အတိုက်အခံဖြစ်လာကြခြင်း
Vol. 143 Ch. 2135
လူအုပ်ကြီးထဲရှိ ရထားလုံးတစ်စင်းအတွင်းမှာ...။
မိန်းကလေးက ညင်သာစွာပြောလိုက်၏။
“မင်းသမီး... ရှင်ပြောတာမှန်တယ်... မထင်မှတ်ထားတာတွေက တကယ်ပဲဖြစ်လာပြီ... ပကတိအင်မော်တယ်တစ်ပါးတောင်မှ ပေါ်ထွက်လာပြီ”
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက အသိအမှတ်ပြုပြီး ကောင်းကင်ထက်ကို ဆက်လက်၍မော့ကြည့်နေ၏။
ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြားထဲမှာ ရုတ်ရုတ်သဲသဲအသံတချို့ထွက်ပေါ်လာ၏။
အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲသည် ကမ္ဘာမြေအင်မော်တယ်များကိုသာ ရွေးချယ်ခြင်းဖြစ်၏။
အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းဖြစ်စေ၊ တိုက်ပွဲကိုစိုက်ကြည့်နေသော ကျင့်ကြံသူများဖြစ်စေ အသန်မာဆုံးသူများက ကောင်းကင်အင်မော်တယ်များဖြစ်၏။
ပကတိအင်မော်တယ်ပညာရှင်တစ်ဦးသည် ဘယ်အဖွဲ့အစည်း သို့မဟုတ် ဘယ်ကမ္ဘာကို ရောက်ရှိသည်ဖြစ်စေ သူတို့က ထိုနေရာ၏ ထောက်တိုင်များဖြစ်ပြီး မြင့်မြတ်သောအဆင့်အတန်းကို ပိုင်ဆိုင်ထားကြ၏။
အစကတော့... ကောင်းကင်ချောက်နက်၊ ယန်လောရှုနှင့် အခြားကောင်းကင်အင်မော်တယ်နှစ်ဦးသည် အဖွဲ့အစည်းများ၏ အသန်မာဆုံး တည်ရှိမှုများဖြစ်ပြီး အားလုံးကို မျှခြေတစ်ခုမှာ ထိန်းထားနိုင်၏။
ပကတိအင်မော်တယ်တစ်ပါးဆင်းသက်ရောက်ရှိလာခြင်းက ထိုမျှခြေကိုချက်ချင်းပင်ကျိုးပျက်သွားစေ၏။
ကောင်းကင်အင်မော်တယ်လေးဦးသည် ထိုသူကိုတွေ့မြင်သောအခါ မျက်မှောင်ကြုတ်လိုက်၏။
မင်းသားယွမ်ကျောက ကျေနပ်သဘောကျသွားပြီး ရှေ့သို့ခပ်မြန်မြန်တက်လာခဲ့၏။
“ကျင်းယွဲ့... ခက်ဗျားနောက်ဆုံးတော့ ဒီကိုရောက်လာပြီပဲ”
မင်းသားယွမ်ကျောနှင့် ပကတိအင်မော်တယ်ကျင်းယွဲ့သည် ဖုန့်စန်းထျန်ကြောင့် ကြီးမားသော ထိုးနှက်ချက်တစ်ခုကို တွေ့ကြုံခံစားခဲ့ရ၏။
မင်းသားယွမ်ကျောသည် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်၏ ပိုင်နက်နယ်မြေကို ဆုံးရှုံးခဲ့ရပြီး... ပကတိအင်မော်တယ်ကျင်းယွဲ့ကလည်း တိုင်းပြည်၏ ဘုရင်ခံအဖြစ် သူ၏ ရာထူးကို ဆုံးရှုံးခဲ့ရ၏။
သူတို့နှစ်ယောက်သည် နှစ်ပေါင်းများစွာထိတွေ့ဆက်ဆံလာခဲ့ကြပြီး ချည်နှောင်မှုတချို့ရှိကြလေသည်။
မင်းသားယွမ်ကျောသည် လျှို့ဝှက်ဆန်းကြယ်သောစာကို လက်ခံရရှိပြီး ဤနေရာသို့ ထွက်ခွာမလာခင်က သူသည် ပကတိအင်မော်တယ်ကျင်းယွဲ့ထံ သတင်းစကားတစ်ခုပါးခဲ့လေသည်။
ရစ်ခွေနဂါးတောင်ကြောရိုးမှာ သူသည်အတားအဆီးများစွာနှင့် ကြုံတွေ့နိုင်ခြေရှိသည်ကို သူကခန့်မှန်းမိခဲ့ပြီးသားဖြစ်၏။
ထို့ကြောင့်ပင်လျှင် သူသည် လှုပ်ရှားမှုတစ်ခုမပြုလုပ်ခင် ကြိုတင်အစီအစဥ်ချမှတ်ထားပြီး ပကတိအင်မော်တယ်ကျင်းယွဲ့ကို တံခါးပိတ်ကျင့်ကြံရာကနေထွက်ခွာလာဖို့ ဆင့်ခေါ်ခဲ့ခြင်းဖြစ်၏။
မင်းသားယွမ်ကျောက အကြံသမားဖြစ်ပြီး အလွန်တရာလိမ္မာပါးနပ်လေသည်။
မဟုတ်ပါက သူသည် အရင်တုန်းက အစိမ်းရောင်တိမ်းစိုင်တိုင်းပြည်ကို တာဝန်ယူထားသည့် မင်းသားတစ်ပါးဖြစ်လာနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
သူသည် သူ၏ အစစ်အမှန်ခွန်အားကိုပင် ဖုံးကွယ်ထားခဲ့ပြီး သူကျင့်ကြံထားသောကိုယ်ပွားနှင့် လောကကိုလှည့်စားခဲ့လေသည်။
သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် သူသည် ဤနှစ်များအားလုံးမှာ ကံဆိုးမိုးမှောင်ကျနေခဲ့ပြီး ပျက်စီးထိခိုက်မှုများကို ဆက်တိုက်ကြုံတွေ့ခဲ့ရ၏။
မင်းသားယွမ်ကျောသည် အရာရာတိုင်းကို ဆူဇီမိုအပေါ် အပြစ်တင်ပုံချထား၏။
“အရှင်မင်းသား... ကျုပ်ကိစ္စတချို့ကြောင့် နှောင့်နှေးကြန့်ကြာသွားလို့ နဲနဲနောက်ကျသွားတယ်”
ပကတိအင်မော်တယ်ကျင်းယွဲ့က မင်းသားယွမ်ကျောထံ လက်သီးနှစ်ဖက်ကိုယှက်၍ပြောလိုက်၏။
“မင်းနောက်မကျပါဘူး... မင်းရောက်လာတာအချိန်မှန်ပဲ”
မင်းသားယွမ်ကျောက မလှမ်းမကမ်းမှာရှိသောဆူဇီမိုကို လက်ညှိုးထိုးပြီး မုန်းတီးစွာပြောလိုက်၏။
“အဲ့ဒီအပြစ်သားက လူတိုင်းရဲ့ရှေ့မှောက်မှာပဲ မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ အာဏာပါးကွက်သားအစောင့်တပ်သားတစ်ရာကျော်ကို သတ်ဖြတ်ခဲ့တယ်... အခုဆိုရင် သူကအင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကိုတောင် ဝင်ရောက်တော့မှာ ငါတို့သူ့ကို ဖမ်းဆီးရမယ်”
“သူက အာဏာပါးကွက်သားအစောင့်တပ်သားတွေ အများကြီးကိုသတ်ဖြတ်ပြီး ငါ့ရဲ့စောင့်ကြည့်မှုအောက်ကနေ လွတ်မြောက်သွားမယ်ဆိုရင် ငါတို့မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ ဂုဏ်သတင်းက ဘာဖြစ်သွားမလဲ”
အာဏာပါးကွက်သားအစောင့်တပ်သားတစ်ရာကျော်က သေဆုံးသွားခဲ့၏။
ပကတိအင်မော်တယ်ကျင်းယွဲ့၏ အမူအရာက ညိုမည်းသွားလေသည်။
ဆူဇီမိုကိုအရင်ဆုံးရှာဖွေတွေ့ရှိပြီး ပကတိမိုးကြိုးမြို့တော်သို့ ခေါ်လာပေးခဲ့သည့်သူမှာ သူဖြစ်လေသည်။
ထို့ကြောင့်ပင်လျှင် နောက်ပိုင်းမှာ ပြောင်းလဲမှုများက ဆက်တိုက်ပေါ်ထွက်လာခဲ့ခြင်းဖြစ်၏။
ဤကိစ္စ၏ မူလဇာစ်မြစ်ကို ခြေရာကောက်မည်ဆိုလျှင် သူသည်တာဝန်ယူမှုတာဝန်ခံမှုကနေ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ပကတိအင်မော်တယ်တစ်ပါး ပေါ်ထွက်လာဖို့က မသင့်လျော်ဘူးဆိုတာကိုသူက သိရှိထားသည်ဆိုလျှင်တောင် သူကရောက်လာခဲ့ဆဲဖြစ်၏။
ပကတိအင်မော်တယ်ကျင်းယွဲ့သည် အချက်တစ်ချက်ကိုလည်း သိရှိထားလေသည်။ သူက ပကတိအင်မော်တယ်တစ်ပါးဖြစ်နေသော်လည်း ဆူဇီမိုက အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းသို့ ဝင်ရောက်သွားမယ်ဆိုလျှင် သူ့အနေဖြင့် လှုပ်ရှားမှုတစ်ခု ပြုလုပ်ဖို့က ခက်ခဲသွားပေလိမ့်မည်။
သူ၏ အတွေးများက ပြေးလွှားနေစဥ် ပကတိအင်မော်တယ်ကျင်းယွဲ့က ကောင်းကင်အင်မော်တယ်လေးဦးကိုလှည့်ကြည့်ပြီး လက်သီးနှစ်ဖက်ယှက်ပြလိုက်၏။
“နှုတ်ဆက်ပါတယ်... ကျုပ်ကကျင်းယွဲ့ပါ”
“နှုတ်ဆက်ပါတယ်.... အဆင့်မြင့်အင်မော်တယ်”
ကောင်းကင်အင်မော်တယ်လေးဦးက ရိုင်းပျရဲခြင်းမရှိဘဲ တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်လိုက်ကြ၏။
ပကတိအင်မော်တယ်ကျင်းယွဲ့သည် ယခုအချိန်မှာ အစိမ်းရောင်တိမ်စိုင်တိုင်းပြည်၏ ဘုရင်ခံမဟုတ်တော့သော်လည်း သူသည် ပကတိအင်မော်တယ်များကြားမှာ ပညာရှင်တစ်ဦးဖြစ်နေဆဲပင်။
ကောင်းကင်အင်မော်တယ်လေးဦးက သူ့နာမည်ကို အရင်ကကြားဖူးထားခဲ့လေသည်။
ပကတိအင်မော်တယ်ကျင်းယွဲ့သည် မည်သည့်အပိုစကားကိုမှ ပြောမနေတော့ဘဲ... လိုရင်းကိုတန်းပြောလိုက်၏။
“ဆူဇီမိုကို ထုတ်ပေးဖို့ဆိုရင်... ခင်ဗျားတို့လေးယောက်အတွက် ကိစ္စတွေကိုရှင်းပြဖို့က အခက်အခဲရှိမယ်ဆိုတာ ကျုပ်သိပါတယ်”
“ဒီလိုဆိုရင်ဘယ်လိုလဲ... ခင်ဗျားတို့လေးယောက်က ကျေးဇူးပြုပြီး ကျုပ်ကိုမျက်နှာသာတချို့ပေးပါ... ခင်ဗျားတို့တွေက အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကိုယ်စားဒီလူ့ကို မစုဆောင်းသရွေ့ အဆင်ပြေတယ်”
အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှ မည်သူကမှ ဆူဇီမိုကို ခေါ်ယူစုဆောင်းခြင်းမရှိပါက မင်းသားယွမ်ကျောသည် မည်သည့်ထိန်ချန်မှုမှမရှိဘဲ ဆူဇီမိုကိုတိုက်ခိုက်နိုင်လေသည်။
သူစိုးရိမ်ပူပန်နေသည့် တစ်ခုတည်းသောအရာမှာ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းဖြစ်၏။
ပကတိအင်မော်တယ်တစ်ပါးက ဆူဇီမိုကို တောင်းဆိုဖို့အတွက် ပေါ်ထွက်လာခဲ့လေပြီ။
ပကတိအင်မော်တယ်ပညာရှင်တစ်ယောက်၏ နာမည်ဂုဏ်သတင်းက မင်းသားယွမ်ကျောနှင့်လုံးဝကို ကွာခြားလေသည်။
ပကတိအင်မော်တယ်များသည် စွမ်းအား၏ အခြားသောအတန်းအစားတစ်ခုကို ကိုယ်စားပြုလေသည်။
ကောင်းကင်အင်မော်တယ်လေးဦးက စိတ်ထဲမှာမလိုလားလျှင်တောင် သူတို့သည် အဲ့ဒါကို တိုက်ရိုက်ဖော်ပြခြင်းနှင့် ပကတိအင်မော်တယ်ကျင်းယွဲ့ကို ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုလုပ်နိုင်ပေ။
ပကတိအင်မော်တယ်ကျင်းယွဲ့က ဆက်ပြောလိုက်၏။
“ခင်ဗျားတို့လေးယောက်က အဲ့ဒါကိုသဘောတူပေးတာနဲ့ အနာဂတ်မှာ ခင်ဗျားတို့တစ်ခုခုလိုအပ်တာရှိရင် ကျုပ်ကို လာပြီး တောင်းဆိုလို့ရတယ်... ကျုပ်ကအဲ့ဒါကိုငြင်းပယ်မှာမဟုတ်ဘူး”
ပကတိအင်မော်တယ်တစ်ပါး၏ ကတိကဝတ်က အတော်လေးအလေးသာလေသည်။
“ဆူဇီမိုကတော့ သွားပြီ... မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ ပကတိအင်မော်တယ်တစ်ပါးကတောင် ပေါ်ထွက်လာပြီး ရှိသမျှတန်ဖိုးအကုန်နဲ့ သူ့ကိုဖမ်းဆီးချင်နေပြီ”
“အဲ့ဒါက မျှော်လင့်ထားပြီးသားပဲ... စဥ်းစားကြည့်လေ မင်းသားတစ်ပါးကို ဆန့်ကျင်ပြီး ဒီလောက်များပြားတဲ့ အာဏာပါးကွက်သားအစောင့်တပ်သားတွေကိုသတ်ဖြတ်ခဲ့တဲ့ နိမ့်ကျသက်ရှိတစ်ယောက်က ဘယ်လိုလုပ်ပြီး ရှင်သန်နိုင်ဦးမှာလဲ”
ကျင့်ကြံသူများစွာက သူတို့၏ ခေါင်းများကိုခါယမ်းလိုက်ကြ၏။
လေထဲမှာဆူဇီမိုက တည်ငြိမ်နေသောအမူအရာတစ်ခုနှင့် တိတ်ဆိတ်ငြိမ်သက်နေ၏။
လက်ရှိအခြေအနေသည် သူ့အပေါ်မှာ မူတည်မနေတော့ပေ။ တစ်နည်းအားဖြင့်ဆိုလျှင် သူ၏ သေခြင်းရှင်ခြင်းသည် သူတို့၏ အတွေးတစ်ချက်ပေါ်မှာ မူတည်နေ၏။
အဆင့်မြင့်အင်မော်တယ်ကျင်းယွဲ့က ဒီလိုပြောလာပြီဆိုမှတော့... ကျုပ်က အင်မော်တယ်ပျံဂိုဏ်းကိုယ်စား နှုတ်ထွက်ပေးလိုက်ပါ့မယ်”
ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်က ညင်သာစွာပြုံး၍ လက်သီးနှစ်ဖက်ကိုယှက်ပြလိုက်၏။
ပကတိအင်မော်တယ်တစ်ပါးက ယခုအခါပေါ်ထွက်လာခဲ့ပြီဖြစ်ပြီး သူ့အနေဖြင့် ဤကိစ္စမှာဆက်လက်၍ ခေါင်းမာနေစရာမလိုတော့ပေ။
ဒါ့အပြင် ဒုံမင်းအင်မော်တယ်မုန့်ယောင်သည် မဟာကျင်းအင်မော်တယ်နိုင်ငံမှဖြစ်လေသည်။ သူကအရင်စပြီး ခြေတစ်လှမ်းနောက်ဆုတ်ပေးလိုက်မည်ဆိုလျှင် အဲ့ဒါကို ကျေးဇူးတစ်ခုပြုလိုက်ခြင်းဟု သတ်မှတ်နိုင်လေသည်။
ပကတိအင်မော်တယ်ကျင်းယွဲ့က ခေါင်းအနည်းငယ်ညိတ်ပြီး ပြုံး၍ပြောလိုက်၏။
“သိပ်မကြာသေးခင်ကမှ ကျုပ်က မင်းသမီးမုန့်ယောင်နဲ့တောင်မှ တွေ့ဆုံခဲ့သေးတယ်...ကျုပ်တို့နောက်တစ်ခါပြန်တွေ့မယ်ဆိုရင်... သူ့ရှေ့မှာခင်ဗျားအတွက် ကျုပ်စကားပြောပေးမယ်”
“ကျေးဇူးတင်ပါတယ် အဆင့်မြင့်အင်မော်တယ်”
ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်က ကျေနပ်သဘောကျသွား၏။
သူသည် ဤကိစ္စကြောင့် မင်းသမီးမုန့်ယောင်ထံမှ ထင်မြင်ချက်ကောင်းတစ်ခုကိုရရှိနိုင်မည်ဆိုလျှင် အဲ့ဒါကလုံလောက်လေသည်။
“ခင်ဗျားတို့သုံးယောက်ကော ဘယ်လိုထင်လဲ”
ပကတိအင်မော်တယ်ကျင်းယွဲ့၏ အကြည့်က ကောင်းကင်ချောက်နက်၊ ယန်လောရှုနှင့် ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းတို့ဘက်သို့ ရွေ့လျားရောက်ရှိသွား၏။ သူ၏ လေသံနှင့် အကြည့်မှာ ဖိအားအငွေ့အသက်တစ်ခုပါဝင်နေ၏။
ကောင်းကင်ချောက်နက်၏ အမူအရာက တည်တံ့နေဆဲဖြစ်၏။
ယန်လောရှု၏ အမူအရာကလည်း မှင်သေသေဖြင့်ရှိနေပြီး သူ၏ ခေါင်းကိုငုံ့ထား၏။
ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက ဂနာမငြိမ်နှင့် မသက်မသာဖြစ်သည့်ပုံပေါ်နေ၏။
ပကတိအင်မော်တယ်ကျင်းယွဲ့သည် နှစ်ပေါင်းများစွာ ကျော်ကြားလာခဲ့ပြီး သူမိတ်ဆွေဖွဲ့ထားသောလူများအားလုံးကလည်း ပကတိအင်မော်တယ်ပညာရှင်များဖြစ်လေသည်။
တစ်နည်းအားဖြင့်ဆိုလျှင် အင်ပါယာလေဘုရားကျောင်း၏ အမွေခံတပည့်များကသာလျှင် သူနှင့်စကားပြောဆိုဖို့ အဆင့်မီလေသည်။
ပကတိအင်မော်တယ်ကျင်းယွဲ့သည် အင်ပါယာလေဘုရားကျောင်း၏ အမွေခံတပည့်တချို့နှင့် ပတ်သက်ဆက်နွယ်မှု ရှိနေမလား မည်သူကမှမသိနိုင်ပေ။
ဤကိစ္စကြောင့် ဂိုဏ်း၏ အမွေခံတပည့်တစ်ယောက်ကို ဆန့်ကျင်မိမည်ဆိုလျှင် အဲ့ဒါက တကယ်ကို မထိုက်တန်ပေ။
ရုတ်တရက် ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက ပြုံးလိုက်၏။
“ကျုပ်ဘက်ကတော့အဆင်ပြေတယ်... သူ့ကို ခေါ်ယူတာပဲဖြစ်ဖြစ်... မခေါ်ယူတာပဲဖြစ်ဖြစ်... ကိစ္စမရှိဘူး... အဆင့်မြင့်အင်မော်တယ် ခင်ဗျားက တခြားနှစ်ယောက်ရဲ့ရပ်တည်ချက်တွေကို အရင်မေးလိုက်တာ ပိုကောင်းလိမ့်မယ်”
ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက လှည့်ကွက်တစ်ခုပြုလုပ်လိုက်၏။
တကယ်တမ်းမှာတော့ သူသည် ဆူဇီမိုကိုခေါ်ယူစုဆောင်းခြင်းမပြုဟု ရှင်းရှင်းလင်းလင်းမပြောဆိုခဲ့ပေ။ ထိုအစားသူသည် ပြဿနာကို ကောင်းကင်ချောက်နက်နှင့် ယန်လောရှုတို့ဘက်သို့ တွန်းပို့လိုက်၏။
ကောင်းကင်ချောက်နက်နှင့် ယန်လောရှုက နောက်သို့ဆုတ်ခွာသွားမည်ဆိုလျှင် သူကလည်း ခေါင်းမာနေမည်မဟုတ်ဘဲ အလိုက်သင့်မျောပါသွားပေလိမ့်မည်။
ကောင်းကင်ချောက်နက် သို့မဟုတ် ယန်လောရှုက နောက်ဆုတ်မပေးဘူးဆိုလျှင် ပကတိအင်မော်တယ်ကျင်းယွဲ့၏ စိတ်အာရုံက သူတို့နှစ်ယောက်အပေါ်ရောက်ရှိသွားပေလိမ့်မည်။
ပကတိအင်မော်တယ်ကျင်းယွဲ့က စိတ်ထဲကနေကြိတ်၍ လှောင်ရယ်လိုက်၏။
ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်း စဥ်းစားတွေးတောနေသည့်အရာကို သူပြောနိုင်သော်လည်း သူကအဲ့ဒါကို ထုတ်ဖော်ပြောဆိုနေခြင်းမရှိပေ။ ထိုအစား သူ၏ အကြည့်က ကောင်းကင်ချောက်နက်နှင့် ယန်လောရှုတို့ဘက်သို့ ရွေ့လျားသွား၏။
“ကျုပ်အဲ့ဒါကိုသဘောမတူဘူး”
ကောင်းကင်ချောက်နက်က ရုတ်တရက်ပြောဆိုလိုက်၏။
ကျင့်ကြံသူများစွာက စိတ်အားမာန်တက်ကြွလာပြီး သူတို့၏ မျက်လုံးများက ဝင်းလက်သွား၏ ။
သူက ထိပ်တိုက်ရင်ဆိုင်ဖို့ ရွေးချယ်လိုက်လေပြီ။
တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်း၏ ကောင်းကင်အင်မော်တယ်ပညာရှင်တစ်ယောက်နှင့် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ပကတိအင်မော်တယ်ပညာရှင်တစ်ယောက်က အတိုက်အခံဖြစ်လာခဲ့လေသည်။
ထိုအခိုက်အတန့်မှာ ဆူဇီမိုကလည်း စိုးရိမ်ပူပန်လာခဲ့၏။
သူသည် ဤတစ်ခေါက်တွင် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ဝင်ပါလာသောအခါ သူသည် တောင်တန်းပင်လယ် အင်မော်တယ်ဂိုဏ်းအပေါ် တိမ်းညွှတ်နေခဲ့၏။
နဂါးအသူရာချောက်နက်မှာတုန်းက သူသည်တခြားသော အင်မော်တယ်ဂိုဏ်းသုံးဂိုဏ်းမှ အမွေခံတပည့်များနှင့် ပဋိပက္ခများရှိခဲ့လေသည်။
သူက သူ၏ သရုပ်သကန်ကို မပေါက်ကြားစေခဲ့သော်လည်း သူကတွေဝေတုံ့ဆိုင်းမှုကို စိတ်ထဲမှာ ခံစားနေရ၏။
အင်မော်တယ်ပျံဂိုဏ်းက နှုတ်ထွက်သွားမည်ဆိုလျှင်တောင် ဆူဇီမိုက ဂရုစိုက်လိမ့်မည်မဟုတ်ပေ။ အနည်းဆုံးတော့ တောင်တန်းပင်လယ်ဂိုဏ်းက သူ့ဘက်မှာရှိနေသေးလေသည်။
ပကတိအင်မော်တယ်ကျင်းယွဲ့က သုန်မှုန်နေသောအကြည့်နှင့်အတူ ကောင်းကင်ချောက်နက်ကို စိုက်ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ကောင်းကင်ချောက်နက်... အရင်ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့နံပါတ်တစ်... ကြမ်းကြုတ်ခက်ထန်တဲ့နည်းလမ်းတွေ... စီးပိုးခြယ်လှယ်တဲ့စိတ်နေစရိုက်နဲ့... လုံးဝကိုအကြောက်အလန့်ကင်းမဲ့တယ်... ငါမင်းနာမည်ကိုကြားဖူးထားတာကြာပြီ”
“အခု... ငါကိုယ်တိုင်မြင်တွေ့ရမှာပဲ မင်းကနာမည်ဂုဏ်သတင်းနဲ့တကယ်ပဲလိုက်ဖက်နေတာပဲ”
ပကတိအင်မော်တယ်ကျင်းယွဲ့က ကောင်းကင်ချောက်နက်ကို ပေါ်ပေါ်ထင်ထင်ထုတ်ဖော်ချီးကျူးလိုက်သော်လည်း သူ၏ လေသံမှာ အေးစက်မှုအငွေ့အသက်တစ်ခုပါဝင်နေ၏။