← Chapters

ယန်စစ်မင်၏ မေးခွန်းများ

Vol. 14 Ch. 235

ယန်စစ်မင်၏ မေးခွန်းများ

Vol. 14 Ch. 235

သခင်ကြီးကုန်းသည် အခန်းထဲတွင် လမ်းပတ်​လျှောက်ကာ အပြင်ဘက်သို့ အချိန်ပြည့် ချောင်းကြည့်​နေ​လေသည်။

ရှောင်ဝမ်သည် "သခင်ကြီး အကြီး​ဆုံးသခင်​လေးက ဒီအချိန်ဆို အခုမှ လေယာဉ်ပေါ်က ဆင်းခါစပဲရှိဦးမှာ။ ဒီကို​ရောက်ဖို့အတွက်က ၄နာရီက​နေ ၅နာရီ​လောက် ကြာတယ်။ သခင်ကြီးရဲ့အခန်းကို ပြန်ပြီး နား​နေလိုက်ပါလား။ သခင်​လေး​ရောက်လာရင် လာ​ပြောပါ့မယ်"

သခင်ကြီးသည် ချက်ချင်းပင် "ဟမ်...သူ့ကို​စောင့်​နေတယ်လို့ ဘယ်သူ​ပြောလဲ။ ငါ့ဘာသာ လေ့ကျင့်ခန်းလုပ်​နေတာ"

ရှောင်ကျန်း, ရှောင်ဝမ် "..." 'တစ်ကယ်ကြီး​ပေါ့'

"ကောင်းပြီ အခုငါအခန်း ပြန်ပြီး နား​တော့မယ်။ အဲ့​ကောင်​ရောက်လာရင် လာနိုးလှည့်" သခင်ကြီးက ညွှန်ကြား​လေသည်။

'ဘယ်လို​တောင် စိတ်နှစ်ခွဖြစ်တဲ့လဲ'

သခင်ကြီးသည် ကုန်းထျန်းဟောက်က ပေးမည်ဆို​သော အံ့ဖွယ်လက်​ဆောက်ကို မျှော်နေမိလေသည်။

လမ်းများမှာ ကတ္တရာလမ်း ဖြစ်​သော်လည်း ထောင်ယွမ်ရွာသည် ဝေးသည်ဟု သတ်မှတ်လို့ရလေသည်။ ထို့ကြောင့် ဒီကို​ရောက်ရန် သူ့အတွက် အချိန်လို​ပေလိမ့်မည်။

သခင်ကြီးသည် လဲ​လျောင်း​နေရင်း မေးလိုက်​လေသည်။ "ရှောင်ဝမ် အဲ့​​ကောင်က ငါ့ကိုဘာပေးမယ်ထင်လဲ။ မြေး​ချွေးမ​ခေါ်လာ​ပေးမှာလား။" ရှောင်ဝမ် မ​ဖြေခင်ပင် သူကပဲ ဆက်ပြောလေသည်။ "အစက ငါ ရှောင်လင်းယွီကို သ​ဘောကျ​နေတာ ဒါ​ပေမယ့် အခုသူက...."

သူသည်မည်မျှပင် သ​ဘောထားကြီးသူဟု ဆိုနိုင်​စေကာမူ ရှောင်လင်းယွီကို တရားမဝင် ကလေးဖြင့် ကုန်းမိသားစု​ထဲသို့ ဝင်မလာ​စေချင်​ပေ။ ဤကိစ္စသည် ကုန်းမိသားစုအတွက် မျက်နှာပျက်စရာ ဖြစ်လာ​နိုင်​ပေသည်။

ရှောင်ဝမ်က "သခင်ကြီးပဲ သူ့ကို​မြေးမ​လေးလို သ​ဘောထားတာဆို"ဟု မေး​လေသည်။

"..." သခင်ကြီးသည် စိတ်တိုသွား​​လေသည်။ "မင်းက​တော့ ဆေးမမီ​တော့ဘူး။ ကျောက်တုံးနဲ့ စကား​ပြော​နေရသလိုပဲ။"

"သခင်ကြီးကလည်း ကျွန်တော်က သစ်ပင်နဲ့ ပိုတူတာပါ"

သခင်ကြီးသည် စိုက်ကြည့်လိုက်ပြီး " မင်းဘာဖြစ်​နေတာလဲ။ ဒီလိုကိစ္စနဲ့ပါ ငါကမင်းနဲ့ ပြိုင်ငြင်းရဦးမှာလား"

"ဒါ​ပေမယ့် ကျွန်​တော့်အရပ်က သစ်ပင်လိုပဲ ရှည်တယ်​​လေ။ ကျောက်တုံးလိုမှမဟုတ်တာ" ရှောင်ဝမ်သည် ထင်သည့်အတိုင်း ပြော​လေသည်။

"ဒါ​ပေမယ့် ငါကမင်းရဲ့သခင်​လေ။ ငါက​ကျောက်တုံးဆို ကျောက်တုံးလုပ်လိုက်" သခင်ကြီးသည် နှာမှုတ်လိုက်​လေသည်။

ရှောင်ဝမ်သည် ခေါင်းကုတ်လိုက်ပြီး ရိုးသားစွာ ခေါင်းညိတ်လိုက်​လေသည်။ "ဟုတ်ကဲ့ သခင်ကြီး၊ ကျွန်​တော်က ကျောက်တုံးပါ"

"ကောင်းပြီ မင်းသွား​တော့။" သခင်ကြီးသည် ရှောင်ဝမ်ကို ယင်​မောင်းသကဲ့သို့ မောင်း​လေသည်။ "မင်းကငါ့ကိုပိုစိတ်တို​အောင်ပဲ လုပ်မှာ" အခြားသူများ၏ ဝန်ထမ်းများသည် လူရည်လည်ပြီး ပါးနပ်ကြသော်လည်း သူ့တွင် ရိုးပြီး တုံးအ​သော ဝန်းထမ်းများသာရှိလေသည်။

"..." ရှောင်ဝမ်သည် ခေါင်းညိတ်​လေသည်။ "ကောင်းပြီ သခင်ကြီး ကျွန်​တော်သွား​တော့မယ်။ သခင်ကြီးလည်း နားသင့်ပြီ။ သခင်​လေး​ရောက်လာရင် ကျွန်​တော်လာ​ခေါ်လိုက်ပါ့မယ်။"

သခင်ကြီး "..." 'သူတမင်များ လုပ်​နေသလားပဲ။ ဘာလို့များ ဒီ​လောက်အရတာလဲ'

....

သူမ၏အစ်ကိုသည် ရှောင်လင်းယွီနှင့် ပြောစရာရှိ​နေမှန်း ရိပ်မိသဖြင့် ယန်ရူယွီသည် ရှောင်ရှောင်းဟွေ့ကို တမင်​​ခေါ်ထုတ်လာခြင်းဖြစ်​လေသည်။

စ​တော်ဘယ်ရီခြံသို့သွားသည့်လမ်းတွင် သူမသည် မ​နေနိုင်ဘဲ ရှောင်းဟွေ့ကို မေးလေသည်။ "မင်းက ယန်ကောနဲ့ ရင်းနှီးတယ်လား"

ရှောင်းဟွေ့သည် ခေါင်းခါလိုက်ပြီး အမှန်တိုင်းဖြေ​လေသည်။ "မရင်းနှီးပါဘူး၊ ဒီ​နေ့မှ ဒုတိယအကြိမ် ပြန်​တွေ့တာပဲ"

"ဘယ်တုန်းက ပထမဆုံး​တွေ့ဖူးတာလဲ" သူမသည် သိလိုစိတ်ကို မထိန်းနိုင်ဘဲ မေးမိ​​လေသည်။

ရှောင်းဟွေ့သည် ခေါင်းလှည့်ကာ ခေတ္တစဉ်းစားလိုက်ပြီး "သားအစ်မ Zမြို့က​နေ ပြန်လာပြီး ၁လအကြာ​လောက်က ထင်တာပဲ"ဟု ဖြေ​လေသည်။

ယန်ရူယွီ၏ မျက်နှာသည် ဝင်းသွား​လေသည်။ "သူက Zမြို့ မှာ နေဖူးတာလား" သူမ၏အစ်ကိုဝမ်းကွဲမှာ ယန်လုပ်ငန်းစု၏ ဥက္ကဋ္ဌဖြစ်သည့်အတွက် သူတို့နှစ်​ယောက် အခုလိုသိခဲ့ကြခြင်းလား။ ထိုအချက်သည် သူမ၏အစ်ကိုက ဘယ်လိုနည်းဖြင့် ကျေးလက်ဘက်မှ အမျိုးသမီးတစ်​ယောက်နှင့် သိကျွမ်းရသနည်းဟူ​သော သူမ၏သံသယကို ရှင်းသွား​စေ​လေသည်။ သို့သော် သူတို့၏ ဆက်ဆံ​ရေးသည် မည်သို့နည်း။ ရှောင်လင်းယွီသည် ယန်စစ်မင်၏ အမျိုးသမီးများထဲမှ တစ်​​​ယောက်​ပေလား။

ရှောင်လင်းယွီ ကိုယ်ဝန်ရှိ​နေသည်ကို ကြားလိုက်ရသည်နှင့် ယန်စစ်မင်သည် မူပျက်သွားလေသည်။ က​လေးမှာ သူနှင့်ပတ်သက်​နေခြင်း​ကြောင့်​ပေ​လော။

သူမသည် အနည်းငယ် အောင့်သက်သက် ဖြစ်သွား​လေသည်။

"သားအစ်မက အရမ်း​တော်တဲ့ တက္ကသိုလ်ကျောင်းသူဗျ။ သူဘွဲ့ရပြီး​တော့ Zမြို့မှာ နှစ်အနည်းငယ်လောက် အလုပ်လုပ်ခဲ့တာ​လေ"ဟု ဂုဏ်ယူစွာ ပြော​လေသည်။

"ဒါဆိုရင် သူနဲ့ ယန်ကော ဘယ်လို​တွေ့တာလဲ သိလား"

ရှောင်းဟွေ့သည် ချက်ချင်း သတိကပ်​လိုက်လေသည်။ သူသည် ရူယွီ၏ လက်ကိုလွှတ်လိုက်ပြီး စိတ်ပူစွာ မေး​လေသည်။ "မမလှလှ​လေး၊ ဘာလို့ ယန်ကောနဲ့ သားအစ်မအ​ကြောင်းကို မေး​နေရတာလဲ"

"မမက အနိုင်ကျင့်ခံရဖူးတယ်။ သားအဲ့လိုထပ်ပြီး အဖြစ်ခံမှာ မဟုတ်ဘူး။" ရှောင်းဟွေ့သည် သူရဲကောင်းဆန်ဆန် ပြောလိုက်​လေသည်။ "မမကို အနိုင်ကျင့်ဖို့လာတာဆိုရင်​တော့ ကျေးဇူးပြုပြီး ထောင်ယွမ်ရွာက​နေ ထွက်သွား​ပေးပါ"

"..." ရူယွီသည် တွေးရခက်သွား​လေသည်။ ထို့​​နောက် သူမသည် ရှင်းပြ​လေသည်။ "မဟုတ်ပါဘူး ရှောင်းဟွေ့ရယ် အစ်မကဘာလို့ မင်းမမကို အနိုင်ကျင့်ရမှာလဲ။ သူနဲ့အစ်မရဲ့အစ်ကိုတို့ ဘယ်လိုစသိလဲဆိုတာ သိချင်ရုံပါ"

ရှောင်းဟွေ့သည် သံသယမ​လျှော့​သေးဘဲ ဆက်​​​မေး​လေသည်။ "ဘာလို့သိချင်တာလဲ"

"အစ်မ...အစ်မက အစ်ကိုအတွက် စိုးရိမ်လို့ပါ။ သူက ဘယ်မိန်းမနဲ့မှ မရင်းနှီးဘူး​လေ။ အခုက မင်းအစ်မနဲ့ အရမ်းရင်းနှီး​နေ​တော့ သိချင်မိတာ"

"ဒါဆိုရင် သူက သားမမကို ထိ​ခိုက်​​အောင် လုပ်မှာ​ပေါ့​လေ" ရှောင်းဟွေ့ထံမှ မ​​မျှော်လင့်သောစကားကို ကြားရ​လေသည်။

"..."သူမသည် မည်သို့ရှင်းပြရမည်ကို မသိ​တော့​ချေ။ က​လေးတစ်​ယောက်အ​နေဖြင့် ရှုပ်​ထွေးလှသော လူကြီးများ၏ ကိစ္စများကို နားလည်မည်မဟုတ်​ချေ။

ရှောင်းဟွေ့သည် လက်သီးဆုပ်လိုက်ပြီး သူ၏ မျက်နှာ​လေးသည် တည်ကြည်သွား​လေသည်။ "သားမမကို ဘယ်​ယောကျ်ား​လေးကမှ ထပ်မထိခိုက်​စေရဘူး"

ထိုသို့​ပြောပြီး​နောက် သူသည် ပြေးထွက်​လေသည်။

ရူယွီသည်လည်း သူ့ကို ချက်ချင်းလှမ်းဆွဲလိုက်ပြီး "စိတ်မပူပါနဲ့ ရှောင်းဟွေ့ အစ်ကိုက မင်းအစ်မကို ဘယ်​တော့မှ ထိခိုက်​အောင် မလုပ်ပါဘူး။"ဟု ဆို​လေသည်။

"မယုံဘူး ချန်းကောတုန်းကလည်း အဲ့လို​ပြောခဲ့တာပဲ မမအ​ပေါ် ကောင်းပါမယ်ဆိုပြီး​တော့။ နောက်​တော့ သူကမမကို ထိခိုက်​အောင်လုပ်တယ်။ သူရဲ့ဂုဏ်သိက္ခာကိုလည်း ကျ​အောင်လုက်တယ်။ အခု သားအရွယ်​ရောက်လာပြီ မမကို ထပ်မထိခိုက်အောင် ကာကွယ်ရမယ်။ သားကိုလွှတ်"

ယန်ရူယွီ, "..." 'ချစ်စရာသူရဲ​ကောင်း​လေးပဲ'

သို့​သော် သူမ၏အစ်ကိုနှင့် ရှောင်လင်းယွီတို့ကြားတွင် ပြောစရာရှိ​နေပုံ​ပေါ်သည့်အတွက် ကလေးကို နှောင့်ယှက်​စေ၍ မဖြစ်​ချေ။

သူမသည်ရှင်းပြ​လေသည်။ "ရှောင်းဟွေ့၊ အစ်မရဲ့အစ်ကိုက မင်းမမရဲ့အိမ်မှာ​လေ။ ဘယ်လိုလုပ် ထိခိုက်​အောင် လုပ်လို့ရမှာလဲ။" သူမသည်​ပြောရင်း သူ၏​ခေါင်းအား ပုတ်​ပေး​လေသည်။ "စိတ်အရမ်းမပူပါနဲ့။ လူကြီးကိစ္စ​တွေက ရှုပ်​​ထွေးတယ် မင်းအခု​တော့ နားလည်​သေးမှာ မဟုတ်ဘူး။ ယန်ကောနဲ့ မင်းမမက သူငယ်ချင်း​တွေပါ။ သူ​တို့မ​တွေ့တာကြာ​တော့ ဆွေး​နွေးစရာ​လေး​တွေ ရှိနေကြတယ်​လေ။ သူတို့ကို သွားမ​နှောင့်ယှက်ကြရ​အောင်​လေ နော်။ စိတ်မပူပါနဲ့ အစ်မကတိ​ပေးပါတယ်။ ယန်ကောက သားမမကို ထိခိုက်​အောင်မလုပ်​စေရပါဘူး"

ရှောင်းဟွေ့သည် ခေတ္တစဉ်းစားလိုက်ပြီး ခေါင်းညိတ်​လေသည်။ "ဟုတ်" ထို့​နောက် သူသည် တစ်ခုခုကို စဉ်းစားမိ​လေသည်။ "ဒုတိယဦး​လေးနဲ့ အ​ဒေါ်ကို ယန်ကော​​ရောက်​နေတဲ့အ​ကြောင်း ပြောပြရမယ်။ မမလှလှ​​လေး လိုက်ခဲ့။ စ​တော်ဘယ်ရီခြံကို ခေါ်သွား​ပေးမယ်။"

"..." ယန်ရူယွီသည် ခေါင်းညိတ်​လေသည်။ "ဟုတ်ပြီ သွားကြတာ​ပေါ့"

'သူကဘာလို့ သူ့ဦး​လေးနဲ့ အ​ဒေါ်ကို ပြောချင်​နေရတာလဲ။ အစ်ကိုက သူ့ကို ထိခိုက်​အောင် လုပ်မှာ​ကြောက်လို့ တပ်တူ​ခေါ်တဲ့သ​ဘောလား'

.....

ယန်ရူယွီနှင့် ရှောင်ရှောင်းဟွေ့တို့ ထွက်သွားပြီးချိန်တွင် ခြံထဲတွင် ယန်စစ်မင်တစ်ယောက်သာ ကျန်​လေသည်။

ပတ်ဝန်းကျင်မှာ တိတ်ဆိတ်​နေ​လေသည်။

ရှောင်လင်းယွီသည် အရင်​မေး​လေသည်။ "ဥက္ကဌယန်က ဘယ်လိုလုပ်ဒီကို​ရောက်​နေတာလဲ" သူ ဒီကို​ရောက်လာရ​​သော အ​ကြောင်းအရင်းသည် အခြားသူများကဲ့သို့ ထောင်ယွမ်ရွာကို စ​တော်ဘယ်ရီ ခူးရန်လာခြင်း မဟုတ်သည်ကို တွေးမိသဖြင့် မေး​လေသည်။

ယန်စစ်မင်သည် ချောင်းနှစ်ခါ ဟန့်လိုက်​လေသည်။

ရှောင်လင်းယွီသည် သူ့ကိုကြည့်လိုက်ပြီး သူမ၏​ဘေးတွင်ရှိ​သော ကျောက်တုံးကို ညွှန်ပြကာ "ကျေးဇူးပြုပြီး ထိုင်ပါဦး ဥက္ကဌယန်"ဟု ပြော​လေသည်။

ထိုသို့​ပြောပြီး​နောက်တွင် သူမသည် ထိုင်ခုံ​ပေါ်မှထကာ အိမ်ထဲသို့ ဂရုတစိုက် သွား​လေသည်။

ဤသည်ကို မြင်​သောအခါ ယန်စစ်မင်သည် ဒေါသပြန်ထွက်လာပြီး ကျယ်​လောင်စွာ မေးလေသည်။ "မင်းဘာလုပ်မလို့လဲ"

ရှောင်လင်းယွီသည် ကြောင်သွားပြီး "ရှင်က ဧည့်သည်လေ။ အဲ့​တော့ ရှင့်အတွက် ရေ​နွေးကြမ်း သွားယူမလို့"ဟု ပြော​လေသည်။ ခေတ္တအကြာတွင် သူမသည် ခွက်နှစ်ခွက်နှင့် ရေနွေးကရားအိုးကို ယူလာပြီး စားပွဲပေါ်သို့ ချလိုက်​လေသည်။

သူမသည် ခွက်ထဲသို့ ရေ​နွေးကြမ်း ငှဲ့လိုက်လေသည်။

ယန်စစ်မင်သည် အနံ့ခံကြည့်လိုက်​လေသည်။

ရေ​နွေးကြမ်း၏ ရနံ့ကို ရှူကြည့်လိုက်ရာတွင် သူ့အား သက်​​သောင့်သက်သာ ဖြစ်​​စေ​လေသည်။ သူသည် တစ်ငုံ​သောက်ကြည့်​လေသည်။ သူ၏မျက်လုံးများသည် လင်းလက်သွားပြီး ဟန်ပင်မဆောင်နိုင်ကာ "ကောင်းလိုက်တာ"ဟု ပြောလေသည်။

သူ၏မိသားစုသည် ချမ်းသာပြီး အာဏာရှိသည့်အတွက် သူသည် အ​ကောင်းဆုံးအရာများကိုသာ သုံး​လေ့ရှိ​လေသည်။ သို့​သော် ယခု​ရေ​နွေးကြမ်းမှာ ၁၆၀၀၀၀ ယွမ်ရှိ​သော လက်​ဖက်ခြောက်ထက်ပင် ပိုသာ​နေ​လေသည်။

ရှောင်လင်းယွီသည် ပြုံး၍​ပြော​လေသည်။ "လက်ဖက်​ခြောက်က​တော့ သာမန်ပါပဲ။ ဒါ​ပေမယ့် ဒီက​ရေ​တွေက သန့်ရှင်းလတ်ဆတ်​တော့ အရသာက တစ်မူထူးသွားတာ"

ယန်စစ်မင်သည် သူမကို မကြိုက်ဘူးဟု ပြောဖူးသဖြင့် သူမသည် မိတ်​ဆွေအ​နေဖြင့်သာ ဆက်ဆံခဲ့​လေသည်။ သူမ၏ကိုယ်ဝန်ကိစ္စအ​ကြောင်း မေးရာတွင်လည်း သူမသည် လျှောက်​တွေးမ​နေဘဲ သူငယ်ချင်းဟု သ​ဘောထားခြင်း​ကြောင့် စိုးရိမ်စိတ်ဖြင့် မေးသည်ဟုသာ ထင်ထားခဲ့​လေသည်။

ယန်စစ်မင်အတွက် ရေနွေးကြမ်း ငှဲ့​ပေးပြီးသည့်​နောက်တွင် သူမသည် အိမ်ထဲသို့ ပြန်ဝင်သွားကာ အသီးပန်ကန်ယူပြီး ပြန်လာ​လေသည်။ အသီးပန်းကန်တွင် သာမန်ရိုးရိုး အသီးများဖြစ်သည့် ပန်းသီး၊ သစ်တော်သီး၊ ငှက်​ပျောသီး၊ စပျစ်သီးနှင့် စ​တော်ဘယ်ရီသီးများ ပါဝင်​လေသည်။ စ​တော်ဘယ်ရီများမှာ ခြံထွက်ဖြစ်​ကြောင်း မေးစရာပင် မလို​ချေ။

သစ်သီးများသည် ရိုးရိုးသာ ဖြစ်​သော်လည်း အ​ရောင်များ​တောက်ပ​နေ​သည်ကို ယန်စစ်မင်သည် သတိထားမိ​လေသည်။ သူတို့တွင် သဘာဝဆန်​သော အနံ့ရှိ​လေသည်။ အနားသို့​ရောက်လာချိန်တွင် ၄င်းတို့၏ရနံ့မှာ ပို၍သင်းပျံ့လာ​လေသည်။

ရှောင်လင်းယွီသည် သစ်သီးပန်းကန်ကို ကျောက်တုံးစားပွဲ​ပေါ်တွင် ချလိုက်ပြီး ယဉ်​ကျေးစွာ​ပြော​လေသည်။ "သုံး​ဆောင်ပါဦး ဥက္ကဌယန်။ ကျွန်မမှာ သစ်သီး​တွေကလွဲပြီး တည်ခင်းစရာမရှိလို့ပါ"

ယန်စစ်မင်သည် ရှောင်လင်းယွီ၏ မျက်နှာကို ကြည့်လိုက်ပြီး ပြော​လေသည်။ "ရှောင်လင်းယွီ မင်း ကျွန်​တော့်ကို နာမည်​ခေါ်လို့ရတယ် ဒါမှမဟုတ် ယန်ကော ဒါမှမဟုတ်လဲ မင်ကော လို့ ခေါ်လို့လည်းရတယ်။ လုပ်ငန်းခွင်ပြင်ပမှာ ဥက္ကဌယန်လို့ ခေါ်ခံရတာမကြိုက်ဘူး။ အထူးသဖြင့် မင်းဆီကပဲ"

ရှောင်လင်းယွီ, "...."

'ဟုတ်ပြီ​လေ သတင်း​တွေအရ​တော့ ဥက္ကဌယန်က ခန့်မှန်းရခက်တဲ့သူလို့ ပြောထားတာ။ ကြည့်ရတာ ဒါကိုသူမကြိုက်ပုံပဲ။ ဒါ​ပေမယ့် ငါဘာများလုပ်မိလိ့ပါလိမ့်'

"ကောင်းပါပြီ...ရှင်က ကျွန်မထက် ၃နှစ်ကြီးတယ်ဆို​တော့ ယန်ကော လို့ ခေါ်မယ်​လေ" သူမသည် ခေတ္တ စဉ်းစားလိုက်ပြီး ဖြေ​လေသည်။

သူမသည် ၂၅နှစ်ရှိပြီဖြစ်ပြီး ယန်စစ်မင်သည် ၂၈နှစ်ရှိပြီဖြစ်သည်။ သူ၏အသက်ကို Googleမှ သူမရှာထားခြင်း ဖြစ်​လေသည်။

ယန်စစ်မင်သည် ဘာမှမ​ပြော​ချေ။ သူသည် ပန်းကန်ပြားထဲမှ စပျစ်သီးတစ်လုံးကို သူ၏ ရှည်လျားလှပ​သော လက်​ချောင်း​လေးများဖြင့် ကိုင်လိုက်​လေသည်။ စပျစ်သီးသည် ပါးလွှာ​သော ခရမ်းရောင် အခွံ​လေးရှိ​ပြီး စားချင်စဖွယ်ရှိ​လေသည်။ သူသည် လက်ကိုလှည့်လိုက်​သောအခါ အသာအယာ ကျွတ်ထွက်လာပြီး ၄င်း၏ရနံ့မှာလည်း ပို၍ထင်ရှားလာ​ပေသည်။

"ကောင်းလိုက်​လေ" ယန်စစ်မင်သည် အသီးကို စားလိုက်ပြီး ချီးကျူး​လေသည်။ "ဒီကအရာတွေအားလုံးက အံ့ဖွယ်ပဲ​နော်။ စ​တော်ဘယ်ရီ​တွေ၊ ရေ​နွေးကြမ်း​၊ သစ်သီး​တွေနဲ့ လူ​တွေ​ရောပဲ....."

သူမကို ချီးကျူး​နေခြင်းလား။

သူမသည် ပြုံး၍​ပြော​လေသည်။ "အားလုံးက သာမန်အသီး​တွေပါပဲ။"

ယန်စစ်မင်သည် စူးရှ​သော မျက်လုံးများဖြင့် ခက်ထန်စွာ ကြည့်လိုက်ရင်း သူမကို​မေး​လေသည်။ "ဘာလို့ ဒီက​လေးကို မွေးဖို့ ဆုံးဖြတ်လိုက်တာလဲ။ မင်းမှာသာ က​လေးမရှိရင် မိသားစု​ကောင်း​တွေနဲ့ လက်ထပ်ရတာကို မသိဘူးလား။ အခု မင်းဘယ်လိုလက်ထပ်မလဲ။"

သူမသည် စပျစ်သီးတစ်လုံး ယူစားလိုက်ပြီး တည်ငြိမ်စွာ​ပြော​လေသည်။ "ဘယ်သူမှလက်မထပ်ချင်ရင်လည်း လက်မထပ်ဘူး​ပေါ့။ ကျွန်မဘာသာ က​လေးကို စောင့်ရှောက်နိုင်ပါတယ်"

သူမသည် ရှောင်ထုန်ကို အ​ကြွေးတင်​နေသဖြင့် သူမ၏လက်ကျန်ဘဝ တစ်​လျှောက်လုံး ပြန်ဆပ်ရမည်ဖြစ်​ပေသည်။ အခြားသူများ နားမလည်​စေကာမူ သူမသည် အခြားသူများ ရှောင်ထုန်အကြောင်း မ​ကောင်းမ​ပြောနိုင်​စေတဲ့အထိ သူမသန်မာလာရမည်ဖြစ်သည်။

"ဒါ​ပေမယ့် အမျိုးသမီးတွေက လက်ထပ်ရတယ်မလား။" သူသည် လက်သီးဆုပ်လိုက်မိ​လေသည်။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း သူ၏နှလုံးသားဆန္ဒကို သိ​စေရန်ရုန်းကန်ခဲ့ရ​လေသည်။ သူသိပြီးနောက်တွင် သူရည်ရွယ်ထားသာ အမျိုးသမီးသည် ကိုယ်ဝန်ရှိ​နေသည်ကို သိလိုက်ရ​​လေသည်။

ဤကိစ္စကို လုံးဝ​မျှော်လင့်မထား​ပေ။

အချိန်တစ်ခုအထိ သူသည် လက်မခံနိုင်​သေး​ပေ။

သူမအဘယ့်​ကြောင့် က​လေးကို​မွေးရန် ဆုံးဖြတ်ရခြင်းအ​ပေါ် သူနားမလည်​ချေ။

သူမသည်လည်း သူဘာ​တွေး​နေမှန်း မသိ​ချေ။

သူမသည် ဗိုက်ကို လက်ဖြင့် ညင်သာစွာထိကာ သူမ၏မျက်နှာတွင်လည်း ပြုံးရိပ်သန်း​နေ​​လေသည်။

သူမက​ပြော​လေသည်။ "ကျွန်မကို တစ်ကယ်သ​ဘောကျတဲ့သူက ဒီက​လေးကို ငြိုငြင်မှာ မဟုတ်ပါဘူး။ အကယ်၍ အဲ့လိုလူမျိုးနဲ့ မဆုံခဲ့ရင်လည်း တစ်သက်လုံး တစ်​ယောက်တည်း နေသွားမှာပါ"

"ဒါဆိုရင် ဒီက​လေးကို တစ်သက်လုံး တစ်​ယောက်တည်း စောင့်​ရှောက်ရရင်လည်း ဖြစ်တယ်​ပေါ့" သူသည်​မေး​​လေသည်။

"ဟုတ်ပါတယ်" သူမသည် သေချာ​ကြောင်း ခေါင်းညိတ်ပြ​လေသည်။

သူသည်​ ကူကယ်ရာမဲ့သွားပြီး စိတ်မသက်မသာဖြစ်သွား​​လေသည်။

သူသည် ရှောင်လင်းယွီကို မငြိုငြင်သော်လည်း ဤက​လေးကို မတည်ရှိဟန်မ​ဆောင်နိုင်​ချေ။ ဤက​လေးမှာ သူ့က​လေး မဟုတ်သည့်အတွက် သူသည် လက်မခံနိုင်​ပေ။

သူသည် ရှောင်လင်းယွီ၏ ကြည်လင်​နေ​သော မျက်လုံးများကို ကြည့်လိုက်ပြီး ဝေခွဲမရသည့်ဟန်ဖြင့် မေး​လေသည်။ "ရှောင်လင်းယွီ ဘာလို့ ဒီက​လေးကို မွေးမှဖြစ်မှာလဲ"

သူမသည် သူမ၏ဗိုက်ကို ညင်သာစွာ ကိုင်လိုက်ပြီး ကြည်လင်​စွာ ပြောလိုက်​လေသည်။ "ဘာလို့ဆို သူကိုအ​ကြွေးတင်​နေလို့"

ယန်စစ်မင်၊ "...."

သူသည်မျက်ခုံးရှုံ့လိုက်ပြီး ပို၍ပင် စိတ်ရှုပ်​ထွေးလာ​လေသည်။

'သူဘာကို​ပြောချင်တာလဲ။ အဲ့လူက​ရော ဘယ်သူလဲ'

ထိုအချိန်တွင် အပြင်မှလာ​သော ခြေသံများကို ကြားရ​လေသည်။ ရှောင်လင်းယွီသည် သူမ၏ဗိုက်ကို ပွတ်သပ်​နေပြီး ယန်စစ်မင်သည်လည်း အ​တွေးနွံထဲ နစ်​နေ​လေသည်။

***

All Chapters