နောက်ထပ်ထိုးနှက်ချက်
Vol. 14 Ch. 242
ကုန်းထျန်းဟောက်သည် ရေချိုး အဝတ်အစား လဲပြီးနောက်တွင် ရှောင်အိမ်သို့ သွားလေရာ သူ့အဖိုးနှင့် သူ၏အချစ်ပြိုင်ဘက်တို့ ပျော်ရွှင်စွာ စကားပြောနေသည်ကို တွေ့ရလေသည်။
သူသည် မျက်ခုံးများ ပင့်လိုက်ပြီး စိတ်ရှုပ်သွားလေသည်။ 'ဒီတစ်ခါလည်း ငါဘာလွတ်သွားပြန်ပြီလဲ'
"ထျန်းဟောက် ရောက်လာပြီကို" ရှောင်ကျန်းယန်သည် သူ့ကို မြင်လိုက်သောအခါ ပြုံး၍ ပြောလေသည်။ "အခုတင် မင်းကို လာခေါ်တော့မလို့ပဲ"
"ရေချိုးပြန်သွားတာပါ"ဟု ကုန်းထျန်းဟောက်က ပြန်ဖြေလေသည်။
"ဟောက်အာ ဒီကိုလာဦး"ဟု သခင်ကြီးသည် လက်ယပ်ခေါ်လိုက်လေသည်။
"အဖိုး!" သူသည် နားလည်ရခက်သွားလေသဘ်။ သူ့အဖိုးသည် ပြုံးပျော်နေလေသည်။ ထို့နောက် သူသည် ယန်စစ်မင်ကို လက်ညိုးထိုး၍ ပြောလေသည်။ " ရှောင်ယန်က အရင်က ငါ့လက်အောက် စစ်သားရဲ့ မြေးလေ။ သူ့အဖိုးက သခင်ကြီး ယန်ကျန့်ပဲ။ မင်းတို့နှစ်ယောက် ရင်းရင်းနှီးနှီးနေသင့်တယ်။"
ယန်စစ်မင်နှင့် ကုန်းထျန်းဟောက်တို့သည် အသက်အတူတူလောက်ပင် ဖြစ်သောကြောင့် မိတ်ဆွေဖြစ်သင့်သည်ဟု သခင်ကြီးက ယူဆခြင်းဖြစ်သည်။
ယန်စစ်မင်နှင့် ကုန်းထျန်းဟောက်တို့သည် အချင်းချင်း ရန်လိုစွာ ကြည့်လိုက်လေသည်။
ကုန်းထျန်းဟောက်သည် ယန်စစ်မင်ကို သူ့အဖိုးနှင့် ဆက်နွယ်နေလိမ့်မည်ဟု ထင်မထားချေ။
ယန်စစ်မင်သည် ပြုံး၍ ပြောလေသည်။ "တစ်ကယ်တော့ မစ္စတာကုန်းနဲ့ သိပြီးသားပါ သခင်ကြီး"
သခင်ကြီးသည် အနည်းငယ် အံ့သြသွားလေသည်။ "မင်းတို့နှစ်ယောက် ဘယ်တုန်းက တွေ့လိုက်ကြတာလဲ"
"အခုလေးတင်ပါပဲ။ ကျွန်တော်နဲ့ လင်းယွီက သူငယ်ချင်းတွေပါ။ သူနဲ့တွေ့ဖို့ ထောင်ယွမ်ရွာကို လာရင်း မစ္စတာကုန်းနဲ့ ဒီမှာ မမျှော်လင့်ဘဲ တွေ့တာပါ။" ယန်စစ်မင်က ပြောလေသည်။
သခင်ကြီးသည် ချက်ချင်း သဘောပေါက်လိုက်ပြီး မေးလေသည်။ "မင်းက လင်းယွီနဲ့ သူငယ်ချင်းလား ရှောင်ယန် "
'သူကငါ့မြေးရဲ့ အချစ်ပြိုင်ဘက်တော့ မဟုတ်ဘူးမလား'
"ဟုတ်ပါတယ်။ လင်းယွီက အရင်က Zမြို့မှာ အလုပ်လုပ်ဖူးပါတယ်။ အဲ့မှာကိစ္စလေးတွေ ဖြစ်ရင်းနဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ ဖြစ်လာကြတာပါ"ဟု ယန်စစ်မင်က ဖြေလေသည်။
"ဪ အဲ့လိုလား။" သခင်ကြီးသည် ခေါင်းညိတ်ပြီး မေးလိုက်လေသည်။ "ရှောင်ယန် မင်းမငယ်တော့ဘူးနော်။ လက်ထပ်ပြီးပြီလား"
ယန်စစ်မင်၊ "..."
ထို့နောက်သူသည် သခင်ကြီး၏ ထူးဆန်းသော အကြည့်နှင့် ကုန်းထျန်းဟောက်၏ လှောင်ပြုံးကို တွေ့လိုက်လေသည်။
သူသည် နေရခက်စွာ ချောင်းဟန့်လိုက်ပြီး ပြောလေသည်။ "သခင်ကြီး ကျွန်တော်က တွဲရုံတွဲဖြစ်ပေမယ့် အခြေချဖို့ စိတ်မကူးဖြစ်တာကြောင့် ရည်းစားမရှိသေးပါဘူး။" ဤသည်မှာ သူ၏ရှည်လျားသော အချစ်ဇာတ်လမ်းသမိုင်းများကို ပါးနပ်စွာဖြေလိုက်ခြင်းဖြစ်သည်။
"မင်းမငယ်တော့ဘူးနော်။ စိတ်ကစားနေတာ ရပ်ပြီးတော့ မိန်းမရှာသင့်နေပြီ။ အဲ့ဒါမှ တည်တည်ငြိမ်ငြိမ်ဖြစ်သွားမှာ"ဟု သခင်ကြီးက ပြောလေသည်။
ထိုစကားကို ကြားလိုက်ချိန်တွင် ယန်စစ်မင်၏ မျက်လုံးများသည် လင်းလက်သွားပြီး ပြောလေသည်။ "လက်ထပ်ဖို့တော့ စိတ်ကူးရှိပါတယ်။ ဒါပေမယ့် အခုအချိန်မှာ လက်တွဲဖော်မရှိသေးပါဘူး။ ပြီးတော့ လက်ထပ်ဖို့ဆိုတာလည်း တွေ့ရာကောက်ရွေးလို့မရဘူးလေ"
"ဟဟ၊ ဒါတော့ဟုတ်တယ်" သခင်ကြီးသည် ခေါင်းညိတ်၍ ပြောလေသည်။ "ငါမင်းကို မိန်းကလေးအချို့နဲ့ မိတ်ဆက်ပေးမယ်ဆိုရင်ရော။ မပူပါနဲ့ သူတို့က မိသားစုကောင်းကောင်းကပါ"
"အမ်?" ယန်စစ်မင်သည် ကြက်သေ,သေသွားလေသည်။ ဒီကိစ္စကို မည်သို့ရောက်လာသနည်း။
ယန်စစ်မင်သည် ချက်ချင်းပင် ငြင်းလိုက်လေသည်။ "ကျေးဇူးတင်ပါတယ် သခင်ကြီး။ ဒါပေမယ့် ကျွန်တော့်နှလုံးသားထဲမှာ နေရာယူပြီးသူရှိနေပါပြီ။ သူ့ကို လက်ထပ်ဖို့ ကျွန်တော် ကြိုးစားနေတာပါ။"
ထိုစကားကို ကြားလိုက်သောအခါ သခင်ကြီးသည် ဝမ်းသာသွားလေသည်။ "အိုး.. ဘယ်လိုမိန်းကလေးမျိုးမို့ မင်းက ချစ်မိသွားတာတုန်း" ယန်စစ်မင်သည် မိသားစုနောက်ခံအပြင် ရုပ်ရည်ပါ ရှိသဖြင့် သူ့စိတ်ကို ဖမ်းစားနိုင်ရန် ထိုမိန်းကလေးသည် လွန်စွာအထင်ကြီးဖို့ကောင်းမှ ရနိုင်ပေမည်။
သူဘာမှမပြောရသေးခင်မှာပင် ကုန်းထျန်းဟောက်သည် ကြားဖြတ်ပြောလိုက်လေသည်။ "မစ္စတာယန်လို လူမျိုးအတွက် မိန်းကလေးတွေက သူ့မိန်းမဖြစ်ချင်လွန်းလို့ တန်းစီနေကြတာ။ အဲ့အပြင်ကို..."
သူသည် ယန်စစ်မင်ကို စိုက်ကြည့်လိုက်လေသည်။ ယန်စစ်မင်သည် သူ၏အကြည့်ကို သတိထားမိပြီး မကောင်းသည့်ခံစားချက် ရလေသည်။
ကုန်းထျန်းဟောက်သည် ဆက်ပြောလေသည်။ "အဖိုးမသိသေးဘူးမလား။ သူထားခဲ့ဖူးတဲ့ ရည်းစားတွေကို တန်းစီခိုင်းလိုက်ရင် Zမြို့ကို ၃ခါလောက် ပတ်လို့ရပြီ"
ယန်စစ်မင်သည် ဒူးညွှတ်ချင်သလို ဖြစ်သွားပေသည်။ သူသည် ကုန်းထျန်းဟောက်ကို သည်းမခံနိုင်တော့ပေ။ ကုန်းထျန်းဟောက်သည် သူ၏ပုံရိပ်ကို အကြိမ်ကြိမ် ဖျက်စီးခဲ့ပြီးဖြစ်၍ ဤတစ်ကြိမ်တွင် သူ၏ စံပြပုဂ္ဂိုလ် ရှေ့တွင် ဖျက်ဆီးခြင်းဖြစ်လေသည်။
ကုန်းထျန်းဟောက်သည် သူ့အား မိန်းမပွေရှုပ်သူဟု တိုက်ရိုက်မပြောသော်လည်း ထိုသို့ စောင်းပါးရိပ်ခြေပြောနေလေသည်။
"ဪ ရှောင်ယန်က မိန်းကလေးတွေကြား ရေပန်းစားတာပဲ။ ဒါဆို မင်းမင်္ဂလာကိစ္စအတွက် ငါစိတ်ပူစရာမလိုတော့တာပေါ့"ဟု သခင်ကြီးက ပြုံး၍ပြောလေသည်။
ယန်စစ်မင်သည် ရှက်သွားပြီး ပြန်ဖြေလေသည်။ "သခင်ကြီး၊ ကျွန်တော်...."
သခင်ကြီးသည် တားလိုက်ပြီး "ဘာမှရှင်းပြစရာမလိုပါဘူး။ မင်းလိုလူမျိုးအတွက် ဒါက သဘာဝပါပဲ။ ဒါပေမယ့် အဲ့လိုတစ်သက်လုံးတော့ နေလို့မရဘူး။ အချိန်မလွန်ခင် အခြေကျမှကောင်းမယ်"ဟု ပြောလေသည်။
ယန်စစ်မင်သည် သေချာနားထောင်၍ "ဟုတ်ကဲ့ ကျွန်တော်မှတ်ထားပါ့မယ်"ဟု ဖြေလသည်။
ကုန်းထျန်းဟောက်သည် ယန်စစ်မင်၏ ပုံရိပ်ကို နောက်တစ်ခါ ဖျက်ဆီးပစ်နိုင်ပြီဖြစ်၍ ကျေနပ်နေလေသည်။ သူ့အဖိုးနှင့် ယန်စစ်မင်၏ အဖိုးတို့သည် အသိအကျွမ်းများပင် ဖြစ်နေစေကာမူ သူ့မိန်းမကို မကောင်းသည့်ရည်ရွယ်ချက်နှင့် ချဉ်းကပ်သူမှန်သမျှကို ပိတ်ပင်ရမည်ဖြစ်လေသည်။
သူတို့သည် မီးဖိုချောင်မှ စွဲမက်ဖွယ် မွှေးပျံ့သော အနံ့များ မစခင်အထိ အခန်းထဲတွင် ထိုင်နေကြလေသည်။
ယန်စစ်မင်သည် ကုမိသားစုဟိုတယ်တွင် နာမည်ကြီးသော သတ်သတ်လွတ်ဟင်းများကို စားဖူးခဲ့ပြီး ယခုအချိန်အထိ နှစ်သက်သေးသော်လည်း ရှောင်မိသားစု၏ မီးဖိုချောင်မှ ရသောအနံ့သည် ထိုထက်ပို၍ စွဲဆောင်နိုင်လေသည်။
ယန်စစ်မင်သည် တံတွေးမြိုချလိုက်ပြီး သိလိုစွာ မေးလေသည်။ "ဦးလေး ဒေါ်လေးကဘာချက်နေတာလဲဟင်။ အရမ်းမွှေးတာပဲ။"
"ရိုးရိုး အိမ်ထမင်းအိမ်ဟင်းပါပဲ"ဟု ရှောင်ကျန်းယန်သည် ပြန်ဖြေလေသည်။
ထိုအချိန်တွင် သခင်ကြီးသည် ပြုံး၍ပြောလေသည်။ "မင်းမသိသေးလို့ပါ ရှောင်ယန်။ ရှောင်မားရဲ့ လက်ရာက တစ်မူးထူးတယ်။ ကြယ်ငါးပွင့်ဟိုတယ်က စားဖိုမှူးတွေတောင်မှ သူ့ကိုမယှဉ်နိုင်ဘူး။ ထပ်ပြောရရင် ရှောင်မိသားစုက ဟင်းသီးဟင်းရွက်တွေကို ကိုယ်တိုင်စိုက်တာကြောင့် သန့်ရှင်းတယ်။ အဲ့ဒါကြောင့်လည်း အရသာက တမူထူးနေတာ။ မင်းနောက်ပိုင်း များများလာစားသင့်တယ်"
သူသည် ယန်စစ်မင်ကို နောက်လာမည့် အစားစစ်ပွဲအကြောင်း သတိပေးနေခြင်းဖြစ်လေသည်။
ယန်စစ်မင်သည် ခေါင်းညိတ်၍ ပြန်ဖြေလိုက်လေသည်။ "ဟုတ်ကဲ့သခင်ကြီး၊ ကျွန်တော် ဒေါ်လေးရဲ့လက်ရာ စားရဖို့ မစောင့်နိုင်တော့ဘူး။"
ထိုအချိန်တွင် ရုတ်တရက်တွေးမိသွား၍ "စစ်မင် နေ့လည်စာ စားချိန်တောင် ရောက်တော့မယ်။ မင်းညီမကို ခေါ်ပြီး နေ့လည်စာစားဖို့ လာဦးလို့ ပြောလိုက်ဦးလေ။ မစ္စယန်လည်း လာစားသင့်တယ်" ရှောင်ကျန်းယန်သည် ပြောလေသည်။
အစောလေးတင်က ရှောင်ရှောင်းဟွေ့သည် ယန်ရူယွီကို စတော်ဘယ်ရီခင်းသို့ ခေါ်လာခဲ့ပြီး အရင်တစ်ခါတွေ့ခဲ့သည့် ဦးလေးလှလှလေး၏ ညီမဖြစ်ကြောင်းနှင့် ထိုဦးလေးလှလှလေးမှာ အိမ်တွင်ရောက်နေကြောင်းပြောလေသည်။
ဖေဖေရှောင်နှင့်အမေသည် ယန်စစ်မင်ကို နှုတ်ဆက်ရန် အမြန်ပြန်လာကြလေသည်။ မပြန်ခင်တွင် သူမကို နေ့လည်စား လာစားရန် ဖိတ်ခဲ့ပြီး ရှောင်ရှောင်းဟွေ့ကိုလည်း သူမအား ခေါ်ခဲ့ရန် မှာခဲ့လေသည်။
နေ့လည်စာစားချိန် ရောက်တော့မည်ဖြစ်သော်လည်း သူတို့နှစ်ယောက်ကို မတွေ့ရသေးချေ။ ရှောင်ရှောင်းဟွေ့တွင် ဖုန်းမရှိချေ။ ယန်ရူယွီတွင်တော့ ဖုန်းရှိနိုင်လေသည်။ သို့သော် သူတို့တွင် ဖုန်းနံပါတ်မရှိသဖြင့် သူမအားခေါ်ရန် ယန်စစ်မင်ကို ပြောခြင်းဖြစ်လေသည်။
ယန်စစ်မင်သည် ဖုန်းထုတ်၍ ခေါ်ခါနီးမှာပင် ယန်ရူယွီနှင့် ရှောင်ရှောင်းဟွေ့တို့သည် တံခါးရှေ့တွင် ပေါ်လာလေသည်။
ရှောင်ရှောင်းဟွေ့သည် ခြံထဲသို့ဝင်သည်နှင့် အော်၍လာလေသည်။ "ဒုတိယဦးလေးနဲ့ အဒေါ်ရေ ကျွန်တော် မမလှလှလေးကို ခေါ်လာခဲ့ပြီ"
ယန်ရူယွီသည် ခြံထဲသို့ ဝင်လိုက်သည်နှင့် ထူးခြားသော မွှေးနံ့ကို ရလေသည်။ သူမ၏ မျက်လုံးများသည် လင်းလက်သွားပြီး အံ့သြစွာ ပြောလေသည်။ "အရမ်းမွှေးတာပဲ။"
ရှောင်ရှောင်းဟွေ့သည် ချက်ချင်း ရင်ကော့လိုက်ကာ ဂုဏ်ယူစွာပြောလေသည်။ "သားအဒေါ်ရဲ့ ဟင်းချက်လက်ရာက တစ်ကမ္ဘာလုံးမှာ အကောင်းဆုံးပဲလေ။ အဲ့ကြောင့် မွှေးမှာပေါ့"
သူသည် ကမ္ဘာကြီး ဘယ်လောက်ကျယ်သည်ကို မသိသော်လည်း သူ့အဒေါ်၏ လက်ရာသည် အကောင်းဆုံးဖြစ်သည်ကိုတော့ သိလေသည်။
ကမ္ဘာတစ်ဝက်လောက်ကို ပတ်ဖူးသော ယန်ရူယွီ၊ "..."
သူမသည် သူနှင့် ပြိုင်မငြင်းသော်လည်း သဘောတူကြောင်းလည်း မပြချေ။
သို့သော် အနံ့မှာ အရမ်းမွှေးနေလေသည်။ သူမသည် သက်ပြင်းချလိုက်လေသည်။ "အနံ့အရမ်းမွှေးတာပဲ"
ရှောင်ရှောင်းဟွေ့သည် သူမ၏လက်ကို ဆွဲလိုက်ပြီး သူမ၏ခေါင်းကို နှိမ့်ခိုင်းလေသည်။
သူမသည်လည်း သိလိုစိတ်ဖြင့် ခေါင်းညွှတ်လိုက်လေသည်။
ထို့နောက် သူမနားသို့ ရှောင်ရှောင်းဟွေ့သည် ကပ်ပြောလေသည်။ "မမလှလှလေ စားရင်လေ ဟင်းသီးဟင်းရွက်ဟင်းကို အရင်စားနော်။ ဖြစ်နိုင်ရင်လုထား။ မဟုတ်ရင် မစားလိုက်ရဘဲနေမယ်"
"အာ?" သူမသည် ခေတ္တ ငြိမ်သွားလေသည်။ သူမသည် ဧည့်သည်ဖြစ်သည့်အတွက် ထိုသို့လုပ်လျှင် မယဉ်ကျေးဘူးဟု ထင်လေသည်။
ရှောင်ရှောင်းဟွေ့သည် သူမတွေဝေနေသည်ကို မြင်သောအခါ ပြောလေသည်။ "သားစကားကို နားထောင်နော် မမလှလှလေး၊ နောင်တမရစေရဘူး"
"ဟုတ်ပြီ" သူမသည် ခေါင်းညိတ်ပြီး ပြောလေသည်။
***