စတော်ဘယ်ရီများ
Vol. 13 Ch. 221
“သတင်းကောင်းဟေ့ သတင်းကောင်း၊ ဒီနေ့ဂရုလီဒါက အံ့ဩဖို့ကောင်းတဲ့ စတော်ဘယ်ရီအမျိုးအစားသစ်တစ်မျိုးကို စားလာတယ်!”
ထိုပို့စ်ကို တင်လိုက်သည်နှင့် တိတ်ဆိတ်နေသောလူအားလုံး ရောက်ရှိလာသည်။
“လီဒါ မင်းတကယ်ပြောနေတာလား? ဘယ်မှာစားခဲ့တာလဲ? ငါတို့လည်းလိုချင်တယ်လေ!”
“မှန်တယ် ငါတို့စတော်ဘယ်ရီတွေရဲ့ ဖျားယောင်းမှုကို မလွန်ဆန်နိုင်မှန်း မင်းသိသားပဲ။ စတော်ဘယ်ရီကို လက်ထပ်လို့ရရင် လက်ထပ်ပစ်လိုက်မှာ!”
“ကျစ်ကျစ် မင်းရဲ့အကျင့်သိက္ခာက ဘယ်မှာလဲ?”
“စတော်ဘယ်ရီအရှင်သခင်ထံမှာ စွန့်လွှတ်ခံလိုက်ရပြီ”
နောက်ထပ်အဖွဲ့ဝင်တစ်ယောက်က မေးလိုက်သည်။
“လီဒါ စတော်ဘယ်ရီတွေကို မင်းဘယ်ကရလာတာလဲ။ တရုတ်ကလား နိုင်ငံခြားကလား။ ဘယ်လောက်အရသာရှိလဲ။”
“ဟုတ်တယ် ဂရုလီဒါ၊ ဒီဘယ်ရီတွေကို ဘယ်ကရလာတာလဲ? မင်းပြောတော့အရမ်းအရသာရှိတယ်ဆို။ ဒါပေမယ့် ဘယ်လောက်တောင်အရသာရှိလို့လဲ?”
“မြည်းကြည့်ဖို့တစ်ဘူးပေး”
“ငါလည်းတစ်ဘူးယူမယ်!”
“မင်းတို့တွေက အော်ဒါတောင်တင်နေကြပြီလား? ဂရုလီဒါက မင်းတို့ကို လိမ်သွားမှာ မကြောက်ဖူးလား?”
“ငါမှတ်မိသလောက်တော့ ဂရုလီဒါက နိုင်ငံငယ်လေးတစ်ခုကပဲ။ နိုင်ငံငယ်လေးတစ်ခုကလူက ဘယ်လိုလုပ်အရသာရှိတဲ့ စတော်ဘယ်ရီတွေစားနိုင်ပါ့မလဲ။ မင်းငါ့ကို စနောက်နေတာပဲဖြစ်ရမယ်!”
ကွဲလွဲသောအသံများထွက်ပေါ်လာသည်။
ဘယ်ရီလပ်ဗာသည် မန်ဘာ၁၂၀၀ကျော်နှင့် ကြီးမားသောဆိုရှယ်မီဒီယာဂရုဖြစ်သည်။ ထို့ပြင် ဆိုရှယ်မီဒီယာက တိုးတက်လာရုံသာရှိသေးသည်။ ဒါကို ဘယ်လိုအသုံးပြုရမှန်း သိတဲ့လူ များများစားစားမရှိပေ။ လက်ဖဝါးတွင်ဖုန်းများကပ်နေကြသည့်အချိန်ကို မရောက်သေးပေ။
ဒါ့ပြင် ၁၀၀၀ကျော်မှာ အရမ်းအံ့အားသင့်ဖွယ်ကောင်းသည်။ ပြီးတော့ သူတို့ကတစ်ကမ္ဘာလုံးမှ ဖြစ်သည်။ သူတို့က သူတို့ရဲ့ စတော်ဘယ်ရီကိုကြိုက်တဲ့စိတ်ကြောင့် စုစည်းနေကြခြင်းဖြစ်ပြီး အမျိုးမျိုးသောစရိုက်များရှိကြသည်။
“အမှန်ပဲ၊ ဂရုလီဒါက နိုင်ငံသေးသေးလေးက။ သူက စိတ်သဘောထားသေးသိမ်တယ်။ စတော်ဘယ်ရီအမျိုးအစားဘယ်လောက်များများ သူစားခဲ့လို့လဲ?”
“ဟီးဟီး...”
“ဒါကဘာကိုပြောတာတုန်း? ဂရုလီဒါကိုအမြင်မကြည်မှတော့ ဂရုကနေထွက်လိုက်လေ”
“ဂရုလီဒါက နိုင်ငံလေးတစ်ခုကနေလာနိုင်တယ်။ ဒါပေမယ့် သူကစတော်ဘယ်ရီတွေကို နှစ်သက်တာပဲ။ သူက တစ်ကမ္ဘာလုံးက စတော်ဘယ်ရီတွေကို စားဖူးတယ်”
“ဟုတ်တယ် သူအရင်ကတောင် ငါ့ကို စတော်ဘယ်ရီတစ်ထုပ် ပို့ပေးဖူးသေးတယ်။ တော်တော်လေး စားကောင်းကြတယ်!”
“မင်းတို့ကသူ့သူငယ်ချင်းတွေပဲ။ ဒါ့ကြောင့် သူ့ကို ကာပြောပေးနေတာ!”
“မင်းက နိုင်ငံလေးတစ်ခုကလူက တစ်ကမ္ဘာလုံးကစတော်ဘယ်ရီတွေကို စားဖူးတယ်လို့ ပြောချင်တာလား? ကိုယ့်ဟာကိုလည်း နားထောင်ဦး။ သူအဲ့ဒီက စတော်ဘယ်ရီအမျိုးအစားတွေကိုတောင် မသိဘူးလို့ ငါလောင်းရဲတယ်။ သူက မတူညီတဲ့အမျိုးအစားတွေခြားက ခြားနားချက်တွေကိုရော သိရဲ့လား?”
“အမှန်ပဲ ဂရုလီဒါ၊ မင်းလုပ်နိုင်တယ်ဆိုရင် မင်းသိတဲ့စတော်ဘယ်ရီအားလုံးကိုပြောပြ!”
ဂရုထဲရှိတစ်ယောက်က ရယ်နေသည့်အီမိုဂျီတစ်ခု ပို့လိုက်သည်။
“မင်းတို့က ဂရုထဲမှာ အသစ်တွေဖြစ်ရမယ်။ ဒါမှမဟုတ် မင်းတို့က ငါတို့ဂရုလီဒါကို အတင်းပြောဖို့ ဝင်လာတာလား? မန်ဘာဟောင်းဆိုရင်တော့ ဒီလိုခပ်တုံးတုံးမေးခွန်းတွေမေးမှာမဟုတ်ဘူး”
“အမှန်ပဲ”
“ဂရုလီဒါက ဒီဂရုကို စခဲ့တုန်းက သူ့ရဲ့ စတော်ဘယ်ရီဗဟုသုတွေအကြောင်း သိသလောက် ရှယ်ပေးခဲ့တယ်။ နိုင်ငံလေးတစ်ခုကဆိုရင်တောင် သူက စတော်ဘယ်ရီအကြောင်း တကယ်နားလည်တဲ့ လူတစ်ယောက်ပဲ။ သူ့ကိုဘယ်လိုတောင် မေးခွန်းထုတ်နိုင်ရတာလဲ။ ရယ်ရချက်!”
“မင်းတို့ကမှ တကယ်ရယ်စရာကောင်းတဲ့လူတွေ။ သူကအဲ့ဒါတွေသိနေတော့ရော? သူအဲ့ဒါတွေကို အရင်ကမစားဖူးတာလည်း ဖြစ်နိုင်တာပဲ။ လူတိုင်းလိမ်ပြောနိုင်တယ်။ ဂရုလီဒါက လူလိမ်ပဲ!”
“မင်းကမှလူလိမ်!”
“မဟုတ်ဘူး မင်းကမှလူလိမ်!”
ဂရုသည် ဆန့်ကျင်ဘက်အုပ်စုနှင့် သာမန်အုပ်စုဆိုပြီး နှစ်ခုကွဲသွားသည်။
တစ်ယောက်က ပြောလိုက်သည်။
“ဂရုလီဒါ ဂရုထဲမှာ ချကုန်ပြီ။ တစ်ခုခုပြောဦး။ အပျော်ကြည့်မနေနဲ့!”
ကွန်ပျူတာနောက်တွင်ထိုင်နေသော ဂရုလီဒါ ကျန့်ယောင်ကျူသည် ကီးဘုတ်ကိုလျင်မြန်စွာရိုက်လိုက်သည်။
“လူတိုင်းက သံသယဖြစ်နေမှတော့ ငါဒီအရမ်းအရသာရှိတဲ့ ဟုန်းယန်စတော်ဘယ်ရီတွေကို ပို့ပေးလိုက်မယ်။ ငါဒါတွေကို အလကားပို့ပေးမယ်။ ဂရုထဲမှာ လိပ်စာသာချခဲ့ကြ။ ဘာပဲဖြစ်ဖြစ် သေချာအောင်တော့ပြောထားမယ်။ နမူနာအနေနဲ့ စတော်ဘယ်ရီခြောက်လုံးပဲပါမယ်!”
“အလကားဆိုတာတကယ်လား?”
“ဟုတ်တယ်”
“ဒါပေမယ့် စတော်ဘယ်ရီခြောက်လုံးဆိုတာ အရမ်းနည်းလွန်းတယ်။ ဂရုလီဒါ ဒီစတော်ဘယ်ရီတွေကို မင်းဘယ်က အလကားရတာလဲ?”
“လောလောဆယ်တော့ ဒါကလျှို့ဝှက်ချက်ပဲ! ဒီစတော်ဘယ်ရီတွေက မင်းတို့အရင်က စားဖူးတာမျိုးမဟုတ်တာတော့ ငါပြောနိုင်တယ်”
ကျန့်ယောင်ကျူက ကီးဘုတ်ပေါ်တွင် စာရိုက်လိုက်သည်။
“ဂရုလီဒါ မင်းကအမွှန်းတင်လွန်းနေတာပဲ။ ငါဒီကမ္ဘာကြီးက စတော်ဘယ်ရီအမျိုးအစားအားလုံး စားဖူးတယ်”
“အမှန်ပဲ ဒီဂရုရဲ့မန်ဘာတစ်ယောက်အနေနဲ့ ငါတို့စတော်ဘယ်ရီမျိုးစုံစားဖူးတယ်။ မင်းရဲ့စတော်ဘယ်ရီလိုဟာမျိုးကို ငါတို့မစားဖူးဘူးလို့ပြောရင်တော့ မင်းလိမ်နေတာပဲဖြစ်ရမယ်”
“ငါထောက်ခံတယ်။ ဒါပေမယ့် ငါ့လိပ်စာရေးခဲ့မယ်။ စတော်ဘယ်ရီတွေက ပြောထားသလိုမျိုးအရသာမရှိဘူးဆိုရင်တော့ ငါဂရုလီဒါကိုဆူဖို့ ပြန်လာမယ်”
“ငါရောပဲ!”
မန်ဘာများက သူ၏စကားများကို သရော်နေသည်။
သူတို့က သူ့ကိုမယုံပေ။ ဂရုလီဒါ၏ထောက်ခံပေးမှုအပေါ် ယုံကြည်ချက်မရှိကြပေ။
သို့သော်ငြားလည်း ဂရုလီဒါ၏ သူတို့ကို စတော်ဘယ်ရီခြောက်လုံးသာပို့ပေးသည့်အတွက် ကပ်စေးနှဲမှုကိုလည်း ဒေါသထွက်နေကြသည်။
စတော်ဘယ်ရီခြောက်လုံးက ဘယ်လောက်ဈေးရှိမှာမလို့လဲ?
ဒါပေါ့ ဒါကလူတော်တော်များများကိုလည်း စိတ်ဝင်စားစေနိုင်သည်။
ဂရုလီဒါက တဲ့တိုးပြောဆိုလိုက်သေးသည်။
“လိပ်စာချန်ခဲ့တဲ့သူတွေက စတော်ဘယ်ရီတွေကို အစောဆုံးအနေနဲ့ မနက်ဖြန်မှာရပြီးတော့ နောက်အကျဆုံးဆိုရင်တော့ သုံးလေးရက်ပဲ။ ဒါဆိုရင် ငါအရသာနဲ့ပက်သက်ပြီး အမွှန်းတင်နေတာဟုတ်မဟုတ်ကို မင်းတို့သိသွားလိမ့်မယ်။ ဒါကြောင့် စိတ်ဝင်စားတယ်ဆိုရင် လိပ်စာလေးချန်ထားခဲ့ကြ”
ထို့နောက် ကျန့်ယောင်ကျူသည် တူညီသောမက်ဆေ့ခ်ျကိုပင် အခြားဂရုချက်များတွင် ရေးခဲ့သည်။
အလုပ်များသည့်ညပြီးသည့်နောက် ကျန့်ယောင်ကျူသည် ရှောင်လင်းယွီကို ဖုန်းခေါ်ဆိုကာ စတော်ဘယ်ရီဘူး၃၀၀ ပြင်ထားရန်ပြောလိုက်သည်။
မိုးသောက်ချိန်မတိုင်မီ ရှောင်လင်းယွီနှင့် တခြားသူများသည် စတော်ဘယ်ရီများကို ထုပ်ပိုးကာ ဘူးများထဲတွင် ထည့်လိုက်ကြသည်။ ဘူးပေါ်တွင် စာရေးထားသည်။
“ထောင်ယွမ်ရွာ လတ်ဆတ်သောအသီးအနှံနှင့် အသီးအရွက်များဆိုင်၏ စတော်ဘယ်ရီများ”
ရှောင်လင်းယွီသည် “ထောင်ယွမ်ရွာ လတ်ဆတ်သော အသီးအနှံနှင့် အသီးအရွက်များဆိုင်”ကို တံဆိပ်တစ်ခုအနေဖြင့် ကုန်သွယ်ရေးဌာနတွင် စာရင်းသွင်းထားပြီးဖြစ်သည်။
အနာဂတ်တွင် သူမထုတ်လုပ်သည့်အရာအားလုံး သည် ထောင်ယွမ်ရွာ လတ်ဆတ်သောအသီးအနှံနှင့် အသီးအရွက်များဆိုင်ဟု နာမည်တွင်လိမ့်မည်။ ၎င်းသည် အခြားသူများ သူမ၏နာမည်ကို အသုံးပြုခြင်းမှ ကာကွယ်ရာလည်းရောက်သည်။
ရှောင်လင်းယွီသည် စတော်ဘယ်ရီများ အခြေအနေကောင်းသွားသောအခါ စက်ရုံမှ သေတ္တာများကို စီစဉ်လိုက်သည်။ စတော်ဘယ်ရီများမှာ ထိန်းသိမ်းထားရန် မလွယ်ပေ။ အဝေးသို့ပို့မည်ဆိုပါက သေချာပေါက် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်သည်။
ရှောင်လင်းယွီသည် အလတ်ဆတ်ဆုံးစတော်ဘယ်ရီများကို ရွေးလိုက်ကာ အမြန်ဒလီတစ်ခုကို ငှားရမ်းလိုက်သည်။ ဒါပေါ့ ရှောင်လင်းယွီက သူမ၏စတော်ဘယ်ရီများတွင် ယုံကြည်ချက်များစွာရှိသည်။ တခြားသူများ၏စတော်ရီများသည် ရက်အနည်းငယ်သာ ထိန်းသိမ်းထားနိုင်ပြီး မမှည့်ခင် ဝယ်ယူရမည်ဖြစ်သည်။ ဒါပေမယ့်လည်း သူမရဲ့စတော်ဘယ်ရီများကတော့ ဘာတာရှည်ခံနည်းလမ်းမှမပါဘဲ အနည်းဆုံးလဝက်ခန့် ၎င်းတို့၏ လတ်ဆတ်မှုကို ထိန်းထားနိုင်သည်။
ထို့ကြောင့် ယခုတွင် ရှောင်လင်းယွီသည် ၎င်းတို့ကို လေလုံသေတ္တာထဲတွင် ထားရှိရန်မလိုပေ။
ဒါပေမယ့် အနာဂတ်မှာတော့ သူမ တာရှည်ခံနည်းစနစ်တွေကို ပိုမိုအသုံးပြုရလိမ့်မည်။
ကျန့်ယောင်ကျူ၏ အော်ဒါများကို လက်ခံပြီးနောက် ရှောင်လင်းယွီသည် သူမကို စတော်ဘယ်ရီများ ထုပ်ပိုးရာတွင် ကူညီရန် ရွာထဲမှ ဒေါ်လေးကျိုးနှင့် ဒေါ်လေးလျိုတို့ကို ခေါ်ယူလိုက်သည်။
ရှောင်မင်ယန်းသည် ဒလီသမားဖြစ်သောကြောင့် ကောင်းကောင်းအနားယူရန်လိုသည်။ ရှောင်မင်ယန်းသည် ကားစမထွက်ခင်အထိ အိမ်စက်မည်ဖြစ်သည်။
ကုန်ကားသည် ၆နာရီထွက်မည်ဖြစ်ပြီး ပြီးလျှင် သူသည် အလုပ်လုပ်ရန် ဆိုင်တွင်နေရမည်ဖြစ်သည်။ သူ၏မိန်းမသည်လည်း ဆိုင်တွင်ကူညီပေးရသောကြောင့် သူနှင့် လိုက်ရမည်ဖြစ်သည်။
မေမေရှောင်သည် လူများကို အသီးအရွက်များ ခူးခိုင်းထားလေသည်။ သူတို့သည်လည်း စိုက်ခင်းခြောက်မူကို ခြေကုန်လက်ပန်းကျနေပြီ။ ဟင်းသီးဟင်းရွက်အပင်အသစ်များ စိုက်ပျိုးထားသော်လည်း ကြီးပြင်းရန် အချိန်လိုသေးသည်။
ရှောင်လင်းယွီနှင့် ဖေဖေရှောင်က ထပ်ပေါင်းကာ တော်ဘယ်ရီအချို့ ယူချင်သေးသည်။
သူတို့တွင် ၂၀ကတ်တီပတ်လည်ရှိသည်။ စတော်ဘယ်ရီများသည် မနေ့ကထပ် ပိုမှည့်လာပြီး အရသာပိုထွက်လာသည်။ ၂၀ကတ်တီနှင့် ၁၀ကတ်တီကို ကုမိသားစုဟိုတယ်သို့ ပို့ရမည်ဖြစ်ပြီး ကျန်တာများကို ဆိုင်တွင်ရောင်းမည်ဖြစ်သည်။
…
ကျန့်ယောင်ကျူမှာထားသည့် စတော်ဘယ်ရီများကို သူတို့လာယူသွားသည်နှင့် ထုပ်ပေးလိုက်သည်။ ၎င်းကို ရေစိုလို့မရပေ။ မဟုတ်ပါက မြန်မြန်မှည့်သွားလိမ့်မည်။ ထုပ်ပိုးမှုအပိုင်းတွင် ပြည့်စုံမှုမရှိသေးတာကြောင့် အချိန်ယူနေရလေသည်။
ဘူး၃၀၀ကိုထုပ်ပိုးရန် ဒေါ်လေးကျိုးနှင့် ဒေါ်လေးလျိုတို့အတွက် နှစ်နာရီခန့်ကြာသည်။ ဒါပေါ့ နေသားကျသွားသည်နှင့် သူတို့၏အရှိန်များ မြန်လာသည်။
စတော်ဘယ်ရီများထုပ်ပြီးသောအခါ အသီးအနှံများနှင့်အတူ ခရိုင်မြို့ကိုပို့လိုက်ကြပြီး နာမည်ရှိသော ဒလီဗာရီကုမ္ပဏီတစ်ခုကို ပို့လိုက်ကြသည်။ ကျန့်ယောင်ကျူနှင့် သူ၏ညီမ ကျန့်ဟုန်မေ့့က ဒလီဗာရီကုမ္ပဏီတွင် စောင့်နေကြသည်။ သူတို့သည် အော်ဒါများလက်ခံရင်း နေ့တစ်ဝက်ကုန်ဆုံးခဲ့သည်။
ကုမ္မဏီမှလူများက သိချင်နေကြလေသည်။ နောက်ဆုံးတော့ မန်နေဂျာက မထိန်းနိုင်ဘဲ မေးလိုက်သည်။
“မင်းတို့ရဲ့စတော်ဘယ်ရီတွေအားလုံးက ပြည်တွင်းဖြစ်လား?”
သူသိသလောက်အရ သူတို့သည် ရှင်းယင်ခရိုင်တွင် စတော်ဘယ်ရီမစိုက်ပျိုးနိုင်ပေ။ ဒါပေမယ့်လည်း သူမြင်နေသည့် စတော်ဘယ်ရီများမှာ နီရဲတောက်နေရုံတင်မကဘဲ အနံ့လည်းမွှေးနေသည်။ ၎င်းတို့ကို သေတ္တာများမှတစ်ဆင့်ပင် အနံ့ရနေသည်။
ကျန့်ယောင်ကျူက ပြုံးကာ ပြောလိုက်သည်။
“ဒါတွေက တကယ်ပြည်တွင်းဖြစ်ပါ”
ကျန့်ယောင်ကျူ၏ အဖြေကိုကြားကာ ဒလီဗာရီကုမ္မဏီရှိလူများ အနည်းငယ် အံ့ဩသွားသည်။
“အစ်ကို နင်ဒီစတော်ဘယ်ရီတွေကို ဘယ်ကနေရလာတာလဲ?”
ကျန့်ဟုန်မေ့့သည် သူမ၏နဖူးရှိ ချွေးများကိုသုတ်ရင်း စိတ်ရှုပ်စွာမေးလိုက်သည်။
“ငါဒါတွေကို မြည်းကြည့်လို့တောင် မရသေးဘူး!”
ကျန့်ယောင်ကျူက ပြုံးကာ ပြောလိုက်သည်။
“နင် ‘ထောင်ယွမ်ရွာ လတ်ဆတ်သောအသီးအနှံနှင့် ဟင်းသီးဟင်းရွက်များဆိုင်’ကိုသိလား?”
“အဲ့ဒါ ရှောင်လင်းယဲ့အစ်မပိုင်တဲ့ဆိုင် မဟုတ်ဘူးလား?”
ကျန့်ဟုန်မေ့့က အံ့အားသင့်စွာ မေးလိုက်သည်။
“ငါတို့ အဲ့ဒီဆိုင်ကိုကြားဖူးပေမယ့် သူတို့ရဲ့အသီးအရွက်တွေကိုတော့ အရင်ကမစားဖူးဘူး”
မန်နေဂျာက ပြောလိုက်သည်။
“သူတို့အသီးအရွက်တွေက အရမ်းအရသာရှိတယ်လို့တော့ ကြားဖူးတယ်။ ဒါပေမယ့်လည်း အဲ့ဒါတွေကို မြည်းကြည့်ဖို့ ငါတို့ အခွင့်အရေးမရသေးဘူး”
ဟင်းသီးဟင်းရွက်များ လွယ်လွယ်ကူကူပင် ရောင်းထွက်ကုန်ခြင်းက အဓိကအကြောင်းရင်း ဖြစ်လေသည်။ ဈေးကြီးနေရင်တောင် သူတို့ကိုဝယ်ဖို့ တန်းစီရမည် ဖြစ်သည်။
ကျန့်ယောင်ကျူက
“ဒီစတော်ဘယ်ရီတွေက အဲ့ဒီအသီးအနှံဆိုင်ကပဲ။ ဆိုင်ရှင်က ဒါတွေကို ဒီနေ့ရောင်းလောက်တယ်။ ဒါပေမယ့် အများကြိးတော့မရှိလောက်ဘူး။ ၂၀ကတ်တီလောက်ပဲရှိမယ်”
“အဲ့ဒီဆိုင်က စတော်ဘယ်ရီတွေရောင်းမှာလား?”
လူတစ်ယောက်က သံသယဖြစ်ကာမေးလိုက်သည်။
“အဲ့ဒါတွေက အိမ်စိုက်ပဲလား?”
“ဟုတ်တယ် ဆိုင်ရှင်ကိုယ်တိုင်စိုက်ထားတာ”
ကျန့်ယောင်ကျူသည် ကုန်ကားပေါ်မှ ဘူးတစ်ခုကို ထုတ်လိုက်သည်။ ဘူးထဲတွင် စတော်ဘယ်ရီ ဆယ်လုံးကျော်ကျော်ပါသည်။ သူက ဖွင့်ပြီး ထိုနေရာမှ လူများကို ပြောလိုက်သည်။
“လာပြီးမြည်းကြည့်ကြပါဦး။ ဒါတွေက ထောင်ယွမ်ရွာကပဲ။ အရည်အသွေးကိုအာမခံတယ်! ဒီအရသာကို ခင်ဗျားတို့ ဘယ်တော့မှမေ့မှာမဟုတ်ဘူး”
ကျန့်ဟုန်မေ့့က ၎င်းကိုမြင်ပြီး အနည်းငယ်စိတ်တိုသွားသည်။
“အစ်ကို ဘာလို့အဲ့ဒီလိုလုပ်ရတာလဲ? ဒါကရောင်းဖို့ထုတ်ကုန်တွေလေ။ ဘူးတွေကို သူတို့တွေကို ဘယ်လိုလုပ်ပေးပစ်ရတာလဲ?”
ကျန့်ယောင်ကျူကပြောလိုက်သည်။
“စိတ်တိုမနေနဲ့။ ဒါရှောင်လင်းယဲ့ရဲ့ အမဆီက လက်ဆောင်ပဲ။ လာပြီးမြည်းကြည့်!”
ဘယ်လိုပဲဖြစ်ဖြစ် ကျန့်ဟုန်မေ့့က တစ်လုံးယူစားဖို့ကြံနေတုန်းမှာပဲ စတော်ဘယ်ရီတစ်ဘူးလုံး မျက်စိတစ်မှိတ်အတွင်း ပြောင်သွားလေသည်။ ကျန့်ဟုန်မေ့့က အံ့အားသင့်သွားခဲ့သည်။
ကျန့်ယောင်ကျူ “...”
“ဝိုး ဒီစတော်ဘယ်ရီတွေက တော်တော်စားကောင်းတာပဲ!”
“ဒီလိုအရသာရှိတဲ့ စတော်ဘယ်ရီမျိုးတစ်ခါမှ မစားဖူးဘူး။ မယုံနိုင်စရာပဲ။ ရှင်းယင်ခရိုင်မှာ ဒီလိုကြီးမားပြီး အရသာရှိတဲ့ စတော်ဘယ်ရီမျိုးစိုက်နိုင်တဲ့လူရှိတာလား?”
“အရမ်းအရသာရှိတာပဲ”
ကျန့်ဟုန်မေ့ “....”
သူမငိုချင်နေသည်။ သူမကပထမဦးစားပေးဖြစ်သင့်သော်လည်း အကုန်လုံးမျက်စိတစ်မှိတ်အတွင်း ပျောက်သွားတာကြောင့် အခြားသူများစားနေသည်ကိုသာ ကြည့်နေနိုင်တော့သည်။
ကျန့်ယောင်ကျူက သူမ၏ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
“ငါတို့တွေ ပြီးရင် ထောင်ယွမ်ရွာကို သွားကြမယ်။ နင်ကြိုက်သလောက် စားလို့ရတယ်”
“အလကားလား?”
ကျန့်ဟုန်မေ့့၏မျက်လုံးများ လင်းလက်သွားပြီး စိတ်လှုပ်ရှားနေဟန်ပေါ်သည်။
“…”
ကျန့်ယောင်ကျူက “ငါပေးပါ့မယ်!”
စတော်ဘယ်ရီစားပြီးသူအားလုံး ရယ်မောနေခဲ့ကြသည်။
“ဘော့စ် ကျွန်တော်တို့တွေရော ဘော့စ်နဲ့လိုက်လို့ရမလား? ကျွန်တော်တို့အတွက်လည်း ပေးလို့ရပါတယ်!”
“…”
ကျန့်ယောင်ကျူက “ငါတို့အတူတူသွားလို့ရတာပဲ။ ဒါပေမယ့် ကိုယ့်ဟာကိုယ်တော့ပေးကြပေါ့”
‘ပြီးတော့ ငါက မင်းတို့တွေနဲ့လည်း မရင်းနှီးဘဲနဲ့’
၎င်းကိုကြားကာ တခြားသူများက ပြုံးပြီးပြောလိုက်သည်။
“ဘော့စ် ကျွန်တော်တို့ကိုယ်တိုင်ခူးရင် ဈေးဘယ်လောက်လောက်ရှိလဲ?”
သူတို့က အမှန်တကယ် စတော်ဘယ်ရီတွေ ပိုလိုချင်နေကြသည်။ ဘယ်လိုပဲဖြစ်ဖြစ် ပုံမှန်စတော်ဘယ်ရီများသည် တစ်ကတ်တီကို ၃၀မှ ၄၀ယွမ်ကျသင့်သည်။ အရမ်းဈေးကြီးပါက စားချင်နေလျှင်တောင် စားဖို့တတ်နိုင်တော့မည် မဟုတ်ပေ။
ကျန့်ယောင်ကျူက ပြုံးကာ
“ခင်ဗျားတို့က ပထမဆုံး ကာစတန်မာအသုတ်ပဲ။ ဘောစ့်က ကျွန်တော်တို့ကို တစ်ကတ်တီကို ၄၅ယွမ်နဲ့ ဈေးလျှော့ပေးလိမ့်မယ်။ ရက်အနည်းငယ်အတွင်းမှာပဲ စတော်ဘယ်ရီဈေးတွေကမြင့်တက်လာမှာ။ နောက်ဆုံးဈေးနှုန်းကိုတော့ ပြောဖို့ခက်တယ်”
“၄၅? အရမ်းဈေးကြီးလွန်းတယ်!”
တစ်စုံတစ်ယောက်က ချက်ချင်း အံ့အားသင့်စွာပြောလိုက်သည်။
“စတေယ်ဘယ်ရီတွေက စတိုးတွေမှာတော့ သယ်ယူပို့ဆောင်ခကြောင့်ဈေးကြီးတယ်။ ငါတို့စိုက်ခင်းကို ကိုယ်တိုင်ခူးဖို့သွားမယ်ဆိုရင် ဘယ်လိုဈေးသတ်မှတ်နိုင်မှာလဲ?”
ကျန့်ယောင်ကျူသည် သူ၏ခေါင်းကိုခါကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“၃၀ယွမ်စတော်ဘယ်ရီရဲ့ အရသာက ဒီတစ်ခုကို ယှဉ်နိုင်မယ်လို့ ခင်ဗျားတို့ထင်လို့လား?”
လူအနည်းစုက ဝန်ခံသည်။
“အရသာတော့သိပ်မကောင်းဘူး။ ဒါပေမယ့်လည်း ဒါတွေက ဈေးကြီးနေတုန်းပဲ။ ငါတို့ဒါကို မတတ်နိုင်ဘူး”
ကျန့်ယောင်ကျုက ပြောလိုက်သည်။
“ခင်ဗျားတို့ ပေးရတာနဲ့ တန်တဲ့ အရည်အသွေးမျိုးရတာပဲကို! ဒါကြောင့်ပဲ ဒီဈေးဖြစ်နေတာလေ!”
***