← Chapters

နတ်မိမယ်မိုချင်

Vol. 143 Ch. 2140

နတ်မိမယ်မိုချင်

Vol. 143 Ch. 2140

လိပ်ပြာက သိသာထင်ရှားမှုမရှိဘဲ လက်တစ်ဖဝါးအရွယ်လောက်သာရှိလေသည်။ သူကတိုက်ပွဲနယ်မြေထဲသို့ တိုးဝင်လာပြီး ဒုံမင်းသံကြောင့်ဖြစ်ပေါ်လာသောဝဲဂယက်များ၏ အထက်မှာ သူ၏ တောင်ပံများကို ညင်သာစွာခတ်လိုက်၏။

ဖျောက်... ဖျောက်... ဖျောက်...

ချက်ချင်းပင် လေထဲရှိဝဲဂယက်များကို နှင်းခဲတစ်လွှာက ဖုံးအုပ်သွားပြီး သူတို့က အားလုံး၏ အကြည့်အောက်မှာ အေးခဲသွားလေသည်။

ကျင့်ကြံသူများက တုန်လှုပ်သွားကြ၏။

အဲ့ဒါသည် ဒုံမင်းအင်မော်တယ်မုန့်ယောင်၏ တိုက်ခိုက်မှုတစ်ရပ်ဖြစ်၏။

သူမ၏ ခွန်အားအပြည့်အဝကိုအသုံးပြုထားခြင်းမရှိလျှင်တောင် အဲ့ဒါသည် သာမန်ကျင့်ကြံသူများ မခုခံနိုင်သည့် တစ်စုံတစ်ရာဖြစ်လေသည်။

နှင်းဖြူရောင်လိပ်ပြာက ဒုံမင်းအင်မော်တယ်မုန့်ယောင်၏ တိုက်ခိုက်မှုကိုချေဖျက်နိုင်သည်ဆိုလျှင် သူ၏ ကျင့်ကြံမှုနယ်ပယ်ကလည်း ပကတိအင်မော်တယ်နယ်ပယ်မှာ ရှိနေရပေမည်။

လိပ်ပြာက ဘယ်နေရာကနေ ရောက်လာပြီး သူ့ရဲ့နောက်ခံကဘာဖြစ်မလဲ။

“ဟမ့်..”

ပကတိအင်မော်တယ်ကျင်းယွဲ့က နှင်းဖြူရောင်လိပ်ပြာကိုတွေ့မြင်သောအခါ သူကမျက်မှောင်ကြုတ်ပြီး တီးတိုးပြောဆိုလိုက်၏။

“အဲ့ဒါက အစိမ်းရောင်တိမ်စိုင်တိုင်းပြည်က ထွက်ပြေးလွတ်မြောက်သွားတဲ့ ရေခဲလိပ်ပြာဖြစ်မယ်ထင်တယ်”

ရေခဲလိပ်ပြာနိုးထလာခဲ့စဥ်က သူ၏ တိုက်ခိုက်ရည်ခွန်အားက အထွတ်အထိပ်ထိမရောက်ရှိသေးဘဲ သူက ကျင်းယွဲ့၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့၏။

ကြည့်ရသည်မှာ ရေခဲလိပ်ပြာ၏ တိုက်ခိုက်ရည်ခွန်အားက သူ၏ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိလာသည့်ပုံပင်။

သူတို့ကနောက်တစ်ဖန်တိုက်ခိုက်ကြမည်ဆိုလျှင် သူသည် မည်သည့်အသာစီးမှ ရရှိချင်မှ ရရှိပေလိမ့်မည်။

ပကတိအင်မော်တယ်ကျင်းယွဲ့က ထိုသို့ပြောလိုက်သည့်ခဏမှာပင် သူက ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာခဲ့၏။

ရေခဲလိပ်ပြာက မလှမ်းမကမ်းကနေ သိသာထင်ရှားသော ရန်လိုစိတ်နှင့်အတူ သူ့ကိုစိုက်ကြည့်နေ၏။

“အဲ့ဒါ... တကယ်ပဲ ဟိုရေခဲလိပ်ပြာကိုး”

ပကတိအင်မော်တယ်ကျင်းယွဲ့က ရင်တစ်ချက်ထိတ်သွား၏။

တစ်ချိန်တည်းမှာပင် သူက တစ်စုံတစ်ရာကိုအမှတ်ရသွား၏။

ထိုစဥ်တုန်းက ဒဏ်ရာအပြင်းအထန်ရရှိထားသော ရေခဲလိပ်ပြာကို မဟာနတ်မိမယ်လေးဦးထဲမှ တစ်ဦးဖြစ်သော ပန်းချီအင်မော်တယ်က ကယ်တင်သွားခဲ့၏။

ယခု..... ရေခဲလိပ်ပြာက ဤနေရာမှာရုတ်တရက်ပေါ်ထွက်လာသည်ဆိုတော့..။

ထိုသို့အတွေးဖြင့် ပကတိအင်မော်တယ်ကျင်းယွဲ့က ဒုံမင်းအင်မော်တယ်မုန့်ယောင်ကို ခပ်မြန်မြန်ကြည့်ပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကိုပို့လွှတ်လိုက်၏။

“မင်းသမီးမုန့်ယောင်... သတိထား အဲ့ဒါက...”

သူကစကားဆုံးအောင်မပြောရသေးပေ။

သို့သော်လည်း လူတိုင်းက တူညီသောအရပ်တစ်ဘက်သို့ ကြည့်နေကြသည်ကို သူကအလိုလိုသတိထားမိသွား၏။

သူကလည်း လိုက်ကြည့်လိုက်၏။

ခပ်လှမ်းလှမ်းတစ်နေရာကနေ အမျိုးသမီးတစ်ယောက်က လျှောက်လှမ်းလာနေ၏။

သူမမှာ ကြော့ရှင်းသောသွင်ပြင်နှင့် ပေါ့ပါးသောခြေလှမ်းများရှိလေသည်။

သူမက ရင်လျားဝတ်စုံတစ်ထည်ကို ဝတ်ဆင်ထားပြီး ပိုးချည်ဇာပုဝါတစ်ထည်ကို ခြုံထားလေသည်။

သူမ၏ အနက်​ရောင်ဆံပင်များကို စုချည်ထားပြီး သူမ၏ မျက်လုံးများက ရေကဲ့သို့ကြည်လင်နေ၏။

သူမ၏ အသားအရေက ချောမွတ်နေပြီး သစ်ခွကဲ့သို့ အော်ရာတစ်ခု သူမမှာရှိနေ၏။

ရေထဲသို့ ကျဆင်းသွားသောရေစက်တစ်စက်က တဖြည်းဖြည်းပြန့်ကျဲသွားပြီး ကြော့ရှင်း၍ ရှေးကျသောမင်ပန်းချီကားတစ်ချပ် ပေါ်ထွက်လာသည့်ကို ကျင့်ကြံသူများက မြင်နေကြရသည့်ပုံပင်။

ဤအမျိုးသမီးသည် ပန်းချီကားထဲကနေလျှောက်လှမ်းထွက်လာသော နတ်မိမယ်တစ်ပါးကဲ့သို့ဖြစ်ပြီး ရင်သပ်ရှုမောဖွယ်ရာကောင်းလောက်အောင် ချောမောလှပနေ၏။

ထိုအမျိုးသမီးကိုတွေ့မြင်သည့်ခဏမှာပင် ကျင့်ကြံသူများက မှင်တက်သွားကြ၏။

ပြိုင်ဘက်ကင်း၍ ချောမောလှပသော ဒုံမင်းအင်မော်တယ်ပင်လျှင် ဤအမျိုးသမီး၏ တောက်ပထည်ဝါမှုကို ဖုံးကွယ်မထားနိုင်ပေ။

သူတို့၏ အလှအပက လုံးဝကို ကွဲပြားနေ၏။

ဤအမျိုးသမီး၏ ချောမောလှပမှုက ပို၍ပင် ဣန္ဒြေကြီးပြီး ရှေးကျနေ၏။

အချောအလှများစွာကို တွေ့မြင်ဖူးသော ဆူဇီမိုပင်လျှင် ဤအမျိုးသမီးကိုတွေ့မြင်ရချိန်မှာ အနည်းငယ်မှင်တက်သွားပြီး စိတ်ထဲကနေ အံအားတသင့်ရေရွတ်မိလိုက်၏။

ကျင့်ကြံသူများက မတုံ့ပြန်နိုင်ခင်မှာပင် အမျိုးသမီးက ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဒုံမင်းအင်မော်တယ်မုန့်ယောင်နှင့် မျက်နှာချင်းဆိုင်ရပ်လိုက်၏။

ရေခဲလိပ်ပြာက ဆူဇီမိုနားမှာ လှည့်ပတ်ပျံသန်းပြီးနောက် အမျိုးသမီး၏ ဘက်သို့ ပြန်လည်ရောက်ရှိသွားကာ သူမ၏ ပခုံးပေါ်မှာ နားလိုက်လေသည်။

အဲ့ဒါကိုမည်သူကမှ သတိမထားမိကြပေ။

လူတိုင်း၏ အကြည့်က အမျိုးသမီးပေါ်သို့ရောက်ရှိနေပြီး ရေခဲလိပ်ပြာ၏ အပြုအမူကို ဘယ်သူက သတိထားမိပါ့မလဲ။

ယန်လောရှုက အမျိုးသမီးကိုတွေ့မြင်သောအခါ သူကစိတ်သက်သာစွာသက်ပြင်းချလိုက်၏။ သူက သူ၏ ရင်ထဲရှိ တင်းကျပ်မှုကိုတောင့်ခံပြီး ဦးညွှတ်ကာ လေးနက်သောအသံဖြင့်ပြောလိုက်၏။

“မင်္ဂလာပါစီနီယာအစ်မမိုချင်”

ပန်းချီအင်မော်တယ်မိုချင်...။

မဟာနတ်မိမယ်လေးပါးထဲမှ နှစ်ပါးက ရောက်ရှိလာခဲ့လေပြီ။

လူအုပ်ကြားထဲမှ ရုတ်ရုတ်သဲသဲအသံတချို့ ထွက်ပေါ်လာ၏။

အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ဝင်ပါဖို့ရောက်ရှိလာခဲ့သော ကျင့်ကြံသူများဖြစ်စေ... တိုက်ပွဲကိုစောင့်ကြည့်ခဲ့ကြသော ကျင့်ကြံသူများဖြစ်စေ.. သူတို့ထဲ မည်သူကမှ နတ်မိမယ်နှစ်ပါး၏ ဂုဏ်ကျက်သရေကို ဤနေရာမှာ တွေ့မြင်ခွင့်ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။

“လက်စသတ်တော့... ညီမငယ်မိုချင်ပဲ... မတွေ့ရတာတောင်ကြာပြီ အစစအရာရာအဆင်ပြေရဲ့လားညီမ”

မုန့်ယောင်က ရယ်မောလိုက်၏။

နတ်မိမယ်မိုချင်က ပြန်မဖြေဘဲ သူမ၏ ဘေးမှာရှိသောယန်လောရှုကိုသာကြည့်လိုက်၏။ သူမက သူမ၏ အင်္ကျီလက်စကို ညင်သာစွာဝေ့ယမ်းပြီး ယန်လောရှု၏ ရင်ဘတ်ကို ပစ်ရိုက်လိုက်၏။

ယန်လောရှုက ဆတ်ခနဲတုန်ယင်သွားပြီး ပါးစပ်အပြည့်သွေးများကို ထွေးထုတ်လိုက်ရ၏။

ထိုသွေးများက နက်မှောင်နေပြီး အနည်းငယ်ကြောက်စရာကောင်းနေ၏။

စောစောက ယန်လောရှုသည် မုန့်ယောင်၏ အသံပိုင်းဆိုင်ရာတိုက်ခိုက်မှုဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့၏။ သူ၏ ရင်ဘတ်က တင်းကျပ်လေးလံမှုကို ခံစားနေရပြီး သူ၏ နှလုံးက ပေါက်ကွဲထွက်တော့မည်သကဲ့သို့ ခံစားခဲ့ရလေသည်။ အဲ့ဒါက အလွန်တရာသက်တောင့်သက်သာမရှိဘဲ သူက အဲ့ဒါကို တစ်ချိန်လုံးတောင့်ခံနေခဲ့ရ၏။

ယခုသူက... သွေးများကို ထွေးထုတ်လိုက်ရပြီး သူ၏ သွေးချီက ရှင်းလင်းသွားကာ စောစောက သက်တောင့်သက်သာမရှိမှုကလည်း သိသိသာသာလျော့ကျသွားသည်ဟု ခံစားလိုက်ရလေသည်။

“ကျေးဇူးတင်ပါတယ်... စီနီယာအစ်မ”

ယန်လောရှုက ကျေးဇူးတင်စကားနောက်တစ်ဖန်ပြောဆိုလိုက်၏။

မုန့်ယောင်က အဲ့ဒါကိုသတိထားမိသွားပြီး စဥ်းစားတွေးတောနေ၏။

မိုချင်က ခေါင်းညိတ်ပြီး သူမရှေ့မှာရှိသော မုန့်ယောင်ကိုကြည့်ကာ တိုက်ရိုက်မေးမြန်းလိုက်၏။

“နင်က... ငါတို့တက္ကသိုလ်က တပည့်တစ်ယောက်ကို ဘာလို့ထိခိုက်အောင်လုပ်တာလဲ”

“သူ့ကိုပြောတာလား”

မုန့်ယောင်က ယန်လောရှုကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်၏။

“ညီမ... ငါက သူ့ကိုယ်သူဘယ်လိုပြုမူနေထိုင်ရမလဲမသိတဲ့ နိမ့်ကျသက်ရှိတစ်ယောက်ကို နင်တို့ကိုယ်စားဆုံးမပေးနေတာ”

“ဘာတွေဖြစ်ခဲ့တာလဲ”

နတ်မိမယ်မိုချင်က ယန်လောရှုကိုကြည့်ပြီး ညင်သာစွာမေးလိုက်၏။

ယန်လောရှုက ဆူဇီမိုတောင်ကြားထဲသို့ ဝင်ရောက်ချိန်မှ စောစောက သူ့ကို မုန့်ယောင်တိုက်ခိုက်ခဲ့ချိန်ထိ အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲအတွင်း ဖြစ်ပျက်ခဲ့သည့် အပြောင်းအလဲများစွာကို ခပ်မြန်မြန်ပြန်ပြောပြလိုက်၏။

မိုချင်၏ လှပသောမျက်လုံးများက ဆူဇီမိုဘက်သို့ ရွေ့လျား၍ ခဏမျှကြန့်ကြာပြီးနောက် အဝေးကိုလှည့်ကြည့်လိုက်၏။

“ငါတို့တက္ကသိုလ်ကတပည့်တွေကို ငါတို့တက္ကသိုလ်က သွန်သင်ဆုံးမပေးလိမ့်မယ်... အပြင်လူတွေ ကြားဝင်စွက်ဖက်စရာအကြောင်းမရှိဘူး”

နတ်မိမယ်မိုချင်က ဖြစ်ပျက်သည့်အကြောင်းအရာများကို ကြားသိရပြီးနောက် သူမက မုန့်ယောင်ကိုပြောလိုက်လေသည်။

“နောက်ပြီး ယန်လောရှုက ဘာအမှားမှမလုပ်ထားဘူး... စည်းမျဥ်းစည်းကမ်းကိုချိုးဖောက်ခဲ့တာက နင့်ရဲ့မောင်ပဲ... ဟုတ်တယ်မလား”

ကျင့်ကြံသူများစွာက တိတ်တဆိတ်ဆွံအသွားလေသည်။

ယနေ့ကိစ္စသည် ဤကဲ့သို့သောအခြေအနေထိ ဆင့်ကဲပြောင်းလဲလာလိမ့်မည်ဟု ဘယ်သူကတွေးမိပါ့မလဲ။

နှစ်တစ်ရာတိုင်းမှာတစ်ကြိမ်ကျင်းပသော အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲသည် ယခုအခါ နတ်မိမယ်နှစ်ပါးကို ဆွဲဆောင်မိလာခဲ့ပြီး သူတို့က အချေအတင်တွေဖြစ်လာခဲ့ကြ၏။ လေထုက တင်းကျပ်လေးလံလာခဲ့လေသည်။

“ဟင်းဟင်း..”

မုန့်ယောင်ကပြုံးလိုက်၏။

“ဘာလို့လဲညီမမိုချင်... နင်ကနိမ့်ကျသက်ရှိတစ်ယောက်ကြောင့် ငါ့ကိုစိတ်ဆိုးဒေါသထွက်နေတာလား”

“ယန်လောရှုက နိမ့်ကျသက်ရှိမဟုတ်ဘူး... သူက ငါတို့တက္ကသိုလ်က တပည့်တစ်ယောက်ပဲ”

နတ်မိမယ်မိုချင်က မုန့်ယောင်ကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်ပြီး တစ်လုံးချင်းပြောလိုက်၏။

မုန့်ယောင်၏ မျက်လုံးထဲရှိရွှင်ပျမှုက သိပ်သည်းစုဖွဲ့လာပြီး သူမ၏ ခေါင်းကိုခါယမ်းကာ သက်ပြင်းချလိုက်၏။

“ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်ရဲ့ ပန်းချီအင်မော်တယ်... ငါ့ရဲ့ချစ်လှစွာသောညီမမိုချင်က တစ်နေ့မှာ အချစ်ပင်လယ်ထဲကို ကျဆင်းသွားပြီပဲ”

“နင်ဘာစကားပြောတာလဲ”

နတ်မိမယ်မိုချင်က မျက်မှောင်ကြုတ်လိုက်၏။

“အဲ့ဒါက အရမ်းကိုသိသာနေတယ် မဟုတ်ဘူးလား”

မုန့်ယောင်က ပြုံးလိုက်လေသည်။

“ယန်လောရှုက နိမ့်ကျသက်ရှိတစ်ယောက်ဖြစ်နေတဲ့အချက်ကိုထားဦး... သူ့ရဲ့ကျင့်ကြံမှုနယ်ပယ်ကတောင် ကောင်းကင်အင်မော်တယ်နယ်ပယ်မှာပဲရှိတယ်... ဒါပေမဲ့ သူ့အတွက်ကြောင့် နင်ကငါ့ကိုစိတ်ဆိုးဒေါသထွက်ပြီး ရန်လိုတိုက်ခိုက်ချင်နေတာမလား ညီမမိုချင်”

“ငါတို့ရဲ့နှစ်ပေါင်းများစွာဆက်ဆံရေးက နင့်ရဲ့ချစ်ရသူကို မယှဥ်နိုင်ဘူးပဲ”

ထိုစကားကိုပြောလိုက်သည့်ခဏမှာပင် လူတိုင်းက ရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။

နတ်မိမယ်လေးဦးထဲမှ တစ်ဦးဖြစ်သော ပန်းချီအင်မော်တယ်မှာ သူမနှစ်သက်သဘောကျသော တစ်စုံတစ်ယောက်ရှိနေလေပြီ။

ဤသတင်းက ပျံ့နှံ့သွားလျှင် မိုးကောင်းကင်ကိုးလွှာဂမ္ဘီရကုန်းမြေတိုက်တစ်ခုလုံးက ရုတ်ရုတ်သဲသဲဖြစ်သွားပေလိမ့်မည်။

နတ်မိမယ်မိုချင်၏ မျက်နှာက ချက်ချင်းပင်ဖြူဖျော့သွားပြီး သူမကလက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်လိုက်၏။ သူမက သူမ၏ လှပသောမျက်လုံးများဖြင့် မုန့်ယောင်ကို စိုက်ကြည့်လိုက်၏။ သူမက အလွန်တရာစိတ်ဆိုးဒေါသနေသည်မှာ သိသာလေသည်။

ဆူဇီမိုက စိတ်ထဲကနေကျိန်ဆဲလိုက်၏။

ဤဒုံမင်းအင်မော်တယ်က ရက်စက်ကောက်ကျစ်လွန်းလေသည်။

နတ်မိမယ်မိုချင်သည် ယန်လောရှုနှင့် ဤကဲ့သို့သောဆက်ဆံရေးတစ်ခုရှိသည်၊ မရှိသည်ကို အသာထား... အဲ့ဒါကဟုတ်နေခဲ့လျှင်တောင် အဲ့ဒါသည် သူတို့နှစ်ယောက်ကြား အသိုဝှက်ဆုံးထားရမည့် ကိစ္စဖြစ်လေသည်။

ယခု... မုန့်ယောင်က အဲ့ဒါကို ရုတ်တရက် ထုတ်ဖော်ပြောဆိုလိုက်ပြီး ယန်လောရှုနှင့် နတ်မိမယ်မိုချင်အတွက် နောက်ပိုင်းအကျိုးဆက်များက ပြင်းထန်လာပေလိမ့်မည်။

ယန်လောရှုသည် ရန်လိုမှုနှင့် ဖိအားများစွာကိုတွေ့ကြုံရတော့မည်မှာ ပြောစရာမလိုအောင်ပင်။

မိုချင်သည်လည်း ကျင့်ကြံသူများစွာ၏ အတင်းအဖျင်းပြောစရာဖြစ်လာပေလိမ့်မည်။

ထိုအချိန်ကျလျှင် ရက်စက်ကြမ်းတမ်းသောစကားလုံးများနှင့် ညစ်ညမ်းသောကောလာဟလများက နတ်မိမယ်မိုချင်အပေါ် ပုံကျလာပေလိမ့်မည်။

ဒါ့အပြင်...။

ဆူဇီမိုသည် ဘေးကနေ အေးစက်စွာ စောင့်ကြည့်နေခဲ့၏။

သူသည် ယန်လောရှုနှင့် နတ်မိမယ်မိုချင်၏ တုံ့ပြန်မှုများကိုတွေ့မြင်ရသောအခါ သူတို့ကြားမှာ ဤကဲ့သို့သောဆက်ဆံရေးတစ်ခုရှိမနေသည်ကို သူကခန့်မှန်းမိလေသည်။

မုန့်ယောင်က အဲ့ဒါကိုတမင်သက်သက် အကွက်ချကြံစည်ကာ ပြောဆိုနေခြင်းဖြစ်၏။

သူမသည် စကားလုံးတချို့ဖြင့် ပန်းချီအင်မော်တယ်ကို ဖျက်ဆီးပစ်ချင်နေ၏။

All Chapters