အကူအညီအပြည့်အစုံ
Vol. 13 Ch. 224
ကျန့်ယောင်ကျူသည် သူမနေ့ကတင်လိုက်သည့်အော်ဒါများကို လက်ခံရရှိပြီးနောက် ရှောင်ရှင်းရှင်းကိုရှာဖို့ ဆိုင်သို့ပြန်သွားလိုက်သည်။
သူတို့စကားပြောနေစဉ်တွင် မျက်နှာများ နီရဲနေကာ အထစ်အထစ် ဖြစ်နေကြသည်။ သူတို့အလွန်ရှက်နေကြဟန်တူကာ ၎င်းသည် လျိုချွမ်းဟွာအား ရယ်မောစေခဲ့သည်။ “သူတို့ဘာလို့ အရမ်းချစ်စရာကောင်းနေတာလဲ? ကောင်လေးက သခင်လေးကျန့်ဖြစ်နေပြီးတော့ မိန်းကလေးတွေနားရောက်ရင် အရမ်းရှက်နေတယ် ဟားဟား...”
လျိုချွမ်းဟွာက သူ့ကိုစနေသောအခါ ကျန့်ယောင်ကျူက အင်တင်တင်ဖြင့် ဆိုင်မှပြန်သွားသည်။ သူမသွားမှီတွင် စတော်ဘယ်ရီခူးရန် ထောင်ယွမ်ရွာသို့ သူနှင့်အတူသွားချင်သည့် ကာစတန်မာများကို ခေါ်သွားခဲ့သည်။
ကျန့်ဟုန်မေ့က မေးလိုက်သည်။
“အစ်ကို၊ အဲ့ဒီစတော်ဘယ်ရီတွေက တကယ်ပဲ ထောင်ယွမ်ရွာက ရှောင်လင်းယဲ့အမဆီမှာ စိုက်ထားတာလား? ဒါပေမယ့် ငါတို့တွေ ဒီမှာ စတော်ဘယ်ရီစိုက်လို့မှမရဘဲ။ စိုက်ပျိုးရေးမိသားစုကြီးတွေတော်တော်များများ အရင်ကစိုက်ပြီးပြီ”
“အစ်မရှောင်က ဘယ်လိုများလုပ်လိုက်တာလဲ?”
ကျန့်ယောင်ကျူသည် လမ်းတစ်လျှောက်လုံးစကားများနေသော ကျန့်ဟုန်မေ့ကို သူ၏မျက်လုံးများကိုလည်ကာ ကူကယ်ရာမဲ့လျက်ကြည့်လိုက်သည်။
“နင်ကအကုန်လုံးကို လိုက်စပ်စုနေတာပဲ။ ငါတို့အဲ့ဒီကိုရောက်ရင် နင်အစ်မရှောင်ကို တိုက်ရိုက်မေးလို့ရတယ်”
“…”
ကျန့်ဟုန်မေ့က ရှက်သွားကာ၊ “ငါမေးမှာ” သူမသည် အစ်မရှောင်ကို တစ်ကြိမ်သွာတွေ့ဖူးသည်။ သူမမှာ လှပပြီး ထူးခြားသောစိတ်သဘောထားရှိသည်။ သူမ၏အရှိန်အဝါက အားကောင်းလွန်းသည်။ သူတို့ သူမအနားတွင်နေလျှင် စကားလုံးများကိုပါ အထူးဂရုစိုက်ရမည့်ဟန်ရှိသည်။
ရှင်းအန်းမြို့နှင့် ထောင်ယွမ်ရွာကို ဆက်သွယ်ထားသည့် အင်္ဂတေလမ်းတစ်ခုရှိသည်။ ၎င်းက ကျန့်ယောင်ကျူနှင့် အတူလိုက်လာခဲ့သည့် ခရီးသည်သုံးယောက်ကို အံ့အားသင့်စေခဲ့သည်။
သူတို့က၊ “ဒီမှာအင်္ဂတေလမ်းရှိတယ်? ထောင်ယွမ်ရွာက ဘယ်တုန်းက ဒီလောက် တိုးတက်သွားတာလဲ?” သူတို့သည် ထောင်ယွမ်ရွာကို ဆင်းရဲသည့် ရွာကလေးတစ်ရွာအဖြစ်သာ မှတ်မိနေကြသည်။ ရွာသည် လွန်ခဲ့သဲ့နှစ်အနည်းငယ်ကမှ လျှပ်စစ်ရခဲ့သည်။ ၎င်းသည် အခြားရွာများထက် နှစ်များစွာနောက်ကျသည်။
ဤလျှပ်စစ်အတွက် အဓိကအကြောင်းရင်းမှာ ထောင်ယွမ်ရွာက အလွန်ဝေးလံသောကြောင့် ဖြစ်သည်။ ၎င်းသည် ရွာ၏ အထွေထွေချို့တဲ့မှုများကိုလည်း အထောက်အကူပြုခဲ့သည်။ နည်းပညာဆက်သွယ်မှုများနှင့် အစိုးရရုံများသည် လျှပ်စစ်ကွန်ရက်များပြုလုပ်ရန် အပင်ပန်းမခံနိုင်ကြပေ။ စွမ်းအင်စီးကြောင်းများသည် လျှပ်စစ်စွမ်းရည်ဘေလ်များထက် ပိုမိုကုန်ကျသည်။ ထို့ပြင် တစ်အိမ် နှစ်အိမ်လောက်သာ လျှပ်စစ်လိုအပ်သည်။
ရှောင်လင်းယွီက အမှတ်အများဆုံးသူဖြစ်လာသောအခါ ရွာ၏လျှပ်စစ်ချို့တဲ့မှုကို ယူဆောင်ပေးခဲ့သည်။ လျှပ်စစ်ရုံးခေါင်းဆောင်က သူ၏လက်ကိုမြှောက်ကာ၊ “ထောင်ယွမ်ရွာကို စွမ်းအင်သွယ်ပေးလိုက်ကြ!”
ရွာသူကြီးသည် ရှောင်လင်းယွီအတွက်များစွာ ဂုဏ်ယူသည်။ သူမ၏ဂုဏ်သတင်းသည် ရွာကိုလျှပ်စစ်ရရှိအောင် လုပ်ဆောင်ပေးခဲ့သည်။ လျှပ်စစ်ကို ဆိုးရွားသည့်စွမ်းအင်ဟုတွေးထင်သည့် အချို့ရွာသားများမှလွဲ၍ စွမ်းအားရင်းမြစ်အတွက် တော်တော်များများက ကျေးဇူးတင်နေကြသည်။
ကျန့်ယောင်ကျူ၏ကားပေါ်မှ ခရီးသည်တစ်ယောက်က ပြောလိုက်သည်။ “ထောင်ယွမ်ရွာက ငါတို့စီရင်စုမှာ အဆင်းရဲဆုံးရွာလို့ မှတ်မိနေတာ။ ရွာမှာ မြို့ကိုဆက်သွယ်ထားတဲ့ အင်္ဂတေလမ်းတစ်ခုရှိမယ်လို့ မထင်ထားခဲ့ဘူး။ ဒီနေရာကပြောင်းလဲသွားပြီပဲ”
ကျန့်ဟုန်မေ့က ဘာမှမပြောခဲ့ပေ။
သူမက ထောင်ယွမ်ရွာအကြောင်း သိပ်မသိပေ။ ကျန့်ယောင်ကျူလည်း ထောင်ယွမ်ရွာအကြောင်း မသိပေ။ သူ၏သူငယ်ချင်းတစ်ယောက် ထောင်ယွမ်ရွာသည် စီရင်စုတွင် အဆင်းရဲဆုံးရွာဖြစ်ကြောင်း ပြောသည့်အခါ သူ မယုံကြည်နိုင်ခဲ့ပေ။
အင်္ဂတေလမ်းသည် ထောင်ယွမ်ရွာကို များစွာသောပြောင်းလဲမှုများ ယူဆောင်ပေးခဲ့သည်။ သို့သော်လည်း လမ်းတစ်ခုဆောက်လုပ်ခြင်းသည် ငွေလိုအပ်သည်။ အစိုးရက ကျေးလက်ဒေသများကို လမ်းများဆောက်လုပ်ရန် နှစ်စဉ်အထောက်အပံ့များပေးသော်လည်း အထောက်အပံ့များမှာ များသောအားဖြင့် မလုံလောက်ပေ။ ရွာသားများကလည်း ဤအင်္ဂတေလမ်းခင်းရန် တော်တော်များများပေးခဲ့ရပေမည်။
“ထောင်ယွမ်ရွာကို ထောင်ယွမ်ရွာလို့ခေါ်တာ အံ့ဩစရာမရှိတော့ဘူး။ လမ်းတစ်လျှောက်က မက်မွန်သီးပင်တွေကိုကြည့်ဦး!”
“ပန်းစိုက်တဲ့ကာလက ကုန်သွားပြီဆိုပေမယ့် တန်ဖိုးကြီးသစ်ရွက်တွေကလည်း လှတာပဲ”
“ငါကြားတာတော့ ထောင်ယွမ်က အကောင်းဆုံးမက်မွန်ပင်တွေထုတ်တယ်တဲ့။ ကံမကောင်းစွာပဲ ဆက်သွယ်ရေးအဆင်မပြေမှုတွေကြောင့် မက်မွန်သီးတော်တော်များများက စိုက်ခင်းထဲမှာပဲ မှည့်သွားကြတယ်။ ဘာပဲဖြစ်ဖြစ် အခုလမ်းတွေပြင်ပြီးသွားလို့ မကြာခင်မှာ မက်မွန်သီးတွေပိုတွေ့ရလောက်တယ်”
“ဒီနေရာကမက်မွန်သီးတွေက တော်တော်အရသာရှိတယ်။ ကြွပ်ပြီးချိုနေတာပဲ။ ငါအရင်ကဝယ်ဖူးတယ်”
“ဒါပေမယ့် ရွာရဲ့စတော်ဘယ်ရီတွေကရော အတူတူပဲဖြစ်ပါ့မလား?”
“ငါတို့ရောက်ရင်သိရမယ်ထင်တာပဲ”
အုပ်စုသည် လမ်းတစ်လျှောက်လုံး စကားပြောနေခဲ့ကြသည်။ မကြာမီတွင် သူတို့ထောင်ယွမ်ရွာသို့ ရောက်လာသည်။
ကျန့်ယောင်ကျူက ရှောင်လင်းယွီကို ကြိုတင်ခေါ်ဆိုလိုက်သည်။ သူမ၏ခွင့်ပြုချက်ရရှိပြီးနောက် သူတို့ကို စတော်ဘယ်ရီခင်းသို့ တိုက်ရိုက်ခေါ်သွားလိုက်သည်။
အဝေးမှ ပလက်စတစ်မိုးသည့်စိုက်ခင်းတဲများကို မြင်နေရသည်။ ၎င်းသည် စီရင်စုမြို့တွင် သူတို့သည် ဤကဲ့သို့ကြီးမားသောကလက်စတစ်တဲများကို ပထမဆုံးအကြိမ်မြင်ဖူးခြင်း ဖြစ်သည်။
တစ်စုံတစ်ယောက်က နားမလည်သည့်ပုံဖြင့် မေးလိုက်သည်။ “ဒါတွေအကုန်လုံးက စတော်ဘယ်ရီတွေအတွက်လား?”
စတော်ဘယ်ရီထုတ်လုပ်မှုများမှာ အလွန်များသည်။ မြေတစ်မူသည် ငါးထောင်မှ ခြောက်ထောင်ကျင်အထိ ထုတ်လုပ်နိုင်သည်။ သူတို့မြင်ခဲ့သည့်စတော်ဘယ်ရီစိုက်ခင်း၏အရွယ်အစားအရ အကုန်လုံးရောင်းထွက်သွားရင် သူဌေးက ငွေတော်တော်ရလောက်သည်။
ကျန့်ယောင်ကျူက ရှင်းပြလိုက်သည်။
“မဟုတ်ဘူး ဘော့စ်ရှောင်က စတော်ဘယ်ရီခြောက်မူပဲစိုက်ထားတာ။ ကျန်တာက မြေပဲတွေနဲ့ ပဲပိစပ်တွေပဲ”
“မြေပဲနဲ့ပဲပိစပ်တွေ?” တစ်ယောက်က အံ့ဩစွာပြောလိုက်သည်။ “မြေပဲနဲ့ ပဲပိစပ်တွေစိုက်ဖို့ကော ဖန်လုံအိမ်လိုတာလား?”
ကျန့်ယောင်ကျူက၊ “ဘော့စ်ရှောင်က အရင်က နာမည်ကြီးတက္ကသိုလ်ကျောင်းသူတစ်ယောက်ပဲ။ သူ့မှာ သူ့ကိုစိုက်ပျိုးနည်းစနစ်သစ်တွေသင်ပေးလိုက်တဲ့ စိုက်ပျိုးရေးကောလိပ်က သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့ရဲ့ အရသာရှိတဲ့ သီးနှံတွေကို ဘော့စ်ရှောင်က ဘယ်လိုစိုက်ထားတယ် ထင်လို့လဲ?”
ထိုအချိန်တွင် ကျန့်ဟုန်မေ့က စကားဖြတ်ပြောလိုက်သည်။ “အစ်ကို ငါကြားတာတော့ ရှောင်လင်းယဲ့ဆီကသီးနှံတွေ အရသာကောင်းနေရတဲ့အကြောင်းရင်းက သူတို့မှာ နွားဘုရင်ငယ်လေးရှိလို့တဲ့”
“နွားဘုရင်ငယ်လေး?” ဒေသခံမဟုတ်သူများမှာ ၎င်းက ဘာကိုပြောမှန်း မသိကြချေ။ ဖြစ်နိုင်တာက ရှောင်လင်းယွီက ရွာသားများကို နွားချေးအခမဲ့ယူခွင့်ပေးထားသောကြောင့် ရွာသားအများစုက နွားဘုရင်ငယ်လေးအကြောင်း ပြောခဲတာဖြစ်မည်။ သူတို့သည် အပြင်လူများက နွားဘုရင်ငယ်လေးအပေါ် မနှစ်မြို့ဖွယ်စိတ်ဝင်စားလာကြမှန်း စိုးရွံ့ကြသည်။ မေးမြန်းကြသည့်အခါ သူတို့က ရှောင်လင်းယွီမှာ တက္ကသိုလ်ကောင်းတစ်ခုကိုတက်ခဲ့သောကြောင့် အလွန်တော်နေခြင်းဖြစ်နေသည်ဟုသာ ပြောကြပေသည်။
ဘယ်လိုပဲဖြစ်ဖြစ် ‘ထောင်ယွမ်ရွာလတ်ဆတ်သောအသီးအနှံနှင့် အသီးအရွက်များဆိုင်’နာမည် ကြီးလာသည်နှင့် လူများသည် အသီးအနှံများဝယ်ယူရန် ထောင်ယွမ်ရွာသို့ တိုက်ရိုက်လာခဲ့ကြပြီး နွားဘုရင်ငယ်လေးပုံပြင်က ပျံ့သွားသည်။
အမှန်ပင် လူတော်တော်များများက ၎င်းကိုမယုံကြည်ကြပေ။
ဒီလိုသတင်းအချက်အလက်ခေတ်ကြီးမှာ ဘယ်သူကမှော်ဝင်နွားလေးဆိုတာမျိုးကို ယုံပါ့မလဲ?
မေးမြန်းကြသည့်အခါ သူမ၏ စိုက်ပျိုးရေးသိပ္ပံကျောင်းမှသူငယ်ချင်းဆီမှ သင်ယူခဲ့သည့် ပရော်ဖက်ရှင်နယ်စိုက်ပျိုးနည်းစနစ်များကိုအသုံးပြုနေကြောင်း ရှောင်လင်းယဲ့က သူငယ်ချင်းများကို ပြောခဲ့သည်။ ကျန့်ဟုန်မေ့က ရှောင်လင်းယွီနှင့် ရှောင်လင်းယဲ့တို့ နွားဘုရင်ငယ်လေးပြောနေကြသည်ကို ဖျက်ခနဲသာကြားခဲ့ခြင်းဖြစ်သည်။ နွားဘုရင်ငယ်လေးကို လူထုအားထုတ်မပြသည်မှာ အကြောင်းရင်းတော့ရှိရမည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမ၏ပါးစပ်ကြီးက ၎င်းကို ကျယ်လောင်စွာထုတ်ပြောလိုက်ပြီ။ သူမက သူတို့ကို ဒုက္ခဖြစ်စေသွားရင် ဘယ်လိုလုပ်မလဲ?
ကျန့်ယောင်ကျူမှာ တကယ်ပင် နွားဘုရင်ငယ်လေးအကြောင်း ဘာမှမသိချေ။ သို့သော်လည်း သူကထက်မြက်သူတစ်ယောက်ဖြစ်သည်။ သူသည် ရှောင်လင်းယွီ၏သီးနှံများမှာ အခြားဟာများနှင့် အရမ်းကွဲပြားနေရသည့်အကြောင်းရင်းရှိသည်ကို သိသည်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီအကြောင်းရင်းကို အပြင်လူများကို အသိမခံပေ။
ကျန့်ဟုန်မေ့က နွားဘုရင်ငယ်လေးအကြောင်းပြောသည့်အခါ သူကစိတ်ဝင်စားသွားသည်။
“အံ့ဩဖို့ကောင်းတဲ့သီးနှံတွေက ဒီနွားဘုရင်ငယ်လေးနဲ့ တကယ်ပဲ ဆက်စပ်နေတာများလား?”
ဘယ်လိုပဲဖြစ်ဖြစ် ကျန့်ယောင်ကျူက အသေးစိတ်ထပ်မမေးခဲ့ပေ။ ထိုအစား သူက ကျန့်ဟုန်မေ့ကို တချက်ကြည့်လိုက်သည်။
ကျန့်ဟုန်မေ့က ချက်ချင်းနားလည်သွားသည်။ သူမကပြုံးပြီး ရှင်းပြလိုက်သည်။ “နွားဘုရင်ငယ်လေးအကြောင်း ပုံပြင်မျိုးတွေအများကြီးရှိတယ်။ ကြည့်ရတာတော့ သူ့အမေကိုကယ်ဖို့ လူရှာနေချိန်မှာ သူဌေးရှောင်ကို ရှာတွေ့သွားတာထင်တယ်”
“နွားတစ်ကောင်က သူ့အမေကိုကယ်ဖို့ လူတစ်ယောက်ဘယ်လိုရှာရမလဲဆိုတာသိတာလား? ဒါအမှန်လား? အမှားလား?” ဧည့်သည်များက စိတ်ဝင်စားမှုဖြင့် ချက်ချင်းမေးလိုက်ကြသည်။
ကျန့်ဟုန်မေ့က သူမ၏ခေါင်းကိုခါကာ၊ “ကျွန်မပြောသလိုပဲ ဒါပုံပြင်လေ။ အသေးစိတ်ကိုတော့ ကျွန်မလည်းမသိဘူး။ ဟေး ကျွန်မတို့ရောက်ပြီပဲ!” သူတို့ စတော်ဘယ်ရီခင်းသို့ ရောက်လာကြသည်။
မေမေရှောင်က သူတို့ကို နှုတ်ဆက်ရန် ထွက်လာသည်။ “ထောင်ယွမ်ရွာကကြိုဆိုပါတယ်!”
ကျန့်ယောင်ကျူက ယဉ်ကျေးစွာခေါ်လိုက်သည်။ “ဒေါ်လေးရှောင်” ထို့နောက် သူကကျန့်ဟုန်မေ့ကို မိတ်ဆက်ပေးလိုက်သည်။ “ဟုန်မေ့၊ ဒါကအစ်မရှောင်နဲ့ နင့်ရဲ့အတန်းဖော်ရှောင်လင်းယဲ့ရဲ့အမေပဲ! ဒေါ်လေးရှောင် ဒါကကျွန်တော့်ရဲ့ညီမ ကျန့်ဟုန်မေ့ပါ။ ကျွန်တော်ခရိုင်မြို့မှာတွေ့လာတဲ့ တခြားကာစတန်မာတွေလည်းပါတယ်။ သူတို့က ဒေါ်လေးတို့က စတော်ဘယ်ရီတွေကို ကိုယ်တိုင်ခူးဖို့ ဆားဗစ်ပေးတယ်ဆိုတဲ့အကြောင်းကြားတော့ ကျွန်တော်နဲ့လိုက်လာကြတာ”
ကျန့်ဟုန်မေ့က ပြုံးပြီးနှုတ်ဆက်လိုက်သည်။ “မင်္ဂလာပါ ဒေါ်လေးရှောင်!”
မေမေရှောင်ကပြုံးကာ၊ “မင်္ဂလာပါ ကျန်းမိန်းကလေး။ မင်္ဂလာပါ အားလုံးပဲ။ အထဲဝင်လာကြလေ။ ဟိုမှာ ကတ်ကြေးတွေနဲ့ ခြင်းတွေရှိတယ်။ မင်းတို့ကြိုက်တဲ့အသီးကိုခူးလို့ရတယ်။ ဈေးနှုန်းကိုတော့ ယောင်ကျုက မင်းတို့ကိုပြောပြီးပြီလို့ထင်တယ်။ တစ်ကတ်တီကို၄၅ယွမ်”
သူတို့နှင့်အတူလိုက်လာသည့် ချူထျန်းလန်က ခနလောက်တွေးပြီး မေးလိုက်သည်။
“ဒေါ်လေး စတော်ဘယ်ရီတွေအကုန်လုံးက အတူတူပဲလား?”
“ဟုတ်တယ်”
မေမေရှောင်က ပြန်ဖြေသည်။
“မင်းတို့က ပထမဆုံးကာစတန်မာတွေဆိုတော့ မင်းတို့ကိုအလကားပေးမယ်။ မင်းတို့ကဒီမှာရောက်နေပြီဆိုတော့ ဗိုက်ပြည့်တဲ့အထိစားကြ အကုန်ဖရီးပဲ။ ဘာပဲဖြစ်ဖြစ် မင်းတို့ယူသွားမယ့် စတော်ဘယ်ရီတွေကိုတော့ ချိန်ပြီး ဈေးပေးရမယ်”
အားလုံး၏မျက်လုံးများ ဝင်းလက်သွားပြီး ချက်ချင်းမေးလိုက်သည်။ “တကယ်လား? ကျွန်တော်တို့ကို လိမ်နေတာတော့မဟုတ်ဘူးမလား?”
“တကယ်ပါ!” မေမေရှောင်က ရယ်မောလိုက်သည်။ “မင်းတို့ကြိုက်သလောက် စားလို့ရတယ်”
ချူထျန်းလန်ကအပြုံးတစ်ခုဖြင့်၊ “ဒေါ်လေး ဒီလိုကျွေးတာက မနက်ဖြန်ထိ ရှိဦးမှာလား? ကျွန်မရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုနဲ့ ပြန်လာချင်လို့”
မေမေရှောင်က ပြုံးလိုက်သည်။ “ဒေါ်လေးတို့က ဒီရက်ရောတဲ့မေတ္တာလက်ဆောင်ကို ပထမဆုံးကာစတန်မာ၁၀၀ကို ပေးမှာတယ်!”
“ပထမဆုံး၁၀၀!” ချူထျန်းလန်ကခေါင်းညိတ်လိုက်သည်။ “ဒေါ်လေး ကျွန်မတို့က ဒေါ်လေး့ရဲ့ ပထမဆုံး ဧည့်သည်အသုတ်လို့ပြောတယ်နော်။ ဒီတော့ ကျွန်မတို့က ပထမဆုံး ကာစတန်မာသုံးယောက်ပေါ့”
“ဒါပေါ့! ဒါကို ဧည့်သည်တွေဆီကနေ ဖုံးမထားပါဘူး!”
ချူထျန်းလန်ကပျော်ရွှင်စွာဖြင့်၊ “ဒါဆို ကျွန်မ မနက်ဖြန် ပြန်လာခဲ့မယ်။ ၁၀၀ပြည့်ဖို့တော့လိုပါသေးတယ်!”
အခြားဧည့်သည်များကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။
ကျန့်ဟုန်မေ့နှင့် ကျန့်ယောင်ကျူကတော့ ဘာမှမပြောခဲ့ပေ။ ဒါပေမယ့်လည်း မျက်လွှာချကာ တစ်စုံတစ်ခုကို စဉ်းစားနေဟန်တူနေသည်။
မေမေရှောင်ကပြုံးပြီးပြောလိုက်သည်။ “ဧည့်သည်တို့ဝင်ကြပါ”
“ဝိုး ဒီမှာ စတော်ဘယ်ရီတွေအများကြီးရှိတာပဲ! အကုန်လုံးက အကြီးကြီးတွေပဲ!” မိန်းကလေးဧည့်သည်များက မယုံနိုင်ဖြစ်ကာ အော်ဟစ်နေခဲ့ကြသည်။ သူတို့သည် စတော်ဘယ်ရီများထံမှ ချက်ချင်း ဆွဲဆောင်ခံလိုက်ရသည်။
“ငါ စတော်ဘယ်ရီပင်တွေကို ပထမဆုံးအကြိမ်အနီးကပ်မြင်ဖူးတာပဲ! ဒီတော့ ဒါသူတို့ဘယ်လိုရှိလဲဆိုတာပေါ့!”
“ဒါတွေက စတော်ဘယ်ရီပန်းတွေပေါ့!”
“ဒါပေမယ့် စတော်ဘယ်ရီတွေက နည်းနည်းစိမ်းနေတုန်းပဲ!”
“ဟုတ်တယ် သူတို့နည်းနည်းစိမ်းနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီမနက်စတိုးက စတော်ဘယ်ရီတွေက ပိုတောင်စိမ်းသေးတယ်။ ဒါပေမယ့် အရသာတော့ တော်တော်ကောင်းနေပါပြီ”
ချူထျန်းလန်ကစတော်ဘယ်ရီတစ်လုံးကိုယူကာ ရေမဆေးဘဲ သူမ၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူမကအံ့အားသင့်စွာဖြင့်၊ “အရသာရှိတာပဲ! ဘယ်လိုလုပ် ဒီလောက်စားကောင်းနေရတာလဲ?”
“အမှန်ပဲ စတော်ဘယ်ရီတွေက ချဉ်တယ် ချိုတယ် မွှေးလည်းမွှေးသေးတယ်။ ငါ့ပါးစပ်နဲ့အကိုက်ပဲ”
“ဒါတွေက ဆိုင်ကဟာတွေထက်တောင် ပိုချိုသေးတယ်!”
“ကြီးတာရော သေးတာရောအတူတူချိုတယ်!”
“ငါပြီးမှ စတော်ဘယ်ရီသေးတာလေးတွေနည်းနည်းထပ်ခူးမယ်။ ဒါတွေက မိသားစုထဲမှာ ပေးဖို့လွယ်တယ်။ ပိုကြီးတာတွေက ခွဲဖို့ခက်တယ်”
“မင်းမှန်တာပဲ။ ငါလည်းအဲ့ဒါမျိုးလုပ်မယ်!”
“ငါ့ရဲ့ကောင်မလေးအတွက် ကြီးတာလေးတွေ ခူးရဦးမယ်!”
…….
ကျန့်ဟုန်မေ့ စိုက်ခင်းထဲသို့ ဝင်သွားသည့်အခါ သူမ၏ပုံရိပ်ကိုခွာချလိုက်ပြီး စတော်ဘယ်ရီများကို ကိုက်စားပစ်လိုက်သည်။ “ဝိုး အရသာကတော့ အံ့ဩစရာပဲ!” သူမ အံ့အားသင့်စွာပြောလိုက်သည်။ “ငါဒီစတော်ဘယ်ရီတွေ နေ့တိုင်း စားနေရသရွေ့တော့ လစာမရဘဲ အလုပ်လုပ်နိုင်တယ်!”
သူမ ကျန့်ယောင်ကျူကိုကြည့်ရင်း ပြောဆိုနေသည်။ ကျန့်ယောင်ကျူသည် မနေ့ညက အော်ဒါအများကြီး လက်ခံခဲ့ရသည်။ သူအကူအညီလိုသောကြောင့် ကျန့်ဟုန်မေ့ဆီသွားခဲ့သည်။
ကျန့်ဟုန်မေ့က သူမ၏ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေပြီးရုံသာ ရှိသေးသည်။ သူမမှာ လုပ်စရာမရှိပေ။ သူမ အိမ်မှာနေရင်နေ တီဗီကြည့်ရင်ကြည့် မဟုတ်ရင် သူငယ်ချင်းတွေနှင့် ဈေးဝယ်ထွက်သည်။
ကျန့်ယောင်ကျူက သူမကို အကူအညီလာတောင်းခဲ့သည်။ သူက သူမကို သူနှင့်အတူ စတော်ဘယ်ရီစီးပွားရေးတစ်ခု ပြုလုပ်စေလိုသည်။ သူမ၏အကူအညီကို စာရင်းအင်းနှင့်တူတူ လိုအပ်သည်။ ကျန့်ဟုန်မေ့က အစပိုင်းတွင် တွန့်ဆုတ်နေသည်။ ဒါပေမယ့်လည်း ကျန်ယောင်ကျုက ၎င်းကို ကောင်မလေးအားလိုက်ရန် ပြုလုပ်နေကြောင်း သိသွားသောအခါ သူ့ကို ကူညီရတော့မည်။ မဟုတ်ပါက သူမအကြီးဆုံးဝမ်းကွဲ၏ ရှက်တက်သာအကျင့်စရိုက်နှင့်ဆိုလျှင် ဘယ်တော့မှ ရည်းစားရတော့မည်မဟုတ်ပေ။
သူမအကြီးဆုံးဝမ်းကွဲ၏ အနာဂတ်ပျော်ရွှင်မှုအကျိုးအတွက် ကူညီရန် ကတိပေးခဲ့သည်။
ဒါပေါ့ သူမအလကားလုပ်ပေးမည်လို့တော့ မဆိုလိုပေ။ သူမ နှစ်လအလုပ်လုပ်ပေးရမည်ဖြစ်သောကြောင့် လစာရရန်လိုသည်။
စတော်ဘယ်ရီများကိုမြည်းစမ်းပြီးနောက် ဤလှပသောစတော်ဘယ်ရီများ၏ဆုအတွက် အလုပ်လုပ်မည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချခဲ့သည်။
ကျန့်ဟုန်မေ့က ကျန့်ယောင်ကျူကို ချက်ချင်းပြောလိုက်သည်။ “အစ်ကို အခုကစပြီးတော့ ငါနေ့တိုင်းတိုင်းအလုပ်လုပ်ပေးမယ်”
“…” ကျန့်ယောင်ကျူက အပြုံးတစ်ခုဖြင့်၊ “ငါ့အတွက်အလုပ်လုပ်ပေးလို့ နင့်ကိုလစာပေးပါ့မယ်။ ပြီးတော့ ဒုတိယဦးလေးက ဒါနင့်အတွက် စီးပွားရေးအကြောင်းနဲ့ ပိုက်ဆံဘယ်လိုစရမလဲဆိုတာသင်ဖို့အခွင့်အရေးပဲလို့ ပြောသွားတယ်လေ။ နင် ဒီကိုစတော်ဘယ်ရီတွေချည်းစားဖို့ လာခဲ့တာမဟုတ်ဘူး။ ဒါနင့်အလုပ်မဟုတ်ဘူး”
ကျန့်ဟုန်မေ့၊ “…”
သူ့ရဲ့အကြီးဆုံးဝမ်းကွဲက အရမ်းကလိမ်ကျမယ်လို့ ဘယ်သူကထင်ပါ့မလဲ..
ဟမ့်...
***