အရှက်မဲ့ခြင်း
Vol. 143 Ch. 2136
“ခင်ဗျားကကျုပ်ကို မြှောက်ပင့်ပြီးပြောဆိုနေတာပဲ”
ကောင်းကင်ချောက်နက်က အမူအရာကင်းမဲ့၍ အကြောက်အလန့်မရှိပေ။
“အဆင့်မြင့်အင်မော်တယ်... ခင်ဗျားရောက်မလာခင်ကတည်းက ကျုပ်ကဒီလူကိုစုဆောင်းခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီးပြီ... ကျုပ်ကခင်ဗျားဆီကစကားတစ်ခွန်းကြောင့် အလျှော့ပေးလိုက်မယ်ဆိုရင် တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းက မဟာကျင်းအင်မော်တယ်နိုင်ငံကို ကြောက်ရွံ့နေတယ်လို့ တခြားသူတွေထင်ကုန်ကြလိမ့်မယ်... အဲ့ဒါက ကျုပ်တို့ဂိုဏ်းရဲ့နာမည်ဂုဏ်သတင်းအတွက် မကောင်းဘူး”
ကောင်းကင်ချောက်နက်က စကားပြောဆိုခဲသော်လည်း သူကအလွန်တရာပါးနပ်လေသည်။
သူ၏ အဆင့်အတန်းနှင့် ကျင့်ကြံမှုနယ်ပယ်အရ သူကပကတိအင်မော်တယ်ကျင်းယွဲ့ကို မယှဥ်နိုင်ဘူးဆိုတာကိုသိထား၏။ ဒါ့ကြောင့် သူသည် သူ၏ နောက်ခံအဖြစ် တောင်တန်းပင်လယ် အင်မော်တယ်ဂိုဏ်းကို ထုတ်ဖော်ပြောဆိုလိုက်၏။
ကောင်းကင်ချောက်နက်၏ စကားလုံးများက ဝါဂွမ်းထဲမှာဖုံးကွယ်ထားသော အပ်များနှင့်တူလေသည်။
ကောင်းကင်အင်မော်တယ်ကျင်းယွဲ့၏ အမူအရာက သုန်မှုန်သွား၏။
ကောင်းကင်ချောက်နက်က သူ့ကိုတကယ်တမ်းထိပ်တိုက်ရင်ဆိုင်ချင်သည်ဆိုလျှင် သူတတ်နိုင်တာဘာမှမရှိပေ။
သူသည် လူတိုင်း၏ ရှေ့မှောက်မှာ ကောင်းကင်ချောက်နက်ကို သတ်ဖြတ်နိုင်စရာအကြောင်းမရှိပေ။
ကောင်းကင်ချောက်နက်က ဘာမဟုတ်သည့်လူတစ်ယောက်မဟုတ်ပေ။ သူက မဆင်မခြင်တိုက်ခိုက်ပြီး ငယ်ရွယ်သည့်သူကို အနိုင်ကျင့်လိုက်မည်ဆိုလျှင် သူသည် တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းကို သေချာပေါက် ဆန့်ကျင်မိသွားပေလိမ့်မည်။
ထိုအချိန်ကျလျှင် တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းသည် သူ့ကိုလာရှာဖို့အတွက် ပကတိအင်မော်တယ်ပညာရှင်များကိုပင် စေလွှတ်ကောင်းစေလွှတ်နိုင်၏။
မဟာနတ်မိမယ်လေးဦးထဲမှတစ်ဦးဖြစ်သော စစ်တုရင်အင်မော်တယ်က တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းမှာရှိလေသည်။ စစ်တုရင်အင်မော်တယ်သည် စီးပိုးခြယ်လှယ်လိုသော စိတ်နေစရိုက်ရှိပြီး တိုက်ခိုက်ရသည်ကို နှစ်သက်သဘောကျလေသည်။
မဟာနတ်မိမယ်လေးဦးသည် ပေါ်ပေါ်ထင်ထင်တိုက်ခိုက်ကြခြင်းမရှိခဲ့သော်လည်း သူတို့လေးယောက်ကြားမှာ စစ်တုရင်အင်မော်တယ်က အသန်မာဆုံးဖြစ်သည်ဟူသော ကောလာဟလများထွက်နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၏။
ပကတိအင်မော်တယ်ကျင်းယွဲ့က သုန်မှုန်နေသော အမူအရာဖြင့် တစ်ခုခုကို အကွက်ချကြံစဥ်နေသည့်အလား သူ၏ မျက်လုံးနှစ်ဖက်ကို အနည်းငယ်မှေးကျဥ်းထား၏။
ချက်ချင်းပင် ရစ်ခွေနဂါးတောင်ကြောရိုးတစ်ခုလုံးက အလွန်တရာတိတ်ဆိတ်ငြိမ်သက်သွား၏။
လေထုက အနည်းငယ်တင်းကျပ်လေးလံလာခဲ့၏။
ရုတ်တရက် ဆူဇီမိုသည် သန်မာသော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရ၏။ သူသည် ကြောက်စရာကောင်းသော လူတချို့၏ ပစ်မှတ်ထားခြင်းခံရပြီး အချိန်မရွေးကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့နိုင်သည့်အလားပင်။
“အဲ့ဒါတော့ဆိုးပြီ”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
ပကတိအင်မော်တယ်ကျင်းယွဲ့သည် တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းကို စိုးရိမ်ပူပန်နေပြီး ကောင်းကင်ချောက်နက်ကို တိုက်ခိုက်ရဲလိမ့်မည်မဟုတ်ပေ။
သို့သော်လည်း ပကတိအင်မော်တယ်ကျင်းယွဲ့က အခြားသူများကိုလျစ်လျူရှုပြီး သူ့ကိုတိုက်ခိုက်လာနိုင်၏။
တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းသည် ကောင်းကင်ချောက်နက် ဖိနှိမ်ခံရသည့်အခါ ပကတိအင်မော်တယ်ကျင်းယွဲ့ကို ပြဿနာသွားရှာနိုင်လေသည်။
သို့သော်လည်း ဆူဇီမိုသည် တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းကို ယခုအချိန်ထိ မဝင်ရောက်ရသေးပေ။ ပကတိအင်မော်တယ်ကျင်းယွဲ့က လူတိုင်း၏ ရှေ့မှာ သူ့ကိုသတ်ဖြတ်လိုက်မည်ဆိုလျှင်တောင် တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းသည် သူ့လိုအောက်ဘုံကနေ တက်လှမ်းလာသည့် အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်အတွက် ပကတိအင်မော်တယ်ကျင်းယွဲ့ကို တိုက်ခိုက်လိမ့်မည်မဟုတ်ပေ။
ရထားလုံးအတွင်းမှာ...။
မိန်းကလေးက တီးတိုးပြောဆိုလိုက်၏။
“မင်းသမီး... ဆူဇီမိုရဲ့ကံက သိပ်တော့မဆိုးဘူး... ကံကောင်းထောက်မစွာနဲ့ ကောင်းကင်ချောက်နက်က ရှေ့ကိုထွက်ရပ်ပြီး ပကတိအင်မော်တယ်ကျင်းယွဲ့ရဲ့ ဖိအားကို ခံယူဖို့ သတ္တိရှိနေတယ်... မဟုတ်ရင် သူက ဒုက္ခရောက်သွားမှာ”
“ကောင်းကင်ချောက်နက်က နောက်ဆုတ်သွားမယ်ဆိုရင်တောင် ယန်လောရှုကရှေ့ကိုထွက်လာဦးမှာပဲ”
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက သူမ၏ ခေါင်းကိုညင်သာစွာခါပြလိုက်၏။
“ယန်လောရှုကို ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရဲ့ ထွန်းတောက်လာတဲ့ကြယ်တစ်စင်းလို့ သတ်မှတ်နိုင်တယ်... သူက ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်ရဲ့ နံပါတ်တစ်ကောင်းကင်အင်မော်တယ်မဟုတ်ပေမယ့် သူက သမာသမတ်ကျပြီးတော့ မှန်ကန်ဖြောင့်မတ်ခြင်းသုတ္တန်ကို ကျင့်ကြံထားတယ်... သူက အောက်ဘုံကနေတက်လှမ်းလာတာပဲ...သူ့အနေနဲ့ အောက်ခြေကနေ ဒီအဆင့်ထိ ရောက်လာဖို့က တကယ်ကိုမလွယ်ဘူး”
ခဏမျှရပ်တန့်ပြီးနောက် သူမက ဆက်ပြောလိုက်၏။
“ဒါပေမဲ့... ပကတိအင်မော်တယ်တစ်ယောက်ရောက်လာပြီဆိုတော့.... ကောင်းကင် ချောက်နက်နဲ့ တခြားသူတွေက အခြေအနေကို မထိန်းချုပ်နိုင်တော့ဘူး”
“ဟားဟားဟား...”
ထိုစဥ်မှာပင် လေထဲမှာရှိသော ပကတိအင်မော်တယ်ကျင်းယွဲ့က ရုတ်တရက်ရယ်မောလိုက်၏။ သူ၏အသံက ပို၍ကျယ်လောင်လာပြီး ကျင့်ကြံသူများစွာသည် စူးရှသောနာကျင်မှုတစ်ခုနှင့်အတူ သူတို့၏နားထဲမှာ တဝီဝီအော်မြည်လာသည်ဟုခံစားလိုက်ရ၏။
ရယ်မောသံကတဖြည်းဖြည်းရပ်တန့်သွားပြီး ပကတိအင်မော်တယ်ကျင်းယွဲ့က အေးစက်စွာပြောလိုက်၏။
“ကောင်းကင်ချောက်နက်... မင်းငါ့ကို မျက်နှာသ တချို့မပေးချင်ဘူးဆိုလည်းရတယ်လေ”
သူကစကားလမ်းကြောင်းပြောင်းလဲပြီး မလှမ်းမကမ်းမှာရှိသော ဆူဇီမိုကိုကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဒါပေမဲ့... ငါကဒီကောင်လေးကို ဒီနေ့အားလုံးရဲ့ရှေ့မှာဖိနှိမ်တော့မယ်... ငါ့ကိုဘယ်သူတားနိုင်မှာလဲ”
ကောင်းကင်ချောက်နက်၊ ယန်လောရှုနှင့် အခြားသူများ၏အမူအရာများက ပြောင်းလဲသွား၏။
ပကတိအင်မော်တယ်ကျင်းယွဲ့ပြောသည့်အတိုင်းပင် သူက အတင်းအကျပ်တိုက်ခိုက်လာမည်ဆိုလျှင် မည်သူကမှ သူ့ကို ဤနေရာမှာတားဆီးနိုင်လိမ့်မည် မဟုတ်ပေ။
ပကတိအင်မော်တယ်တစ်ယောက်နှင့် ကောင်းကင်အင်မော်တယ်တစ်ယောက်ကြား ကွာဟချက်က အရမ်းကိုကြီးမားလွန်း၏။
ဒါ့အပြင် ပကတိအင်မော်တာ်ကျင်းယွဲ့သည် ပကတိအင်မော်တယ်များကြားမှာ ပညာရှင်တစ်ဦးဖြစ်လေသည်။
မဟူရာအမြုတေနယ်ပယ်၊ကမ္ဘာမြေအမြုတေနယ်ပယ်နှင့် ကောင်းကင်အမြုတေနယ်ပယ်တို့မှာ အဆင့် ၉ဆင့်စီ ထပ်မံခွဲခြားထားလေသည်။
သို့သော်လည်း ထိုအမြုတေနယ်ပယ်သုံးခုကို ပကတိဧကနယ်ပယ်ထဲသို့ ထည့်သွင်းပေါင်းစည်းပြီးနောက် အဆင့်လေးဆင့်သာလျှင် ရှိလာခဲ့၏။
အဆင့်တစ်ဆင့်ချင်းစီက ကွာဟချက် အရမ်းကိုကြီးမားလေသည်။
ပကတိအင်မော်တယ်ကျင်းယွဲ့သည် အနည်းဆုံး ပကတိဧကနယ်ပယ်၏ အဆင့်သုံးထိ ကျင့်ကြံထားလေသည်။
ယခင် ကောင်းကင်အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်က ရောက်ရှိနေမည်ဆိုလျှင်တောင် သူကပကတိအင်မော်တယ်ကျင်းယွဲ့ကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
“ကျင်းယွဲ့... ဆူဇီမိုကို မြန်မြန်ဖမ်းဆီးလိုက်တော့”
မင်းသားယွမ်ကျောက ကျေနပ်သဘောကျသွားပြီး လောဆော်လိုက်လေသည်။
“အရှင်မင်းသား.... ကျေးဇူးပြုပြီးစိတ်ကိုလျှော့ပါ.. ကျုပ်က တိုက်ခိုက်ဖို့ဆုံးဖြတ်ပြီးပြီဆိုမှတော့... ဒီကောင်လေးက ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ပကတိအင်မော်တယ်ကျင်းယွဲ့က သူ၏ ဝတ်ရုံစကို ဝေ့ယမ်းလိုက်၏။ သူ၏ ကျယ်ပြန့်၍နက်မှောင်နေသော အင်္ကျီလက်စထဲမှာ ဧရာမရွှေရောင်လက်ဖဝါးတစ်ဖက်က ဆန့်တန်းထွက်ပေါ်လာပြီး ဆူဇီမိုကို အုပ်မိုးလာခဲ့၏။
အန္တိမနတ်ဘုရားစွမ်းအား... ကြယ်ခူးဆွတ်လက် ။
ပကတိအင်မော်တယ်တစ်ဦးက အဲ့ဒါကိုထုတ်ဖော်လိုက်သောအခါ တူညီသောအန္တိမနတ်ဘုရားစွမ်းအားသည် လုံးဝကို ကွဲပြားသော မြင်ကွင်းနှင့် စွမ်းပကားတစ်ခုကို ပေါ်ထွက်လာစေ၏။
ဧရာမလက်က ကောင်းကင်တစ်ခွင်အုပ်မိုး၍ ရွှေညိုရောင်အလင်းဖြင့် ပြည့်နှက်နေ၏။
အဲ့ဒါသည် ရှေးကျသောခေတ်ကနေရောက်ရှိလာပြီး သက်ရှိများအားလုံးကို အပြစ်ပေးဖို့အတွက် လောကကိုဖိနှိမ်ချင်နေသည့်အလား ကြယ်စင်စုများဖြင့်ပြည့်နှက်နေ၏။
ဧရာမလက်၏ စွမ်းပကားနှင့် ရင်ဆိုင်ရချိန်မှာ လူတိုင်းက ခုခံဖို့နေနေသာ.. မြေပြင်ပေါ်မှာ ဒူးထောက်မချမိဘူးဆိူလျှင်တောင်မှ တော်တော်ကို ရှားရှားပါးပါးဖြစ်နေပေလိမ့်မည်။
ကောင်းကင်ချောက်နက်မှာ မချင့်မရဲအမူအရာတစ်ခုရှိနေပြီး သူက မာန်သွင်းအော်ဟစ်၍ အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။
တစ်ချိန်တည်းမှာပင် ယန်လောရှုကလည်း ဘေးကနေ နောက်တစ်ဖန်တိုက်ခိုက်လိုက်၏။
ကောင်းကင်အင်မော်တယ်နှစ်ဦးသည် ပကတိအင်မော်တယ်ကျင်းယွဲ့၏ စွမ်းပကားကို ခုခံနေပြီး လေထဲရှိဧရာမလက်ကို ပိတ်ဆို့တားဆီးချင်၏။
သို့သော်လည်း သူတို့သည် ပကတိအင်မော်တယ်ကျင်းယွဲ့၏ ကြယ်ခူးဆွတ်လက်နှင့် ထိတွေ့မိချိန်မှာ သူတို့၏ အန္တိမနတ်ဘုရားစွမ်းအားများက ပျက်ပြယ်သွားလေသည်။
အဲ့ဒါသည် မီးပုံထဲသို့ ခုန်ဝင်သွားသော ပိုးဖလံတစ်ကောင်ကဲ့သို့ မည်သည့်ဝဲဂယက်မှပေါ်ထွက်မလာခဲ့ပေ။
ကွာဟချက်က အရမ်းကို ကြီးမားနေ၏။
ပကတိအင်မော်တယ်ကျင်းယွဲ့ပြောသည့်အတိုင်းအပင် သူတိုက်ခိုက်လာသည့်အခါ မည်သူကမှ သူ့ကိုမတားဆီးနိုင်ပေ။
“အားနဲတဲ့သူကိုအနိုင်ကျင့်တာ ဘယ်လောက်တောင်အရှက်မဲ့လိုက်သလဲ”
ရုတ်တရက် တိုက်ပွဲနယ်မြေကနေအသံတစ်သံထွက်ပေါ်လာ၏။
ထိုအသံပြီးနောက်တစ်ဆက်တည်းမှာပင် ဂမ္ဘီရအလင်းတစ်ခုက ရုတ်တရက်ဆင်းသက်လာပြီး အဲ့ဒါသည် မည်သို့မည်ပုံရောက်ရှိလာသည် သို့မဟုတ် ဘယ်နေရာကနေ ရောက်ရှိလာသည်ကို မည်သူကမှမမြင်နိုင်ကြပေ။
အဲ့ဒါက လုံးဝကိုသိသာထင်ရှားမှုမရှိပေ။
သို့သော်လည်း အဲ့ဒါကလေထဲမှာပေါ်ထွက်လာပြီး ကြယ်အလင်းရောင်ဖြင့်တောက်ပနေသော ကြယ်ခူးဆွတ်လက်ကို ခုတ်ပိုင်းချလိုက်၏။
ရှဲ...
ဂမ္ဘီရအလင်းက ကြယ်ခူးဆွတ်လက်နှင့် ပွတ်တိုက်သွားပြီး ဧရာမလက်ကိုနှစ်ပိုင်းထိုးခွဲကာ စူးစူးရှရှအသံတစ်သံကိုထွက်ပေါ်လာစေ၏။
ဘုန်း... ဘုန်း... ဘုန်း...
ကျင့်ကြံသူများ၏ ရှေ့မှောက်မှာပင် ထိုဧရာမလက်က နှစ်ပိုင်းထိုးခွဲခံလိုက်ရပြီး လျင်မြန်စွာပြိုကျကြေမွသွား၏။
ခဏမျှငြိမ်သက်ပြီးနောက် ရစ်ခွေနဂါးတောင်ကြောရိုးတစ်ခုလုံးက ရုတ်ရုတ်သဲသဲဖြစ်သွား၏။
ပကတိအင်မော်တယ်ကျင်းယွဲ့၏ တိုက်ခိုက်မှုကို တစ်စုံတစ်ယောက်က ခြေမွှဖျက်ဆီးလိုက်လေသည်။
ပကတိအင်မော်တယ်ကျင်းယွဲ့အပြင် ဤနေရာမှာအခြားသော ပကတိအင်မော်တယ်ပညာရှင်များရှိနေ၏။
“အဲ့ဒါဘယ်သူလဲ”
ပကတိအင်မော်တယ်ကျင်းယွဲ့က ရင်တစ်ချက်ထိတ်သွားပြီး ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုကာ ထက်ရှသော အကြည့်တစ်ခုနှင့်အတူ ကျယ်လောင်စွာ မေးလိုက်၏။
မည်သူကမှ ပြန်ဖြေမလာခဲ့ပေ။
ပကတိအင်မော်တယ်ကျင်းယွဲ့၏ အမူအရာက သုန်မှုန်နေ၏။
ဤလူ့အနေဖြင့် သူ၏ အန္တိမနတ်ဘုရားစွမ်းအားကို ချေဖျက်နိုင်ခဲ့သည်မှာ သာမန်သာဖြစ်၏။
သို့သော်လည်း သူသည်စောစောက ဂမ္ဘီရအလင်း၏ မူလဇာစ်မြစ်ကိုပင်မပြောနိုင်သလို... ထိုလူ၏ တည်နေရာကိုလည်း မရှာဖွေနိုင်ပေ။ အဲ့ဒါက အနည်းငယ်ကြောက်စရာကောင်းနေ၏။
ဤလူက သူ့ထက် များစွာပိုမိုသန်မာနေသည်ဟုဆိုလိုလေသည်။
ဤလူကဘယ်သူဖြစ်နိုင်မလဲ။
ဤလူသည် ရစ်ခွေနဂါးတောင်ကြောရိုးမှာဘာ့ကြောင့် ပေါ်ထွက်လာခဲ့တာလဲ။
ဤလူက ဆူဇီမိုကိုဘာ့ကြောင့်ကယ်တင်ချင်ရတာလဲ။
ဤလူကတိုက်ခိုက်ပြီးနောက် ဘာ့ကြောင့်ပေါ်ထွက်မလာရတာလဲ။
တစ်ခဏချင်းမှာပင် ပကတိအင်မော်တယ်ကျင်းယွဲ့၏ စိတ်ထဲသို့ သံသယအတွေးများက တဖျတ်ဖျတ်ဝင်ရောက်လာ၏။
စောစောက ထိုလူ၏ အသံက အပြောင်းအလဲမြန်နေလေသည်။ သူသည် ထိုအသံ၏ သရုပ်သကန်ကို မခွဲခြားနိုင်ရုံသာမက အဲ့ဒါက ယောင်္ကျားသံလား မိန်းမသံလားဆိုတာကိုပင် သူ မပြောနိုင်ပေ။
ပကတိအင်မော်တယ်ကျင်းယွဲ့၏ တုံ့ပြန်မှုက လက်ရှိကျင့်ကြံသူများစွာကို အံအားသင့်သွားစေ၏။
ပကတိအင်မော်တယ်တစ်ဦးသည် စောစောကတိုက်ခိုက်လိုက်သော်လည်း ပကတိအင်မော်တယ်ကျင်းယွဲ့သည် ထိုလူ၏ နေရာကို မရှာဖွေနိုင်ပေ။
ဆူဇီမိုကလည်း ကပ်ဘေးကနေလွတ်မြောက်လာပြီးနောက် တွေဝေရှုပ်ထွေးသွား၏။
ကောင်းကင်ဘုံကမ္ဘာမှာ သူ့ကိုကူညီပေးမည့် ပကတိအင်မော်တယ်တစ်ယောက်ယောက်ရှိနေလိမ့်မည်ဟု သူပင်လျှင် စဥ်းစားကြည့်၍မရနိုင်ပေ။
သူသိထားသည့်တစ်ဦးတည်းသော ပကတိအင်မော်တယ်မှာ ဖုန့်ကျစ်ရီ၏ ဆရာ... ညသင်္ချိုင်း ဖြစ်လေသည်။
သို့သော်လည်း ဤလူ၏ တိုက်ခိုက်မှုပုံစံက ညသင်္ချိုင်းနှင့်အတော်လေးကွဲပြားခြားနားလေသည်။
အဲ့ဒါက ညသင်္ချိုင်းသာဆိုလျှင် သူသည်ပကတိအင်မော်တယ်ကျင်းယွဲ့ကို တိုက်ရိုက်လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းပေလိမ့်မည်။ 'အားနည်းတဲ့သူကိုအနိုင်ကျင့်တာ ဘယ်လောက်တောင်အရှက်မဲ့လိုက်သလဲ'ဟူသော စကားမျိုးကို ထိုသူကပြောဆိုနေလိမ့်မည်မဟုတ်ပေ။