← Chapters

ရှောင်မိသားစု၏ ပျော်ရွှင်မှု

Vol. 14 Ch. 243

ရှောင်မိသားစု၏ ပျော်ရွှင်မှု

Vol. 14 Ch. 243

ရှောင်လင်းယွီသည် ထမင်းစားချိန် ရောက်ခါနီးတွင် ထလိုက်သည်။

သခင်ကြီးကုန်းသည် ရှောင်လင်းယွီကိုမြင်သောအခါ ခွေးခြေမှ ခုန်လုမတတ် ဖြစ်သွား​လေသည်။ ထို့နောက် သူမ၏ဗိုက်ကို ကြည့်လိုက်​လေသည်။ ဤသည်မှာ သူ့မြစ်ဖြစ်​လေသည်။

သူသည် အံ့သြဖွယ် ဖိုးဖိုးကြီး ဖြစ်ပေတော့မည်။

ကုန်းထျန်းဟောက်သည် ရှောင်လင်းယွီ ထွက်လာသည်ကိုမြင်သောအခါ စိတ်လှုပ်ရှားနေသော်လည်း သူ၏စိတ်လှုပ်ရှားမှုမှာ မသိသာအောင် ထိန်းချုပ်ထားပြီး ငြိမ်သက်စွာနေလေသည်။

သူ့အဖိုးသည် ရှောင်လင်းယွီနားတွင် ဤကဲ့သို့ ဖြစ်​နေသည်ကို မြင်ပြီး သူမ သံသယဖြစ်နိုင်လေသည်။ ရှောင်လင်းယွီသည် အလွန်ထက်မြက်သော အမျိုးသမီးတစ်ဦးဖြစ်​လေသည်။ သူမသည် အ​သေးမွှားဆုံး ပြဿနာအနာကိုပင် သိရှိနိုင်​လေသည်။ သူမနှင့် နီးစပ်ရန်မှာ လွန်စွာခက်ပေသည်။

ကုန်းထျန်းဟောက်သည် ခေါင်းငုံ့ပြီး သခင်ကြီးကုန်းကို အသံတိုးတိုးဖြင့် "အဖိုး၊ လင်းယွီကို

အဲ့​လောက်ကြီး သားရဲ​ကောင်လို စိုက်ကြည့်မနေနဲလေ။ သူသိသွားရင် အဖိုးရဲ့ မြေးချွေးမနဲ့ မြစ်ကို ယူဖို့ ခက်သွားလိမ့်မယ်။"ဟု ပြော​လေသည်။

သခင်ကြီးသည် ကုန်းထျန်းဟောက် ကို စူးရှစွာ စိုက်ကြည့်ရင်း အသံတိုးတိုးလေးဖြင့် “မျိုးစစ်ကောင် မင်းဘယ်သူ့ကို သားရဲ​ကောင်လို့ ပြောတာလဲ"ဟု ပြော​လေသည်။

ကုန်းထျန်းဟောက်၊ ".."

သခင်ကြီးသည် လျင်မြန်စွာ တည်တံ့​အောင် နေ​လိုက်လေသည်။ သူသည် ရှောင်လင်းယွီ ကိုသံသယမဝင်စေချင်ပေ။ 'ဟောက်အာ မှန်တယ်။ ငါ လင်းယွီကို ကြောက်​အောင်လုပ်လို့ မဖြစ်ဘူး။' သို့သော်သူသည် ရှောင်လင်းယွီ၏ ဗိုက်ကို စူးစမ်းစွာကြည့်​နေချိန်တွင် သူ၏စိတ်လှုပ်ရှားမှုကို မဖုန်းကွယ်နိုင်​ချေ။

ရှောင်လင်းယွီသည် စိုက်ပျိုးရေးလုပ်ပြီးကတည်းက အလွန်အထိခိုက်မခံဖြစ်လာခဲ့သည်။

သူမအခန်းထဲကထွက်လာကတည်းက သူမ၏ဗိုက်ကို တောက်ပ​သောအကြည့်များနှင့် ကြည့်နေသည်ကို သတိပြုမိလေသည်။

သူမသည် မျက်မှောင်ကြုတ်၍ ကြည့်လိုက်​သော်လည်း ပုံမှန်မဟုတ်သည်များကို မ​တွေ့​ချေ။

သူမသည် ကုန်းထျန်းဟောက်နှင့် သခင်ကြီးကုန်းတို့ကို မသင်္ကာ၍ ကြည့်လိုက်သော်လည်း ပုံမှန် မဟုတ်သည်ကို မ​တွေ့ရ​ပေ။

ရှောင်လင်းယွီသည် ဗိုက်ဆာနေသည့်အတွက် ထိုကိစ္စကို မ​တွေး​တော့​​ချေ။

သခင်ကြီးသည် ရှောင်လင်းယွီကို ဖော်​ရွေစွာ နှုတ်ဆက်လိုက်ပြီး "လင်းယွီ, မင်းနိုးလာပြီလား။ အိပ်ရေးဝရဲ့လား"

"အိပ်​ရေးဝပါတယ်!" ရှောင်လင်းယွီသည် ကြည့်လိုက်ပြီး ပြော​လေသည် "သခင်ကြီးကြည့်ရတာ အရမ်းပျော်နေသလိုပဲ!" သခင်ကြီးကုန်းသည် သူမကို ကြည့်ချိန်တွင် ရင်းနှီးမှုတစ်ခုရှိ​နေသည်ကို ခံစားမိလေသည်။

သခင်ကြီးသည် သူတောင်​ဝှေ့ကို တင်းကျပ်စွာ ကိုင်လိုက်လေသည်။ 'ဒီမိန်းကလေးက တကယ်ကို ထက်မြက်တာပဲ။ ဟောက်အာ ပြောတာမှန်တယ်'

သခင်ကြီးသည် ပြုံး၍ပြော​လေသည်။ "မင်းအမေက ဒီနေ့ဟင်းချက်မှာလေ။ ငါဘယ်လိုလုပ် မပျော်ဘဲနေမှာလဲ"

"ဒါ​ပေမယ့် သခင်​ကြီးက နေ့တိုင်း အိမ်လာပြီး အ​မေ့လက်ရာ စား​နေတာပဲကို" ရှောင်လင်းယွီက ပြော​လေသည်။

သခင်ကြီး၊ "...."

'ဒါကထက်မြက်တဲ့ မေးခွန်းပဲ။ မိန်းကလေးက တကယ် အရည်အချင်းရှိတာပဲ။ သူရဲ​မေ မလုပ်တာ နှမြောစရာပဲ။'

သခင်ကြီးသည် အပြုံးဖြင့်ရှင်းပြ​လေသည်။ "ဒီနေ့ သူငယ်ချင်းဟောင်းတစ်ယောက်ရဲ့ မြေးနဲ့လည်း တွေ့တယ်လေ။ " 'ဟုတ်တယ်, ဒီဆင်ခြေဆို အဆင်​ပြေတယ်'

"ဪ!" ရှောင်လင်းယွီသည် ခေါင်းညိတ်လိုက်ပြီးစားပွဲသို့သွား​​လေလေသည်။

လူစုံ​နေကြ​လေပြီ။

မေမေရှောင်သည် ဟင်းပွဲများကို ယူလာ​လေသည်။ ယန်ရူယွီသည် ဧည့်သည်ဖြစ်သော်လည်း မေမေရှောင် မီးဖိုချောင်တွင်အလုပ်များနေသည်ကို တွေ့သောအခါ သူမသည် ချက်ချင်းသွား၍ ကူညီလေသသည်။

သူမသည် မည်သို့ချက်ပြုတ်ရမည်ကို မသိချေ။ ထို့​ကြောင့် သူမသည် ဟင်းပွဲများကို ကူချပေးရန်သာ တတ်နိုင်​လေသည်။

ယန်ရူယွီ ကြောင်အမ်းအမ်း ဖြစ်​နေသည်ကို မြင်​သောအခါ မေမေရှောင်သည် ပြုံးပြီး သူမကို တူတစ်စုံကို ပေးလေသည်။ ထို့နောက် သူမကိုပန်းကန်လုံးတစ်ချောင်းပေးပြီး "မြည်းကြည့်ပါဦး"ဟု ပြော​လေသည်။

ယန်ရူယွီသည် တံတွေးကိုမျိုချလိုက်ပြီး ပြော​လေသည်။ "ဒေါ်လေး၊ ဒါမကောင်းပါဘူး။ ကျွန်မ နောက်မှ ဒေါ်လေးနဲ့အတူ စားပါ့မယ်။" သူမသည် ရှောင်ရှောင်းဟွေ့မှအစားစစ်ပွဲအကြောင်း ကြားခဲ့သော​ကြောင့် ထိုကိစ္စကို သိလို​နေ​လေသည်။

မေမေရှောင်သည် "ရပါတယ်၊ အခု ဝ​​အောင် စားလိုက်။ စားပွဲကို ရောက်ရင် သမီးလို မိန်းမငယ်လေးက ယောက်ျားကြီးတွေနဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး"ဟု ပြော​လေသည်။

ယန်ရူယွီ၊ "..."

ရှောင်မိသားစုတွင် အစားစစ်ပွဲအတွင်း ဟန်လုပ်​နေခြင်း မရှိပေ။ ဧည့်သည်များသည် အိမ်ရှင်များနှင့် လုစားရမည်ဖြစ်သည်။ ဤသည်မှာ ရှောင်မိသားစုအတွက် သိလိုဖွယ်ကောင်းပြီး ပျော်ရွှင်စရာ ဓလေ့တစ်ခု ဖြစ်​လေသည်။

ယန်ရူယွီသည် ဟင်းများကို မြည်းပြီးချိန်တွင် တုန်လှုပ်သွား​လေသည်။ ၎င်းတို့သည် သူမမြည်းဖူးသမျှ အစားအစာများထဲတွင် အကောင်းဆုံးဖြစ်​လေသည်။ ရှောင်ရှောင်းဟွေ့ ပြောသည့်အတိုင်း သူ၏ ဒုတိယအဒေါ်၏ ချက်ပြုတ်စွမ်းရည်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံးဖြစ်လေသည်။

ယန်ရူယွီသည် ရိုးရာဆန်ပြီး ယဉ်ကျေးသူဖြစ်သည်။ သူမသည် ပန်းကန်တစ်ခုစီမှ အနည်းငယ်သာ ယူစား​လေသည်။ အရသာရှိသော်လည်း အနည်းငယ်သာ စားလေသည်။ အစားစစ်ပွဲအတွက် သူမပြင်ဆင်ထားရ​ပေမည်။

ယန်ရူယွီသည် "ဒေါ်လေးရဲ့ဟင်းတွေက တကယ်အရသာရှိတယ်။ ကျွန်မစားဖူးသမျှ ဟင်းတွေထဲမှာ အကောင်းဆုံးဟင်းပဲ၊ ဒေါ်လေး ကမ္ဘာပေါ်မှာ အကောင်းဆုံး စားဖိုမှူးလို့ ရှောင်းဟွေ့က ပြောတာ မဆန်းပါဘူး။"

မေမေရှောင်သည် ဧည့်သည်များထံမှ ဤသို့ မကြာခဏ ချီးကျူးခံရ​လေသည်။ ထိုအချိန်တိုင်းတွင် သူမသည် အရမ်းပျော်ပြီး သူ့ကိုယ်သူ နှိမ့်ချလေသည်။

မေမေရှောင်သည် "ရှောင်းဟွေ့က အပြောကြီးတယ်။ ဒေါ်လေး့ရဲ့ အချက်အပြုတ်စွမ်းရည်က ရွာက​နေ လက်ဆင့်ကမ်း သိလာတာ​တွေပါပဲ။ တစ်ကယ့် စားဖိုမှူးတွေနဲ့ ယှဉ်ရင် ဘာမှမဟုတ်ပါဘူး"ဟု ပြော​လေသည်။

ယန်ရူယွီသည် ခေါင်းခါလိုက်ပြီး "ဒေါ်လေးက အရမ်းတော်တယ်။ မြို့မှာရှိတဲ့ ဟိုတယ်ကြီးတွေက ကြယ်ငါးပွင့် စားဖိုမှူးတွေတောင် ဒေါ်လေး့ရဲ့ အချက်အပြုတ်စွမ်းရည်နဲ့ ယှဉ်လို့မရဘူး။"ဟု ပြောပြီး​နောက် "ဒေါ်လေး ကိုယ်ပိုင် စားသောက်ဆိုင် မဖွင့်တာ နှ​မြောစရာပဲ၊ ဒေါ်လေးရဲ့ အရည်အချင်းနဲ့သာဆိုရင် အောင်မြင်မှာ"ဟု ပြောလေသည်။

မေမေရှောင်၏သမီးသည် စားသောက်ဆိုင်ဖွင့်ရန် အစီအစဉ်ရှိသော်လည်း ကိုယ်ဝန်ကြောင့် ရွှေ့ဆိုင်းခဲ့ရသည်ဖြစ်သည်။

မေမေရှောင်က "စားသောက်ဆိုင်ဖွင့်ဖို့က သိပ်အရေးမကြီးပါဘူး။ အားလုံးအတူတူ ပျော်ပျော်ရွှင်ရွှင် စား​နေရသ​၍​ပေါ့ "ဟု ပြော​လေသည်။

မေမေရှောင်သည် အပြင်ဘက်တွင် အသံများ ကြားရ​သောအခါ သူမ၏သမီး နိုးနေပြီဖြစ်ကြောင်းသိ​လေသည်။

လူစုံ​နေပြီဖြစ်ပြီး ဟင်းလျာများလည်း အဆင်သင့်နီးပါးဖြစ်နေပြီ ဖြစ်​သော​ကြောင့် စားရန်အချိန်ကျ​လေပြီ။

မေမေရှောင်သည် ယနေ့ဟင်း ၁၂ ခွက် ချက်​လေသည်။ တချို့သည် အသားများဖြစ်ပြီး အချို့မှာ သက်သတ်လွတ် ဖြစ်သည်။ ထိုဟင်းများအားလုံးသည် လှပ​​မွှေးပျံပြီး အရသာရှိ​လေသည်။

ကြီးမားသော ထမင်းအိုးနှစ်အိုးလည်း ချထား​လေသည်။

မေမေရှောင်သည် လူတိုင်းရှေ့တွင် ပန်းကန်နှစ်ပန်းကန် ချပေး​လေသည်။

ယန်မောင်နှမသည် အဘယ်ကြောင့် လူတိုင်းရှေ့တွင် ပန်းကန်နှစ်ပန်းကန် ချပေး​သည်ကို နားမလည်​ချေ။

ဟင်းများကို ချပေးသည်နှင့် လူတိုင်းသည် တူကိုယ်စီကိုင်ကာ အဆင်သင့်ပြင်ကြ​လေသည်။ ရှောင်ကျန်း နှင့် ရှောင်ဝမ်တို့သည်အဆင်သင့် အပြင်ဆုံးဖြစ်​လေသည်။ သူတို့သည် မေမေရှောင်၏လက်ရာကို မစားရသည်မှာ ကြာပြီဖြစ်သည်။

ဤရက်ပိုင်းတွင် ရှောင်မိသားစုသည် အလွနိအလုပ်မျာလေသည်။

ပထမဆုံး သူတို့သည် ဟင်းသီးဟင်းရွက်များကိုရောင်းချကြပြီးနောက် စတော်ဘယ်ရီများ ရောင်းသဖြင့် အလုပ်များနေကြသည်။ ထို့​ကြောင့် မေမေရှောင်တွင် ချက်ပြုတ်ရန် အချိန်မရှိပေ။

သခင်ကြီးသည် သူမမိသားစုအတွက်ပင် ချက်ပြုတ်ရန် အချိန်မရသည့် မေမေရှောင်အား သူတို့အတွက် မချက်​ပေး​စေလို​ပေ။ ထိုကိစ္စသည် သဘာဝမကျဟု သူယူဆ​လေသည်။

ယန်စစ်မင်သည် စားပွဲပေါ်ရှိ ဟင်းများကို ကြည့်ကာ အနံ့သာများကို မွှေး​လေသည်။ သူသည်ဗိုက်ဆာ​နေ​သော်လည်း စားပွဲ၌အကြီးဆုံးပုဂ္ဂိုလ်သည် သခင်ကြီးကုန်းဖြစ်သဖြင့် သူအရင်စားရန် လူတိုင်းက စောင့်ကြရလေသည်။

သခင်ကြီးသည် တူဖြင့် ပန်းကန်ထဲသို့ ဟင်းများ ဖြည့်လိုက်​လေသည်။

ယန်မောင်နှမ, "... "

သခင်ကြီးသည် ပန်းကန်ထဲသို့ ထည့်လိုက်ပြီး​နောက် "ကျေးဇူးပြုပြီးစားကြပါ"ဟု ပြော​လေသည်။

ယန်မောင်နှမများသည် ဘာမှမလုပ်ရ​သေးခင်မှာပင် စားပွဲပေါ်၌ တူများဝဲ​နေပြီး သူတို့အသင့်ဖြစ်ချိန်တွင် ဟင်းထက်ဝက် ပျောက်သွားပြီ ဖြစ်သည်။

ယန်စစ်မင်နှင့် သူ၏ညီမလည်းတိုက်ပွဲတွင် ပါဝင်ခဲ့​လေသည်။

မိနစ်အနည်းငယ်အကြာတွင် စားပွဲပေါ်ရှိ ဟင်းများအားလုံး ကုန်သွားပြီဖြစ်သည်။ အစားအစာများသည် လူတိုင်း၏ ထမင်းပန်းကန်များ ဘေးရှိကန်းကန်များသို့ ရောက်သွားလေပြီ။ ရှောင်ရှောင်းဟွေ့ပင်လျှင် သူ၏ပန်းကန်လေးထဲသို့ ဖြည့်ပြီးသားဖြစ်သည်။

ယန်ရူယွီသည် ဝမ်းနည်းမိ​လေသည်။ အခြားသူများနှင့် ယှ်ပါက သူမ၏ပန်းကန်ထဲတွင် တစ်ဝက်​လျှော့​လျှော့သာ ရှိ​လေသည်။ သူမ၏နှုတ်ခမ်း​စွန်း​လေးသည် တွန့်သွား​လေသည်။

ယခုမှပဲ ရှောင်းဟွေ့နှင့်ဒေါ်လေးဘာကို ဆိုလိုသည်ကို နားလည်သဘောပေါက်တော့သည်။ ဤသည်မှာ အစားစစ်ပွဲပင် ဖြစ်​လေသည်။ သို့သော် ယန်ရူယွီသည် စိတ်မပျက်ချေ။ သူမစောစောက မီးဖိုချောင်တွင် ကူညီနေသည့် အချိန်၌ ဟင်းအချို့ကိုစားခဲ့သည်ဖြစ်သည်။

သို့သော် ရှောင်မိသားစုသည် အလွန်စိတ်ဝင်စားစရာ ကောင်းသည်ဟု သူမထင်​လေသည်။

သူတို့လည်း အရမ်းဖော်ရွေပြီး နွေးထွေးလေသည်။ သူမသည် သူတို့ကို အလွန်နှစ်သက်​လေသည်။

ရှောင်လင်းယွီသည် ကိုယ်ဝန်သည်ဖြစ်သည့်အတွက် အထူးဂရုစိုက်ခံရ​လေသည်။ သူမပန်းကန်မှာ မေမေရှောင်မှ ကိုယ်တိုင်ထည့်​ပေးခြင်း ဖြစ်​လေသည်။

ယန်စစ်မင်နှင့် သူ့ညီမသည် ပန်းကန်နှစ်လုံးကို ကြည့်လိုက်ပြီး အဘယ်​ကြောင့် ထိုသို့ထားပေးသည်ကို သ​ဘော​ပေါက်သွား​လေသည်။ တစ်ခုမှ ထမင်းထည့်ရန်ဖြစ်ပြီး တစ်ခုမှာ ဟင်းထည့်ရန်ဖြစ်​လေသည်။ ဟင်းများ ရရန်မှာ သူတို့၏ အရည်အချင်းပေါ်တွင်သာ မူတည်​လေသည်။

ဘယ်လို​တောင် စိတ်ဝင်စားစရာ ကောင်းသနည်း။

ယန်စစ်မင်သည် ဟင်းသီးဟင်းရွက်အချို့ကို စားလိုက်ချိန်တွင် သူ၏မျက်လုံးများသည် မယုံကြည်နိုင်ဖွယ် တုန်လှုပ်မှု​ကြောင့် ကျယ်သွား​လေသည်။

ဟင်းများမှာ သာမန်အိမ်ဟင်းများဖြစ်​သော်လည်း လွန်စွာစား​ကောင်း​ပေသည်။ သူအရင်​နေ့က စားခဲ့​သော ကုမိသားစုဟိုတယ်က ဟင်းများထက်ပင် ပို​ကောင်း​​နေ​လေသည်။

"အရမ်းအရသာရှိတာပဲ"ဟု ချီးကျူး​လေသည်။

ရှောင်ရှောင်းဟွေ့သည် မျက်နှာပန်းကန်ထဲ ဝင်​တော့မတတ်စား​နေ​လေသည်။ သူသည် ယန်စစ်မင် ချီးကျူးသည်ကို ကြားလိုက်ရ​သောအခါ "သားဒုတိယအ​ဒေါ်ရဲ့ လက်ရာက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲမလား"ဟု ပြော​လေသည်။

"ဟုတ်တယ်။ ဟုတ်တယ်။ ဒေါ်လေးရဲ့ဟင်းက အ​ကောင်းဆုံးပဲ။ ကမ္ဘာ​ပေါ်မှာ အ​ကောင်းဆုံးပဲ" ရှောင်ဝမ်နှင့် ရှောင်ကျန်းက ဝင်​​ပြော​လေသည်။

မေမေရှောင်သည် ငိုရမလား ရယ်ရမလား မသိ​​တော့​ချေ။ "ဒီက​လေး​တွေ အ​ပြောချိုတာပဲ"ဟု သူမသည် ပြော​လေသည်။

"ကျွန်​တော်တို့ အမှန်တိုင်း​ပြော​နေတာပါ ဒေါ်လေး"ဟု ရှောင်ကျန်းသည် စားရင်း​ပြော​လေသည်။

အစား​ဂျေးများ​သော ကုန်းထျန်းဟောက်ပင် ရှောင်အိမ်တွင် စားရာတွင် ဟင်းမ​ရွေး​တော့​ချေ။

သူသည် ပျော်ရွှင်စွာ စား​လေသည်။ သူသည် လွန်စွာ​ပျော်​​နေလေ​သည်။

ဤအံ့ဖွယ်လက်ရာမှာ သူ့အနာဂါတ်​ယောက္ခမ၏ လက်ရာဖြစ်​လေသည်။

ဤ​နွေး​ထွေး​ဖော်​ရွေ ပျော်ရွှင်ဖွယ် မိသားစုသည် တစ်ချိန်တွင် သူ့မိသားစု ဖြစ်လာ​ပေမည်။

ထို့​ကြောင့် ဤ​ပျော်ရွှင်​နွေး​ထွေး​သော မိသားစုထဲသို့ ဝင်ရန်မှာ သူ့အနာဂါတ်ဇနီးကို အရင်ပါလာအောင် လုပ်ရ​ပေမည်ဖြစ်သည်။

သူသည် ရှောင်လင်းယွီကို နူးညံ့စွာကြည့်လိုက်​ပြီး သူ၏နှုတ်ခမ်း​ ထောင့်စွန်း​လေးများသည် ကွေးလာ​လေသည်။

သူ့​​ဘေးတွင် ထိုင်ကာ အနည်းငယ် ခေါင်းငုံ့၍ သဲကြီးမည်းကြီး စား​နေ​သော ရှောင်လင်းယွီသည် တစ်​ယောက်​ယောက်က စိုက်ကြည့်သည်ဟု ခံစားလာရ​သော​ကြောင့် သူမသည် မျက်လုံး​ထောင့်ကပ်ပြီး ခိုးကြည့်လိုက်ရာ ကုန်းထျန်းဟောက်သည် သူမကို နူးညံ့စွာ ပြုံး၍ကြည့်​နေသည်ကို တွေ့ရ​လေသည်။

သူမသည် ခေတ္တရပ်သွား​သော်လည်း ဘာမှမဖြစ်သကဲ့သို့ ဆက်စား​နေ​လေသည်။

ကုန်းထျန်းဟောက်၏ အချစ်ပြိုင်ဘက်​ဖြစ်သူ ယန်စစ်မင်သည် အစားကိုသာ ပျော်ရွှင်စွာ စားနေလေသည်။ အစားအ​သောက်သည် အ​ရေးအကြီးဆုံးဖြစ်​လေသည်။

နေ့လည်စာစားချိန်သည် သိပ်မကြာလိုက်​ပေ။ မိနစ်၂၀အကြာတွင် အားလုံးသည် ကျေနပ်သည်ပုံစံဖြင့် တူများကို ချလိုက်​လေသည်။

ရှောင်ရှောင်းဟွေ့သည် သူ၏ဗိုက်​လေးကို ပွတ်ကာ "မမ သားဝိတ်တက်လာတာလား။ ဗိုက်ကအရမ်း​ဖောင်း​နေသလိုပဲ"ဟု ရုတ်တရက် မေးလိုက်​လေသည်။

ရှောင်လင်းယွီသည် ရှောင်ရှောင်းဟွေ့​၏ ဝိုင်းပြည့်​နေ​သော မျက်နှာကို ကြည့်လိုက်ပြီး "ဟုတ်တယ် မင်းတစ်ကယ် ဝိတ်တက်လာတယ်။ ရှောင်းဟွေ့ နောက်ကျရင် မင်းအစားအ​သောက် ဆင်ခြင်ရလိမ့်မယ်။ မဟုတ်ရင် မင်းကို လူ​တွေက ရှောင်နီချိုးလို့ မ​ခေါ်​တော့ဘဲ ဖက်တီးလေးလို့ ခေါ်ကြလိမ့်မယ်"

"အဲ့ဒါဘာဖြစ်လို့လဲ။ ဖက်တီးလေးမှာလည်း လူ့အခွင့်အ​ရေးရှိတာပဲ​လေ။ ပြီး​တော့ သူကသားသူငယ်ချင်း"ဟု ချက်ချင်းပြန်​ပြော​လေသည်။

လူကြီးများ၊ "..."

ရှောင်လင်းယွီသည် ခေါင်းညိတ်၍ ပြန်​ပြော​လေသည်။ "ဒါ​ပေမယ့် အဲ့လိုဖြစ်ချင်တာ သေချာလို့လား ရှောင်းဟွေ့။ ဖက်တီးလေးသာ ဖြစ်သွားရင် ပြေး​တောင်​ပြေးနိုင်မှာ မဟုတ်ဘူး​နော်"

ရှောင်ရှောင်းဟွေ့သည် ကြောက်သွား​လေသည်။

ရှောင်လင်းယွီသည် ဆက်​ပြော​လေသည်။ "ပြီး​တော့ မင်းက သစ်ပင်တက်ရတာ၊ ငါးမျှားရတာ၊ ငှက်သိုက်​တွေရှာရတာ ကြိုက်​တယ်လေ။ ဖက်တီးလေးသာ ဖြစ်သွားရင် အဲ့ဒါ​တွေ လုပ်နိုင်ပါတော့မလား"

အားလုံး၊ "..." 'ဘယ်လိုသင်ကြား​ရေးပုံစံပါလိမ့်'

"သား ဖက်တီးလေး​ မဖြစ်ချင်​​တော့ဘူး။ အဲ့လိုဖြစ်ရတာ ပင်ပန်းလွန်းတယ်"ဟု ခေါင်းညိတ်ကာ ပြော​လေသည်။

"အနာဂတ်မှာ​တော့ ကိုယ့်ကိုယ်ကို ထိန်းသိမ်းရမယ်​နော်။ ကစီဓါတ်ပါတာ​တွေ အများကြီးစားလို့ မဖြစ်ဘူး။ နားလည်ရဲ့လား"ဟု ရှောင်လင်းယွီသည် ခေါက်းညိတ်ကာ ပြော​လေသည်။

"ဟုတ်ကဲ့" ရှောင်ရှောင်းဟွေ့သည် ခေါင်းညိတ်ကာ ဖြေ​လေသည်။

ယန်စစ်မင်သည် က​လေးကို သနားသွား​လေသည်။ သူသည် အစား​ကောင်း​ကောင်း စားချင်ရုံသာဖြစ်​လေသည်။

***

All Chapters