ဆွံ့အသွားသော ကုန်းထျန်းဟောက်
Vol. 14 Ch. 240
ဖေဖေရှောင်နှင့် ခေတ္တစကားပြောပြီး နောက်တွင်ကုန်းထျန်းဟောက်သည် ထွက်လာခဲ့လေသည်။
သူသည် ထောင်ယွမ်ရွာကို ရောက်ချိန်တွင် သူ့အဖိုးဆီမသွားဘဲ ရှောင်အိမ်သို့ တန်းသွားခဲ့သည်ဖြစ်ရာ သူ့အဖိုးသည် ဒေါသထွက်နေပေလိမ့်မည်။
သူသည်မြန်မြန်သွားကာ ရှင်းပြမှဖြစ်ပေမည်။ သို့မဟုတ်လျှင် သူ့အဖိုးနှင့် ရှောင်လင်းယွီကြားတွင် နားလည်မှုလွဲသွားပေလိမ့်မည်။
ဖေဖေရှောင်သည် ကုန်းထျန်းဟောက်နှင့် ပျော်ရွှင်စွာ စကားပြောခဲ့ကြပြီး နောက်ပြောလေသည်။ "ထျန်းဟောက်ရေ မင်းအဖိုးရယ် ရှောင်ဝမ်၊ ရှောင်ကျန်းနဲ့ အခြားလူတွေကိုရော ထမင်းစား ဖိတ်တယ်လို့ ပြောလိုက်ပါဦး"
ကုန်းထျန်းဟောက်သည် ခေါင်းညိတ်လိုက်ပြီး "ဟုတ်ကဲ့"ဟု ပြန်ဖြေလေသည်။ရ
သူ့အဖိုးသည် အန်တီ၏လက်ရာကို ကြိုက်သဖြင့် ထမင်းစားခေါ်သည်ကို သိလျှင်သိချင်း လိုက်လာမည်ဖြစ်သည်။
....
ကုန်းထျန်းဟောက်သည် ရှောင်မိသားစုထံ အရင်သွားသည်ကို သိလိုက်ရသောအခါ သခင်ကြီးကုန်းသည် ဧည့်ခန်းထဲတွင် ထိုင်ကာ တည်တံ့သော မျက်နှာထားဖြင့် နေလေသည်။
ဤသည်ကို မြင်သောအခါ ရှောင်ဝမ်နှင့် ရှောင်ကျန်းသည် အချင်းချင်း ကြည်လိုက်ကြပြီး သခင်ကြီး မပျော်မှန်းသိလေသည်။ ထို့အပြင် ဤကိစ္စမှာ အကြီးဆုံးသခင်လေး၏ အမှားဖြစ်လေသည်။
အတွင်းရေးမှူးလီထံမှ သခင်လေးသည် သခင်ကြီးကို အံ့အားသင့်ဖွယ် ပေးမည်ဟု သိရသော်လည်း တစ်ကယ်တမ်းတွင် သခင်လေးက ရှောင်မိသားစုကို အရင်ပေးချင်ပုံ ရလေသည်။
ရှောင်ဝမ်သည် နာရီကို ကြည့်လိုက်ချိန်တွင် ၁၀နာရီ ကျော်နေလေပြီ။
သခင်လေးသည် ထောင်ယွမ်ရွာကို ၈နာရီမတိုင်ခင်ကတည်းက ရောက်သည်ဖြစ်သောကြောင့် သူသည် ရှောင်အိမ်တွင် ၂နာရီကြာ နေသည်ဖြစ်လေသည်။ မည်သည့်အရာသည် သခင်လေးကို ထိုမျှကြာအောင် နေဖို့စိတ်ရှည်ရန် လုပ်ဆောင်ပါသနည်း။
ရှောင်ဝမ်သည် သခင်ကြီးထံသွားလိုက်ပြီး "ကျွန်တော်တို့ ရှောင်အိမ်ကို တစ်ချက် သွားကြည့်ရင် ကောင်းမလား သခင်ကြီး"ဟု သတိထားကာ မေးလေသည်။
သခင်ကြီးသည် ရှောင်မိသားစုဆီ သွားလည်ရခြင်းကို နှစ်သက်လေသည်။ သူဒေါသထွက်သည်ဆိုလျှင်တောင် ရှောင်မိသားစုထံမပုံချသင့်ပေ။ သခင်လေးကိုသာ စိတ်ဆိုးသင့်ပေသည်။
"ငါမသွားဘူး" သခင်ကြီးသည် အေးစက်သွာ ပြောလေသည်။
ရှောင်ဝမ်နှင့် ရှောင်ကျန်းသည် အချင်းချင်း ကြည့်လိုက်ကြလေသည်။
သခင်ကြီးသည် လွန်စွာဒေါသထွက်နေပေသည်။ သူတို့သည် ဒုက္ခမရောက်ချင်သည့်အတွက် နောက်ဆုတ်လိုက်ကာ ရပ်စောင့်နေရုံသာ ရှိတော့သည်။
ကံကောင်းစွာပင် ကုန်းထျန်းဟောက်သည် ခရီးဆောင်အိတ် သယ်ကာ ရောက်လာသည့်အတွက် သိပ်မစောင့်လိုက်ရချေ။
သူတို့သည် သခင်လေးကို တွေ့လိုက်သောအခါ မျက်လုံးများ ဝင်းလက်သွားလေသည်။
"သခင်လေး"ဟု နှစ်ယောက်စလုံးသည် လေးစားစွာ ခေါ်လိုက်လေသည်။
ကုန်းထျန်းဟောက်သည် ပုံမှန်သာ အသိအမှတ်ပြုလိုက်လေသည်။
"သခင်လေး သခင်ကြီးက....." ရှောင်ဝမ်သည် သတိပေးလေသည်။
ကုန်းထျန်းဟောက်သည် "ငါသိတယ် မင်းတို့ သွားလို့ရပြီ"ဟု ပြောလေသည်။
"ဟုတ်ကဲ့"
မြေးအဖိုးနှစ်ယောက် လွတ်လပ်စွာ စကားပြောနိုင်ရန် ရှောင်ဝမ်နှင့် ရှောင်ကျန်းသည် ထွက်သွားပေးကြသည်။
မသွားခင်တွင် သူတို့သည် ကုန်းထျန်းဟောက်၏ ခရီးဆောင်အိတ်နှင့် အပေါ်ဝတ်အင်္ကျီအား ယူသွားလေသည်။
အခြားဘယ်သူမှ မရှိတော့သည့် အချိန်တွင် ကုန်းထျန်းဟောက်သည် ခေါ်လိုက်လေသည်။ "ကျွန်တော်ရောက်ပြီ အဖိုး"
သခင်ကြီးသည် အေးစက်စွာ ငေါ့၍ပြောလေသည်။ "ငါကမင်းအဖိုးဆိုတာတော့ သိသေးတယ်ပေါ့။ ငါက မင်း ရှောင်လင်းယွီကိုပဲ သိတော့တယ်ထင်နေတာ"
ထိုစကားကို ကြားသောအခါ ကုန်းထျန်းဟောက်သည် ပြုံး၍ပြောလေသည်။ "ဒါဆိုအအဖိုးသိသွားပြီပေါ့"
"ငါကမင်းရဲ့အဖိုးလေ မင်းဘာလုပ်တယ်ဆိုတာ မသိဘဲနေမလား"ဟု သခင်ကြီးက ခပ်မာမာ ပြန်ပြောလေသည်။
"အဖိုး" ကုန်းထျန်းဟောက်သည် ချစ်ခင်ဖွယ်ခေါ်လိုက်လေသည်။
"တော်စမ်း။" သခင်ကြီးသည် လက်ကာပြ၍ ပြောလေသည်။ "အမှန်တိုင်းပြောစမ်း။ မင်း လင်းယွီကို စိတ်ဝင်စားနေတာလား"
ဤသို့မဟုတ်လျှင် ကုန်းထျန်းဟောက်သည် အဘယ့်ကြောင့် ရှောင်မိသားစုထံ အရင်သွားရသနည်း။
"ဟုတ်ပါတယ်" ကုန်းထျန်းဟောက်ကလည်း မငြင်းချေ။
"မျိုးမစစ်ကောင်" သခင်ကြီးသည် အော်လိုက်ဘေသည်။ "ကုန်းထျန်းဟောက် မင်းဘာလုပ်နေလဲဆိုတာ မင်သိလား"
"သိပါတယ်" ကုန်းထျန်းဟောက်၏ မျက်နှာသည်လည်း လေးနက်သော သွင်ပြင်ကို ဆောင်နေလေသည်။
"သိတယ်ဟုတ်လား။ ဒါဆိုရင် မင်းလုပ်နေတာတွေက ကုန်းမိသားစုကို မျက်နှာပျက်စေတာ မသိဘူးလား" ရှောင်လင်းယွီသည် ကိုယ်ဝန်ရှိနေသည်ဖြစ်ပြီး ထိုကလေးအဖေကိုလည်း မသိရချေ။ အကယ်၍ သူမသည် ကုန်းထျန်းဟောက်နှင့် လက်ထပ်လိုက်ပါက ဘယ်သူက ဤကလေးကို ပျိုးထောင်မည်နည်း။
သူ၏ ဟောက်အာသည် လူရယ်စရာဖြစ်ပေတော့မည်။
ကုန်းထျန်းဟောက်ကို ခွင့်မပြုနိုင်ပေ။
"အဖိုးမြေးရဲ့ပျော်ရွှင်မှုထက် ကုန်းမိသားစု မျက်နှာရဖို့က ပိုအရေးကြီးတာလား အဖိုး"ဟု ကုန်းထျန်းဟောက်က ပြန်မေးလေသည်။
သခင်ကြီး "..." 'ဒီမျိုးမစစ်ကတော့"
ခေတ္တတိတ်ဆိတ်သွားပြီးနောက်တွင် သခင်ကြီးသည် မေးလေသည်။ "ဟောက်အာ၊ မင်း လင်းယွီကို တစ်ကယ်အလေးအနက်ထားတာလား။"
"ဟုတ်ပါတယ်။" ကုန်းထျန်းဟောက်သည် သခင်ကြီးကို မလိမ်တော့ဘဲ အမှန်တိုင်းပြောခိုင်းလေသည်။ "ကျွန်တော်ဒီတစ်ခေါက် ထောင်ယွမ်ရွာကိုလာတာ ရှောင်လင်းယွီကို လိုက်ဖို့ပါ၊ အဖိုးအကူအညီလည်းလိုတယ်"
ဤစကားကို ကြားသောအခါ သခင်ကြီးသည် မယုံကြည်နိုင်ပေ။ သူသည်မျက်လုံးပြူး၍ မေးလိုက်လေသည်။ "မင်းအဖိုးကို အကူအညီတောင်းတယ် ဟုတ်လား။ မင်းရူးနေလား။ မင်းက ငါ့ကိုမိသားစု ဂုဏ်သိက္ခာကို ဖျက်ဆီးခိုင်းနေတာလား"
ကုန်းထျန်းဟောက်၊ "..."
ကုန်းထျန်းဟောက်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး မမျှော်လင့်စရာ ကြီးမားသည့် သတင်းတစ်ခု ပြောလိုက်လေသည်။
"အဖိုး ကျွန်တော်တစ်ကယ် အဖိုးအကူအညီလိုနေတာပါ။ ရှောင်လင်းယွီဗိုက်ထဲမှာ ရှိနေတဲ့ကလေးက ကျွန်တော့်ကလေးပါ။ ကျွန်တော့်ရဲ့ သွေးသားအရင်းပါ။ အဖိုးရဲ့မြစ်ပါ။ အဖိုးရဲ့ သွေးသားအရင်းအချာ မြစ်ပါ"
"ဘာ!" ထိုစကားကို ကြားလိုက်ချိန်တွင် သခင်ကြီးသည် အံ့အားသင့်သွားပြီး ထထိုင်လိုက်လေသည်။ သူသည် စိတ်လှုပ်ရှားသွားသော်လည်း စိတ်ထိန်းလိုက်ကာ "ဟောက်အာ မင်းအတည်ပြောနေတာလား။ လင်းယွီရဲ့ဗိုက်ထဲက တစ်ကယ်ပဲ မင်းကလေး၊ ငါ့ရဲ့မြစ်လား။ လိမ်နေတာမလား"
အိပ်မက်မဟုတ်ဘူးမလား။ မကြာခင်က သူသည် သူ့မြေး၏လက်ထပ်ပွဲနှင့် ပတ်သက်၍ စိတ်ပူနေခဲ့သော်လည်း ယခုအချိန်တွင် သူ့တွင် မြေးချွေးမသာမက မြစ်ပင် ရနေချေပြီ။ လီယွမ်ဟန် ပြောသော အံ့သြစရာပေလား။
"ကျွန်တော်မလိမ်ပါဘူး။ အကုန်အမှန်တွေချည်းပါပဲ။ ရှောင်လင်းယွီလွယ်ထားတာ ကျွန်တော့်ရဲ့ သွေးသားအရင်းပါ။ ကျွန်တော်လည်း ဒီအကြောင်းကို ကြားကြားချင်း မိခင်နဲ့ ကလေးကို ကြည့်ချင်တာကြောင့် အမြန်တန်းလာလိုက်လိုက်တာ"
ဤအကြိမ်တွင် သခင်ကြီးသည် သူ၏ခံစားချက်များကို မထိန်းချုပ်နိုင်တော့ပေ။ သူသည် ပျော်ရွှင်စွာ ရယ်မော၍ ပြောလေသည်။ "ဟဟဟ...ကောင်းတယ်။ ဒါအံ့ဖွယ်ပဲ။ ငါ့မြေးချွေးမနဲ့ မြစ်ကို တွေ့ရလောက်အောင် အသက်မရှည်ဘူး ထင်ထားတာ။ အခုတော့ ငါပျော်ပျော်ကြီး သေလို့ရပြီ"
"အဖိုးဘာတွေလျှောက်ပြောနေတာလဲ။ အဖိုးမသေရပါဘူး" ထိုစကားကို ကြားလိုက်သောအခါ ကုန်းထျန်းဟောက်သည် အလန့်တကြား ပြန်ပြောလိုက်လေသည်။ "အခု အဖိုးမှာ မြေးချွေးမရော မြစ်ရောရှိနေပြီလေ။ အဖိုးရဲ့မြစ် ကျန်းကျန်းမာမာ ကြီးပြင်လာတာကို ကြည့်ရဦးမယ်လေ"ဟု သတိပေးလေသည်။
သခင်ကြီးသည် ချက်ချင်းပင် ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ် မင်းမှန်တယ်။ ငါမပြောလိုက်သင့်ဘူး။ ငါမြေးချွေးမလေး ကုန်းမိသားစုထဲကို လက်ထပ်ပြီး ဝင်လာတာနဲ့ ငါ့မြစ်လေး ကြီးလာတာကို ကြည့်ရဦးမှာ"
"ဟုတ်တယ် အဖိုးမှန်တယ်" ကုန်းထျန်းဟောက်သည် ကျေနပ်သွားလေသည်။ "ချစ်ခင်ဖွယ်မိသားစုရဲ့ ပျော်ရွှင်မှုတွေကို အဖိုးခံစားရဖို့ အသက်ရှည်စေချင်တယ်"
"ဟောက်အာ မင်းမှန်တယ်။" သခင်ကြီးသည် ခေါင်းညိတ်လေသည်။ "ငါ့မှာအခု မြေးချွေးမနဲ့ မြစ်ရှိနေပြီ။ သူတို့ကို စောင့်ရှောက်ဖို့ အသက်ရှည်မှဖြစ်မှာ။ အဲ့လိုမှပဲ ငါမင်းရဲ့အဘွားနဲ့ မိဘတွေကို ဖြေရှင်းချက်ပေးလို့ရမှာပေါ့"
ကုန်းထျန်းဟောက်သည် ဤအကြိမ်မှ စိတ်အေးရတော့လေသည်။ သူ့အဖိုးသည် ယခုအခါတွင် သူ့အဘွားကို တွေ့ချင်သည်ဟု ရုတ်တရက်မပြောသောကြောင့် ဖြစ်လေသည်။
"အိုး..ဟုတ်သားပဲ၊ ဟောက်အာ အခုက ဘယ်လိုတွေဖြစ်တာလဲ" စိတ်ငြိမ်အောင် ထားလိုက်ပြီးချိန်တွင် သခင်ကြီးသည် အမှန်တရားများကို မေးလေသည်။
ကုန်းထျန်းဟောက်သည် သူ့အဖိုးကို ဖုံးကွယ်ခြင်း မပြုတော့ချေ။ လွန်ခဲ့သည့် နှစ်ဝက်လောက်က Zမြို့တွင် ဖြစ်ခဲ့သည့် မတော်တဆကိစ္စမှစ၍ ဖြစ်ကြောင်းကုန်စင် ပြောပြလေသည်။
ဤအကြောင်းများကို သိရသောအခါ သခင်ကြီးသည် တုတ်ကို မြှောက်လိုက်ကာ ကုန်းထျန်းဟောက်၏ ကျောကို ရိုက်လိုက်လေသည်။ "မျိုးမစစ်ကောင် မင်းဘယ်လိုလုပ် မိန်းကလေးတစ်ယောက်ကို အဲ့လိုအခွင့်ကောင်းယူပြီး သူ့ကို တမင်ဆွဲဆောင်တယ်ဆိုပြီး သံသယဝင်ရဲတယ်ပေါ့လေ"ဟု ဆူလိုက်လေသည်။
ကုန်းထျန်းဟောက်သည် သူ၏အမှားကို ဝန်ခံလိုက်ပြီး ပြတ်သားစွာ ပြောလေသည်။ "ကျွန်တော်မှားသွားပါတယ် အဖိုး"
သူ့အဖိုးပြောသည်မှာ မှန်လေသည်။ သူစုံစမ်းကြည့်ချိန်တွင် ရှောင်လင်းယွီသည် ဆေးခတ်ခံရပြီး ချောက်ချခံရမည်ကို သိခဲ့ရလေသည်။ သူမသည် သူ့အပေါ် မည်သည့်လှည့်ကွက်မှ မသုံးခဲ့ချေ။
သူ၏ညီအစ်ကိုကောင်းဖြစ်သူကို သူမနှင့် ချစ်ကြိုက်မိခြင်းမှ ကာကွယ်ပြီးသားဖြစ်သွားလေသည်။ ထို့အပြင် သူမကိုယ်ဝန် ရှိနေသည်ကိုလည်း သိခဲ့ရလေသည်။
သခင်ကြီးသည် သူ့ကို တုတ်ကောက်ဖြင့် နောက်တစ်ချက် ထပ်ရိုက်လိုက်ပြီး ဆက်ပြောလေသည်။
"အခုမှဝန်ခံတော့ရော ဘာလုပ်ရမှာလဲ။ လူတွေဘယ်လာက်တောင် ဒီမိန်းကလေးကို ကဲ့ရဲ့ခဲ့ကြလည်းသိလား။ တော်သေးလို့ပေါ့ ကျန်းယန်နဲ့ သူ့ဇနီးက လူကောင်းတွေဖြစ်ပြီးတော့ သူတို့ကလေးကို တစ်ကယ်ချစ်ကြလို့လေ။ မဟုတ်ရင် သူ့ကိုယ်သူ သတ်သေသွားပြီးနေပြီ"
ရှောင်လင်းယွီကို လူတွေနောက်ကွယ်တွင် ဘယ်လောက်တောင် ကဲ့ရဲ့နေကြမည်ကို ကုန်းထျန်းဟောက် တွေးကြည့်နိုင်လေသည်။
အကယ်၍ ရှောင်ကျန်းယန်နှင့် သူ့ဇနီးသာ သူတို့၏သမီးကို အကောင်းဆုံး မကာကွယ်ပေးပါက ကလေးရော သူမပါ အသက်မရှိလောက်တော့ပေ။
"ကျွန်တော်မှားသွားတယ်" ကုန်းထျန်းဟောက်သည် နောင်တရစွာ ပြောလေသည်။
သခင်ကြီးသည် ကုန်းထျန်းဟောက်ကို ရိုက်ပြီးသည့်အချိန်တွင် ပင်ပန်းသွားပြီး အမေဖောက်လေသည်။ ကုန်းထျန်းဟောက်သည် သခင်ကြီးကို ခုံပေါ်တွင်ထိုင်စေပြီး ရေတစ်ခွက်ခပ်ပေးကာ "ရေသောက်ပြီး နားလိုက်ပါဦး အဖိုး။ ကျွန်တော့် အမှားကြောင့် အပင်ပန်းမခံပါနဲ့။ ကိုယ့်ဘာသာ အပြစ်ပေးလိုက်ပါ့မယ်။ အဖိုး ဒီလိုအပင်ပန်းခံလို့မဖြစ်ဘူးလေ"
သခင်ကြီးသည် အမောပြေစေရန် ရေသောက်လိုက်လေသည်။
သူသည် လက်ကာပြကာ ပြုံး၍ပြောလိုက်လေသည်။ "မျိုးမစစ်လေး မင်းဘာတွေးနေလဲ ငါသိတယ်။ မင်း ရှောင်လင်းယွီဆီက သနားခံချင်တာနဲ့ ငါ့ကိုရိုက်စေချင်နေတာမလား"
"အဖိုးက ကျွန်တော့်အကြောင်း သိတာပဲ"ဟု ကုန်းထျန်းဟောက်သည် ပြံုး၍ပြောလေသည်။
"ထားပါတော့ ငါလည်းပင်ပန်းနေပြီ။ မင်းကို ထပ်မရိုက်နိုင်တော့ဘူး။ ဒါဆိုမင်းဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ။ မင်းမှာရှင်းစရာကိစ္စတွေ ရှိနေတယ်နော်"ဟု သခင်ကြီးက မေးလေသည်။
"ပထမဆုံးက ကျန်းထောင်နဲ့ မင်းကြားက ကိစ္စပဲ။ လင်းယွီကို အရင်ကြိုက်တာ သူလေ။ ဒါပေမယ့် မင်းက သူနဲ့အရင်အိပ်လိုက်ပြီး ကလေးတောင်ရနေပြီလေ။ သူသေနတ်ကိုင်ပြီး မင်းကို လာရှာမှာ မကြောက်ဘူးလား"
"ပြီးတော့ ဒုတိယက လင်းယွီက မင်းကို ငြင်းဆန်နေတာမလား။ သူ့ကို ဘယ်လိုလိုက်မှာလဲ"
"တတိယမေးခွန်းကတော့ အခက်ခဲဆုံး ဖြစ်လိမ့်မယ်။ ကျန်းယန်နဲ့ သူ့မိန်းမသာ အဲ့ကိစ္စကို သိရင် မင်းကိုသတ်ချင်လိမ့်မယ်။ အဲ့ဒါကိုရော ဘယ်လိုဖြေရှင်းမလဲ။"
ဤအချက် ပြောချိန်တွင် သခင်ကြီးသည် သက်ပြင်းချလိုက်လေသည်။ ထို့နောက် သူသည်ပြုံးလိုက်လေသည်။ "အဲ့တော့ မင်းအနေနဲ့ တော်တော်လေးကြိုးစားရမယ် ကောင်လေး။ အဖိုးမင်းကို အများကြီးမျှော်လင့်ထားတယ်နော်။ မင်းဒီအခက်အခဲတွေကို ရင်ဆိုင်နိုင်မှာပါ"
ကုန်းထျန်းဟောက်၊ '...'
'အဖိုးဘာလို့ အဲ့လောက်ပျော်နေတာလဲ။ ကျွန်တော်သာ မဖြေရှင်းနိုင်ဘူးဆိုရင် အဖိုးလည်း မြေးချွေးမနဲ့ မြစ်ရတော့မှာ မဟုတ်ဘူးလေ'
"အဖိုး ဒီတိုင်းထိုင်ပြီး ကျွန်တော့်ကို မကူညီဘဲ ပွဲကြည့်နေလို့ မရဘူးနော်။ အဖိုးသာ ကျွန်တော့်ကို မကူညီဘူးဆိုရင် အဖိုးရဲ့မြေးချွေးမက ကုန်းမိသားစုထဲကို ဘယ်အချိန်မှ ရောက်လာမလဲဆိုတာ ဘယ်သူမှမပြောနိုင်ဘူး။ ပြီးတော့ အဖိုးလည်း အဖိုးမြစ်ကို ဘယ်အချိန်မှာ ချီရမလဲမသိနိုင်ဘူးနော်"ဟု သတိပေးလေသည်။
သခင်ကြီး, "..." 'ဒီမျိုးမစစ်ကတော့'
သခင်ကြီးသည် လက်ကာပြ၍ ချက်ချင်းပြောလေသည်။ "ငါကအဆင်ပြေပါတယ်။ ငါအခုဒီမှာ နေ,နေတာလေ။ ငါသာ ငါ့မြေးချွေးမနဲ့ မြစ်ကို တွေ့ချင်ရင် ရှောင်မိသားစုဆီ သွားလိုက်ရုံပဲလေ။"
"ငါ့မြေးချွေးမလေး ကုန်းမိသားစုထဲကို ဘယ်အချိန်ဝင်ဝင် ငါစောင့်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ဆုံးဖြတ်ချက်ကို ငါလေးစားမှာပါ။"
"ဒါပေမယ့် မင်းကတော့ မတူဘူး။ မင်းကဘယ်သူလဲ။ မင်းက လုပ်ငန်းကြီးကို ဦးစီးနေပြီး တစ်ကမ္ဘာလုံးကို သွားနေရတဲ့ သခင်လေးကုန်းလေ။ မင်းမှာ သူနဲ့လာတွေ့ချိန်ရှိလို့လား။ ငါပြောတာ မမှန်ဘူးလား"
ကုန်းထျန်းဟောက်၊ "..."
အစောတုန်းက သူသည် ယန်စစ်မင်ကို ဆွံ့အအောင် လုပ်ခဲ့သမျှ သူပြန်ခံနေပြီဖြစ်သည်။
သူသည်သက်ပြင်းချလိုက်လေသည်။ သူ့အဖိုးထံမှ ယခုလို ကြားရမည်ကို မျှော်လင့်ခဲ့ပြီးသားဖြစ်သော်လည်း အခုအချိန်တွင် သူ့ကို မည်သို့လုပ်ရမယ်မှန်းမသိအောင် ပြောနေရသည်ကို နှစ်သက်ပုံရနေလေသည်။ သူဘာလုပ်ရမည်နည်း။
သူ့ကို ဘယ်သူမှအဖြေမပေးချေ။
"ကောင်းပြီ အခု၁၁နာရီထိုးပြီဆိုတော့ ကျန်းယန်အိမ်ကို ငါ့မြေးချွေးမနဲ့ မြစ်ကိုတွေ့ဖို့ သွားလည်လိုက်ဦးမယ်။ အဲ့အချိန်အတွင်း မင်းဘယ်လိုလုပ်မယ်ဆိုတာကို စဉ်းစားထားပေါ့" သခင်ကြီးသည် မတ်တပ်ရပ်လိုက်ပြီး ပြောလေသည်။
"အဖိုး ဒီကိစ္စကို သွားပြောလိုက်ပြီ ကျွန်တော့် အနာဂတ်ဇနီးကို ကြောက်ပြီး ပြေးသွားအောင် မလုပ်နဲ့နော်"ဟု ထိတ်လန့်စွာ ပြောလေသည်။
သခင်ကြီးသည် နှာတစ်ချက် မှုတ်လိုက်ပြီး အေးစက်စွာ ပြောလေသည်။ "မင်းငါ့ကိုဘယ်သူလို့ ထင်လို့လဲ။ ငါလုပ်နေတာ ငါသိပါတယ်"
ကုန်းထျန်းဟောက်၊ "..."
***