← Chapters

မဟုတ်မမှန်​ပြောဆိုခြင်းနှင့် ထောင်​ချောက်

Vol. 14 Ch. 244

မဟုတ်မမှန်​ပြောဆိုခြင်းနှင့် ထောင်​ချောက်

Vol. 14 Ch. 244

နေ့လည်စာ စားပြီးချိန်တွင် ဖေဖေရှောင်နှင့် မေမေရှောင်သည် ပြန်သွားရ​လေသည်။ စတော်ဘယ်ရီခြံထဲတွင် ဧည့်သည်များ များ​နေသဖြင့် ထို့သို့တန်းပြန်သွားပြီး အိမ်ရှိဧည့်သည်များကို ဧည့်ခံရန် ရှောင်လင်းယွီကို ထားခဲ့​လေသည်။

သခင်ကြီးသည် စိတ်အားတက်ကြွ​နေ​​ပေသည်။ သူသည် ရှောင်လင်းယွီ၏ ဗိုက်ကို စိုက်ကြည့်​နေ​မိလေသည်။

ရှောင်လင်းယွီသည် သတိထားမိသွားပြီး မျက်​မှောင် အနည်းငယ်ကြုတ်ကာ သံသယဝင်မိသဖြင့် မေးလိုက်​လေသည်။ "ကျွန်မဗိုက်က တစ်ခုခုမှား​နေလို့လား သခင်ကြီး"

"အဟွတ်...အဟွတ်..." ကုန်းထျန်းဟောက်သည် သူ့အဖိုးကို သတိမလွတ်​စေရန် သတိ​ပေးသည့်သ​ဘောဖြင့် ချောင်းဟမ့်ပြလိုက်​လေသည်။

သခင်ကြီးသည် သူ၏​မြေးကို လျစ်လျှူရှုလိုက်​​လေသည်။ "ဘာမှမဖြစ်ပါဘူး။ အဖိုးမင်းရဲ့ဗိုက်ကို အရင်က မထိဖူးလို့ပါ"ဟု ပြုံး၍​ပြော​လေသည်။

အားလုံး၊ "..."

'ဘာ​တွေဖြစ်​နေတာလဲ'

ရှောင်လင်းယွီ၊ "..."

သူမသည် ဒီ​နေ့တွင် သခင်ကြီး၏ အပြုအမူများမှာ ထူးဆန်း​နေ​သည်ဟု ခံစားမိ​လေသည်။

သို့သော် သခင်ကြီးသည် ထိုသို့ပြောသဖြင့် သူမငြင်းရန်မသင့်​ပေ။ သို့​သော် သူမဗိုက်ထဲမှ က​လေးသည် သခင်ကြီးနှင့် သွေးသား​တော်စပ်သည်ကို သူမသိ​လေသည်။

သို့သော် ကုန်းထျန်းဟောက်က ထိုသို့​တောင်းဆိုမည်ဆိုပါက သူမခွင့်ပြုမည်မဟုတ်​​ချေ။ သူမတွင် သူနှင့် တရင်းတနှီး ပတ်သက်လိုစိတ်မရှိ​ပေ။

သူမသည် ခေါင်းညိတ်လိုက်​လေသည်။

သခင်ကြီးသည် က​လေးတစ်​ယောက်ကဲ့သို့ စိတ်လှုပ်ရှား​နေ​လေသည်။ သူသည် သူမထံသို့ သွားလိုက်ရင်း သူ၏အ​ရေတွန့်​နေ​သော လက်များဖြင့် သူမ၏ဗိုက်ကို ဂရုတစိုက် ထိလိုက်​လေသည်။

သခင်ကြီးသည် ရုတ်တရက် အနည်းငယ် ထိတ်လန့်သွားပြီး ကြောက်ရွံ့သည့်ပုံ​ပေါ်​လေသည်။ အခြားသူများသည် ထိုအမူအယာကို မြင်လိုက်​သောအခါ စိုးရိမ်စွာ​မေး​လေသည်။ "သခင်ကြီး ဘာဖြစ်လို့လဲ။ နေမ​ကောင်းဘူးလား။"

"ဟဟ သူလှုပ်တယ်၊ သူလှုပ်တယ်။" သခင်ကြီးသည် ကျယ်​လောင်စွာ အော်​ပြော​ရင်း ရယ်လေသည်။ သူ၏ပုံစံမှာ အံ့အားသင့်ပြီး စိတ်လှုပ်ရှားနေ​လေသည်။ "က​လေးကလှုပ်တယ်" သခင်ကြီးသည် ဤလှုပ်ရှားမှုကို သိရုံမျှဖြင့် အင်မတန် စိတ်လှုပ်ရှားနေ​လေသည်။

"ဟားဟားဟာ က​လေးက ကန်တာကို မရပ်ဘူး​ဟေ့" သခင်ကြီးသည် ရှောင်လင်းယွီ၏ဗိုက်ကို ကိုင်လိုက်သည်နှင့် ကလေးကန်​နေသည်ကို ခံစားမိ​လေသည်။ သူ၏မျက်နှာတွင်လည်း ပျော်ရွှင်မှုကို ဖုံးမထားနိုင်​တော့​ပေ။ "က​လေးက ငါ့ကိုကန်​နေတယ်။ ယောကျ်ား​လေးပဲဖြစ်ရမယ်။ တော်​တော်ဆိုးတဲ့ ကောင်​​လေးပဲ"

သူမ၏အရင်ဘဝတွင် သားယောက်ျားလေးဖြစ်သော ရှောင်ထုန်ကို မွေးခဲ့သည်လေ။ ဤသည်ကို ရှောင်လင်းယွီထက် မည်သူပိုသိမည်နည်း။

ကုန်းထျန်းဟောက်သည် သူ့အဖိုး၏စကားကို ကြား​သောအခါ သူသည် မျက်နှာ​ပေါ်တွင် စိတ်လှုပ်ရှားမှု အနည်းငယ်ကို မထိန်းချုပ်နိုင်​တော့​​ဘဲ ပေါ်လာ​လေသည်။

သူသည်လည်း က​လေး၏ လှုပ်ရှားမှုကို ခံစားကြည့်ချင်​လေသည်။

ယန်စစ်မင်သည် သခင်ကြီး၏ မျက်နှာ​ပေါ်မှ စိတ်လှုပ်ရှားမှုကို မြင်လိုက်​သောအခါ စိတ်ရှုပ်​ထွေးသွား​လေသည်။ လူတိုင်းသည် ထိုက​လေးမှာ အ​ဖေမ​ပေါ်မှန်း သိသဖြင့် သခင်ကြီးသည် အဘယ်​ကြောင့် ထိုသို့ပြုမူ​နေရသနည်း။ ယန်စစ်မင်သည် ဖြစ်နိုင်​ချေကို စဉ်းစားမိ​သော်လည်း ပွင့်ပွင့်လင်းလင်း မ​ပြောမိ​ချေ။

သူသည် ကြည့်ပင်မကြည့်နိုင်​​ပေ။ ထို့​ကြောင့် သူသည် တစ်ဖက်ကို မျက်နှာလွှဲလိုက်​လေသည်။ သူသည် ကုန်းထျန်းဟောက်ကို မြင်လိုက်​သောအခါ ပါးစပ်အ​ဟောင်းသား ဖြစ်သွား​လေသည်။

'ကုန်းထျန်းဟောက်က ဘာဖြစ်​နေတာလဲ။ သူက ရှောင်လင်းယွီကို လိုက်ချင်​နေတာမလား။ သူကအခြား​ယောကျ်ားတစ်​ယောက်ရဲ့ က​လေးကို လွယ်ထားရတာ​လေ။ သူ့ကြည့်ရတာ မ​ပျော်တဲ့ပုံမရတဲ့အပြင်ကို ပြုံးတာမှ ဖြီး​နေတာပဲ'

သူသည် ကုန်းထျန်းဟောက်ကို နားမလည်​တော့​ပေ။

သို့​သော် သူသည် ကုန်းထျန်းဟောက်ကို နားလည်စရာလည်း မလို​ပေ။

သူစိတ်ပူသည်မှာ ရှောင်လင်းယွီကို ဖြစ်​လေသည်။ သူမသည် သူ့နှလုံးသားကို အရည်​ပျော်​စေခဲ့​သော ပထမဆုံး မိန်းက​လေးဖြစ်​သော​ကြောင့် သူ့အ​နေဖြင့် သူမကို ရမှဖြစ်​လေမည်။

သို့​သော်လည်း ရှောင်လင်းယွီသည် ပိုက်ဆံနှင့် အာဏာမက်​မောသူမဟုတ်ရာ သူမသည် သူ၏ချစ်သူဖြစ်ရန် အပြင်းအထန်ငြင်း​လေသည်။ သူမကို လက်ထပ်မည်ဆိုလျှင်လည်း သူမ၏ဗိုက်ထဲမှက​လေးသည် အဟန့်အတား ဖြစ်​​ပေမည်။

သူသည် သူမကို က​လေးအား လက်​လျှော့၍ သူနှင့် လက်ထပ်ရန် တိုက်တွန်းခါနီးတွင် သူ၏အချစ်ပြိုင်ဘက် ပေါ်လာ​လေသည်။ သူ့ကြည့်ရသည်မှာရှောင်လင်းယွီကို လွန်စွာနှစ်သက်​နေပုံ ရ​လေသည်။

သို့​သော် အဘယ့်​​ကြောင့်နည်း။ သူသည် က​​လေးမရနိုင်​သော​ကြောင့် ရှောင်လင်းယွီကို ယူ၍ တစ်ခါတည်း က​​လေးအ​ဖေ ဖြစ်ချင်၍​​လော။

သခင်ကြီးသည် သူ့​မြေးအ​ကြောင်းကို သိ​နေ၍ သူ​မြေးသည် ရှောင်လင်းယွီကို ပိုးပန်း​နေသည် ကြား​သောအခါ သူမ၏ဗိုက်ထဲမှ က​လေးကို သူ၏မြစ်အရင်းတဖွယ် ဂရုစိုက်​နေခြင်းလား။ ဤသို့ဆိုလျှင် သခင်ကြီး အဘယ့်​ကြောင့် ယခုလိုစိတ်လှုပ်ရှား​နေသည်ကို ရှင်းပြနိုင်​ပေလိမ့်မည်။

သူသည် ကုန်းထျန်းဟောက်ကို သနား၍ အထင်​သေး​သော အကြည့်ဖြင့် ကြည့်​လေသည်။

ကုန်းထျန်းဟောက်သည် ယန်စစ်မင်ကို တစ်ချက်စိုက်ကြည့်လိုက်ပြီး သူ့အမူအယာကို မြင်လိုက်​သောအခါ စိတ်ရှုပ်သွား​လေသည်။ ထို့​နောက် သူ့မျက်လုံးများသည် ကျဉ်းသွား​လေသည်။

'ယန်စစ်မင်က ဘာဖြစ်​နေတာလဲ။ ဘာလို့သနားသလိုကြီး ကြည့်​နေရတာလဲ'

ထို့​နောက်သူသည် ယန်စစ်မင်မှ ဝင်ကြည့်လိုက်ရင်း အ​ကြောင်းအရင်းကို တွေးမိ​လေသည်။

'ဒီ​ကောင် စိတ်ကူး​တော့ တော်​တော်ယဉ်တာပဲ။ သူက ငါ့ကို မြံ​နေတယ်ထင်ပြီး သနား​နေတာလား။ အဲ့လိုသာဆိုရင် ရှောင်လင်းယွီက ဘယ်လို ကိုယ်ဝန်ရမှာလဲ'

ကုန်းထျန်းဟောက်သည် စိတ်​ငြိမ်​အောင်​နေ​​လေသည်။ သူသည် အဓိက ပြဿနာမှ အာရုံပျက်သွား၍ မဖြစ်​ချေ။

ယန်စစ်မင်သည် တစ်ခုခုမှား​နေသည်ကို ခံစားမိ​သော်လည်း ရှောင်လင်းယွီထက်​တော့ မသိ​ချေ။

ထိုအ​ကြောင်း တွေးမိချိန်တွင် ကုန်းထျန်းဟောက်သည် သက်ပြင်းချလိုက်​လေသည်။ သူ့မိန်းမကို လိုက်ရန် သူသည် ရှည်လျား ကြမ်းတမ်း​သော ခရီးကို သွားရမည်ဖြစ်​ပေသည်။

"ဟာ ဒီ​ကောင်​လေး ထပ်ကန်​နေပြန်ပြီ" သခင်ကြီး၏ ပျော်ရွှင်စိတ်လှုပ်ရှားစွာ ပြော​နေသည့်အသံသည် ခြံဝန်းအထိပင် ကြား​နေရ​လေသည်။ "သူ​တော်​တော်အားသန်တယ်။ ယောကျ်ား​လေးပဲဖြစ်ရမယ်။"

ရှောင်လင်းယွီသည် သူမ၏ဗိုက်ကို ပွတ်လိုက်ရင်း ပြုံးကာ​မေး​လေသည်။ "သခင်ကြီးက ​သား​ယောကျ်ား​လေး အရမ်းကြိုက်တယ်လား။"

"ဒါ​ပေါ့...."

"အဟွတ်..အဟွတ်..."

သခင်ကြီးသည် ချက်ချင်း ပြန်​ပြောလိုက်​လေသည်။ "အဲ့လိုမဟုတ်ပါဘူး။ ယောကျ်ား​လေးဖြစ်ဖြစ် မိန်းက​လေးဖြစ်ဖြစ် က​လေး​တွေကို ချစ်ပါတယ်။ မင်းရဲ့ဗိုက်ထဲက က​လေးက အရမ်းသန်​နေ​တော့ ယောကျ်ား​လေးဖြစ်မယ်လို့ တွေးမိရုံပါ။ ဒါနဲ့ က​လေးက ဒုက္ခ​ပေးသေးလား"

ရှောင်လင်းယွီသည် ခေါင်းခါလိုက်​ပြီး ပြုံးကာပြော​လေသည်။ "မ​ပေးပါဘူး။ သူက လိမ်မာပါတယ်။ ပင်ပန်းပြီး စားချင်စိတ်များတာကလွဲရင် ခေါင်းမူးတာတို့ ပျို့တာတို့လို အဆင်မ​ပြေတာမဖြစ်ပါဘူး။"

ထိုစကားကို ပြောချိန်တွင် သူမသည် မိခင်စိတ်တ်၊ ညင်ညာမှုနှင့် ချစ်ခင်စွာ​ပြော​လေသည်။ အဖြူ​ရောင်အလင်းတန်းတစ်ခုသည် သူမကို ညင်သာစွာ လွှမ်းခြုံထားပြီး အခြားသူများကို အံ့အားသင့်​စေ​လေသည်။

သူမသည် လှပလွန်းပေသည်။

ရှောင်လင်းယွီထက် ပိုလှ​သော မိန်းက​လေးများကို တွေ့ဖူး​သော ကုန်းထျန်းဟောက်နှင့် ယန်စစ်မင်တို့သည်ပင်လျှင် ငေး​မောမိကြရသည်။ လောကတွင် မိခင်တစ်​ယောက်ထက် ပိုလှသူ မရှိနိုင်​ချေ။

ဤအချိန်တွင် ကုန်းထျန်းဟောက်သည် သူ၏နှလုံးခုန်သံကိုပင် ပြန်ကြား​နေရ​လေသည်။

သူယခုလို ရင်ခုန်​​နေရသည်မှာ က​လေး​ကြောင့် မဟုတ်ဘဲ မိခင်​ကြောင့် ဖြစ်သည်ကို သူသိ​လေသည်။

ယန်စစ်မင်သည်လည်း နောက်တစ်ကြိမ် ရင်ခုန်သံ မြန်လာသည်ကို ပြန်ကြားရ​လေသည်။ သူသည် ရှောင်လင်းယွီကို နှစ်သက်​နေမိသည်ကို ဖုန်းကွယ်၍မရ​တော့​​ပေ။

ယန်စစ်မင်သည် ရယ်စရာ​ကောင်းသည်ဟု ထင်မိ​လေသည်။ သူနှင့် အိပ်ခဲ့သော အမျိုးသမီးများမှာ သူမထက်ပိုလှသည့်အပြင် သူမသည် ကိုယ်ဝန်လွယ်ထားရသည်ဖြစ်သည်။ သူသည် ညို့ယူခံရသူပမာ ခံစားရ​လေသည်။

ယန်ရူယွီသည် မ​နေနိုင်​တော့ဘဲ ပြော​လေသည်။ "လင်းယွီက သိပ်လှတာပဲ"

သူမ၏အလှသည် အပြင်ပန်းသွင်ပြင်​ကြောင့် မဟုတ်ဘဲ စိတ်အတွင်းထဲမှလာ​သော အလှတရားများပါ ပါဝင်​လေသည်။

ရှောင်လင်းယွီသည် ထိုစကားကို ကြား​သောအခါ ခေါင်း​မော့လိုက်​လေသည်။ အားလုံးက သူမကို စိုက်ကြည့်​နေကြသည်ကို အံ့သြစွာ တွေ့လိုက်ရ​လေသည်။ ဤသည်မှာ သူမကို လွန်စွာပ​​​ဟေဠိ ဖြစ်သွား​စေသည်။

"အားလုံးဘာကြည့်​နေကြတာလဲ။ ကျွန်မ တစ်ခုခုမှား​နေလို့လား"ဟု သူမ​မေး​လေသည်။

"ဘာမှမမှားပါဘူး"ဟု အားလုံးသည် ခေါင်းခါကာ ဖြေလိုက်​လေသည်။

"..." သူမသည် အနည်းငယ် ဆွံ့အသွားပြီး "ဒါဆိုလည်းဘာလို့ အဲ့လိုကြီး စိုက်ကြည့်​နေကြတာလဲ"ဟု မေးလိုက်​လေသည်။

ယန်ရူယွီသည် ပြုံး၍ပြန်​ဖြေ​လေသည်။ "ကျွန်မတို့က မိခင်တစ်​ယောက်ရဲ့ သန့်စင်မွန်မြတ်တဲ့ လှပကျက်သ​​ရေရှိမှုကို ရှုစား​နေကြတာ​လေ။ ရှင့်ရဲ့ဗိုက်ကို ကျွန်မလည်း ထိကြည့်လို့ရမလား"

ရှောင်လင်းယွီ, "..." 'ငါက မွန်မြတ်တဲ့ ဓါတ်​တော်ကြီးလား'

သခင်ကြီးသည် သူမ၏ဗိုက်ကို လက်မလွှတ်​​ပေ။

ရှောင်လင်းယွီသည် သမ်းလိုက်​လေသည်။ သူမအိပ်ချင်​နေသည်မှာ သိသာလှ​ပေသည်။

ကုန်းထျန်းဟောက်သည် မြင်​သောအခါ သခင်ကြီးကို သတိ​ပေး​လေသည်။ "အဖိုး လင်းယွီက နားဖို့လို​နေပြီ"

သခင်ကြီးသည် ခေါင်း​မော့လိုက်ရာ ရှောင်လင်းယွီ သမ်း​နေသည်ကို မြင်​သောအခါ လက်လွှတ်လိုက်ပြီး "အိပ်ချင်​နေပြီလား လင်းယွီ"ဟု မေးလိုက်​လေသည်။

"တစ်​နေကုန်အိပ်ထားတာ​တောင် အိပ်ချင်​နေတုန်းပဲ"ဟု သူမသည် သမ်းလိုက်ပြီး ပြော​လေသည်။

"ဒါဆိုလည်း အခန်းထဲပြန်ပြီး အိပ်လိုက်ဦး​လေ။ အဲ့မှာဆို ပိုတိတ်ဆိတ်တယ်။ ငါလည်း ငါ့​နေရာ ပြ​န်တော့မှပါ။ ဟောက်အာ ငါ့ကိုလိုက်ပို့ဦး" သခင်ကြီးက ပြော​လေသည်။

"ဟုတ်ကဲ့ အဖိုး"

ယန်ရူယွီသည် ပြော​လေသည်။ " လင်းယွီ ကျွန်မ ထောင်ယွမ်ရွာရဲ့ လှပတဲ့​နေရာ​တွေကို ကြည့်ချင်​သေးတယ်။ အစ်ကို ကျွန်မတို့နဲ့လိုက်ခဲ့ပါလား။ စ​တော်ဘယ်ရီ ကူခူး​ပေးမယ်​လေ"

ယန်စစ်မင်သည် ပြန်​ဖြေ​လေသည်။ "ကောင်းပြီ လိုက်ခဲ့မယ်​လေ ရွာပတ်ကြတာ​ပေါ့" သူသည် ရှောင်လင်းယွီ ကြီးပြင်းလာသည့်နေရာကို ကြည့်လို​​လေသည်။

အားလုံးသည် ထွက်မသွား​သေးခင် ရှောင်လင်းယွီ အခန်းထဲသို့ နာရန် ဝင်သွားသည်အထိ စောင့်ခဲ့ကြ​လေသည်။

နောက်ဆုံးတစ်​ယောက် ထွက်သွားချိန်တွင် သူသည် ခြံတံခါးကို ပိတ်လိုက်​လေသည်။

နေ့အချိန်ဖြစ်ပြီး အိမ်ထဲတွင် လူရှိ​နေသည်ဖြစ်ရာ သော့ခတ်စရာမလို​​ပေ။

ကုန်းထျန်းဟောက်သည် သူ့အဖိုးကို ပြန်လိုက်ပို့ပြီးချိန်တွင် သူသည်ညည်းညူ​လေသည်။ "အဖိုးကလည်း အရမ်းသိသာ​အောင် မလုပ်ပါနဲ့ဆိုတာကို။ အခု​တော်​​သေးတယ် ရှောင်လင်းယွီက သိ​တော့မလို့။"

သခင်ကြီးသည် အေးစက်စွာ ဆူ​လေသည်။ "ဒါကမင်းအမှားပဲ​လေ။ သူက မင်းမိန်းမ ဖြစ်​နေတာ​တောင် သူ့အနားမှာ သတိထား​နေရတယ်။ ငါအရမ်းစိတ်လှုပ်ရှား​နေ​ပေမယ့် ဖော်ပြလို့​တောင်မရဘူး။"

ကုန်းထျန်းဟောက်သည် မျှော်လင့်ချက်မဲ့စွာ ပြော​လေသည်။ "အဖိုးရယ် ကျွန်​တော်လည်း ကြိုးစားတာပဲ။ ကျွန်​တော်ဝန်ခံပါတယ် အရင်က ကျွန်​တော် အဆင်အခြင်မဲ့ခဲ့တယ်။ အဲ့ဒါ​ကြောင့်ပဲ တစ်​ယောက်​ယောက်က ကျွန်​တော့်က​လေးကို လွယ်ထားရတယ်။"

သခင်ကြီးသည် မ​ကျေနပ်စွာ​ပြော​လေသည်။ "ငါဂရုမစိုက်ဘူး။ ငါက ငါ့​မြေးချွေးမနဲ့ မြစ်ကိုပဲလိုချင်တယ်"

ထိုသို့​ပြောလိုက်ပြီးချိန်တွင် သခင်ကြီးသည် ခေတ္တ ရပ်လိုက်ပြီး ကုန်းထျန်းဟောက်ကို ပြောလေသည်။ "မင်းအမြန်လုပ်မှဖြစ်မယ် ကုန်းထျန်းဟောက်၊ ငါ ရှောင်ယန်ကို ကြည့်​နေတာ။ သူကလည်း လင်းယွီကို မျက်စိကျ​နေသလိုပဲ။ သူလည်း လင်းယွီအ​ပေါ် ခံစားချက်ရှိ​နေတာလား"

သူသည် ခဏ​တွေးလိုက်ပြီး "ယန်စစ်မင်က အရင်က ရှောင်လင်းယွီနဲ့ သူ့မိသားစုရဲ့ သ​ဘောကျတာကို ရခဲ့တယ်။ သူ ရှောင်လင်းယွီကို ကူညီခဲ့တာက သူ့ရဲ့ချစ်သူဖြစ်​စေချင်လို့ဆိုပြီး ကြားဖူးတယ်"

ကုန်းထျန်းဟောက်သည် သနားခြင်းမရှိ​​ပေ။ ကုန်းထျန်းဟောက်သည် သူ၏မဟုတ်မမှန်သတင်းများကို ပြောခဲ့ပြီး လွန်စွာထိ​ရောက်ခဲ့​လေသည်။

သူ၏​​ နောက်ရည်ရွယ်ချက်တစ်ခုမှာ သူ​၏​မြေး​ချွေးမကို ပိုးပန်း​နေသူများရှိ​ကြောင်းကို သိ​စေလိခြင်းဖြစ်သည်။ ထိုမှသာ သူ့အဖိုးသည် သူ၏အချစ်ပြိုင်ဘက်ကို မောင်းထုတ်ရန် သူ့အား ကူညီမည်ဖြစ်သည်။

ကုန်းထျန်းဟောက်သည် ဥာဏ်နီဥာဏ်နက်များသူ ဖြစ်​လေသည်။ သူသည် မသိလိုက်ခင်မှာပင် နောက်​ကျောကို ဓါးနှင့်ထိုးမည့်သူဖြစ်​လေသည်။

"ဘာ!" သခင်ကြီးသည် ထိုစကားကို ကြား​သောအခါ ထလိုက်ပြီး "သေချာရဲ့လား"ဟု မေး​လေသည်။

ကုန်းထျန်းဟောက်သည် ဝမ်းနည်းဟန်​ဆောင်လိုက်ပြီး "ကျွန်​တော့်နားနဲ့ ဆတ်ဆတ်ကြားခဲ့တာပါ"ဟု ပြော​လေသည်။

သူသည် ဟိုနား နည်းနည်း ဒီနားနည်းနည်း ချဲ့ကား​ပြော​ခဲ့ခြင်းဖြစ်သည်။

သခင်ကြီးသည် စိတ်ဆိုးသွား​လေသည်။ "ဒီက​လေးကြည့်ရတာ လိမ်မာမလိုနဲ့။ လင်းယွီက မိန်းမ​ကောင်း​လေးကို ဘာလို့လက်မထပ်ဘဲ အ​ပျော်မယား​လုပ်ဖို့ ပြောတာပါလိမ့်"

"အဖိုး" ကုန်းထျန်းဟောက်သည် သူ့အဖိုး၏အ​​ဖြေကို မ​ကျေနပ်​ပေ။

ရှောင်လင်းယွီသည် သူ၏မိန်းမဖြစ်သည်ကို အညယ့်​ကြောင့် ယန်စစ်မင်နှင့် လက်ထပ်ရန် ပြောသနည်း။

သခင်ကြီးသည် ဒေါသသံဖြင့် ပြောလိုက်​လေသည်။ "မင်းဘာ​တွေ လာ​အော်​နေတာလဲ။ ငါအမှန်အတိုင်း​ပြော​နေတာ။ လင်းယွီက နာမည်မရှိတဲ့အ​​​ပျော်မယားတစ်​ယောက် မဟုတ်ဘဲ မိန်းမ​နေရာမှာရှိသင့်တဲ့သူ။ နေဦး ငါ လောင်ယန်ကို ဖုန်းဆက်လိုက်ဦးမယ်။ သူ့​မြေးကို သူဆုံးမလို့ရ​အောင်"

ထိုသို့​ပြောပြီး​နောက်တွင် သခင်ကြီးသည် လောင်ယန်ကို ဖုန်း​ခေါ်ရန် ပြင်​လေသည်။

ကုန်းထျန်းဟောက်သည် တားလိုက်ပြီး "သခင်ကြီးယန်က မကြာခင် ဒီကို​ရောက်လာမှာပဲကို။ အဲ့ကျမှ သူလူကိုယ်တိုင် ဆုံးမပါ​စေလား"

ထို့​နောက် ထောင်​ချောက်သည် ဆင်ပြီးသွား​လေပြီ!

***

All Chapters