← Chapters

အခန်း (၁၃၂)

Vol. 9 Ch. 132

အခန်း (၁၃၂)

Vol. 9 Ch. 132

"မွန်းစတားကလန်တွေထဲက တကယ့်ကို အား​ကောင်းလှပါတယ်လို့ ကျော်ကြားခဲ့တဲ့ ရွှေနတ်ဘုရား လူဝံကလန်က အခု လူသားမျိုးနွယ်တွေရဲ့ စီးတော် သတ္တဝါ တောင်ဖြစ်နေပါလား။"

ကျန်းချန်သည် ခြေတစ်လှမ်း လှမ်းတက်လိုက်၏။ သူ၏ဆံနွယ်များသည် လေထဲတွင် လွင့်လျက် ရှိနေ၏။ သူ၏ အကြည့်များသည် စူးရှလွန်းလှ၏။ သူသည် ကြီးမားလှသည့် ပုဆိန်ကြီးကို ကိုင်ဆောင်ထားပြီး ခန်းမှန်း၍မရအောင် အားကောင်းလှသော ဖိအားများကို ထုတ်ဖော် ပြသလျက် ရှိနေ၏။

ဘုန်း ….။

မမြင်ရသည့် အားလှိုင်းတစ်ခုသည် ဖြစ်တည်လာခဲ့၏။ ကျန်းချန်၏ ရှေ့တွင် ရပ်နေသော ရွှေနတ်ဘုရား လူဝံကြီးသည် အရွယ်အစား အားဖြင့် နှစ်ဆလောက် ကြီးမားသည် ဆိုသော်လည်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ ၎င်း၏ မျက်လုံးထဲတွင် ကြောက်လန့်မှုများ တည်ရှိနေကြောင်း အတိုင်းသား မြင်နေရသည်။

ရွှေနတ်ဘုရားလူဝံ သွေးမျိုးဆက်သည် သာမန်ထက်ပိုသည် ဆိုသော်လည်း ရွှေရောင် တောင်ပံ တော်ဝင်ဖန်းကလန်နှင့် နှိုင်းယှဉ်လျှင်တော့ ဘာမှမဟုတ်ချေ။ ပြောနေစရာပင် မလိုချေ။ တစ်ဖက် သတ္တဝါ သည် သန့်စင်လွန်းသည့် နတ်ဘုရားလူဝံ ​သွေးမျိုးဆက်ကို ပိုင်ဆိုင်သည်လည်း မဟုတ်ချေ။

အကယ်၍ သန့်စင်လှသည် နတ်ဘုရားလူဝံ သွေးမျိုးဆက်သည်သာ စီးတော်သတ္တဝါ ဖြစ်‌နေလျှင် ကျန်းချန် ဝင်ပြောနေစရာပင် မလိုအပ်ချေ။ ရွှေနတ်ဘုရား လူဝံမျိုးနွယ်တစ်ခုလုံး ယမ်းပေါ်မီးကျ ပေါက်ကွဲကုန်ကြပေလိမ့်မည်။

“ဟမ် ….” တိုင်ချူး နတ်သားတော်သည် လက်ကို အသာဆန့်တန်းပြီးနောကိ ကျန်းချီများကို စုစည်းလိုက်၏။ သူသည် အောက်တွင် ရှိနေသည့် သားရိုင်းကို ငြိမ်သက်အောင် ထိန်းချုပ်ပြီးနောက် ဖြေးညင်းစွာ ပြောလိုက်၏။ "မွန်းစတားတွေ ပိုင်ဆိုင်တဲ့ နယ်မြေထဲမှာဆိုရင်လည်း ကျုပ်တို့ လူသားတွေက ကျေးကျွန်တွေ ဖြစ်နေတာပဲ မဟုတ်လား"

ကျင့်ကြံခြင်း လောကထဲတွင် ဤကဲ့သို့သော အခြေအနေများသည် သာမန်ပင် ဖြစ်၏။ လူသားဌာနေထဲတွင် မွန်းစတားများသည် ပစ္စည်းများကို ရယူလိုသောစိတ်ဖြင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ ထိုအပြင် စီးတော် သတ္တဝါ များအဖြစ် ခိုင်းစေခံရသည်။ ထို့အတူ မွန်းစတားကလန်များ ထိန်းချုပ်ရာ နေရာတွင်လည်း လူသားများသည် ထိုကဲ့သို့ ခံစားရသည် မဟုတ်ပါလား။ ကျင့်ကြံခြင်း လောကတွင် နေထိုင်သည်နှင့် စတေးခြင်းများသည် မဖြစ်မနေ ပါဝင်လာသည့် အရာပင်။

ကျန်းချန်၏ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် ပိုမိုကာ ထက်ရှလာ၏။ သူ၏ စကားလုံးများသည် ပိုမိုကာ အေးစက်လာသည်။ "သူ့ကို သတ်လိုက်။ မင်းကို ဒီကနေ ထွက်ခွာခွင့်ပေးမယ်။ ငါကိုယ်တိုင် လှုပ်ရှားရင် မင်းတို့နှစ်ယောက်လုံး သေရမယ်။"

ဤစကားစုသည် ရွှေနတ်ဘုရားလူဝံကို ရည်ညွှန်းသည်သာမက ထိုက်ချူနတ်ဘုရားကိုလည်း ပြောဆိုခဲ့ခြင်း ဖြစ်၏။

"ဒါက မွန်စတားတွေရဲ့ နည်းလမ်းလား"

တိုင်ချူးနတ်သားတော်၏ အပြုံးသည် ပျောက်ကွယ်သွားခဲ့၏။ သူ၏ ဟန်ပန်သည် ပိုမိုကာ အရှိန်အဝါ ကြီးမားလာသည်။

"အမှန်ပဲ။”

“ဒါပေမဲ့ မင်းစိတ်ပျက်သွားမှာ စိုးရတယ်"

တိုင်ချူး နတ်သားတော်သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ သူသည် လေဟာနယ်ထဲတွင် တစ်လှမ်းခြင်း ဆင်းလျှောက်လာခဲ့၏။ သူတို့ကြားထဲတွင် ရှိနေသည့် အကွာအဝေးသည် သိပ်ပြီး မကွာဝေးလှချေ။ အခြေအနေတစ်ခုလုံးသည် တင်းမာလျက် ရှိ၏။ သူ၏ စီးတော်သားရဲသည်သာ သေဆုံးသွားပါက စီးတော်သားရဲ တစ်ကောင်ကိုပင် မကာကွယ်နိုင်သည့်လူအဖြစ် လူပေါင်းများစွာတို့က ရယ်မောပေလိမ့်မည်။ တိုင်ချူးနတ်သားတော်၏ အားအင်အဆင့်သည် အားလုံးသောသူတို့ ထိုကဲ့သို့ ပြောရမည် အခြေအနေမျိုး မဟုတ်ချေ။

"ဒါဆိုရင် မင်းနဲ့ စီးတော်သားရဲတို့ အတူတူနားကြပေါ့"

ထိုစကား ပြောပြီးပြီးချင်းမှာပဲ လမ်းတစ်လျှောက်၌ထက်ရှလှသည့် အော်ရာများ ဖုံးလွှမ်းသွားခဲ့၏။ အခြေနေသည် ပိုမို၍ တင်းမာလာခဲ့၏။

ကျန်းချန်သည် ပုဆိန်ကြီးကို ကိုင်ဆောင်ကာဖြင့် ကြောက်မက်ဖွယ်ကောင်းသည့် အားအင်ကို ထုတ်ဖော်လျက် ရှိ၏။ ကြည့်ရှုနေသည့် လူများ၏ နှလုံးသားပင်လျှင် တင်းကျပ်လာခဲ့၏။ တော်ဝင် သဲကန္တာရမြို့တွင် ရှိနေသည့် အပူချိန်များသည် ရုတ်တရက် ကျဆင်းသွားခဲ့သည်။ အားလုံးတို့သည် ကျောရိုးမကြီးများပင် စိမ့်တက်လာခဲ့ကြသည်။

ကျန်းချန်၏ ဘေးတွင် ရှိနေသည့် ဦးလေးဖုသည် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်၏။ သူ၏ အတွေ့အကြုံများအရ သူသည် ယုံကြည်စွာဖြင့် အပြုံးတစ်ခုကို ဖန်တီးထား၏။ အပြုံးသည် တိကျသည့် အပြုံးပင်။ သူ၏ မျက်လုံးထဲတွင်တော့ တိုင်ချူးနတ်သားတော်သည် သူတို့သခင်လေး၏ ပြိုင်ဖက် မဟုတ်ချေ။ သူတို့သခင်လေး၏ ကောင်းကင်ပါရမီရှင်စာရင်း တည်နေရာ တည်မြဲရန်အတွက် ထိုက်ချူ နတ်သားတော်သည် အကောင်းဆုံး ပံ့ပိုးပေးပေတော့မည်။

"တိုက်ပွဲစတော့မှာမလား။ " စိတ်လှုပ်ရှားမှုများသည် လူအုပ်ကြားထဲတွင် ဖြစ်တည်လာခဲ့၏။

"တိုင်ချူး နတ်သားတော် အန္တရာယ်များနေပြီ။ ရွှေရောင်တောင်ပံ တော်ဝင် ဖန်းကလန်က မွန်းစတားတွေထဲမှာ အမြန်ဆုံးလို့ ​ေပြာကြတယ်။ သူတို့ရဲ့ အမြန်နှုန်းကို လိုက်ပြီးတော့ ယှဉ်နိုင်တာဆိုလို့ ခွန်ဖန်မျိုးနွယ်ပဲ ရှိမယ်ထင်တယ်။ ပြီးတော့ ခန္ဓာကိုယ်အရ မွန်းစတားတွေက တကယ်ကို ကြမ်းတမ်းတယ်လေ။ ခန္ဓာကိုယ်ကို ဦးစားပေးကျင့်တဲ့ လူသားမျိုးနွယ်တွေတောင်မှ သူတို့ယှဉ်လို့မရဘူး။ "

ပွဲကြည့်သူများသည် အ​ခြေအနေကို သေသေချာချာ စူးစိုက်ကြည့်ရှုနေကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လျက် ရှိ၏။

လူသားနှင့် မွန်းစတားများသည် ကျင့်ကြံခြင်းနည်းစနစ်နှင့် ခန္ဓာကိုယ်များသည် ကွာခြားလှ၏။ ရွှေရောင်တောင်ပံ ဖန်းကလန်သည် အမြန်နှုန်းဖြင့် ကျော်ကြားလှသည့် ကလန်တစ်ခုဖြစ်သည်။

"စိတ်ပူစရာ မလိုဘူး။ တိုင်ချူး နတ်သားတော်က သာမန်လူမှ မဟုတ်တာ။ သူက နာမည်တစ်လုံးနဲ့ ရပ်တည်နေ တဲ့ လူတစ်ယောက်ပဲ "

အနီးအနားတွင် ရှိနေသော တစ်စုံတစ်ယောက်သည် စိုးရိမ်မှုများ ​ပျောက်ကွယ်အောင် ပြောဆိုလိုက်၏။ “ရွှေရောင် အတောင်ပံ တော်ဝင် ဖန်းကလန်နဲ့ ရင်ဆိုင်တဲ့အခါမှာ တိုင်ချူး နတ်သားတော်က လွယ်လွယ်ကူကူနဲ့ ဖိနှိပ် နိုင်မှာပဲ "

"ရွှေ​ရောင်အတောင်ပံ တော်ဝင်ဖန်းရဲ့ အမြန်နှုန်း …… ငါဒါကို မြင်ချင်နေတာ ကြာပြီ" တိုင်ချူး နတ်သားတော်သည် ပွင့်ပွင့်လင်းလင်းပင် ပြောဆိုလိုက်၏။ သူသည် စကားလုံးများကို မဖြုန်းတီးချေ။ ရှေးစေတီကြီးကို ဆင့်ခေါ်ပြီးနောက် ရှေးစေတီကြီးသည် သူ၏ ဦးခေါင်းထက်တွင် လွင့်မျောနေသည်။

သူ၏ အ မြန်နှုန်းနှင့် ခန္ဓာကိုယ်အားအင်က တပန်းနိမ့်နေလျှင်တောင်မှ ရတနာက သူ့ကို အားဖြည့်ပေး ပေလိမ့်မည်။ ခရမ်းရောင် အော်ရာများသည် ကြယ်စင်စုများကြားမှ ဆင်းသက်လာပြီး သူ့ကို ကာကွယ်ပေးထားသည်။ တာအို၏ သင်္ကတများသည် လေထုထဲ၌ ပေါ်လာ၏။

"ဒီနေ့မှာ ငါမင်းကိုပြမယ်" ကျန်းချန်သည် အေးစက်စက် အော်ဟစ်လိုက်၏။ ပြီးသည့်နောက် လက်တစ်ဖက်ဖြင့် စည်းသင်္ကေတတစ်ခုကို ဖန်တီးလိုက်သည်။

ဘုန်း …..။

ကြမ်းတမ်းလွန်းလှသည့် ပေါက်ကွဲသံကြီးသည် လောကတစ်ခုလုံး ပျက်ဆီးသွားသကဲ့သို့ပင်။ အားလုံးသောသူတို့သည် ထိတ်လန့်သွားခဲ့ကြ၏။

ကြည့်ရသည်မှာ ဤကဲ့သို့ ထိပ်တိုက် တိုက်ခိုက်မှုသည် ကောင်းမွန်သည့် ရွေးချယ်မှု မဟုတ်ပုံပင်။

ဂူး …..။

ရွှေရောင်တောင်ပံ တော်ဝင်ဖန်းကလန်မှ သခင်လေးသည် ကျယ်လောင်လှသည့် မာန်သွင်းသံကြီးကို ထုတ်​ဖော်လိုက်၏။ ၎င်းသည် ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးကိုပင် တုန်ခါသွားစေ၏။ ရွှေရောင်တောင်ပံကို တစ်ချက် ယမ်းခါလိုက်ချိန်မှာတော့ ထိုအတောင်ပံများသည် ရွှေနှင့် ဖန်တီးပြုလုပ်ထားသော နတ်ဘုရား ဓားများ ကဲ့သို့ပင်။

“ဖန်း ….”

တိုင်ချူး သားတော်သည် ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ပြီးနောက် လေထုထဲကို ခုတ်ပိုင်းလိုက်၏။ ကျယ်ပြောလှသည့် ဓားရောင်စဉ်များသည် ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။

၎င်းတို့နှစ်ယောက် တိုက်ခိုက်နေတုန်းမှာပဲ လီယွင်၏ အသံသည် ကောင်းကင်လျို့ဝှက် နန်းဆောင်ထဲမှ ထွက်ပေါ်လာသည်။

"လုံလောက်ပြီ။ တော်ဝင်သဲကန္တာရမြို့ထဲမှာ ဘယ်သူမှ မတိုက်ခိုက်ရဘူး။"

All Chapters