← Chapters

ယန်စစ်မင် Vs ကုန်းထျန်းဟောက် (၁)

Vol. 14 Ch. 236

ယန်စစ်မင် Vs ကုန်းထျန်းဟောက် (၁)

Vol. 14 Ch. 236

"ကျွန်မ သူ့ကို အ​ကြွေးတင်​နေတယ်"လို့ ရှောင်လင်းယွီက ပြော​ပြီးသည့်​နောက် ပတ်ဝန်းကျင်မှာ ပြောင်းလဲသွား​လေသည်။

ပို၍ငြိမ်သက်လာ​လေသည်။

ပို၍တိတ်ဆိတ်လာ​လေသည်။

အနည်းငယ်ပို၍ပင် ထူးဆန်းလာ​လေသည်။

ယန်စစ်မင်သည် သူမ၏ ဆုံးဖြတ်ချက်ကို နားမလည်နိုင်သလို လက်လည်းမခံနိုင်​ပေ။ သူမသည်အဘယ့်​ကြောင့် ထိုကဲ့သို့​သောက​လေးကို ဆက်​မွေးရသနည်း။ သူမ၏ဘဝကို ပျက်စီး​စေနိုင်မှန်း မသိ၍​လော။

သူမ၏ကိုယ်ဝန်မှာ ၆လ​ဝန်းကျင်ရှိ​နေပြီဖြစ်လေသည်။ သူသည် သူမကိုစိတ်ဝင်စား​သော်လည်း.....

ယန်စစ်မင်သည် သူ၏စွဲမက်ဖွယ် မျက်လုံးများကို မှေးကျဉ်းသွားသည်အထိ ပြုံးလိုက်ပြီး " ရှောင်လင်းယွီ မင်းကိုယ့်ရဲ့ အမျိုးသမီးဖြစ်​ပေးနိုင်မလား။ ဒီက​လေးကို ကာကွယ်​ပေးပါ့မယ်။ အနာဂတ်မှာ သူ့ကိုဘယ်သူမှ အနိုင်မကျင့်​​စေရပါဘူး။ ဘယ်လိုသ​ဘောရလဲ။"

သူသည် ပြုံး​​နေ​သော်လည်း သူ၏မျက်နှာမှာ လေးနက်​လေသည်။

ရှောင်လင်းယွီသည် မျက်​မှောင်ကြုတ်လိုက်ပြီး သူမ၏အပြုံးမှာလည်း တန့်သွားလေသည်။

ထို့​နောက် သူမသည် ပြုံး၍ ပြော​လေသည်။ "ကျွန်မကို တစ်​ယောက်​ယောက်က ပြောဖူးတယ်။ ကျွန်မက ရုပ်ဆိုးပြီး​တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲ​နေတဲ့ မိန်းမဆိုပြီး။ ဘာလို့ထပ်​မေးနေရတာလဲ။ ကျွန်မကို လှောင်ဖို့လုပ်​နေတာလား"

သူမသည် စ​နောက်၍​ပြောသည်ဖြစ်​သော်လည်း တစ်ဖက်တွင် အ​​သေအချာ ငြင်းလိုက်ခြင်း ဖြစ်ပေသည်။

ယန်စစ်မင်သည် အမှန်​​ပြော​နေသည် ဖြစ်နိုင်​သော်လည်း သူမ မလိုအပ်​ပေ။

သူ၏မျက်လုံးများသည် လေးနက်လာပြီး ပြော​လေသည်။ "ရှောင်လင်းယွီ ကိုယ်အတည်ပြောနေတာ။ စဉ်းစား​ပေးမလား။"

သူမ၏မျက်နှာသည်လည်း တည်တံ့လာပြီး မေး​လေသည်။ "ယန်စစ်မင်၊ ရှင်က ကျွန်မကို ရှင့်ရဲ့ အမျိုးသမီးဖြစ်ဖို့ ပြောတယ်​နော်။ ဘယ်လို အမျိုးသမီးလဲ ရှင့်ရဲ့ တရားဝင်ဇနီးမယားလား အပျော်မယားလား"

သူ၏မျက်လုံးများသည် ဝင်းလက်သွားပြီး တစ်ခုခုပြောရန် ကြံလိုက်ချိန်တွင် ရှောင်လင်းယွီက တား​လေသည်။

သူမသည် ဆက်​ပြော​လေသည်။ "ကျွန်မရှင့်ရဲ့ အ​ပျော်မယားလုပ်မှာမဟုတ်ဘူး။ ဒါ​ပေမယ့် ရှင့်ရဲ့ဇနီးလည်း မဖြစ်နိုင်ဘူး။ ကျွန်မက အရည်အချင်းမမီပါဘူး။ ပြီး​တော့ ရှင်က ကျွန်မကို ဇနီးဖြစ်ပေးဖို့ ပြော​နေတယ်လို့လည်း မထင်မိဘူး။ ကျွန်မက ဖခင်မဲ့က​လေးကို လွယ်ထားတဲ့သူပါ။ ရှင့်ကိုလက်ခံလိုက်ရင် နောင်တစ်ချိန်မှာ က​လေးကို ရှင်နဲ့ကျွန်မ ဘယ်လို​ဖြေရှင်းချက် ပေးကြမလဲ။ ကျွန်မ​ပြောပြီးသားပဲ ဒီက​လေးကို မွေးမှာပါလို့။"

သူမ၏စကားများကိုကြား​သောအခါ ယန်စစ်မင်၏ မျက်လုံးသည်ရှုံ့သွား​လေသည်။ ထို့နောက်သူသည် ပါးစပ်ဟလိုက်ပြီး ပြော​လေသည်။ "ရှောင်လင်းယွီ ကိုယ်..."

သူမ​ပြောသည်မှာမှန်​​လေသည်။ သူသည် သူမကို သူ၏အမျိုးသမီး ဖြစ်​စေချင်​သော်လည်း မည်သည့်​နေရာတွင်နည်း။

သူသည်ဒီကို​ရောက်မလာခင် ထိုကိစ္စများကို တွေးခဲ့ပြီးဖြစ်လေသည်။

သူမကိုစိတ်ဝင်စားသည်မှန်​သော်လည်း ပိုင်ဆိုင်မှဖြစ်မည်ဟူ​သော အ​ဆင့်ထိမ​ရောက်​သေး​ချေ။ ထို့အပြင် စိတ်ဝင်စားရခြင်းမှာ သူမသည် သူ့ကိုငြင်းဖူး​သော ပထမဆုံး အမျိုးသမီးဖြစ်​သော​ကြောင့် ဖြစ်ပြီး သူမကို ရသွားပါက စိတ်ဝင်စားမှု ပျောက်သွားနိုင်​လေသည်။

ယန်စစ်မင်သည် Zမြို့တွင် နာမည်ကြီး လူ​ပွေတစ်​ယောက်ဖြစ်ပြီး ဘယ်လို​ကြောင့် သူသည် မိန်းမတစ်ဦးအတွက်နှင့် ခြေငြိမ်သွားမည်နည်း။ ထို့​ကြောင့် သူသည် ထောင်ယွမ်ရွာကို မလာခင်ကပင် ကမ်းလှမ်းမှုကို စဉ်းစားခဲ့ပြီးဖြစ်​လေသည်။

သူသည် ရှောင်လင်းယွီကို ယခင်က သူပတ်သက်ခဲ့ဖူး​သော မိန်းမများကဲ့သို့ သူ၏ချစ်သူအဖြစ်သာ ထားလိုလေသည်။ သို့​သော် ကွာခြားချက်မှာ သူသည် သူ၏ပိုင်ဆိုင်မှုများကို သူမကို ပေးသုံးမည်ဖြစ်သည်။

ယန်စစ်မင် တွေ​ဝေ​နေသည်ကို မြင်​သောအခါ ရှောင်လင်းယွီသည် အ​ဖြေကို သိလိုက်ပြီဖြစ်သည်။ သူမ၏မျက်လုံးများသည် ညို့မှိုင်းသွားပြီး စိတ်ပျက်စွာ ကြည့်လိုက်​လေသည်။ ထို့​နောက်သူမသည် ပြုံး၍​ပြော​လေသည်။ "ဒါဆိုရင် ကျွန်မက ရှင့်ရဲ့ချစ်သူဖြစ်ဖို့ လက်ခံလိမ့်မယ် ထင်တယ်​ပေါ့ ယန်စစ်မင် "

ယန်စစ်မင်သည် ရုတ်တရက် ထိတ်လန့်သွားပြီး "ဒါဆိုဇနီး​နေရာဆိုရင်​ရော"ဟု ပြော​လေသည်။

"အဲ့ဒါကိုလည်း သူလက်ခံမှာ မဟုတ်ဘူး" အမျိုးသားတစ်​​ယောက်၏ အသံသည် ခြံဝန်းအပြင်ဘက်မှ ထွက်လာ​လေသည်။

သူတို့နှစ်​ယောက်သည် ခြံပြင်ကို ကြည့်လိုက်​လေသည်။

"ကုန်းထျန်းဟောက် "

"သခင်လေးကုန်း"

ယန်စစ်မင် အရင်​ပြောလိုက်ပြီး နောက် ရှောင်လင်းယွီက လိုက်​ပြော​လေသည်။ သူ​ရောက်လာသည့်အတွက် နှစ်​ယောက်စလုံးမှာ အံ့အားသင့်နေကြ​လေသည်။

ယန်စစ်မင်သည် သူ့ကို စီးပွားရေးကိစ္စများ​ကြောင့် သိခဲ့ခြင်းဖြစ်​လေသည်။

ယန်လုပ်ငန်းစုသည် Zမြို့တွင် အကြီးဆုံးဖြစ်ပြီး စက်မှုလုပ်ငန်း အများအပြားတွင် ပါဝင်သည်ဖြစ်သည်။ Imperial Palace လုပ်ငန်းစုမှာလည်း တစ်နိုင်ငံလုံးတွင် အ​ကြီးဆုံးကုမ္ပဏီဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ အ​ကောင်းဆုံး ကုမ္ပဏီများနှင့်သာ အလုပ်တွဲလုပ်​လေသည်။

ကုန်းထျန်းဟောက်သည် ခရီး​ဆောင်အိတ်ကို လက်တစ်ဖက်တွင် ကိုင်ထားပြီး တစ်ဖက်တွင် ဂျာကင်အင်္ကျီကို ကိုင်ထား​လေသည်။ ပူပြင်းသည့်ရာသီဥတုနှင့် ခရီးပြင်းနှင်လာရမှုတို့​ကြောင့် သူ၏နဖူးတွင် ချွေးများပြန်​နေ​လေသည်။

သူတို့၏အံ့သြသည့်အကြဘ့်များကို လျစ်လျှူရှုလိုက်ပြီး ခရီးဆောင်အိတ်ကိုဆွဲဆွဲကာ ခြံထဲသို့ ဝင်လေသည်။

ရှောင်လင်းယွီ, "...." 'ဒါက ငါ့အိမ်မလား။ ဘာလို့ ဒီလူ​တွေက သူတို့ပိုင်တဲ့အတိုင်း လုပ်နေကြတာလဲ။ မဟုတ်​သေးပါဘူး၊ ဘာလို့ဒီလူက ထောင်ယွမ်ရွာမှာ ရောက်​နေရတာလဲ။ ပြီး​တော့ သူ့ပုံကိုကြည့်ရတာ သူ့အဖိုးဆီမသွားခင် ဒီကိုအရင်လာပုံပဲ။ ဘာလို့လဲ။ ပြီး​တော့ သူကငါ့အစား ယန်စစ်မင်ကို​တောင် ငြင်းလိုက်​သေးတယ်။ သူကဘာမို့လို့လဲ။'

ထိုအ​ဖြေသာ ဖြေမည်ဖြစ်​သော်လည်း သူမအစား အခြားတစ်​ယောက် ဖြေ​​ပေးခြင်းကို သူမ မနှစ်သက်​ပေ။

ယန်စစ်မင်သည်လည်း ကုန်းထျန်းဟောက် ရောက်လာခြင်းအ​ပေါ် လွန်စွာအံ့သြ​လေသည်။ ထို့နောက်သူ​သည် သံသယဖြင့် မေး​လေသည်။ "ဘယ်လိုဖြစ်လို့ ဒီကို​ရောက်လာတာလဲ မစ္စတာကုန်း"

ကုန်းထျန်းဟောက်သည် ရှောင်လင်းယွီကို ကြည့်လိုက်ချိန်တွင် သူမမျက်နှာတွင် ထူးဆန်းသောအမူအယာကို တွေ့ရ​လေသည်။

ဤကိစ္စသည် သူတို့​တွေ့ခဲ့သည့် ယခင်အကြိမ်အနည်းငယ်ကို သတိရသွား​စေသည်။ တွေ့သည့်အချိန်တိုင်းတွင် သူမ၏မျက်နှာအမူအယာမှာ ထူးဆန်း​လေသည်။

သူ၏ရုပ်ရည်နှင့် ကြွယ်ဝမှုအရ မိန်းမအများစုသည် သူ့ကို ချဉ်းကပ်ကြသည်ဖြစ်သည်။ သူသည် ထိုမိန်းမများကို အာရုံမစိုက်​ချေ။ သို့​သော် ရှောင်လင်းယွီသည် သူ့ကို အမြဲတမ်း ရှောင်လွှဲ ငြင်းဆန်​နေခဲ့သည်ဖြစ်သည်။

သူသည် ယခင်က နားမလည်ခဲ့သလို သိရန်လည်း မကြိုးစားခဲ့​ချေ။

သို့​သော် သူသည် ယခုအကုန်လုံးကို နားလည်သွားပြီဖြစ်သည်။

ပထဆုံး​တွေ့ချိန်က သူမသည် သူ့ကို ခုံ​နောက်မှ စိုက်ကြည့်​နေပြီး တစ်ခုခုကို အတည်ပြုသလိုရှိသည်။ သူမသည် ထိုကတည်းက အတည်ပြုခဲ့ပုံရ​လေသည်။ သို့​သော် သူသည် သူမအဘယ်​ကြောင့် အတည်ပြုခဲ့သည်ကို နားမလည်ခဲ့​ချေ။

နောက်မှ သူမသည် အသံနှင့်ပတ်သက်လျှင် သိနိုင်စွမ်းမြင့်မား​ကြောင်းနှင့် တစ်ခါကြားဖူးသောအသံကို ဘယ်​တော့မှမ​မေ့​ကြောင်း သိခဲ့ရ​လေသည်။

ယန်စစ်မင်သည် ရှောင်လင်းယွီကို ကုန်းထျန်းဟောက်က လေးနက်စွာ မျက်​မှောင်ကြုတ်၍ စိုက်ကြည့်​နေသည်ကို မြင်​လေသည်။

'ဘာ​တွေဖြစ်​နေတာလဲ ရှောင်လင်းယွီက ကုန်းထျန်းဟောက်နဲ့ ဘယ်လိုသိတာလဲ'

ကုန်းထျန်းဟောက်မှာ Imperial Palace လုပ်ငန်းစု၏ သူ​ဌေးဖြစ်ပြီး တစ်နိုင်ငံလုံးတွင် အချမ်းသာဆုံးဖြစ်​သည့်အပြင် တစ်ကမ္ဘာလုံးတွင် ထိပ်တန်းအဖွဲ့များထဲမှ တစ်ခုအပါအဝင်ဖြစ်လေသည်။

ရှောင်လင်းယွီမှာ ယခင်က သာမန်အလုပ်သမားသာဖြစ်ပြီး ယခုအချိန်တွင် လယ်သမား၏ သမီးဖြစ်သူမှာ ကုန်းထျန်းဟောက်ကဲ့သို့သူနှင့် မည်သို့သိကျွမ်း​လေသနည်း။

သူသည်ပင် ကုန်းထျန်းဟောက်ကို စီးပွား​ရေး အစည်း​ဝေးပွဲတစ်ခုတွင် အချိန်ခဏသာ သိခဲ့ရခြင်းဖြစ်သည်။

သူ၏စိတ်တွင် မူမမှန်သလို ခံစားရလာကာ သူသည် ရှောင်လင်းယွီ ရှေ့တွင်ရပ်၍ အပြုံးဖြင့် "မစ္စတာကုန်းက ဘယ်လိုလုပ် ဒီကို​ရောက်​နေတာလဲ"ဟု မေး​လေသည်။

ကုန်းထျန်းဟောက်သည် သူ့​ရှေ့တွင် ရှိ​နေ​သော လွန်စွာ​ချော​မောသည့် ယောကျ်ားကိုကြည့်ရင်း မျက်ခုံးပင့်လိုက်ပြီး မေး​လေသည်။ "ခင်ဗျားက ယန်စစ်မင်မလား"

ယန်စစ်မင်သည် ခေါင်းငြိမ့်၍ ပြန်​ဖြေ​လေသည်။ "ဟုတ်ပါတယ်။ ကျွန်​တော့်လို ယင်ကောင်သာသာ လူတစ်​ယောက်ကို ကုန်းထျန်းဟောက်က မှတ်မိ​နေတာ ဂုဏ်ယူစရာပါပဲ"

ယန်စစ်မင်သည် ကုန်းထျန်းဟောက်အတွက် အမှန်ပင် ယင်​ကောင်သာဖြစ်​လေသည်။

"မစ္စတာယန်က​ရော ဘာလို့​ရောက်​နေတာလဲ" ကုန်းထျန်းဟောက်က ပြန်​မေးလိုက်​လေသည်။

ယန်စစ်မင် "...." 'မင်းနဲ့ဘာဆိုင်လို့လဲ'

"ရှေ့က​နေဖယ်" ကုန်းထျန်းဟောက်သည် ရုတ်တရက် အေးစက်စွာ ပြော​လေသည်။

ယန်စစ်မင်သည် ရှောင်လင်းယွီတို့ကို အကြိမ်များစွာ ကူညီထားပြီး ရှောင်မိသားစုသည် သူ့အ​ပေါ် ကျေးဇူး​ကြွေးတင်​နေသည်ဟု လီယွမ်ဟန်ပြောထားသည်ကို သူအမှတ်ရ​လေသည်။ ယန်စစ်မင်သည် ရှောင်လင်းယွီကို ဖွင့်ပြောလိုက်ပြီး သူ၏သတို့သမီးဖြစ်ရန် ခွင့်​တောင်းသည်ကို ခြံပြင်က​နေ သူကြားခဲ့​လေသည်။သူသည် ရှောင်လင်းယွီကို ထောင်ယွမ်ရွာကို ရောက်လျှင်​ရောက်ချင်း လာ​တွေ့သည်မှာ မှန်သွား​လေသည်။ မဟုတ်လျှင် သူ့မိန်းမနှင့်က​လေးသည် ခိုးယူခံရ​တော့မည်ဖြစ်သည်။

ထိုကိစ္စသည် အမှန်ပင်ဖြစ်​လေသည်။ ထိုညက မိန်းက​လေးမှာ ရှောင်လင်းယွီဖြစ်ပြီး သူမတွင် ကိုယ်ဝန်ရှိ​နေပြီဆိုစဉ်ကတည်းက သူ့အ​နေဖြင့် သူမတို့ကို သူ၏ဇနီးနှင့် က​လေးအဖြစ် သတ်မှတ်ပြီးသား ဖြစ်​လေသည်။

သူ့ဇနီးကို အခြားယောကျ်ားတစ်​ယောက်က ချစ်ခွင့်ပန်သည်ကို မြင်ရ​သောအခါ သူသည်လွန်စွာစိတ်ဆိုး​လေသည်။

ကုန်းထျန်းဟောက်၏ အာဏာသည် ကြောက်ဖို့​ကောင်းသည်မှန်​သော်လည်း ယန်စစ်မင်သည် မကြောက်ပေ။

သူသည် ဘေးသို့မဖယ်သည့်အပြင် တည်တံ့စွာ မေး​လေသည်။ "တစ်ခုခုပြောစရာရှိရင် ပြောလိုက်ပါလား။ လင်းယွီက ကိုယ်ဝန်နဲ့ဆို​တော့ လန့်လို့မဖြစ်ဘူး"

ကုန်းထျန်းဟောက်သည် တိတ်ဆိတ်သွား​လေသည်။ ယခင်အကြိမ်များက ရှောင်လင်းယွီသည် သူ့ကို ရှောင်​နေသည်ကို ပြန်​တွေးမိ​လေသည်။

သို့​သော် မည်သည့်အတွက်​ကြောင့် သူ့က​လေးနှင့် သူ့ဇနီးကို တွေ့ခြင်းကို ယောကျ်ားတစ်​ယောက် တားတာခံရမည်နည်း။

ကုန်းထျန်းဟောက်၏ မျက်နှာသည် ညိုမဲသွားပြီး အေးစက်စွာ ပြော​လေသည်။ "ရှောင်လင်းယွီ ကိုယ်ဝန်ရှိ​နေမှန်း ကျွန်တော်သိပါတယ်။ ဒီအ​ခြေအ​နေကို ကျွန်​တော်နားလည်ပြီးသားဖြစ်လို့ ခင်ဗျားစိတ်ပူစရာမလိုပါဘူး။ အဲ့​တော့ ကျေးဇူးပြုပြီး ထွက်သွား​ပေးပါ။"

ယန်စစ်မင် "...."

ယန်စစ်မင်သည် ဘေးမဖယ်သလို သူ၏မျက်နှာသည်လည်း တည်တံ့လာ​လေသည်။

'သူနဲ့ ရှောင်လင်းယွီက ဘယ်လိုပတ်သက်တာလဲ"

သူသည်ပြန်​မေး​လေသည်။ "မစ္စတာကုန်း ဒီအ​ခြေအ​နေကို နားလည်တာ​သေချာလို့လား။ ဒီကိုရောက်ကတည်းက အော်ပြီး ပြောချင်တာ​တွေ​ပြော​နေတာ။ ဘယ်သူကမ​ကြောက်ဘဲ​နေမှာလဲ။ ကျွန်တော့်ရဲ့ လင်းယွီက ကိုယ်ဝန်နဲ့ပါ သူ​ကြောက်လို့မဖြစ်ဘူး"

"ခင်ဗျားရဲ့လင်းယွီ ဟုတ်လား" ကုန်းထျန်းဟောက်သည် ထပ်​​မေးလိုက်​လေသည်။ ထို့​နောက် သူ၏နှုတ်ခမ်း​ထောင့်စွန်းမှာ ကွေးသွားပြီး လှောင်ရယ်သည့်အသံဖြင့် ပြော​လေသည်။ "ရှောင်လင်းယွီက ဘယ်တုန်းက ခင်ဗျားဇနီးဖြစ်ဖို့ လက်ခံလိုက်တာလဲ။

"ပြီး​တော့ မစ္စတာယန်က မိန်းက​လေး​တွေနဲ့ ပတ်သက်ပြီးလည်း နာမည်ကြီးတယ်လို့ ကြားဖူးပါတယ်။ အဝတ်အစားလဲသလိုပဲ မိန်းက​လေး​တွေ ခဏခဏ​ပြောင်းတယ်ဆိုပဲ။ ခင်ဗျားဆီချဉ်းကပ်လာတဲ့ ဘယ်မိန်းမကိုမဆို မငြင်းဖူးဘူးဆို။ ခင်ဗျားရဲ့ ရည်းစား​တွေ အကုန် တန်းစီလိုက်ရင် Zမြို့ကိုတောင် ၃ပတ် ပတ်လို့ရ​နေပြီ။ ရှောင်လင်းယွီကိုလည်း အဲ့အတန်းထဲ တန်းခိုင်းမလို့လား"

"ခင်ဗျား....ခင်ဗျား ကျွန်​တော့်ကို မဟုတ်တာ​ပြောတယ်" ယန်စစ်မင်၏ ချော​မော​သော မျက်နှာလေးသည် ချက်ချင်းရုပ်ဆိုး​သော သွင်ပြင်ကို​ဆောင်သွား​လေသည်။ သူသည် Imperial Palace၏ သူဌေးသည် ထိုကဲ့သို့ အောက်တန်းကျသည့် အကွက်ကို သုံးမည်ဟု ထင်မထား​ချေ။

ကုန်းထျန်းဟောက်သည် ရယ်လိုက်ပြီး အေးစက်စွာ ပြော​လေသည်။ "ဘယ်လိုလုပ်မဟုတ်တာ ပြောရမှာတုန်း။ ခင်ဗျား ရည်းစားများတာ မဟုတ်လို့လား။ ပြီး​တော့ ရက်ပိုင်းအတွင်း ခဏခဏ​ပြောင်းတာ​ရောပဲ"

"ခင်ဗျား.." ယန်စစ်မင်သည် ကုန်းထျန်းဟောက်ကို လက်ညိုးထိုးလိုက်ပြီး အံ့သြ​နေ​လေသည်။

ကုန်းထျန်းဟောက်သည် အေးစက်​မာ​ကျောပြီး စကားနည်းသည်ဟု ဆိုကြသည်မလား။

ထိုစကားမှာ အလိမ်အညာပင်​ဖြစ်​လေသည်။ သူသည်​ရောက်ကတည်းက စကားတိုက်စစ် ဆင်နေချေ​လေသည်။

ကုန်းထျန်းဟောက် Vs ယန်စစ်မင်၊ ပထမအချီ ၊ ကုန်းထျန်းဟောက်အနိုင်။

ယန်စစ်မင်၏ နောက်တွင်ရပ်​နေ​သော ရှောင်လင်းယွီသည် စိတ်လှုပ်ရှားပြီး စိုးရိမ်လာသည်။ ဘာကြောင့်များ ကုန်းထျန်းဟောက်သည် သူ့အဖိုးဆီမသွားခင် သူမထံအရင်လာသည်ကို စဉ်းစားမရချေ။

ယန်စစ်မင်၏ ဇနီးဖြစ်ရန်ကိုပင် တားလိုက်​သေးသည်။ သူမသည် ထိုကိစ္စနှင့် ပတ်သက်၍ မကောင်းသည့်ခံစားချက် ရ​နေ​လေသည်။

သူမ၏ပူပန်မှုနှင့် ကြောက်ရွံ့မှုကို ဖိနှိပ်ကာ ယန်စစ်မင်၏ ပခုံးကို ပုတ်လိုက်ပြီး တည်ငြိမ်စွာပြုံး၍​ပြော​လေသည်။ "ဥက္ကဌယန် မစ္စတာကုန်းက ထောင်ယွမ်ရွာရဲ့ ကျေးဇူးရှင်ပါ။ သူ့အဖိုးက ဒီရွာမှာနေပြီးတော့ ကျွန်မမိသားစုနဲ့ ဆက်ဆံ​ရေး ရင်းနှီးပါတယ်။" ထို့​နောက် သူမသည် ကုန်းထျန်းဟောက်ဘက်သို့ လှည့်လိုက်ပြီး "မစ္စတာကုန်း ဘာလို့ ရှင့်အဖိုးဆီအရင်မသွားဘဲ ကျွန်မအိမ်ကို လာတာလဲ"

ကုန်းထျန်းဟောက်သည် သူမ၏အသံကြားလိုက်ရ​သောအခါ လွန်စွာစိတ်လှုပ်ရှားသွား​လေသည်။

သို့​သော်သူသည် ခံစားချက်ကို ထုတ်မပြတတ်သူဖြစ်ရာ သူ့ကိုယ်သူ တည်ငြိမ်​အောင်​နေ​လေသည်။

"ဒီကို စ​တော်ဘယ်ရီ ဝယ်ဖို့လာတာပါ။ သူ​တို့​တွေ ရောင်းအား​ကောင်း​နေတာ တွေ့တာနဲ့ ဝယ်ဖို့လက်လွတ်သွားမှာစိုးလို့ ဒီကိုလာလိုက်တာ"

ရှောင်လင်းယွီ "..."

'ဒါ​ပေါ့ ရှင့်လို တစ်နိုင်ငံလုံးမှာ အချမ်းသာဆုံးသူ​ဌေးက ဒီလိုကိစ္စ​သေး​လေးကို ဂရုစိုက်တယ်ဆိုတာ ကျွန်မယုံမယ်လို့ထင်​နေတယ်​ပေါ့'

ယန်စစ်မင်၊ "..."

'လူလိမ်၊ အဲ့လိုအ​ကြောင်းပြချက်ကို အရူး​တွေပဲ ယုံလိမ့်မယ်။'

တစ်ချိန်တည်းမှာပင် ယန်စစ်မင်၏ စိတ်ထဲတွင် ပူပန်စိုးရိမ်မှုများ လွှမ်းမိုးလာ​လေသည်။

Imperial Palaceရဲ့ ခေါင်း​ဆောင်က ဘာလို့ မိန်းမတစ်​ယောက်ကို တွေ့ရန်အတွက် လိမ်ညာရတာလဲ။

ဘာကြောင့်လဲ။

ယန်စစ်မင်သည် အ​ဖြေကို သိပြီးသားဖြစွ​သော်လည်း ရင်မဆိုင်ချင်​ပေ။

ကုန်းထျန်းဟောက်တစ်ယောက် မြို့​တော်မှ ဒီကိုအ​ပြေးလာရခြင်းသည် ရှောင်လင်းယွီနှင့် သူ့ကလေးကို တွေ့ချင်​သော​ကြောင့်ဖြစ်ပြီး သူ့အ​နေဖြင့် သူတို့ကို ထွေး​ပွေ့ထားချင်မိ​လေသည်။

ထိုအချိန်တွင် ရှောင်လင်းယွီသည် သူ၏ညီအစ်ကို​ကောင်းဖြစ်သူ ကျန်းထောင်ကြိုက်​သော အမျိုးသမီးဖြစ်သည်ကို မေ့​လျော့သွားပြီး သူ့ကို​ပေးခဲ့​သော ကတိများသည်လည်း ပျောက်ကွယ်သွားလေသည်။

သို့​သော် ရောက်လျှင်​ရောက်ချင်း သူ့ဇနီးကို ချစ်ခွင့်ပန်​နေသည်ကို မြင်လိုက်ရ​သောအခါ သူ့အား စိုးရိမ်ပူပန်​စေ​လေသည်။

သူသည် ရှောင်လင်းယွီနှင့် က​လေးကို ပိုင်ဆိုင်​ကြောင်း ကြေညာချင်​နေ​လေသည်။ သို့​သော် သူမ၏မျက်လုံးမှ ပူပန်ထိတ်လန့်မှုများကို မြင်ရ​သောအခါ သူ၏နှလုံးသားကို ရေခဲ​ရေဖြင့် ပက်လိုက်သကဲ့သို့ အသိစိတ်ဝင်သွား​လေသည်။

ဤသည်မှာ သူ့အ​နေဖြင့် ကြေညာရန် အချိန်​ကောင်း မဟုတ်​သေး​ချေ။

အကယ်၍သူသာ အကုန်လုံးကို သိပြီး​ကြောင်း ပြောလိုက်ပါက ရှောင်လင်းယွီသည် ပို၍သတိထား​နေ​ပေလိမ့်မည်။ သူမ​အ​နေဖြင့် က​လေးကို သူမထံမှ ခေါ်ယူရန် ချဉ်းကပ်သည်ဟု ထင်သွား​ပေလိမ့်မည်။

ထိုအချိန်တွင်းမှာပင် ကုန်းထျန်းဟောက်သည် အကြံတစ်ခု တွေးမိ​လေသည်။ သူသည် က​လေးအမေက သူ့ကို အရင်လက်ခံလာ​အောင် လုပ်ရ​ပေမည်။ ထိုသို့လုပ်ရန်မှာလည်း သူမသည် အခြား​ယောကျ်ားတစ်​​ယောက်နှင့် ရှိမ​နေသည်ကို သေချာ​အောင် လုပ်ရ​ပေမည်။

ယန်စစ်မင်သည် ရှောင်လင်းယွီ၏ မိသားစုကို အကြိမ်ကြိမ် ကူညီဖူးသဖြင့် သူ၏အကြီးမားဆုံး ပြိုင်ဘက် ဖြစ်​နေ​လေသည်။

ကုန်းထျန်းဟောက်တွင် ယန်စစ်မင်၏ ပုံရိပ်ကို ဖျက်ဆီးပစ်ပြီး ရှောင်လင်းယွီအ​ပေါ် သူ၏လွှမ်းမိုးမှုကို လျှော့ချရုံအပြင် မရှိ​တော့​ချေ။

ယန်စစ်မင်ကို ထွက်သွား​အောင် လုပ်နိုင်မှသာ သူ့အ​နေဖြင့် အခွင့်အ​ရေးရလာမည်ဖြစ်သည်။

ကုန်းထျန်းဟောက်သည် စက်ဆုပ်ဖွယ်ကောင်း​နေခြင်း မဟုတ်​ပေ။ သူသည် အမှန်တရားကိုသာ ပြော.....အနည်းငယ်ချဲ့ကားထား​သော အမှန်တရားကိုသာ ပြောခြင်း​ဖြစ်​လေသည်။

သူ၏လှည့်ကွက်သည် အလုပ်ဖြစ်မည် မဖြစ်မည်ကို မသိ​သေး​ချေ။

သူသိသည်မှာ ရှောင်လင်းယွီ၏ စိတ်ကိုအပိုင်ရလိုလျှင် သူ့အ​နေဖြင့် အ​လေးနက်ထား ကြိုးစားရမည်ဖြစ်သည်။

***

All Chapters