တက္ကသိုလ်သို့ ဝင်ရောက်ခြင်း
Vol. 143 Ch. 2144
အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲ၏ မုန်တိုင်းက တဖြည်းဖြည်း တည်ငြိမ်သွားခဲ့ပြီဖြစ်၏။
ယန်လောရှုက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
သူသည် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း သူသည် စောစောက သေခြင်းတရားနှင့် ခြေတစ်လှမ်းသာ လိုတော့လေသည်။ နတ်မိမယ် မိုချင်က အချိန်မီ ရောက်ရှိလာခြင်း မရှိခဲ့လျှင် သူသည် ဒုံမင်းအင်မော်တယ် မုန့်ယောင်၏ သတ်ဖြတ်ခြင်းခံရပေလိမ့်မည်။
တကယ်တော့ ယန်လောရှုကလည်း တွေဝေရှုပ်ထွေးနေ၏။
သူသိရသလောက်ဆိုရင် စီနီယာအစ်မ မိုချင်သည် တကယ်ပင် တစ်သီးတခြားနေတတ်ပြီး လောကီရေးရာများနှင့် ခပ်ခွာခွာ ရှိနေလေသည်။ သူမသည် သူမ၏ တောင်ထွတ်ပေါ်မှာသာ ပန်းချီဆွဲနေတတ်ပြီး အပြင်ဘက်မှာ ပေါ်ထွက်လာခဲလေသည်။
သူသည် ဂိုဏ်းသို့ ဝင်ရောက်လာခဲ့သည်မှာ နှစ်ပေါင်းသောင်းချီ ကြာသွားခဲ့ပြီဖြစ်သော်လည်း ဤအချိန်အတောအတွင်းမှာ သူသည် စီနီယာအစ်မ မိုချင်ကို အကြိမ်ရေ အနည်းငယ်သာ တွေ့မြင်ခဲ့ရလေသည်။
နတ်မိမယ် မိုချင်၏ ယနေ့ အပြုအမူက တကယ့်ကို ထူးဆန်းနေ၏။
တကယ်တော့ ယန်လောရှုက အဲဒါနှင့် ပတ်သက်၍ များစွာ စဉ်းစားတွေးတောနေခြင်း မရှိပေ။
မိုချင်သည် သူ့ကို ကူညီပေးခဲ့သည်မှာ သူမက ဤနေရာသို့ ဖြတ်သွားပြီး သူမ၏ ဂိုဏ်းသားအဖော် ဒုက္ခရောက်နေသည်ကို တွေ့မြင်ခဲ့သောကြောင့် ဖြစ်သည်ဟုသာ သူက မှတ်ယူလိုက်လေသည်။
“အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်မ မိုချင်”
ယန်လောရှုက နတ်မိမယ် မိုချင်ကို ရိုသေလေးစားစွာ ဦးညွှတ်လိုက်၏။
ဆူဇီမိုကလည်း ရှေ့သို့ ထွက်ရပ်ပြီး နတ်မိမယ် မိုချင်ကို ဦးညွှတ်လိုက်၏။
“ကျေးဇူးတင်ပါတယ် နတ်မိမယ် မိုချင်”
နတ်မိမယ် မိုချင်က ပေါ်ထွက်လာပြီး ဒုံမင်းအင်မော်တယ် မုန့်ယောင်နှင့် တိုက်ခိုက်ခဲ့သည်မှာ မည်သို့သော အကြောင်းကြောင့်ဖြစ်စေ.. သူမက သူ့အသက်ကို ကယ်တင်ခဲ့သည့်အတွက် ကျေးဇူးတင်ရပေမည်။
နတ်မိမယ် မိုချင်မှာ မှင်သေသေ အမူအရာတစ်ခု ရှိနေပြီး တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိပေ။ သူမက ခေါင်းညိတ်ရုံသာ ညိတ်ပြီး သူတို့နှစ်ယောက်ကို ထပ်မံ၍ မကြည့်တော့ပေ။
ရုတ်တရက် သူမက တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး သူမ၏ အကြည့်က လူအုပ်ကြားထဲရှိ သာမန်ရထားလုံးတစ်ခုစီသို့ ရောက်ရှိသွား၏။
“အံ့အားသင့်စရာပဲ”
ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက ကြိတ်၍ ချီးကျူးလိုက်၏။
“မင်းသမီး.. ပန်းချီအင်မော်တယ်က ကျွန်မတို့ကို ရှာဖွေတွေ့ရှိသွားပြီနဲ့ တူတယ်”
မိန်းကလေးက အံ့အားသင့်သွား၏။
နတ်မိမယ် မိုချင် ပေါ်ထွက်လာပြီးကတည်းက ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက ပေါ်ထွက်မလာတော့ဘဲ ရထားလုံးအတွင်းမှာ မည်သည့် လှုပ်ရှားမှုမှ မရှိခဲ့ပေ။
ယခု နတ်မိမယ် မိုချင်က သန်းပေါင်းများစွာသော လူအုပ်ကြားထဲမှာ သူတို့ကို ချက်ချင်းပင် ရှာဖွေတွေ့ရှိသွားခဲ့လေပြီ။
“ပန်းချီအင်မော်တယ်အနေနဲ့ နတ်မိမယ် မိုချင်ရဲ့ အမြင်အာရုံက အရမ်းကို သန်မာအားကောင်းတယ်.. အဲဒါကြောင့်သာ မဟုတ်ရင် သူက လောကမှာရှိတဲ့ သက်ရှိအားလုံးရဲ့ စိတ်ဝိညာဉ်နဲ့ ဓမ္မတာအိုကို ဘယ်လိုလုပ် ဖမ်းဆုပ်နိုင်ပါ့မလဲ”
ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက ပြောလိုက်၏။
သူမက ညင်သာစွာ ပြုံးပြီး ရထားလုံး၏ ခန်းစီးကနေတစ်ဆင့် နတ်မိမယ် မိုချင် ရှိရာဘက်သို့ ခေါင်းညိတ်ပြလိုက်၏။
နတ်မိမယ် မိုချင်ကလည်း ပြန်၍ ခေါင်းညိတ်ပြလိုက်၏။
ယန်လောရှုက အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှာ ရွေးချယ်ထားသော လူတစ်ရာကို လှည့်ကြည့်လိုက်၏။
“အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲကို ဆက်ပြီး ကျင်းပမယ်.. ဆူဇီမို.. မင်းက ကောင်းကင်နဲ့ မြေကြီး တက္ကသိုလ်ကို ဝင်ရောက်လိုလား”
“နေပါဦး”
ထိုစဉ်မှာပင် ကောင်းကင်ချောက်နက်က ရုတ်တရက် ပြောဆိုလာပြီး ဆူဇီမိုကို ကြည့်လိုက်၏။
“စောစောက တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းက မတတ်သာတဲ့ အခြေအနေကြောင့် နောက်ဆုတ်ပေးခဲ့ရတယ်.. ငါက ဒီကိစ္စကို ဂိုဏ်းကို တင်ပြခဲ့ပြီးပြီ.. ဂိုဏ်းမှာ ရှိတဲ့ ပညာရှင်တွေက မကြာခင် ရောက်လာလိမ့်မယ်.. တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းကလည်း မင်းကို ခေါ်ယူစုဆောင်းချင်တယ်”
“အင်ပါယာလေဘုရားကျောင်းကလည်း မင်းကို စိတ်ဝင်စားတယ် ဆူဇီမို”
ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်းကလည်း ရှေ့သို့ အလောတကြီး ထွက်လာခဲ့၏။
ယန်လောရှုက လှောင်ရယ်လိုက်၏။
သူတို့နှစ်ယောက်သည် စောစောက မုန့်ယောင်ကြောင့် နောက်သို့ ဆုတ်ပေးခဲ့ရသည်နှင့် ပတ်သက်၍ ပြောစရာ ဘာမှ မရှိပေ။ သို့သော်လည်း သူတို့သည် ယခုအချိန်မှာ ဆူဇီမိုကို လုယူဖို့ ကြိုးစားလာခြင်းက အတော်လေး အရှက်မဲ့လေသည်။
လူတိုင်းက အခြေအနေကို အကဲခတ်နိုင်ပြီး ယန်လောရှုက အဲဒါကို ထုတ်ဖော်ပြောဆိုနေဖို့ အရေးလုပ်မနေတော့ပေ။
နောက်ဆုံးမှာတော့ အဲဒါက ဆူဇီမို၏ ရွေးချယ်မှု အပေါ်မှာသာ မူတည်နေ၏။
“ခင်ဗျားတို့ရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်”
တွေဝေတုံ့ဆိုင်းခြင်း မရှိလုနီးပါးဖြင့် ဆူဇီမိုက ကောင်းကင်ချောက်နက်နှင့် ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်း ရှိရာဘက်သို့ လက်သီးနှစ်ဖက်ကို ယှက်ပြကာ ပြောလိုက်၏။
“ကျုပ်က ကောင်းကင်နဲ့ မြေကြီး တက္ကသိုလ်ကို ဝင်ရောက်လိုတယ်”
အစကတော့ သူသည် တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းထံသို့ တကယ်ပင် တိမ်းညွှတ်နေခဲ့၏။
အကြောင်းမှာ နဂါးအသူတရာချောက်နက်ကြယ်တွင် သူသည် အင်မော်တယ်ပျံဂိုဏ်း၊ ကောင်းကင်နှင့် မြေကြီး တက္ကသိုလ်နှင့် အင်ပါယာလေဘုရားကျောင်းမှ ပကတိအင်မော်တယ်ပညာရှင် သုံးဦးနှင့် ပဋိပက္ခများ ရှိခဲ့သောကြောင့် ဖြစ်၏။
သို့သော်လည်း စောစောက ယန်လောရှု၏ မဆုတ်မနစ် ရပ်တည်ပေးမှုနှင့် နတ်မိမယ် မိုချင်၏ အချိန်မီ ပေါ်ထွက်လာခြင်းကြောင့်သာ သူက ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်၏။
သူသည် ယခုအချိန်မှာ တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းသို့ ဝင်ရောက်သွားမည်ဆိုလျှင် သူက ကျေးဇူးမသိတတ်သော လူတစ်ယောက် ဖြစ်သွားပေလိမ့်မည်။
ကောင်းကင်ချောက်နက်က စိတ်မကောင်းသော အမူအရာနှင့်အတူ ညင်သာစွာ သက်ပြင်းချလိုက်၏။
ယန်လောရှု၏ အမူအရာက ပျော့ပျောင်းသွားပြီး သူက ဆူဇီမိုကို ခေါင်းညိတ်ပြလိုက်၏။
“ဒီကိုလာပြီး ငါ့နောက်မှာ ရပ်နေ”
ဆူဇီမိုက နာခံလိုက်ပြီး ကောင်းကင်နှင့် မြေကြီး တက္ကသိုလ်အဖွဲ့ ရှိရာဘက်သို့ သွားရောက်ရပ်တည်လိုက်၏။
ထိုအခိုက်အတန့်မှာ သူက သက်သောင့်သက်သာ ရှိမှုကို တကယ်ပင် ခံစားလာရ၏။
အထက်ဘုံသို့ တက်လှမ်းလာပြီးနောက် သူ ရှင်သန်ကျင်လည်ခဲ့ရသော ပတ်ဝန်းကျင်သည် အလွန်တရာ ရက်စက်ကြမ်းတမ်းပြီး အင်မတန် အန္တရာယ်များခဲ့လေသည်။ အဲဒါက အန္တရာယ်များနှင့် ပြည့်နှက်နေပြီး သူက အချိန်မရွေး သေဆုံးသွားနိုင်၏။
ယခုအချိန်မှာ ကောင်းကင်နှင့် မြေကြီး တက္ကသိုလ်က သူ့ကို နောက်ခံပေးလာပြီဖြစ်ပြီး သူက ပေါ်ပေါ်ထင်ထင် ကျင့်ကြံနိုင်တော့မည် ဖြစ်၏။
မင်းသားယွမ်ကျော သို့မဟုတ် မဟာကျင်းအင်မော်တယ်နိုင်ငံက ဘယ်လောက်ပင် စွမ်းအားကြီးမားသည်ဖြစ်စေ… သူတို့သည် ကောင်းကင်နှင့် မြေကြီး တက္ကသိုလ်သို့ လာရောက်ပြီး သူ့ကို ဖမ်းဆီးရဲလိမ့်မည် မဟုတ်ပေ။
ဤနေ့မှစပြီး သူတို့၏ မြင့်မားသော ကျင့်ကြံမှုနယ်ပယ်နှင့်အတူ သူ့ကို အနိုင်ကျင့်လိုသော မည်သူမဆို သူ့ကို နောက်ခံပေးထားသည့် ကောင်းကင်နှင့် မြေကြီး တက္ကသိုလ်ကိုပါ ထည့်တွက်စဉ်းစားရပေတော့မည်။
နတ်မိမယ် မိုချင်သည် အမှားအယွင်း တစ်စုံတစ်ရာ မရှိနိုင်တော့သည်ကို တွေ့မြင်ရသောအခါ သူမက မည်သူ့ကိုမှ နှုတ်ဆက်မနေဘဲ ရေခဲလိပ်ပြာနှင့်အတူ လှည့်ထွက်သွားလေသည်။
“ငါတို့လည်း ပြန်သင့်ပြီ”
ရထားလုံးအတွင်းမှ ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက ညင်သာစွာ ပြောလိုက်၏။
“မင်းသမီး.. ရှင်က မင်းသားယွင်လေ ဘယ်ဂိုဏ်းကို ဝင်ရောက်မလဲ စောင့်မကြည့်တော့ဘူးလား”
မိန်းကလေးက ပြောလိုက်၏။
“နောက်တစ်ယောက်က မင်းသမီး သက်တံနီ အလှည့်ပဲ.. ပြီးလို့ ရှိရင် မင်းသားယွင်လေ အလှည့်ကို ရောက်လာလိမ့်မယ်”
“သူလား”
ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက သူမ၏ ခေါင်းကို ညင်သာစွာခါပြီး စိတ်ဝင်စားခြင်း မရှိသည့်ဟန်ဖြင့် သာမန်ကာလျှံကာ ပြောလိုက်၏။
“သူက ဘယ်ဂိုဏ်းကို ဝင်ရောက်မလဲ ငါ မသိဘူး.. ဒါပေမဲ့ သူက ကောင်းကင်နဲ့ မြေကြီး တက္ကသိုလ်ကိုတော့ သေချာပေါက် ဝင်ရောက်မှာ မဟုတ်ဘူး”
“ဘာလို့လဲ”
မိန်းကလေးက မေးလိုက်၏။
ရိုးရှင်းသော ဝတ်စုံဝတ် အမျိုးသမီးက ရှင်းပြမနေပေ။ သူမ၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွားပြီး ရထားလုံးကို ထိန်းချုပ်ကာ နေရာကနေ ထွက်ခွာသွား၏။
လေထဲတွင်…
ရစ်ခွေနဂါးတံဆိပ်ပြား အရေအတွက် အများဆုံးနှင့် ဒုတိယလူက မင်းသမီး သက်တံနီ ဖြစ်လေသည်။
မင်းသမီး သက်တံနီ၏ ပါရမီ အရည်အချင်းနှင့် အလားအလာကလည်း ကြောက်စရာကောင်းလေသည်။
ဆူဇီမိုကြောင့်သာ မဟုတ်လျှင် ဤမင်းသမီးသည် အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းက သူတို့၏ အစွမ်းကုန်ဖြင့် ခေါ်ယူစုဆောင်းရမည့် ပထမဆုံးလူ ဖြစ်လာပေလိမ့်မည်။
တကယ်တော့ မင်းသမီး သက်တံနီသည် အင်ပါယာလေဘုရားကျောင်းသို့ ဝင်ရောက်နိုင်ခြေများသည်ကို ကောင်းကင်အင်မော်တယ် လေးဦးက သိရှိထားကြ၏။
“အင်မော်တယ်ပျံဂိုဏ်းက စိတ်ဝင်စားတယ်”
ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က လေးနက်သော အသံဖြင့် ပြောလိုက်၏။
“တောင်တန်းပင်လယ် အင်မော်တယ်ဂိုဏ်းကလည်း စိတ်ဝင်စားတယ်”
ကောင်းကင်ချောက်နက် ထပ်ပြောလိုက်၏။
ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်းက ရယ်မောလိုက်၏။
“တာအိုရောင်းရင်းတို့.. ပွင့်ပွင့်လင်းလင်း ပြောရရင် သက်တံနီရဲ့ လှုပ်ရှားမှု နည်းစနစ်က သူ့ရဲ့ အကြီးမားဆုံး အားသာချက်ပဲ.. သူက အင်ပါယာလေဘုရားကျောင်းကို ဝင်ရောက်မှပဲ အဲဒီအားသာချက်ကို အမြင့်ဆုံးထိ မြှင့်တင်နိုင်လိမ့်မယ်.. ခင်ဗျားတို့နှစ်ယောက် ဘာမှ ယှဉ်ပြိုင်တိုက်ခိုက်နေစရာ မလိုတော့ဘူး… အင်ပါယာလေဘုရားကျောင်းကသာ သူ့အတွက် အသင့်တော်ဆုံး…”
မင်းသမီး သက်တံနီသည် ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်းက တောင်စဉ်ရေမရ လျှောက်ပြောနေသည်ကို တွေ့မြင်သောအခါ သူမက လက်ကာပြလိုက်၏။
“အဆင့်မြင့်အင်မော်တယ်… အဲဒီအကြောင်းကို ဆက်ပြီး ပြောနေစရာ မလိုတော့ဘူး.. ကျွန်မက ကောင်းကင်နဲ့ မြေကြီး တက္ကသိုလ်ကို ဝင်ရောက်လိုတယ်”
“ဟမ်”
ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်း၏ မျက်နှာပေါ်ရှိ အပြုံးက အေးခဲသွားပြီး အိုးတိုးအမ်းတမ်း အမူအရာတစ်ခုနှင့်အတူ သူ၏ စကားလုံးများကို ပြန်လည်မျိုချလိုက်ရ၏။
အခြားသော ကောင်းကင်အင်မော်တယ် သုံးဦးကလည်း အံ့အားသင့်သွားကြ၏။
“သက်တံနီ.. မင်း သေချာလို့လား”
ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်းက မျက်မှောင်ကြုတ်ပြီး လေးနက်သော အသံဖြင့် မေးလိုက်၏။
“မင်းက အင်ပါယာလေဘုရားကျောင်းကို ဝင်ရောက်မှပဲ မင်းရဲ့ ပါရမီအလားအလာကို အပြည့်အဝ ဖွင့်လှစ်နိုင်မယ်ဆိုတာ သိထားရမယ်”
“အစကတော့ ကျွန်မက အင်ပါယာလေဘုရားကျောင်းကို ဝင်ရောက်မလို့ပဲ”
ခဏမျှ ရပ်တန့်ပြီးနောက် မင်းသမီး သက်တံနီက ကောင်းကင်နှင့် မြေကြီး တက္ကသိုလ်အဖွဲ့ဘက်မှ အစိမ်းရောင်ဝတ် စာပေသမားကို ကြည့်ကာ ညင်သာစွာ ပြုံးလိုက်၏။
“ဒါပေမဲ့ အခုချိန်မှာ ကျွန်မရဲ့ စိတ်ကို ပြောင်းလဲလိုက်ပြီ”
ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်းက အေးစက်စွာ နှာတစ်ချက်မှုတ်ပြီး ဘာမှ ထပ်မပြောတော့ပေ။
ယန်လောရှုက ကျေနပ်သဘောကျသွားပြီး မင်းသမီး သက်တံနီကို ခေါင်းညိတ်ပြလိုက်၏။
“သက်တံနီ.. ဒီဘက်ကို လာလေ”
မင်းသမီး သက်တံနီက တခစ်ခစ်ရယ်မောပြီး ကောင်းကင်နှင့် မြေကြီး တက္ကသိုလ်အဖွဲ့ ရှိရာဘက်သို့ ပြေးသွားကာ ဆူဇီမို ဘေးမှာ မတ်တတ်ရပ်လိုက်၏။
“ကမ္ဘာမြေအင်မော်တယ်လေး.. နင် ငါ့လက်က မလွတ်ဘူးလို့ ငါပြောခဲ့သားပဲ.. ဟုတ်တယ်မလား”
မင်းသမီး သက်တံနီက လိမ္မာပါးနပ်သော အမူအရာတစ်ခုနှင့်အတူ ဆူဇီမိုကို တစ်ချက်ကြည့်ပြီး သူမ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။
ဆူဇီမိုက မည်သည့်အရာကိုမှ မကြားရသည့်အလား အမူအရာကင်းမဲ့စွာဖြင့် သူ၏ခေါင်းကို ငုံ့ထား၏။
“ဟမ်.. နင်က ဘာလို့ အေးတိအေးစက်လုပ်နေတာလဲ”
မင်းသမီး သက်တံနီက တိတ်တဆိတ် သူမ၏ လက်ညှိုးကို ဆန့်ထုတ်ပြီး ဆူဇီမို၏ ခါးကို လှမ်းတို့လိုက်၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက မနှိုင်းယှဉ်သာအောင် မာကြောလေသည်။ မင်းသမီး သက်တံနီ၏ လက်ညှိုးက ကျိုးလုနီးပါးဖြစ်သွားပြီး သူမက နာကျင်စွာဖြင့် ပင့်သက်ကို ရှိုက်ကာ အသံထွက်၍ အော်မိမတတ် ဖြစ်သွားရ၏။