← Chapters

လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရှာဖွေခြင်း

Vol. 13 Ch. 220

လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရှာဖွေခြင်း

Vol. 13 Ch. 220

ကျန့်ယောင်ကျူသည် စတော်ဘယ်ရီသီးကို သူ၏ပါးစပ်ထဲသို့ထည့်ပြီး တစ်ကိုက်ကိုက်လိုက်သည်နှင့် သူ၏မျက်လုံးများသည် အံ့အားသင့်မှုဖြင့် ပြူးကျယ်သွားသည်။

သူသည် နှစ်ခါဝါးလိုက်ပြီးနောက် အံ့အားသင့်စွာပြောလိုက်သည်။ “ဒါငါစားဖူးသမျှထဲမှာ အကောင်းဆုံးစတော်ဘယ်ရီပဲ”

ရှောင်လင်းယွီ ၎င်းကိုကြားလိုက်သောအခါ သူမ၏မျက်လုံးများ ဝင်းလက်သွားသည်။ သူမသည် အပြုံးတစ်ခုဖြင့် မေးလိုက်သည်။

“သခင်လေးကျန့်၊ ကြည့်ရတာ သခင်လေးက အရင်က စတော်ဘယ်ရီတွေတော်တော်များများစားဖူးပုံပဲ”

*စားဖူးတာပေါ့”

ကျန့်ယောင်ကျူကပြောလိုက်သည်။

“ကျွန်တော် ထိပ်‌တန်းစတော်ဘယ်ရီသီးဆယ်မျိုးတောင်စားဖူးတယ်။ ဥပမာပေးရရင် ဖန့်ရှန်း၊ ဟုန်းရန်၊ နုဖန်း၊ ကွေ့နျူကန်နဲ့ အများကြီးပဲ။ သူတို့တွေက လတ်ဆတ်တယ် အနီရောင်ရှိပြီးနူးညံ့ကြတယ်။ အရသာက နည်းနည်းချဉ်ချိုပြီးတော့ အနံ့ရေးရေးလေးလည်းပါတယ်။ လူတွေကအဲ့ဒါတွေကိုကြိုက်ကြတယ်”

“ဘယ်လိုပဲဖြစ်ဖြစ် အစ်မရဲ့ စတော်ဘယ်ရီကိုစားပြီးတဲ့နောက်မှာ အဲ့ဒါကမမှည့်သေးပေမယ့်လည်း ဟိုစတော်ဘယ်ရီတွေထက် ပိုကောင်းနေပြီ။ ဆိုဒ်ကြီးပြီးတော့ အရသာကလည်း အံ့ဩစရာပဲ။ ဘော့စ် စတော်ဘယ်ရီတွေကို ဘယ်လိုများစိုက်ထားတာလဲ? ဘယ်လိုလုပ်ဒီလောက်တောင်အရသာရှိနေရတာလဲ? သူတို့ကရိုးရိုးရှင်းရှင်းနဲ့ အကောင်းဆုံးပဲ။ အရသာကအရမ်းချိုပြီး မွှေးတယ်။ အဲ့ဒါက နှုတ်ခမ်းပေါ်မှာတာရှည်ခံနေတဲ့အနံ့တစ်ခုကို ချန်ခဲ့ပြီးတော့ စားပြီးအရသာကလည်း အတိုင်းထက်အလွန်ပဲ!”

ထိုသို့ပြောပြီးသောအခါ သူသည် စတော်ဘယ်ရီစိုက်ခင်းကိုလေ့လာရန် လှည့်လိုက်သည်။

သူ၏မျက်လုံးများ ကျဉ်းသွားသည်။

“ဒါပေမယ့် ဒါကထူးဆန်းတယ်။ ကျွန်တော် အရင်က ဒီလိုစတော်ဘယ်ရီအမျိုးအစားမျိုး မြင်ဖူးတယ်လို့မထင်ဘူး”

ရှောင်လင်းယွီသည် စတော်ဘယ်ရီများကို နားမလည်ပေ။ သူမသည် ကြုံရာအစေ့ရောင်းသည့်ဆိုင်မှ စတော်ဘယ်ရီစေ့များကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင် သူမသည် ၎င်းကို စိုက်ပျိုး‌ရန်နေရာတွင် စိုက်ပျိုးခဲ့သည်။ ရှောင်လင်းယွီသည် သူမမှာ စတော်ဘယ်ရီစိုက်ပျိုးခြင်းအကြောင်း တစ်စုံတစ်ခုမျှမသိကြောင်းကို ဝန်ခံရမည်။ ထို့ကြောင့် သူမသည် ဖတ်ရှူရန်စာအုပ်အနည်းငယ် ဝယ်ယူခဲ့သည်။ သို့သော်လည်း စမ်းချောင်းရေသည် သူမ၏စတော်ဘယ်ရီအပင်ပေါက်များမှ ညစ်ညမ်းမှုများကို ဖယ်ထုတ်ပစ်ခဲ့သည်။ သူတို့ယခုမည်သည့်အမျိုးအစားဖြစ်နေသည်ကိုတောင် သူမမပြောနိုင်တော့ပေ။

သို့သော်လည်း သူမသည် အစေ့ရောင်းသည့်ဆိုင်မှမိန်းကလေးက စတော်ဘယ်ရီစေ့များသည် လျောင်စီရင်စု၏ထုန်တန်းမြို့မှလာကြောင်း ပြောခဲ့သည်ကိုတော့ မှတ်မိခဲ့သည်။ လျောင်စီရင်စု၏ထုန်တန်းမြို့သည် တရုတ်၏ ထိပ်တန်းတစ်ဆယ်တော်ဘယ်ရီစိုက်ပျိုးသည့်နေရာဖြစ်သည်။ ၎င်းသည် တရုတ်၏ စိုက်ပျိုးရေးဗဟိုချက်လည်းဖြစ်သည်။

ထုန်တန်းသည် လျောင်စီရင်စု၏ တောင်စဉ်အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ၎င်းသည် ချန်းပိုင်တောင်စဉ်၏ အပိုင်းတစ်ခုဖြစ်သည်။ ၎င်းတွင် ပေါများသောရေရင်းမြစ်များ၊ စိုစွတ်သောရာသီဥတု၊ များပြားသောမိုးရေချိန်နှင့် အလင်းရောင်ကောင်းကောင်းရှိပေသည်။ ၎င်းသည် စတော်ဘယ်ရီစိုက်ပျိုးမှုအတွက် သင့်တော်သည်။

ထုန်တန်းစတော်ဘယ်ရီများသည် ၎င်းတို့၏ လှပသောပုံစံ၊ တောက်ပသောအရောင်၊ မွှေးပျံ့သောရနံနှင့် ချိုချဉ်အရသာတို့ကြောင့် နာမည်ကြီးလေသည်။ ထုန်တန်းတွင်စိုက်ပျိုးသည့်စတော်ဘယ်ရီတော်တော်များများမှာ ဟုန်းရန်မျိုးစိတ်ဖြစ်သည်။

ထို့ကြောင့် သူမဝယ်ခဲ့သည့် အစေ့မှာ ဟုန်းရန်မျိုးစိတ်ဖြစ်နိုင်သည်။

ရှောင်လင်းယွီသည် ကျန့်ယောင်ကျူကို ပြန်ဖြေလိုက်သည်။

“ဒါကဟုန်းရန်ပဲ!”

“ဟုန်းရန်?”

ကျန့်ယောင်ကျူက အံ့အားသင့်စွာ မေးလိုက်သည်။

“ဒါပေမယ့် ဒီလိုဟုန်းရန်မျိုး ကျွန်တော်တစ်ခါမှ မစားဖူးဘူး”

ရှောင်လင်းယွီက ရှင်းပြလိုက်သည်။

“သခင်လေးကျန့်၊ ဒါကတကယ်ဟုန်းရန်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မစိုက်ပျိုးတဲ့နည်းစနစ်က ထုန်တန်းနဲ့ တော်တော်လေးကွဲပြားတယ်။ အဲ့ဒီမှာ စင်ကြယ်ခြင်းနဲ့ သန့်စင်ခြင်းတွေပါတယ်။ နည်းစနစ်က အရသာကို တိုးမြှင့်ပေးတာပဲ”

ကျန့်ယောင်ကျူ ခေါင်းညိတ်လိုက်သည်။

သူသည် စတော်ဘယ်ရီများကို ဘယ်လိုစားရမည်ဆိုတာသာသိပြီး ဘယ်လိုစိုက်ရမည်ကိုတော့ မသိပေ။ ထို့ကြောင့် သူသည် နည်းစနစ်ပြဿနာများသို့လာပါက လက်သင်သာရှိသေးသည်။

ရှောင်လင်းယွီက ထပ်မံမေးမြန်းလိုက်သည်။

“သခင်လေးကျန့်၊ ရှင်ကစတော်ဘယ်ရီနားလည်သူဆိုတော့ ကျွန်မရဲ့ ပထမဆုံးစတော်ဘယ်ရီအသုတ်ကို ဘယ်လိုဈေးထားသင့်တယ်လို့ထင်လဲ?”

“ဘောစ့်က လူမှန်ကို မေးလိုက်တာပဲ!”

ကျန့်ယောင်ကျူက ပြောလိုက်သည်။

“ကျွန်တော်က အဲဒါတွေကို မကြာခနစားနေလို့ စတော်ဘယ်ရီမျိုးစိတ်အားလုံးရဲ့ ဈေးတွေကိုသိတယ်။ ဥပမာပြောရရင် ထုန်တန်းရဲ့ဟုန်းယန်စတော်ဘယ်ရီတွေက ကျွန်တော်တို့နိုင်ငံမှာ အကောင်းဆုံးစတော်ဘယ်ရီပဲ။ ပထမဆုံးအသုတ်က ဈေးအကြီးဆုံးပဲ။ တစ်ကီလိုဂရမ်ကို ၁၂၀ကနေ ၂၀ဝယွမ်အထိ ရောင်းကြတယ်။ သူတို့ကတကယ့်ကို ဈေးကြီးတယ်။ ဘာလို့လဲဆိုတော့ ပထမဆုံးအသုတ်တွေက များသောအားဖြင့် အရေအတွက်ကန့်သတ်ထားလို့ပဲ။ သူတို့တွေကို လူတော်တော်များများမတတ်နိုင်ကြဘူး”

မေမေရှောင်နှင့် ဖေဖေရှောင်တို့သည် စတော်ဘယ်ရီတစ်ကီလိုဂရမ်ကို ၁၂၀ယွမ်မှ ၂၀၀ယွမ်အထိ ရှိနိုင်သည်ကို ကြားသိလိုက်ရသောအခါ မယုံနိုင်ဖွယ်ဖြစ်သွားကြသည်။

သူတို့သည်စတော်ဘယ်ရီများစွာ စိုက်ပျိုးခဲ့သည်။ စတော်ဘယ်ရီတစ်မူ ရောင်းထွက်နိုင်လျှင်တောင် သောင်းချီရနေမည်ဖြစ်သည်! စတော်ဘယ်ရီတွေက အဲ့ဒီလောက်တောင် အမြတ်အစွန်းထွက်တာလား? ဖေဖေရှောင်နှင့် မေမေရှောင်တို့ အကြံအိုက်သွားကြသည်။

သူတို့သည် ရှောင်လင်းယွီမှာ ချန်းရန်၏သစ္စာဖောက်မှုကြောင့် စိတ်ပျက်အားလျှော့သွားခြင်းကြောင့် လယ်စိုက်ရန် အိမ်ပြန်လာခဲ့ခြင်းဟု ထင်ခဲ့ကြသည်။ သူတို့သည် ရှောင်လင်းယွီက သူမ၏စိတ်ခံစားချက်ကို ထိန်းညှိဖို့ရန်အတွက် စိုက်ပျိုးရေးလုပ်နေသည်ဟုထင်ခဲ့ကြသည်။ သူမက၎င်းကို အပျော်သက်သက်သာပြုလုပ်နေခြင်းဟုပင်။ သို့သော်လည်း သူတို့၏သမီးသည် စိုက်ပျိုးခြင်းမှတစ်ဆင့် ငွေအမြောက်အမြားရှာနိုင်နေပြီဖြစ်သည်။

သူတို့သည် မြေတစ်ဆယ်မူမှ အသီးအရွက်များကိုရောင်းချခြင်းနှင့်ပင် ယွမ်သုံးသိန်းဝန်းကျင် ရရှိနေပြီဖြစ်သည်။ စိုက်ပျိုးရေးနေရာလွတ်မှ အသီးအရွက်များကိုတောင်ထည့်မတွက်ရသေးပေ။ ၎င်းသည် အတိတ်တွင် သူတို့စိတ်ကူးမယဉ်ရဲခဲ့သည့် တစ်စုံတစ်ခုဖြစ်သည်။

စတော်ဘယ်ရီခြောက်မူသည် အသီးအရွက်များထက် များစွာအဖိုးတန်သည်။ သူတို့တွင် မြင့်မားသော ထွက်နှုန်းလည်းရှိသည်။ အကုန်လုံးသာရောင်းထွက်သွားပါက မဟုတ်သေး ၎င်းတို့၏ တစ်ဝက်လောက်ရောင်းထွက်လျှင်ပင် သိန်းချီရနေဦးမည်ဖြစ်သည်။ ၎င်းသည် ကြောက်မက်ဖွယ်ပင်!

အကြောင်းမှာ ၎င်းသည် သူတို့သမီး၏ စိုက်ပျိုးရေးနေရာလွတ်ကို မြင်သာအောင် ပြနေမိသောကြောင့်ဖြစ်သည်။

ကျန့်ယောင်ကျူက ဆက်ပြောလိုက်သည်။

“ဘောစ့်ရဲ့ စတော်ဘယ်ရီတွေက ထုန်တန်းရဲ့စတော်ဘယ်ရီတွေထက် အရသာပိုကောင်းတယ်။ ဘော့စ်ရဲ့ဟာကလည်း ပထမအသုတ်ပဲ။ ကျွန်တော့်ကိုမေးရင်တော့ ဒါတွေက တစ်ကီလိုကို ၁၂၀ယွမ်ထက်ပိုတန်နိုင်တယ်။ အနည်းဆုံးတော့ သူတို့က တစ်ကီလိုကို ၂၀၀ယွမ်တောင်ရှိသင့်တာ။

ဒါပေမယ့်...”

ထိုအချိန်တွင် သူကမျက်မှောင်ကြုံ့လိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ဘော့စ်ရဲ့စတော်ဘယ်ရီတွေက နာမည်မရသေးဘူး။ ဒါတွေအကြောင်း ဘယ်သူမှမသိရင် ဘော့စ်ဘယ်လိုရောင်းမယ်စိတ်ကူးထားလဲ? ဘော့စ်၊ ဘော့စ်ရဲ့စတော်ဘယ်ရီတွေအတွက် ရောင်းပေးမယ့်သူများရှိလား?”

စတော်ဘယ်ရီအားလုံးကို လက်လီရောင်းရန် မဖြစ်နိုင်ပေ။ သူမသည် လက်ကားရောင်းမည့် တွဲဖက်တစ်ယောက်လိုအပ်သည်။ မဟုတ်ရင် သူမ စတော်ဘယ်ရီကီလိုဂရမ်တစ်သောင်းကို ဘယ်လိုရောင်းရပါ့မလဲ? ၎င်းတို့သည် အခင်းထဲတွင်ပဲ ပုပ်သွားပေလိမ့်မည်။ ၎င်းသည် အချည်းနှီးသာဖြစ်လိမ့်မည်။

သို့သော်လည်း ကျန့်ယောင်ကျူသည် ဘော့စ်ရှောင်မှာ ထိုကဲ့သို့အားကိုးမရနိုင်စရာအကြောင်းမရှိမှန်းကို သိသည်။ သူမသည် စတော်ဘယ်ရီများကို မစိုက်ပျိုးမီကတည်းကပင် လက်ကားရောင်းပေမည့်တွဲဖက်တစ်ဦးကို ရှာတွေ့ပြီးလောက်ပြီဖြစ်သည်။

ရှောင်လင်းယွီသည် အနည်းငယ်ရှက်ကိုးရှက်ကန်းနှင့် မေးလိုက်သည်။

“အမှန်အတိုင်းပြောရရင် ငါလက်ကားတွဲဖက်တစ်ယောက်ကို ရှာမတွေ့သေးဘူး”

“အာ?”

ကျန့်ယောင်ကျူက အံအားသင့်သွားသည်။

“စတော်ဘယ်ရီတွေက မှည့်တောင်မှည့်တော့မယ်။ ဘော့စ်က လက်ကားရောင်းမယ့်သူရှာမတွေ့သေးဖူးလား? ဒါတွေအားလုံးကို လက်လီရောင်းဖို့စီစဉ်ထားတာလား?”

ရှောင်လင်းယွီက ပြောလိုက်သည်။

“တကယ်ပဲ အဲ့လိုစီစဉ်ထားတာ!”

သူမသည် အသီးအရွက်ခြောက်မူကို လက်လီမှတစ်ဆင့် ရောင်းခဲ့သည်။ ဒါပေမယ့်လည်း အသီးအရွက်‌ခြောက်မူတွင် မတူညီသောအမျိုးအစားများပါဝင်သည်။ သူတို့၏တန်ဖိုးသည် လူထုအတွက် ပိုမိုသင့်လျော်သည်။

သို့သော်လည်း စတော်ဘယ်ရီများကတော့ မတူပေ။ စတော်ဘယ်ရီကောင်းများက ပိုမိုဈေးကြီးသည်။ ၎င်းတို့သည် တစ်ကတ်တီလျှင် ယွမ်ရာချီရှိနိုင်သည်။ သာမန်လူများက ၎င်းကို မတတ်နိုင်ပေ။ ပစ်မှတ်ဈေးကွက်မှာ များစွာပိုမိုသေးငယ်သည်။ ရှင်းယင်ခရိုင်က ရှောင်လင်းယွီရဲ့ စတော်ဘယ်ရီ ၆မူလုံးကို ဝယ်ပေးနိုင်ပါ့မလား? ၎င်းမှာ မဖြစ်နိုင်ပေ။

Zမြို့တစ်ခုလုံးပင်လျှင် စတော်ဘယ်ရီခြောက်မူကို မထိန်းသိမ်းနိုင်လောက်ပေ။

ထို့ပြင် ဤစတော်ဘယ်ရီများသည် မူလအနေအထားကိုထိန်းမထားနိုင်ဘဲ ပျက်စီးလွယ်သောပစ္စည်းများဖြစ်သည်။ ၎င်းတို့သည် ပန်းသီး သို့မဟုတ် သစ်တော်သီးများကဲ့သို့ မဟုတ်ပေ။ ထောက်ပံ့ပို့ဆောင်ရေးအတွက် စတော်ဘယ်ရီများကို လေလုံအောင်ပြုလုပ်ရင်ပြုလုပ် မဟုတ်ပါက ယိုများအဖြစ်ပြုလုပ်ရမည်။ မဟုတ်ပါက နေ့ခရီးတစ်ခုပင်လျှင် စတော်ဘယ်ရီတော်တော်များများကို ပုပ်သွားစေနိုင်သည်။

ပုံမှန်အားဖြင့် ဤစတော်ဘယ်ရီများကို မမှည့်မီတစ်ရက်အလိုတွင် ယူဆောင်ကြသည်။ အရသာမှာ အနည်းငယ်ညံ့သေးသော်လည်း ၎င်းသည် သယ်ယူရန်လွယ်ကူသည်။ လုံးဝမှည့်သွားသောစတော်ဘယ်ရီများအတွက်မူ ချမ်းသာသူများသာ ၎င်းတို့ကို တတ်နိုင်မည်။ အမှန်ပင် တန်ဖိုးသည်လည်း မတူညီသောသယ်‌ယူရေးလမ်းကြောင်းနှင့် အခြားအရာများကြောင့် ပိုမိုမြင့်မားသည်။

ကံမကောင်းစွာဖြင့် ရှောင်လင်းယွီ၏စတော်ဘယ်ရီများမှာ နာမည်မရသေးပေ။ သူမသည် မြင့်မားသောဈေးတစ်ခု မခေါ်ဆိုနိုင်ပေ။

ကျန့်ယောင်ကျူသည် ရှောင်လင်းယွီပြောသည်ကို ကြားသောအခါ အံ့အားသင့်သွားပြီး ဆွံ့အသွားသည်။

“ဘော့စ်ရှောင်က အရမ်းမဆင်မခြင်လုပ်တာပဲ။ ဒီကိစ္စကို ဘာလို့စိတ်ပါလက်ပါမစဉ်းစားရတာလဲ?”

ရှောင်လင်းယွီသည် သူမတွင် စိုက်ပျိုးရေးနေရာလွတ်ရှိသောကြောင့် မစိုးရိမ်ပေ။

သူမသည် စတော်ဘယ်ရီများကို စိုက်ပျိုးရေးနေရာလွတ်တွင် ထားနိုင်ပြီး တွဲဖက်တစ်ယောက်ရှာတွေ့သောအခါတွင် ရောင်းချပေးရန် ပြောဆိုနိုင်သည်။ အမှန်ပင် စိုက်ပျိုးရေးနေရာလွတ်ကိုတော့ မည်သူမှ ရှာမတွေ့အောင် သတိထားရမည်။

ရုတ်တရက် ကျန့်ယောင်ကျူသည် အကြံဉာဏ်အသစ်တစ်ခုရသွားကာ စိတ်အားထက်သန်စွာ ပြောလိုက်သည်။

“ဘော့စ်ရှောင်၊ တကယ်တော့ ကျွန်တော့်မှာ ဘယ်ရီချစ်သူလို့ခေါ်တဲ့ အဖွဲ့တစ်ခုရှိတယ်...”

“ဘယ်ရီချစ်သူ?”

မေမေရှောင်က သူ့အား မသင်္ကာစွာ ကြည့်လိုက်သည်။ သူမသည် ၎င်းမှာ မသင့်တော်သည့်တစ်ခုခုလုပ်သော အုပ်စုတစ်ခုဟု ထင်လိုက်သည်။

ကျန့်ယောင်ကျူသည် မေမေရှောင်ဆီမှ ထူးဆန်းသောအကြည့်ကို သတိထားမိသွားကာ ရှင်းပြလိုက်သည်။

“အဲ့ဒါစတော်‌ဘယ်ရီတွေကြိုက်တဲ့ လူအုပ်စုပါ။ ကျွန်တော်တို့မှာ စကားပြောဂရုတစ်ခုရှိတယ်။ ကျွန်တော်တို့ကို ဘယ်ရီချစ်သူတွေလို့ခေါ်တယ်”

“ဪ သိပြီ!”

မေမေရှောင်က ခေါင်းညိတ်လိုက်သည်။

ကျန့်ယောင်ကျူက ဆက်ပြောလေသည်။ “ကျွန်တော်တို့အားလုံး စတော်ဘယ်ရီကြိုက်ကြတယ်။ ကျွန်တော်တို့ထဲကတော်တော်များများက သူဌေးကြီးတွေပဲ။ ဘော့စ်ရဲ့စတော်ဘယ်ရီတွေကိုမြည်းစမ်းဖို့ သူတို့ကိုကျွန်တော်လွှတ်လိုက်ရင် အဆင်ပြေလောက်မလား? ဒါကမမျှော်လင့်ထားတဲ့သက်ရောက်မှုတစ်ခုရနိုင်တယ်”

ရှောင်လင်းယွီ၏မျက်လုံးများ လင်းလက်သွားသည်။ သူမအလွန်ကံကောင်းသည်။ သူမသည် သူမကိုယ်ပိုင်စတော်ဘယ်ရီများတွင် အလွန်ယုံကြည်ချက်ရှိသည်။ သူမ၏စတော်ဘယ်ရီကိုစားဖူးသူတိုင်း ဘယ်တော့မှ မေ့သွားမည်မဟုတ်ပေ။ ၎င်းသည် သူမ၏အသီးအရွက်များနှင့်အတူတူပင် ဖြစ်သည်။

ရှောင်လင်းယွီက ပြုံးကာ ပြောလိုက်သည်။

“သခင်လေးကျန့်၊ ဒီအကြံကောင်းသားပဲ။ ကျွန်မတို့အတူလက်တွဲလုပ်ရင်ရော?”

“အတူလက်တွဲလုပ်မယ်?”

ကျန့်ယောင်ကျူက ချက်ချင်း‌မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။

“ဘော့စ် ဘာကိုဆိုလိုတာလဲ?”

သူသည် စတော်ဘယ်ရီစားရသည်ကိုသာ ကြိုက်နှစ်သက်ပြီး စတော်ဘယ်ရီများရောင်ချခြင်းကိုတော့ တစ်ခါမျှ မစဉ်းစားဖူးပေ။ သူ့တွင် ထိုအကြံရှိလျှင်တောင် ရှင်းယင်ခရိုင်မှာ စတော်ဘယ်ရီမစိုက်သောကြောင့် ဘာမှမလုပ်နိုင်ပေ။

သူသည် ဆိုင်တွင် အလုပ်တစ်ခုလုပ်ရန်လာခဲ့သော်လည်း ထိုအစား မထင်မှတ်ဘဲ စတော်ဘယ်ရီခင်းကြီးတစ်ခုထဲသို့ ခြေချမိသွားလေသည်။ ထို့ပြင် စတော်ဘယ်ရီ၏အရာသာသည် သူစားသမျှထဲတွင် အကောင်းဆုံးဖြစ်သည်။

ဤစတော်ဘယ်ရီများနာမည်ရလာသည်နှင့် သူလည်း ၎င်းတို့ကိုသေချာပေါက် ဈေးကောင်းတစ်ခုနှင့် ရောင်းချနိုင်လိမ့်မည်။ အွန်လိုင်းဈေးကွက်တော်တော်များများကို လက်ခံရရှိလိမ့်မည်။ စတော်ဘယ်ရီများ၏အရသာအတွက်ကိုတော့ သူ အလွန်ယုံကြည်မှုရှိသည်။ ပရိုမိုးရှင်းနည်းနည်းပါထပ်ပေါင်းထည့်လိုက်ပါက ထိုစတော်ဘယ်ရီများကို အလွန်နာမည်ကြီးသွားအောင် သူပြုလုပ်နိုင်သည်။

အင်တာနက်ကို ပိုမိုလူသုံးများလာသည်နှင့် လူတော်တော်များများသည် အွန်လိုင်းဈေးကွက်ဘက်သို့လှည့်လာကြသည်။

သူ့တွင် သူချစ်မြတ်နိုးသော အမျိုးသမီးတစ်ယောက်ရှိနေပြီဖြစ်တာကြောင့် သူမအတွက် ပြည့်စုံသောဘဝတစ်ခု ဖန်တီးပေးချင်သည်။ ထို့‌ကြောင့် ရှောင်လင်းယွီနှင့် အလုပ်လုပ်ရမည့်အခွင့်အရေးကို မငြင်းဆိုခဲ့ပေ။

ယခင်က လူရမ်းကားဖြစ်ခဲ့သူမှာ အွန်လိုင်းအရောင်းပလက်ဖောင်းများစွာကို ချုပ်ကိုင်နိုင်ခဲ့လိမ့်မည်ဟု ရှောင်လင်းယွီ ထင်မထားခဲ့ပေ။ အကယ်၍ သူမသာ သိခဲ့ပါက သူနှင့် ရည်ရှည်ပူးပေါင်းဆောင်ရွက်မိပေလိမ့်မည်။ ဒါပေါ့ အခုလည်း အရမ်းနောက်မကျသေးပါဘူး။

ရှောင်လင်းယွီကပြုံးလိုက်သည်။

“သခင်လေးကျန့်”

“ဘော့စ်ရှောင် ကျွန်တော့်ကို သခင်လေးကျန့်လို့ မခေါ်ပါနဲ့။ အဲ့ဒါ ကျွန်တော့်အတွက် တကယ်မသက်မသာဖြစ်စရာပဲ!”

ကျန့်ယောင်ကျူသည် သူ၏ခေါင်းကိုကုတ်ကာ ရှက်ရှက်နှင့် ပြောလိုက်သည်။

“ကျွန်တော့်နာမည်က ကျန့်ယောင်ကျူပါ။ ဘော့စ်ကကျွန်တော့်ထက်ပိုကြီးတယ်ဆိုတော့ ယောင်ကျုလို့ပဲခေါ်ပါ”

ရှောင်လင်းယွီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကောင်းပြီလေ။ ငါကမင်းထက် နှစ်နှစ် သုံးနှစ်လောက်ပဲကြီးတာပါ။ မင်းငါ့ကို ရှင်းရှင်းခေါ်သလိုမျိုး အစ်မလင်းယွီလို့ခေါ်နိုင်ပါတယ်”

ရှောင်လင်းယွီသည် သူမ၏ရှေ့ရှိ လူငယ်လေးမှာ ရှောင်ရှင်းရှင်းကိုကြိုက်နေမှန်းသိသောကြောင့် ရှောင်ရှင်းရှင်းကို တမင်သက်သက်ပြောလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် ကျ့န်ယောင်ကျူ၏မျက်လုံးများ ဝင်းလက်သွားပြီး သူက ပျော်ရွှင်စွာပြောလိုက်သည်။

“ကောင်းပါပြီ အစ်မလင်းယွီ!”

“ငါတို့ပူးပေါင်းမှုကို ဆက်ဆွေးနွေးကြရအောင်!”

ရှောင်လင်းယွီက ပြောလိုက်သည်။

ထိုအချိန်တွင် မေမေရှောင်က ပြောလိုက်သည်။

“ယွီအာ အမေတို့အိမ်ပြန်ရောက်တော့မှ ဘာလို့မဆွေးနွေးတာလဲ? သမီးဒီလိုမတ်တပ်ရပ်နေလို့ မရဘူးလေ”

ကျန့်ယောင်ကျူက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒေါ်လေးပြောတာမှန်တယ်!”

သူလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်၏ကျန်းမာရေးကို သတိရှိမှုကြောင့် စိုးရိမ်နေသည်။

ရှောင်လင်းယွီက မငြင်းဆိုလိုက်ပေ။

“ကောင်းပြီလေ သမီးတို့ပြန်ကြတာပေါ့။ အမေ ဒီစတော်ဘယ်ရီတွေက အခုစားလို့ရပြီ။ အရသာကလည်း တော်တော်လေးကောင်းနေပြီ။ ဒါတွေကို ပြီးရင်ခူးပြီး အဘိုးကုန်း စားဖို့ ပို့ပေးလိုက်ရအောင်!”

သူသည် ရှောင်ထုန်၏အဘိုးဖြစ်သောကြောင့် ‌ရှောင်လင်းယွီက သူ့အား ကောင်းကောင်းမွန်မွန်ဆက်ဆံချင်သည်။

မေမေရှောင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကောင်းပြီလေ ယွီအာ။ သမီးအဖေ သမီးကိုပြန်ပို့ပေးလိမ့်မယ်။ အမေ စတော်ဘယ်ရီနည်းနည်းခူးပြီး လူတိုင်းကို အရင်မြည်းခိုင်းလိုက်ဦးမယ်!”

ရှောင်လင်းယွီသည် အိမ်သို့ပြန်သွားပြီးနောက် ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။

ကျန့်ယောင်ကျူသည် အနည်းငယ်စိုးရိမ်နေဟန်တူကာ မေးမြန်းလိုက်သည်။

“အစ်မလင်းယွီ၊ အစ်မ ဘယ်လိုပူးပေါင်းဖို့စီစဉ်ထားလဲ‌ဆိုတာ ကျွန်တော့်ကို ပြောပြပါဦး”

ရှောင်လင်းယွီက ပြောလိုက်သည်။

“ယောင်ကျူ မင်းငါ့မှာ ငါ့စတော်ဘယ်ရီတွေအတွက်လုပ်ဖော်ကိုင်ဖက်မရှိမှန်းသိပါတယ်။ ဒါကြောင့် ပမာဏအများကြီးတော့ ရောင်းလို့မရဘူး။ ဒါပေမယ့် မင်းက အဲ့ဒါတွေနဲ့ပက်သက်ပြီး ကူညီပေးနိုင်မယ့်လူလို့ အစ်မထင်တယ်။ ဒီလိုဆိုရင်ရော ငါစတော်ဘယ်ရီရောင်းချမှုတွေကို မင်းဆီကိုလွှဲပေးပြီးတော့ ၁၀%ကော်မရှင်ခပေးမယ်။ တစ်ခုပဲတောင်းဆိုစရာရှိတယ်။ လက်ကားပဲဖြစ်ဖြစ် လက်လီပဲဖြစ်ဖြစ် ဈေးနှုန်းက ၃၀ယွမ်ထက်တော့နည်းလို့မရဘူး!”

သူမ၏စတော်ဘယ်ရီများသည် အရည်အသွေးကောင်းသောကြောင့် ဈေးနှုန်းနိမ့်နေလို့မရပေ။ ၎င်းတို့ကို ပထမဆုံးရောင်းချမှုဆိုလျှင်တောင် ဈေးပေါပေါနှင့်တော့ မရောင်းချင်ပေ။ ပစ္စည်းတံဆိပ်တပ်ခြင်းမှာ အလွန်အရေးကြီးသည်။ ၎င်းမှာ သူမ အစကတည်းက စီစဉ်ထားခဲ့သည့် အရာဖြစ်သည်။

ကျန့်ယောင်ကျူသည် မစဉ်းစားဘဲ ပြတ်ပြတ်သားသားပြောလိုက်သည်။

“ဈေးနှုန်းနဲ့ပက်သက်ပြီး ပြဿနာမရှိပါဘူး”

စတော်ဘယ်ရီများသည် ထုန်တန်းစတော်ဘယ်ရီများထက် အရသာပိုကောင်းသည်။ လူတွေက အရသာကြိုက်နေသရွေ့ဈေးနှုန်းကို စိတ်ထဲထားမည်မဟုတ်ပေ။

“ကော်မရှင်အတွက်ကတော့...”

ကျန့်ယောင်ကျူသည် တုံ့ဆိုင်းတုံ့ဆိုင်းနှင့် ပြောလိုက်သည်။

“နည်းနည်းများမနေဘူးလား?”

“အမ်?”

ရှောင်လင်းယွီက အနည်းငယ် အံ့အားသင့်သွားသည်။

အစတွင် သူက ဈေးနှုန်းနည်းသည်ဟု ပြောလိမ့်မည်ဟု သူမတွေးထင်ခဲ့သည်။ ထို့နောက်တွင် သူမသည် ၎င်းမှာ ရှောင်ရှင်းရှင်းကြောင့်ဟု နားလည်လိုက်သည်။ သူသည် သူမကို ရှောင်ရှင်းရှင်းကြောင့် ကူညီနေခြင်းဖြစ်သည်။ ထို့ကြောင့် ပိုက်ဆံများများမယူရဲပေ။

ရှောင်လင်းယွီက ပြောလိုက်သည်။

“မများပါဘူး။ ဒီလိုခွဲတာကသာမန်ပါပဲ။ ယောင်ကျူ ငါတို့က ရေရှည်အလုပ်လုပ်ဖြစ်နိုင်တယ်။ မင်းက ဒီပမာဏလောက်တော့ ထိုက်တန်ပါတယ်”

ကျန့်ယောင်ကျူသည် ခနမျှတွေးတောပြီးနောက် ပြောဆိုလိုက်သည်။

“ကောင်းပြီလေ!”

***

All Chapters