မျက်စိပသာဒ သဘာဝရှုခင်း
Vol. 143 Ch. 2142
ဆူဇီမို၏ စကားလုံးများက တကယ့်ကို ရယ်စရာကောင်းသည်ဟု ကျင့်ကြံသူများစွာက ခံစားမိကြ၏။
သို့သော် မကြာခင် နတ်မိမယ်မိုချင်အပေါ် ဒုံမင်းအင်မော်တယ်မုန့်ယောင်၏ မှတ်ချက်စကားကလည်း ထို့အတူပင်ဖြစ်ကြောင်းကို သူတို့ကနားလည်သဘောပေါက်သွား၏။
နောက်ဆုံးမှာတော့ မည်သည့်ဘက်ကမှ ဘာသက်သေသက္ကာရမှမရှိဘဲ စကားလုံးသက်သက်ဖြင့် စွပ်စွဲပြောဆိုနေခြင်းမျှသာဖြစ်၏။
“ပုရွက်ဆိတ်... နင်ငါ့ရဲ့နာမည်ဂုဏ်သတင်းကို ဘယ်လိုတောင်ဖျက်ဖို့ကြိုးစားရဲတာလဲ”
မုန့်ယောင်ကဒေါသထွက်သွားပြီး အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်ကာတိုက်ခိုက်လိုက်၏။
သူမက သူမ၏ သေးသွယ်သောလက်ညှိုးကို ဆန့်ထုတ်ပြီး လေဟာနယ်ကနေတစ်ဆင့် ဆူဇီမိုရှိရာဘက်သို့ လွှဲယမ်းလိုက်၏။
ဆူဇီမို၏ ရှေ့မှာ အနက်ရောင်မျဥ်းတစ်ကြောင်းပေါ်ထွက်လာပြီး သူ့ကိုအပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်နေသည့်အလား သေခြင်းအော်ရာတစ်ခုက ဖြာထွက်လာ၏။
အန္တိမနတ်ဘုရားစွမ်းအား မရဏလှီးဖြတ်ခြင်း။
အဲ့ဒါသည် မဟာဆုတ်ဖြဲခြင်းနည်းစနစ်ကို ၎င်း၏ အကန့်အသတ်ထိ ကျင့်ကြံပြီးမှ နားလည်ဆင်ခြင်နိုင်သော အန္တိမနတ်ဘုရားစွမ်းအားတစ်ခုဖြစ်ပြီး အလွန်တရာကြမ်းကြုတ်ခက်ထန်လေသည်။
မုန့်ယောင်၏ ကျောက်စိမ်းလက်ညှိုးက လေဟာနယ်ကိုဆုတ်ဖြဲလာခဲ့၏။
သူမက အန္တိမနတ်ဘုရားစွမ်းအားကိုထုတ်ဖော်လိုက်သည့် တစ်ချိန်တည်းမှာပင် တစ်စုံတစ်ရာလှီးဖြတ်ခံလိုက်ရသည့်အလား လေဟာနယ်ထဲမှာ ခပ်ဖျော့ဖျော့အသံတစ်သံထွက်ပေါ်လာ၏။
ထိုအသံက ထူးဆန်းသောစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထား၏။
တိုက်ပွဲနယ်မြေ၏ အဝေးမှာရှိနေသော ကျင့်ကြံသူများပင်လျှင် ထိုအသံကို ကြားသောအခါ သက်တောင့်သက်သာမရှိမှုကိုခံစားလာရ၏။ သူတို့၏ အသား၊ အရိုးနှင့် ကိုယ်တွင်းအင်္ဂါတို့က အပိုင်းပိုင်းဆုတ်ဖြဲခံရတော့မည့်အလားပင်။
ထိုအန္တိမနတ်ဘုရားစွမ်းအားသည် မုန့်ယောင်ကျွမ်းကျင်ပိုင်နိုင်သော အသံပိုင်းလျှို့ဝှက်အတတ်ဖြင့် ပေါင်းစည်းသွားခဲ့ပြီဖြစ်၏။
အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကို ကိုင်တွယ်ရာမှာပင် မုန့်ယောင်က လုံးဝထိန်ထျန်မထားပေ။ သူမ၏ သတ်ဖြတ်လိုစိတ်က အေးစက်နေပြီး သူမက ဆူဇီမိုကို လှုပ်ရှားကွက်တစ်ကွက်တည်းဖြင့် သတ်ဖြတ်လိုလေသည်။ သူမသည် ကူထုံယိုနှင့် ချိုးစစ်လောကို အမဲလိုက်ချင်သည့်အကြောင်းကိုပါ မေ့လျော့သွားခဲ့ပြီဖြစ်၏။
ဆူဇီမို၏ စကားလုံးများက သူမ၏ အမျက်ဒေါသကို လုံးဝထွက်ပေါ်လာစေခဲ့၏။
ဒုံမင်းအင်မော်တယ်အနေဖြင့် ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်မှာ သူမသည် ကျင့်ကြံသူပေါင်းများစွာ၏ ရိုသေလေးစားမှုကို ခံယူနိုင်လေသည်။ ကြယ်များဖြင့် ဝန်းရံထားသောလတစ်စင်းကဲ့သို့ သူမသည် ဤကဲ့သို့ စွပ်စွဲမှုနှင့် အရှက်ခွဲခံရမှုကို တစ်ခါမှမကြုံတွေ့ခဲ့ဖူးပေ။
ဒါ့အပြင် ထိုစကားကိုပြောလိုက်သောသူက အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သာဖြစ်၏။
ရွှစ်...
ဆူဇီမို၏ ရှေ့မှာ ပုံရိပ်တစ်ခုက ပေါ်ထွက်လာပြီး သူမ၏ အင်္ကျီလက်စနှစ်ဖက်ကိုဝေ့ယမ်းကာ အန္တိမနတ်ဘုရားစွမ်းအားကို ထုတ်ဖော်လိုက်၏။
ချက်ချင်းပင် ခံညားထည်ဝါသော တောင်တန်းများနှင့် မြစ်များက လူတိုင်း၏ မျက်စိရှေ့မှာပေါ်ထွက်လာ၏။ တိမ်စိုင်များက အငွေ့တထောင်းထောင်းထနေပြီး အဲ့ဒါက ပန်းချီကားတစ်ချပ်ကဲ့သို့ လှပနေ၏။
“မျက်စိပသာဒ သဘာဝရှုခင်းပဲ”
ရထားလုံးအတွင်းမှာ ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက တီးတိုးရေရွတ်လိုက်၏။
“အဲ့ဒါဘာလဲ”
မိန်းကလေးက အလိုလိုမေးလိုက်၏။
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက ပြောလိုက်၏။
“အဲ့ဒါက နတ်မိမယ်မိုချင်... အရင်တုန်းက ပန်းချီတာအိုမှာ စွဲလမ်းပြီး နားလည်ဆင်ခြင်ခဲ့တဲ့ အန္တိမနတ်ဘုရားစွမ်းအားတစ်ခုပဲ... အဲ့ဒီအန္တိမနတ်ဘုရားစွမ်းအားကို သူတစ်ယောက်ပဲထုတ်ဖော်နိုင်တာ”
ပန်းချီကားသည် မုန့်ယောင်ဆင့်ခေါ်လိုက်သော အနက်ရောင်သေခြင်းချည်မျှင်ကို ပိတ်ဆို့တားဆီးပေးလိုက်၏။
အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုက ချောက်ချားစရာကောင်းသော အသံဖြင့် ထိတွေ့ရိုက်ခတ်သွား၏။
လူတိုင်း၏ ရှေ့မှောက်မှာပင် ဤကဲ့သို့ လှပလွန်းသောပန်းချီကားတစ်ချပ်က မရဏသတ်ဖြတ်ခြင်း၏ သတ်ဖြတ်ခြင်းစွမ်းအားကို မခုခံနိုင်သည့်ပုံပင်။
ပန်းချီကားပေါ်တွင် တုန်လှုပ်စရာကောင်းသောပုံစံဖြင့် အက်ကွဲကြောင်းများပေါ်ထွက်လာ၏။
ရှဲ...
သိပ်မကြာခင် ပန်းချီကားပေါ်မှာ အက်ကွဲကြောင်းများသာပေါ်ထွက်လာပြီး အဲ့ဒါက စုတ်ပြဲသွား၏။
အနက်ရောင်သေခြင်းချည်မျှင်ကလည်း တဖြည်းဖြည်းပျက်ပြယ်သွားခဲ့လေသည်။
နတ်မိမယ်မိုချင်က သုန်မှုန်နေသောအမူအရာဖြင့် ခြေလှမ်းအနည်းငယ်ဆုတ်ပေးလိုက်ရ၏။
နတ်ဘုရားစွမ်းအားချင်း ထိတွေ့ရိုက်ခတ်မှုမှာ ဒုံမင်းအင်မော်တယ်မုန့်ယောင်က အသာစီးရရှိခဲ့၏။
“ဟမ့်...”
မုန့်ယောင်၏ အမူအရာက အေးစက်နေပြီး သူမကလှောင်ပြောင်ထေ့ငေါ့လိုက်၏။
“မိုချင်... နင့်ရဲ့တာအိုလက်တွဲဖော်ယန်လောရှုကြောင့် ငါ့ကိုစိတ်ဆိုးဒေါသထွက်နေတယ်ဆိုတာ နားလည်ပေးလို့ရတယ်... ဒါပေမဲ့ ဒီပုရွက်ဆိတ်က အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ပဲ...သူက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကိုလည်း မဝင်ရောက်ရသေးဘူး... နင်က သူ့ကို ဘာလို့အဲ့လောက်ထိ ကာကွယ်ပေးချင်နေရတာလဲ”
“ငါနင်နဲ့ငြင်းခုံမနေချင်ဘူး... ငါ့ရဲ့စိတ်နဲ့ဝိညာဥ်က သန့်စင်တယ်”
နတ်မိမယ်မိုချင်က ပြောလိုက်၏။
“ဟီးဟီး..”
မုန့်ယောင်ကပြုံး၍ သူမ၏ သိုလှောင်အိတ်ကိုပုတ်ကာ ရှေးဟောင်းဒုံမင်းတစ်လက်ကိုဆင့်ခေါ်လိုက်၏။
“မိုချင်...နင့်ရဲ့အစွမ်းအစနဲ့ဆို နင်က ငါ့ရဲ့ဒုံမင်းသံကို ဘယ်လောက်ကြာကြာခုခံနိုင်မှာလဲ”
မုန့်ယောင်က လက်တစ်ဖက်ဖြင့် ဒုံမင်းကိုကိုင်ဆွဲပြီး အခြားသောလက်တစ်ဖက်ဖြင့် ကြိုးပေါ်မှာ သူမ၏ လက်ချောင်းများကိုတင်ကာ အချိန်မရွေးတီးခတ်ဖို့အတွက် ပြင်ထားလေသည်။
ကျင့်ကြံသူများက တုန်လှုပ်သွားကြ၏။
နတ်မိမယ်နှစ်ပါးကြားမှာ တိုက်ခိုက်မှုတစ်ခု ဖြစ်ပေါ်လာပြီး ကြီးမားသောတိုက်ပွဲတစ်ခုပေါ်ထွက်လာခဲ့မည်ဆိုလျှင် အဲ့ဒါက ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်ကို သေချာပေါက်ကြီးမားစွာလှုပ်ခတ်သွားစေပေလိမ့်မည်။
ရထားလုံးအတွင်းမှာ...။
မိန်းကလေးသည် မုန့်ယောင်၏ စိုးမိုးဗိုလ်ကျမှုကိုသည်းမခံနိုင်ဘဲ သူမက နတ်မိမယ်မိုချင်ဘက်မှာ ရှိနေ၏။ သူမကစိုးရိမ်ပူပန်သောအမူအရာဖြင့် ပြောလိုက်လေသည်။
“ပန်းချီအင်မော်တယ်က မဟာနတ်မိမယ်လေးပါးကြားမှာ အားအနဲဆုံးဖြစ်တယ်လို့ ကျွန်မကြားဖူးတယ်... ဒုံမင်းအင်မော်တယ်က သူမရဲ့ခွန်အားကုန်နဲ့တိုက်ခိုက်လာမယ်ဆိုရင် နတ်မိမယ်မိုချင်က အဲ့ဒါကိုခုခံနိုင်ပါ့မလား”
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက သူမ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“အဲ့လိုပြောလို့မရဘူး”
ထိုစဥ်မှာပင် တိုက်ပွဲနယ်မြေမှာ နတ်မိမယ်မိုချင်က သူမ၏ နှာရောင်ကို သူမ၏ ကျောက်စိမ်းလိုလက်ညှိုးဖြင့် ညင်သာစွာထိပြီး သူမ၏ အသိစိတ်ထဲကနေ ရှေးဟောင်းစာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်၏။
သူမက အဲ့ဒါကို လျင်မြန်စွာဖွင့်ပြီး စာမျက်နှာတစ်ခုကိုထွက်ပေါ်လာစေ၏။
ထိုစာမျက်နှာပေါ်မှာ ငွားငွားစွင့်စွင့် မြင့်မားသော ဦးချိုများနှင့် နတ်နဂါးတစ်ကောင်ရှိပြီး ၎င်း၏တစ်ကိုယ်လုံးကို ကြေးခွံများဖြင့်ဖုံးအုပ်ကာ ထက်ရှသောလက်သည်းများရှိနေ၏။ အဲ့ဒါကအသက်ဝင်နေပြီး အဆုံးမဲ့သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုကို ထုတ်ဖော်ပေးနေ၏။
နတ်မိမယ်မိုချင်က စာရွက်ကိုဆုတ်ဖြဲလိုက်ပြီး အဲ့ဒါကို သူမ၏ သူမ၏ လက်ဖဝါးထဲမှာ ဆုပ်ကိုင်ထားကာ ဒုံမင်းအင်မော်တယ်မုန့်ယောင်ကို အေးစက်စွာစိုက်ကြည့်နေ၏။
မုန့်ယောင်ကမျက်မှောင်ကြုတ်ပြီး မိုချင်၏ လက်ထဲရှိ ပန်းချီစာရွက်နှင့် ရှေးစောင်းစာအုပ်ကို သူမ၏ မျက်လုံးထဲရှိ ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခုနှင့်အတူကြည့်နေ၏။
“မင်းသမီး... ပန်းချီအင်မော်တယ်ရဲ့လက်ထဲကဘာလဲ”
မိန်းကလေးက မနေနိုင်ဘဲမေးလိုက်၏။
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက ပြောလိုက်၏။
“အဲ့ဒါက သူရဲ့ ပန်းချီစာအုပ်ပဲ... သူကအဲ့ဒါကို အလွယ်တကူအသုံးမပြုတတ်ဘူး... ပန်းချီအင်မော်တယ်က ပန်းချီတာအိုမှာအရမ်းကိုပါရမီထူးချွန်တယ်... သူက သူတွေ့ဖူးတဲ့ ပန်းတွေ.. သစ်ပင်တွေ.. ငှက်တွေ... တောကောင်တွေ ဒါမှမဟုတ် တခြားမျိုးနွယ်က နတ်နဂါးတွေကိုတောင်မှ ပုံဖော်ရေးဆွဲနိုင်တယ်”
“အဲ့ဒါက သိပ်တော့ထူးဆန်းမနေဘူးလေ... ဟုတ်တယ်မလား”
မိန်းကလေးက တွေဝေရှုပ်ထွေးသွား၏။
“ဒီလောကမှာ အဲ့ဒါမျိုးလုပ်နိုင်တဲ့ပန်းချီဆရာတွေ အများကြီးရှိမှာပေါ့”
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက သူမ၏ခေါင်းကိုခါယမ်းပြီး ရှင်းပြလိုက်၏။
“သူက သူတို့ရဲ့ ပုံပန်းသဏ္ဌာန်ကို ရေးဆွဲနိုင်ရုံတင်မကဘူး... နတ်မိမယ်မိုချင်က သက်ရှိအားလုံးရဲ့စိတ်ဆန္ဒနဲ့ ဓမ္မတာအိုကိုပါ အဲ့ဒီထဲမှာထည့်သွင်းပေါင်းစည်းပေးနိုင်တယ်”
“အဲ့ဒီနတ်နဂါးပန်းချီကားကို ပြီးမြောက်အောင်ရေးဆွဲဖို့ဆိုရင် သူက နှစ်ပေါင်းထောင်ချီ ဒါမှမဟုတ် နှစ်တစ်သောင်းလောက်တောင်အချိန်ယူရလိမ့်မယ်”
“ပန်းချီတစ်ချပ်ကိုဆွဲဖို့အတွက် အဲ့လောက်တောင်ကြာတာလား”
မိန်းကလေးက တုန်လှုပ်သွားလေသည်။
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးကပြောလိုက်၏။
“အဲ့ဒါက အမှန်ပဲ... သူ့ရဲ့ပန်းချီကားတစ်ချပ်ချင်းစီက အဲ့ဒီသက်ရှိတွေရဲ့ စိတ်ဆန္ဒနဲ့ ဓမ္မတာအိုနဲ့ ပေါင်းစည်းနေပြီ... ပန်းချီဆွဲပြီးရင် သူကအဲ့ဒီပန်းချီကားထဲက သက်ရှိကို လောကမှာ ပေါ်ထွက်လာအောင် ဆင့်ခေါ်ထုတ်နိုင်တယ်... သူတို့ရဲ့တိုက်ခိုက်ရည်ခွန်အားကလည်း သူမြင်တွေ့ဖူးခဲ့တဲ့အတိုင်း တူညီသလောက်နီးပါးရှိနေလိမ့်မယ်”
“အာ...”
မိန်းကလေးက အံ့အားတသင့်ရေရွတ်လိုက်၏။
အဲ့ဒါက တကယ့်ကိုအံ့အားသင့်ဖွယ်ရာကောင်းလေသည်။
ပန်းချီကားထဲမှ သက်ရှိများက ပန်းချီအင်မော်တယ်၏ လက်ထဲကနေတစ်ဆင့် လောကသို့ ဆင်းသက်လာနိုင်သည့်အပြင် သူတို့က စွမ်းအားကြီးမားသောတိုက်ခိုက်ရည်ခွန်အားကိုပါ ထုတ်ဖော်နိုင်မည်ဖြစ်၏။
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက ပြောလိုက်၏။
“တကယ်တော့... အဲ့လိုနည်းလမ်းတွေမှာ ကြီးမားတဲ့ကန့်သတ်ချက်တစ်ခုလည်းရှိနေတယ်”
“ဥပမာ အဲ့ဒီသတ္တဝါကပိုပြီးသန်မာလေလေ အဲ့ဒီပန်းချီကားကို ပြီးမြောက်အောင်ရေးဆွဲရမယ့်အချိန်ကလည်း ပိုပြီးကြာလေလေပဲ... လိုအပ်တဲ့ကြိုးစားအားထုတ်မှုကလည်း ပိုပြီးကြီးမားလာလိမ့်မယ်”
“နောက်ပြီး အဲ့ဒီပန်းချီကားကို ပန်းချီစာအုပ်ထဲကနေဆုတ်ဖြဲလိုက်တာနဲ့ ပန်းချီကားထဲကသက်ရှိကိုဆင့်ခေါ်ရင်ပဲဖြစ်ဖြစ်... မဆင့်ခေါ်တော့ရင်ပဲဖြစ်ဖြစ် အဲ့ဒီပန်းချီစာရွက်ကပျက်စီးသွားလိမ့်မယ်”
မိန်းကလေးက နားလည်သဘောပေါက်သွား၏။
တစ်နည်းအားဖြင့်ဆိုလျှင်.. နတ်မိမယ်မိုချင်၏ ပန်းချီစာရွက်တစ်ခုချင်းစီကို တစ်ကြိမ်သာလျှင်ထုတ်ဖော်နိုင်မည်ဖြစ်၏။
ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးကပြောလိုက်၏။
“အဲ့ဒါကြောင့် သေရေးရှင်ရေးတိုက်ပွဲတစ်ခုမှာ ပန်းချီအင်မော်တယ်... အမျက်ဒေါသထွက်လာပြီး သူ့ရဲ့ပန်းချီစာအုပ်ထဲက သက်ရှိတွေအားလုံးကို ဆင့်ခေါ်လိုက်မယ်ဆိုရင်... ဒုံမင်းအင်မော်တယ်မုန့်ယောင် တစ်ယောက်ထဲကိုမပြောနဲ့ ငါတို့သုံးယောက် ပူးပေါင်းထားရင်တောင် သူ့ကို ယှဥ်နိုင်ချင်မှယှဥ်နိုင်လိမ့်မယ်”
“နတ်မိမယ်မိုချင်က အဲ့ဒီပန်းချီကားကိုဆုတ်ဖြဲလိုက်တယ်ဆိုတာ သူ့ရဲ့ဆုံးဖြတ်ချက်ပြတ်သားမှုကို မုန့်ယောင်ကိုပြချင်လို့ပဲ”
“မုန့်ယောင်က တကယ်တမ်းတိုက်ခိုက်ချင်တယ်ဆိုရင် နတ်မိမယ်မိုချင်ကလည်း ရှိသမျှအကုန်ထုတ်ပြီး တိုက်ခိုက်လာနိုင်တယ်”
တကယ်တမ်းမှာလည်း ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးထင်မှတ်ထားသည့်အတိုင်းပင် ဖြစ်လာခဲ့၏။
နတ်မိမယ်မိုချင်က ပန်းချီစာရွက်ကို စာအုပ်ထဲကနေဆုတ်ဖြဲပြီးနောက် မုန့်ယောင်ကနောက်ဆုတ်ဖို့ စဥ်းစားတွေးတောလာခဲ့ပြီဖြစ်၏။
ပို၍အရေးကြီးသည်မှာ သူမသည် စောစောက ကောင်းကင်ချောက်နက်ကို ဖိအားပေးပြီးနောက် ထိုသူက သူ၏ ဂိုဏ်းထံသို့ သတင်းတစ်ခုကိုပို့လွှတ်လိုက်ပြီဖြစ်၏။
စစ်တုရင်အင်မော်တယ်က ဤအကြောင်းကို ကြားသိသွားမည်ဆိုလျှင် သူမက ဤနေရာသို့ သေချာပေါက်ရောက်ရှိလာပေလိမ့်မည်။
ထိုအချိန်ကျလျှင် ရှေ့မတိုးသာနောက်မဆုတ်သာအခြေအနေဖြင့် ကိစ္စများက ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်သွားပေလိမ့်မည်။