← Chapters

အပြင်ဂိုဏ်းတပည့်များ

Vol. 143 Ch. 2145

အပြင်ဂိုဏ်းတပည့်များ

Vol. 143 Ch. 2145

အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲကိုဆက်လက်ကျင်းပခဲ့ပြီး အဲ့ဒါက မင်းသားယွင်လေအလှည့်သို့ ရောက်ရှိလာခဲ့၏။

အင်မော်တယ်ဂိုဏ်းအားလုံးက သူ့ကိုလိုချင်သော်လည်း သူကအတန်ကြာစဥ်းစားတွေးတောပြီးနောက် တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းကိုရွေးချယ်ခဲ့၏။

မင်းသားယွင်လေအတွက်တော့ သူကဘယ်ဂိုဏ်းကိုရွေးချယ်သည်ဖြစ်စေ ကိစ္စမရှိပေ။ သူမှတ်ထားသည့် တစ်ခုတည်းသောအရာမှာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကိုရှောင်လွှဲဖို့ဖြစ်၏။

အဲ့ဒါသည် ဆူဇီမိုက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ဝင်ရောက်သွားသောကြောင့်ဖြစ်လေသည်။

သူသည် ထိုတက္ကသိုလ်ကိုဝင်ရောက်မည်ဆိုလျှင် သူသည်အတန်ကြာသည့်အထိ ဆူဇီမို၏ ဖိနှိမ်ခြင်းကိုခံနေရပေလိမ့်မည်။

သူ့အတွက်တော့ အဲ့ဒါကလက်ခံနိုင်ဖို့မလွယ်ပေ။

သူသည် ဆူဇီမိုကိုမကျော်တက်နိုင်ဟု အလိုလိုယုံကြည်မိနေသည်ကို မင်းသာယွင်လေက သူ့ကိုယ်သူသတိမထားမိပေ။

မည်သူကမှ ကြားဝင်စွက်ဖက်ခြင်းမရှိတော့သည့်အခါ အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲက အောင်မြင်စွာပြီးမြောက်သွားပြီး အလျင်အမြန်အဆုံးသတ်သွား၏။

အင်မော်တယ်ဂိုဏ်း​လေးဂိုဏ်းသည် ဤတစ်ခေါက်သူတို့ရွေးချယ်စုဆောင်းထားသော တပည့်ဂိုဏ်းသားများနှင့်အတူ ရစ်ခွေနဂါးတောင်ကြောရိုးကနေ ထွက်ခွာလာပြီး သူတို့၏ ဂိုဏ်းများသို့ ပြန်လာခဲ့ကြ၏။

အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲက ပြီးဆုံးသွားသော်လည်း ရစ်ခွေနဂါးတောင်ကြောရိုးမှာရှိသော ကျင့်ကြံသူများစွာက မထွက်ခွာသေးလိုဘဲ ကိစ္စများစွာကို ဆွေးနွေးပြောဆိုနေကြ၏။

သိပ်မကြာခင် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ဖြစ်ပျက်ခဲ့သောအရာရာတိုင်းက ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်တစ်ခုလုံးကို မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားဖို့ သေချာသလောက်နီးပါးပင်။

အောက်ဘုံကနေတက်လှမ်းလာသော အဆင့်-၆ ကမ္ဘာ​မြေအင်မော်တယ်တစ်ယောက်သည် အာဏာပါးကွက်သားအစောင့်တပ်သားတစ်ရာကျော်ကို သတ်ဖြတ်ခဲ့၏။

မဟာနတ်မိမယ်လေးပါးထဲမှ နှစ်ပါးသည် စုစည်းရောက်ရှိလာပြီး တိုက်ခိုက်လုနီးပါးဖြစ်ခဲ့ကြ၏။

ပန်းချီအင်မော်တယ်မှာ တာအိုလက်တွဲဖော်တစ်ယောက် ရှိကောင်းရှိနေနိုင်လေသည်။

ထိုသတင်းများပျံ့နှံ့သွားသည်နှင့် သတင်းတစ်ခုချင်းစီသည် ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်တစ်ခုလုံးကို လှုပ်ခတ်သွားစေနိုင်၏။

ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်မှ ကျင့်ကြံသူများစွာသည် ဧရာမယာဥ်ပျံတစ်စင်းပေါ်သို့ ရောက်ရှိနေပြီး တိမ်စိုင်များကြားကနေ ဖြတ်သန်းသွာလာနေကြ၏။

ယာဥ်ပျံသည် ပေသုံးဆယ်ဝန်းကျင်ရှည်လျားပြီး အထပ်သုံးထပ်ပါရှိလေသည်။ တစ်ထပ်ချင်းစီကို ရှေးကျသော ဂုဏ်ကျက်သရေတစ်ခုနှင့်အတူ အလွန်တရာလက်ရာမြောက်စွာအလှဆင်ထားလေသည်။ ယာဥ်ပျံ၏ အခန်းများအတွင်းမှာ ပစ္စည်းအမျိုးအစားစုံလင်စွာရှိနေ၏။

ကုန်းပတ်ပေါ်မှာမတ်တတ်ရပ်ရင်း ဆူဇီမိုက လေညှင်းခံကာ သူတက်လှမ်းလာစဥ်ကတည်းက လွန်ခဲ့သည့် နှစ်သုံးထောင်အတွင်း သူတွေ့ကြုံခဲ့သည်များကို ပြန်လည်စဥ်းစားကာ ဝမ်းနည်းမှုကိုခံစားနေရ၏။

အထက်ဘုံလောက၏ နေရာဒေသပတ်ဝန်းကျင်က အလွန်တရာရက်စက်ကြမ်းတမ်းကြောင်းကို လူသားဧကရာဇ်နှင့် တျဲယွဲ့က တစ်ခါပြောခဲ့ဖူးလေသည်။

သို့သော်လည်း အဲ့ဒါသည် ဤမျှအထိဆိုးဝါးနေလိမ့်မည်ဟု ဆူဇီမိုက ထင်မှတ်မထားခဲ့ပေ။ သူ၏ ပါရမီအရည်အချင်းနှင့် နည်းလမ်းများနှင့်ပင်လျှင် သူသည် ယခုအချိန်ထိ ခက်ခက်ခဲခဲရှင်သန်ခဲ့ရပြီး မရေမတွက်နိုင်သော အန္တရာယ်များနှင့် ကြုံတွေခဲ့ရ၏။

အခြားတစ်ယောက်သာဆိုလျှင် အဲ့ဒါကပို၍ပင်ခက်ခဲပေလိမ့်မည်။

ထျန်ဟွမ်ကုန်းမြေတိုက်မှ သူ၏ မိတ်ဆွေဟောင်းများစွာက တက်လှမ်းလာပြီဖြစ်သော်လည်း သူက သူတို့ရောက်ရှိနေသည့်နေရာကို မသိရ​ပေ။

ဆူဇီမိုသည် သူတို့ကို စိုးရိမ်ပူပန်မိလာ၏။

အထူးသဖြင့် ရှောင်းနင်၊ ထောင်ယောင်နှင့် မြေခွေးလေးကဲ့သို့ စိတ်သဘောထားပျော့ပျောင်းသူများကို ဖြစ်လေသည်။ အထက်ဘုံမှာ သူတို့သည် မည်သို့သောဆင်းရဲဒုက္ခများကို တွေ့ကြုံခံစားရမလဲမသိနိုင်ပေ။

တကယ်တော့ သူက စိုးရိမ်ပူပန်နေသည်ဆိုလျှင်တောင် အဲ့ဒီမှာသူတတ်နိုင်တာဘာမှမရှိပေ။

သူတို့၏ မတူညီသော ကိုယ်ကာယများ၊ နည်းစနစ်များနှင့် မျိုးနွယ်များအရ သူတို့သည် မတူညီသောနေရာများသို့ တက်လှမ်းလာကြပေလိမ့်မည်။

အထက်ဘုံလောကတစ်ခုလုံးကိုမပြောနှင့် ကောင်းကင်ဘုံကမ္ဘာမှာပင်လျှင် ဆူဇီမိုအနေဖြင့် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေဆီတက်လှမ်းလာသည့် သူ၏ မိတ်ဆွေဟောင်းများကို ရှာဖွေဖို့ပင်ခက်ခဲနေလေသည်။

ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက အရမ်းကိုကြီးမားလွန်း၏။

ဆူဇီမို၏ လှုပ်ရှားမှုနည်းစနစ်အရ သူကအန္တရာယ်တစ်ခုခု သို့မဟုတ် မည်သည့်အဟန့်အတားနှင့်မှ မကြုံတွေ့ရဘူးဆိုလျှင်တောက် သူ့အနေဖြင့် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ လှည့်လည်သွားလာဖို့အတွက် နှစ်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။

ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ တစ်စုံတစ်ယောက်ကို ရှာဖွေလိုခြင်းက ကောက်ရိုးပုံထဲမှာ အပ်တစ်ချောင်းရှာရသည်ထက်ပင် ပို၍ခက်ခဲနေသေးလေသည်။

အောက်ဘုံလောကမှာ သူ့ကိုဆွဲထားသောတခြားတစ်ခုခုမရှိတော့ဘူးဆိုလျှင် သိုင်းတာအိုပင်မခန္ဓာကလည်း သိပ်မကြာခင်တက်လှမ်းလာပေလိမ့်မည်။

“နင်ဘာတွေစဥ်းစားနေတာလဲ”

ထိုစဥ်မှာပင် ဘေးကနေခပ်ဆတ်ဆတ်အသံတစ်သံက ထွက်ပေါ်လာ၏။

လှည့်ကြည့်ခြင်းမရှိဘဲ အဲ့ဒါကယန်ယန်းအင်မော်တယ်နိုင်ငံ၏ မင်းသမီးသက်တံနီဖြစ်သည်ဆိုတာကို ဆူဇီမိုကသိရှိလိုက်၏။

“ဘာရယ်မဟုတ်ပါဘူး”

ဆူဇီမိုက သာမန်ကာလျှံကာပြန်ဖြေလိုက်၏။

“အို”

မင်းသမီးသက်တံနီက ဆက်ပြောလိုက်၏။

“နင်က... အောက်ဘုံကတက်လှမ်းလာတာပဲ... နင်ကဘာလို့အဲ့လောက်ထိစွမ်းအားကြီးမားနေတာလဲ”

“ဒါနဲ့... အရင်နင်ထုတ်ဖော်ခဲ့တဲ့ ဧရာမရွှေရောင်တောင်ပံတစ်စုံက ဘာနတ်ဘုရားစွမ်းအားလဲ... နင်ကဘယ်လိုလုပ်ပြီး အဲ့လောက်ထိမြန်ဆန်နေရတာလဲ”

“နောက်ပြီး နင်က အသင်္ချေအသွင်ပြောင်းလဲခြင်းကိုလည်းသိထားတာလား... နင်က နင့်ရဲ့ရုပ်ရည်သွင်ပြင်ကို ဘယ်လိုလုပ်ပြီး အလွယ်တကူပြောင်းလဲနိုင်တာလဲ”

“နင်ထုတ်ဖော်လိုက်တဲ့ မီးတောက်လျှို့ဝှက်အတတ်ကလည်း တော်တော်လေးစွမ်းအားကြီးမားတယ်နော်... ငါကလည်း မီးနဲ့ဆိုင်တဲ့ လျှို့ဝှက်အတတ်တော်တော်များများကို သိထားတယ်... ယန်ယန်အင်မော်တယ်နိုင်ငံကို မီးတာအိုပေါ်မှာအခြေခံပြီးတည်ထောင်ထားတယ်ဆိုတာ နင်သိတယ်မလား အဲ့ဒီနေရာမှာဆိုရင် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကတောင်မှ ငါတို့ကိုယှဥ်နိုင်မှာမဟုတ်ဘူး”

“နင်က... မီးတာအိုမှာ အဆင့်တက်ချင်တယ်ဆိုရင် နင်ကငါနဲ့အတူ ယန်ယန်းအင်းမော်တယ်နိုင်ငံကို လိုက်နိုင်မယ့် အခွင့်အရေးတစ်ရပ်ကို ငါတို့ရှာဖွေလို့ရတယ်... ငါက နင့်ကို နန်းတော်စာကြည့်တိုက်ထဲကိုခေါ်သွားပြီး တစ်ချက်ကြည့်ခိုင်းမယ်”

ပြီးခဲ့သည့်ရက်အနည်းငယ်တွင် မင်းသမီးသက်တံနီက ဆူဇီမိုဘေးသို့ရောက်ရှိလာတတ်ပြီး သူ့ကိုစကားများပြောဆိုနေခဲ့၏။

ဆူဇီမိုက စိတ်အနှောက်အယှက်ဖြစ်နေသော်လည်း သူက အဲ့ဒါကို ရှင်းရှင်းလင်းလင်းထုတ်ဖော်မပြောဆိုနိုင်ပေ။ သူက မင်းသမီးသက်တံနီကို မောင်းမထုတ်ဘဲ ရံဖန်ရံခါမှသာ ပြန်ဖြေတတ်လေသည်။

မင်းသားယွမ်ကျောနှင့် မင်းသမီးမုန့်ယောင်နှင့်ယှဥ်လျှင် ယန်ယန်းအင်မော်တယ်နိုင်ငံ၏ ဤမင်းသမီးက စကားများ၍ စပ်စုတတ်သော်လည်း သူမက အခြားနှစ်ယောက်ထက်စာလျှင် များစွာပိုမိုကောင်းမွန်လေသည်။

မင်းသမီးသက်တံနီ၏ ဘေးပတ်လည်မှာ စိုးမိုးဗိုလ်ကျလိုသောအော်ရာမရှိပေ။ သူသည် အောက်ဘုံမှတက်လှမ်းလာသူတစ်ယောက်ဖြစ်သည်ဆိုတာကို သူမသိရှိထားသော်လည်း သူမ၏ မျက်လုံးထဲမှာ မည်သည့်အထင်အမြင်သေးမှုမှမရှိပေ။

ဆူဇီမိုသည် မင်းသမီးသက်တံနီ၏ တတွတ်တွတ်​ပြောဆိုနေသောစကားများဖြင့် သိပ်မကြာခင် တဖြည်းဖြည်း အသားကျလာခဲ့၏။ တဖြည်းဖြည်းနှင့် သူမ၏ တောင်စဥ်ရေမရစကားများကို နားထောင်ရင်း သက်ရောက်ခြင်းမရှိဘဲ သူ့ကိုယ်ပိုင်အတွေးများကို စဥ်းစားချင့်ချိန်လာနိုင်၏။

သူသည် အန္တရာယ်ကနေလွတ်မြောက်လာခဲ့ပြီဖြစ်သော်လည်း ဆူဇီမို၏ နှလုံးသားထဲရှိ မသက်မသာခံစားချက်က ပျက်ပြယ်မသွားသေးပေ။

မင်းသားယွမ်ကျောက အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ဘာ့ကြောင့်ပေါ်ထွက်လာသလဲ သူနားမလည်နိုင်ပေ။

ကြည်ရသည်မှာ မင်းသားယွမ်ကျောက သူ၏ တည်နေရာကို ရှင်းလင်းစွာသိရှိထားလေသည်။

ဒါ့အပြင် မင်းသားယွမ်ကျောသည် သူအသွင်ပြောင်းလဲထားသည့် ပုံစံကိုပါသိနေ၏။

အဲ့ဒါကဘယ်လိုဖြစ်နိုင်မှာလဲ။

“အားလုံးပဲ... ရှေ့တည့်တည့်မှာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရှိတယ်”

ထိုစဥ်မှာပင် ယန်လောရှု၏ အသံက ထွက်ပေါ်လာ၏။

ဆူဇီမိုက သူ၏ ငေးငိုင်ရာကနေ နိုးထလာပြီး သူ၏ စိတ်ထဲရှိအတွေးများကို လောလောဆယ်မှာ ခဏဘေးဖယ်ထားလိုက်၏။

ထိုအတွေးအန္တရာယ်များကို မင်းသားယွမ်ကျောတစ်ယောက်သာလျှင် ရှင်းလင်းပေးနိုင်ပေလိမ့်မည်။

ဆူဇီမိုက လှမ်းမျှော်ကြည့်ရှုလိုက်၏။

ရှေ့တည့်တည့်မှာ တောင်တန်းတစ်ခုက ပေါ်ထွက်လာခဲ့၏။ သူတို့ထဲမှာအချို့သည် တိမ်စိုင်များကြားထိ ငွားငွားစွင့်စွင့် မြင့်မားနေပြီး အရေမတွက်နိုင်သော သစ်ပင်ဝါးပင်များနှင့် ပန်းပင်များက သူတို့ပေါ်မှာပေါက်ရောက်နေ၏။

ပန်းပင်များကြားမှာ ခံ့ညားထည်ဝါသောနန်းတော်များက တစ်ခုပြီးတစ်ခု မြင့်တက်နေ၏။

သူတို့ကအနည်းငယ် နီးကပ်လာမည်ဆိုလျှင် လူတိုင်းသည် တုန်လှုပ်စရာကောင်းသော ပေါက်ကွဲသံများကို ဆက်တိုက်ကြားရပေလိမ့်မည်။

တောင်ထွတ်များစွာပေါ်မှာ ပေထောင်ချီရှည်လျားသော ရေတံခွန်များက ရေများကိုအောက်သို့ အဆက်မပြတ်သွန်ချပေးနေလေသည်။ ကြယ်တာရာမြစ်များနှင့်ဆင်တူစွာ သူတို့သည်အောက်ဘက်ရှိ ရေကန်များထဲသို့ စီးဆင်းလာပြီး တဝုန်းဝုန်းမြည်သံများကို ထွက်ပေါ်နေစေ၏။

ကြယ်တာရာမြစ်များက ကျဆင်းလာပြီး လေထဲမှာမြူခိုးများက ပြည့်နှက်ကာ သုခဘုံတစ်ခုကဲ့သို့ တောင်တန်းများကြားမှာ လွင့်မျောနေသော မင်္ဂလာတိမ်စိုင်များကိုဖြစ်ပေါ်လာစေ၏။

ဆူဇီမို၏ မျက်လုံးများက တုန်လှုပ်မှုဖြင့် ပြည့်နှက်နေ၏။ သူသည် ဂိုဏ်းများစွာနှင့် သာယာလှပသောကုန်းမြေများစွာကို တွေးမြင်ခဲ့ဖူးသည်ဆိုလျှင်တောင် သူတို့သည် သူ့ရှေ့မှမြင်ကွင်းနှင့်နှိုင်းယှဥ်လျှင် များစွာနိမ့်ကျနေ၏။

သူ့ရှေ့မှမြင်ကွင်းနှင့် နှိုင်းယှဥ်လျှင် ကြယ်တာရာဂိုဏ်း၏ ဖုန်းရွှေနယ်မြေက အနည်းငယ်စုတ်ပြတ်နေသည်ဟုထင်ရ၏။

ပို၍အရေးကြီးသည်မှာ ဤနေရာသို့ဝင်ရောက်လာပြီးနောက် ဤနေရာမှာရှိသော ကောင်းကင်နှင့်မြေကြီးအမြုတေချီက အပြင်ဘက်မှာရှိသော အမြုတေချီများထက် အဆများစွာပိုမို များပြားသည်ကို သူကရှင်းလင်းစွာ အာရုံခံစားမိနိုင်၏။

တစ်နည်းအားဖြင့် သူက ဤနေရာမှာကျင့်ကြံမည်ဆိုလျှင် သူ၏ ကျင့်ကြံမှုအလျင်အဟုန်က အပြင်ဘက်မှာထက် များစွာပိုမိုမြန်ဆန်လာပေလိမ့်မည်။

“အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းနဲ့ အင်မော်တယ်နိုင်ငံသုံးနိုင်ငံက ဒီလောက်များပြားတဲ့ ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စားမွန်းစတားတွေကို ပြုစုပျိုးထောင်ပေးနိုင်တာ အံ့ဩစရာမရှိတော့ဘူး... ဒီလိုမျိုး ကျင့်ကြံရေးပတ်ဝန်းကျင်တစ်ခုနဲ့ ဖုန်းရွှေနဲ့ဆိုရင် သူတို့ရဲ့ကြိုးစားအားထုတ်မှုက တစ်ဝက်ထိသက်သာနိုင်တာပဲ”

ဆူဇီမိုက ကြိတ်၍သက်ပြင်းချလိုက်၏။

“အားလုံးပဲ”

ယန်လောရှုက ဆူဇီမိုနှင့် အခြားသူများကိုကြည့်လိုက်၏။

“ဒီနေ့ကစပြီး မင်းတို့တွေက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရဲ့ အပြင်ဂိုဏ်းတပည့်တွေဖြစ်လာလိမ့်မယ်... ဒါက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရဲ့ အပြင်ဂိုဏ်းတည်ရှိရာနေရာပဲ”

ဆူဇီမိုက တုန်လှုပ်သွား၏။

ဤကဲ့သို့သောမြင်ကွင်းနှင့်ပင်လျှင် အဲ့ဒါသည် အပြင်ဂိုဏ်းတပည့်များအတွက် ကျင့်ကြံရာကုန်းမြေတစ်ခုသာဖြစ်နေ၏။

အတွင်းဂိုဏ်းတပည့်များနှင့် အမွေခံတပည့်များအတွက် မည်သို့သောသုခဘုံတစ်ခုက စောင့်ကြိုနေမလဲ။

ယန်လောရှုက ဆက်ပြောလိုက်၏။

“ငါမင်းတို့တွေကို ဒီနေရာကို ပို့ပေးမယ်... မင်းတို့တွေက အောက်ကိုဆင်းသွားမယ်ဆိုရင် အပြင်ဂိုဏ်း ဘဏ္ဍာစိုးတစ်ယောက်က မင်းတို့ကို လက်ခံတွေ့ဆုံပေးလိမ့်မယ်... အဲ့ဒီမှာ မင်းတို့တွေက မင်းတို့ရဲ့ အပြင်ဂိုဏ်းတပည့်တံဆိပ်ပြားတွေကို ရယူနိုင်တယ်”

“နောက်ပြီး မင်းတို့တွေက အသေးအဖွဲ့ကိစ္စတချို့ကို ကိုင်တွယ်တဲ့နေရာမှာ မင်းတို့ကိုကူညီပေးဖို့အတွက် အပြင်ဂိုဏ်းမှာရှိတဲ့ အစေခံတချို့ကိုလည်း ရွေးချယ်နိုင်တယ်”

“အပြင်ဂိုဏ်းတပည့်တိုင်းက အစေခံဆယ်ယောက်ကို ရွေးချယ်နိုင်တယ်... တခြားအရာတွေနဲ့ပတ်သက်ပြီးတော့ အပြင်ဂိုဏ်းဘဏ္ဍာစိုးက မင်းတို့ကိုပြောပြလိမ့်မယ်”

All Chapters