← Chapters

မင်းရဲ့အစ်မမှာ ကိုယ်ဝန်ရှိ​နေတာလား

Vol. 14 Ch. 233

မင်းရဲ့အစ်မမှာ ကိုယ်ဝန်ရှိ​နေတာလား

Vol. 14 Ch. 233

ယန်ရူယွီသည် လှပ​သော ကားနီ​လေးကို မောင်းနှင်​လေသည်။ နောက်ဆုံးတွင် သူမ၏ပန်းတိုင်ဖြစ်သော ထောင်ယွမ်ရွာသို့ ရောက်ခဲ့​ချေပြီ။

သူမသည် အင်္ဂ​တေ ပါးပါး​လေးခင်းထားပြီး လမ်းနှစ်ဖက်တွင် လှပ​ဝေဆာ​နေ​သော မက်မွန်ပင်များရှိသသည့် လမ်းသို့ မောင်းလာ​လေသည်။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ပြီး ကျက်သရေရှိလှ​ပေသည်။

"ပတ်ဝန်းကျင်က ဒီ​လောက်​ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး" သူမသည် ချီးကျူး​လေသည်။ "သိပ်တိတ်ဆိတ်ပြီး ကျက်သ​ရေရှိတာပဲ လေကလည်း လတ်ဆတ်တယ် ပြီး​တော့ သိပ်နေလို့ကောင်းတယ်။ မြို့မှာလို အသံ​တွေဆူ​နေပြီး ဓါတ်ဆီ​နံ့​တွေ မရဘူး။ ဒါ​ကြောင့်လည်း ဒီလိုအရသာရှိတဲ့ စ​တော်ဘယ်ရီတွေ စိုက်နိုင်တာ မဆန်းပါဘူး။"

ယန်ရူယွီသည် ရွာကို​ရောက်ချိန်တွင် ဇိမ်ခံကားတစ်စီးသည် ရှင်းအန်းမြို့နှင့် ထောင်ယွမ်ရွာသို့ ဆက်သွယ်ထား​သော လမ်းသို့ ဆင်းလာ​လေသည်။

ယန်စစ်မင်သည် ကွန်ကရစ်​လမ်းလေးကို မြင်လိုက်​သောအခါ အံ့သြသွား​လေသည်။

နောက်ဆုံးတစ်​ခေါက် ရောက်ခဲ့စဉ်က လမ်းသည်ချိုင့်များဖြင့် ပြည့်​နေပြီး မောင်းရန် ခက်ခဲပေသည်။ ကိစ္စများ ပြောင်းလဲခဲ့​ချေပြီ။ ထို့​ကြောင့်လည်း စ​တော်ဘယ်ရီများကို Zမြို့တွင် ပို့​ဆောင်​ရောင်းဝယ်နိုင်ခြင်းမှာ မဆန်း​​​ပေ။

သူသည် စ​တော်ဘယ်ရီများကို မြည်းစမ်းဖူး​လေသည်။ ထိုစ​တော်ဘယ်ရီမှာ အခြားအမျိုးအစားများနှင့် လုံးဝကွဲထွက်​နေ​လေသည်။

ထိုကိစ္စသည် သူ့အား ရှောင်လင်းယွီကို တွေးမိ​စေသည်။

သူမသည် အသည်းနှလုံးမရှိ​သော မိန်းမပင်ဖြစ်​ချေသည်။ သူမအား အကြိမ်အနည်းငယ် ကူညီဖူးသော်လည်း သူအား မြွေ သို့မဟုတ် ကင်းမြီး​ကောက်ကို ရှောင်သကဲ့သို့ ရှောင်​နေ​လေသည်။ သူမသည် သူအခွင့်​ကောင်းယူကာ လက်ထပ်ခိုင်းမည်ကို စိုးရိမ်​နေပုံရသည်။ ထိုကိစ္စသည် သူ့အားရယ်စေ၍ အနည်းငယ်လည်း အကူအညီမဲ့သွား​စေသည်။

သူမအား စိတ်ဝင်စား​နေသည်မှန်​သော်လည်း သူသည် လက်မထပ်ချင်​သော မိန်းမတစ်​ယောက်ကို ဖိ​အား​ပေးမည်မဟုတ်ဘဲ သူ့ကိုစိတ်ဝင်စားမှသာ အတူရှိ​နေချင်သည်ဖြစ်သည်။

ယခင်က ယန်စစ်မင်ကို မည်သည့်မိန်းမကမှ မငြင်းဖူး​ချေ။ အမျိုးသမီးအနည်းငယ်က ငြင်းခဲ့ဖူးသော်လည်း သူ၏သရုပ်မှန်ကို သိသွားချိန်တွင် ချက်ချင်းစိတ်​ပြောင်းသွားခဲ့​ပေသည်။ အချို့မှာ သူတို့ကို လိုက်ရခက်သည်ဟု ထင်​စေရန် ငြင်းခဲ့ကြခြင်း ဖြစ်​လေသည်။ သူတို့သည် သိက္ခာရှိ​သော အမျိုးသမီးဟန်​ဆောင်ခဲ့ကြပြီး သူနှင့် လုံးဝပတ်သက်ခြင်းမရှိ​အောင် နေကြ​သော်လည်း သူအခြားတစ်ယောက်ကို စိတ်ဝင်စားဟန်ပြလိုက်သည်နှင့် ထိုသိက္ခာများကို စွန့်ပစ်ကာ သူ့ဆီလာရန်​တောင်းပန်ကြ​လေသည်။ သူသည်ထိုကဲ့သို့ မိန်းမမျိုးကို ရွံရှာ​လေသည်။

သူနှင့် ရှောင်လင်းယွီ၏ ဆက်ဆံ​ရေးသည် ရှုပ်​ထွေး​လေသည်။ သူသည် အစက သူမသည် ရရန်ခက်ခဲသလို ဟန်​ဆောင်​နေသည်ဟု ထင်လေသည်။ သူမကို အရင်လိုက်ရှာ​စေရန် ဆေးရုံကပင် ထွက်​​ပြေးခဲ့​လေသည်။ သူ၏အာဏာနှင့်သာဆိုလျှင် သူမ၏ အချက်အလက်နှင့် နေရပ်လိပ်စာကို လွယ်ကူစွာရှာနိုင်မှန်း သူမသိ​လေသည်။

စိတ်ရှုပ်သည်ဟု ခံစားရ​သော်လည်း သူသည် စိတ်ဝင်စားမိ​လေသည်။ မည်သည့်မိန်းမကမှ လိုက်ရန်ခက်ခဲသည်ဟု ထင်​စေရန် ဆေးရုံမှ ထွက်မ​ပြေးဖူး​ချေ။

သို့​သော် ဒုတိယအကြိမ်​တွေ့ဆုံချိန်တွင် သူမသည် တွေ့​တွေ့ချင်း ထွက်ပြေး​လေသည်။ တစ်ကယ်တော့ သူမသည် သူ့ကို မသိချင်ဟန်​ပင်ဆောင်ခဲ့​လေသည်။

ဒုတိအကြိမ်​တွေ့ချိန်တွင် သူမသည် အရင်ကထက် ပိုလှလာသည်ကို သူသတိထားမိ​လေသည်။ မိတ်ကပ်မပါဘဲနဲ့ပင် သူမ၏အသားမှာ ဝင်း​နေပြီး ပါးများမှာ ပန်းနု​ရောင် သန်း​နေ​လေသည်။ ထိုခဏတွင် သူသည် ရင်ခုန်သွား​လေသည်။ သူသည် ထိုကဲ့သို့ မခံစားဖူး​ချေ။ သူသည်ထိုကိစ္စကို သေချာမဆုံးဖြတ်ရ​သေးခင်မှာပင် ရှောင်လင်းယွီ၏ မိသားစုတွင် ပြဿနာများ တက်လာ​သော​ကြောင့် ဖြစ်​လေသည်။

ပို၍ စိတ်ဝင်စားစရာ ကောင်းလာသည်မှာ သူ့ကို ရှောင်လင်းယွီသာမက သူမ၏မိသားစုကပါ သတိထား​နေခြင်းဖြစ်သည်။ သူတို့သည် ထိခိုက်ပြီး သူအကူအညီပေးခဲ့ခြင်းအ​ပေါ် ကျေးဇူးတင်သော်လည်း သတိထား​နေဆဲဖြစ်သည်။ သူသည် လင်းယွီက လိုက်ရန်ခက်ခဲသည်ဟု တွေးထင်ရန် ယုံကြည်ချက်လွန်ကဲခဲ့သည်လား။

သူမသည် အကူအညီ မ​တောင်း​သော်လည်း ပေးလျှင်ကား လက်ခံ​လေသည်။ သူမ၏မိဘများသည်လည်း သူအကူအညီ​ပေးသည်ကို အသိအမှတ်ပြု​သော်လည်း ဝေး​ဝေးမှ နေလေသည်။ သူသည် ဘာ​ပြောရမယ်မှန်း မသိ​တော့​ချေ။

လွန်ခဲ့သည့်လအနည်းငယ်အတွင်း သူသည် ထူးဆန်း​သော ခံစားချက်များဖြစ်​ပေါ်လာမည်ကို ရှောင်ရှားခဲ့​လေသည်။ သူ့အ​နေဖြင့် သူလိုလူတစ်​ယောက်သည် မိန်းမတစ်​ယောက်​ကြောင့် အခုလိုစိတ်လှုပ်ရှား​နေခြင်းကို ဝန်မခံလိုခြင်းဖြစ်သည်။

ထို့​ကြောသို့ သူသည် ရှင်းယင်ခရိုင်မှ ထွက်လာချိန်မှစ၍ အမျိုးသမီး​ပေါင်း များစွာနှင့် တွဲခဲ့သေည်လည်း သူ့စိတ်ထဲရှိ လစ်ဟာ​နေ​သောနေရာကို မဖြည့်နိုင်ခဲ့​ချေ။

သူသည် စိတ်ထဲမှ တစ်စုံတစ်ခုကို လိုအပ်​နေ​သော်လည်း ယန်ရူယွီပို့လိုက်​သော စတော်ဘယ်ရီများကို မမြင်ခင်အချိန်ထိ ဘာမှန်းမသိ​ချေ။

ထိုအချိန်တွင်မှ သူ​ရှောင်​နေခဲ့​သော အရာကို တွေးမိသွားပြီး ဘာလိုချင်မှန်းသိလာ​လေသည်။ သူ၏နှလုံးသား၏ လစ်ဟာမှုသည် မည်သည်ကို တောင့်တ​နေသည်ကို သိလာခဲ့သည်။ သူသည် အခြေတကျဖြစ်ချင်ပြီး မိသားစုဘဝရချင်​နေသည်ဖြစ်သည်။

သူသည် ဆုံးဖြတ်ချက် ချပြီးပြီဖြစ်၍ ရှောင်ပုန်းမ​နေချင်​တော့​ချေ။ ထိုသို့လုပ်ခြင်းသည် သူ့ကို​ပျော့ညံ့သည်ဟု ထင်နိုင်​စေ​လေသည်။

စဉ်းစား​နေရင်းဖြင့် ယန်စစ်မင်၏ နှုတ်ခမ်းများသည် တွန့်သွားပြီး ပြုံးကာ ပြော​လေသည်။ "ရှောင်လင်းယွီ ငါဒီကို ထပ်​ရောက်လာပြီ" ဒီတစ်ကြိမ်တွင် သူသည် သူမကို စိတ်ရင်းမှန်ဖြင့်သာ ဆက်ဆံတော့မည်ဖြစ်သည်။

ထိုအချိန်တွင် ဖုန်းမြည်လာ​လေသည်။

"အစ်ကို အခုဘယ်မှာလဲ" ယန်ရူယွီ၏ အသံသည် ထွက်လာ​လေသည်။

"ထောင်ယွမ်ရွာကို သွားတဲ့လမ်းမှာ"

"ညီမရွာထဲကို အရင်သွားလို့ရမလား" သူမသည် သတိထားကာ မေး​လေသည်။

သူမသည် သူမ၏ အကြီးဆုံးအစ်ကိုဝမ်းကွဲနှင့်အတူ မရှိလို​ပေ။ ထိုဖိအားမှာ အလွန်များ​လေသည်။ သူ့တွင် လူအများ ကြောက်ရွံ​စေနိုင်​သော အရှိန်အဝါရှိ​လေသည်။ ထို့အပြင် သူသည် လွန်စွာ​ချော​မော​ပေသေးသည်။ သူနှင့်ယှဥ်လျှင် သူမ၏အလှမှာ မှေးမှိန်သွား​လေသည်။ ဘယ်အမျိုးသမီးကမှ သူမထက် ချော​မော​သောသူအား ဘေးတွင် မရှိလိုကြ​ချေ။ ထို့​ကြောင့် သူ့ကို တတ်နိုင်သမျှ ရှောင်ခဲ့ခြင်းဖြစ်သည်။

"မသွားနှင့်နဲ့ ငါ့ကို​စောင့်" သူသည် သူမ၏အ​တွေးကို ဂရုမစိုက်​ချေ။ သူသည် လေသံ​ဖျော့၍​ပြောသော်လည်း အာဏာသံပါ​လေသည်။

"အို့!" သူမသည် စိတ်ပျက်စွာ ဖြေလေသည်။

ဖုန်းချလိုက်ပြီး​နောက်တွင် သူမသည် ရွာ၏ဝင်​ပေါက်တွင် ကားရပ်လိုက်လေသည်။ ထို့​နောက် ကားထဲမှထွက်ကာ နေကာမျက်မှန်ကို ချွတ်၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်​လေသည်။

ကွင်းပြင်ကျယ်တွင် ရပ်ထား​သော ကားများကို ကြည့်ရင်း သူမသည်အံ့သြမိ​လေသည်။

သူမသည် မျက်​မှောင်ကြုတ်၍ ပြော​လေသည်။ "များလိုက်တဲ့ကား​တွေ ခြံက ဘယ်လောက်ကျယ်လို့ပါလိမ့်။ အခွင့်အ​ရေးရရင် စ​တော်ဘယ်ရီ​တွေ ထပ်မှာဦးမှပဲ" သူမသည် မကြာသေးခင်က နမူနာပေးသည်များကို စမ်းစားကြည့်ပြီးသည်နှင့် ချက်ချင်း ကတ်တီ ၁၀၀ မှာခဲ့လေသည်။

စ​တော်ဘယ်ရီများမ​ရောက်ခင်က Zမြို့တွင် မကြာ​သေးခင်က အသစ်ဖွင့်​သော စူပါမားကတ်ကြောင့် ဖောက်သည်များ ဆုံးရှုံးကာ ကုမ္ပဏီ၏ စီးပွား​ရေးကို လွန်စွာထိခိုက်​သည်ဟု သူမ၏ အ​ဖေထံမှ ကြားရ​လေသည်။

ယန်ယီဟိုင်သည် မည်သို့​ဖြေရှင်းရမည်ကို အ​ဖြေရှာ​နေစဉ် ယန်ရူယွီသည် အကြံရခဲ့​လေသည်။ စတော်ဘယ်ရီများသည် ကုမ္ပဏီကို ကယ်တင်နိုင်သည်ဟု သူမယုံကြည်​လေသည်။

နောက်ရက်စ​တော်ဘယ်ရီများ ရောက်လာသည်နှင့် သူမသည် ဘုတ်အစည်းအ​​ဝေးပွဲသို့ ယူသွားကာ သူမ၏အ​ဖေနှင့် ဒါရိုက်တာများကို မြည်း​စေခဲ့သည်။

သူမသည် အစမ်းသ​ဘောဖြင့် စ​တော်ဘယ်ရီ ၅၀ ကတ်တီကို တင်​ရောင်းလေသည်။ ယန်ရူယွီသည် တစ်လုံးလျှင် ၁၅ ယွမ်ဖြင့် ရောင်းရန်အကြံ​ပေး​လေသည်။

စ​တော်ဘယ်ရီများ စင်​​ပေါ်​ယောက်သည်နှင့် ၄င်း၏ပုံစံ​ကြောင့် စျေးဝယ်များ၏ အာရုံကို ဖမ်းစားနိုင်ခဲ့လေသည်။

သို့​သော် စျေးနှုန်းကို မြင်လိုက်​သောအခါ တန့်သွားကြ​လေသည်။ ၁၅ ယွမ်မှာ စျေးကြီးသည်ပင်ဖြစ်သည်။

သို့ရာတွင် ဤကဲ့သို့ မြို့ကြီးထဲတွင် စိတ်​ကျေနပ်မှုကို လိုလား​သော လူချမ်းသာများလည်း ရှိနေသေး​ပေသည်။ သူတို့သည် ငယ်ရွယ်၍ လိုအင်ဆန္ဒများအတွက် မိုက်ရူးရဲဆန်ကြ​လေသည်။ သူတို့၏ မိသားစုမှာ ချမ်းသာသဖြင့် စျေးကြီး​သော အသီးများကို ဝယ်စားလေ့ရှိကြ​ပေသည်။ ၁၅ ယွမ်မှာ သူတို့အတွက် စျေးကြီးသည်ဟု မဆိုနိုင်​သော​ကြောင့် စ​တော်ဘယ်ရီများကိုဝယ်၍ စမ်းစားကြည့်ခဲ့ကြလေသည်။

အရသာမှာ ကောင်းလွန်း​သော​ကြောင့် သူတို့သည် စွဲလမ်းသွားကြ​​လေသည်။

"ဒီစ​တော်ဘယ်ရီ​တွေက ဒီ​လောက်​ကောင်းတာ ၁၅ ယွမ် ပေးရတာ မဆန်းပါဘူး"

ထို့​နောက်သူတို့သည် ထပ်လာကြပြီး ဝယ်ကြ​လေသည်။ ထိုနည်းဖြင့် မကြာခင်မှာပင် စတော်ဘယ်ရီ ၅၀ ကတ်တီသည် ကုန်သွား​လေသည်။ စျေးဝယ်များသည်လည်း ထပ်​ရောင်းရန် တောင်းဆိုကြ​လေသည်။

ထိုအခါ ယန်ယီဟိုင်သည် ယန်ရူယွီကို စ​တော်ဘယ်ရီ ၁၀၀၀ ကတ်တီမှာ​စေ​လေသည်။

သူသည် ထို့ထက်ပိုမှာချင်​သော်လည်း ဝယ်လိုအားနှင့် စ​တော်ဘယ်ရီများ၏ အထားခံနိုင်မှုကို တွက်၍ ၁၀၀၀ ကတ်တီသာ မှာလိုက်ခြင်း ဖြစ်​ပေသည်။

တစ်ကတ်တီကို ၆၀ ယွမ် ပေးဝယ်ရသဖြင့် စျေးကြီးသည်ဟုဆိုနိုင်​သော်လည်း သူတို့အ​နေဖြင့် စျေးမြင့်​ရောင်း၍ ရနိုင်​​လေသည်။ ကတ်တီတစ်ခုတွင် စ​တော်ဘယ်ရီ ၂၀ပါဝင်သည့်အတွက် တစ်ခုကို ၃ ယွမ် ကျသင့်​လေသည်။ ထို့​ကြောင့် ယခုမှာ ၅ဆမြတ်​လေသည်။

သိလိုစိတ်ဖြင့် ယန်ရူယွီသည် ထောင်ယွမ်ရွာကို လာခဲ့ခြင်းဖြစ်​လေသည်။ သူမ​ရောက်​သောအခါ လူအများအပြားသည် ထိုရွာသို့ လာကြသဖြင့် အံ့သြသွား​လေသည်။

ဘယ်ရီလဗ်ဗာအဖွဲ့၏ ခေါင်း​ဆောင်ထံမှ စ​တော်ဘယ်ရီ ၆ မူစိုက်ထား​သော သူ​ဌေးတစ်ယောက်သည် ရိတ်သိမ်းချိန်တွင် ၃၀၀၀၀မှ ၄၀၀၀၀အတွင်း ရခဲ့ပြီး ယခု​ရောင်းထွက်ကုန်ပြီဟု သတင်းရလေသည်။

"၁၀၀၀ ကတ်တီက​တော့ နည်းလွန်းတယ်။ ဒီထက်ပိုမှာမှဖြစ်မယ်။ မဟုတ်ရင် စ​တော်ဘယ်ရီ​တွေ မရလိုက်ဘဲ နေလိမ့်မယ် အ​ဖေ" ယန်ရူယွီသည် သူမ၏ အ​ဖေကိုဖုန်းဆက်​ပြော​လေသည်။ သူ့သမီး၏စကားကို ကြားလိုက်​သောအခါ ယန်ယီဟိုင်သည် ၂၀၀၀ ကတ်တီမှာရန် ပြော​လေသည်။ သူတို့သည် ပို​နေ​သော စ​တော်ဘယ်ရီများကို အ​အေးခံကာ သို​လှောင်နိုင်​လေသည်။

ယန်ရူယွီသည် ဖုန်းချလိုက်ပြီး​နောက် သက်ပြင်းချလိုက်ကာ ကားကိုမှီ​လေသည်။

ထိုအချိန်တွင် က​လေးတစ်​ယောက်သည် သူမထံသို့ လာ၍​မေး​လေသည်။ "မမလှလှ​လေး ဒီကို စတော်ဘယ်ရီခူးဖို့​ရောက်လာတာလား"

သူမသည် ၁၀နှစ်က​လေးကို တွေ့​လေသည်။ သူ၏မျက်နှာသည် လုံးဝန်းပြီး အသားမှာ ညိုသော်လည်း မျက်လုံးများမှာ တောက်ပ​နေ​လေသည်။

ယန်ရူယွီသည် ပြုံး၍​ပြော​လေသည်။ "ဒီကိုလာတာ​တော့ စ​တော်ဘယ်ရီ ခူးဖို့ပါပဲ။ တစ်​ယောက်ယောက်ကို စောင့်​နေ​သေးလို့။ မင်းက​ရော ဒီရွာကပဲလား မိတ်​ဆွေ​လေး"

ရှောင်ရှောင်းဟွေ့သည် ခေါင်းညိတ်၍ ဖြေ​လေသည်။ "ဟုတ်တယ် သားက ထောင်ယွမ်ကပဲ။ ဧည့်သည်​တွေကို လမ်းပြလုပ်​ပေးဖို့ ရောက်​နေတာ"

"လမ်းပြဖို့ဟုတ်လား" သူမသည် နားမလည်ဖြစ်သွား​လေသည်။

"ဟုတ်တယ် သားအလုပ်က စ​တော်ဘယ်ရီခြံကို မ​တွေ့တဲ့သူ​တွေကို လမ်းပြ​ပေးဖို့​လေ"ဟု ရှင်းပြလေသည်။

သူမသည် ရယ်၍စလိုက်​လေ "ပြန်​​ပေးဆွဲခံရမှာ မ​ကြောက်ဘူးလား"

"မ​ကြောက်ပါဘူး နေရာတိုင်းမှာ လူ​တွေရှိ​နေတာပဲ။ ပြီး​တော့ လုံခြုံ​ရေး ကင်မရာတွေလည်း တက်ထားတယ်​လေ" ရှောင်ရှောင်းဟွေ့သည် ဖုန်းတိုင်​ပေါ်တွင် တပ်ထား​သော ကင်မရာကို လက်ညိုးထိုး၍ ပြော​လေသည်။

သူမသည် တစ်ချက်ကြည့်လိုက်ပြီး ပြုံးမိ​လေသည်။ ဤ​နေရာမှာလူများပြီး ကလေးများလည်းရှိသဖြင့် ကြိုတင်ကာကွယ်ထားရမည် ဖြစ်​လေသည်။

"မမလှလှ​လေး ဘယ်လောက်ကြာ​အောင် ​စောင့်ရမှာလဲဟင်"

"မမလည်းမသိဘူး"ဟု ခေါင်းခါကာ ပြော​လေသည်။

သူမ​ပြောပြီးစဉ်မှာပင် အနက်​ရောက်ကားတစ်စီး ရောက်လာ​လေသည်။

ဤသည်မှာ သူမအစ်ကိုဝမ်းကွဲ၏ ကားပင်ဖြစ်​လေသည်။

သူမ၏ အမူအယာများသည် ချက်ချင်း သတိအ​နေအထားဖြစ်သွားပြီး စိုက်ကြည့်ကာ ပြော​လေသည်။ "သူ​ရောက်လာပြီ"

အနီ​​ရောင်ကား​နောက်တွင် ကားထိုးလိုက်ပြီး ဆင်းလာ​လေသည်။

ရှောင်ရှောင်းဟွေ့သည် ထိုလူကို မြင်လိုက်​သောအခါ မျက်လုံးများ လက်သွားပြီး ရှေ့သို့နည်းနည်းသွားလိုက်ကာ ခေါင်း​မော့လိုက်ပြီး အော်​ပြောလိုက်​လေသည်။ "ဦး​လေးလှလှ​လေး ဦးလေးမလား။ ဒီကို စ​တော်ဘယ်ရီခူးဖို့ လာတာမလား"

ဦး​လေးလှလှ​လေး?

သူမသည် ခြေပင်ယိုင်သွားချင်​လေသည်။

သူမ၏အစ်ကိုသည် လှသည်ဟု​ခေါ်ခံရခြင်းကို မုန်း၍ ထိုသို့​ခေါ်သူများကိုလည်း အမြဲအပြစ်ပေးခဲ့သည်သာဖြစ်သည်။

ထိုသို့​တွေးမိလိုက်ချိန်တွင် သူမသည် က​လေး​ရှေ့တွင် ရပ်လိုက်ပြီး အပြုံး​လေးဖြင့် "အစ်ကိုရယ် သူကကလေးပဲရှိ​သေး​တော့ နားမလည်လို့ပါ။ စိတ်ဆိုးမ​နေပါနဲ့​နော်"

သူမသည် က​လေးဘက်သို့လှည့်လိုက်ပြီး "ယောကျ်ား​လေး​တွေဆိုရင် ချောတယ်လို့ ပြောရတယ်။ လှတယ်လို့ မသုံးရဘူး မိတ်​ဆွေ​လေးရဲ့"ဟု ပြော​လေသည်။

ရှောင်ရှောင်းဟွေ့က မျက်မှောင်ကြုတ်သွားကာ သံသယတချို့ဖြင့်ပြောလိုက်သည်။ “ဒါပေမယ့် မမလှလှလေး၊ သားက သူ့ကိုအမြဲတမ်း ဦးလေးလှလှလေးလို့ ခေါ်နေကျပဲလေ။”

"ဟမ်..?" ရှောင်ရှောင်းဟွေ့သည် ကြောင်သွား​လေသည်။

'ဒီက​လေးက အစ်ကိုဝမ်းကွဲနဲ့သိ​နေတာလား"

ယန်စစ်မင်သည် နေကာမျက်မှန်ကို ချွတ်လိုက်ပြီး ရှောင်ရှောင်းဟွေ့ကို ကြည့်ကာ​ပြော​လေသည်။ "မင်းကိုး။ ရှောင်ရှောင်းဟွေ့။"

သူအစ်ကို နှုတ်ဆက်သည်ကို မြင်လိုက်ရ​​သောအခါ သူမသည် ပါးစပ်အ​ဟောင်းသား ဖြစ်သွားလေသည်။

'ဘာ​တွေဖြစ်​နေတာလဲဟ'

ချန်းမိသားစုနှင့် ရန်ဖြစ်၍ ရှောင်လင်းယွီ၏မိဘများ ဒဏ်ရာရသွား​သောအခါ ကူညီခဲ့သူမှာ ယန်စစ်မင်ဖြစ်​လေသည်။

ရှောင်ကျန်းယန် ဆေးရုံတက်​​နေရချိန်တွင် ရှောင်ရှောင်းဟွေ့သည် သူ၏ဒုတိယဦး​လေးကို သွားတွေ့ခဲ့သဖြင့် ယန်စစ်မင်နှင့် တွေ့ခဲ့ခြင်းဖြစ်​လေသည်။

ယန်စစ်မင်ကို တွေ့လိုက်ချိန်တွင် လှသည်ဟု တွေးလိုက်မိပြီး "ဦး​လေးလှလှ​လေး"ဟု ခေါ်လိုက်မိလေသည်။

ယန်စစ်မင်သည် ထိုစကားကို ကြား​သောအခါ မျက်​မှောင်အနည်းငယ် ကြုတ်မိရုံမှတပါး မည်သည်ကိုမှ မပြော​​ချေ။ သူသည် ဆေးရုံတွင် ကြာကြာမ​နေခဲ့​ချေ။

ရှောင်ရှောင်းဟွေ့သည် ယန်ရူယွီ၏ နောက်မှထွက်လိုက်ပြီး အပြုံး​လေးဖြင့် မေး​လေသည်။ "ဦးလေးလှလှ​လေးက ဒီကိုဘာလို့လာတာလဲ။ စ​​တော်ဘယ်ရီ လာခူးတာလား။ ဒါမှမဟုတ် သားအစ်မကို လာရှာတာလား"

'သူ့အစ်မကိုရှာတယ်' ယန်ရူယွီသည် အံ့အားသင့်သွား​လေသည်။

သူမ၏အစ်ကိုသည် မိန်းမကျမ်း​ကျေသူဟု သိ​လေသည်။ သူတစ်စုံတစ်​ယောက်ကို စိတ်ဝင်စားပါက ထိုမိန်းက​လေးသည် လွတ်​မြောက်နိုင်မည် မဟုတ်​ချေ။

'သူဒီကိုလာတာ စ​တော်ဘယ်ရီ ခူးဖို့မဟုတ်ဘဲ မိန်းမတစ်​ယောက်အတွက်လား။ ပြီး​တော့ သူကအဲ့ကလေးရဲ့ အစ်မဖြစ်​နေတာလား။'

"ဒီကို ဦး​လေးနဲ့ အ​ဒေါ်ဆီလာလည်ရင်းနဲ့ စ​တော်ဘယ်ရီခူးဖို့​ရော လာလိုက်တာ" ဟု ယန်စစ်မင်က ပြောလေသည်။

သူသည် လင်းယွီကို လာရှာသည်ဟု တိုက်ရိုက်မ​ပြော​သော်လည်း သူ့စကားအရ သူမ၏မိသားစုနှင့် သိကြောင်း ပြ​နေ​လေသည်။

ယန်ရူယွီသည် အနည်းငယ်ရှုပ်​ထွေးသွား​လေသည်။

ရှောင်ရှောင်းဟွေ့သည် ခေါင်းညိတ်လိုက်​လေသည်။ "ဦး​လေးလှလှ...."

"ယန်ကော လို့​ခေါ်ရတယ်" ဒီတစ်ကြိမ်​တော့ ယန်စစ်မင်သည် အမှားပြင်​ပေးလိုက်​​လေသည်။

"....." ရှောင်ရှောင်းဟွေ့သည် ခေါင်းညိတ်၍ ပြော​လေသည်။ "ယန်ကော ဒုတိယဦး​လေးနဲ့ အဒေါ်က​တော့ စ​တော်ဘယ်ရီခြံထဲမှာ အစ်မက​တော့ အိမ်မှာ ဒါဆို ခြံထဲကို ခေါ်သွား​ပေးမယ်​နော်"

"မင်းအစ်မဆီ ခေါ်သွား​ပေး!" ယန်စစ်မင်က ရုတ်တရက်​ပြော​လေသည်။

ယန်ရူယွီ၊ "....." 'အခု​လေးတင်ပဲ သူ့ဦး​လေးနဲ့ အ​ဒေါ်ဆီ လာလည်တာလို့ ပြောလိုက်တာ မဟုတ်ဘူးလား"

ရှောင်ရှောင်းဟွေ့သည် ခေါင်းညိတ်ပြီး ပြော​လေသည်။ "အစ်မက ကိုယ်ဝန်ရှိ​နေတာဆို​တော အပြင်သိပ်မထွက်ဘူး"

"ဘာ​ပြောလိုက်တယ်။ မင်းအစ်မမှာ ကိုယ်ဝန်ရှိ​နေပြီ ဟုတ်လား။" ယန်စစ်မင်သည် မေးလိုက်ရင်း ရှောင်ရှောင်းဟွေ့၏ လက်​​မောင်း​လေးများကို ဖမ်းဆွဲလိုက်​လေသည်။ လက်များမှာ တင်းကျပ်လာလေသည်။

ယန်စစ်မင်ကဲ့သို့ လူကြီးတစ်​ယောက်၏ အင်အားကို ရှောင်ရှောင်းဟွေ့သည် မည်သို့ခံနိုင်ပါ့မည်နည်း။

ရှောင်ရှောင်းဟွေ့၏ မျက်နှာမှာ​ဖျော့လာပြီး နဖူးတွင် ချွေးစေးများ ပြန်လာ​လေသည်။ သူသည် ယန်စစ်မင်ကို ထိတ်လန့်​ကြောက်ရွံ့စွာ ကြည့်လိုက်​လေသည်။

ယန်ရူယွီသည် တစ်ခုခုလွဲ​နေသည်ကို သိလိုက်ပြီး အော်​ပြော​လေသည်။ "အစ်ကို သူနာ​နေပြီ။ သူ့ကိုအခုလွှတ်လိုက်​တော့"

တစ်ချိန်တည်းမှာပင် သူမသည် ရှုပ်​​ထွေးလာပြီး စိတ်ဝင်စားမိ​လေသည်။ တောင်တန်းကဲ့သို့ တည်ငြိမ်​နေ​​သော သူမ၏အစ်ကိုဝမ်းကွဲကို ယခုလိုပုံစံဖြစ်သွား​အောင် လုပ်နိုင်​သောမိန်းမသည် ဘယ်လိုမိန်းမမျိုးနည်း။

ယန်စစ်မင်သည် ယန်ရူယွီ၏ အသံကြားလိုက်​သောအခါ အသိစိတ်ပြန်ကပ်လာ​လေသည်။ ရှောင်ရှောင်းဟွေ့၏ ဖျော့​နေ​သောမျက်နှာကို မြင်လိုက်​သောအခါ သူသည် ရှက်မိ​လေသည်။

သူမသည် ရှောင်ရှောင်းဟွေ့၏ လက်​​မောင်းကို ကိုင်လိုက်ပြီး ကြည့်လိုက်​လေသည်။ သူ၏လက်မောင်​လေးတွင် အညိုအမည်းအနည်းငယ် စွဲသွား​လေသည်။ ရှောင်ရှောင်းဟွေ့သည် လွန်စွာနာကျင်ခဲ့မည်ဖြစ်သည်။

ယန်ရူယွီသည် စိတ်တိုသွားပြီး အပြစ်တင်​လေသည်။ "အစ်ကို သူက က​လေးပဲရှိ​သေးတယ်။ အဲ့လောက်အားသုံးစရာလိုလို့လား။ ကြည့်ဦး အခုသူ အညိုအမည်းစွဲပြီး ထိခိုက်သွားပြီ။ သူ့မိဘ​တွေကို ဘယ်လိုရှင်းပြရမှာလဲ။"

သူမသည် ထိုသို့​ပြောပြီး​နောက် ရှောင်ရှောင်းဟွေ့ကို ကြည့်လိုက်ရာ သူသည်ငို​တော့မည်ကို မြင်လိုက်ရသဖြင့် ချက်ချင်း​ချော့​လေသည်။ "မငိုပါနဲ့။ ယန်ကောက စိတ်မကြည်ဖြစ်သွားလို့ မတော်တဆနာ​အောင် လုပ်မိသွားတာပါ။ သူ့ကို​​တောင်းပန်ခိုင်းလိုက်မယ်​လေ နော်"

ရှောင်ရှောင်းဟွေ့၏ မျက်နှာသည် နာကျင်မှု​ကြောင့် ဖျော့​နေ​သော်လည်း သူသည် မငို​အောင် ထိန်းထား​လေသည်။ သူသည်စိတ်တင်းလိုက်ပြီး ပြော​လေသည်။ "ယန်ကောက အစ်မနဲ့ တွေချင်တာမလား။ ခေါ်​သွား​ပေးမယ်"

ယန်မောင်နှမ၊ "...."

***

All Chapters