← Chapters

ပထမဆုံးအော်ဒါ

Vol. 13 Ch. 225

ပထမဆုံးအော်ဒါ

Vol. 13 Ch. 225

ကာစတန်မာသုံးယောက် ခြင်းအပြည့်ဖြင့် ထွက်သွားကြသည်။ သူတို့အများကြီးစားရန် ရှက်နေကြသော‌ကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့် ကတ်တီနှင့်ချီသောစတော်ဘယ်ရီများကို ပြန်ယူသွားကြခြင်းဖြစ်မည်။ စတော်ဘယ်ရီများသည် တစ်ကတ်တီလျှင် ၄၅ယွမ်ကျသော်လည်း ၎င်းကတန်သည်ဟု သူတို့ထင်နေသည်။

သူတို့၏မိသားစုများကို မနက်ဖြန်ခေါ်လာရန် အားလုံးဆုံးဖြတ်ခဲ့ကြသည်။

အမှန်ပင် သူတို့က အလကားစားရရန်မျှော်လင့်နေကြခြင်းဖြစ်သည်။ စတော်ဘယ်ရီများက အရမ်းဈေးကြီးလွန်းသည်။ အလကားပေးနေသည့်အချိန်တွင် ရနိုင်သလောက် အမြတ်ထုတ်ရမည်ဖြစ်သည်။

…

နောက်နေ့မနက်စောစောတွင် ကျန့်ယောင်ကျူ၏ ဖုန်းမြည်လာသည်။

ကျန့်ယောင်ကျူက အိပ်ချင်မူးတူးဖြစ်နေတုန်းပင်။ မနေ့ညက သူသည် အလွန်များသောအော်ဒါတစ်ခုကို အဆုံးသတ်ခဲ့သည်။ သူအိပ်ပျော်သွားသည်မှာပင် သိပ်မကြာသေးပေ။ သူပိုကြာကြာအိပ်ချင်သော်လည်း မကြာခင်တွင် ရှောင်လင်းယွီကကုန်များကို သယ်ယူပို့ဆောင်ရေးကုမ္ပဏီသို့ပို့တော့မည်မှန်း သိနေသည်။ သူသည် လွန်ခဲ့သည့်နှစ်ရက်က နမူနာအော်ဒါများအတွက်လည်း အလုပ်များနေခဲ့သည်။

ဖုန်းနိုတီကိုကြားသောအခါ ကျန့်ယောင်ကျူက ဖုန်းကိုကြည့်ပြီး တချက်ကြည့်လိုက်သည်။

“ဂရုလီဒါ ငါစတော်ဘယ်ရီတွေရပြီ! မင်းပြောတဲ့အတိုင်းပဲ! တော်တော်အရသာရှိတယ်။ ငါ တစ်ကမ္ဘာလုံးက စတော်ဘယ်ရီတွေအားလုံးကို စားဖူးပေမယ့် မင်းငါ့ကို ပို့ပေးတဲ့ စတော်ဘယ်ရီတွေလိုအရသာရှိတာမျိုးတော့ တခါမှမစားဖူးဘူး”

မနက်စောစောဖြစ်သောကြောင့် လူတော်တော်များများ အိပ်ချင်နေကြသေးသည်။

သို့သော်လည်း ဘယ်ရီလပ်ဗာဂရုထဲရှိ အခြေအနေက အသက်ဝင်နေသည်။ ဤလူများ မအိပ်ကြသေးသကဲ့သို့ပင် ဖြစ်သည်။

“ဟေး မင်းတို့ ဂရုလီဒါနဲ့ အတူတူတွဲမလုပ်ဘူးဆိုတာ သေချာလား? မင်းက တကမ္ဘာလုံးက စတော်ဘယ်ရီတွေကိုဘယ်လိုလုပ်စားဖူးမှာလဲ? မြှောက်ပြောတာများလွန်းတယ်!”

“အမှန်ပဲ၊ ငါတို့ကိုအရူးလုပ်လို့ရမယ့်ကလေးတွေ အောက်မေ့နေလား? ကမ္ဘာပေါ်က စတော်ဘယ်ရီအမျိုးအစားအားလုံးကို စားကြည့်ဖို့ဆို တော်တော်လေးချမ်းသာမှရမှာ။ မင်းဘယ်လောက်ချမ်းသာလို့လဲ? ဂရုလီဒါကိုယ်တိုင်ကိုက ခရိုင်မြို့လေးကလာတာ။ ငါတို့ကိုလိမ်ဖို့ မင်းတို့နှစ်ယောက် ပေါင်းကြံနေတာဖြစ်ရမယ်”

သူပြောပြီးသွားသည်နှင့် တစ်ယောက်က ချက်ချင်းချေပလိုက်သည်။

“ဒီအရှုံးသမားကောင်၊ လူတိုင်းက မင်းလိုမွဲနေတယ်ထင်မနေနဲ့”

“အမှန်ပဲလေ။ စတော်ဘယ်ရီတွေကို ငါတို့မတတ်နိုင်ဘူးလို့ထင်နေတာလား? အရှုံးသမားမင်းလိုကောင်ကလွဲရင် ဒီဂရုထဲက ငါတို့အားလုံး ကြိုက်တဲ့အချိန်စတော်ဘယ်ရီစားလို့ရတယ်!”

ဒဲ့ဒိုးသရော်လိုက်ခြင်းဖြစ်သည်။

မှောင်မိုက်သောအခန်းထဲတွင် ဖရိုဖရဲနှင့် မျက်မှ‌န်တပ်ထားသောလူက ကွန်ပျူတာဘေးတွင် ဆက်လက်စာရိုက်နေသည်။ “ဟမ့် အရှုံးသမားကဘယ်သူလဲ? ငါပြောပြမယ်။ ငါစတော်ဘယ်ရီတွေအများကြီးစားဖူးတယ်။ အလကားပေးတဲ့စတော်ဘယ်ရီမျိုးကိုဘယ်သူကဂရိုစိုက်လို့လဲ?”

“ဒီလိုဆိုရင်လည်း ဖန့်ရှန်း၊ ဟုန်းရန်၊ နုဖန်း၊ ကွေ့နျူကြားထဲက ကွာခြားချက်ကိုပြောပြ။ R၊ Lနဲ့ M နိုင်ငံတို့ကနာမည်ကြီးစတော်ဘယ်ရီစိုက်ခင်းတွေကဘာတွေလဲ? အမျိုးစားတွေကရော? ကွာခြားမှုတွေကရောဘာလဲ?”

ဤပို့စ်တင်သူက သူ၏စတော်ဘယ်ရီများကို ကောင်းကောင်းနားလည်သည်။

ချောင်ပိတ်ခံလိုက်ရချိန်တွင် စွန်းကျွင်း စိတ်တိုသွားသည်။ သူက၊ “ငါကမင်းကိုဘာလို့ပြန်ဖြေရမှာလဲ? မင်းကဘယ်သူမိုလို့လဲ? မင်းကဒီတိုင်းအရှုံးသမားတစ်ကောင်ပဲ! မင်းက အကုန်လုံးချမ်းသာဟန်ဆောင်နေပေမယ့် တကယ်တမ်းကျ မင်းက အသင့်စားခေါက်ဆွဲတောင်မစားနိုင်လောက်အောင် ဆင်းရဲနေတဲ့ကောင်ပဲ”

ဂရုထဲတွင် ပွက်လောရိုက်သွားသည်။

“ချီး ဒီကောင်ကဘယ်သူလဲ? ဘာလို့တအားမောက်မာနေတာလဲ?”

“ဒီနေရာမှာ မင်းကမှ တကယ့်အရှုံးသမား! မင်းက အပေါ်က ရိုးရိုးမေးခွန်းလေးတွေကိုတောင်မဖြေဘဲနဲ့။ ဒါကမင်း စတော်ဘယ်ရီတွေမကြိုက်တဲ့အကြောင်း သိသာစေတယ်အဲ့ဒါဆိုလည်း ဘာလို့ဒီဂရုထဲ နေနေသေးလဲ?”

တစ်စုံတစ်ယောက်က ထိထိမိမိ ထောက်ပြလိုက်သည်။ “ဂရုလီဒါ ဒီကောင့်ကို ဒီဂရုထဲကနေထုတ်ပစ်လိုက်။ ဒီကောင်က ပြဿနာအိုးပဲ”

“အမှန်ပဲ သူ့ကိုထုတ်ပစ်လိုက်!”

ဂရုထဲရှိလူတိုင်းက အတွေးတူနေကြသည်။ ကျန့်ယောင်ကျူက ဤမက်ဆေ့ခ်ျကိုမြင်ပြီး ချက်ချင်းနိုးလာသည်။ သူက ၎င်းကိုတွေးပြီး လိုင်းပေါ်မှနာမည်Saint Loveဖြင့် ဂရုမန်ဘာတစ်ယောက်ကို ထုတ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။

ဤမန်ဘာ၏စရိုက်တွင် ပြဿနာရှိနေသည်မှာ သိသာသည်။ သူ့ကိုသာဆက်နေခွင့်ပြုလိုက်ပါက ပိုမိုသဘောထားကွဲလွဲမှုများကိုသာ ဖြစ်ပေါ်စေလိမ့်မည်။

ဂရုထဲမှအထုတ်ခံလိုက်ရသည့် Saint Loveသည် ဒေါသဖြင့်ရူးမတတ်ဖြစ်နေသည်။ သူကဂရုကိုပြန်ဝင်ရန် အနည်းငယ်ကြိုးစားကြည့်သော်လည်း အမြဲအငြင်းခံနေရသည်။

စွန်းကျွင်းက အော်ဆဲလိုက်သည်။ “မင်းတို့အကောင်စုတ်တွေ၊ စောင့်ကြည့်နေလိုက်။ တစ့်နေကျရင် ငါကမ္ဘာပေါ်က အချမ်းသာဆုံးလူဖြစ်လာပြီး စတော်ဘယ်ရီတွေအားလုံးစားပြမယ်။ ပြီးရင် မင်းတို့တစ်ယောက်ချင်းစီကိုရှာပြီး ငါ့ရှေ့မှာ ဒူးထောက်ရအောင်လုပ်မယ်!”

သူ၏ဘေးနားတွင် တယောက်ယောက်သာရှိပါက ဟက်ဟက်ပက်ပက်ရယ်မောမိလိမ့်မည်။ ဤကဲ့သို့ သိက္ခာနှင့် ရည်မှန်းချက်မရှိသည့်လူတစ်ယောက်သည် ဘယ်အရာကိုမှ ဖြစ်ဖြစ်မြောက်မြောက်ရှိမည်မဟုတ်ပေ!

“အဲ့ဒီလူကိုထုတ်ပစ်လိုက်တာကောင်းတာပဲ။ နောက်ဆုံးတော့ အေးချမ်းပြီး တိတ်ဆိတ်သွားပြီ။ သူကဒရာမတွေခင်းဖို့လုပ်နေတာ။ သူ့ပြဿနာကဘာလဲ?”

“အဲ့ဒါပြောတာ! ငါလည်းစိတ်တိုတယ်။ သူကတော်တော်စိတ်ရှုပ်ဖို့ကောင်းတာပဲ!”

“ဂရုလီဒါ အဲ့ဒီကောင်ကဘယ်သူလဲ? သူကတကယ်ပဲ ဘယ်ရီလပ်ဗာတစ်ယောက်လား? သူ့ကြည့်ရတာ အမုန်းပွားနေတဲ့ကောင်နဲ့တောင်ပိုတူတယ်!”

“ငါတို့ သူ့ကို ဂရုထဲ ပြန်အဝင်ခံလို့မဖြစ်ဘူး!”

ကျန့်ယောင်ကျူက ပြန်ဖြေလိုက်သည်။ “ဒါပေါ့ ငါသူ့ကိုပြန်အဝင်မခံပါဘူး။ သူပြန်ဝင်လာရင်လည်း စတော်ဘယ်ရီတွေအရမ်းကြိုက်တယ်ပဲပြောဦးမှာ”

“သူ့ကိုပြန်အဝင်မခံတာပဲကောင်းတယ်!”

တစ်ယောက်က ထပ်၍ “မနေ့တုန်းက သူဂရုလီဒါကို ဆဲဆိုပြီးပြီ။ ငါတို့ဂရုလီဒါက သူနဲ့ပက်သက်ဖို့ အရမ်းစိတ်ထားကောင်းလွန်းနေတယ်။ ဒါပေမယ့် ဒါကပဲ သူ့ကိုပိုဆိုးနေစေတာ!”

“ပြောရဦးမယ်။ အလကားကျွေးတဲ့ စတော်ဘယ်ရီတွေက တကယ်အရသာရှိတာလား?”

“ဟုတ်တယ်!” Strawberry Eaterဟုခေါ်သည့် မန်ဘာတစ်ယောက်က ပြောလိုက်သည်။ “ငါလိမ်နေတာမဟုတ်ဘူး။ ဂရုလီဒါပို့လိုက်တဲ့ စတော်ဘယ်ရီတွေက အရမ်းစားကောင်းလွန်းတယ်။ စားကောင်းတာမှ မျက်‌ရည်တောင်ထွက်မတတ်ပဲ”

ထိုသို့ပြောပြီးနောက် သူမကပုံနှစ်ပုံပို့လိုက်သည်။ ပထမတစ်ခုမှာ ပုံးထဲမှ စတော်ဘယ်ရီများဖြစ်သည်။ နောက်တစ်ခုမှာ သူမပါးစပ်ထဲမှ စတော်ဘယ်ရီများဖြစ်သည်။ မှတ်ချက်ကတော့ ငါဒီဖြားယောင်းမှုကို မခံစားနိုင်ဘူး ဟူ၍ဖြစ်သည်။

“မဖြစ်နိုင်တာ၊ စတော်ဘယ်ရီတွေက အရမ်းစိမ်းပြီး မမှည့်သေးဘူး။ တကယ်ပဲအရသာရှိလို့လား?”

“ဟုတ်တယ် ကြည့်ရတာအရမ်းချဉ်မယ့်ပုံပဲ!”

“လူတွေ ပန်းသီးစိမ်းတွေနဲ့ သခွားသီးစိမ်းတွေစားတာတော့ကြားဖူးပေမယ့် ဒီလို စတော်ဘယ်ရီအစိမ်းတွေစားပြတာမျိုးကိုတော့ ပထမဆုံးမြင်ဖူးတာပဲ”

“စတော်ဘယ်ရီတွေက သေချာမမှည့်သေးဘူး။ ထိပ်တွေကတော့နီနေပြီ”

“စတော်ဘယ်ရီတွေရဲ့ အကောင်းဆုံးအချိုနှင့် အနံ့အခြေအနေကိုရောက်ဖို့ လုံးဝမှည့်သွားရမယ်ဆိုတာ ငါတို့အကုန်သိတာပဲ”

“ဒီတော့ Strawberry Eater ရေ၊ မင်းကဂရုလီဒါနဲ့ ကြံရာပါလား?”

Strawberry Eater ကစိတ်တိုသွားသည်။ “ငါ့ကိုမယုံဘူးဆိုရင်လည်း မေ့လိုက်တော့။ ဘယ်လိုပဲဖြစ်ဖြစ် ငါစတော်ဘယ်ရီတွေကိုစားပြီးပြီတော်တော်လည်းအရသာရှိတယ်”

ပြီးနောက် သူမကမေးလိုက်သည်။ “ဂရုလီဒါ ငါစတော်ဘယ်ရီတွေဝယ်ချင်တယ်။ ရှင်ဘယ်လိုရောင်းလဲ?”

ပထမဆုံးအော်ဒါရောက်လာလေပြီ။

ကျန့်ယောင်ကျူ၏မျက်လုံးများ လင်းလက်သွားပြီး စိတ်ရွှင်သွားကာ၊ “ဒါကပထမဆုံးအော်ဒါမလို့ ဘော့စ်ကငါတို့ကို အထူးဒစ်စကောင့်ပေးထားတယ်။ ၅၀% လျှော့ထားလို့ တစ်ကတ်တီကို ယွမ်၆၀ပဲ”

“၅၀%လျှော့ပြီးတာတောင် တစ်ကတ်တီကို၆၀ယွမ်? ဂရုလီဒါ မင်းရူးများသွားတာလား? ဘယ်လိုလုပ်ဒီလောက် ဈေးခေါ်နိုင်ရတာလဲ?”

ဂရုထဲမှ တစ်ယောက်က စတင်ပြက်ရယ်ပြုလိုက်သည်။

“အမှန်ပဲ ထုန်တန်း၏ပထမဆုံးစတော်ဘယ်ရီအသုတ်တောင် တစ်ကတ်တီကို ၁၀၀ကနေ၂၀၀ယွမ်ပဲရောင်းတာ။ မင်းရဲ့စတော်ဘယ်ရီတွေက ဘယ်လိုဟာမျိုးမလို့ ဒီလောက်ဈေးကြီးကြီးရောင်းနေရတာလဲ?”

“ဘဏ်ကိုသွားဓားပြတိုက်လိုက်တာပဲပိုကောင်းမယ်!”

Strawberry Eater ကပြောလိုက်သည်။ “ငါ့အမြင်အရတော့ စတော်ဘယ်ရီတွေက ၆၀ဆိုတော့ဈေးသက်သာတယ်လေ။ ၁၂၀မှမဟုတ်ဘဲ”

“အလကားကျွေးတဲ့စတော်ဘယ်ရီတွေကို ငါ့လို တစ်ယောက်ယောက်များ စားပြီးပြီလားတော့မသိဘူး။ စားပြီးရင်တော့ စတော်ဘယ်ရီတွေက တကယ်တန်မှန်းသိလိမ့်မယ်။ ဂရုလီဒါ ငါ၅ကတ်တီယူမယ်။ မဟုတ်သေးဘူးနေဦး။ ၁၀ကတ်တီယူမယ်!”

သူမက သူမ၏အဘိုးအဘွားများ စားကြည့်ရန်လည်း ပေးချင်သေးသည်။ Strawberry Eater က တခေါက်တည်းနဲ့တင် ၁၀ကတ်တီမှာလိုက်သည်! ဒါက ယွမ် ၆၀၀ပဲ။ ဒါက နည်းတဲ့ပမာဏမှမဟုတ်တာ။

“@Strawberry Eater၊ မင်းကိုဂရုလီဒါက အလုပ်ခန့်မထားတာကောသေချာရဲ့လား? ဒါတော်တော်သံသယဖြစ်ဖို့ကောင်းနေပြီ!”

“ဒါငါ့အတွက်တော့ ကိုယ်တိုင်ရိုက်ဇာတ်ကားလိုမျိုးခံစားနေရတယ်”

“ဒါပိုက်ဆံဖြုန်းရမှာမျိုးမဟုတ်ဘူး။ မင်းက ယွမ်၆၀၀ကို ဒီလိုပဲသုံးပစ်မှာပေါ့!”

“ငါ Strawberry Eater က တကယ်ပဲ ဂရုလီဒါရဲ့ လူလို့ သံသယရှိနေတယ်”

Strawberry Eater ကမခံမရပ်နိုင် ဖြစ်သွားသည်။ သူကကွန်ပျူတာဘေးတွင် စိတ်တိုပြီးစာရိုက်နေကာ ထိထိမိမိပြောလိုက်သည်။

“ဟမ့် ငါ့မိသားစုကချမ်းသာတယ်လေ။ ငါဂရုလီဒါကိုမသိဘူး။ သူငါ့ကိုအလုပ်ခန့်ဖို့လည်းမလိုဘူး။ ငါ့မှာပိုက်ဆံရှိတယ်။ ငါ့မှာ ဘာမှမရှိလို့ သနားစရာကောင်းနေပေမယ့် ပိုက်ဆံတော့ရှိသေးတယ်!”

သူမရဲ့လေသံက မာနများဖြင့် ပြည့်နေသည်။ ထို့နောက် သူမကထပ်၍ “ဂရုလီဒါ ငါစိတ်ပြောင်းသွားပြီ။ စတေယ်ဘယ်ရီ ၁၀၀ ကတ်တီ ယူမယ်!”

“၁၀၀ကတ်တီ?”

ဂရုကထပ်ပြီး ပွက်လောရိုက်သွားပြန်သည်။

“ဟာ ဒါကရူးလောက်စရာပဲ။ ငါ့ရဲ့တစ်လစာတောင် ယွမ်၂၀၀၀ပဲရှိတာ။ ၁၀၀၀ကျင်ကငါ့လစာသုံးဆပဲ!”

“ငါတို့ကိုစပွန်ဆာပေးပါ။ @Strawberry Eater!”

“+1”

“+2”

Strawberry Eater ကဂုဏ်ယူစွာဖြင့်၊ “ဘာစပွန်ဆာမှမရှိဘူး။ နင်တို့လူတွေ ငါ့ကိုခုန သံသယဖြစ်နေတာလေ!”

ထို့နောက် တစ်ယောက်က တူပုံတစ်ခု ပို့လိုက်သည်။

Strawberry Eater က၊ “ဘာပဲဖြစ်ဖြစ် စီးပွားရေးဆီပြန်သွားရအောင်။ ဂရုလီဒါပို့လိုက်တဲ့စတော်ဘယ်ရီတွေက တကယ်အရသာရှိတယ်လို့ ငါထင်တယ်။ ဒါကြောင့် ငါတခါတည်း အများကြီးဝယ်ချင်တာ။ ၁၀၀ကျင်က ချက်ချင်းကုန်သွားမယ်ဆိုတာ သေချာတယ်!”

“ကွာ ဒါငါ့ကို တချို့ဟာတွေကြောင့်စိတ်တိုစေတယ်”

“ငါရောပဲ”

Strawberry Eater ကထပ်၍၊ “မနေ့က ဂရုလီဒါကို လူတွေအများကြီး လိပ်စာပေးနေတာ မြင်လိုက်တယ်။ နင်တို့အတွက် နမူနာတွေလညိး မကြာခင်ရောက်လာမယ်လို့ ငါထင်တယ်”

“စတော်ဘယ်ရီတွေကို တခါစားကြည့်လိုက်တာနဲ့ ငါအရမ်းချီးမွမ်းပြောနေတာမဟုတ်မှန်း သိသွားလိမ့်မယ်။ ငါဒီစတော်ဘယ်ရီတွေကုန်သွားမှာဆိုးလို့ အရင်ဆုံး အော်ဒါတင်ထားရမယ်လေ”

“@ဂရုလီဒါ ငါပုံးကို အတော်လေးကမှ သတိထားမိတယ်။ အဲ့မှာ ထောင်ယွမ်ရွာကလို့ပြောတယ်”

ကျန့်ယောင်ကျူက ပြန်ဖြေလိုက်သည်။ “ဟုတ်တယ် စတော်ဘယ်ရီတွေက ထောင်ယွမ်ရွာကပဲ”

“အဲ့ဒီရွာက ဘယ်မှာလဲ? တစ်ခါမှ မကြားဖူးဘူး”

ဂရုချက်က ဆွေးနွေးမှုဖြင့် ထပ်မံ ယောက်ယက်ခတ်သွားပြန်သည်။

“ငါလည်းမကြားဖူးဘူး။ ထောင်ယွမ်ရွာ၊ ကြားရတာတော့ ဒါကဝေးလံတဲ့နေရာက ရွာတစ်ရွာဖြစ်ပုံပဲ”

“ငါ ထုန်းတန်စတော်ဘယ်ရီတွေ၊ နန်ရှန်းစတော်ဘယ်ရီတွေနဲ့ အန်းလင်စ‌တော်ဘယ်ရီတွေပဲ ကြားဖူးတာ။ ထောင်ယွမ်ရွာစတော်ဘယ်ရီလို့တော့ မကြားဖူးဘူး”

“ငါလည်း အဲ့ဒါမျိုး မကြားဖူးဘူး”

“ဒါပေမယ့် မေးစရာရှိတာက အဲ့ဒီမှာစိုက်တဲ့စတော်ဘယ်ရီတွေက အဲ့ဒီလောက်တောင်အရသာရှိလို့လား? ဂရုလီဒါက ငါတို့ကို လိမ်နေတာများလား?”

“ဂရုလီဒါက ငါတို့ကိုလိမ်ဖို့လိုတယ်လို့ထင်နေတာလား? နမူနာ အလကားကျွေးတာတွေ လာနေပြီလေ။ မကြာခင် အမှန်ကို သိရမှာပေါ့။ အရှက်ကွဲဖို့သာစောင့်နေလိုက်”

“မစောင့်နိုင်တော့ဘူး! ဘယ်သူအရှက်ကွဲမလဲ‌ကြည့်ကြတာပေါ့! “ထောင်ယွမ်ရွာက ဘယ်လို စတော်ဘယ်ရီမျိုးများ ထုတ်နိုင်မလဲဆိုတာ သိချင်မိတယ်”

ကျန့်ယောင်ကျူက ပေါ့ပေါ့ပါးပါးဖြင့်၊ “နမူနာတွေစားပြီးရင် လူတိုင်း ရီဗျူးလေးတွေရေးပေးနိုင်မယ်လို့ ငါမျှော်လင့်တယ်”

သူက စတော်ဘယ်ရီများအပေါ်တွင် အလွန်ယုံကြည်မှု မြင့်မားနေသည်။

မန်ဘာများက အမှန်တရားကို ကိုယ်တိုင်ရှာတွေ့နိုင်တော့မည်။

Strawberry Eater က အားလုံးနှင့် အချင်းပွားမနေခဲ့ပေ။ သူက ကျန့်ယောင်ကျူကို တိုက်ရိုက်မက်ဆေ့ခ်ျပို့လိုက်ပြီး စတော်ဘယ်ရီကျင်၁၀၀အော်ဒါတင်ခဲ့သည်။ ထို့နောက် သူမက အကောင့်နံပါတ်ပေးပြီး တစ်ဝက်ကြိုတင်စရံပေးခဲ့သည်။ ပစ္စည်းရောက်ရှိလာချိန်တွင် ကျန်တစ်ဝက်ပေးမည်ဖြစ်သည်။

Strawberry Eater က Zမြို့တွင်နေထိုင်သည်။ ထို့ကြောင့် သူမ၏နမူနာအလုံးများကို စောစောရခြင်းဖြစ်သည်။

သူက အော်ဒါများကို ရှောင်လင်းယွီသို့ အမြန်ပို့လိုက်သည်။ သူက ရှောင်လင်းယွီကို ဖရီးစတော်ဘယ်ရီများနှင့်အတူ စတော်ဘယ်ရီကျင်၁၀၀ကို တင်ပို့ပေးရန်‌ ပြောလိုက်သည်။

…

Zမြို့၏ခမ်းနားသော ဗီလာတစ်ခုတွင် ယန်ရူယွီက မွန်းတည့်ချိန်အထိအိပ်နေသည်။ သူမက မနက်စာရော နေ့လည်စာပါ မစားခဲ့ပေ။

မစ္စစ်က သူမ၏သမီးကိုမြင်ပြီး မျက်မှောင်ကြုံ့လိုက်သည်။ “နင်မနေ့ညက ဘယ်ချိန်အိပ်တာလဲ? ထပ်ပြီးတော့ တစ်ညလုံးကွန်ပျူတာဂိမ်းတွေ ဆော့နေပြန်ပြီလား? ဒါနင့်ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ မသိဘူးလား?”

ယန်ရူယွီက အကြောဆန့်လိုက်ပြီး လည်ပင်းကို စောင်းလိုက်သည်။ သူမအမေ၏ တကျည်ကျည်လုပ်မှုများကိုကြားပြီး မကျေမနပ်ဖြင့်၊ “အမေ သမီးညကအိပ်မရဘူး။ အဲ့ဒါကြောင့် တစ်ခုခုလုပ်ဖို့ ရှာနေတာ‌လေ”

သူမက စံတော်ချိန်မတူညီမှုကြောင့် ပင်ပန်းမှုများကို ခံစားနေရဆဲဖြစ်သည်။

မစ္စစ်ယန်က ခနတာငြိမ်သက်နေပြီးနောက်၊ “အဲ့ဒါဘာလို့လဲဆိုတော့ သမီးက နေ့ခင်းပါအိပ်နေလို့ဖြစ်မှာပေါ့။ အဲ့ဒါကြောင့်ညအိပ်မရတာဖြစ်မယ်။ အခြေကျကျနေပြီး သမီးအဖေ့ကို ကူညီဖို့ကြိုးစားသင့်တယ်”

ယန်ရူယွီက မေးလိုက်သည်။ “အမေ အဖေ့မှာဘာပြဿနာရှိလို့လဲ?”

မစ္စစ်ယန်က သက်ပြင်းချပြီး၊ “ဟူး၊ စူပါမားကတ်ရဲ့စီးပွားရေးက ကျဆင်းနေတယ်!”

“ဘာရယ်?” ယန်ရူယွီက အံ့ဩသွားသည်။

***

All Chapters