မြင့်မြတ်တယ်ဆိုပေမယ့်... ကျုပ်တို့ရောက်နေတဲ့နေကာကို မမေ့လိုက်နဲ့ ခင်ဗျားလုပ်ချင်ရာလုပ်မယ်ဆိုရင် ခင်ဗျားရဲ့မဟာကျင်းအင်မော်တယ်နိုင်ငံကို ပြန်သွားလိုက်”
ကောင်းကင်ချောက်နက်ကလည်း စိမ်းသက်သောလေသံဖြင့် ဖြည်းဖြည်းချင်းပြန်ပြောလိုက်၏။
မင်းသားယွမ်ကျောက အသံတိတ်သွား၏။
“ဒီကောင်လေးက မဟာကျင်းအင်မော်တယ်နိုင်ငံက အာဏာပါးကွက်သားအစောင့်တပ်သားတွေ အများကြီးကိုသတ်ဖြတ်ခဲ့တယ်... သူက ဘယ်နေရာကိုပဲရောက်ရောက်ငါနဲ့ မဟာကျင်းအင်မော်တယ်နိုင်ငံက သူ့ကိုအလွတ်ပေးမှာမဟုတ်ဘူး”
အထီးကျန်ကြယ်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“တာအိုရောင်းရင်းတို့... တောင်ကြားထဲက ဖြစ်စဥ်ကို ခင်ဗျားတို့လည်း ကိုယ်တိုင်မြင်တွေ့ခဲ့တာပဲ... ခင်ဗျားတို့က သု့ကိုကာကွယ်ပေးဦးမလို့လား”
ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်က သူ၏ ခေါက်ယပ်တောင်ကို ညင်သာစွာ ဝေ့ယမ်းပြီး ပြောလိုက်၏။
“အရှင်မင်းသား ကျေးဇူးပြုပြီး စိတ်ကိုလျှော့ပါ... ကျုပ်အထင်တော့ ဒီကိစ္စမှာ ဒီလူ့ကိုသွားပြီး အပြစ်တင်လို့မရဘူး”
“ဘာပဲပြောပြော ဆူဇီမိုကိုအမဲလိုက်ဖို့အတွက် အဲ့ဒီအာဏာပါးကွက်သားအစောင့်တပ်သားတွေက အရင်စပြီး တောင်ကြားထဲကိုဝင်သွားခဲ့တာပဲ... သူတို့ရဲ့သေဆုံးမှုအတွက် ဘယ်သူ့ကိုမှအပြစ်တင်လို့မရဘူး... သတ်ရဲရင် သေရဲရမယ်”
ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်သည် အင်မော်တယ်ပျံဂိုဏ်းမှဖြစ်ပြီး မင်းသမီးမုန့်ယောင်နှင့် တစ်ဂိုဏ်းတည်းသားများဖြစ်လေသည်
ထိုအခိုက်အတန့်မှာ ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်ကပင်လျှင် ဆူဇီမိုအတွက်ရှေ့သို့ထွက်ကာ ပြောဆိုလာခဲ့၏။
အခြေအနေက မင်းသားယွမ်ကျောအတွက် အလွန်တရာအရေးမပါဖြစ်လာခဲ့၏။
မင်းသားယွမ်ကျော၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သူက အမျက်ဒေါသဖြင့် ရယ်မောလိုက်၏။
“အဲ့လိုဆိုရင်... အဲ့ဒါက ငါ့အမှားပေါ့လေ”
“ကျုပ်အဲ့လိုမပြောဘူး”
ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်က သူ၏ ခေါင်းကို ညင်သာစွာခါယမ်းပြီး သူ၏ မျက်နှာပေါ်မှာ အပြုံးတစ်ခုရှိနေဆဲ ဖြစ်၏။
ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက သူ၏ လက်ကိုဝေ့ယမ်းပြီး မင်းသားယွမ်ကျောကို လျစ်လျူရှုလိုက်၏။
“လူရွေးပွဲကို ဆက်ပြီးပြုလုပ်ရအောင်”
အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲအတွက် နောက်ဆုံးအယောက်တစ်ရာကိုရွေးချယ်ခဲ့ပြီးသွားလေပြီ။ နောက်ပိုင်းမှာ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းသည် ရစ်ခွေနဂါးတံဆိပ်ပြားအရေအတွက်အရ သူတို့သဘောကျသည့် ပြိုင်ပွဲဝင်များကို ရွေးချယ်ကြပေလိမ့်မည်။
ဂိုဏ်းနှစ်ဂိုဏ်း သို့မဟုတ် ထို့ထက်ပိုသောဂိုဏ်းများက တစ်ချိန်တည်းမှာ လူတစ်ယောက်ကို သဘောကျနေမည်ဆိုလျှင် ထိုသူက သူဝင်ရောက်လိုသည့်ဂိုဏ်းကို ကိုယ်တိုင်ရွေးချယ်နိုင်မည်ဖြစ်၏။
သူတို့ဝင်ရောက်မည့်ဂိုဏ်းများက သူတို့၏ ရွေးချယ်မှုအပေါ် မူတည်လေသည်။
“ရစ်ခွေနဂါးတံဆိပ်ပြားအရေအတွက်အများဆုံးနဲ့ ဆူဇီမို ရှေ့ကိုထွက်လာပါ”
ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက လေးနက်သောအသံဖြင့် ပြောလိုက်၏။
ဆူဇီမိုကလူအုပ်ကြားထဲကနေ လျှောက်လှမ်းထွက်လာပြီး လူတိုင်း၏ ရှေ့သို့ရောက်ရှိလာခဲ့၏။
“မင်းကိုယ်မင်းအတိုချုံးမိတ်ဆက်ပေး... မင်းရဲ့နောက်ခံ မိသားစုသမိုင်းကြောင်းနဲ့ သိုင်းပညာမျိုးရိုးတို့ပေါ့”
ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက ပြောလိုက်၏။
“ကျုပ်က... အောက်ဘုံလောကကလာတဲ့ ဆူဇီမိုပဲ”
ဆူဇီမိုက တစ်စုံတစ်ရာကိုဖုံးကွယ်ထားခြင်းမရှိဘဲ ပေါ်ပေါ်ထင်ထင်ပြောဆိုလိုက်၏။
ထိုသို့သူပြောလိုက်သောအခါ ရစ်ခွေနဂါးတောင်ကြောရိုးမှာ ရုတ်ရုတ်သဲသဲအသံအချို့ထွက်ပေါ်လာပြီး ကျင့်ကြံသူများစွာက တီးတိုးပြောဆိုဆွေးနွေးလာကြ၏။
“ဘယ်လောက်တောင်ညံ့ဖျင်းလိုက်တဲ့နောက်ခံလဲ... သူက နိမ့်ကျသက်ရှိပဲ”
“သူ့ရဲ့အစွမ်းအစကိုမြင်တော့... သူက ဂုဏ်သတင်းကြီးမားတဲ့ မိသားစုတစ်ခုခုကလာပြီး မဟာကျင်းအင်မော်တယ်နိုင်ငံကို ဆန့်ကျင်မိခဲ့လို့ သူကအမဲလိုက်ခံနေရတယ်လို့ ငါတွေးမိတာ”
“သူက အောက်ဘုံလောကကလာတယ်ဆိုတော့ရော ဘာဖြစ်လဲ.... သူ့ရဲ့နည်းလမ်းတွေက ပြိုင်ဘက်ကင်းတယ်... သူကဒီတစ်ခေါက်အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ နံပါတ်တစ်ပဲ”
“ဟီးဟီး... သူကနံပါတ်တစ်ဆိုတော့ရောဘာဖြစ်လဲ သူကအင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကို ဝင်ရောက်နိုင်မယ်ဆိုတော့ရော ဘာဖြစ်လဲ... အရင်တုန်းက ဖုန့်စန်းထျန်ကလည်း အင်မော်တယ်ဧကရာဇ်တစ်ပါးရဲ့တပည့်တစ်ယောက်တောင်ဖြစ်ခဲ့တာပဲ... နောက်ဆုံးမှာတော့ သူက နေရာတိုင်းမှာ အသက်လုပြီးပြေးလွှားနေရတာပဲ မဟုတ်ဘူးလား”
ထိုကဲ့သို့သဘောထားရှိသည်မှာ အောက်ဘက်မှာရှိသော သန်းပေါင်းများစွာသောကျင့်ကြံသူများသာလျှင် မဟုတ်သည်ကို ဆူဇီမိုက ရှင်းလင်းစွာသတိထားမိနေ၏။ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှ ကျင့်ကြံသူများစွာကလည်း အထင်အမြင်သေးသောအကြည့်များနှင့် လှောင်ပြောင်သရော်လိုသောအမူအရာများကို ထုတ်ဖော်နေကြ၏။
ကောင်းကင်အင်မော်တယ်လေးဦးက တည်ငြိမ်နေပြီး ဤကဲ့သို့သော စိတ်ခံစားချက်များကို ထုတ်ဖော်မထားကြပေ။
ထိုမျှသာမက ယန်လောရှုသည် ဆူဇီမိုကို ချီးကျူးလိုသောအကြည့်နှင့် အားပေးအားမြှောက်ပြုလိုသောအမူအရာတစ်ခုနှင့်အတူ ကြည့်နေ၏။
“ခင်ဗျားတို့တွေလည်း အဲ့ဒါကိုကြားပြီမလား”
မင်းသားယွမ်ကျောက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဆူဇီမိုက နိမ့်ကျသက်ရှိပဲ... သူရဲ့အသက်ကတန်ဖိုးမရှိဘူး... တာအိုရောင်းရင်းတို့ ခင်ဗျားတို့ကျုပ်ကို ဘာလို့မျက်နှာသာတချို့ မပေးကြသေးတာလဲ”
“သူရဲကောင်းတွေက ဘယ်နေရာကမဆိုရောက်လာနိုင်တယ်”
ယန်လောရှုက မင်းသားယွမ်ကျောကိုလှည့်ကြည့်လိုက်၏။
“ငါ... ယန်လောရှုကလည်း အောက်ဘုံလောကကနေလာခဲ့တာပဲ... မင်းရဲ့မျက်လုံးထဲမှာ ငါကလည်း နိမ့်ကျပြီးတော့ တန်ဖိုးမရှိဘူးလား”
ဆူဇီမိုက အနည်းငယ်အံ့အားသင့်သွား၏။
ယန်လောရှုသည် သူ့ကိုစောစောက ထိုကဲ့သို့သောပုံစံဖြင့်ကြည့်ခဲ့သည်မှာ မထူးဆန်းတော့ပေ။
အောက်ဘက်မှာရှိသော လူအုပ်ကြီးကလည်း ရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။
ကျင့်ကြံသူအများစုသည် ယန်လောရှု၏ နောက်ခံကို လုံးဝသိရှိမထားကြပေ။
မင်းသားယွမ်ကျောကလည်း မှင်တက်သွား၏။
သူသည်လည်းပဲ ယန်လောရှုသည် အောက်ဘုံမှလာသည်ဆိုတာကို သိရှိမထားခဲ့ပေ။
သူ၏ စောစောက စကားလုံးများက ဆူဇီမိုကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သော်လည်း သူကယန်လောရှုကိုပါ စော်ကားမိသွား၏။
ယန်လောရှုက မင်းသားယွမ်ကျောကိုလျစ်လျူရှုပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်က ဆူဇီမိုကိုလက်ခံလိုတယ်... မင်းတို့သုံးယောက်လည်း မင်းတို့ရဲ့ရွေးချယ်မှုတွေကို ပြုလုပ်လို့ရတယ်”
“တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းက သူ့ကိုလိုချင်တယ်”
ကောင်းကင်ချောက်နက်က စကားများစွာမပြောဆိုသော်လည်း သူ၏ လေသံကပြတ်သားပြီး တွေဝေတုံ့ဆိုင်းမှုမရှိပေ။
ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းကလည်း နောက်ကနေထပ်ကြပ်မကွာ လိုက်ပါပြောဆိုလိုက်၏။
“အင်ပါယာလေဘုရားကျောင်းကလည်း သူ့ကိုသဘောကျတယ်”
ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်က ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် သူကပြုံး၍ပြောလိုက်၏။
“အင်မော်တယ်ပြန်ဂိုဏ်းကလည်း သူ့ကိုစိတ်ဝင်စားတယ်”
အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းက တစ်ချိန်တည်းမှာသူ့ကိုလိုချင်နေကြ၏။
အဲ့ဒါသည် သာမန်ကျင့်ကြံသူတစ်ယောက်သာဆိုလျှင် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းသည် မင်းသားယွမ်ကျောနှင့် ဤကဲ့သို့သောအတိုက်အခံတစ်ခုကိုပြုလုပ်ကြလိမ့်မည်မဟုတ်ပေ။
သို့သော်လည်း ဆူဇီမိုပြသခဲ့သောစွမ်းဆောင်ရည်က အရမ်းကိုသိသာထင်ရှားနေ၏။
အဲ့ဒါသည် ပြန်ဝင်စားမွန်းစတားတစ်သန်းမှာ တစ်ယောက်ပေါ်ထွက်လာခဲသော ပါရမီရှင်ဖြစ်လေသည်။
ဒါ့အပြင် ဆူဇီမိုသည် ဂမ္ဘီရစိတ်ဝိညာဥ် ခုနှစ်စင်ကြယ်ကားချပ်နှင့် ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်ကဲ့သို့ စွမ်းအားကြီးမားသောလျှို့ဝှက်အတတ်များကို အမွေဆက်ခံရရှိထား၏။
သူ၏ အနာဂတ်အောင်မြင်ထွန်းပေါက်မှုက တိုင်းတာ၍မရနိုင်အောင်ပင်။
“အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းက မင်းကိုစိတ်ဝင်စားနေပြီဆိုမှတော့... အဲ့ဒါက မင်းပေါ်ပဲမူတည်တော့တယ်”
ယန်လောရှုက ဆူဇီမိုကို ခေါင်းညိတ်ပြလိုက်၏။
“နေပါဦး”
မင်းသားယွမ်ကျောက ခပ်မြန်မြန်ကြားဖြတ်ဟန့်တားလိုက်၏။
ဆူဇီမိုက အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းသို့ တရားဝင်ဝင်ရောက်ခွင့်ရသွားမည်ဆိုလျှင် သူ့အနေဖြင့် တိုက်ခိုက်ဖို့အတွက် အကြောင်းပြချက်ပိုနည်းသွားပေတော့မည်။
“တာအိုရောင်းရင်းယွမ်ကျော... ခင်ဗျားပြောချင်တာ တစ်ခုခုရှိနေသေးလို့လား”
ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက မျက်မှောင်အနည်းငယ်ကြုတ်ပြီး စိတ်မရှည်နိုင်စွာမေးမြန်းလိုက်၏။
မင်းသားယွမ်ကျောက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ့ကိုယ်သူဣန္ဒြေဆယ်လိုက်၏။ သူက ကောင်းကင်အင်မော်တယ်လေးဦးကို အနည်းငယ် ဦးညွှတ်ပြီး လုံလောက်သည့်ယဥ်ကျေးမှုကိုပြသလိုက်၏။
မဟာကျင်းအင်မော်တယ်နိုင်ငံ၏ မင်းသားတစ်ပါးအနေဖြင့် သူသည် အဆင့်တူခြင်းမှာ ကျင့်ကြံသူတစ်ယောက်ကို ဤကဲ့သို့တစ်ခါမှ ဦးမညွှတ်ခဲ့ဖူးပေ။
“တာအိုရောင်းရင်းတို့... ကျေးဇူးပြုပြီး ဒီလူ့ကို ကျုပ်ဆီကိုလွှဲပေးပါ... ခင်ဗျားတို့အနာဂတ်မှာ တောင်းဆိုစရာတစ်ခုခုရှိလာရင် ကျုပ်ကအတတ်နိုင်ဆုံးဖြည့်ဆည်းပေးပြီး ခင်ဗျားတို့ကို စိတ်မပျက်စေရဘူးလို့ ကျုပ်..ယွမ်ကျောက ကျိန်ဆိုပေးနိုင်တယ်”
မင်းသားယွမ်ကျောက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ခင်ဗျားတို့လေးယောက်က သူ့ကိုတပည့်ဂိုဏ်းသားတစ်ယောက်အဖြစ်လက်မခံသရွေ့ ကျုပ်က ခင်ဗျားတို့ကို ထိုက်ထိုက်တန်တန်သေချာပေါက် ဆုချီးမြှင့်ပေးမယ်... ခင်ဗျားတို့တစ်ခုခုလိုအပ်တာရှိရင် ကျုပ်ကိုအချိန်မရွေးပြောလို့ရတယ်”
မင်းသားယွမ်ကျောသည် သူ၏ စကားလုံးများကို ဖုံးကွယ်ထားခြင်းမရှိဘဲ လူတိုင်း၏ ရှေ့မှောက်မှာပြောဆိုနေ၏။ သူကအလွန်တရာစိတ်ရင်းမှန်ကန်မှုရှိနေလေသည်။
မင်းသားတစ်ပါး၏ ကတိပြုဝတ်ကို လျစ်လျူရှု၍မရနိုင်ပေ။
ဒါ့အပြင် အဲ့ဒီမှာ လက်ဆောင်အဖြစ် ရတနာများပင်ပါလာနိုင်၏။
မင်းသားယွမ်ကျောအနေဖြင့် ထိုကဲ့သို့သောကမ်းလှမ်းမှုကိုပြုလုပ်သည်မှာ သေချာပေါက်ထိုက်တန်မှုရှိလေသည်။
သူက ဆူဇီမိုကို တားဆီးနိုင်သည်နှင့်အမျှ သူသည် ဆူဇီမို၏ ခန္ဓာကိုယ်ထဲရှိ နတ်ဘုရားစွမ်းအားများ၊ လျှို့ဝှက်အတတ်များနှင့် ကျောက်စိမ်းအဆောင်တို့ကိုပင် ရရှိကောင်းရရှိနိုင်လေသည်။
ထိုအချိန်ကျလျှင် ပကတိဧကနယ်ပယ်သို့ အဆင့်ချိုးဖျက်တက်လှမ်းပြီး သူ၏ အဆင့်အတန်းက ပို၍မြင့်မားလာပေလိမ့်မည်။
ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်က အပြုံးတစ်ခုနှင့်အတူ သူ၏ ခေါက်ယပ်တောင်ကို ညင်သာစွာ ခတ်နေ၏။
ကောင်းကင်ချောက်နက်၏ အမူအရာက တည်ကြည်လေးနက်နေ၏။
ယန်လောရှုက မှင်သေသေအမူအရာတစ်ခုနှင့်အတူ မျက်လွှာချထား၏။
ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းကလည်း လှုပ်ရှားယိမ်းယိုင်သွားခြင်းမရှိပေ။
ကောင်းကင်အင်မော်တယ်လေးဦးမှာ မတူညီသောအမူအရာများရှိနေသော်လည်း သူတို့ထဲမည်သူကမှ တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ မင်းသားယွမ်ကျောကို နေရာမှာပင် ဒီတိုင်းထားထားလေသည်။
အချိန်ကတဖြည်းဖြည်းကုန်ဆုံးလာခဲ့၏။
အချိန်ကြာလာသည်နှင့်အမျှ မင်းသားယွမ်ကျော၏ အမူအရာကတဖြည်းဖြည်းပျက်ယွင်းလာပြီး အခြေအနေကပို၍ပင်အိုးတိုးအမ်းတမ်း ဖြစ်လာခဲ့၏။
မင်းသားယွမ်ကျောသည် လက်သီးနှစ်ဖက်ကိုဆုပ်ပြီး အံကိုကြိတ်ထား၏။
သူသည် သူ၏ ဂိုဏ်သိက္ခာကို လွှတ်ချခဲ့ပြီဖြစ်သော်လည်း ကောင်းကင်အင်မော်တယ်လေးဦးက အလျှော့ပေးဖို့ စိတ်ကူးမရှိကြပေ။
ထိုစဥ်မှာပင် အဝေးကနေတုန်လှုပ်စရာကောင်းသော အလျင်အဟုန်ဖြင့် ပုံရိပ်တစ်ခုက ပျံသန်းလာ၏။ တစ်ခဏချင်းမှာပင် သူက သူတို့ရှေ့သို့ရောက်ရှိလာခဲ့၏။
အဲ့ဒါသည် မီးခိးရောင်ဆံပင်များနှင့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ဖြစ်၏။ သူပြုလုပ်လိုက်သော လှုပ်ရှားမှုတစ်ခုချင်းစီက မမြင်နိုင်သော စွမ်းပကားတစ်ခုကိုဖြာထုတ်ပေးနေ၏။
ထိုလူပေါ်ထွက်လာသည့်ခဏမှာပင် သူကလေထဲမှာမတ်တတ်ရပ်ပြီး သူ၏ အော်ရာက လက်ရှိကျင့်ကြံသူများအားလုံးကို အုပ်မိုးသွားလေသည်။ ကောင်းကင်အင်မော်တယ်လေးဦးပင်လျှင် သူ့ကိုမယှဥ်နိုင်ပေ။
အဲ့ဒါက ပကတိအင်မော်ပညာရှင်တစ်ဦးဖြစ်၏။
လူတိုင်းသည် သက်လတ်ပိုင်းအရွယ်အမျိုးသား၏ ကျင့်ကြံမှုနယ်ပယ်ကို မထောက်လှမ်းနိုင်သော်လည်း သူတို့ အဲ့ဒါကိုဝိုးတဝါးခန့်မှန်းမိနိုင်ကြ၏။
ဆူဇီမိုက ထိုလူကိုတွေ့မြင်သောအခါ သူက မျက်မှောင်အနည်းငယ်ကြုတ်ပြီး သူ၏အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။
ဤလူက ပကတိအင်မော်တယ် တစ်ဦးဖြစ်သည်ဆိုတာကို သူသေချာပြောနိုင်လေသည်။ အဲ့ဒါသည် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်၏ ယခင်ဘုရင်ခံ... ပကတိအင်မော်တယ်ကျင်းယွဲ့ဖြစ်လေသည်။