လက်ထပ်ခွင့်တောင်းခြင်း
Vol. 14 Ch. 247
ကုန်းထျန်းဟောက်သည် အိပ်ရာမှ နိုးသောအခါတုန်လှုပ်စရာ သတင်းကို ကြားလိုက်ရသည်။ ယန်စစ်မင်၏ အဖိုးသည် ရှောင်မိသားစုထံသို့ သွားကာ လက်ထပ်ခွင့်တောင်းခဲ့လေသည်။
'သေစမ်းကွာ ၊ ဘာတွေဖြစ်နေလဲ။ ယန်စစ်မင်ရဲ့အဖိုးက အဖိုးကိုတွေ့ဖို့ လာရမှာလေ။ ဘာလို့သူက ရှောင်မိသားစုကို တင်တောင်းဖို့သွားတာလဲ။'
အမြဲတည်ငြိမ်သော ကုန်းထျန်းဟောက်သည် ဤအချိန်တွင် အနည်းငယ် စိုးရိမ်နေပုံရလေသည်။
မကြာသေးမီက သူသည် ယန်စစ်မင်၏ နောက်ကျောကို ဓားဖြင့်ထိုးခဲ့လေသည်။ သို့သော် ယခုအခါ ယန်စစ်မင်သည် သူ့အား ခေါင်းကို ပစ်ကာ အံ့အားသင့်သွားစေခဲ့သည်။
"အဖိုး ဘာတွေဖြစ်နေတာလဲ" ကုန်းထျန်းဟောက် သည် မေးလိုက်လေသည်။ "အဖိုးယန်
က ဘာလို့ လက်ထပ်ခွင့်တောင်းဖို့ ရှောင်မိသားစုဆီ သွားရတာလဲ"
သခင်ကြီးကုန်းသည် သူ့လမ်းလျှောက်တုတ်ကို မြှောက်လိုက်ပြီး "ငါလည်း မသိဘူး၊ အခုသိရဖို့ ရှောင်မိသားစုကို သွားမှာ" သူနိုးလာပြီးနောက် သူ့လက်အောက်ငယ်သားဖြစ်သူက သူ့မြေးချွေးမကို တောင်းရန် ရောက်လာလေသည်။
"အခုသွားမှဖြစ်မယ်" ကုန်းထျန်းဟောက်သည် စိုးရိမ်တကြီးပြောလေသည်။
သခင်ကြီးကုန်းသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "မင်း စိတ်ပူနေပြီလား။ ကုန်းထျန်းဟောက် မင်းမိန်းမကို အခြားသူ တကယ်ရသွားတယ်ဆိုရင် ငါကမင်းအဖိုး မဟုတ်တော့ဘူး"
ကုန်းထျန်းဟောက်သည် "အဖိုး စိတ်မပူနဲ့။ ကျွန်တော့်မိန်းမက ကျွန်တော့်မိန်းမပဲ၊ ဘယ်သူကမှ လုယူလို့ မရဘူး"
ထိုထဲတွင် ရှောင်လင်းယွီ၏ သဘောထား မပါဝင်ပေ။
သခင်ကြီးကုန်းသည် သူ့ကို လွယ်လွယ်နှင့် ထင်ခွင့်မပေးပေ။ "ဒါကဖြစ်နိုင်ပေမယ့် မင်း လင်းယွီကို မေးဖူးသလား။ လင်းယွီက မင်းကို အရမ်းသတိထားနေတာ ငါသိတယ်"
"..." ကုန်းထျန်းဟောက်သည် "အဆင်ပြေပါတယ်။ တစ်နေ့တော့ သူကျွန်တော့်ကို လက်ထပ်မှာပါ"ဟု ပြောလေသည်။
"အဲဒီနေ့ ဘယ်တော့လဲ" သခင်ကြီးကုန်းသည် မျက်လုံးဝေ့လိုက်လေသည်။ "ကလေးက အရွယ်ရောက်တဲ့အချိန်မှလား"
ကုန်းထျန်းဟောက် "..."
"မင်းကိုပြောပြမယ်။ မင်းစောင့်နိုင်ပေမယ့် ငါမစောင့်နိုင်ဘူး"လို့ သခင်ကြီးကုန်းက ပြောလေသည်။ "မွေးပြီးလို့မှ ငါ့မြေးအကြီးဆုံးကို ငါထိန်းခွင့်မရှိရင် မင်း ကုန်းမိသားစုဆီ ပြန်မလာနဲ့တော့"
"အဖိုး.." ကုန်းထျန်းဟောက်သည် အသနားခံသည့်အသံဖြင့် ခေါ်လိုက်လေသည်။
"တော်လောက်ပြီ။ မင်းဆီက ငါကြားတာ လုံလောက်ပြီ။" သခင်ကြီးကုန်းသည် ပြောလေသည်။
ကုန်းထျန်းဟောက်သည် "အဖိုး၊ အခု ရှောင်မိသားစုကို မသွားဘူးဆိုရင် အဖိုးရဲ့မြေချွေးမက တခြားသူရဲ့ မြေးချွေးမ ဖြစ်သွားလိမ့်မယ်နော်"
သခင်ကြီးကုန်း၊ "..."
....
ယန်စစ်မင်သည် သူ့အဖိုးရှေ့တွင် ကြောက်လန့်စွာ ရပ်နေလေသည်။ 'အဖိုးက ရှောင်လင်းယွီနဲ့ ငါ့ကို လက်ထပ်စေချင်နေတာလား။'
"အဖိုး နောက်နေတာမဟုတ်ဘူးမလား" ယန်စစ်မင်သည် အံ့သြစွာမေးလိုက်လေသည်။
"ငါနောက်နေတာနဲ့တူလို့လား။ မင်းကလူယုတ်မာပဲ" သခင်ကြီးယန်သည် သူ၏မြေးအကြီးဆုံးကို ကြည့်လိုက်လေသည်။ သူ့မျက်နှာသည် မည်းမှောင်သွားပြီး ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချေလသည်။
"ကောင်မလေးရဲ့ဗိုက်က အရမ်းကြီးနေပြီ။ မင်းတာဝန်မယူချင်သေးဘူးပေါ့။ ယန်စစ်မင် အရင်တုန်းက မင်းရဲ့ အချစ်ရေးကို ငါဂရုမစိုက်ဘူး။ ဒါပေမယ့် အခု ကလေးရောက်လာတော့ မင်းတာဝန်မကျေရင် မင်းရဲ့ခြေထောက်ကို ဖြတ်ပစ်လိုက်မယ်"
သူ၏ စူးရှသော မျက်လုံးများသည် ယန်စစ်မင်၏ လည်ပင်းကို စိုက်ကြည့်နေလေသည်။
ယန်စစ်မင်သည် သူ၏ကျော အေးစက်သွားသည်ကို ခံစားလိုက်ရပြီး ခြေထောက်များကို ကိုင်လိုက်မိလေသည်။ သူ၏ပါးစပ်ထောင့်မှ အဆက်မပြတ် တုန်နေလေသည်သည်။ သူသည် အားကိုးရာမဲ့ပြီး ခါးသီးသော အပြုံး ပြုံးလိုက်မိလေသည်။
ယနေ့နံနက်တွင် သူသည် ရှောင်လင်းယွီကို သူ၏ချစ်သူဖြစ်ရန် ပြောခဲ့သော်လည်း ယခုအခါ သူ၏အဖိုးသည် ရှောင်လင်းယွီကို လက်ထပ်ရန် အတင်းအကျပ်ခိုင်းစေခဲ့လေသည်။
"ယန်ရူယွီ!" ယန်စစ်မင်သည် ယန်ရူယွီ ကို ရုတ်တရက် အော်လိုက်ပြီး "ဘာတွေဖြစ်နေတာလဲ"ဟု မေးလိုက်လေသည်။
ယန်ရူယွီသည် တုန်လှုပ်သွားသည်။
ယန်ရူယွီသည် သူမ၏ တံတွေးကို မျိုချလိုက်ပြီး တုန်လှုပ်စွာ ပြောလေသည်။ "တောင်းပန်ပါတယ် အစ်ကိုရယ်... ငါ ရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်ပါဘူး။ အဖိုးကို ရွာအဝင်မှာ တွေတော့ အဖိုးကို ခေါ်ပြီး လက်ထပ်ဖို့ တောင်းခိုင်းမယ် ထင်လိုက်တာပါ။ အဲ့ဒါနဲ့...."
"ဒါဆို မင်းက ငါ့နောက်ကွယ်မှာ အဖိုးကို တိုင်လိုက်တယ်ပေါ့" ယန်စစ်မင်သည် အံကြိတ်လိုက်ပြီး "ယန်ရူယွီ မင်းပိုပြီးရဲတင်းလာတာ သေချာတယ်"ဟု ပြောလိုက်လေသည်။
ယန်ရူယွီသည် မျက်မှောင်ကြုတ်ကာ ရှင်းပြလေသည်။ "အစ်ကို အဲ့ဒါ မတော်တဆဖြစ်သွားတာပါ။ တမင်လုပ်ခဲ့တာမဟုတ်ပါဘူး"
"အဲ့လိုပေါ့" ယန်စစ်မင် က ဒေါသတကြီး အော်လိုက်လေသည်။
"တော်တော့" သခင်ကြီးယန်သည် "ငယ်ငယ်ကတည်းက မင်းညီမကို အမြဲအနိုင်ကျင့်ခဲ့တာ။ မတ်တပ်သေသေချာရပ်စမ်း။ မြက်ခင်းထဲမှာ ဘာတွေဆွဲဖြတ်နေတာလဲ။ မင်းလက်ထဲက မြက်ကို လွှင့်ပစ်လိုက်စမ်း။"
တခြားညီအကိုများသည် သူတို့ညီမကို ချစ်ကြသော်လည်း ယန်စစ်မင်သည် သူ့ညီမဝမ်းကွဲကို အမြဲတစေ ငိုအောင်လုပ်သည် ဖြစ်သည်။
ယန်ကျန့်သည် "ယန်စစ်မင် ငါ့ကိုပြောစမ်း။ မင်းက ကောင်မလေးအပေါ် ဘယ်လို သဘောထားတာလဲ။"
"အဲ့ဒါက အဖိုး..." ယန်စစ်မင်သည် ငြင်းတော့မည်ဖြစ်သော်လည်း တစ်စုံတစ်ခုကို စဉ်းစားကာ "အဖိုး သင့်တော်သလို စီစဉ်လိုက်ပါ"
"ဟုတ်တယ်၊ မှန်တယ်" ယန်ကျန့်သည် ခေါင်းညိတ်ပြီးပြောလေသည်။ "ယန်မိသားစုရဲ့ မျိုးဆက်အနေနဲ့ မင်းဟာ မှန်ကန်တဲ့အလုပ်တွေကို လုပ်ရမယ်။ မင်းမှာ တာဝန်ယူရဲတဲ့ သတ္တိရှိရမယ်။ အခု မိန်းကလေးမှာ ကိုယ်ဝန်ရှိနေပြီဆိုတော့ ယန်မိသားစုရဲ့ စည်းမျဥ်းအရ ကလေးကို တရားဝင်ဖြစ်အောင် သူ့ကိုလက်ထပ်ရလိမ့်မယ်"
ယန်စစ်မင်သည် "ဟုတ်ကဲ့ပါ အဖိုး"ဟု ပြန်ဖြေလေသည်။
ရှောင်လင်းယွီကို သူသည် ချစ်မိပြီး ဖြစ်သဖြင့် သူမကို လက်ထပ်မည်ဖြစ်သည်။ ယခုအချိန်မှစ၍ ဗိုက်ထဲကကလေးသည် သူ၏ကလေးသာဖြစ်ပေသည်။ လူတိုင်းသည် သူမဗိုက်ထဲမှ ကလေးကို သူနှင့်ရသည်ဟု ယူဆထားသည့်အတွက် သူသည် ရောယောင်ကာ နေလေတော့သည်။
"ကောင်းပြီ ရှောင်မိသားစုဆီကို သွားရအောင်"
ရှောင်အဖေနှင့်အမေထံသို့ သူဌေးတစ်ဦးက ကားအမြောက်အမြားဖြင့် လယ်ထဲသို့လာကာ ရှောင်လင်းယွီကို လက်ထပ်ခွင့်လာတောင်းကြသည်ဟူသည့် သတင်းစကား ရောက်လာခဲ့သည်။ ဤကိစ္စသည် သူတို့နှစ်ယောက်စလုံးကို ထိတ်လန့်စေလေသည်။
ဤလူသည် မည်သူနည်း။ ဤအချိန်မျိုးတွငွ မည်သူက လက်ထပ်ခွင့်တောင်းမည်နည်း။ သူတို့နှစ်ယောက်သည် အိမ်ကို အမြန်ပြေးလာကြလေသည်။
သူတို့ရောက်ချိန်တွင် ခြံအပြင်ဘက်၌ လူများရရပ်ကာ ဝိုင်းကြည့်နေကြလေသည်။ အလယ်တွင် ယန်စစ်မင်၊ သူ့ညီမနှင့် သူတို့မသိသော အဖိုးကြီးနှစ်ယောက်လည်း ရှိနေသည်။
စက်ဝိုင်းအပြင်ဘက်ရှိ လူများသည် တက်ကြွစွာ ဆွေးနွေးကြလေသည်။
“ခဏလေးတင်ကပဲ သူကိုယ်ဝန်ရလာပုံနဲ့ ကလေးအဖေက တာဝန်မယူချင်တဲ့အကြောင်းကို ပြောနေကြပေမယ့် အခုအိမ်ထောင်ပြုဖို့ လာကမ်းလှမ်းလာကြပြီ”
"ဒီလူတွေက ချမ်းသာတယ်။"
"လင်းယွီက ချမ်းသာတဲ့သူနဲ့ လက်ထပ်ရတာ ကံကောင်းတာပဲ။ သူချက်ချင်း ချမ်းသာတဲ့ မိန်းမ ဖြစ်သွားမှာ။"
"ဟုတ်တယ်။ သူ့မှာ အိမ်အကူနဲ့ အစေခံတွေ အများကြီးရှိလာမှာ။"
"ရှောင်လင်းယွီက တကယ်ကံကောင်းတယ်။ ချန်းမိသားစုက သစ္စာဖောက်ခဲ့ပေမယ့် ဒီချမ်းသာတဲ့ လူငယ်လေးနဲ့ သိခဲ့တယ်။"
"ကျန်းယန် နဲ့ ချိုးယင်း ပြန်လာပြီ!" ရွာသားများသည် ချက်ချင်းပင် လမ်းဖယ်ပေးလိုက်ကြသည်။ ထို့နောက် သူတို့သည် ပြုံးပြီး "ကျန်းယန်၊ ချိုးယင်း၊ ဒီလိုမျိုး ယောက္ခမကောင်းတွေရလို့ ဂုဏ်ယူပါတယ်!"ဟု ပြောလေသည်။
"ယောက္ခမ?" ရှောင်အဖေနှင့်အမေသည် အံသြသွားလေသည်။
ထို့နောက် သူတို့သည် ယန်ကျန့်ထံသို့ သွားကာ "သခင်ကြီးက ဘယ်သူလဲဆိုတာ သိလို့ရနိုင်မလား"ဟု ယဉ်ကျေးစွာ မေးလိုက်လေသည်။
ယန်စစ်မင်သည် "ဦးလေးနဲ့ ဒေါ်လေး၊ ဒါက ကျွန်တော့်အဖိုးပါ"ဟု မိတ်ဆက်ပေးလိုက်လေသည်။
ယန်ကျန့်သည် ဝမ်းသာအားရဖြင့် "ခမည်းခမက်တို့ မင်္ဂလာပါ။ ကျုပ်က ယန်ကျန့်ပါ။ ဒီကလေးရဲ့အဖိုးပါ။ ကျုပ်တို့ ဒီကိုရောက်နေတာက..."
"အဟမ်း..." ဖေဖေရှောင်သည် နှစ်ကြိမ် ချောင်းဆိုးလိုက်ပြီး "သခင်ကြီးယန်၊ ဘာလို့ အရင်အိမ်ထဲ မဝင်ကြတာလဲ။"ဟု ပြောလေသည်။
ယန်ကျန့် လှည့်ကြည့်လိုက်လေသည်။ ဤသည်မှာ အမှန်ပင် ကိစ္စများ ဆွေးနွေးရန် မသင့်လျော်သောပေ။ ယန်ကျန့်သည် ပြုံး၍ ခေါင်းညိတ်လေသည်။ "ကောင်းပြီ၊ အထဲမှာ စကားပြောရအောင်"
ဖေဖေရှောင်နှင့်အမေသည် ဧည့်သည်များကို နှုတ်ဆက်လိုက်ကြလေသည်။ ဤကိစ္စကို သိချင်သော ရွာသူရွာသားတချို့သည် လာကြည့်ချင်သော်လည်း မေမေရှောင်က တားလိုက်လေသည်။ "တောင်းပန်ပါတယ်။ ကျွန်မတို့မှာ အရေးကြီးတဲ့ ဧည့်သည်တွေ ရှိနေသေးလို့ လောလောဆယ်တော့ ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုနိုင်သေးပါဘူး။"
ရွာသားများသည် အိမ်ထဲသို့ မ၀င်ကြပေ။
မေမေရှောင်သည် အပြင်ဘက်မှ စူးစမ်းလိုသော အကြည့်များကို တားဆီးရန် တံခါးကို ပိတ်လိုက်လေသည်။
ထို့နောက် လက်ဖက်ရည်ပြင်ဆင်ရန် သွားလေသည်။
ဖေဖေရှောင်သည် သခင်ကြီးယန် ထိုင်ရန် ဖိတ်ခေါ်ပြီးနောက် သခင်ကြီးယန်သည် လှည့်ပတ်ကြည့်လိုက်လေသည်။ ဤနေရာသည် သန့်ရှင်းသပ်ရပ်ပေသည်။ 'မဆိုးဘူးပဲ။ အနည်းဆုံးတော့မိသားစုက ဖြစ်ကတတ်ဆန်းမနိုင်ဘူး။ ကြီးပြင်းလာတဲ့သမီးကလည်း လုံ့လဝီရိယရှိမှာပဲ။"
သို့သော် သခင်ကြီးယန်သည် ကိုယ်ဝန်ဆောင်အမျိုးသမီး အရိပ်အယောင်ကို မတွေ့ချေ။ “ခမည်းခမက်…” ဟု စိတ်ဝင်တစား မေးသည်။
ရှောင်ကျန်းယန်သည် ချက်ချင်းပင် "သခင်ကြီးယန်၊ ကျွန်တော့်နာမည်က ရှောင်ကျန်းယန်ပါ ကျွန်တော့်မိန်းမ နာမည်က ချန်ချိုးယင်းပါ။ နာမည်နဲ့ပဲ ခေါ်လို့ရတယ်!"ဟု ပြောလေသည်။
ခမည်းခမက်ဟု အခေါ်မခံလိုပေ။
ရှောင်ကျန်းယန်သည် တစ်ခုခုကို တွေးပြီး ယန်စစ်မင်ကို ကြည့်ရုံမှတပါး အခြားမတတ်နိုင်ချေ။ 'ယန်စစ်မင်က လိမ်မာတဲ့ကလေးပါ။ ဒါပေမယ့် ပျော့ညံ့လွန်းတယ်။ ငါတို့ သူ့ကို လင်းယွီနဲ့ လက်မထပ်စေချင်ဘူး'
"ကောင်းပြီ ကျန်းယန်။ သားသမီးတွေကို လက်ထပ်ခွင့်တောင်းပေးဖို့ ကျွန်တော်ရောက်လာတာပဲ" သခင်ကြီးယန်သည် "ဘာဖြစ်သွားတာလဲ ဆိုတာ နားလည်ပါတယ်။ စိတ်မပူပါနဲ့ တာဝန်ယူမှာပါ။ ဒီတစ်ခါ လက်ဖွဲ့တွေ ယူမလာပေမယ့် ယန်မိသားစုက မနက်ဖြန်ကျ လာပေးမှာပါ..."
ရှောင်ကျန်းယန်သည် ချက်ချင်ပြောလေသည်။ "သခင်ကြီး၊ နားလည်မှုလွဲနေတာလား?"
ယန်ကျန့် သည် မျက်မှောင်ကြုတ်ပြီး အလွန်ပင် အံ့သြသွားသည်။ "နားလည်မှုလွဲနေတာ။ ဘာနားလည်မှုလွဲနေတာလဲ?"
ရှောင်ကျန်းယန်သည် စိတ်ရှုပ်ထွေးစွာဖြင့် မေးလေသည်။ "သခင်ကြီး ဘာလို့ လက်ထပ်ဖို့ ကမ်းလှမ်းတာလဲ ကျွန်တော့်ကိုကို ပြောပြနိုင်မလား။" သူဤသို့ပြောသောအခါ ရှောင်ကျန်းယန် သည် ယန်စစ်မင်ကို ညွှန်ပြလိုက်လေသည်။ ယန်စစ်မင်သည် ရင်ကော့လိုက်လေသည်။ ရှောင်လင်းယွီနှင့် လက်ထပ်ဖို့ အဆင်သင့်ဖြစ်ပုံရလေသည်။
ယန်ကျန့် အနည်းငယ် အံ့သြသွားသည်။
သူတို့မျှော်လင့်ထားသည်ပုံစံနှင့် လုံးဝကွဲပြားလေသည်။ သို့သော် ယန်ကျန့်သည် ဖေဖေရှောင်နှင့်အမေသည် သမီးဖြစ်သူ ကိုယ်ဝန်ရင့်မှသာ လာခဲ့ကြသောကြောင့် ဖြစ်နေသည်ဟု ယူဆခဲ့လေသည်။ သို့သော် ဤသည်မှာ သူတို့ရဲ့ အပြစ်မဟုတ်ချေ။ ယန်ကျန့်သည်လည်း ဤအကြောင်းကို ယနေ့မှ သိခြင်းဖြစ်ပေသည်။
သခင်ကြီးယန်သည် "မင်းရဲ့သမီးက ယန်မိသားစုရဲ့ ကလေးကို လွယ်ထားရတယ်လို့ ကြားထားတယ်။ တန်းသိတာနဲ့ လက်ထပ်ဖို့ လာခေါ်တာပါ။ သားလေးကိုလည်း မေးပြီးပြီ။ မင်းရဲ့သမီးကို လက်ထပ်ချင်တယ်လို့ ပြောတယ်"ဟု ပြောလေသည်။
ဤစကားကိုကြားသောအခါ ရှောင်ကျန်းယန် သည် အံ့သြသွာလေသည်။ 'လင်းယွီက ယန်စစ်မင်ရဲ့ ကလေးကို လွယ်ထားရတာလား။ မဖြစ်နိုင်ဘူး'
ယန်ကျန့်သည် ပြောလေသည်။
"ကျန်းယန် ဒီလူငယ်လေးတွေက ပေါ့ဆခဲ့ကြတယ်။ ဒါကမတော်တဆဆိုပေမယ့် အသက်တစ်ချောင်း ဖြစ်ပေါ်လာခဲ့တယ်လေ။ အဲ့တော့ ဘာပဲဖြစ်ဖြစ် ယန်မိသားစုက တာဝန်ယူမှာပါ"
ရှောင်ကျန်းယန်သည် နားလည်သွားလေသည်။
ရှောင်လင်းယွီသည် ယန်စစ်မင်၏ ကလေးကို လွယ်ထားရသည်ဟု ထင်သောကြောင့် လာပြီး တင်တောင်းခြင်း ဖြစ်လေသည်။
ရှောင်လင်းယွီ၏ ကလေးဖခင်ကို မသိသော်လည်း ယန်စစ်မင် မဟုတ်မှန်း သိလေသည်။ သူသည် သူမ၏ တစ်ညတာအဖော်အဖြစ် ဟန်ဆောင်ရန် သူမကောက်ရွေးလာခဲ့သည့် သူတစ်ဦးသာဖြစ်လေသည်။
ယန်စစ်မင်သည် လူကောင်းတစ်ယောက်ဖြစ်သည်။ သူ့အကူအညီကြောင့် ရှောင်မိသားစု ငြိမ်းချမ်းစွာ နေထိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူနှင့် သူ့သမီးတို့ ချစ်မိလျှင် ကောင်းပေသည်။
သို့သော်လည်း ရှောင်လင်းယွီသည် ယန်စစ်မင် ကို လက်ထပ်ရန် ရည်ရွယ်ချက်မရှိသည်မှာ သေချာကြောင်း ဖေဖေရှောင်သည် သေချာသိလေသည်။ ထို့အပြင် ယန်စစ်မင်သည် လူပွေတစ်ယောက် ဖြစ်သည့်အတွက် ရှောင်ကျန်းယန်သည် သူ့သမီးနှင့် လက်မထပ်စေလိုပေ။
ထို့ကြောင့် သူသည် အားလုံးကို ရှင်းပြနေလေသည်။
အကယ်၍ သူ့သမီးသာ ယန်စစ်မင်ကို လက်ထပ်လိုပါက သူမ၏ သဘောထားကို လေးစားပေးမည်ဖြစ်သည်။
ရှောင်ကျန်းယန်သည် လေးနက်စွာပြောလေသည်။ "သခင်ကြီးယန် နားလည်မှုလွဲနေမှာစိုးတယ်။ သမီးနဲ့ အိပ်ခဲ့တဲ့သူက သခင်ကြီးရဲ့ မြေးမဟုတ်ပါဘူး။ တခြားတစ်ယောက်ယောက်ပါ။
"ဒါပေမယ့် ကျွန်တော်တို့မိသားစုက သခင်ကြီးရဲ့မြေးကို အရမ်းကျေးဇူးတင်ပါတယ်။ သူက အန္တရာယ်ကြုံတဲ့အခါ လင်းယွီ Zမြို့မှာရှိတုန်းက ကူညီပေးခဲ့တယ်။ သူ့ရဲ့ကြင်နာမှုကို အမြဲအမှတ်ရနေမှာပါ"
သခင်ကြီးယန်၊ "..."
ယန်ရူယွီ "..."
အဲ့ဒါဆို တကယ်နားလည်မှုလွဲခဲ့တာလား။
***