ရန်ပွဲ
Vol. 14 Ch. 238
ယန်စစ်မင်နှင့် ကုန်းထျန်းဟောက်တို့ မသိခဲ့သည်မှာ အိမ်ထဲဝင်သွားသော ရှောင်လင်းယွီသည် သူတို့၏စကာများကို ကြားနေခြင်းဖြစ်ပေသည်။
ခရက်!
လက်ဖက်ရည်ပန်းကန်ကွဲသည့်အသံ!
ခလွမ်း!
လက်ဖက်ရည်ခွက် မြေပြင်ပေါ် ကျသွားသည့်အသံ!
ရှောင်လင်းယွီသည် ခွက်ကို အက်ကွဲအောင် လုပ်လိုက်မိလေသည်။ သူမသတိထားမိချိန်တွင် ခွက်သည် ပင့်ကူအိမ်သဖွယ် အက်ကြောင်းများ ဖြစ်နေပြီဖြစ်ပြီ။
သူမသည် ထိတ်လန့်သွားပြီး လက်ဖက်ရည်ခွက်ကို လွှတ်ချမိလိုက်လေသည်။ 'ဘယ်တုန်းကခွက်က အဲ့လောက် ကွဲလွယ်သွားရတာလဲ။ ဒါမှမဟုတ် ငါပိုသန်မာလာတာများလား'
အပြင်တွင်ရှိနေသော အမျိုးသားနှစ်ယောက်သည် အချင်းချင်း ကြည့်လိုက်လေသည်။ ထို့နောက်သူတို့သည် အိမ်ထဲသို့ ဝင်သွားပြီး စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြလေသည်။
ရှောင်လင်းယွီသည် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်သာ ဖြစ်ပေသည်။
"ဘာဖြစ်လို့လဲ လင်းယွီ" ယန်စစ်မင်သည် အိမ်ထဲမဝင်ခင်ကပင် စိုးရိမ်စွာ လှမ်းမေးလိုက်လေသည်။
ရှောင်လင်းယွီသည် ယန်စစ်မင်၏ အသံကိုကြားလိုက်သဖြင့် အသိပြန်လည်လာလေသည်။ သူမသည် ယခုထိစိတ်လှုပ်ရှားကာ ငူငူငိုင်ငိုင် ဖြစ်နေသေးပေသည်။ သူမကို မမြင်သောအခါ သူတို့နှစ်ယောက်စလုံးသည် သူမ မတော်တဆတစ်ခုခုဖြစ်သည်ဟုသာ ထင်ကြလေသည်။ မည်သို့ပင်ဖြစ်စေ သူမသည် ဗိုက်ထဲမှကလေးကို သူမဘယ်လောက်ချစ်မှန်း သိကြလေသည်။
ယန်စစ်မင်သည် နှစ်သိမ့်လေသည်။ "မကြောက်နဲ့နော် လင်းယွီ အားလုံးအဆင်ပြေသွားလိမ့်မယ်"
ကုန်းထျန်းဟောက်သည် ကြမ်းပေါ်တွင် ကျနေသော ဖန်ကွဲစများကို ကြည့်၍ "အဲ့မှာရပ်နေ မလှုပ်နဲ့"ဟု ပြောလေသည်။
ရှောင်လင်းယွီသည် သူ၏ကလေးကို လွယ်ထားရသည်ဖြစ်သည်။
ဤဖန်ကွဲစများကို ရှောင်ရန်ခက်ခဲသည့်အတွက် သူ့အနေဖြင့် အရင်ရှင်းလင်းမှ ရပေမည်။ သူသည် ဘေးပတ်လည်ကို ကြည့်လိုက်သော်လည်း တံမြက်စည်းရှာမတွေချေ။ ထို့နောက် သူသည် "တံမြက်စည်း ဘယ်မှာလဲ"ဟု မေးလေသည်။
"..." ရှောင်လင်းယွီသည် အပြင်ဘက် ထောင့်နားလေးသို့ လက်ညိုးထိုးပြလိုက်ပြီး "တံမြက်စည်းက ဘယ်ဘက်ထောင့်မှာ"ဟု ပြောလေသည်။
ကုန်းထျန်းဟောက်, "..." ကျေးလက်ရှိလူများသည် အပင်များကိုသုံးကာ တံမြက်စည်းလုပ်ကြလေသည်။ သူတို့သည် ပြောင်းနှံစားပင် တစ်မျိုးနှင့် ဝါးအကိုင်းအခက်များကို အသုံးပြုကြလေသည်။ သူတို့သည် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ရုံသာမက စျေးနှုန်းလည်း သက်သာပေသည်။ ကျိုးသွားမည်ဆိုပါကလည်း နောက်တစ်ချောင်း အလွယ်အတူလုပ်နိုင်ပေသည်။
သို့သော် တံမြက်စည်းနှစ်မျိုးရှိလေသည်။ ဝါးတံမြက်စည်းမှာ နူးညံ့သဖြင့် အပြင်ဘက်သို့ လှည်းရန်အသုံးပြုပြီး သံတံမြက်စည်းမှာ ပို၍ကျစ်လစ်သဖြင့် အတွင်းဘက်သို့ လှည်းရန်သုံးလေသည်။
သို့သော် ကုန်းထျန်းဟောက်သည် ထိုကိစ္စများကို မသိချေ။ သူသည် ထောင့်ကိုသွား၍ တံစဉ်၊ ဂေါ်ပြားနှင့် လွှတို့ကို ရွေးထုတ်လိုက်ရာ တံမြက်စည်းနှစ်ချောင်း ကျန်နေလေသည်။ သူသည်ကြီးသည့်တစ်ခုကို ရွေးလိုက်ပြီး အိမ်ထဲသို့ဝင်လေသည်။
ရှောင်လင်းယွီ, "..." 'ဒါက ဝါးတံမြက်စည်းလေ အဲ့ဒါနဲ့ လှည်းလို့ကတော့ ကြမ်းပေါ်ကတောင် အစအနတောင် ရွေ့မှာမဟုတ်ဘူး'
ရှောင်လင်းယွီက ပြောလေသည်။ "ဒါက အပြင်ဘက် လှည်းတဲ့တံမြင်စည်းပါ။ သေးတဲ့တစ်ခုသုံးရမှာ သခင်လေး"
ကုန်းထျန်းဟောက်၊ "...." သူသည် ပိုကြီးလေ ပိုကောင်းလေဟုသာ တွေးခဲ့မိခြင်းဖြစ်သည်။
ယန်စစ်မင်သည် ရယ်လိုက်ရင်း "မသိရင်လည်း မေးလိုက်ရောပေါ့ မစ္စတာကုန်းရယ်။ ဘာလို့ဒီလောက်မာနကြီးရတာလဲ။ ခင်ဗျားမ..."ရှက်ဘူးလား။ သူသည် စကားကိုအဆုံးထိ မပြောလိုက်သော်လည်း သူဘာကိုပြောချင်မှန်း အားလုံးသိကြရလေသည်။
ကုန်းထျန်းဟောက်သည် သူ့ကို စူးရှစွာစိုက်ကြည့်လိုက်သော်လည်း ဘာမှမပြောချေ။ သူသည် ရှင်းလင်းရန် တံမြက်စည်း စလှည်းလိုက်လေသည်။
ခလွမ်း! သူသည် ယခင်က အိမ်အလုပ် မလုပ်ဖူးသည့်အတွက် အားကို ဘယ်လိုထိန်းရမလဲမသိပေ။ တံမြက်စည်းသည် ဖန်ကွဲစများကို ပျံထွက်အောင် လုပ်သကဲ့သို့ ဖြစ်လေသည်။ ၄င်းတို့သည် နံရံနှင့်တိုက်မိကာ ပို၍သေးငယ်သော အပိုင်းအစများဖြစ်သွားလေသည်။ သူသည် သန့်ရှင်းရေးလုပ်သည်နှင့် မတူဘဲ ဟော်ကီကစားသကဲ့သို့ ဖြစ်လေသည်။
ကုန်းထျန်းဟောက်၊ "..."
ရှောင်လင်းယွီ၊ "..."
ယန်စစ်မင်၊ "..."
ကုန်းထျန်းဟောက်ကို အပြစ်တင်၍လည်းမရချေ။ ထိုကိစ္စများကို သူ့အစားအမြဲ လုပ်ပေးမယ့်သူ ရှိနေခြင်းကြောင့် ဖြစ်လေသည်။
ယန်စစ်မင်သည် ရယ်လိုက်လေသည်။ "ဘာလုပ်နေတာလဲ မစ္စတာကုန်းရယ်။ အခုက ခင်ဗျားက ရှင်းရမယ့်အစား ပိုရှုပ်အောင်လုပ်နေတယ်။
ယန်စစ်မင်၏ လှောင်သံများကို ဂရုမစိုက်ဘဲ ခေါင်းငုံကာ တံမြက်စည်း ပြန်လှည်းရန် ပြင်လေသည်။
ရှောင်လင်းယွီသည် ကုန်းထျန်းဟောက် အလေးအနက်လုပ်နေသည်ကို မြင်သောအခါ စိတ်လှုပ်ရှားသွားလေသည်။ သူသည် တံမြက်စည်းကို ကြိုးစားပမ်းစား လှည်းနေခြင်းမှာ သူမဖန်ကွဲစများအပေါ် မတော်တဆ မနင်းမိစေရန်ဖြစ်သည်။
သူမသည် သူအခုလို လုပ်ပေးသော တစ်ဦးတည်းသော အမျိုးသမီးလားဟု သိချင်သွားမိလေသည်။ ထို့နောက် သူမသည်ချက်ချင်း ထိုအတွေးများကို ဖျောက်ပစ်လိုက်လေသည်။
ရှောင်လင်းယွီသည် အသက်ပြင်းပြင်းရှူလိုက်ရင်း ပြောပြလေသည်။ "သခင်လေးကုန်းက အားအရမ်းသုံးလိုက်လို့ပါ"
ကုန်းထျန်းဟောက်၏ မျက်လုံးများသည် လင်းလက်သွားပြီး ရှောင်လင်းယွီကို တောက်ပနေသော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။ သူသည် ချီးကျူးခံလိုက်ရသော ကလေးနှင့်ပင် တူလေသည်။
သူသည် တစ်စုံတစ်ယောက်ကို သတိရစေ.....
ရှောင်လင်းယွီသည် သူမ၏မျက်လုံးများကို ပွတ်လိုက်လေသည်။ သူမကြည့်လိုက်သောအခါ ကုန်းထျန်းဟောက်သည် တံမြက်စည်း ပြန်လှည်းနေပေသည်။
ခွက်!
ဖန်ကွဲစများ ထပ်လွင့်သွားပြန်သည်။
ရှောင်လင်းယွီသည် ဖုန်မှုန့်များရှုမိသွား၍ ချောင်းဆိုးလေသည်။
ယန်စစ်မင်သည် ချက်ချင်းပင် ကြမ်းပေါ်ရှိ ဖန်ကွဲစများကို ဂရုမစိုက်နိုင်ဘဲ ရှောင်လင်းယွီဆီသို့ သွားလေသည်။ သူသည် သူမ၏ကျောကို ပုတ်လိုက်ပြီး စိုးရိမ်စွာမေးလေသည်။
ထို့နောက် သူသည် ကုန်းထျန်းဟောက်ဘက်သို့ လှည့်၍ "ဘယ်လိုလှည်းရမလဲမသိရင် မလှည်းပါနဲ့လား အခုတော့ တစ်ခန်းလုံး ဖုန်းတွေချည်းပဲ။ အခုတော့ လင်းယွီလည်း ချောင်းဆိုးကုန်ပြီ မစ္စတာကုန်း"
ကုန်းထျန်းဟောက်သည် အဆက်မပြတ် ချောင်းဆိုးနေသော ရှောင်လင်းယွီကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားလေသည်။ ထို့နောက် သူသည် တံမြက်စည်းကို ကြမ်းပေါ်တွင် ချထားလိုက်ပြီး လမ်းလျှောက်လာလေသည်။
ယန်စစ်မင်သည် ထိတ်လန့်သွားပြီး မေးလေသည်။ "ခင်ဗျားဘာလုပ်တာလဲ"
ကုန်းထျန်းဟောက်သည် ခါးညွှတ်လိုက်ပြီး ရှောင်လင်းယွီကို မင်းသမီးတစ်ပါးကဲ့သို့ ပွေ့ချီလိုက်လေသည်။
"အား!" ရှောင်လင်းယွီ၏ ခြေထောက်သည် မြေပြင်မှ ရုတ်တရက်မြောက်သွားသည့်အတွက် သူမလည်း ချက်ချင်း ကုန်းထျန်းဟောက်၏လည်ပင်းကို ဖက်လိုက်မိလေသည်။
ယန်စစ်မင်သည် အံ့အားသင့်သွားပြီးနောက် စိတ်အနှောင့်အယှက် ဖြစ်သွားလေသည်။
သူအဘယ့်ကြောင့် အရင်က ဤနည်းလမ်းကို မတွေးမိခဲ့ရသနည်း။
ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယွီကြားတွင် ဆက်သွယ်မှု ပိုရှိလာလေသည်။ သူမကို ပွေ့ချီ၍ ကုန်းထျန်းဟောက်သည် ခြေလှမ်းကျဲကျဲလှမ်းကာ သွားလေသည်။ ရှောင်လင်းယွီသည် ခေါင်းမော့လိုက်ချိန်တွင် ကုန်းထျန်းဟောက်၏ သွယ်လျသော လည်ပင်းကို မြင်လိုက်ရလေသည်။ သူ၏ပြည့်စုံလှပသော ဘေးဘက်ခြမ်း၊ သူ၏ ခံညားသန်မာသော မျက်နှာအချိုးအစားနှင့် သူ၏နက်မှောင်ဆန်းကြယ်သော မျက်ဝန်းများကို သူမမြင်လိုက်ရလေသည်။
ဤလူသည် ပြည့်စုံလွန်းပေသည်။
သူသည် အာဏာရှိရုံ ချမ်းသာရုံသာမက ချောမောခန့်ညားပြီး သွယ်လျသောအချိုးအစားကို ပိုင်ဆိုင်ပေသည်။
သူသည် သူမကို အပြင်ဘက်သို့ ပွေ့ချီသွားပြီး ထိုင်ခုံပေါ်တွင် ချပေးလိုက်ကာ ရေခွက်တစ်ခွက်ငှဲ့လိုက်ပြီး ပေးလိုက်လေသည်။ ထို့နောက် သူသည် ညင်သာစွာ ပြောလေသည်။ "ရေနည်းနည်းသောက်လိုက် ပြီးတော့ ပလုတ်ကျင်းလိုက်ပါဦး။ အခုလေးတင် ဖုန်ဝင်သွားတယ်မလား"
ရှောင်လင်းယွီသည် ဖန်ခွက်ကို ယူလိုက်လေသည်။ "ကျေးဇူးပါ"
ယန်စစ်မင်သည် သူမဆီသို့လိုက်လာပြီး စောတကတက်လေသည်။ "လင်းယွီ သူမင်းကို အခွင့်ကောင်းယူလို့ရအောင် တမင်လုပ်တာလို့ထင်တတယ်။"
"....." ကုန်းထျန်းဟောက်သည် ပေါ့ပေါ့တန်တန် ပြန်ပြောလိုက်လေသည်။ "ဒါဆိုရင်ဘာလို့ ခင်ဗျားက အရင်တံမြက်စည်း မလှည်းလိုက်တာလဲ။ သူ့ကိုဖက်လို့ရအောင်လေ။"
ယန်စစ်မင် "..."
ယန်စစ်မင်သည် စကားပြောကောင်းသူဖြစ်သော်လည်း ကုန်းထျန်းဟောက်နှင့် ရင်ဆိုင်ရချိန်တွင် သူသည် ပြောစရာ စကားမဲ့သွားသည်အထိ ပြင်းထန်စွာပြောခံရလေသည်။
ရှောင်လင်းယွီသည် ရှက်သွေးနီသွားလေသည်။ သူမရှိနေသည်ကိုပင် သူတို့သည် ထိုအတိုင်းပြောနေကြလေသည်။ သူမ၏ခံစားချက်ကိုပင် ထည့်တွေးကြသည်လော။
ရှောင်လင်းယွီသည် ဖြေဖြန်ပြောလေသည်။ "သခင်လေးကုန်းက စီးပွားရေးလုပ်ငန်းရှင်ကြီးလို့ ပြောတယ်မလား။ အဲ့တော့ သူ့အိမ်မှာ အစေခံတွေ အထိန်းတော်တွေရှိမှာဆိုတော့ သူဒီကိစ္စတွေကို မသိတာ သာမန်ပါပဲ"
ထိုစကားကို ကြားသောအခါ ကုန်းထျန်းဟောက်၏ နှုတ်ခမ်းများသည် ကွေးညွှတ်သွားပြီး သူ့ပုံစံမှာ ပျော်ရွှင်သည့်ပုံဖြစ်လေသည်။ ထို့နောက်သူသည် ယန်စစ်မင်ကို ကြည့်လိုက်ပြီး ပြောလေသည်။ " ဥက္ကဌယန် ပြောတဲ့ပုံအရဆိုရင် ကြမ်းကိုဘယ်လို လှည်းရမလဲသိပုံပဲ။ ဒါဆိုရင် ကျေးဇူးပြုပြီး ရှင်းပေးပါဦး"
ယန်စစ်မင်သည် အံ့အားသင့်သွားလေသည်။
သူငယ်စဥ်ကတည်းက အစေခံများဖြင့် နေလာရသည်ဖြစ်သဖြင့် အိမ်မှုကိစ္စများကို မလုပ်ဖူးသည်ဖြစ်ရာ သူသည်လည်း မည်သို့ရှင်းလင်းရမည်ကို မသိချေ။
သို့သော် ယခုလေးတင် သူသည် ကုန်းထျန်းဟောက်ကို လှောင်ထားသဖြင့် မလုပ်တတ်ဘူးပြောပါက ကုန်းထျန်းဟောက်ဆီမှ အစခံရမည်ဖြစ်လေသည်။ သို့သော် ရှင်းပြန်လျှင်လည်း ကုန်းထျန်းဟောက်ကဲ့သို့ အမှားကိုပင် ထပ်လုပ်ကာ အစခံရမည်သာဖြစ်သည်။
ယန်စစ်မင်တွင် အရှုံးချည်းသာဖြစ်လေသည်။
ကုန်းထျန်းဟောက်၏ စူးရှသောမျက်လုံးများသည် ယန်စစ်မင်ကို စိုက်ကြည့်လိုက်ကာ နှုတ်ခမ်းများမှာ ပြုံးလေသည်။ သို့သော် ထိုအပြုံးမှာ လှောက်ပြုံးဖြစ်ပေသည်။
ယန်စစ်မင်သည် သူ့ကိုလှောင်ပြုံး ပြုံးကာ ရှောင်လင်းယွီရှေ့တွင် သူ၏ပုံရိပ်ကို ထိခိုက်အောင် လုပ်သဖြင့် ကလဲ့စားပြန်ချေခြင်း ဖြစ်ပေသည်။
ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံများကို ကြားရလေသည်။
ယန်စစ်မင်သည် အပြင်ကို ကြည့်လိုက်ချိန်တွင် ရှောင်အဖေနှင့် အမေတို့ ပြန်လာသည်ကို တွေ့လေသည်။ သူသည် အိမ်ထဲသို့ ဝင်သွားပြီး တံမြက်စည်း ကိုင်လိုက်လေသည်။
သူတို့နှစ်ယောက်သည် ခြံထဲသို့ ဝင်လိုက်သောအခါ ကုန်းထျန်းဟောက်ကို မြင်လိုက်ရ၍ အံ့အားသင့်သွားလေသည်။
"ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ သခင်လေးကုန်း "ဟု မေမေရှောင်သည် အပြုံးဖြင့် မေးလေသည်။
သူမနှင့် ဖေဖေရှောင်တို့သည် ယန်စစ်မင် ထောင်ယွမ်ရွာတွင် ရောက်နေသည်ဟု ရှောင်ရှောင်းဟွေ့ထံမှ ကြားသဖြင့် သူတို့အပေါ် ကျေးဇူးရှိသူဖြစ်သောကြောင့် နှုတ်ခွန်းဆက်ရန် ပြန်လာခဲ့ခြင်းဖြစ်သဖြင့် ကုန်းထျန်းဟောက်ကို တွေ့ရန် မမျှော်လင့်ထားပေ။
ကုန်းထျန်းဟောက်သည်လည်း သူတို့၏ ကျေးဇူးရှင်ဖြစ်ပေသည်။ သူသည် ရှောင်လင်းယွီ၏ အသက်ကို တစ်ကြိမ်ကယ်ဖူးရုံသာမက ထောင်ယွမ်ရွာ၏ အလှူရှင်လည်းဖြစ်ပေသည်။ ထို့ကြောင့် သူ့ကိုလည်း လျစ်လျူရှု၍ မရပေ။
"ဦးလေး၊ အဒေါ်" ကုန်းထျန်းဟောက်သည် ယဉ်ကျေးစွာပြောလေသည်။
မေမေရှောင်သည် ပြုံးကာ "သခင်လေးကုန်း ဒီမှာခဏထိုင်ပါဦး စားစရာ တစ်ခုခုပြင်လိုက်ပါ့မယ်။ ယောကျ်ားရေ သခင်လေးကို အဖော်လုပ်ပေးလိုက်ပါဦး"ဟု ပြောလေသည်။
သို့သော် သူမသည် ရုတ်တရက် သတိရသွားကာ "ဟုတ်သားပဲ မစ္စတာယန်ရော" မေမေရှောင်က မေးလေသည်။ ထို့နောက် သူမသည် အိမ်ထဲမှ အမျိုးသားတစ်ယောက် ချောင်းဆိုးသံကို ကြားလိုက်ရလေသည်။
သူမသည် ယန်စစ်မင်ဖြစ်သည်ဟု သိသွားပြီး ချက်ချင်း ဝင်သွားလိုက်လေသည်။
ယန်စစ်မင်သည် ပါးစပ်ကို လက်ဖြင့်ကာ၍ ချောင်းမရပ်မနား ဆိုးနေသည်ကို တွေ့ရလေသည်။ သူ၏လက်တွင် တံမြက်စည်း ကိုင်ထားသည်ကို တွေ့ရလေသည်။ ထို့နောက် သူမသည် ကြမ်းပြင်ပေါ်ရှိ ဖန်ကွဲစများကို မြင်သွားလေသည်။
မေမေရှောင်သည် စိုးရိမ်စွာ မေးလေသည်။ "အဆင်ပြေရဲ့လား မစ္စတာယန်။ လူလေးက ဧည့်သည်ပဲ။ ဘယ်လိုလုပ်အိမ်ရှင်းခိုင်းရက်ပါ့မလဲ။ သွားနားချေတော့"
ယန်စစ်မင်သည် မျက်နှာအနည်းငယ် ရဲသွားသည်အထိ ချောင်းဆိုးလေသည်။ "တောင်းပန်ပါတယ် အန်တီ၊ လင်းယွီ ဒဏ်ရာမရအောင် ကူရှင်းပေးချင်လို့ပါ။ ဒီလိုရိုးရှင်းတဲ့အလုပ်လေးက ဒီလောက်ခက်ခဲလိမ့်မယ်လို့ ထင်မထားမိဘူး"ဟု တောင်းပန်ကာ ပြောလေသည်။
မေမေရှောင်သည် ကြင်နာစွာ ပြုံး၍ "မစ္စတာယန်က အရမ်းညှာတာတတ်တာပါပဲ။ ဒါပေမယ့် အခုလိုတော့ မလုပ်သင့်ဘူး။ အပြင်ထွက်ပြီး သူတို့နဲ့ စကားသွားပြောလိုက်ပါ။ ဒါတွေကို အဒေါ်နဲ့ထားခဲ့လိုက်"
ယန်စစ်မင်သည် အနည်းငယ် ရှက်သွားကာ "အန်တီရယ် ကျွန်တော် အရင်ပြီးအောင် အမှိုက်လှည်းလိုက်ပါဦးမယ်"ဟု ပြောလေသည်။
မေမေရှောင်သည် ပြုံး၍ပြောလေသည်။ "လူလေးက အဲ့လိုလုပ်လိုက်ရင် အဒေါ့်ကို အလုပ်ပိုပေးသလိုပဲ ဖြစ်မှာ။ မပူပါနဲ့ အဒေါ်က အလုပ်လုပ်တာ မြန်ပါတယ်။ ပြီးတော့ လူလေးက ဧည့်သည်လေ ဘယ်လိုလုပ် လုပ်ခိုင်းရက်မှာလဲကွယ်"
မေမေရှောင်သည် ယန်စစ်မင်ကို ညင်သာစွာ တွန်းထုတ်လိုက်လေသည်။
မေမေရှောင်သည် ပြုံးကာ 'ဒီသခင်လေးယန်က လူကောင်းလေးပဲ'ဟု တွေးနေလေသည်။
ကုန်းထျန်းဟောက်သည် ဖေဖေရှောင်ကို နှုတ်ခွန်းဆက်ပြီးနောက်တွင် ယန်စစ်မင်သည် ကျေနပ်သည့် မျက်နှာထားဖြင့် အိမ်ထဲမှထွက်လာသည်ကို ကြုတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် မေမေရှောင်၏ မျက်နှာတွင် အသိအမှတ်ပြုသောပုံစံကို မြင်လိုက်ရလေသည်။ လက်ဖက်ရည်ခွက် ကိုင်ထားသော ကုန်းထျန်းဟောက်၏ လက်များသည် တင်းကျပ်လာလေသည်။
သူသည် ယန်စစ်မင်ကို လျှော့တွက်ခဲ့မိလေသည်။ ဤလူမှာ ဥာဏ်နီဥာဏ်နက် များပေသည်။
ယန်စစ်မင်သည် ဖေဖေရှောင်ကို နှုတ်ကေ်လိုက်လေသည်။ "ဦးလေး မတွေ့ရတာ ခဏပဲရှိသေးတယ် ဦးလေးကြည့်ရတာ အများကြီး ပိုလန်းဆန်းလာတယ်။ အရင်ကထက်လည်း နုပျိုလာတယ်။ အခုအခြေအနေဘယ်လိုရှိလဲ ဦးလေး"
ယန်စစ်မင်သည် အမှန်ကို ပြောနေခြင်း ဖြစ်ပေသည်။
ယန်စစ်မင်နှင့် နောက်ဆုံးအကြိမ် တွေ့ခဲ့ချိန်က ဖေဖေရှောင်သည် ဒဏ်ရာရထားသည်ဖြစ်သည်။
ဖေဖေရှောင်သည် ပြုံး၍ပြောလေသည်။
ဖေဖေရှောင်သည် ပြုံး၍ "ကျေးဇူးပါ မစ္စတာယန် ဦးလေးအချိန်မီကုသခွင့်ရခဲ့တယ်။"
ယန်စစ်မင်သည် ခေါင်းညိတ်၍ ပြန်ပြောလေသည်။ "ကောင်းတာပေါ့ ကျွန်တော်ဒီရက်ပိုင်း အလုပ်ရှုပ်နေတာနဲ့ ဦးလေးနဲ့ ဒေါ်လေးဆီကို မလာဖြစ်တာ"
"သဘောကောင်းလွန်းနေပါပြီ မစ္စတာယန်ရယ်။ ဦးလေးတို့မိသားစုက တူလေးရဲ့ ကြင်နာမှုတွေကို ဘယ်တော့မှ မမေ့ပါဘူး" ဖေဖေရှောင်သည် ပြုံး၍ပြောလေသည်။ "တူလေးကြောင့်သာမဟုတ်ရင် ဒီထက်ကြေကွဲစရာကောင်းတဲ့ကိစ္စတွေ ဒီမိသားစုမှာ ဖြစ်လာမှာ"
ယန်စစ်မင်သည် ပြုံး၍ ပြန်ပြောလေသည်။ "ဦးလေးကလည်း မြှောက်ပြောလွန်းနေပြန်ပါပြီ။ လင်းယွီနဲ့ ကျွန်တော်နဲ့က မိတ်ဆွေတွေလေ။ သူနဲ့သူ့မိသားစု အနိုင်ကျင့်ခံရတာကို ဘယ်လိုလုပ် ကြည့်နေနိုင်ပါ့မလဲ"
"မစ္စတာယန်က သဘောကောင်းတာပဲ။" မေမေရှောင်သည် လက်ဖက်ရည်ခွက်များ ယူလာပြီး ရေနွေးကြမ်းများ ငှဲ့ပေးလေသည်။ ထို့နောက် သူမသည် ဆက်ပြောလေသည်။ "မစ္စတာယန်က ရုပ်လည်းချောတယ်။ စိတ်ရင်းလည်းကောင်းတယ်။ ကြင်နာတတ်တယ်။ တစ်ကယ့်လူကောင်းလေးပဲ။"
ဖေဖေရှောင်နှင့် အမေတို့မှ ယန်စစ်မင်ကို ချီးကျူးသံများကြားရသောအခါ ကုန်းထျန်းဟောက်၏ မျက်လုံးသည် မဲမှောင်လာလေသည်။
သူသည် လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး "ဒါပေါ့ မစ္စတာယန်က သိပ်ကောင်းတဲ့လူပါ။ အမျိုးသမီးတွေကလည်း ဒါကို သိကြပါတယ်။ Zမြို့ရဲ့ ခေတ်ဆန်အသိုင်းအဝိုင်းမှာတော့ မစ္စတာယန်နဲ့ အိပ်ခွင့်ရတာ ဂုဏ်ယူစရာကိစ္စလို့ သတ်မှတ်ထားတယ်ဆိုပြီး ကြားဖူးတယ်။"
အို့! ဤသည်မှာ မမျှတသော အကွက်သုံးလိုက်ခြင်း ဖြစ်ပေသည်။
***