← Chapters

လူငယ်များ၏ချစ်ခြင်း

Vol. 13 Ch. 218

လူငယ်များ၏ချစ်ခြင်း

Vol. 13 Ch. 218

ရှောင်ရှင်းရှင်းနှင့် ရှောင်မင်ယန်းတို့သည် ရင်းနှီးနေသည့်အသံကိုကြားလိုက်ရခြင်းကြောင့် ဂိုဒေါင်ထဲမှ ထွက်လာကြခြင်းဖြစ်လေသည်။ တစ်ဖက်လူကိုတွေ့လိုက်သည်နှင့် သူတို့ခန္ဓာကိုယ်များ အလိုလိုတုန်လှုပ်သွားကာ ထူးဆန်းသည့်လေသံဖြင့်မေးလိုက်ကြသည်။ “သခင်လေးကျန့်၊ ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ။”

လျိုချွမ်းဟွာက သူတို့ပြောပုံဆိုပုံကိုကြည့်ပြီး ပြုံးလိုက်လေသည်။ “ရှင်းရှင်း၊ မင်းတို့အချင်းချင်းသိကြတာလား။”

“ဟုတ်ကဲ့ သိပါတယ်။”

“မသိဘူး!”

ပထတစ်ခွန်းက ကျန့်ယောင်ကျူပြောခြင်းဖြစ်ကာ ဒုတိယတစ်ခွန်းကတော့ ရှောင်ရှင်းရှင်း အလျင်စလိုဖြေလိုက်ခြင်းဖြစ်လေသည်။

လျိုချွမ်းဟွာ၊ “…..”ဒီတော့ သူတို့အချင်းချင်းသိတာလား မသိတာလား။

ကျန့်ယောင်ကျူကအသိပ်ပြန်ဝင်သွားကာ၊ “ရှင်းရှင်း၊ မင်းငါ့ကို ခွင့်မလွှတ်သေးဘူးလား။”

လျိုချွမ်းဟွာ၊ “….” ဒီနှစ်ယောက်ကြားထဲ တစ်ခုခုရှိနေတာလား။

ရှောင်ရှင်းရှင်း၊ “….” စကားကိုဘယ်လိုပြောလိုက်တာလဲ။ သူပြောတဲ့ပုံကြီးက မသင်္ကာစရာကောင်းလွန်းတယ်။

ရှောင်ရှင်းရှင်း တစ်ခုခုပြောတော့မည့်အချိန်မှာပဲ တစ်ဖက်မှ စတုတ္ထဒေါ်လေးရှောင်၏ စူးစမ်းနေသည့်အကြည့်ကို မြင်လိုက်ရကာ တွေးမိလိုက်လေသည်။ ‘တွေ့လား၊ အထင်လွဲကုန်ပြီ။’

ရှောင်ရှင်းရှင်းလည်း အသက်ပြင်းပြင်းရှိုက်ပြီး ပြန်မေးလိုက်သည်။ “သခင်လေးကျန့် ဘာလို့ဒီကိုရောက်နေတာလဲ။”

ကျန့်ယောင်ကျူက ခေါင်းအသာကုတ်ရင်း မျက်နှာက နီနေကာ ရှက်နေပုံပေါ်လေသည်။ “ငါ..ငါ အလုပ်လျှောက်ဖို့လာတာပါ။”

“အလုပ်လျှောက်ဖို့?” ရှောင်ရှင်းရှင်းတစ်ယောက် သံသယများဖြင့် ကျန့်ယောင်ကျူကိုကြည့်လိုက်ပြီးနောက် ထပ်မေးလိုက်ပြန်သည်။ “သခင်လေးကျန့်၊ ဒီကိုအလုပ်လျှောက်ဖို့လာတာပေါ့?”

ရှောင်ရှင်းရှင်း၏ခေါင်းထဲမှာတော့ သံသယများဖြင့်သာ ပြည့်နေတော့သည်။ ကျန့်ယောင်ကျူသည် ချမ်းသာသည့်မိသားစုမှဖြစ်ကာ ဖခင်သည်လည်း အဆင့်မြင့်အရာရှိတစ်ဦးဖြစ်လေတာကြောင့် သူ့အနေနှင့် အလုပ်တစ်ခုလုပ်ဖို့လိုလိမ့်မည်ဟု သူမ မထင်မိပေ။ ဒါ့အပြင် သူသာ အလုပ်ရှာလိုလျှင် အလုပ်သမားရေးရာဌာနမှာ အလုပ်တစ်ခု အလွယ်လေးရှာနိုင်ပေသည်။

ကျန့်ယောင်ကျူက ပြုံးလျက်၊ “ဟုတ်တယ်၊ ဒီမှာ အလုပ်လာလျှောက်တာ။”

“သခင်လေးကျန့်၊ ကျွန်မတို့ဆိုင်က ရှင့်လိုလူမျိုးအတွက် အရမ်းကိုသေးငယ်လွန်းပါတယ်။ ကျွန်မတို့ ရှင့်ကို အလုပ်မခန့်နိုင်ဘူး။”

လျိုချွမ်းဟွာသည် ကျန့်ယောင်ကျူ၏အထောက်အထားအစစ်အမှန်ကို မသိလျှင်တောင်မှ သူ့ပုံပန်းသွင်ပြင်ကိုကြည့်ပင် အလုပ်ခန့်ရန်မရည်ရွယ်ထားပေ။ သူ့ပုံစံက ကာစတန်မာတွေကို ခြောက်လှန့်နိုင်ပေသည်။

“ဘာလို့လဲ။” ကျန့်ယောင်ကျူ စိုးရိမ်တကြီးပြန်မေးလိုက်သည်။

“ကျွန်မတို့သူဌေးက အခုဆိုင်မှာမရှိလို့ ကျွန်မတို့ဘာသာ ဆုံးဖြတ်လို့မရဘူး။ ပြီးတော့…” ရှောင်ရှင်းရှင်းက ကျန့်ယောင်ကျူ၏ ဝတ်ပုံစားပုံကိုကြည့်ရင်း ချီတုံချတုံဖြင့်ဆက်ပြောလေသည်။ “ရှင့်ရဲ့ဝတ်ပုံစားပုံနဲ့သာဆို ကျွန်မတို့ကာစတန်မာတွေကို ခြောက်ထုတ်မိလိမ့်မယ်။”

လျိုချွမ်းဟွာ၊ “…” ရှင်းရှင်းရယ် ဘာလို့တဲ့တိုးကြီးသွားပြောရတာလဲ။

ကျန့်ယောင်ကျူ၊ “….” ဒီတော့ အဲ့ဒါကြောင့်ကိုး။

ကျန့်ယောင်ကျူ ခေါင်းကိုထပ်ကုန်ပြန်နေကာ သူကလည်း တဲ့ပဲပြန်ပြောလေသည်။ “ဪ ငါ့ဝတ်စုံကြောင့်လား။ ကိစ္စမရှိဘူး။ သွားလဲလိုက်မယ်။ စောင့်ပေးဦးနော်။”

ပြောပြီးသည်နှင့် သူက ပြန်ပြေးထွက်သွားလေသည်။

လျိုချွမ်းဟွာ၊ “….”

ရှောင်ရှင်းရှင်း၊ “….”

လျိုချွမ်းဟွာသည် ပြေးထွက်သွားသည့်လူငယ်လေးကိုကြည့်ရင်း၊ “ရှင်းရှင်း၊ အဲ့ကောင်လေးက ဘယ်သူလဲ။ ရုပ်လေးက တော်တော်ချောပေမယ့် ဘာလို့ အရမ်းရှက်နေတာလဲ။”

“….”

“ဒေါ်လေးလျို၊ သူက အလုပ်သမားရေးရာဌာနဒါရိုက်တာရဲ့သားလေ။ ဟိုနေ့ညက ဆိုင်ကယ်ဂိုဏ်းထဲမှာ သူလည်းပါတယ်။”

“…..” လျိုချွမ်းဟွာ အံ့ဩသွားရသည်။ “အဲ့ဒါ သူပေါ့။” လျိုချွမ်းဟွာသည် ရှောင်ရှင်းရှင်း၏စွန့်စားမှုခရီးအကြောင်း ကြားထားပြီးသားဖြစ်တာကြောင့် သက်ပြင်းချလိုက်လေသည်။ “ရှင်းရှင်း၊ ဒီလိုသခင်လေးတစ်ယောက်ကို စော်ကားတာက ဒေါ်လေးတို့အတွက် မကောင်းဘူးနော်။”

“ဒေါ်လေးလျို၊ ဒီကိစ္စကို ကျွန်မတို့ အစ်မလင်းယွီကိုပြောကြရအောင်။”

လျိုချွမ်းဟွာ ခေါင်းယမ်းလိုက်သည်။ “လောလောဆယ်တော့ မပြောသေးနဲ့ဦး။ သူက ကိုယ်ဝန်ကြီးနဲ့။ နောက်သုံးလလောက်ဆိုမွေးတော့မှာ။ အခုချိန် သူ့ကို မနှောက်ယှက်သင့်ဘူး။”

ရှောင်ရှင်းရှင်း ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့ပါ၊ ဒါဆို လောလောဆယ် ကျွန်မတို့ဘာသာ ဖြေရှင်းကြတာပေါ့။ မရတော့မှ အစ်လင်းယွီကို ပြောကြမယ်။”

နောက်တစ်နေ့ ကျန့်ယောင်ကျူဆိုင်ကိုပြန်ရောက်လာချိန်တွင်တော့ ရှောင်ရှင်းရှင်းတို့တတွေ အံ့ဩကုန်ကြလေသည်။

ကျန့်ယောင်ကျူက ဆံပင်ကို ပုံမှန်အနက်ရောင်အတိုင်း ပြန်ဆိုးထားကာ ပုံမှန် အဖြူရောင်အင်္ကျီကိုသာ ဝတ်ထားလေသည်။ နားရွက်တွလည်း နားဆွဲတွေ နားကွင်းတွေ ချိတ်မထားတော့ပေ။

ကျန့်ယောင်ကျူသည် အတော်လေးကြည့်ကောင်းသူဖြစ်သည်။ မျက်ခုံးထူထူ၊ မျက်လုံးခပ်ကြီးကြီးနှင့် အသားခပ်ညိုညိုဖြစ်သည်။ သူ့ပုံစံက ကြည့်လိုက်ရုံဖြင့် အလွန်ကျန်းမာရေးကောင်းကာ ချောမောသည့်လူငယ်လေးတစ်ယောက်မှန်း သိနိုင်လေသည်။

ကျန့်ယောင်ကျူ ပုံမှန်အဝတ်အစားများဝတ်လာသည်ကိုမြင်ပြီး ရှောင်ရှင်းရှင်း၏မျက်နှာက နီမြန်းသွားရလေသည်။ သူမက ခပ်တိုးတိုးဖြင့် သူမတစ်ကိုယ်တည်းကြားလောက်အောင် ရေရွတ်လိုက်မိသည်။ “သခင်လေးကျန့်က တော်တော်ချောတာပဲ။ ဘာလို့များ အရင်က ထူးထူးဆန်းဆန်းပုံစံကြီး ဝတ်တာလဲပဲ။” ရှောင်ရှင်းရှင်းသည် အခုမှ အသက် ၂၀ပဲရှိသေးတာကြောင့် ကောင်ချောလေးတစ်ယောက်ကိုမြင်လိုက်သည်နှင့် ရင်ခုန်လာမိလေသည်။

“ရှင်းရှင်း။” ကျန့်ယောင်ကျူက ထပ်ပြီးခေါ်လိုက်ပြန်သည်။

“ဟမ်?” ရှောင်ရှင်းရှင်းတစ်ယောက် သူ့ဘာသာ အတွေးနွံထဲနစ်နေတာကြောင့် ကျန့်ယောင်ကျူ၏ခေါ်သံကို မကြားလိုက်ပေ။

တုံးတုံးအအနှင့်ချစ်ဖို့ကောင်းလှသည့် သခင်လေးကျန်းသည်လည်း ရှောင်ရှင်းရှင်းတစ်ယောက် သူ့ဆွဲဆောင်မှုအောက် သက်ဆင်းသွားကြောင်းကို သတိမထားမိပေ။ သူက ရှက်ရွံ့စွာဖြင့် မေးလာခဲ့လေသည်။ “ရှင်းရှင်း၊ အခုငါ့ကိုအလုပ်ခန့်လို့ရပြီလားလို့ မေးချင်လို့။ ငါမင်းကို ခေါ်နေတာ ၃ ၄ခါလောက်ရှိပြီ၊ မင်း ပြန်မဖြေဘူးလေ။”

ရှောင်ရှင်းရှင်း၏မျက်နှာသည်လည်း ချက်ချင်းပင် ပန်းသီးတစ်လုံးလို နီရဲသွားလေတော့သည်။ ထိုပုံစံက အလွန်ကိုမှ ချစ်ဖို့ကောင်းလေသည်။

ကျန့်ယောင်ကျူသည်လည်း သူမ၏ပုံစံကြောင့် မှင်သက်သွားကာ အလိုလျောက်ပင် ပါးစပ်မှလည်း ထုတ်ပြောလိုက်မိလေသည်။ “ရှင်းရှင်း မင်းအရမ်းချစ်ဖို့ကောင်းတာပဲ။”

ရှောင်ရှင်းရှင်း၏မျက်နှာက အစောကထက်ပင် ပိုလို့နီရဲသွားကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ပြောလာခဲ့သည်။ “ဘာ.. ဘာတွေ.. လျှောက်ပြောနေတာလဲ။ ငါ..ငါ.. ချစ်ဖို့မကောင်းပါဘူး။”

ဘေးနားတွင်ရပ်ကြည့်နေသည့် ဒေါ်လေးရှောင်မှာ ရုတ်တရက်ကြီး တစ်ခုခုကိုသဘောပေါက်သွားလေသည်။ သူမ ဒါမျိုးအရင်က ဒီအခြေအနေမျိုးကို ဖြတ်ကျော်ဖူးသူဖြစ်သည်။ ‘ဒီလူငယ်လေးက ရှင်းရှင်းကို ပိုးပန်းဖို့ကြိုးစားနေတာပဲ။ ဒါကြောင့် ရှင်းရှင်းနားရောက်ရင် ရှက်သလိုမျိုးဖြစ်နေတာကိုး။’

“ဒါပေမယ့် တကယ်ချစ်ဖို့ကောင်းတာလေ။” ကျန့်ယောင်ကျူထပ်ပြောလိုက်တာကြောင့် ရှောင်ရှင်းရှင်း၏ပါးမှာ ကြက်သွေးရောင်အဆင့်သို့ပင် တက်သွားတော့သည်။

လျိုချွမ်းဟွာလည်း မနေနိုင်တော့ဘဲ အကျယ်ကြီးအော်ရယ်မိတော့သည်။ လူငယ်လေးနှစ်ယောက်သည်လည်း လျိုချွမ်းဟွာ၏ရယ်သံကြောင့် ပိုရှက်သွားကြလေသည်။

လျိုချွမ်းဟွာက ပြုံးလျက်မေးလိုက်သည်။ “သခင်လေးကျန့်၊ တကယ်ပဲ ဒီမှာ အလုပ်လုပ်ချင်တာလား။ ဒါမှမဟုတ် တခြားရယ်ရွယ်ချက်ရှိလို့လား။”

သခင်လေးကျန့်၏မျက်နှာမှာ သွေးထွက်မတတ်ကို နီရဲသွားလေသည်။ သူတစ်ခုခုပြန်ပြောချင်ကာ ပါးစပ်ဖွင့်လိုက်ပါသော်လည်း ထိုမေးခွန်းအတွက် ဘယ်လိုအဖြေပေးရမည်မှန်း မသိပေ။

လျိုချွမ်းဟွာက လက်အသာယမ်း၍ အလေးအနက်ထားကာ ပြန်ပြောလိုက်သည်။ “သခင်လေးကျန့်၊ မင်းရဲ့နောက်က ငါတို့ရဲ့ဆိုင်သေးသေးလေးမှာ လုပ်ဖို့အတွက် တကယ်ကို ကြီးမားလွန်းပါတယ်။”

“ကျွန်.. ကျွန်တော်….” ကျန့်ယောင်ကျူ စိုးရိမ်သွားသည်။ “ကျွန်တော် ဒီမှာ တကယ် အလုပ်လုပ်ချင်တာပါ။ ဘာရည်ရွယ်ချက်မှမရှိပါဘူး။ ဒေါ်လေး စိတ်မပူပါနဲ့။ ကျွန်တော် ဘာမဆိုလုပ်နိုင်ပါတယ်။ ငွေရှင်းကောင်တာလည်းထိုင်နိုင်သလို ဆိုင်သန့်ရှင်းရေးဆိုလည်း လုပ်နိုင်ပါတယ်။ ကျွန်တော် ပတ်ဝန်းကျင်ကိုလိုက်မေးပြီးသွားပြီ။ ဒေါ်လေးတို့ဆိုင်မှာ ဝန်ထမ်းသုံးယောက်ပဲရှိပြီး စီးပွားရေးက အရမ်းရောင်းကောင်းနေလို့ လူထပ်ခေါ်နေမှန်းသိပါတယ်။” ထို့နောက် သူက တစ်ခုခုကိုတွေးမိသွားပြန်ကာ ထပ်ဖြည့်ပြောလိုက်သည်။ “လစာအတွက်က ကိစ္စမရှိပါဘူး။ ဒေါ်လေး ပေးချင်သလောက်သာပေးပါ။”

လျိုချွမ်းဟွာ၊ “….”

‘ဒီတော့ အလကားလုပ်ပေးမယ်လို့ပြောနေတာပဲမဟုတ်ဘူးလား။ ဘာရည်ရွယ်ချက်မှမရှိဘဲ ဒီမှာအလုပ်လုပ်ချင်တာပါဆိုတဲ့စကားကို ဘယ်သူကများ ယုံနိုင်မှာတဲ့လဲ။’

“ကောင်းပြီလေ။ ဒေါ်လေးတို့ သူဌေးကိုမေးကြည့်လိုက်ဦးမယ်။ ဘယ်လိုလဲ။”

“သူဌေး?” ကျန့်ယောင်ကျူ မျက်မှောင်ကြုတ်လိုက်သည်။ “ရှင်းရှင်းရဲ့အစ်မကိုပြောတာလား။” ထိုနေ့တုန်းက တွေ့ခဲ့ရသည့် ကိုယ်ဝန်ဆောင်သည်ကို သူအမှတ်ရသွားသည်။

လျိုချွမ်းဟွာ ခေါင်းညိတ်ပြလိုက်ချိန်မှာတော့ ကျန့်ယောင်ကျူ ခဏမျှ တွေးတွေးဆဆဖြစ်သွားလေသည်။ ထို့နောက်မှာတော့ သူက ခေါင်းညိတ်လိုက်ကာ၊ “ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ် ဒေါ်လေး။ ကျွန်တော် မနက်ဖြန်မှ ပြန်လာခဲ့ပါ့မယ်။” ရှင်းရှင်းတို့မိသားစုက နေ့တိုင်းထောင်ယွမ်ရွာသို့ပြန်သွားကာ ဆိုင်အတွက်ပစ္စည်းများဖြည့်ရသည်ကို သူသိလေသည်။

“….” လျိုချွမ်းဟွာ ခေါင်းသာညိတ်လိုက်တော့သည်။

ကျန့်ယောင်ကျူထွက်သွားပြီးနောက် လျိုချွမ်းဟွာက ရှောင်ရှင်းရှင်းကို လှည့်ပြုံးပြလိုက်လေသည်။ “ရှင်းရှင်း၊ အဲ့လူငယ်လေး ဒီမှာ ဘာလို့ အလုပ်လုပ်ချင်တာလို့ထင်လဲ။ သူ့မှာ ဖုံးကွယ်ထားတဲ့အကြံအစည်တွေများရှိနေတာလား။”

ရှောင်ရှင်းရှင်း၏မျက်နှာက နီရဲနေတုန်းပင်။ “ဒေါ်လေးလျိုကလည်း ကျွန်မ ဘယ်လိုလုပ်သိမှာလဲ။ သူ့ကိုသေချာတောင် သိတာမဟုတ်ဘူး။”

“အို…” ဒေါ်လေးလျိုခေါင်းညိတ်လိုက်သော်လည်း သူမလေသံကတော့ စနောက်လိုဟန်ပါနေတုန်းပင်။ “ဘာပဲဖြစ်ဖြစ် သူ့ကို အလုပ်ခန့်သင့်တယ်လို့တော့ မထင်ပါဘူး။ လင်းယွီကိုမေးမနေတော့ဘဲ မနက်ဖြန် သူလာရင် အလုပ်မခန့်နိုင်ဘူးလို့ပဲပြောလိုက်ကြတာပေါ့။ ဘယ်လိုသဘောရလဲ။”

“ဒေါ်လေးလျိုကလည်း အဲ့ဒါတော့ သိပ်မကောင်းဘူးလားလို့။” ရှောင်ရှင်းရှင်း ခေါင်းယမ်းလိုက်သည်။ “ကျွန်မတို့ အစ်မလင်းယွီကို မေးပေးမယ်လို့ ကတိပေးလိုက်ပြီးပြီလေ၊ မဟုတ်ဘူးလား။”

‘ကြည့်ရတာ ငါတို့ရှင်းရှင်းကလည်း သခင်လေးကျန့်ကို လုံးဝကြီး စိတ်မဝင်စားတာတော့ မဟုတ်ဘူးပဲ။’

“ကောင်းပြီလေ၊ ဒါဆိုလည်း ဒေါ်လေးပဲ လင်းယွီကို မေးလိုက်တော့မယ်။”

ထိုစကားကိုကြားမှပဲ ရှောင်ရှင်းရှင်းတစ်ယောက် တိတ်တခိုးသက်ပြင်းအသာချနိုင်သွားတော့သည်။

…..

ရှောင်လင်းယွီ သူမသောက်နေသည့် ကြက်စွပ်ပြုတ်ကိုပင် ထွေးထုတ်လိုက်မိတော့သည်။ သူမက ခြံထဲတွင် နေဝင်ဆည်းဆာကိုကြည့်ရင်း မေမေရှောင်ပေးထားသည့် ကြက်စွပ်ပြုတ်ကို သောက်နေခဲ့ခြင်းပင်။

သူမက ပြန်မေးလိုက်သည်။ “စတုတ္ထဒေါ်လေး အစောက ဘာပြောလိုက်တယ်? အဲ့ဒီသခင်လေးကျန့်က ရှင်းရှင်းကို စိတ်ဝင်စားနေတာလား။”

လျိုချွမ်းဟွာက ထောင်ယွမ်ရွာသို့ပြန်ရောက်သည်နှင့် ရှောင်လင်းယွီကို ချက်ချင်းလာရှာခြင်းဖြစ်သည်။

ရှောင်ရှင်းရှင်းသည်တော့ ခရိုင်မြို့ပေါ်တွင်ကျန်ခဲ့လေသည်။ ပြီးခဲ့သည့်အဖြစ်အပျက်ကြောင့် အသိပညာ၏အင်အားကို သူမနားလည်သွားပြီဖြစ်၍ စာလေ့လာနေခြင်းပင်။ ရှောင်ရှင်းရှင်းသည် စီမံခန့်ခွဲရေးအပိုင်း၌ ပါရမီပါကြောင်း ရှောင်လင်းယွီ သိလိုက်ရတာကြောင့် သူမကို ထိုပညာရပ်နှင့် သက်ဆိုင်သည့် စာအုပ်များ ရှာပေးခဲ့သည်။ ဆိုင်ပိတ်ပြီးသည်နှင့် ရှောင်ရှင်းရှင်းသည် ရှောင်လင်းယွီ ငှားထားသည့်အိမ်တွင်နေကာ စာလေ့လာလေသည်။

ဒါကြောင့် လျိုချွမ်းဟွာတစ်ယောက်သာ ကျန့်ယောင်ကျူအကြောင်းပြောပြရန် ရှောင်လင်းယွီကို လာတွေ့ခြင်းဖြစ်သည်။

“လင်းယွီ၊ အဲ့ကလေးနှစ်ယောက် တစ်ယောက်ဘေးတစ်ယောက်ရပ်ရင်း မျက်နှာကြီးတွေ ဘယ်လောက်နီရဲနေကြလဲ သမီးမတွေ့လိုက်လို့ပေါ့။”

ရှောင်လင်းယွီ ပြုံးမိသွားလေသည်။ “သခင်လေးကျန့်က မိန်းကလေးတွေအနားရောက်ရင် အရမ်းရှက်တတ်တယ်လို့ သူ့အဖေရော အဖိုးရော ပြောဖူးတယ်။”

“အဲ့လူချောလေး ဘာလို့များ မိန်းကလေးတွေနားရှိရင် အရမ်းရှက်တတ်ရတာလဲပဲ။ သူအရင်က ရည်းစားရော ထားဖူးရဲ့လားနော်။”

“အဲ့ဒါတော့ သမီးလည်း သေချာမသိဘူး။ သခင်လေးကျန့်က အခု အသက် ၂၄-၂၅လောက်တော့ရှိရောပေါ့။”

“ဒါဆို ဒေါ်လေးတို့ သခင်လေးကျန့်ကို အလုပ်ခန့်ကြမလား လင်းယွီ။”

ရှောင်လင်းယွီး တွေးသွားလေသည်။ “ဒါပေမယ့် သခင်လေးကျန့်ရဲ့ဝတ်ပုံစားပုံက…”

“အိုက်ယား၊ အဲ့အကြောင်းပြောဖို့ မေ့နေတာ။” လျိုချွမ်းဟွာက သူ့ခေါင်းသူ ရိုက်လိုက်သည်။ “သခင်လေးကျန့်က ဆံပင်အနက်ဆိုးပြီး အဝတ်အစားတွေလည်း ပုံမှန်လိုပြန်ပြောင်းလိုက်ပြီ။ တော်တော်လေးတော့ ချောတယ်။ ရှင်းရှင်းဆို ပြောင်းလဲသွားတဲ့ သခင်လေးကျန့်ရဲ့ပုံစံကိုမြင်ပြီး ငေးမောနေလိုက်တာများ။”

“အိုး… ကြည့်ရတာ ရှင်းရှင်းကလည်း သူ့ကို လုံးဝစိတ်မဝင်စားတာတော့ မဟုတ်ဘူးပဲ။”

မြင်မြင်းချင်းအချစ်အကြောင်း ဇာတ်လမ်းများသည် ချောမောသည့်ယောက်ျားလေးနှင့် လှပသည့်မိန်းကလေးတို့ကြားတွင် အများဆုံးဖြစ်ပေါ်ကြခြင်းပင်။

ရှောင်ရှင်းရှင်းသည် ကျေးလက်တောရွာတွင် မွေးဖွားခဲ့သော်လည်း အတော်လေးလှပသူဖြစ်သည်။ သူမက စူပါမားကတ်တွင် အလုပ်လုပ်ခဲ့တာကြောင့် နေအပူရှိန်နှင့်မထိတွေ့ရ၍ အသားဖြူဥကာ လှပလေသည်။ ဒါကြောင့် သခင်လေးကျန့် သူမကို မြင်မြင်ချင်းချစ်မိသွားသည်က နားလည်၍ရသည်။

သခင်လေးကျန့်သည် တစ်ခါက ရှောင်ရှင်းရှင်းကို ကြောက်ခဲ့ဖူးသည်။ သူ၏ဂိုဏ်းစတားလိုပုံစံက ရှောင်ရှင်းရှင်းကိုလည်း အလွန်ကြောက်လန့်စေခဲ့သည်။ သို့ပေမယ့် ထိုလူငယ်က ပြောင်းလဲသွားလေသည်။

သခင်လေးကျန့်သည် ချောမောကာ ရှောင်ရှင်းရှင်းကတော့ လှပလေသည်။

“ဟုတ်တယ်၊ အစောက သူတို့ဆိုင်မှာအတူတူရှိနေတုန်းက၊ ချိုမြိန်နေလိုက်ကြတာများ။ အရမ်းချစ်ဖို့ကောင်းကြတာပဲ။”

“စတုတ္ထဒေါ်လေး ဒီကိစ္စကို အရမ်းတော့ မလောပါနဲ့။ သူတို့အချင်းချင်းစိတ်ဝင်စားရင် သမီးတို့ ကူညီလို့ရပါတယ်၊ ဒါပေမယ့် …” ရှောင်လင်းယွီ မျက်မှောင်ကြုတ်လျက် စိုးရိမ်စွာပြောလာခဲ့သည်။ “သူတို့မိသားစုနှစ်စုကြားက ကွာဟချက်က အရမ်းကြီးမားလွန်းတယ်။ တစ်ယောက်က ခရိုင်မြို့အရာရှိကြီးရဲ့သား၊ တစ်ယောက်ကတော့ ကျေးလက်က လယ်သမားရဲ့သမီး။ သူတို့က အသိုင်းအဝိုင်းတစ်ခုတည်းက မဟုတ်ဘူး။ ရှင်းရှင်း မနာကျင်ရအောင် သမီးတို့ ကာကွယ်ပေးဖို့လိုတယ်။”

“လင်းယွီပြောတာမှန်တယ်။” လျိုချွမ်းဟွာ ထောက်ခံလိုက်သည်။

“ဒါပေမယ့် ရှင်းရှင်းက ငယ်ပါသေးတယ်။ ကြီးပြင်းလာဖို့အချိန်တွေအများကြီးရှိသေးတယ်။ ယောက်ျားလေးရှင်ဘက်က အထင်ကြီးလောက်တဲ့လူတစ်ယောက်ဖြစ်လာအောင် ရှင်းရှင်း ကြိုးစားနိုင်ပါတယ်။”

လျိုချွမ်းဟွာ ဝင်ပါတော့ပေ။ အိမ်ထောင်ရေးသည် အချစ်တစ်ခုထက်ပိုလေသည်။ ဒါက မိသားစုနှစ်စု ပေါင်းစည်းရခြင်းလည်းဖြစ်သည်။ မိသားစုချင်းလိုက်ဖက်မညီသည့် အိမ်ထောင်ရေးများသည် ကြေကွဲစရာအဆုံးသတ်များကို ကြုံတွေ့ကြရလေသည်။

ရှောင်ရှင်းရှင်းသည် ဂျူနီယာအထက်တန်းကျောင်းကသာ ဘွဲ့ရခဲ့သည့် သာမာန်ကျေးလက်သူလေးတစ်ယောက်သာဖြစ်လေသည်။ သူမသာ ကျန့်ယောင်ကျူကို လက်ထပ်လိုက်လျှင် လူတွေအတွက် ပြောစရာစကားတစ်ခုရသွားကြမည်ပင်။

ရှောင်ရှင်းရှင်း၏မိဘများကတော့ ဘာမှဝင်ပြောမည်မဟုတ်သော်လည်း ကျန့်ယောင်ကျူ၏မိသားစုဘက်ကတော့ ပြောစရာများရှိလာလိမ့်မည်။ သူတို့ သူမကို အထင်သေးကြလိမ့်မည်။ သူတို့အချစ်က ဘယ်လောက်ပဲ ခိုင်မြဲပါစေ အက်ရာကတော့ ရှိလာမည်သာ။ အချိန်တွေကြာလာသည်နှင့် ထိုအက်ရာတွေက များပြားလာကာ ပြန်ဆက်မရအောင် ကွဲကြေသွားကြလိမ့်မည်။

သို့သော်လည်း ရှောင်ရှင်းရှင်းသာ အလုပ်ကြိုးစားပြီး ကျန့်ယောင်ကျူနှင့် တူညီသည့်အင်အားမျိုးရှိလာပါက သူမ၏ယောက္ခမဘက်ကလည်း သူမကို ဒုက္ခပေးတော့မည်မဟုတ်ပေ။

***

All Chapters