ကလေးရဲ့ အဖေအရင်းက ယန်စစ်မင်လား?
Vol. 14 Ch. 245
ယန်ရူယွီသည် စိုးရိမ်စွာဖြင့် သူ့ဝမ်းကွဲနောက်သို့ လိုက်လာခဲ့သည်။ သူမ၏ မူလရည်ရွယ်ချက်မှာ ထောင်ယွမ်ရွာ၏ သာယာလှပသော ရှုခင်းများကို ကြည့်ရန်ဖြစ်လေသည်။ သို့သော် မိန်းကလေးများထက် ပိုလှသော ယန်စစ်မင် သည် လူများကို ရပ်ပြီးငေးကြည့်စေနိုင်သည်။ သူသည် အခြားသူများ၏ ရှုခင်းဖြစ်လာလေသည်။
"အဲဒါ ယောက်ျားလေးမလား"
ယန်စစ်မင်ကိုတွေ့သောအခါ ရွာသားများသည် အချင်းချင်းပြောကြလေသည်။ သူတို့သည် ခေါင်းငုံ့ပြီး တစ်ယောက်နှင့် တစ်ယောက် တီးတိုးပြောကြလေသည်။
"ယောက်ျားလေးမလား။ ဆံပင်တို၊ သူ့ဝတ်စုံနဲ့ အရပ်အမြင့်ကို ကြည့်လေ။ အနည်းဆုံး ၁.၈ မီတာ မြင့်တယ်။"
"အိုး သူဘယ်သူလဲ မှတ်မိပြီ!" ရွာသားအချို့သည် ရုတ်တရက် အံ့သြစွာ အော်ဟစ်ကြသည်။
"သူက ဘယ်သူလဲ?"
"လွန်ခဲ့တဲ့လအနည်းငယ်က ချန်းမိသားစုရွာက လူတွေက ရှောင်ကျန်းယန် ရဲ့အိမ်မှာ ရန်ဖြစ်ကြတယ်မလား၊ ကျန်းယန်နဲ့ ချိုးယင်း နှစ်ယောက်စလုံး ဒဏ်ရာရသွားတာလေ?"
"နင်ပြောတာကို ငါလည်း မှတ်မိတယ်"
"ရှောင်လင်းယွီက ဒီလူကို သူနဲ့အတူ ခေါ်လာခဲ့တာလေ။ ချန်းတဟွာနဲ့ သူဇနီးက ရှောင်လင်းယွီက သူတို့သားကို သစ္စာဖောက်ခဲ့တယ်လို့ ပြောခဲ့တာ။ သူတို့က ရူးနေတာ။ ရှောင်လင်းယွီက သူတို့သားကို လက်ထပ်ပြီး သူ့ဘဝကို လျော်ကြေးအဖြစ် ပေးစေချင်ကြတာ။"
"ဒါပေမယ့် အဲ့ဒီလူက ရှောင်လင်းယွီ အပြစ်ကင်းတာ သက်သေပြဖို့ ကူညီပေးခဲ့တာ။ ရှောင်လင်းယွီကို ချန်းမိသားစုက ကလေးက ချောက်ချခဲ့တာ။ ရှောင်လင်းယွီက ဆေးခတ်ခံရပြီး လူတစ်ယောက်နဲ့ အိပ်ခဲ့မိတာ။"
"အာ ဒါဆို ရှောင်လင်းယွီ ရဲ့ ဗိုက်ထဲက ကလေးက သူ့ကလေးများ ဖြစ်နေမလား?"
ယန်စစ်မင် "..."
ယန်ရူယွီ "..."
ယန်ရူယွီသည် "အစ်ကို၊ ရှောင်လင်းယွီရဲ့ ဗိုက်ထဲက ကလေးက အစ်ကိုနဲ့ရတာလား"ဟု မမေးမီ ခေတ္တ နှုတ်ဆိတ်နေလေသည်။
ရွာသားများသည် နောက်ကွယ်တွင် စကားပြောနေသည် ဖြစ်သော်လည်း ရွာသားများသည် အသံလျှော့ မပြောကြချေ။ ယန်စစ်မင်နဲ့ သူ့ညီမလည်း နားမကြားသူများ မဟုတ်ကြချေ။
သူသည် Zမြို့နှင့် ထောင်ယွမ်ရွာတွင် ရှောင်လင်းယွီကို ကူညီပေးရုံမျှဖြင့် သူ့ကို ရှောင်လင်းယွီနဲ့ အိပ်ခဲ့သည့်သူဖြစ်သည်ဟု သမုတ်ကြလေသည်။
ယခု ရှောင်လင်းယွီ ကိုယ်ဝန်ရသောအခါ သူသည် ဖခင်ဖြစ်သည်ဟု ဆိုကြလေသည်။
ယန်စစ်မင်၏ မျက်နှာသည် မဲမှောင်နေလေသည်။
သူသည် ရှောင်လင်းယွီကို သဘောကျနေသည်မှန်သော်လည်း ထိုအချက်တစ်ခုတည်းဖြင့် သူသည် ထိုဖခင်မဲ့ကလေး၏ အဖေမဖြစ်လိုပေ။
သို့သော် ယခုအချိန်တွင် ဤရွာသားများရှေ့တွင် သူသည် ရှောင်လင်းယွီနှင့် အိပ်ခဲ့သူမဟုတ်ကြောင်း ဝန်ခံ၍မရပေ။
ယန်စစ်မင်သည် အရှိန်မြှင့်လိုက်ပြီး အမြန်ထွက်သွားလေသည်။ သူကြာကြာနေပါက ရွာသားများသည် သူ့ကို အပြစ်တင်ပြီး တိုက်ရိုက်မေးမည်ကို ကြောက်သောကြောင့် ဖြစ်လေသည်။
ထောင်ယွမ်ရွာ ရွာသားများသည် လွန်ခဲ့သည့် ခြောက်လအတွင်း ရှောင်လင်းယွီ၏ မိသားစုထံမှ အကျိုးခံစားခွင့်များ ရရှိခဲ့သောကြောင့် ရှောင်လင်းယွီဘက်တွင် အနည်းနှင့် အများရှိခဲ့ကြလေသည်။
ရှောင်လင်းယွီ၏ နောက်ကွယ်တွင် ပြောနေသူများအားလုံး ရပ်တန့်သွားပြီး ရွာသားများသည် သူ့ဘက်တွင် ရပ်တည်လာကြသည်။
"လင်းယွီက သနားစရာကောင်းတယ်။ ကလေးရဲ့အဖေကို သူသိပေမယ့် သူ့ကို အနှောင့်အယှက် ပေးမယ့်အစား တခြားသူတွေ ပြစ်တင်ဝေဖန်တာကို သူခံခဲ့တယ်။"
"အဲ့လူက စက်ဆုပ်စရာပဲ။ ရှောင်လင်းယွီက သူ့ကလေးကို လွယ်ထားရတာတောင် တစ်ခွန်းမှ မဟဘူး။ လာမလည်တာတောင် ကြာပြီ"
" ရှောင်လင်းယွီက သူ့ကို မပြောခဲ့တာလည်း ဖြစ်နိုင်တယ်။ စဉ်းစားကြည့်လေ။ သူတို့က မတော်တဆ အိပ်ခဲ့ကြတာ၊ တစ်ယောက်နဲ့တစ်ယောက် ခံစားချက် ရှိမရှိကို မသိနိုင်ဘူး။ အဲ့တော့ ရှောင်လင်းယွီက သူ့ကို လုံးဝမပြောခဲ့တာ ဖြစ်နိုင်တယ်။"
လူတိုင်းသည် အလှအပကို နှစ်သက်လေသည်။ ယန်စစ်မင်သည် လှလေသည်။ ထို့ကြောင့် ထုံးစံအတိုင်း ရွာသူရွာသားအချို့သည် သူ့ဘက်တွင် ရပ်တည်ကြလေသည်။
"မင်းပြောတာ ဖြစ်နိုင်တယ်။ ဒီလူက ဘယ်လောက်တောင် ချောလဲ ကြည့်လိုက် သူက ရှောင်လင်းယွီထက်တောင် ပိုလှသေး။ သူက အခွင့်ကောင်း ယူခံခဲ့ရတာတောင် ဖြစ်နိုင်တယ်။"
"ယောက်ျားတစ်ယောက် ချောတာက ဘာလုပ်ရမှာပဲ။ ယောက်ျားတစ်ယောက်အနေနဲ့ သူတာဝန်ယူရမှာ။ သူက ချောနေတာနဲ့ပဲ မိန်းမတစ်ယောက်နဲ့ အိပ်ပြီး တာဝန်မယူလို့ရမလား" ကျေးလက်နေပြည်သူများ၏ စကားများသည် တစ်ခါတစ်ရံ ပို၍ရှင်းလင်းလေသည်။ အရှိအတိုင်းပြောကြသည်။ ဤသည်မှာ ကျေးလက်ဒေသ၏ စကားပြောပုံစံပင် ဖြစ်လေသည်။
"ဟဟ လျှောက်ထင်မနေနဲ့။ အဲ့လူက ရှောင်လင်းယွီ အိမ်ကို သွားတာ တွေ့လိုက်ရတယ်။ ကျန်းယန်နဲ့ ချိုးယင်းက သူ့ကို ပုဂ္ဂိုလ်ရေးအရ နှုတ်ဆက်ဖို့ ပြန်လာကြတာ။ အဲ့တော့ ငါတို့မသိတာတစ်ခုခုရှိနိုင်တယ်။"
"ဒါက ရှောင်ကျန်းယန်နဲ့ သူ့မိန်းမက ဒီသမက်ကို သဘောကျနေတယ်လို့ ဆိုလိုတာလား။" တစ်စုံတစ်ယောက်၏ မျက်လုံးများ လင်းလက်သွားကာ "ဒီသမက်က အရမ်းလှတာပဲ။ ငါသာ သူတို့နေရာမှာဆိုရင်လည်း သူ့ကို သဘောကျမှာပဲ"
"အိပ်မက် မက်နေလိုက်။ မင်းရဲ့သမီးလို ယောက်ျားတစ်ယောက်လို ထွားကြိုင်းပြီး သန်မာနေတဲ့သူက သူနဲ့တန်လို့လား"
"ဘာဖြစ်လဲ၊ ငါ့သမီးက ယောက်ျားလေးနဲ့တူတယ်။ အဲ့ကောင်လေးက မိန်းကလေးနဲ့ တူတယ်။ အဲ့တော့ လိုက်ဖက်တယ်လေ"
"ဟား ဟား၊ ဒါဆို မင်းရဲ့ ဟွားအာကို ဒီလူကို လိုက်ခိုင်းလိုက်လေ။ တစ်ယောက်ယောက်က သူ့တို့သမက်ကို လိုက်နေတာသိရင် ကျန်းယန်နဲ့ သူ့မိန်းမ ဘယ်လိုထင်မလဲ ငါတို့ကြည့်ကြတာပေါ့။"
"ဒါပဲလေ။" တခြားသူများသည် ရယ်မောကြလေသည်။
ယန်စစ်မင် အမြန်သွားသဖြင့် သူ့နောက်တွင် လိုက်ရသော ယန်ရူယွီသည် ဒေါက်မြင့်ဖိနပ် စီးထားသဖြင့် ခက်ခက်ခဲခဲ လိုက်ရလေသည်။ "အစ်ကို ငါ့ကိုစောင့်ဦး"ဟု ကျယ်လောင်စွာပြောလေသည်။
ယန်စစ်မင်သည် ရုတ်တရက် ရပ်လိုက်လေသည်။ ယန်ရူယွီသည် သတိမထားမိလိုက်သဖြင့် သူနှင့်တိုက်မိလေသည်။ ယန်စစ်မင်သည် သူမကို မလဲစေရန် ချက်ချင်းပင် ဆွဲလိုက်လေသည်။ သို့သော် သူ၏အမူအယာမှာ မှုန်ကုပ်ကုပ်နှင့် မကြည်မလင် ဖြစ်နေလေသည်။
သူသည် ရွာပတ်လည်ကို ကြည့်ချင်ရုံသာ ဖြစ်သော်လည်း ကောလာဟလများ ထွက်လာပြီး သူသည် ရုတ်တရက် ဖခင်တစ်ယောက်ဖြစ်လာပေတော့မည်။
သို့သော် သူသည် ငြင်းဆိုခြင်းမပြုပေ သို့မဟုတ်လျှင် ရှောင်လင်းယွီ၏ ဂုဏ်သိက္ခာကို ထိခိုက်သွားနိုင်မည်ဖြစ်သည်။
ထိုကိစ္စမတိုင်ခင် ရှောင်လင်းယွီနှင့် လက်ထပ်ဖြစ်ခဲ့လျှင်တောင် အမည်မသိအမျိုးသားတစ်ယောက်နှင့် ရသော ကလေးကို မကြည်ဖြူနိုင်ဟု သူဆုံးဖြတ်ထားလေသည်။ သို့သော် တစ်နည်းနည်းဖြင့် သူသည် ထိုအမည်မသိလူ ဖြစ်လာရလေသည်။
ယန်ရူယွီသည် သူမ၏ဝမ်းကွဲဖြစ်သူသည် ရှောင်လင်းယွီနှင့် မည်သို့ဆက်စပ်သည်ကို မသိသော်လည်း သူမ၏ မိသားစုတစ်ခုလုံးသည် သူ့ကို သိသောကြောင့် သူမနှင့် ရင်းနှီးမည်ဖြစ်သည်။ ယခုဤကိစ္စသည် ထိုသို့ မဟုတ်မှန်း သူမ သိလာလေသည်။ ရှောင်လင်းယွီ၏ မိသားစုသာ သူ့ကို သိရုံမက ထောင်ယွမ်ရွာ ရွာတစ်ခုလုံးပင် သူ့ကို သိကြလေသည်။
ဤသို့ဆိုလျှသ် သူမ၏ဝမ်းကွဲသည် ရှောင်လင်းယွီနှင့် အိပ်ခဲ့သည်လော။ ရွာသားများ၏ ပြောပုံအရ ရှောင်လင်းယွီ၏ ဗိုက်ထဲမှ ကလေးသည် သူမ၏ဝမ်းကွဲနှင့် ရသည်ဖြစ်သည်။
ယန်ရူယွီသည် အနည်းငယ် သံသယဖြစ်မိသော်လည်း ယန်မိသားစုဝင် တစ်ယောက်အနေဖြင့် သူမသည် ကိစ္စအချို့ကို ရှင်းအောင် သိလိုလေသည်။
ယန်ရူယွီသည် ဘေးပတ်လည်ကို ကြည့်လိုက်ရာ နေရာတိုင်းတွင် ပေါင်းပင်များပေါက်နေသော နေရာတွင် ရောက်နေသည်ကို သိလိုက်ရသည်။
သူမသည် တံတွေးမျိုချလိုက်ပြီး "အစ်ကို ရွာသားတွေပြောတာ အမှန်လား။ ရှောင်လင်းယွီနဲ့ အိပ်ခဲ့တာလား၊ ရှောင်လင်းယွီရဲ့ ဗိုက်ထဲက ကလေးက အစ်ကို့ကလေးလား။ အစ်ကို ဒါကအရမ်း အရေးကြီးတယ်နော် ဖြေမှဖြစ်မယ်။"
ပုံမှန်အားဖြင့် သူမသည် ယန်စစ်မင်ကို ကြောက်သော်လည်း ယခုအချိန်တွင် သူမ ဂရုမစိုက်တော့ပေ။
ယန်စစ်မင်သည် စူးရှသောအကြည့်ဖြင့် ယန်ရူယွီ၏ ဖြူဖွေးတည်ကြည်သော မျက်နှာလေးကို ကြည့်လိုက်ပြီးနောက် သူ၏အမူအရာသည် ပို၍ပင် မှုန်သုန်လာလေသည်။
“ဒါက ငါ့ကိစ္စ၊ မင်းကိစ္စမဟုတ်ဘူး” ဟု တင်းမာစွာပြောလေသည်။
ယန်ရူယွီသည် ထိုစကားကိုကြားသောအခါဒေါသအရမ်းထွက်သောကြောင့် ခြေဆောင့်လေသည်။ "ဒါက ငါ့ကိစ္စမဟုတ်ဘူး ဟုတ်လား။ ဘယ်လိုလဲ။ ငါလည်း ယန်မိသားစုဝင်ပဲ။ အဖိုးက ငါတို့ ငယ်ငယ်ကတည်းက ကိုယ့်လုပ်ရပ်မှန်သမျှကို တာဝန်ယူရမယ်ဆိုတဲ့စိတ်ကို သင်ပေးခဲ့တာ"ဟု ပြောလေသည်။
"ရှောင်လင်းယွီရဲ့ ကိုယ်ဝန်က အစ်ကိုနဲ့ရတာဆိုရင် နင်တာဝန်ယူရမှာ။ မဟုတ်ရင် အဖိုးကိုပြောလိုက်မယ်။ သူ့ကိုယ်ဝန်က အရမ်းရင့်နေပြီ၊ ဒါပေမယ့် နင်ကတာဝန်မယူသေးဘူး"
ယန်စစ်မင်၏ မျက်နှာသည် မည်းမှောင်သွားပြီး ယန်ရူယွီကို ဒေါသတကြီး ပြောလေသည်။ "ငါပြောပြီးပြီ ဒါက ငါ့ကိစ္စ မင်းကိစ္စမဟုတ်ဘူး။ အဖိုးရှေ့မှာ စကားတစ်ခွန်းပြောရဲရင် ပြောကြည့် မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး။"
ယန်ရူယွီသည် ဒေါသအရမ်းထွက်သောကြောင့် မျက်နှာနီလာလေသည်။ သူမသည် ခြေထောက် ဆောင့်လိုက်ပြီး "ဟမ့် ငါ ဂရုမစိုက်ဘူး။ နင်တကယ် တာဝန်မယူဘူးဆိုရင် အဖိုးကို ပြောရလိမ့်မယ်"ဟု ပြောလေသည်။
ထိုသို့ ပြောပြီးနောက် သူမသည် လျင်မြန်စွာ ထွက်ပြေးလေသည်။
ယန်စစ်မင်သည် သူ့ညီမကို ကြည့်ပြီး စိတ်ဓာတ်ကျသည့် အမူအရာဖြင့် "သေစမ်း၊ ဘာတွေဖြစ်နေတာလဲ"ဟု ပြောလေသည်။
ရှောင်လင်းယွီကို နှစ်ကြိမ်ကူညီခဲ့ရုံသာ ဖြစ်သော်လည်း အခုတော့ ဘာလိုလိုနဲ့ သူသည် အဖေတစ်ယောက်ဖြစ်လာခဲ့လေသည်။ "ရှောင်လင်းယွီ ကလေးအဖေကိုသာ ငါရှာတွေ့တဲ့ရင် သူဒုက္ခိတဖြစ်တဲ့တဲ့အထိ ရိုက်ပစ်မယ်"
ယန်စစ်မင်သည် ဘေးပတ်လည်ကို ကြည့်လိုက်ပြီး ထွက်လာခဲ့လေသည်။
သူထွက်သွားသည်နှင့် ခြုံနောက်မှ လူတစ်ယောက် ပေါ်လာလေသည်။
သူမ၏မျက်နှာတွင် ရက်စက်သည့် အပြုံးလေးပေါ်လာလေသည်။
"ဟား ဟား ဒါကဒီလိုကိုး။ ရှောင်လင်းယွီက သူနဲ့ အိပ်ခဲ့တာမဟုတ်ဘူးပဲ။ ချန်းမိသားစုက အမှန်အတိုင်းပြောနေတာ။ သူတို့က မှားသွားပြီ။"
ထို့နောက် ပေါက်ပြားကို ကိုင်ကာ ထွက်သွားလေသည်။
.....
ကုန်းထျန်းဟောက်သည် တစ်နေ့လုံး ခရီးထွက်ခဲ့ရသည့်အတွက် ပင်ပန်းနေလေသည်။ ယခု သူသည် ရေချိုးပြီး အစာစားပြီးချိန်တွင် အနည်းငယ် ပင်ပန်းသလို ခံစားရလေသည်။
သူသည် အဖိုးကို အခန်းထဲပို့ပြီး သူ့အခန်းသို့ ပြန်သွားလေသည်။
ဝိုင်နီ ဖန်ခွက်တစ်ဝက်လောက် ငှဲ့လိုက်ပြီး ကုလားထိုင်ပေါ်တွင် ထိုင်ကာ ဖြည်းဖြည်းချင်း သောက်နေလေသည်။။ ပါးစပ်ထောင့်တွင် အပြုံးတစ်ပွင့် ပေါ်လာလေသည်။ သူသည်အရမ်းပျော်ပုံရလေသည်။
သူ ဒီကိုပြေးလာခဲ့မိသည်ကို ဝမ်းသာမိလေသည်။ ဤသို့မဟုတ်လျှင် ယန်စစ်မင်သည် အခွင့်အရေးအရင်ရပြီး ရှောင်လင်းယွီကို လိုက်ရန် များစွာအားထုတ်ရမည်ဖြစ်သည်။
ကလေးသည် ငါးလမှ ခြောက်လအတွင်းရှိပြီဖြစ်သည်။ နောက်သုံးလေးလလောက်အကြာမှ သူသည် ကလေး၏ အသံကို ကြားနိုင်မည်ဖြစ်သည်။ ထိုအချိန်မှသာ သူသည် အမှန်တကယ် ကလေးအဖေဖြစ်လာမည် ဖြစ်သည်။
ကုန်းထျန်းဟောက်သည် ရှောင်လင်းယွီကို မည်သို့ပိုးပန်းရန် စဉ်းစားနေချိန်တွင် ဖုန်းမြည်လာလေသည်။
မည်သူဖုန်းခေါ်သည်ကို မြင်လိုက်သောအခါ သူမျက်မှောင်အနည်းငယ် ကြုတ်လိုက်လေသည်။ ထို့နောက် သူသည်ဖုန်းကိုင်လိုက်ပြီး ပြောလေသည်။ "ထောင်ဇီ"
***