← Chapters

ရှောင်လင်းယွီကို လက်ထပ်ချင်လို့လား?

Vol. 13 Ch. 232

ရှောင်လင်းယွီကို လက်ထပ်ချင်လို့လား?

Vol. 13 Ch. 232

နောက်ဆုံးတွင် စ​တော်ဘယ်ရီ တစ်ကတ်တီကို ၂၀၀ ယွမ်ဖြင့် သ​ဘောတူညီမှု ရခဲ့​လေသည်။

သခင်ကြီးသည် စိတ်မ​ကောင်းဖြစ်စွာ ပြော​လေသည်။ "ဒီစ​​တော်ဘဘေယ်ရီတွေက စျေးနည်းလိုက်တာကွာ!"

လူတိုင်း "...."

လူတိုင်းသည် စ​တော်ဘယ်ရီများကို စျေးအမြင့်ကြီးဖြင့် ရောင်းသည်ဟု တွေးထားကြ​သော်လည်း သခင်ကြီးသည် စျေးသက်သာစွာရ​ခဲ့သည်ဟု ဆို​လေသည်။ အကယ်၍ စ​တော်ဘယ်ရီများကို ၂၀ သို့ ၃၀ ယွမ်ဖြင့် ဝယ်​နေ​သူများသာသိလျှင် မည်သို့​ပြောမည်နည်း။

သခင်ကြီးကုန်းထွက်သွားပြီး​နောက်တွင် ဖေဖေရှောင်နှင့် မေမေရှောင်တို့သည် လေးနက်​သော အသံဖြင့် "ရှောင်လင်းယွီ ညည်း​ပြောပါဦး။ ဘာလို့ သခင်ကြီးကုန်းဝယ်တာကို စျေးအဲ့​လောက် တင်လိုက်တာလဲ"ဟု မေး​လေသည်။

အကယ်၍ ဖြစ်နိုင်မည်ဆိုလျှင် လင်းယွီသည် ကုန်းထျန်းဟောက်ကို စ​တော်ဘယ်ရီများ မရောင်းလို​ပေ။

သူမသည် ကုန်းထျန်းဟောက်နှင့် မည်သည့်ဆက်နွယ်မှုမှမရှိလိုသည်ဖြစ်ရာ တစ်ကတ်တီကို ၂၅၀ ယွမ်ဖြင့် သခင်ကြီးကုန်းက ကမ်းလှမ်းလာချိန်တွင် ချက်ချင်းလက်ခံခဲ့ခြင်း ဖြစ်​လေသည်။ ထိုသို့လုပ်လိုက်ခြင်းဖြင့် သခင်ကြီးသည် သူမကို လောဘကြီးသည်ဟုထင်ပြီး သူ၏အကြံကို လက်လျှော့သွားပြီး သူမအား စိတ်ပျက်သွားမည်ကို သူမလိုချင်ခဲ့ခြင်းဖြစ်သည်။

သို့သော် သူသည် လွန်စွာ​ကျေနပ်သွားသည့်အပြင် သူမဘက်တွင်ပင် ထောက်ခံ​လေသည်။

သူမသည် သူ့အားနားမလည်နိုင်​တော့​ပေ။ ထို့အပြင် သူတို့​နေထိုင်ရာ လောကသည်လည်း ကွာခြားပေသည်။

သူမသည် သက်ပြင်းလေးချလိုက်ပြီး "အ​ဖေ အ​မေ သမီး​နောက်ကျ ရှင်းပြပါ့မယ်။ အခုအခြေအနေတွေက ရှုပ်​ထွေး​နေ​တော့ ရှင်းပြဖို့ မဖြစ်နိုင်​သေးလို့ပါ"ဟု ပြော​​လေသည်။ ရှောင်ထုန်၏ သရုပ်မှန်သာ ပေါ်သွားလျှင် ဒီကိစ္စကို ဆွေး​နွေးနိုင်ပြီဖြစ်သည်။

သူမသည် စ​တော်ဘယ်ရီအားလုံးကို သခင်ကြီးကုန်းထံသို့ မ​​ရောင်းခဲ့​ချေ။ စတော်ဘယ်ရီများကို လူသိများလာ​စေရန်နှင့် ထောင်ယွမ်ရွာ၏ နာမည်ကို ကျော်ကြား​စေရန် လုပ်ဆောင်ရဦးမည်ဖြစ်ပြီး ထို့အတွက် သူမသည် အချို့စ​တော်ဘယ်ရီများကို တိုင်းပြည်အနှံ့ ရောင်းချရမည်ဖြစ်သည်။

သူမသည် သခင်ကြီးကုန်းကို ၅၀၀၀ ကတ်တီရောင်းချခဲ့ပြီး တစ်နည်းအားဖြင့်ဆိုလျှင် တစ်ခါတည်း ယွမ် ၁သန်း ရလိုက်ခြင်းဖြစ်သည်။ သခင်ကြီးသည် စ​နောက်ပင်​နေလိုက်​သေးသည်။ "အရင်က ဒီစတော်ဘယ်ရီတွေကနေ အနည်းဆုံး၁သန်းစုနိုင်တယ်လို့ မင်းယုံကြည်ချက်ရှိရှိ​ပြောခဲ့တာကို မှတ်မိ​သေးတယ်။ အခု​တောင် ငါက ၁သန်း​ပေး​နေရပြီ"

လင်းယွီ၏ စ​တော်ဘယ်ရီများသည် တန်ဖိုးမြင့်လာသည်နှင့် စျေးနှုန်းများမှာလည်း မြင့်တက်လာပြီး နာမည်ကြီးလာသည်နှင့်အမျှ သူမ​မျှော်လင့်ထားသည်ထက်ပင် စျေးနှုန်းမှာမြင့်သွားလေသည်။

အ​​​ရောင်းအဝယ်လုပ်ပြီးသည်ဖြစ်ရာ လင်းယွီသည် စ​တော်ဘယ်ရီများကို ကုန်းမိသားစုအတွက် ထုပ်ပိုး​လေသည်။

အိမ်ပြန်​ရောက်သည်နှင့် ရှောင်ဝမ်သည် ခေါင်းကုတ်​လေ​တော့သည်။ သခင်ကြီးကုန်းသည် သူ့ကိုကြည့်လိုက်ပြီး စိတ်မရှည်စွာဖြင့် "ကဲ ဘာ​ပြောချင်​နေတာလဲ ပြောစမ်း"ဟု မေး​လေသည်။

ရှောင်ဝမ်သည် မ​နေနိုင်ဘဲ မေး​လေ​တော့သည်။ "သခင်ကြီးက ဘာလို့ ဒီ​လောက် စျေးကြီး​ပေးဝယ်ရတာလဲ တစ်ကတ်တီကို ၂၀၀ ယွမ်​​တောင်။ အကယ်၍ ရှောင်လင်းယွီကသာ ၂၀၀၀၀ ကတ်တီ ရောင်းလိုက်မယ်ဆိုရင် ၄သန်း​တောင် ကျသွားမှာ။ အကြီးဆုံးသခင်​လေးက ချမ်းသာ​တယ်ဆို​ပေမယ့် အခုလို သုံးလိုက်တာက ဖြစ်သင့်တယ်မထင်ဘူး​နော်"

သခင်ကြီးကုန်းသည် ရှောင်ဝမ်ကို ကြည့်လိုက်ပြီး စိတ်ရှုပ်သည့်​ လေသံဖြင့် ပြော​​လေသည်။ "မင်းဘာသိလို့လဲ။ လင်းယွီရဲ့ စ​​တော်ဘယ်ရီတွေက ဒီ​စျေးနဲ့​တန်တယ်။ သူတို့​စျေးနည်း​နေတာက စတော်ဘယ်ရီ​တွေ သိပ်နာမည်မကြီး​သေးလို့ပဲ။" သူသည် သက်ပြင်းချလိုက်ပြီး ဆက်​ပြော​လေသည်။ "လင်းယွီအတွက် စိတ်မ​ကောင်းဘူး။ စျေးစကမ်းလှမ်းတာက ငါကို သူကအဆူခံလိုက်ရတယ်။ ရှောင်ကျန်းယန်နဲ့ သူ့မိန်းမက တစ်ကယ့်ကို ရိုးသားတဲ့သူ​တွေပဲ။"

လင်းယွီသည် ပြင်ပကမ္ဘာသို့ ရောက်ဖူးသည်ဖြစ်ရာ ဤစ​တော်ဘယ်ရီများမှာ ထိုစျေးနှင့်တန်သည်ကို သိသဖြင့် သူမလက်ခံလိုက်ခြင်းဖြစ်​သည်။ သို့​သော် သူမ၏မိဘများမှာ သာမန်လယ်သမားသာဖြစ်ကြပြီး ပိုက်ဆံတစ်ကျပ်ကိုပင် စု​ဆောင်းရန် ခက်ခဲစွာ ချွေတာစီစစ်ရလေသည်။ သို့​သော် တစ်နှစ်ကြာမျှ အလုပ်လုပ်​သော်လည်း များစွာမစုမိ​ချေ။ ထို့​ကြောင့် သူတို့အတွက် စ​တော်ဘယ်ရီတစ်လုံး ဤမျှအဖိုးတန်​နေခြင်းအ​ပေါ် မယုံနိုင်ကြခြင်းဖြစ်​လေသည်။ သူတို့သည် လင်းယွီက လောဘကြီးပြီး သခင်ကြီးကုန်းထံမှ မတရားယူ​နေသည်ဟု ထင်ကြ​လေသည်။

သူတို့၏စိတ်ထဲတွင် အသီးနှင့် ဟင်းသီးဟင်းရွက်များသည် စျေးမကြီးသင့်ဟု ယူဆထားကြေလသည်။ ထို့​ကြောင့် စ​တော်ဘယ်ရီများမှာ အရသာရှိသည် မှန်​သော်လည်း ထိုမျှ​စျေးဖြင့် မ​ရောင့်သင့်​ချေ။

ရှောင်ဝမ်နှင့် ရှောင်ကျန်းတို့သည် အချင်းချင်း ကြည့်လိုက်​လေသည်။

သခင်ကြီးကုန်းသည် စကားဆက်ပြော​လေသည်။ "လင်းယွီကို ကျန်းယန်နဲ့ ချိုးယင်းတို့ ပျိုးထောင်တာပဲ။ ဘယ်​လောက်​ လောဘကြီးမှာမို့လို့လဲ။" ထို့​ကြောင့် သူသည် တစ်ခုခုကိုမသင်္ကာသဖြင့် မေး​လေသည်။ "ပြီး​တော့ သူဒီ​စျေးနဲ့လက်ခံလိုက်တာက သူက လောဘကြီးတယ်လို့ ငါ့ကိုမြင်စေချင်လို့ထင်တယ်"

ရှောင်ဝမ် သည် မျက်​မှောင်ကြုတ်၍ "သူကဘာလို့ အဲ့လိုလုပ်ရမှာလဲ"ဟု မေး​လေသည်။

"ငါလည်းမသိဘူး။ ဒါ​ပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ပုံစံက ထူးဆန်း​နေသလိုပဲ" သခင်ကြီးသည် ခေါင်းခါ၍ ပြော​လေသည်။

ရှောင်ဝမ်နှင့် ရှောင်ကျန်းတို့သည် သခင်ကြီး​ဘေးတွင် အမြဲရှိ​နေတတ်ကြပြီး သူတို့အ​နေဖြင့် သူမနှင့် ပတ်သက်ပြီး မည်သည့် ထူးဆန်းသည့်အချက်မှ မ​တွေ့မိချေ။ သခင်ကြီးနှင့် တွေ့သည့်အချိန်တိုင်းတွင် သူမသည် ခါတိုင်းကဲ့သို့ ရိုကျိုး​လေးစားပြီး ကောက်ရိတ်ချိန်တိုင်းတွင်လည်း သူမတို့မိသားစုသည် အမြဲလာပို့တတ်သည်ဖြစ်သည်။

သခင်ကြီးကို သူမ​ပေးဖူး​သည့် လှပ​သောပန်းများကိုလည်း သတိရ​နေဆဲဖြစ်သည်။ ထောင်ယွမ်ရွာစံနှုန်းနှင့်ဆိုလျှင် ရှောင်မိသားစုမှာ လူချမ်းသာစာရင်းဝင်များဖြစ်ပြီး တစ်ကယ်တမ်း​တွင် ချမ်းသာ​သည်ဟု ပြောမရ​ချေ။ သူတို့သည် ပန်းများ​ရောင်းမည်ဆိုပါက ယခုထက်ပို၍ကောင်း​သောဘဝ ရနိုင်​လေသည်။

သခင်ကြီးသည် ခေတ္တစဉ်းစားလိုက်ပြီး "ထားပါ ဒီကိစ္စကို၊ ဘာပဲဖြစ်ဖြစ် အဲ့မိန်းမ​လေးကို သဘောကျ​နေတုန်းပါပဲ။ ပြောရင်းနဲ့မှ လင်းယွီလွယ်ထားတာ ဘယ်သူ့က​လေးလဲ" သိ​လိုစိတ်ဖြင့် မေးလေသည်။

ရှောင်ဝမ်နှင့် ရှောင်ကျန်းတို့သည် အချင်းချင်း ကြည့်လိုက်ကြ​လေသည်။

ထို့​နောက် ရှောင်ကျန်းက "လင်းယွီက Zမြို့မှာ ​​ဆေးခတ်ခံပြီး အမျိုးသားတစ်​ယောက်နဲ့ အတူတူ​နေမိခဲ့တယ်လို့ ကြားရပါတယ်။ ဒါ​ပေမယ့် အဲ့အမျိုးသားက ဘယ်သူလဲ​တော့ မသိရပါဘူး"ဟု ဖြေလေသည်။

"ဒါဆိုရင် သူလွယ်ထားတာ တရားမဝင်က​လေး​ပေါ့" သခင်ကြီးသည် စဉ်းစားပြီး​ပြော​လေသည်။

"ဟုတ်ပါတယ်" ရှောင်ကျန်းက ဖြေ​လေသည်။

"တွေးကြည့်ရင် သူ့မိဘ​တွေက သူ့သမီးကို အရမ်းချစ်​တော့ ဒီက​လေးကို​မွေးဖို့ ခွင့်မပြုလောက်ဘူး။ ဘာလို့ခွင့်ပြုလိုက်တာပါလိမ့်" သခင်ကြီးသည် စဉ်းစားရခက်သွား​လေသည်။

ထို့အပြင် အဘယ့်​ကြောင့် ရှောင်ကျန်းနှင့် ရှောင်ဝမ်တို့က ထိုကိစ္စကို သိ​နေရပါသနည်း။

သခင်ကြီးသည် လင်းယွီ၏ အပြုအမူနှင့် သူမလွယ်ထား​သော က​လေးနှင့်ပတ်သက်၍ စိတ်ထဲတွင် တစ်မျိုးတစ်မည် ခံစားမိ​လေသည်။

သူသည် ဤခံစားချက်ကို ရ​နေ​လေသည်။

သခင်ကြီးသည် ရှောင်ကျန်းယန်တို့ မိသားစုကို လွန်စွာသ​ဘောကျပြီး ရှောင်လင်းယွီကိုလည်း သဘောကျလေသည်။ သူမသည် စဉ်းစား​​တွေး​ခေါ်နိုင်စွမ်းရှိ​ပြီး ကိုယ့်​ခြေ​ထောက်​ပေါ် ကိုယ်ရပ်တည်နိုင်သော မိန်းမ​လှ​လေးတစ်​ယောက် ဖြစ်​လေသည်။ သူမသည် ခေတ်သစ်အမျိုးသမီး မျိုးဆက်သစ်များ၏ ကိုယ်စားလှယ်ပင်ဖြစ်​ချေ​​တော့သည်။

သူမ၏တစ်ခုတည်း​သောပြစ်ချက်မှာ လက်မထပ်ရ​သေးခင် ကိုယ်ဝန်ရသွားခြင်းဖြစ်​လေသည်။

ယခု သူမသည် ဆေးခတ်ခံရသဖြင့် ယခုလိုဖြစ်သွားခဲ့ရသည်ကို သခင်ကြီးသိ​သောအခါ လွန်စွာ ဒေါသဖြစ်​လေသည်။ "တစ်​ယောက်​ယောက်ကို စုံစမ်းဖို့လွှတ်လိုက်။ အဲ​့​ကောင်ဘယ်သူလဲဆိုတာ ငါသိချင်တယ်"ဟု သခင်ကြီးက ပြော​လေသည်။

ထိုလူကကိုရှာရန်မှာ လိုအပ်​လေသည်။ သူ့အ​​နေဖြင့် တာဝန်မယူလျှင်​ပင် လင်းယွီနှင့် သူ့ကလေးကို ဖြေရှင်းချက်​ပေးသင့်​ပေသည်။

ရှောင်ဝမ်နှင့် ရှောင်ကျန်းတို့သည် အချင်းချင်း ကြည့်လိုက်ကြ​လေသည်။ 'သူဘာလို့ လင်းယွီကို ဒီလောက်ဂရုစိုက်​နေတာလဲ။ သူ့ကိုချစ်မိသွားပြီး လက်ထပ်ချင်လို့များလား'

သူတို့နှစ်​ယောက် ထိုကိစ္စကို တွေးမိလိုက်ချိန်တွင် ခေါင်းများပင် ထုံသွား​​လေသည်။ ထို့အပြင် သူတို့သည် အနည်းငယ်ပင် ထိတ်လန့်သွား​​လေသည်။

သခင်ကြီး၏ ခန္ဓာကိုယ်သည် ကျန်းမာသည်ထက် ကျန်းမာလာပြီး ဒေါက်တာဟွမ် ပြောပုံအရ ယခုအတိုင်းဆက်သွားမည်ဆိုလျှင် သခင်ကြီးသည် အသက်၁၀၀ထိ​​နေရမည်ဖြစ်သည်။

သခင်ကြီး၏ ငွေ​ကြေးနှင့် အဆင့်အတန်း​ကြောင့် မိန်းမတစ်​ယောက်ထပ်ယူရန်မှာ မခက်​ချေ။ ပေကျင်းမှာပင် သခင်ကြီးက မိန်းမယူမည်ဟု သတင်းလွှင့်လိုက်လျှင် ငယ်ရွယ်​သောအမျိုးသမီး​လေးများ တန်းစီလာကြမည်ဖြစ်သည်။ သခင်ကြီးကို လက်ထပ်လိုက်ခြင်းသည် ကုန်းမိသားစုထဲကို ဝင်ရောက်လိုက်ခြင်းဖြစ်ပြီး အာဏာနှင့် ငွေ​ကြေးအ​မြောက်အများ ရရှိနိုင်သည့်အတွက် ထို​နေရာကို လိုချင်သူများမှာ မ​ရေတွက်နိုင်​အောင် ရှိ​ပေသည်။

သို့​​သော် သခင်ကြီးသာ လင်းယွီကို ယူမည်ဆိုပါက ကြေကွဲဖွယ်သာဖြစ်​ပေလိမ့်မည်။

လင်းယွီတွင် နောက်ခံအင်အားသို့မဟုတ် ရာထူးအဆင့်အတန်းများမရှိ​ချေ။ အရေးကြီးဆုံးအချက်မှာ သခင်​လေးသည် လက်မထပ်ရ​သေးခြင်းဖြစ်သည်။

လင်းယွီသာ သခင်ကြီး၏ နောက်မိန်းမဖြစ်လာပါက အာဏာကြီး​သောလူများ၏ အမြင်တွင် သူမသည် ဆူးတစ်ခုကဲ့သို့ ဖြစ်လာမည်ဖြစ်သည်။ သူမသည် ရွာမှလာခဲ့သူဖြစ်ပြီး ရာထူးနှင့် အာဏာမရှိသည့်အတွက် နှိမ်ခံရမည်ဖြစ်သည်။

သူတို့နှစ်​ယောက်သည် ထိုကိစ္စကို တွေးမိလိုက်​သောအခါ တုန်လှုပ်သွား​လေသည်။

ထို​့​ကြောင့် လင်းယွီကို သခင်ကြီး လက်ထပ်မည့်ကိစ္စသည် မ​တွေးရဲစရာပင်ဖြစ်​လေသည်။

ရှောင်ဝမ်သည် သတ္တိ​မွေးလိုက်​ပြီး အရဲစွန့်ကာ မေး​လေသည်။ "သခင်ကြီးက လင်းယွီကို လက်ထပ်ချင်လို့လား။ မဟုတ်ရင် ဘာလို့ သူ့အတွက် ဒီ​လောက်ပူပန်​ပေး​နေရတာလဲ"

သခင်ကြီး၏ မျက်နှာသည် မဲ​မှောင်သွား​လေသည်။

သူသည် စိတ်ဆိုးစွာဖြင့် "မင်းတို့ဘာ​တွေ လျှောက်​​ပြော​နေတာလဲ။ သူ့ကိုဂရုစိုက်တယ်ဆိုတာက သူကစိတ်ရင်း​ကောင်းပြီး ကြင်နာတတ်တဲ့ ဂျူနီယာ​လေးမို့ပဲ။ မင်းတို့ဘယ်လို​တွေ တွေး​နေတာလဲ။" သူသည် စကားဆက်မ​ပြောခင် သူတို့အား စူးရှ​သော မျက်လုံးများဖြင့် ကြည့်လိုက်​လေသည်။ "ငါလင်းယွီကို သ​ဘောကျတာက သူ့ကို ငါ့​မြေးမ​လေးအဖြစ် ရွေးချင်လို့ပဲ"

"ငါကဘာလို့ ငါ့​မြေးအရွယ်​လောက်ရှိတဲ့ မိန်းက​လေးကို အဲ့လို​မဟုတ်တာ တွေးရမှာလဲ။ အဲ့​တော့ သတင်းအမှား​တွေဖြန့်ပြီး ငါနဲ့နဲ့ က​လေးမလေးရဲ့ ဂုဏ်သတင်းကို မဖျက်ကြနဲ့။ လင်းယွီအတွက်က အခုကိုခက်ခဲ​နေပြီ။ နောက်ထပ်ပြဿနာ မ​ပေးချင်စမ်းနဲ့" သခင်ကြီးသည် ပြင်းထန်စွာ သတိပေးလေသည်။

ဂုဏ်သတင်းဆိုသည်မှာ စကားအနည်းငယ်​ကြောင့် ပျက်စီးသွားနိုင်​သော်လည်း ကောင်းမွန်စွာ တည်​​ဆောက်ရန်မှာ တစ်သက်လုံးအချိန်​ယူ​ရလေသည်။

ရှောင်ဝမ်နှင့် ရှောင်ကျန်းတို့သည် ရှက်သွားကြ​လေသည်။ ဖြစ်နိုင်လျှင် သူတို့သည် တွင်းတူး၍သာ ပုန်း​နေ​လို​တော့​ပေသည်။ သူတို့၏ခန့်မှန်းမှုများသည် ရိုင်းသွားသည်ကို တွေးမိ​သောအခါ မျက်နှာများ ထူပူလာကြသည်။

"တောင်းပန်ပါတယ် သခင်ကြီး" သူတို့နှစ်​ယောက်စလုံးသည် ချက်ချင်း​ပြောလိုက်ကြ​လေသည်။ အနည်းဆုံး​တော့ သူတို့သည် အမှားဝန်ခံလိုစိတ် ရှိကြ​ပေသည်။

ကိုယ့်အမှားကိုယ် ဝန်ခံလိုစိတ်ရှိခြင်းသည် စစ်သားတစ်​​ယောက်၏ စံနှုန်းတစ်ခုပင် ဖြစ်​လေသည်။

"ဟုတ်ပါပြီ နောက်တစ်ခါ​တော့ ဂရုစိုက်ကြ" သခင်ကြီးက ပြော​လေသည်။

"ဟုတ်ကဲ့" နှစ်​ယောက်စလုံးသည် ပြိုင်တူထူးလိုက်ကြ​လေသည်။

သခင်ကြီးကုန်းသည် ခေတ္တစဉ်းစားလိုက်ပြီး​နောက် ပြော​လေသည်။ "ရှောင်ဝမ် ငါစ​တော်ဘယ်ရီ ကတ်တီ ၅၀၀၀မှာထားတယ်။ ပြီး​တော့ လင်းယွီက ကျန်တာ​တွေကို ရောင်းဖို့ဆန္ဒမရှိတဲ့အ​ကြောင်း အဲ့ကောင်ကို သွား​ပြောလိုက်"

"ဟုတ်ကဲ့ သခင်ကြီး"

"ရှောင်ကျန်း သွားပြီး​တော့ စုံစမ်းလာခဲ့။ လင်းယွီနဲ့ အိပ်ခဲ့တဲ့​လူက ဘယ်သူလဲဆိုတာကို"

"ဟုတ်ကဲ့ သခင်ကြီး"

ရှောင်ဝမ်သည် ကုန်းထျန်းဟောက်ကို အ​ကြောင်းကြားရန် ဖုန်းဆက်လိုက်​လေသည်။

သို့​သော် သူ၏အတွင်း​ရေးမှူးမှ CEOသည် အလုပ်ခရီးထွက်သွား​ကြောင်း​ ပြော​လေသည်။ သူသည် ကုန်းထျန်းဟောက်၏ ဖုန်းကိုဆက်လိုက်​သော်လည်း သူ့ဖုန်းမှာ စက်ပိတ်ထား​လေသည်။

အိမ်ဖုန်းကိုဆက်လိုက်​သောအခါ အ​စေခံမှ အကြီးဆုံးသခင်​လေးမှာ အလုပ်ခရီးသွား​ကြောင်း ဖြေလေသည်။

ရှောင်ဝမ်သည် ထိုကိစ္စကို သခင်ကြီးထံ တင်ပြ​လေ​သည်။ "သခင်ကြီး အကြီးဆုံးသခင်​လေးက အလုပ်ခရီးသွားတယ်လို့​ ပြောပါတယ်။ သူ့ဖုန်းကလည်း စက်ပိတ်ထားပါတယ်။ ဒါဆိုရင် သူ​လေယာဉ်ပေါ်မှာ ရှိ​နေမယ်ထင်ပါတယ်။"

သခင်ကြီးသည် ခဏ​တွေးလိုက်ပြီး "ဒါဆို လီယွမ်ဟန်ကို ခေါ်လိုက်"ဟု ပြော​လေသည်။

"ဟုတ်ကဲ့"

သူသည် လီယွမ်ဟန်ကို ဖုန်း​ခေါ်လိုက်ရာ ဖုန်းဝင်သွား​လေသည်။

"အတွင်းရေးမှူးလီ၊ ကျွန်​တော် ရှောင်ဝမ်ပါ"

လီယွမ်ဟန်သည် သူ့အား ဖုန်းဆက်လာခြင်းကို မအံ့သြ​ပေ။

"ဘာကိစ္စရှိလို့လဲ ရှောင်ဝမ်"

"အတွင်းရေးမှူးလီ သခင်ကြီးက တစ်ကတ်တီကို ၂၀၀ ယွမ်နဲ့ စ​တော်ဘယ်ရီ ၅၀၀၀ ကတ်တီ ဝယ်ခဲ့တယ်။ ဒီကိစ္စကို သခင်​လေးကို ပြောမလို့ ဖုန်းဆက်မရတာနဲ့ ဆက်လိုက်တာပါ"

သူသည် စျေးကိုကြားလိုက်သည်နှင့် ဒူး​ခွေချင်သလိုပင် ဖြစ်သွား​လေသည်။ 'စတော်ဘယ်ရီသီးတစ်ကတ်တီက ဒီ​လောက်​တောင် စျေးကြီးရသလား။ ၅၀၀၀ ကတ်တီဆို ၁သန်း​တောင်'

သို့​​သော် ၁သန်းဆိုသည်မှာ Imperial Palaceအတွက် သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာ ဖြစ်လေသည်။

လီယွမ်ဟန်သည် သခင်ကြီးအ​နေဖြင့် လက်ကျန်စ​တော်ဘယ်ရီများကို ဝယ်ယူလိုခြင်းအ​​ပေါ် နားမလည်ပေ။ အကုန်လုံးကိုဝယ်မည်ဆိုလျှင် ၄သန်းမက ကျသင့်မည်ဖြစ်သည်။

လီယွမ်ဟန်သည် အသံကို နှိမ့်လိုက်ပြီး "ဟုတ်ကဲ့ သိပါပြီ ဥက္ကဌကို ပြောလိုက်ပါ့မယ် ရှောင်ဝမ်။" ထို့​နောက် သူသည် ခေတ္တ​စဉ်းစားလိုက်ပြီး "ရှောင်ဝမ်၊ ဥက္ကဌက အခု ထောင်ယွမ်ရွာကို သွားတဲ့ရထားပေါ်မှာ ဒီ​နေ့အတွင်း​အဲ့ကိုရောက်လိမ့်မယ်။"ဟု ပြော​လေသည်။

ထိုကိစ္စကို ကြားလိုက်ရချိန်တွင် ရှောင်ဝမ် အံ့သြသွား​လေသည်။

"အကြီးဆုံးသခင်​လေးက ထောင်ယွမ်ရွာကို လာမယ်ဟုတ်လား" ရှောင်ဝမ်သည် အသံကိုမြင့်၍​ပြော​လေသည်။ သခင်ကြီးသည် အ​ဝေးမှ ကြားသွားသဖြင့် သူသည်လာ၍ ဖုန်းကဆွဲယူလိုက်ကာ မေးလေသည်။ "အဲ့ကောင်စုတ်​လေးက ဒီ​နေ့လာမှာလား"

"ဟုတ်ပါတယ် သခင်ကြီး။ ဥက္ကဌက လုပ်စရာကိစ္စ​လေးရှိတယ်လို့ ပြောပါတယ်"ဟု လီယွမ်ဟန်က ရိုကျိုးစွာ ဖြေ​လေသည်။

"ငါတစ်​ယောက်လုံးရှိ​နေတာကို သူကဘာကိစ္စ ကိုယ်တိုင်လာရတာလဲ" သခင်ကြီးသည် စဉ်းစားမရဖြစ်သွား​လေသည်။

"ဒါက ကိစ္စ​ကောင်းပါ သခင်ကြီး အချိန်ကျလာရင် ဥက္ကဌက သခင်ကြီးကို အံ့အားသင့်စရာတစ်ခုခု ပေးမှာပါ"

သခင်ကြီး၏ မြေးမှာ ထူးချွန်ထက်မြက်သူ ဖြစ်​လေသည်။ သူသည် အံ့အားသင့်ဖွယ်မှာ ကောင်းသည့်အရာသာဖြစ်ဖို့ မျှော်လင့်မိ​လေသည်။

သခင်ကြီးသည် နှာ​ခေါင်းရှံ့လိုက်ရင်း "ဟမ်...ဒီ​ကောင်စုတ်​လေးက ဘာ​ပေးမှာမို့လို့လဲ။ ငါ့အတွက် မိန်းမအသစ်ရှာ​ပေးမလို့လား။ ဒါဆိုရင်​တော့ အံ့သြစရာဖြစ်မှာပဲ"ဟု ပြော​လေသည်။

ဖုန်းချလိုက်ပြီးချိန်တွင် သခင်ကြီးသည် ကုန်းထျန်းဟောက်ပေးမည့် လက်​​ဆောင်အ​ကြောင်းကို စဉ်းစား​နေ​လေသည်။

"ရှောင်ဝမ် သူငါ့ကို ဘာ​ပေးမယ်လို့ မင်းထင်လဲ"

"ကျွန်​တော်မသိပါဘူး သခင်ကြီး" ရှောင်ဝမ်သည် ခေါင်းခါ၍ ​ေဖြလေသည်။

အကြီးဆုံးသခင်​လေးမှာ ဆန်းကြယ်ပြီး ခန့်မှန်းရခက်သည့်သူဖြစ်သည့်အတွက် သူ့အ​တွေးကို မှန်းမရ​ပေ။

ဒီ​နေ့တွင် သခင်ကြီးသည် ဒီကိစ္စအ​ကြောင်းကိုသာ စဉ်းစား​နေသည်ဖြစ်ရာ စတော်ဘယ်ရီခြံကိုသွား၍ စ​တော်ဘယ်ရီများ ခူး​နေချိန်တွင် စိတ်နှင့် လူမကပ်ဘဲ ဖြစ်​နေ​လေသည်။

သူသည် ဝင်​ပေါက်ကိုသာကြည့်​နေပြီး သူ့​မြေးလာမည်ကို မျှော်နေ​လေသည်။

"သခင်ကြီး နေမ​ကောင်းဘူးလား" မေမေရှောင်က သခင်ကြီး စိတ်နှင့်လူနှင့်မကပ်သည်ကို သတိထားမိသဖြင့် စိုးရိမ်ကာ မေလေသည်။ "ပြန်ပြီးနားလိုက်ပါ့လား သခင်ကြီး" မည်သို့ပင်ဆိုစေကာမူ သခင်ကြီးသည် အသက်ကြီးပြီဖြစ်၍ မကြာမကြာ နားသင့်​လေသည်။

"ငါအဆင်​ပြေပါတယ်။ စ​တော်ဘယ်ရီ ဆက်ခူးလိုက်ဦးမယ်"

ဤအချိန်တွင် ဇိမ်ခံကားတစ်စီးသည် ထောင်ယွမ်ရွာ ဝင်​ပေါက်သို့ ရောက်လာ​လေသည်။

***

All Chapters