← Chapters

မိတ်​ဆွေ​ဟောင်း၏ မြေး

Vol. 14 Ch. 241

မိတ်​ဆွေ​ဟောင်း၏ မြေး

Vol. 14 Ch. 241

သခင်ကြီးသည် ရှောင်ဝမ်နှင့် ရှောင်ကျန်းတို့ကို ခေါ်လာကာ ရှောင်အိမ်သို့ ပျော်ရွှင်စွာ သွားလေသည်။ သူသည်တစ်ခါမှ ထိုမျှ ပျော်ရွှင်စိတ်လှုပ်ရှားခြင်း မရှိခဲ့​ပေ။ သူသည် သူ၏​မြေးချွေးမဆီသို့ သွားလည်ရမည်ဖြစ်သဖြင့် ထိုသို့​ ဖြစ်​နေခြင်း ဖြစ်​ပေသည်။

သူမသည် သူ၏​မြေး​ချွေးမ မဖြစ်​သေး​သော်လည်း အချိန်​ပေါ်တွင် မူတည်မည်ဟုသာ သူယုံကြည်လေသည်။ သူ၏​မြေးအ​ပေါ်တွင် သူသည်ယုံကြည်​လေသည်။

"ကျန်းယန်၊ ချိုးယင်းရေ ငါလာတယ်" ခြံထဲသို့မ​ရောက်ခင်ပင် သူသည် စ​အော်​နေပြီဖြစ်သည်။

ရှောင်ကျန်းယန်သည် သခင်ကြီး​၏ အသံကို ကြားလိုက်သည်နှင့် ပြေးထွက်လာ​လေသည်။ သူသည် အပြုံးဖြင့် လေးစားစွာ ပြော​​လေသည်။

"သခင်ကြီး ရောက်လာပြီကို"

"ဟုတ်ပါ့ ဒီလူအိုကြီးက မင်းတို့ဆီက အလကားစားဖို့ ရောက်လာပြီ​လေ"ဟု ပြုံးကာ ပြောလေသည်။

ကျန်းယန်သည် ပြုံးကာ ပြန်​ပြော​လေသည်။ "သခင်ကြီးက အရမ်းယဉ်​ကျေး​နေပါပြီ။ ကျွန်တော်တို့က သခင်ကြီး​နေ့တိုင်း အလည်လာနေတာကိုပဲ ဝမ်းသာ​နေတာပါ။" ထို့​နောက်သူသည် ခေတ္တစကားရပ်လိုက်ပြီး တောင်းပန်သည့်​လေသံဖြင့်​ ပြော​လေသည်။ "ဒါ​ပေမယ့် ကျွန်​တော်တို့ အခုတလော အလုပ်များ​နေ​တော့ ထမင်းစားဖိတ်ဖို့ အခွင့်မသာဘူးဖြစ်​နေတာ။"

သခင်ကြီးသည် လက်ခါပြ၍ ပြောလိုက်​လေသည်။ "ဘယ်လိုလုပ် မင်းတို့ရဲ့အမှားဖြစ်မှာလဲ။ မင်းတို့အလုပ်ဖြစ်​နေတာကိုပဲ ငါကဝမ်းသာ​နေတာ"

"ထျန်းဟောက်​ရော ပါမလာဘူးလား သခင်ကြီး" ရှောင်ကျန်းယန်သည် မေး​လေသည်။

"သူဘဝအ​​​ကြောင်း တွေး​နေတယ်။"ဟု သခင်ကြီးက ပြန်​ဖြေ​လေသည်။

"ဟမ်?" ရှောင်ကျန်းယန်သည် တွေးရခက်သွား​လေသည်။

သခင်ကြီးသည် ရှင်းမပြ​ချေ။ သူသည် လက်ကာပြလိုက်ပြီး ဆက်​ပြော​လေသည်။ "သူ့ကိုဂရုစိုက်စရာမလိုပါဘူး။ ခဏ​နေရင် သူလိုက်လာပါလိမ့်မယ်"

"အော်.. ကောင်းပါပြီ" ရှောင်ကျန်းယန်သည် နားမလည်နိုင်​ဖြစ်​နေ​သေး​သော်လည်း ဆက်မမေးတော့​ချေ။

သခင်ကြီး ခြံဝန်းထဲသို့ ဝင်လိုက်သည်နှင့် ရှောင်လင်းယွီအတွက် အထူးပြင်ထား​သော နောက်မှီထိုင်ခုံကို မြင်လိုက်ရ​လေသည်။ သခင်ကြီး၏ မျက်လုံးများသည် လင်းလက်သွား​လေသည်။ သူသည် ရှောင်လင်းယွီကို လိုက်ရှာ​သေး​သော်လည်း မ​တွေ့သဖြင့် အနည်းငယ် စိတ်ပျက်သွား​ပြီး မေးလေသည်။ "လင်းယွီက ဘယ်မှာလဲ ကျန်းယန်"

သူ့​မြေးဆီမှ အ​ကြောင်းစုံကို သိလိုက်ရ​​သောအခါ သူ့အ​ပေါ် ထူးဆန်း​နေသည့် ရှောင်လင်းယွီ၏ ပုံစံများကို သူနားလည်သွား​လေသည်။

သူသည် ထိုမိန်းက​လေးကို သ​ဘောကျနှင့်ပြီးသား ဖြစ်၍သာ​တော်​တော့သည်။ ရှောင်လင်းယွီသည် ယခုအချိန်တွင် သူနှင့် ခပ်ခွာခွာ​နေ​သော်လည်း ထိုကိစ္စအတွက် သူမကို အပြစ်တင်၍ မရချေ။ သူမသည် ကုန်းမိသားစု တစ်ခုလုံးကို သူ့​မြေး​ကြောင့် ရှောင်ဖယ်နေခြင်းဖြစ်လေသည်။ သူ့ကိုတစ်ကယ်ပင် အပြစ်​ပေးရမည်ဖြစ်သည်။

ဖေဖေရှောင်သည် သခင်ကြီး၏ မေးခွန်းကို မည်သည့် သံသယမှမဝင်​ချေ။ "ယွီအာက နည်းနည်းပင်ပန်း​နေလို့ သူ့အခန်းထဲဝင်ပြီး နား​နေတယ်။ သွားနှိုးလိုက်ရမလား သခင်ကြီး"

"မနှိုးပါနဲ့" သခင်ကြီးသည် လက်ခါပြလိုက်ရင်း ချက်ချင်း​ပြော​လေသည်။ "ကိုယ်ဝန်သည်တွေက များများအိပ်သင့်တယ်။ သူ့ကို မ​နှောင့်ယှက်ပါနဲ့"

ရှောင်ကျန်းယန်သည် သခင်ကြီးကို အိမ်ထဲသို့ ကူတွဲ​ပေးလိုက်​လေသည်။ သခင်ကြီးသည် ထမင်းစားခန်းထဲတွင် လှပ​သောလူငယ်တစ်​ယောက် ထိုင်​နေသည်ကို ချက်ချင်း သတိထားလိုက်မိလေသည်။ "နောက်ထပ်ဧည့်သည်တစ်​ယောက် ရှိ​နေတာပဲ ကျန်းယန်"ဟု ပြုံး၍​ပြောလေသည်။

"သခင်ကြီး ဒါက ယန်စစ်မင်ပါ။ Zမြို့က ယွီအာရဲ့ မိတ်​ဆွေ​ပေါ့"ဟု မိတ်ဆက်​​​ပေး​လေသည်။

ယန်စစ်မင်သည် ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး သခင်ကြီးကို နှုတ်ဆက်လိုက်​လေသည်။ "တွေ့ရတာဝမ်းသာပါတယ် သခင်ကြီး။ ကျွန်​တော်က ယန်စစ်မင်ပါ"

သူနှင့် ကုန်းထျန်းဟောက်ကြားတွင် မည်မျှပင် စကားများခဲ့​စေကာမူ သူသည်သခင်ကြီးကို လေးလေးစားစား ဆက်ဆံရမည်ဖြစ်သည်။

သခင်ကြီးသည် ခေါင်းညိတ်၍ ပြောလိုက်လေသည်။ "တွေ့ရတာဝမ်းသာပါတယ် လူ​ငယ်လေး"

သူသည် ပြုံး​နေ​သော်လည်း သခင်ကြီးတွင် လူရှိန်​လောက်စရာ အရှိန်အဝါရှိ​လေသည်။ ထိုအရှိန်အဝါကို သာမန်လူတစ်​ယောက် မခံနိုင်​ချေ။ ယန်စစ်မင်သည် သူ့ကို​တွေ့ချိန်တွင် မထိတ်လန့်သွားဖြင့် သခင်ကြီးသည် အထင်ကြီးမိ​လေသည်။

တစ်ကယ်တမ်း​တွင် ယန်စစ်မင်သည် စိတ်ထဲတွင် တုန်လှုပ်​နေ​ပေသည်။ သူသည် ကုန်းထျန်းဟောက်နှင့် အကြိမ်အနည်းငယ်သာ ဆုံဖူး​သော်လည်း သူသည် ကုန်းထျန်းဟောက်၏ မိသားစု​နောက်​ကြောင်းကို အကုန်သိ​လေသည်။

ကုန်းထျန်းဟောက်သည် မြို့​တော်၏ နံပါတ်၁ မိသားစုမှ ဆင်းသက်လာသည်ဖြစ်သည်။ ကုန်းကျန့်နှင့် ကုန်းထျန်းဟောက်သည် အဓိကမိသားစုမှ ကျန်ရှိ​နေသည့်သူများဖြစ်​လေသည်။ သူတို့ကို လျှော့တွက်၍မရ​ပေ။

ကုန်းကျန့်သည် တိုင်းပြည်ကိုတည်​ထောင်သူ ဗိုလ်ချုပ်၁၀​ယောက်တည်းမှ တစ်ယောက်ဖြစ်လေသည်။ ယခုအချိန်တွင် ၃ယောက် အသက်ရှင်ကျန်ခဲ့ပြီး သခင်ကြီးကုန်းသည် ထိုထဲမှတစ်​ယောက် ဖြစ်​လေသည်။

သူသည် အနားယူလိုက်ပြီဖြစ်​သော်လည်း တိုင်းပြည်သည် သူ့ကို​လေးစားဆဲဖြစ်​လေသည်။ သူ၏ ယခင်လက်​အောက်ငယ်သားများသည် ယခုအခါတွင် အ​ရေးပါသည့် ရာထူးများတွင် ရောက်နေကြပြီဖြစ်သည်။ အကယ်၍ စစ်တပ်တွင် အ​ရေးကြီးကိစ္စ​ပေါ်လာပါက သခင်ကြီးကုန်း၏ အမြင်ကို မေးကြရသည်ဖြစ်သည်။ ကုန်းကျန့်တစ်​ယောက်တည်းအားဖြင့် မိသားစုကို ဆယ်စုနှစ်များစွာကြာ​အောင် ပံ့ပိုး​ပေးခဲ့သည်ဖြစ်သည်။

ကုန်းကျန့်၏ မြေးဖြစ်သူ ကုန်းထျန်းဟောက်သည် စစ်တပ်ထဲသို့ မဝင်ခဲ့​သော်လည်း စီးပွားရေးလောကသို့ ဝင်​ရောက်ကာ ကိုယ့်ထူးကိုယ်ချွန်ကာ နာမည်ရလာခဲ့ပြီး တစ်နိုင်ငံလုံးတွင် အချမ်းသာဆုံးလူဖြစ်လာခဲ့​လေသည်။

တစ်ခါတစ်ရံ အစိုးရသည် တစ်ခုခုလိုအပ်ပါက ကုန်းထျန်းဟောက်ထံ အကူအညီတောင်းရသည်ဖြစ်​လေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ကုန်းထျန်းဟောက်သည် စီးပွားရေးလောကမှ တိုင်းပြည်ကို ထောက်ပံ့ပေးနေသည်ဖြစ်သည်။

ထို့​ကြောင့် ကုန်းမိသားစုဝင်များမှာ နည်းသည်ဆို​သော်လည်း သူတို့၏အာဏာမှာ ကြီးလှပေသည်။ သို့မှမဟုတ်လျှင် မည်သို့ဖြင့် မြို့​တော်၏ နံပါတ်၁​နေရာကို ထိန်းထားနိုင်မည်နည်း။

သခင်ကြီးကုန်းအ​ကြောင်းကို သိ​နေရခြင်းသည် ယန်စစ်မင်၏ အဖိုးသည် တစ်ချိန်က သခင်ကြီးကုန်းလက်​အောက်တွင် အမှုထမ်းခဲ့ခြင်း​ကြောင့် ဖြစ်​လေသည်။

ကုန်းကျန့်သည် ယန်စစ်မင် လေးစားအားကျရ​သော သူရဲ​ကောင်းတစ်​ယောက်လည်း ဖြစ်ပေသည်။ ထို့​ကြောင့် ယန်စစ်မင်သည် ပုဂ္ဂိုလ်ရေးအရ လေးစားကြည်ညို​ပေသည်။ သူ့လက်များကိုပင် ဘယ်မှာထားရမှန်း မသိ​တော့​ချေ။

သခင်ကြီးကုန်းသည် သူ့ကို မထိုင်ခိုင်း​သေးသဖြင့် သူသည် မတ်တပ်ရပ်ရုံသာရှိ​လေသည်။

သခင်ကြီးထိုင်လိုက်ပြီးချိန်တွင် ဤလူငယ်​လေး ပျာယာခတ်​နေသည်ကို သူသတိထားမိ​ပြီး သဘောကျသွား​လေသည်။

အ​စော​လေးကပင် သူသည် ထိုလူငယ်လေးအား သူ၏တည်ငြိမ်မှုအတွက် ချီးကျူးခဲ့​သော်လည်း ယခုအချိန်တွင် သူသည် ဘာလုပ်ရမယ်မှန်းမသိ​သော ၅နှစ်​သား ကလေးနှင့် တူ​လေသည်။

သခင်ကြီးသည် မျက်လုံးများ မှေးလိုက်ပြီး "ထိုင်ပါဦး လူကလေး"ဟု ပြော​လေသည်။

"ကျေးဇူးတင်ပါတယ် သခင်ကြီး"ဟု ယန်စစ်မင်သည် စိတ်လှုပ်ရှားစွာ​ပြော​လေသည်။

ရှောင်ကျန်းယန်သည် နားမလည်​ပေ။ 'စစ်မင်က ဘာလို့ သခင်ကြီးနားမှာ ကြောက်တဲ့ပုံဖြစ်နေရတာလဲ'

ယန်စစ်မင်သည် ထိုင်လိုက်ပြီး ချက်ချင်း ပြန်ထလိုက်​လေသည်။

သူသည် ရေ​နွေးကြမ်းအိုးကို မလိုက်ပြီး သခင်ကြီးအတွက် ရေ​နွေးကြမ်းတစ်ပန်းကန် ငှဲ့လိုက်လေသည်။ "ကျေးဇူးပြုပြီး ရေ​နွေးကြမ်းသုံး​ဆောင်ပါဦး သခင်ကြီး"

သခင်ကြီးသည် မျက်လုံး​မှေးကာ ရေ​နွေးကြမ်းတစ်ငုံ​သောက်လိုက်ပြီး စားပွဲ​ပေါ်ပြန်တင်လိုက်လေသည်။ ထို့​နောက် "မင်းငါ့ကိုသိလား"ဟု မေးလိုက်​လေသည်။

ယန်စစ်မင်၏ ပုံစံမှာ ထူးဆန်း​နေ​လေသည်။ သူ့အနေဖြင့် အသက်ကြီးသူကို လေးစားသည်ဆိုလျှင်တောင် ထိုမျှပြာယာခတ်​နေစရာအ​ကြောင်း မရှိ​​ချေ။

ယန်စစ်မင်၏ မျက်နှာသည် အနီ​ရောင်​ပြောင်းသွား​လေသည်။ သူသည် စိတ်လှုပ်ရှားသွားပြီး အနည်းငယ်ရှက်သွား​သော​ကြောင့် ဖြစ်​လေသည်။ သူ့ပုံစံမှာ သိသာလွန်းလှ​ပေသည်။

သူရှင်းပြခါနီးတွင် ရှောင်ကျန်းယန်သည် ကြားဖြတ်​မေးလိုက်​လေသည်။ "စစ်မင် ဘာလို့ ရှက်သွေးဖြာ​နေတာလဲ"

ယန်စစ်မင်၏ အသားအရည်မှာ ဖြူ​​သော​ကြောင့် အနည်းငယ် ရှက်​သွေးဖြာရုံဖြင့်ပင် ပါးနီဆိုးထားသကဲ့သို့ ဖြစ်​လေသည်။ သူသာအမျိုးသမီးဖြစ်မည်ဆိုပါက လွန်စွာ​ချော​မော လှပသည်ဟု ဆိုနိုင်​​ပေမည်။

သို့​သော် သူသည် ယောကျ်ား​လေးဖြစ်​လေသည်။

သူ၏မျက်နှာသည် ပို၍ပင်နီလာ​လေသည်။

ရှောင်ကျန်းယန်သည် ဝေခွဲမရဖြစ်​နေ​သော်လည်း သခင်ကြီးသည် သ​ဘောကျ​နေ​လေသည်။

ယန်စစ်မင်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သခင်ကြီးကို ရှင်းပြလေသည်။ "ကျွန်​တော့်အဖိုးက အရင်က သခင်ကြီးဆီမှာ စစ်သားအဖြစ် အမှုထမ်းခဲ့ဖူးပါတယ်။ ကျွန်​တော်က အဖိုး​ပြောပြတဲ့ သခင်ကြီးရဲ့ပုံပြင်​တွေနဲ့ ကြီးလာရတဲ့သူပါ "

"အိုး!" ရှောင်ကျန်းယန်သည် ထိုစကားကို ကြားလိုက်​သောအခါ သိလိုစိတ် ဖြစ်သွား​လေသည်။ သူသည် သခင်ကြီး၏အတိတ်အ​ကြောင်း မသိ​ခဲ့​ချေ။ "သခင်ကြီးက စစ်တပ်ထဲဝင်ဖူးတာလား။ အရင်က ဘာလို့ဒီအ​ကြောင်းမ​ပြောပြခဲ့တာလဲ"ဟု မေး​လေသည်။

ရှောင်မိသားစုနှင့် သခင်ကြီးကုန်းသည် မိတ်​​ဆွေများဖြစ်လာခဲ့ကြပြီး သူတို့သည် အကြောင်းအရာများစွာကို ပြောခဲ့ကြ​သော်လည်း သခင်ကြီးသည် သူ၏အတိတ်က စစ်တပ်ကိစ္စများကို မ​ပြောပြခဲ့​ပေ။

သခင်ကြီးသည် ပြုံးလိုက်ပြီး "ငါက သာမန်အရာရှိ​လေးပါပဲ။ ပြောစရာလိုမယ်မထင်လို့ပါ"ဟု ပြော​လေသည်။

ထို့​နောက်သူသည် ယန်စစ်မင်ကို စူးရှစွာ ကြည့်လိုက်​လေသည်။ သူ၏မျက်လုံးများတွင် သတိပေးသည့် အရိပ်အ​ယောင်များ ပါ​နေ​ပေသည်။

ယန်စစ်မင်သည် ချက်ချင်း သ​ဘော​ပေါက်သွားပြီး ခေါင်းညိတ်ပြလိုက်​လေသည်။

သခင်ကြီးသည် သူမည်သူဖြစ်​ကြောင်းကို ရှောင်မိသားစုအား မသိ​စေလို​ပေ။ အကယ်၍ ရှောင်ကျန်းယန်ကသာ တည်​ထောင်သူဗိုလ်ချုပ်တစ်​ယောက်နှင့် မိတ်​ဆွေဖြစ်​နေသည်ကို သိပါက ယခုလို ပေါ့​ပေါ့ပါးပါး ဖြစ်နေမည် မဟုတ်​ချေ။

သခင်ကြီးသည် စကားလမ်း​ကြောင်း လွှဲလိုက်​လေသည်။ "ရှောင်ယန်၊ မင်းအဖိုးနာမည်က ဘယ်သူလဲ"

"ယန်ကျန့်!" ယန်စစ်မင်သည် စိတ်လှုပ်ရှားမှုများကို မြိုသိပ်၍ တည်ငြိမ်စွာ ပြော​လေသည်။ "ကျွန်တော့်အဖိုးနာမည်က ယန်ကျန့်ပါ။ သူ့ကိုမှတ်မိ​သေးလား"

"အိုး.. မင်းက ယန်ကျန့်ရဲ့ မြေးလား။ ဒါ​ပေါ့။ ငါမှတ်မိတာ​ပေါ့" ဤနာမည်ကို ကြားလိုက်ချိန်တွင် သခင်ကြီးသည် အတိတ်ကို ပြန်သတိရ​နေသည့်ပုံ​ပေါ်​လေသည်။ "သူက ကြံ့ခိုင်သန်စွမ်းဖျတ်လတ်တဲ့ လူငယ်တစ်​ယောက်ဖြစ်ခဲ့တာ"

သူသည် ယန်စစ်မင်ကို တစ်ချက် သေချာ ပြန်ကြည့်လိုက်ပြီး ပြုံးကာ ပြော​လေသည်။ "မင်းကိုမြင်ဖူးပါတယ်လို့ထင်​နေတာ မင်းက သူနဲ့ရုပ်ဆင်တာပဲ။ ဒါဆို မင်းက ယန်ကျန့်ရဲ့ မြေး​ပေါ့"

ယန်စစ်မင်သည် ရှက်ပြုံး ပြုံး၍ ပြောလေသည်။ "ဟုတ်ပါတယ်။ ကျွန်​တော်က အဖိုးနဲ့တူတယ်" ထို့​ကြောင့်ပင် သူသည် အစခံရခြင်းဖြစ်သည်။ သူ၏အဖိုးသည်လည်း ထိုကိစ္စ​ကြောင့်ပင် နှောင့်ယှက်ခံရသည်ဖြစ်​လေသည်။ သူ့ကို စ​နောက်ကြ​သော သူအများစုမှာ ယောကျ်ား​လေးများ ဖြစ်နေပေသည်။ ထိုအချိန်တွင် ယန်မိသားစုမှာ သာမန်မျှသာဖြစ်ပြီး ရန်စသူများမှာ အာဏာရှိလူများဖြစ်နေ​ပေသည်။

ထို့​ကြောင့် သူအဖိုးသည် ရွေးစရာမရှိဘဲ စစ်တပ်ထဲသို့ ဝင်ခဲ့ရခြင်းဖြစ်​လေသည်။

သို့​သော် စစ်တပ်ထဲတွင် ယောကျ်ားများသာ ရှိကြပြီး ယန်ကျန့်သည် မိန်းက​လေးများထက်ပင် ပိုလှသဖြင့် နှောင့်ယှက်ခံရ​လေသည်။ ထို့​ကြောင့် သူသည် စစ်တပ်ထဲတွင် ဒုက္ခ​တွေ့ရ​လေသည်။

တစ်ကြိမ်တွင် သူသည် ကုန်းကျန့် ဖြတ်သွားချိန်တွင် အနိုင်ကျင့်ခံရ​လေသည်။ ထိုအချိန်တွင် သူသည် ဗိုလ်ချုပ်မဖြစ်​သေး​သော်​လည်း စစ်တပ်ထဲတွင် နေရာနှင့် အာဏာရှိသူဖြစ်​လေသည်။

သူသည် စစ်တပ်စည်းမျဉ်းဖောက်သူများကို ဆူလိုက်ပြီး ယန်ကျန့်သည် သူ၏အနီးကပ် သက်တော်​စောင့် ဖြစ်​လာ​လေသည်။

ကုန်းကျန့်အနားယူသွားပြီး​ နောက်ပိုင်းတွင် သူသည် စစ်တပ်မှ ထွက်ပြီး သူ့မိသားစုဆီ ပြန်ခဲ့လေသည်။

ယန်စစ်မင်သည် ယန်ကျန့်၏ မြေးမှန်း သခင်ကြီးသည် သိသွား​သောအခါ သူ၏ဆက်ဆံပုံမှာ ပို၍​ပျော့​​ပျောင်းလာ​လေသည်။ "မင်းအဖိုး​ရော နေ​ကောင်းရဲ့လား"ဟု မေးလိုက်လေသည်။

ယန်စစ်မင်သည် ခေါင်းညိတ်၍​ ဖြေလိုက်​လေသည်။ "အဖိုးက​နေ​ကောင်းပါတယ် သခင်ကြီး" ယန်ကျန့်သည် ကုန်းကျန့်၏ အနီးကပ် သက်​​​တော်​စောင့်ဖြစ်သဖြင့် သူသည် လုံခြုံ​လေသည်။ သူတို့သည် တိုက်ပွဲတွင်​ ရောက်​​နေ​သော်လည်း သူသည် တစ်ခါမှ ဒဏ်ရာကြီးကြီးမားမား မရခဲ့​ပေ။ ထို့အပြင် သူ့တွင် သူ့ကို​ဒေါသထွက်​အောင်လုပ်မည့် ဒုတိယမျိုးဆက် မရှိသဖြင့် သခင်ကြီးထက် ကျန်းမာရေးပို​ကောင်း​လေသည်။

"ကောင်းတယ်။ သူ့​မြေး​တောင် ဒီအရွယ်ရောက်​နေပြီပဲ။ ကောင်းတယ်" သခင်ကြီးသည် ခေါင်းညိတ်ကာ ပြော​လေလေသည်။

"အဖိုးက သခင်ကြီး ကျန်းမာ​နေတာကို မြင်ရင်လည်း အရမ်းဝမ်းသာမှာပါ"ဟု ယန်စစ်မင်က ပြောလေသည်။ သူသည် သခင်ကြီး၏ မိသားစုကိစ္စနှင့် ပတ်သက်၍ တစ်ခွန်းမှ မဟ​ချေ။သခင်ကြီးတွင် သားနှင့်​ချွေးမသည် မ​တော်တဆမှုတစ်ခုတွင် ဆုံးသွား​သဖြင့် သခင်ကြီးတွင် သွေးသားအရင်းအချာ တစ်ယောက်သာ ကျန်သည်ကို သူသိ​သော​ကြောင့် ဖြစ်​လေသည်။

"အဖိုးကို သခင်ကြီးအ​ကြောင်း​ပြောလို့ရမလား။ အဖိုးက သခင်ကြီးကို အရမ်းသတိရ​နေတာ"ဟု ယန်စစ်မင်က ခွင့်​တောင်းလေသည်။

"ကောင်းသားပဲ။ ငါလည်း သူနဲ့မ​တွေ့ရတာ အ​တော်ကြ​နေပြီ" သခင်ကြီးက​ပြော​လေသည်။

ယန်စစ်မင်သည် စိတ်လှုပ်ရှားသွားပြီး "ဟုတ်ကဲ့ အခုပဲ အဖိုးကို​ပြောလိုက်မယ်"ဟု ဆိုကာ ခြံထဲသို့သွားပြီး ဖုန်းထုတ်ကာ ဆက်လိုက်​လေသည်။ အိမ်ထဲမှပင် သူ၏စိတ်လှုပ်ရှား​နေသည့် ပုံစံကို မြင်ရနိုင်​လေသည်။

ရှောင်ကျန်းယန်၏ မျက်နှာတွင် ဝေခွဲမရသည့်ပုံ​ပေါ်​နေ​လေသည်။

"သူဘာ​တွေ ဒီ​လောက်စိတ်လှုပ်ရှား​နေတာလဲ သခင်ကြီး" သူသည် သခင်ကြီးကို မေးလိုက်လေသည်။

သခင်ကြီးသည် ချောင်း၂ခါ ဟန့်လိုက်ပြီး ရေ​နွေးတစ်ငုံ​သောက်ကာ "ဘယ်သူသိမှာလဲ"ဟု ဖြေ​လေသည်။

ခဏအကြာတွင် ယန်စစ်မင်သည် ဖုန်းယူလာပြီး သခင်ကြီးကို ပြော​လေသည်။ "သခင်ကြီးနဲ့ အဖိုးက စကား​ပြောချင်လို့ပါတဲ့"

သခင်ကြီးသည် မငြင်းဘဲ ဖုန်းကိုင်လိုက်ကာ ပြော​လေသည်။ "ရှောင်ယန်"

တစ်ဖက်တွင် စိတ်လှုပ်ရှားစွာ အော်လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။ "​ခေါင်း​​ဆောင်၊ တစ်ကယ်ပဲ ခေါင်း​ဆောင်လား" ထို့​နောက် သူသည် ငို​​လေသည်။

သခင်ကြီးသည် တစ်ချက်ရယ်လိုက်ပြီး "မင်းအခု လူအိုကြီးဖြစ်​နေပြီ​နော်။ မင်း​မြေးလည်း အရွယ်ရောက်​နေပြီ။ အဲ့ဒါကို အခုထိ အငိုသန်တုန်းလား" ဟု ပြော​လေသည်။

ယန်စစ်မင်သည် ရှက်သွား​လေသည်။ 'အဖိုးလည်း တအားငိုတတ်တာပဲကိုး။ မျိုးရိုးလိုက်တယ်ဆိုတာ ဒါပဲ​နေမှာ'

ငယ်စဉ်က ယန်စစ်မင်သည်လည်း အငိုသန်သူဖြစ်​လေသည်။ ထိုအခါများတွင် သူသည် သူ့အဖိုး၏ ရှုတ်ချခြင်းကို မ​ရေမတွက်နိုင်​အောင် ခံရ​လေသည်။

"ဟုတ်တယ် ဟုတ်တယ် ငါအခု ထောင်ယွမ်ရွာမှာ။ မင်းလည်းလာနိုင်ရင်လာခဲ့​လေ။" သခင်ကြီးက ပြော​လေသည်။

ထို့နောက် သခင်ကြီးသည် ဖုန်းကို ယန်စစ်မင်ဆီ ပြန်​ပေးလိုက်ပြီး ပြုံးကာ ပြော​လေသည်။ "မင်းရဲ့အဖိုးက အခုအထိ မ​ပြောင်းလဲ​သေးဘူး"

ယန်စစ်မင်၊ "..."

အဲ့ဒါ ပြဿနာ မဟုတ်ဘူးလား။

***

All Chapters