အခန်း (၁၂၃)
Vol. 9 Ch. 123
များပြားလှသော သူတော်စင်များ ထွက်ခွာသွားပြီးသည့်နောက် ရောင်စဉ်အလင်းနတ် နယ်မြေထဲတွင် ဖြစ်ပျက်ခဲ့သည်များသည် ဟာရီကိန်း မုန်တိုင်းကဲ့သို့ပင် ပျံ့နှံ့သွားခဲ့၏။ ကျင့်ကြံခြင်း လောကတစ်ခုလုံးသည် ထိုအရာကို သိရှိသွားခဲ့ကြသည်။
နတ်နယ်မြေတစ်ခုလုံး ဖျက်ဆီးခံရခြင်းသည် ကိစ္စသေးသေးလေး မဟုတ်ချေ။ လူသားမျိုးနွယ် တစ်ခုလုံးကိုပင် လှုပ်ခါသွားစေ၏။ ဤကိစ္စကို အဓိက ပြုလုပ်ခဲ့သည့် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းမှာတော့ လက်ရှိအချိန်တွင် အထင်ရှားဆုံး ဖြစ်လာခဲ့၏။
မုန့်ရှင်းကျီ တစ်ယောက် သူတော်စင်အဆင့်အစီအရင် အား မည်ကဲ့သို့ ချိုးဖျက်ပြီး ဝင်ရောက်ခဲ့ကြောင်းကို အားလုံးသော သူများက သိချင်နေမိကြ၏။ တစ်ချို့သော သူများ၏ ပြောဆိုသည်မှာ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် အင်ပါယာတစ်ယောက်ဆီမှ လမ်းညွှန်မှုကို ရရှိခဲ့ခြင်းဖြစ်ပြီး တစ်ချို့သော သူများ ပြောစကားအရဆိုလျှင် ရောင်စဉ်အလင်းနတ်နယ်မြေထဲတွင် သစ္စာဖောက်တစ်ယောက် ရှိနေသည်ဟူ၍ပင်။ ထိုအကြောင်းအရာများသည် တစ်ယောက်တစ်မျိုး ပြောဆိုရင်း တောမီးကဲ့သို့ ပြန့်နှံ့သွားလေသည်။
တော်ဝင်သဲကန္တာရမြို့၏ လက်ဖက်ရည်ဆိုင်တွင်တော့ ကျင့်ကြံသူ တော်တော်များများသည် သက်ဝင် လှုပ်ရှားစွာဖြင့် ဆွေးနွေးလျက် ရှိနေကြ၏။
"ခင်ဗျားတို့ ကြားပြီးပြီလား။ ရောင်စဉ်အလင်းနတ်နယ်မြေ မရှိတော့ဘူး"
"တာအိုရောင်းရင်းတို့ ဟာသလုပ်နေတာလား"
"တကယ်ပြောတာ။ "
"ရောင်စဉ်အလင်းနတ်နယ်မြေထဲမှာ အင်ပါရီယာလက်နက်တွေ၊ ကွာစီအင်ပါယာလည်း ရှိတယ်မလား"
"လက်ရှိ ရောင်စဉ်အလင်းနတ်နယ်မြေအရှင်က ငယ်စဉ်ကတည်းက အင်ပါယာတစ်ယောက်ရဲ့ ဟန်ပန်ကို ထုတ်ဖော်နိုင်တဲ့ ပါရမီရှင်တဲ့။ ပြီးတော့ နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ အင်အားစုတစ်ခုက ဘယ်လိုလုပ်ပြီး လွယ်လွယ်ကူကူနဲ့ ပျက်စီးရတာလဲ"
"အသေအချာပဲလေ။ ကောင်းကင်ပါရမီရှင်စာရင်းသာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စောပြီးထွက်ရင် ရောင်စဉ်အလင်းနတ်အရှင် အဲထဲမှာ ကျိန်းသေပေါက် ပါတယ်"
"တာအိုရောင်ရင်းတို့ …. ခင်ဗျားတို့စကားကို သေချာပြောကြ။ တော်ဝင်သဲကန္တာရမြို့မှာ နယ်မြေအသီးသီးက သူလျိုတွေ ရှိတယ်လေ။ မထင်မှတ်တဲ့ စကားတစ်ခုက နတ်နယ်မြေတွေကို စော်ကားသလို ဖြစ်နေလိမ့်မယ်။ "
"ကျုပ် ဘာဖြစ်လို့ ခင်ဗျားကို လိမ်ရမှာလဲ။ ရောင်စဉ်အလင်းနတ်နယ်မြေက ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရတယ်။ ပြီးတော့ ရောင်စဉ်အလင်းနတ်အရှင်ကလည်း ကောင်းကင်နတ်ဆိုးနန်းတော်ရဲ့ သူလျှိုတစ်ယောက် ဖြစ်နေခဲ့တယ်။ "
"ကျုပ်ပြောမယ် တာအိုရောင်းရင်း …. ခင်ဗျားက တကယ့်ကို ပုံပြောတဲ့ နေရာမှာ ပါရမီကောင်းတာပဲ။ ဒီထက်ပိုပြီး ပြောပါအုံး။ "
"ကျုပ်က ခရမ်းရောင်နယ်မြေရဲ့ တပည့်တစ်ယောက်လေ။ ကျုပ်တို့ နတ်အရှင်က ဒီကိစ္စ ကို ပြောခဲ့တယ်။ လုံးဝ မမှားနိုင်ဘူး။"
နောက်ဆုံးစကားကို ပြောလိုက်သည့် အချိန်မှာတော့ လက်ဖက်ရည်ဆိုင် တစ်ခုလုံးသည် တိတ်ဆိတ်သွားခဲ့၏။ လူပေါင်းများစွာတို့သည် ထိုသူကို ထူးဆန်းသလို လှမ်းကာ ပြည့်ရှုနေကြ၏။ ဘယ်ကမှန်းမသိသည့် တစ်စုံတစ်ယောက်သည် ပုံပြင်များကို လုပ်ကြံကာ ပြောနေသည့်အချိန်တွင် အားလုံးသောသူတို့က ရယ်ကောင်းရယ်နေပေလိမ့်မည်။ သို့ပေမဲ့ နတ်နယ်မြေမှ တပည့်တစ်ယောက် ပြောနေသည် ဖြစ်သောကြောင့် ဤကိစ္စသည် အမှန်ပင် ဖြစ်ပေလိမ့်မည်။
ရောင်စဉ်အလင်းနတ်နယ်မြေသည် တကယ်ပဲ ပျက်စီးသွားခဲ့သည်လား။ မဟုတ်ပါက ခရမ်းရောင် နတ်နယ်မြေမှ အတွင်းစည်းတပည့်သည် ထိုကဲ့သို့သော စကားများကို ပြောဆိုရဲလိမ့်မည် မဟုတ်ချေ။ စကားဖြင့် ပြောဆိုသည်ဆိုသော်လည်း ပြောဆိုခဲ့သည့် အကြောင်းအရာနောက်တွင် တာဝန်ယူရမည်များ တည်ရှိနေသည် မဟုတ်ပါလား။
ခရမ်းရောင် နတ်နယ်မြေသည် အားကောင်းလှသော်လည်း ရောင်စဉ် အလင်းနတ်နယ်မြေကို သွားရောက်ကာ ရန်ပြု၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။
ကောင်းကင်လျို့ဝှက် နန်းဆောင်အတွင်းမှာတော့ ပိုင်ချမ်းဟန်သည် အလျင်စလိုဖြင့် လျှောက်ဝင်လာခဲ့၏။ သူ့အနေဖြင့် နိုင်ငံ၏ အင်ပါယာ ဖြစ်လာခဲ့ပြီးသည့်နောက် ပထမဆုံးအကြိမ် အရေးကြီးသုတ်ပြာ ဖြစ်နေခြင်းပင်။
"စီနီယာ …"
ဝင်ဝင်လာချင်းမှာပဲ ပိုင်ချမ်းဟန်သည် အလောတကြီးဖြင့် အော်ဟစ်လာ၏။
"ဘာတွေဖြစ်နေတာလဲ။ ဘယ်လိုဖြစ်ပြီ မောကြီးပန်းကြီး ဝင်လာရတာလဲ"
လီယွင်သည် လှမ်းကြည့်ကာဖြင့် တည်တည်ငြိမ်ငြိမ် မေးမြန်းလိုက်သည်။ "ခင်ဗျား ဒီလိုဖြစ်ရအောင် ဘာကိစ္စများဖြစ်လို့လဲ"
"ရောင်စဉ်အလင်းနတ်နယ်မြေ မရှိတော့ဘူး" ပိုင်ချမ်းဟန်သည် လေးလေးစားစားဖြင့် ပြောလိုက်၏။
တကယ့်ကို ကြီးမားလှသည့် နတ်နယ်မြေတစ်ခု ဖျက်ဆီးခံလိုက်ရခြင်းမှာ မယုံကြည်နိုင်စရာပင်။ အတည်မပြုရသေးသော်လည်း လူပေါင်းများစွာတို့က အတည်ပြုမတတ် ပြောဆိုနေကြ၏။ သင့်တင့်သည့် အချိန်တစ်ခုထိ စောင့်ဆိုင်းပြီးနောက် ရောင်စဉ်အလင်းနတ်နယ်မြေသည် ငြင်းဆန်သည့် အကြောင်းများ ထွက်ပေါ်မလာခဲ့ချေ။ ငြိမ်သက်လျက် ရှိနေ၏။ ၎င်းတို့၏ အကြီးအကဲ ၊ တပည့် တစ်ယောက်မှ ထွက်မလာခဲ့ချေ။ ပြောရမည်ဆိုလျှင် ကောလဟာလသာ ဖြစ်ပါက ရောင်စဉ်အလင်းနတ်နယ်မြေမှ လူများသည် ထွက်ကာလာ ငြင်းဆိုရမည် မဟုတ်ပါလား။
ဟင်း …..။ လီယွင်သည် အသာသက်ပြင်းချလိုက်၏။ သူသည် အံ့အားသင့်သည့် ပုံစံမျိုး မပြသချေ။ အစီအရင်ကို ချိုးဖျက်နိုင်သည့် နည်းလမ်းရှိသောကြောင့် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းအနေဖြင့် ကွာစီအင်ပါယာမရှိသော ရောင်စဉ်အလင်းနတ်နယ်မြေကို ဖျက်ဆီးရန်မှာ တစ်ကယ်ပင် လွယ်ကူ၏။ မုန့်ရှင်းကျီသည် ရှိသမျှ အရာအားလုံးကို သိမ်းဆည်းသွားလောက်၏။
"စီနီယာ သိနေပြန်ပြီလား"
ပိုင်ချမ်းဟန်သည် ဆွံ့အသွားမိသည်။
"ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းမလား"
လီယွင် အမှုမှတ်အမှတ်မဲ့ ပြောလိုက်၏။ ပြီးသည့်နောက် အသာလှည့်ကာ မှတ်ချက်ပေးလိုက်၏။ "ဒီတော့ ဒီလိုအချိန်အတွင်း ဖန်းနီရှန်ကို ရှာရမဲ့အစား ဒီကိုလာတယ်ဆိုတော့ အဲအကြောင်း ကျုပ်ကို လာပြောတာလား။"
"တကယ့်ကို ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းကပါပဲ" ပိုင်ချမ်းဟန်သည် တီးတိုးရေရွတ်လိုက်မိသည်။
သတင်းကို ရရချင်းတုန်းက သူ အစစ်အမှန် အံ့အားသင့်ခဲ့၏။ ထို့အပြင် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၏ အားအင်အဆင့်သည် ရောင်စဉ်အလင်းနတ်နယ်မြေထက် ပိုမိုကာ အားနည်းလွန်းလှချေ၏။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းအနေဖြင့် တကယ်ကြီး ဖျက်ဆီးရဲသည့် သတ္တိရှိလိမ့်မည်ဟု မည်သူက ထင်မှတ်မည်နည်း။
"စီနီယာ ဒီဖြစ်စဉ်ရဲ့ နောက်က လမ်းညွှန်ပေးခဲ့တာလား။ " ပိုင်ချမ်းဟန်က တွေးတောလိုက်၏။
သူသည် ဤမေးခွန်းကို ထုတ်မမေးရဲချေ။ ဒီကိစ္စကို တွေးတောလေ ပိုမိုကာ မှန်ကန်လေ ဖြစ်၏။ သို့ပေမဲ့ များများသိလျှင် မြန်မြန် သေဆုံးနိုင်ပေသည်။ တချို့သော နတ်နယ်မြေများ၏ လျှို့ဝှက်ချက်ကို မသိခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက သူသည် ပဲလှော်ကြား ဆားညပ်ပေလိမ့်မည်။
"စီနီယာရဲ့ အမြင်အာရုံက တကယ့်ကို လေးစားလောက်ပါတယ်။ ကျုပ် ချီူးကျူးပါတယ်"
ပြီးနောက် သူသည် လီယွင်အနားကို ကပ်ပြီးနောက် တစ်ခုခုကို ပြောလိုက်၏။ "အရိုးသားဆုံး ပြောရမည်ဆိုလျှင် ကျုပ်လာရတဲ့ အကြောင်းအရာက ဖန်းနီရှန် နဲ့ တကယ်ပဲ သက်ဆိုင်နေတယ်။"
ထိုမိန်းကလေးသည် တကယ်ပင် ကောင်းကင်ပါရမီရှင်စာရင်း၌ သုံးဆယ့်တစ်ယောက်မြောက် နေရာကို ပိုင်ဆိုင်သူ တစ်ယောက်ဖြစ်၏။ သူမ၏ နည်းလမ်းများသည် တကယ်ပင် ရိုးရှင်းပြီး တော်လွန်းလှ၏။ သူမသည် သူတော်စင်အဆင့် ဘိုးဘေးကြီးများ ရှာဖွေလျင်တောင်မှ တစ်ချက်ကလေးမတွေ့အောင် ပုန်းအောင်းနိုင်စွမ်း ရှိနေသည်။
"သူမရဲ့နောက်မှာ ဆရာတစ်ယောက် ရှိတယ်လေ။ ဒီတော့ ရှာဖို့လွယ်မှာ မဟုတ်ဘူး"
လီယွင်က အသာပြောလိုက်၏။ "ဒါပေမဲ့ ဒီလီက ဖန်နီရှန် သဲဝါဒေသကနေ မထွက်သွားရသေးဘူး ဆိုတာ သိတယ်။ တည်နေရာက ကျယ်ပြန့်လွန်းတယ်ဆိုပေမဲ့ သတင်းကို မကြာခင် ရပါလိမ့်မယ်။ စိတ်မပူပါနဲ့"
လီယွင်သည် ခေါင်းကိုလှည့်လိုက်ပြီးသည့်နောက် သူ၏ ရှေ့တွင် ရှိနေသော စနစ်ကို ကြည့်ရှုလိုက်၏။ သူသည် အတွေးနက်လျက် ရှိ၏။
တစ်ခြားသော တစ်စုံတစ်ယောက်သာ ဤအရာကိုမြင်ပါက အံ့အားသင့်သွားပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် နတ်နယ်မြေ တစ်ခုခြင်းစီ၏ နတ်အရှင်များကို ပြသထားသောကြောင့်ပင်။
ကောင်းကင်ပါရမီရှင်စာရင်းသည် တည်ရှိနေပြီ ဖြစ်၏။ လီယွင်အနေဖြင့် နောက်တစ်ခု ဖန်တီးချင်သည်မှာ နတ်နယ်မြေများ၏ နတ်အရှင် စာရင်းပင် ဖြစ်၏။ သူသည် အပိုင်းနှစ်ခုအဖြစ် ခွဲထား၏။ တစ်ခုသည် လမ်းမှန်ဂိုဏ်း၊ တစ်ခုသည် နတ်ဆိုးဂိုဏ်း ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ သူသည် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အရှင်ကို ရှာဖွေမတွေ့ခဲ့ချေ။ ကြည့်ရသည်မှာ လက်ရှိ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အရှင်သည် စာရင်းထဲ ပါဝင်ရန်ပင် မထိုက်တန်သည့် အားနည်းလွန်းသောသူ ဖြစ်ပေလိမ့်မည်။
၎င်းနှင့် ပတ်သက်၍ တန်ပြန် ပြုလုပ်မည့် မဟာဗျူဟာကို ချောင်ထိုးထားရပေတော့မည်။ မထိုက်တန်သည့် လူတစ်ယောက်အတွက် သူ၏ ဦးနှောက်ကို အသုံးပြုရန် မလိုအပ်ချေ။