ကြောက်စရာကောင်းသော စကားလုံးများ
Vol. 143 Ch. 2141
ရထားလုံးအတွင်းမှာ...။
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက မျက်မှောင်ကြုတ်ပြီး ရုတ်တရက်ပြောလိုက်၏။
“မုန့်ယောင်မှာ ဒီလိုမျိုး ရက်စက်ကောက်ကျစ်တဲ့ စိတ်သဘောထားရှိနေတာပဲ... သူက မိုချင်ရဲ့ နာမည်ဂုဏ်သတင်းနဲ့တာအိုနှလုံးသားကိုပါ ဖျက်ဆီးပစ်ချင်နေတယ်ဆိုတော့...”
“မဟာနတ်မိမယ်လေးဦးထဲကတစ်ဦးအနေနဲ့ မိုချင်က မင်းသမီးနဲ့ရင်ဘောင်တန်းရပ်တည်နေတာပဲ... သူက အခုလိုမျိုးအလွယ်တကူရှုံးနိမ့်မသွားသင့်ဘူးမလား”
မိန်းကလေးက အဲ့ဒါကို မယုံကြည်နိုင်ပေ။
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးကပြောလိုက်၏။
“ငါတို့လေးယောက်ကြားမှာ နတ်မိမယ်မိုချင်က အတည်ငြိမ်ဆုံးနဲ့ တိုက်ခိုက်ရတာကိုသဘောမကျတဲ့သူပဲ... သူကပန်းချီတာအိုမှာပဲ သူ့ကိုယ်သူနှစ်မြှုပ်ထားပြီး သူ့ရဲ့စိတ်က အတော်လေးရိုးရှင်းတယ်”
“မုန့်ယောင်ရဲ့စကားလုံးတွေက တကယ်ပဲရက်စက်ကြမ်းတမ်းပြီးတော့ သူမကို ပြင်းပြင်းထန်ထန်ထိခိုက်သွားစေတယ်”
မိန်းကလေးက အဲ့ဒါကိုလက်မခံနိုင်သေးဘဲ ခေါင်းခါလိုက်၏။
“စကားလုံးတချို့က ဘာလို့ဒီလောက်ထိစွမ်းအားကြီးမားနေနိုင်မှာလဲ”
“နင်ကငယ်သေးတယ်... နန်းတော်ရဲ့အပြင်ဘက်ကိုသိပ်ပြီးမသွားဖူးတော့ အပြင်လောကမှာရှိတဲ့အန္တရာယ်တွေကို နင်သိမှာမဟုတ်ဘူး”
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးကပြောလိုက်၏။
“မုန့်ယောင်က စကားလုံးတချို့ကိုပဲပြောခဲ့ပေမယ့် ဒီနေရာမှာ သန်းနဲ့ချီတဲ့ကျင့်ကြံသူတွေနဲ့ ပါးစပ်ပေါက်တွေရှိနေတာကို နင်နားလည်ထားရမယ်”
“သိပ်မကြာခင် ဒီကိစ္စက မိုးကောင်းကင်ကုန်းမြေတိုက်တစ်ခုလုံးကို ပျံ့နှံ့သွားပြီ မိုးကောင်းကင်ကိုးလွှာကိုတောင် ရောက်ရှိသွားနိုင်တယ်...အဲ့ဒီအချိန်ကျရင် မရေမတွက်နိုင်တဲ့ပါးစပ်ပေါက်တွေက ဒီအကြောင်းကိုပြောဆိုလာလိမ့်မယ်”
“လူတစ်အုပ်ရဲ့ပါးစပ်ပေါက်တွေက သတ္တုတွေကိုအရည်ဖျော်ပြီး အရိုးတွေကိုဖျက်ဆီးပစ်နိုင်တယ်”
“အဲ့ဒီအချိန်ကျရင် ကောလာဟလပေါင်းများစွာက ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်မှာ ပျံ့နှံ့သွားလိမ့်မယ်”
“စကားလုံးတွေရဲ့စွမ်းအားက နင်စဥ်းစားကြည့်နိုင်တာထက် အများကြီးပိုပြီးကြောက်ဖို့ကောင်းတယ်”
မိန်းကလေးက မျက်မှောင်ကြုတ်လိုက်၏။
“ဒါ...ဒါပေမယ့် မုန့်ယောင်ရဲ့စကားလုံးတွေက အခြေအမြစ်မရှိဘူးလေ... သူပြောတာကို ဘယ်သူက ယုံကြည်မှာလဲ... ဂိုဏ်းသားအချင်းချင်းတစ်ယောက်ကိုတစ်ယောက် ကူညီပေးတယ်ဆိုတာပုံမှန်ပဲမလား”
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက ညင်သာစွာသက်ပြင်းချလိုက်၏။
“ကောလာဟလတွေက အမှန်တရားထက်ပိုပြီး ပျံ့နှံ့ဖို့လွယ်ကူတယ်”
မိန်းကလေးက ပို၍ပင်တွေဝေရှုပ်ထွေးသွား၏။
“လူတွေက ဘယ်အကြောင်းအရာကိုပိုပြီးတော့ စိတ်ဝင်စားမယ်လို့နင်ထင်လဲ... ပန်းချီအင်မော်တယ်က ဂိုဏ်းသားအဖော်တစ်ယောက်ကို ကူညီပေးတယ်ဆိုတဲ့အချက်လား... ဒါမှမဟုတ် သူ့မှာ ချစ်ခင်စုံမက်ရတဲ့သူတစ်ယောက်ရှိနေတယ်ဆိုတဲ့အချက်လား”
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက ပြန်မေးလိုက်၏။
“တကယ်တော့... ဒုတိယတစ်ခုပေါ့”
မိန်းကလေးကပြန်ဖြေလိုက်၏။
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက ခေါင်းညိတ်၍ပြောလိုက်၏။
“အချိန်အများစုမှာလူတွေက သူတို့ယုံကြည်ချင်တဲ့အရာကိုပဲ ယုံကြည်ကြတာ... အမှန်တရားကို သူတို့ကဂရုစိုက်တာမဟုတ်ဘူး”
“ကောလာဟလတွေက စဥ်းစားဆင်ခြင်တတ်တဲ့လူတွေဆီကိုရောက်မှပဲ ရပ်တန့်သွားလိမ့်မယ်... ဒါပေမဲ့ ဒီလောကမှာ စဥ်းစားဆင်ခြင်တတ်တဲ့သူတွေက ဘာပဲပြောပြောအများကြီးမရှိဘူး”
အမျိုးသမီးက ခဏမျှရပ်တန့်ပြီးနောက် သူမကညင်သာစွာ သက်ပြင်းချလိုက်၏။
“လူသားနှလုံးသားထဲကို မုန့်ယောင်ရဲ့ထိုးထွင်းသိမြင်နိုင်စွမ်းက အရမ်းကိုကြောက်စရာကောင်းတယ်... သူက နတ်မိမယ်မိုချင်ရဲ့ နာမည်ဂုဏ်သတင်းကိုဖျက်ဆီးဖို့အတွက် လူတိုင်းရဲ့ပါးစပ်ပေါက်တွေကို အသုံးချဖို့ကြိုးစားနေတာပဲ”
လေထဲတွင်...။
“အဓိပ္ပါယ်မရှိတာ”
နတ်မိမယ်မိုချင်က ဒေါသထွက်သွားသော်လည်း သူမက ဤကိစ္စကိုချက်ချင်းမည်သို့မည်ပုံရှင်းပြရမလဲ မသိပေ။
သူမသည် အဲ့ဒါကိုရှင်းပြချင်စိတ်လည်းမရှိပေ။
မုန့်ယောင်၏ စကားလုံးများက အရမ်းကိုရယ်စရာကောင်းနေ၏။ သူမပြောသည့်စကားကို ဘယ်သူကယုံကြည်လက်ခံမှာလဲ။
သို့သော် မုန့်ယောင်၏ စကားလုံးများသည် ဝဲဂယက်တစ်ထောင်ကိုဖြာထွက်စေသော ကျောက်တုံးတစ်တုံးကဲ့သို့ လူအုပ်ကြီးထံမှ ကြီးမားသည့်တုံ့ပြန်မှုတစ်ခုဖြစ်လာစေသည်ကို နတ်မိမယ်မိုချင်က မကြာခင်သတိထားမိသွား၏။
ကျင့်ကြံသူများစွာသည် သူမကိုထူးဆန်းသောအကြည့်များဖြင့်ကြည့်လာကြပြီဖြစ်၏။
“မုန့်ယောင်... ခင်ဗျားက စီနီယာအစ်မမိုချင်ရဲ့ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးဖို့ကြိုးစားနေတာလား”
ယန်လောရှုသည် ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း သူက မုန့်ယောင်ကိုအော်ပြောလိုက်လေသည်။
“ဟင်းဟင်း...”
မုန့်ယောင်က ဒေါသထွက်မသွားဘဲ ပြုံး၍ပြောလိုက်၏။
“ဘာလို့လဲ... နင်တို့နှစ်ယောက်က အဲ့ဒါကိုတော့လုပ်နိုင်တယ်... ဒါပေမဲ့ တခြားသူတွေကို အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ပြောခွင့်မပေးနိုင်ဘူးလား... ညီမမိုချင်ရဲ့ စိတ်နေစရိုက်ကို ငါကောင်းကောင်းသိတာပေါ့... သူက လောကီရေးရာတွေနဲ့ ခပ်ခွာခွာနေပြီး သူရဲ့နေ့ရက်တွေကို ပန်းတွေ၊ ငှက်တွေ၊ ငါးတွေနဲ့ အင်းဆက်တွေကိုရေးဆွဲပြီးတော့ပဲ ကုန်ဆုံးစေခဲ့တာ... သူက ဒီနေရာမှာဘယ်လိုလုပ်ပြီး ပေါ်ထွက်လာမှာလဲ”
တစ်ခုတည်းသောအဖြေက တစ်ယောက်ယောက်က ဒီနေရာမှာ အန္တရာယ်နဲ့ကြုံတွေ့နေရပြီး... အဲ့ဒါက သူမက အရာရာတိုင်းကို စွန့်လွှတ်စတေးပြီး ဒီနေရာကို ရောက်ကိုရောက်လာရမယ့် တစ်စုံတစ်ယောက်ဖြစ်နေရမယ်”
“ညီမမိုချင်ရောက်လာတဲ့အချိန်မှာပဲ... သူက နင့်ကိုကုသပေးခဲ့တာမလား.. သူက နင့်ကိုဘယ်လောက်ထိဂရုစိုက်နေလည်းဆိုတာ သိသာနေတာပဲ”
“အဓိပ္ပါယ်မရှိတာ”
မိုချင်၏ ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်သွား၏။
သူမသည် ပန်းချီတာအိုမှာ စွဲလမ်းပြီး ဘာမဟုတ်သည့်အရာများကို ရေးကြီးခွင်ကျယ်လုပ်ကာ ပြောဆိုတတ်သူမဟုတ်ပေ။ ထို့ကြောင့်သူမသည် အခြားသူများနှင့် ထိတွေ့ဆက်ဆံမှုနည်းပါးလေသည်။ သူမ၏ နာမည်ဂိုဏ်သတင်းကြီးထွားလာသည့်အကြောင်းအရင်းမှာ မကြာမကြာဆိုသလို သူမသည် အထက်ဘုံမှပညာရှင်များ ယှဥ်ပြိုင်တိုက်ခိုက်လာမည့်ပန်းချီကားများကို ဖန်တီးပေးနေသောကြောင့်ဖြစ်၏။
သူမသည် ယခင်က ဤကဲ့သို့သောအခြေအနေနှင့် ရင်ဆိုင်ရာမှာအတွေ့အကြုံမရှိခဲ့ပေ။
သူမက သူမကိုယ်သူမ မည်သို့မည်ပုံ ခုခံကာကွယ်ရမလဲ မသိပေ။
“ပန်းချီအင်မော်တယ်က သန့်ရှင်းစင်ကြယ်ပြီး အပြစ်ကင်းစင်တဲ့နတ်မိမယ်တစ်ပါးဖြစ်တယ်လို့ ငါထင်ထားတာ... လက်စသတ်တော့... သူကလည်း လူသားတစ်ယောက်ကို လိုအပ်နေတာပဲ”
ယန်လောရှုက သူ့ရဲ့မထင်ရှားတဲ့နောက်ခံနဲ့တောင်မှ အင်မော်တယ်ဂိုဏ်းရွေးပွဲကို တာဝန်ယူပေးဖို့ ရောက်လာခဲ့တာ မထူးဆန်းတော့ဘူး... ငါ့အထင်တော့ အဲ့ဒါက ပန်းချီအင်မော်တယ်ကြောင့်ဖြစ်လိမ့်မယ်”
“သူ့ကိုပန်းချီအင်မော်တယ်လို့ထပ်ပြီး မသတ်မှတ်နိုင်တော့ဘူးမလား... အခု သူကတခြားတစ်ယောက်နဲ့ တာအိုလက်တွဲဖော်ဖြစ်နေပြီဆိုတော့... သူ့ကိုမဟာနတ်မိမယ်လေးပါးထဲက ဖယ်ရှားရတော့မယ်ထင်တယ်”
“ဒါနဲ့... မင်းတို့တွေးမိကြလား ပန်းချီအင်မော်တယ်နဲ့ ယန်လောရှုက... ဟီးဟီး”
လူအုပ်ကြီးက ဆူညံပွက်လောရိုက်လာပြီး သူတို့၏ ဆွေးနွေးပြောဆိုနေသည့် အကြောင်းအရာများက ပို၍မခံမရပ်နိုင်အောင်ဖြစ်လာခဲ့၏။
အဲ့ဒါသည် အမှန်တရားမဟုတ်ဘဲ ပန်းချီအင်မော်တယ်က ဤအချိန်အတောအတွင်းမှာ မည်သည့်အရာကိုမှ မပြောဆိုချင်သောကြောင့်ဆိုတာကို ကျင့်ကြံသူအချို့က ခံစားမိသော်လည်း အဲ့ဒါကသုံးစားမရပေ။ သူတို့၏ ထင်မြင်ချက်များက သိပ်မကြာခင် အခြားသူများ၏ အသံများကြားမှာ နစ်မြုပ်သွား၏။
မုန့်ယောင်က တည်ငြိမ်စွာပြုံး၍ စိတ်ထဲကနေ အူမြူးအားရနေ၏။
ဤကိစ္စ၏ သက်ရောက်မှုက အချိန်အတော်ကြာသည့်အထိ တည်မြဲနေပေလိမ့်မည်။
နတ်မိမယ်မိုချင်က သူမ၏ တာအိုနှလုံးသားကို တည်ငြိမ်အောင်မလုပ်နိုင်ဘူးဆိုလျှင် သူမ၏ နာမည်ဂုဏ်သတင်းက လုံးလုံးလျားလျား ပျက်စီးသွားပြီး သူမသည်အနာဂတ်မှာ အဆင့်ချိုးဖျက်တက်လှမ်းဖို့ အခွင့်အရေးတစ်ခုပင် ရရှိချင်မှရရှိပေတော့မည်။
အဲ့ဒါကအရေးမကြီးပေ။
မုန့်ယောင်အတွက်ပို၍အရေးကြီးသည်မှာ ဤနေ့ကစပြီး မဟာနတ်မိမယ်လေးပါးထဲမှတစ်ပါးက ပျောက်ဆုံးသွားဖို့ဖြစ်လေသည်။
အဲ့ဒါသည် သူမအတွက်ပြိုင်ဘက်တစ်ယောက်လျော့ကျသွားသည်ဟု ဆိုလိုလေသည်။
သူမမှာအခွင့်အရေးရှိမည်ဆိုလျှင် သူမသည် အခြားသောနတ်မိမယ်နှစ်ပါးကိုလည်း ဖျက်ဆီးပစ်ချင်လေသည်။
ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်မှာ မရေမတွက်နိုင်သော ကျင့်ကြံသူများ ချီးကျူးပြောဆိုရသည့် နတ်မိမယ်တစ်ပါးသာကျန်ရှိသည်ဆိုလျှင် အဲ့ဒါက ဒုံမင်းအင်မော်တယ်ဖြစ်ရပေမည်။
“ဟားဟားဟားဟား...”
ထိုစဥ်မှာပင် လေထဲကနေ ကျယ်လောင်သောရယ်မောသံက ထွက်ပေါ်လာ၏။ အဲ့ဒါကအရမ်းကို ကျယ်လောင်ပြီး ကောင်းကင်တစ်ခွင်ထိုးဖောက်ကာ ကျင့်ကြံသူများစွာ၏ ဆွေးနွေးပြောဆိုသံများကို နစ်မြုပ်သွားစေ၏။
လူတိုင်းက အလိုလိုလှမ်းကြည့်လိုက်ကြ၏။
ဆူဇီမိုက သူ၏ ဗိုက်ကိုဖိပြီး လောကမှာအရယ်ရဆုံးအရာတစ်ခုကို ကြားလိုက်ရသည့်အလား အော်ဟစ်ရယ်မောနေ၏။
ထိုရယ်သံကြောင့်သာမဟုတ်လျှင် ကျင့်ကြံသူများအားလုံးနီးပါးသည် ထိုအကြောင်းကို မေ့လျော့သွားကြပေလိမ့်မည်။
“အားလုံးပဲ... မင်းသားယွမ်ကျောက ငါ့နောက်ကိုဘာလို့လိုက်နေလဲ မင်းတို့သိကြလား”
ဆူဇီမိုက သူ၏ အပြုံးကိုရုပ်သိမ်းပြီး လျှို့ဝှက်ဆန်းကြယ်သယောင်ဖြင့် မေးမြန်းလိုက်၏။
လူအုပ်ကြီးက နောက်တစ်ဖန်တိတ်ဆိတ်ငြိမ်သက်သွားပြီး ကျင့်ကြံသူများစွာက ဆူဇီမိုစကားဆက်ပြောလာမည်ကို စောင့်ဆိုင်းနေကြ၏။
“ဘာလို့လည်းဆိုတော့.. ငါက မင်းသားယွမ်ကျောရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့လို့ပဲ... အဲ့ဒါကို မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ တော်ဝင်မိသားစုရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်လို့ပြောရင် ပိုမှန်လိမ့်မယ်”
“မင်း ဘာတွေပေါက်တက်ကရစကားပြောမလို့လဲ”
မင်းသားယွမ်ကျောက အေးစက်စွာအော်ငေါက်လိုက်၏။
ဆူဇီမိုက ကြိတ်၍လှောင်ရယ်လိုက်ပြီး ဆက်ပြောလိုက်၏။
“မင်းသားယွမ်ကျောနဲ့ ဒုံမင်းအင်မော်တယ်မုန့်ယောင်က လွန်ခဲ့တဲ့အချိန်အတော်ကြာကတည်းက တာအိုလက်တွဲဖော်တွေ တိတ်တဆိတ်ဖြစ်လာပြီးတော့... လူ့ကျင့်ဝတ်ကိုချိုးဖောက်နေခဲ့ကြတာပဲ”
နေရာတစ်ခုလုံးက နောက်တစ်ဖန်ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။
ဤသတင်းက ပို၍ပင်တုန်လှုပ်စရာကောင်းနေ၏။
မင်းသားနှင့်မင်းသမီးသည် အမေမတူကြလျှင်တောင် အဲ့ဒါသည်မဟာကျင်းအင်မော်တယ်မိသားစု၏ အကြီးမားဆုံး ကျော်မကောင်းကြားမကောင်း ကိစ္စဖြစ်လေသည်။
“မင်းမေကြီးကို လူ့ကျင့်ဝတ်ဖောက်ပြန်တာလား”
မင်းသားယွမ်ကျောက ဒေါသထွက်လွန်းသောကြောင့် သူ၏ မျက်နှာက အစိမ်းရောင်သန်းလာပြီး ကျိန်ဆဲလိုက်လေသည်။
မုန့်ယောင်၏ မျက်နှာပေါ်ရှိအပြုံးကလည်း အေးခဲရပ်တန့်သွား၏။
ဆူဇီမိုကပြုံးလိုက်၏။
“အဲ့လိုကြောင့်သာမဟုတ်ရင် မင်းသားယွမ်ကျောက ငါ့ကိုသတ်ဖို့အတွက် ကီလိုမီတာထောင်ပေါင်းများစွာကိုဖြတ်ကျော်ပြီး အာဏာပါးကွက်သားအစောင့်တပ်သားတစ်ရာကျော်ကိုတောင် ဘာလို့ ခေါ်ဆောင်လာမှာလဲ”
“မင်းသားယွမ်ကျောရဲ့ လက်ရှိအဆင့်အတန်းနဲ့ဆို သူကပကတိအင်မော်တယ်တွေကို ဘယ်လိုလုပ်အမိန့်ပေးစေခိုင်းနိုင်မှာလဲ”
“အခုတော့... ပကတိအင်မော်ကျင်းယွဲ့က ပေါ်လာရုံတင်မကဘူး... နတ်မိမယ်မုန့်ယောင်ကပါ ဒီကိုရောက်လာပြီ... အဲ့ဒါကအရမ်းကိုသိသာထင်ရှားနေတယ်မဟုတ်ဘူးလား”
ဆူဇီမိုက လှောင်ရယ်လိုက်၏။
“ဘာလို့လဲ... မင်းတို့မောင်နှမဇနီးမောင်နှံက အတူပူးပေါင်းထားတဲ့အချိန်မှာ ပိုပြီးစွမ်းအားကြီးမားလာလို့ ငါ့ကိုသတ်ဖြတ်ချင်ကြတာလား”
ရထားလုံးအတွင်းမှာ...။
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက အသံထွက်၍ ရယ်မိသွားလေသည်။
အထိန်းအကွပ်မဲ့စွာပင် သူမ၏ ခေါင်းကို ခါယမ်းလိုက်၏။
“အဲ့ဒီဆူဇီမိုက တကယ့်ကိုလျှာစောင်းထက်တာပဲ”
“မင်းသမီး... သူပြောတာအမှန်တွေပဲလား”
မိန်းကလေးက ဆူဇီမို၏ စကားမှာမှင်တက်သွားပြီး အလိုလိုမေးလိုက်၏။
“ကလေးမ အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ”
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက သူမ၏ ခေါင်းကို ညင်သာစွာခါယမ်းပြီး ပြောလိုက်လေသည်။
ခဏမျှရပ်တန့်ပြီးနောက် သူမကပြောလိုက်လေသည်။
“ဒါပေမဲ့... ဒီအရှုပ်တော်ပုံပြီးရင် နတ်မိမယ်မိုချင်အပေါ်သက်ရောက်မှုက သိသိသာသာလျော့ကျသွားလိမ့်မယ်”